14/04/2025
TOYOTA PREMIO ကို Grade ခွဲနည်း
***********************************
Toyota Premio ကို 1996 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ သူ့ဆီမှာတော့ ယနေ့ အချိန်အထိ မျိုးဆက် ၃ ဆက်ရှိနေခဲ့ပါတယ်။ အဲ့မျိုးဆက်တွေကတော့….
1996 Model မှ စပြီး 2003 Model ထိကို တော့ ပထမ မျိုးဆက်
2003 Model မှစပြီး 2007 Model ထိကိုတော့ ဒုတိယ မျိုးဆက်
2007 Model မှစပြီး ယနေ့လက်ရှိ အချိန်ထိ ကိုတော့ တတိယ မျိုးဆက် ဆိုပြီး မျိုးဆက် (၃) ခုပါ။
ရုပ်ပိုင်းဆိုင်ရာလေး အနေနဲ့ ခန္တာကိုယ် အချိုးအစားက Toyota Belta ထက် အနည်းငယ်လောက်ပဲ ကြီးသယောင် ထင်ရမှာပါ…။ ဒါပေမဲ့သူကတော့ မီးခွက် ဒီဇိုင်းတွေနဲ့ Body အချိုးအစားက Belta ထက်ပိုလှပါတယ်။ 2010 (Late) Model မှာတော့ အရှေ့ရှဲလ် (Grill) နဲ့ မီးခွက် အချိုးအစားလေးတွေ အနည်းငယ် ပြောင်းလဲသွားမှာပါ။ သူ့မှာတော့ အင်ဂျင်ပါဝါတွေ အနေနဲ့ 1500 CC, 1800 CC နဲ့ 2000 CC ဆိုပြီး အင်ဂျင်ပါဝါ (၃) မျိုးသာလာတဲ့ အတွက် ကိုယ်ကြိုက်နှစ်သက် ရာအင်ဂျင်ပါဝါ ကိုရွေးချယ်နိုင်ပါတယ်။
သူ့မှာ ထူးခြားချက်အနေနဲ့ အင်ဂျင်ပါဝါ တိုင်းမှာ 2WD နဲ့ 4WD မရှိပါဘူး။ 1800 CC တစ်မျိုးတည်းသာ 2WD နဲ့ 4WD ဆိုပြီးလာပါတယ်။ ကျန်တဲ့ 1500 CC နဲ့ 2000 CC မှာတော့ 2WD တစ်မျိုးတည်းသာလာပါတယ်။ ယနေ့ ရှင်းပြမှာကတော့ လက်ရှိ ကျွန်တော်တို့ ဆီမှာ လူစီးများနေတဲ့ တတိယ မျိုးဆက်အကြောင်းလေးကိုပဲ ရှင်းပြပေးမှာဖြစ်ပါတယ်။
ခုဆက်လက်ပြီး Grade ခွဲတွေအကြောင်းဆက်လက် ရှင်းပြပေးပါမယ်။
1500 CC မှာ Grade ခွဲတွေ အနေနဲ့ 1.5F Version C, 1.5F, 1.5F L Package, 1.5F L Prime Selection, 1.5F EX Package ဆိုပြီး Grade ခွဲအများကြီးနဲ့ လာပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အစီးများတဲ့ Grade ခွဲတွေကတော့ 1.5F, 1.5F L Package နဲ့ 1.5F EX Package တို့ပဲဖြစ်ပါတယ်။
>
1.5F Grade ကတော့ သာမန်ပါပဲ။ သူ့မှာ ကတော့ Steering နဲ့ ဂီယာဘုသီးတွေက ကျွန်းမဖြစ်သေးပါဘူး။ နောက်ပြီး Steering မှာလဲ Vol Control ခလုတ်တွေလဲ ဘာမှ မပါသေးပါဘူး။ ရိုးရိုးပါပဲ။ Side Cover ကတော့ ထိုင်ခုံသားတစ်၀က် နဲ့ Leather တစ်၀က်နဲ့လာပါတယ်။ Dashboard အဝိုက်လေးတွေရယ် Gear ခွက်နားက ဘေးကာဗာတွေရယ် အတွင်းခန်း တံခါးလက်ကိုင် မှန်အတင်အချ ခလုတ်နားက ဘောင်တွေကတော့ အကုန်ကျွန်းဖောက်တွေပါ။ သူ့မှာတော့ မီးအတင်အချ ခလုတ်တွေ နဲ့ မှန်ချိုးမှန်ခေါက် ခလုတ်တွေ ပါ၀င်လာမှာဖြစ်ပြီး Original TV နဲ့ Back Camera ကတော့ မပါလာတာများပါတယ်။ ဒါပေမဲ့သူ့မှာ Push Start ဖြစ်ပါတယ်။ ဒိုင်ခွက်ပုံစံကတော့ Kilometer နဲ့ RPM နှစ်ခု ပါပြီး ဆီဂိတ်ပြတာတို့ Error ဖော်ပြတာတို့ အစရှိ တာတွေကိုတော့ အလယ်မှာ Digital ပုံစံနဲ့ ဖော်ပြပေးထားပါတယ်။
>
1.5F L Package မှာတော့ 1.5F Grade နဲ့ အားလုံးဆင်တူပြီး ထပ်မံ ကွဲပြားချက်လေးတွေကတော့ Steering ကို အပေါ်တစ်ပိုင်း ကျွန်းဖောက် စဖြစ်လာပါပြီ။ ရုပ်ဟောင်း 2011 Model အောက်ကပိုင်းတွေကတော့ ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ Original TV နဲ့ Back Camera တွေပါ၀င်လာမှာဖြစ်ပြီး 2013, 2014 Model တွေ အများစုမှာတော့ နောက်တုတ်(Rear Wiper) ပါ ပါ၀င်လာတတ်ပါတယ်။ Original TV နဲ့ Back Camera ပါ၀င်လာပြီ ဖြစ်တဲ့ အတွက် Steering Vol Control, A/C Temperature Control တွေ ပါ၀င်လာမှာဖြစ်ပါတယ်။ Original TV နဲ့ Back Camera တွေကလဲ 2008, 09, 10 မှာ ပါတာ ရှိသလို မပါတာလဲ ရှိတတ်ပါတယ်။ သူ့မှာတော့ မီးအတင်အချ ခလုတ်တွေက ပါတာလဲ ရှိသလို မပါတာလဲ ရှိတတ်ပါတယ်။
>
1.5F EX Package ကတော့ အမြင့်ဆုံးဖြစ်ပါတယ်။ သူ့မှာတော့ Steering အပေါ် တစ်ပိုင်းလုံး၀ ကျွန်းဖြစ်လာပါပြီ။ အတွင်းခန်း အဝါနဲ့ လာပြီး ကျွန်းဖောက်တွေက လဲ အရင်နဲ့ မတူ ဒီဇိုင်းလေးလဲ ဆန်းသစ်သွားပါတယ်။ Original TV နဲ့ Back Camera တွေပါ၀င်လာပြီဖြစ်ပြီး Steering မှာ Control လုပ်တဲ့ ခလုတ်လေးတွေလဲ ပါလာပါတယ်။ ဒါ့အပြင် Push Start (Smart Entry) ဖြစ်လာပြီး အတွင်းခန်း Driver Seat မှာတော့ မော်တာပါ၀င်လာပါတယ်။ အပြင်ပိုင်း Fog Light တွေလဲပါ၀င်လာပါတယ်။ ပုံမှန် အပြင်ပိုင်းနောက်ဘက်မှာ သူ့ရဲ့ Grade ကိုရေးတတ်ပေမဲ့ ဒီ Premio မှာတော့ 1.5F EX Package အစား G Superior ဆိုပြီးရေးထားတာကို တွေ့ရမှာဖြစ်ပါတယ်။
1800 CC မှာ Grade ခွဲတွေ အနေနဲ့ 1.8X Version C, 1.8X, 1.8X L Package, 1.8X EX Package ဆိုပြီး Grade ခွဲအများကြီးနဲ့ လာပါတယ်။ ဒါပေမဲ့ လက်ရှိမှာ အစီးများတဲ့ Grade ခွဲတွေကတော့ 1.8X, 1.8X L Package နဲ့ 1.8X EX Package တို့ပဲဖြစ်ပါတယ်။
>
1.8X Grade ကတော့ အနိမ့်ဆုံး Grade ပါ။ သူ့မှာတော့ သာမန်အတိုင်း အပေါ်မှာ ရှင်းပြခဲ့တဲ့ 1.5F Grade လိုပဲ ထူးခြားမှု သိပ်မရှိပါဘူး။ သူ့မှာက Original TV နဲ့ Back Camera တွေက မပါလာတာများပါတယ်။ Push Start ကလဲ ဖြစ်တဲ့ကားရှိသလို မဖြစ်တာလဲ ရှိတာကြောင့်ပုံသေမှတ်မရပါဘူး။ မဖြစ်ခဲ့ရင်တော့ ရိုးရိုး Remote Key လေးပေ့ါနော်။ အတွင်းခန်းအမဲ နဲ့လာပြီး ကျန်တာတော့ ဘာမှထူးခြားဖြစ်စဉ်မရှိပါဘူး။
>
1.8X L Package မှာတော့ အတွင်းခန်းအဝါ ဖြစ်သွားပါပြီ။ အတွင်းခန်းဝါတဲ့ အတွက် ကျွန်းတွေပါ အရင် 1.8X Grade လိုမဟုတ်တော့ပဲ ကျွန်းဝါသွားပါပြီ။ ဒါပေမဲ့ ရံဖန်ရံခါ အတွင်းခန်း အမဲနဲ့ လဲလာတတ်ပါတယ်။ အမဲ နဲ့ လာတာတော့ရှားပါတယ်။ Original TV နဲ့ Back Camera တွေပါ၀င်လာပြီဖြစ်ပြီး Push Start လဲဖြစ်လာပါတယ်။ Steering မှာတော့ Control ခလုတ်တွေ ကတော့ ပါလာတာလဲရှိသလို မပါ၀င်တာတွေလဲ ရှိတတ်ပါတယ်။
>
ဒီ Grade မှာတော့ 1.8X L Package နဲ့ ထူးခြားမှု များများစားစား မရှိပါဘူး။ သူလဲ Push Start ဖြစ်ပြီး Steering မှာကျွန်းဖောက်ဖြစ်သွားပါတယ်။ Steering မှာခလုတ်တွေကလဲ ပါ၀င်လာပြီဖြစ်ပြီး ကျန်တာတွေတော့ X L Package နဲ့ အကုန်တူပါတယ်။
2000 CC မှာတော့ Grade ခွဲ သုံးခုနဲ့ ထပ်လာတယ်ဗျ … ။ ဘာတွေလဲ ဆိုရင် .. 2.0G, 2.0G EX Package နဲ့ 2.0G Superior ဆိုပြီးတော့ပေါ့ …. ဒါပေမဲ့ အဲ့ထဲက 2.0G EX Package ကတော့ 2010, 2011 ကစပြီး မလာတော့ပဲနဲ့ Grade ခွဲ နှစ်မျိုးတည်းနဲ့ပဲ ဆက်လက် တည်ရှိသွားတာပေါ့ဗျာ။
>
2.0G မှာတော့ တော်တော်လေး ရုပ်ထွက်ကောင်းလာပါတယ်။ အပြင်ပိုင်း Fog Light က ယခုလို Grade နိမ့် မှာကအစ ပါလာပါပြီ။ နောက်ပြီး အတွင်းခန်း အမဲနဲ့ ပဲလာပြီး TV အနေနဲ့ ကတော့ Original TV လာတာလဲ ရှိသလို မလာတာလဲ ရှိပါတယ်။ Original TV ဆိုရင်တော့ Steering Vol Control တွေ Temperature Control တွေ လဲပါ၀င်လာမှာဖြစ်ပါတယ်။ Steering အနောက်ဘက်မှာလဲ Driving Speed ကို Limit လုပ်ပေးလို့ရတဲ့ Cruise Control တွေလဲ ပါ၀င်လာမှာဖြစ်ပါတယ်။ 2013,14,15 Model တွေမှာတော့ အတွင်းခန်း အဝါ၊ ကျွန်းအဝါ တွေနဲ့ လာတတ်ပါတယ်။
>
2.0G EX Package မှာတော့ အတွင်းခန်း အဝါဖြစ်လာပါပြီ။ ကျွန်းလဲ အဝါပါပဲ။ အခြားသော အပြင်အဆင်တွေက 2.0G အတိုင်းပါပဲ။ Cruise Control လဲပါ၀င်လာပြီး Driver ဘက်ထိုင်ခုံတစ်လုံးလဲ မော်တာဖြစ်လာပါမယ်။ ကျန်တာအားလုံး 2.0G နဲ့ တူပါတယ်။
>
2.0G Superior မှာတော့ အတွင်းခန်း အဝါ ကျွန်းအဝါ နဲ့ပဲလာပြီး ထိုင်ခုံသားတွေက ပြောင်းလဲသွားပါတယ်။ ထိုင်ခုံကလဲ Leather Seats နဲ့ လာတာလဲ ရှိသလို မလာတာလဲ ရှိတတ်ပါတယ်။ Leather Seats ဖြစ်ရင်တော့ ထိုင်ခုံ Heater ပါ ပါ၀င်လာမှာဖြစ်ပါတယ်။ ဒီ Grade ကအမြင့်ဆုံး Grade ပါ။ ဒီ Grade မှာထူးခြားတာက Grill (ရှဲလ်) ကပိုပြီးကြည့်ကောင်းသွားပါတယ်၊ ဘေးခါးပတ်ကနီကယ်လိုင်းဖြစ်သွားပြီး Alloy ကပိုလှလာပါတယ်၊ Alloy size ကတော့့ 16" ပါ။ ပြီးတော့ Steering နဲ့ Shift K**b အရောင် တွေပိုပြီးလှလာပါတယ်။ Steering ကျွန်းဖောက် ဖြစ်သွားပြီး အသံအတိုး အကျယ်ခလုတ်တွေ ဘယ်၊ညာပါလာပြီးတော့ နောက်မှန်တွေမဲသွားပါတယ်။
Chassis တွေအနေနဲ့ကတော့ 1500 CC မှာ တော့ NZT 260 ဖြစ်ပါတယ်။
1800 CC အတွက် 2WD Chassis ကတော့ ZRT 260 ဖြစ်ပြီး 4WD ရဲ့ Chassis ကတော့ ZRT 265 ဖြစ်မှာပါ။
2000 CC အတွက်တော့ ZRT 261 ဆိုပြီး အသီးသီး ရှိပါတယ်ခင်ဗျ။
Credit
ကျေးဇူးတင်ပါတယ်ခင်ဗျ :-)