KMT Car Spare Parts and Car Sales Center

KMT Car Spare Parts and Car Sales Center JapanCarSpare Parts များနှင့် Japan Used Car မျိုးစုံကို ယုံကြည်စိတ်ချစွာဝယ်ယူနိုင်ပါတယ် 09-457867866

The Executive Brief (21/7/2026)*************************************EV မူဝါဒက ကောင်းတယ်… ဒါပေမယ့် လူတစ်စု​စာကောင်းစားဖို...
23/07/2026

The Executive Brief (21/7/2026)
*************************************

EV မူဝါဒက ကောင်းတယ်… ဒါပေမယ့် လူတစ်စု​စာကောင်းစားဖို့နဲ့ ပြည်သူ မနစ်နာအောင် ဘယ်လိုအကောင်အထည်ဖော်မလဲ?

ဒီရက်ပိုင်းမှာ နှစ် (၂၀) ကျော် မော်တော်ယာဉ်တွေ၊ အထူးသဖြင့် အင်ဂျင်ပါဝါကြီးတဲ့ ကားဟောင်းတွေကို လိုက်ဝယ်နေကြတဲ့ သတင်းတွေ၊ အရည်ကြိုစလစ် (ပုံစံ ဃ) ဈေးတွေ မြင့်တက်လာတဲ့ သတင်းတွေကို ဆက်တိုက်တွေ့နေရပါတယ်။

လူတော်တော်များများကတော့ "ကားဟောင်းတွေ ရုတ်တရက် အလုအယက်ဝယ်​နေကြပြီး ​စျေး​တွေ တက်လာလို့" လို့ အံ့ဩနေကြပါတယ်။

ကျွန်​တော်မြင်တာက​တော့ ကားတန်ဖိုးတက်သွားတာ မဟုတ်ပါဘူး။ ကားနဲ့တွဲလာတဲ့ EV တင်သွင်းခွင့် (Import Privilege) က တန်ဖိုးရှိလာတာ ဖြစ်ပါတယ်။

၁။ ဒီဈေးကွက်က ဘာဖြစ်နေတာလဲ?

အစိုးရက အသက် (၂၀) ကျော် မော်တော်ယာဉ်ကို မိမိဆန္ဒအလျောက် အပ်နှံပြီး လျှပ်စစ်မော်တော်ယာဉ် (BEV) ပြန်လည်တင်သွင်းခွင့်ကို ခွင့်ပြုလိုက်ပါတယ်။

ဒီမူဝါဒရဲ့ ရည်ရွယ်ချက်ကတော့—
• ကားဟောင်းတွေ လျှော့ချဖို့
• EV အသုံးပြုမှု မြှင့်တင်ဖို့
• လောင်စာဆီတင်သွင်းမှု လျှော့ချဖို့
• ပတ်ဝန်းကျင်ညစ်ညမ်းမှု လျှော့ချဖို့
အစရှိတဲ့ ​ကောင်းမွန်တဲ့ ရည်ရွယ်ချက်နဲ့ဖြစ်ပါတယ်။

ဒါဟာ အပြုသဘောဆောင်တဲ့ မူဝါဒတစ်ခုလို့ ပြောနိုင်ပါတယ်။

ဒါပေမယ့် ဈေးကွက်ကတော့ မူဝါဒကို တစ်နည်းတစ်ဖုံ တုံ့ပြန်ပါတယ်။

ကားဟောင်းတစ်စီးရဲ့ တန်ဖိုးက ကားအဖြစ် မဟုတ်တော့ဘဲ EV တင်သွင်းနိုင်တဲ့ အခွင့်အရေး အဖြစ် ပြောင်းလဲလာပါတယ်။

၂။ ဘာလို့ ဈေးတွေ မြင့်တက်လာတာလဲ?

အကြောင်းရင်း (၃) ခု ရှိပါတယ်။

ပထမ — Supply နည်းတယ်။

ယခင် အရည်ကြိုအစီအစဉ်တွေမှာ ကားအဟောင်းအများစု ဖျက်သိမ်းပြီးသား ဖြစ်နေပါတယ်။ တိုက်ကြေကားတွေကလည်း Running Condition မဟုတ်တဲ့အတွက် အခုအစီအစဉ်မှာ မရပါဘူး။

ဒါကြောင့် အရည်အချင်းပြည့်မီတဲ့ ကားတွေ နည်းသွားပါတယ်။

ဒုတိယ — Demand တက်လာတယ်။

EV တင်သွင်းချင်သူတွေက အရည်ကြိုကားကို စတင်လိုက်ဝယ်လာပါတယ်။

Supply နည်းပြီး Demand များတဲ့အခါ ဈေးတက်တာဟာ သဘာဝဈေးကွက်စနစ်ပါပဲ။

တတိယ — Speculation ဖြစ်လာတယ်။

တချို့က EV သွင်းဖို့ မဟုတ်ဘဲ နောက်ပိုင်း ဈေးတက်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကားတွေကို ဝယ်စုလာကြပါတယ်။

ဒီအချိန်မှာ ကားဟောင်းက ကား မဟုတ်တော့ဘဲ Import Right ပါတဲ့ Asset တစ်ခုလို ဖြစ်လာပါတယ်။

၃။ အစိုးရပေါ်လစီက ဘာပြောင်းသွားတာလဲ?

တကယ်တော့ "ကားအနှစ် ၂၀ ပြည့်ရင် မဖြစ်မနေ အပ်ရမယ်" ဆိုတဲ့ မူဝါဒ မဟုတ်ပါဘူး။

လက်ရှိရှင်းလင်းချက်အရ—
• အပ်ချင်ရင် အပ်နိုင်တယ်။
• မအပ်ချင်ရင် ဆက်စီးနိုင်တယ်။
• Running Condition ဖြစ်ရမယ်။
• တိုက်ကြေ၊ ဖြတ်ဆက်ကားတွေ မရဘူး။
• အပ်နှံတဲ့ကားအမျိုးအစားနဲ့ ကိုက်ညီတဲ့ EV ကိုသာ ပြန်သွင်းရမယ်။
• FESC နဲ့ သက်ဆိုင်ရာလုပ်ငန်းစဉ်တွေကို ဆက်လက်လိုက်နာရမယ်။
ဆိုလိုတာက မူဝါဒရဲ့ ရည်ရွယ်ချက်က EV အစားထိုးရေး ဖြစ်ပြီး ကားဈေးကွက်ကို လှုပ်ရှားစေဖို့ မဟုတ်ပါဘူး။

၄။ ဒါပေမယ့် ​ကောင်းမွန်တဲ့ မူဝါဒက​နေ ဘယ်သူတွေကအခွင့်အ​ရေးယူပြီး ဘယ်သူ​တွေက နစ်နာတာလဲ?

ဒီလိုအခြေအနေမှာ အများဆုံးထိခိုက်နိုင်တာက သာမန်ကားအသုံးပြုသူတွေ ဖြစ်ပါတယ်။

ဥပမာ—
• ကားတစ်စီးဝယ်ချင်တဲ့သူက ဈေးပိုပေးရတယ်။
• မူဝါဒကို နားမလည်ဘဲ သတင်းမှားနောက်လိုက်ပြီး ဈေးကြီးပေးဝယ်မိနိုင်တယ်။
• ကားဈေးတက်လို့ အသုံးစရိတ် တိုးလာတယ်။
• Speculation ကြောင့် ဈေးကွက် မတည်ငြိမ်တော့ဘူး။
မူဝါဒရဲ့ အကျိုးကို ရသင့်တဲ့ ပြည်သူတွေက အကျိုးမရဘဲ၊ ဈေးကစားသူတွေ အကျိုးရသွားတဲ့ အခြေအနေမျိုး မဖြစ်သင့်ပါဘူး။

၅။ ဘာတွေ လုပ်ပေးသင့်လဲ?

ဒီမူဝါဒ အောင်မြင်ဖို့အတွက် (၅) ချက် ရှိပါတယ်။

(၁) အသေးစိတ် Guideline ကို မြန်မြန်ထုတ်ပြန်ပေးပါ။

မရှင်းလင်းတဲ့ နေရာတိုင်းမှာ ထင်ကြေးတွေ ထွက်လာပါတယ်။

(၂) တရားဝင် FAQ နဲ့ Q&A ကို အမြဲ Update လုပ်ပေးပါ။

Social Media သတင်းထက် တရားဝင်သတင်းကို လူတွေ ပိုအားထားနိုင်ဖို့ လိုပါတယ်။

(၃) Scrap Slip နဲ့ EV Permit ဈေးကွက်ကို စောင့်ကြည့်ပါ။

ဈေးကစားမှု၊ လိမ်လည်မှုတွေ ရှိလာရင် အချိန်မီ ထိန်းကျောင်းဖို့ လိုပါတယ်။

(၄) မဟုတ်မမှန် သတင်းဖြန့်ပြီး ဈေးကွက်ကို လှုပ်ရှားစေသူတွေကို ဥပဒေအရ အရေးယူပါ။

လွတ်လပ်စွာ ထင်မြင်ချက်ပေးတာနဲ့ ရည်ရွယ်ချက်ရှိရှိ သတင်းအတုဖန်တီးပြီး ဈေးကစားတာကို ခွဲခြားကိုင်တွယ်သင့်ပါတယ်။

(၅) မူဝါဒရဲ့ အကျိုးကို ပြည်သူဆီ အမှန်တကယ်ရောက်အောင် ဒီဇိုင်းဆွဲပါ။

Import Privilege ကို ဈေးကွက်မှာ ကုန်သွယ်တဲ့ ပစ္စည်းတစ်ခု မဖြစ်စေဘဲ EV ပြောင်းချင်တဲ့ ပြည်သူအတွက် အခွင့်အရေးတစ်ခု ဖြစ်အောင် စနစ်ကို ဆက်လက်တိုးတက်အောင် ပြင်ဆင်သင့်ပါတယ်။

နိဂုံး

EV မူဝါဒဟာ နိုင်ငံရဲ့ စွမ်းအင်၊ ပတ်ဝန်းကျင်နဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍကို ရေရှည်တိုးတက်စေမယ့် မူဝါဒတစ်ခု ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် မူဝါဒကောင်းတစ်ခု အောင်မြင်ဖို့ မူဝါဒတစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ ရှင်းလင်းတဲ့ လုပ်ငန်းစဉ်၊ တည်ငြိမ်တဲ့ အကောင်အထည်ဖော်မှု၊ အချိန်မီ သတင်းထုတ်ပြန်မှုနဲ့ ဈေးကွက်ကို ထိရောက်စွာ ကြီးကြပ်နိုင်တဲ့ Governance လည်း လိုအပ်ပါတယ်။

မူဝါဒရဲ့ အောင်မြင်မှုကို တိုင်းတာရမှာ ကားဟောင်း ဘယ်နှစီးအပ်နိုင်ခဲ့သလဲ ဆိုတာနဲ့ မဟုတ်ဘဲ ပြည်သူတွေ မနစ်နာဘဲ EV ပြောင်းနိုင်ခဲ့သလား၊ ဈေးကွက်တည်ငြိမ်ခဲ့သလား၊ မူဝါဒရဲ့ ရည်ရွယ်ချက် အမှန်တကယ် အောင်မြင်ခဲ့သလား ဆိုတာနဲ့ တိုင်းတာသင့်ပါတယ်။

မှတ်ချက်။ ကား​လောက အ​ကြောင်းသိပ်မသိ​ပေမယ့် အရင်ဦးသိန်းစိန် လက်ထက်ကလို ပြည်သူ​တွေ ကားစီးနိုင်ဖို့ ပြန်လည်​မျှော်လင့်ရင်း 😊 ဆဲချင်သူ​တွေလည်း စဆဲလို့ရပါပြီ။

Crd to original uploader

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အစည်းအဝေးမှ နောက်ဆုံးရရှိထားသော **နှစ် (၂၀) သက်တမ်းလွန် မော်တော်ယာဉ် အပ်...
22/07/2026

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အစည်းအဝေးမှ နောက်ဆုံးရရှိထားသော **နှစ် (၂၀) သက်တမ်းလွန် မော်တော်ယာဉ် အပ်နှံမှုဆိုင်ရာ အချက်အလက်များ

📢 သက်တမ်းလွန် ကားအပ်နှံခြင်းနှင့် EV မော်တော်ယာဉ် ပြန်လည်တင်သွင်းခြင်းဆိုင်ရာ အရေးကြီး အချက်အလက်များ
မိဘပြည်သူများနှင့် မော်တော်ယာဉ် အသုံးပြုသူများ အနေဖြင့် သက်တမ်းလွန် မော်တော်ယာဉ် အပ်နှံမှုနှင့် ပတ်သက်၍ သတင်းအမှားများကြောင့် မလိုအပ်ဘဲ စိုးရိမ်ပူပန်မှု မဖြစ်ကြပါရန်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက် အချက်အလက်အမှန်များကို အောက်ပါအတိုင်း အသိပေး အကြောင်းကြားအပ်ပါသည်။
🔹 ၁။ မော်တော်ယာဉ် အပ်နှံခြင်းဆိုင်ရာ မူဝါဒ
* **ဆန္ဒအလျောက် အပ်နှံနိုင်ခြင်း:** အသက် (၂၀) ပြည့်ပြီးသော မော်တော်ယာဉ်များကို အပ်နှံလိုပါက **အပ်နှံ၍ ရသကဲ့သို့ မအပ်နှံဘဲ ထားရှိလိုပါကလည်း ရရှိပါသည်** (အတင်းအကျပ် မဟုတ်ပါ)။
* **EV တင်သွင်းခွင့် လျှောက်ထားနိုင်ခြင်း:** ကားအပ်နှံပါက မိမိအပ်နှံလိုက်သည့် **မော်တော်ယာဉ် အမျိုးအစားတူ (Car Type)** လျှောက်ထားပြီး လျှပ်စစ်မော်တော်ယာဉ် (EV) ပြန်လည်တင်သွင်းခွင့် လျှောက်ထားနိုင်ပါသည်။
* *ဥပမာ - Sedan / Wagon အမျိုးအစား အပ်နှံပါက Sedan / Wagon EV ၊ Truck အမျိုးအစား အပ်နှံပါက Truck EV ဖြင့်သာ လျှောက်ထားရမည် ဖြစ်ပါသည်။*
* **တိုက်မိ/ကြေမွနေသည့် ကားများ မပါဝင်ပါ:** ယာဉ်တိုက်မှု ကြောင့် ပျက်စီးနေသော သို့မဟုတ် ကြေမွနေသော မော်တော်ယာဉ်များ မရရှိပါ။
🔹 ၂။ တင်သွင်းခွင့် လျှောက်ထားခြင်းနှင့် ကုမ္ပဏီများနှင့် ချိတ်ဆက်မှု
* **ကုမ္ပဏီများနှင့် ချိတ်ဆက်ရန်:** လက်ရှိ တရားဝင် EV တင်သွင်းခွင့်ရရှိထားသော ကုမ္ပဏီများနှင့် ချိတ်ဆက်၍ လျှောက်ထားရမည် ဖြစ်ပါသည်။
* **Brand နှင့် တင်သွင်းသည့် ဒေသ (Region) တူညီရမည်:** မိမိအပ်နှံသည့် ကား၏ Brand အတိုင်း သို့မဟုတ် မူလထုတ်လုပ်သည့် ဒေသတူညီမှု **(Europe / Japan / Asia)** အပေါ် မူတည်၍ လျှောက်ထားနိုင်ပါသည်။
* **ဈေးနှုန်းနှင့် တန်ဖိုး ကန့်သတ်ချက်:** တင်သွင်းမည့် EV ၏ စျေးနှုန်း တန်ဖိုး ကန့်သတ်ချက်များ ရှိပြီး အသေးစိတ်ကို မိမိတို့ ချိတ်ဆက်ဆောင်ရွက်မည့် ကုမ္ပဏီနှင့် တိုက်ရိုက် ဆွေးနွေးတိုင်ပင်နိုင်ပါသည်။
# # # 🔹 ၃။ လုပ်ငန်းစဉ် အခြေအနေနှင့် သတိပေးချက်
* **ဌာန၏ ရှင်းလင်းဆွေးနွေးမှု:** စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တရားဝင် EV တင်သွင်း/တင်ပို့ခွင့်ရ ကုမ္ပဏီများကို ခေါ်ယူ၍ အသေးစိတ် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ဖြစ်ပါသည်။
* **မရေရာသော သတင်းများကို မယုံကြည်ရန်:** လူမှုကွန်ရက် (Social Media) ပေါ်တွင် အချက်အလက် အပြည့်အစုံ မပါဘဲ တစ်စွန်းတစ်စဖြင့် ပြည်သူများကို စိုးရိမ်ထိတ်လန့်အောင် ရေးသားထားသော သတင်းအမှားများကို မယုံကြပါရန် ပန်ကြားအပ်ပါသည်။
* **ဈေးကွက် ကစားမှုများ မပြုလုပ်ရန်:** မဟုတ်မမှန် သတင်းများ လွှင့်၍ ပြန်ဝယ်/ပြန်ရောင်း လုပ်ဆောင်ခြင်းဖြင့် ကားစီးသူ ပြည်သူများ နစ်နာအောင် မပြုလုပ်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Credit to original uploader

19/07/2026

အခွန်ဆောင်တာတွေ online ကနေပဲ ဆောင်လို့ရပါတော့မယ် အခွန်ရုံးမှာ
မဆောင်ပေးတော့ဘူးလို့ ကြားထားပါတယ်၊
Crd
17-7-2026

မိတ်ဆွေတို့ကားအတွက် အမေးများတာလေးတွေပါ…🔸အုံနာဘုတ်စာမျက်နှာကုန်ရင် မိတ္တူထုတ်ပေးတာမဟုတ်ပါဘူး စာအုပ်ကုန်လို့ ထုတ်ပေးတယ်ဆို...
07/07/2026

မိတ်ဆွေတို့ကားအတွက် အမေးများတာလေးတွေပါ…

🔸အုံနာဘုတ်စာမျက်နှာကုန်ရင် မိတ္တူထုတ်ပေးတာမဟုတ်ပါဘူး စာအုပ်ကုန်လို့ ထုတ်ပေးတယ်ဆိုတဲ့ စာသား ပါပါတယ်..

🔸စာအုပ် ပျက်စီး၊ ပျောက်ဆုံးလို့ အသစ်ထုတ်ပေးထားတာဆိုရင် မိတ္တူဆိုတဲ့ တံဆိပ်တုံးပါမယ်၊ ဖြစ်တဲ့အကြောင်းအရာလေး ပါပါမယ်..

🔸ဝှီးတက်အပျောက်လျှောက်မယ်ဆိုရင် အမည်ပေါက်ကားတွေက နေ့ချင်းပြီး (သို့) ၁ရက်ကြာပါမယ်၊ အမည်ပေါက်မဖြစ်သေးတဲ့ကားတွေက သက်တမ်းတိုးတဲ့အချိန်ရောက်မှ ပြန်လျှောက်လို့ရပါမယ်၊ ယာဉ်စစ်ရပါတယ်..

🔸သက်တမ်းတိုးရင် အမည်ပေါက်ကိုယ်တိုင်မပါလဲရပါတယ် အမည်ပေါက်ရဲ့အချက်အလက်လေးတွေပါရင် ရပါပြီ..

🔸အခွန်ဆောင်မဲ့ကားတွေအတွက် နယ်အိမ်ထောင်စုဖြစ်နေလဲ နယ်မှာဆောင်ခဲ့လို့ရပါတယ် ကားက ရန်ကုန်လိုင်စင်အနေနဲ့ပဲရှိနေပါမယ်..

🔸ယာဉ်မောင်းလိုင်စင်သက်တမ်းတိုးရင် booking ၁ရက်ကြိုယူရပါတယ်၊ နေ့ချင်းပြီးရပါတယ်..

🔸ကားသက်တမ်းတိုးအတွက် ဘယ်လကားပဲဖြစ်ဖြစ် ယာဉ်စစ်ရမှာဖြစ်တဲ့အတွက် booking ယူရပါတယ်..

🔸အခုလထဲ ကားမများတဲ့အတွက် အကြာကြီး တန်းမစီရပါဘူး တချို့ရုံးတွေ နေ့လည်ဆိုတာနဲ့ စာအုပ်နဲ့ဝှီးတက်ပြန်ထွက်ပါတယ်..

🔸ခရီးလွန်ယာဉ်စစ်ခဲ့ပြီး သက်တမ်းလာတိုးရင် နေ့ချင်းမပြီးပါဘူး၊ အဆင့်ဆင့်လုပ်ရတာဖြစ်တဲ့အတွက် ၁ပတ်ကြာပါမယ်ရှင့်..

🔺သိချင်တာရှိရင် မေးလို့ရပါတယ် မိတ်ဆွေတို့ရေ..

Credit to original uploader

#ကားလိုင်စင်

20/06/2026

Luxury ဆန်ပီး ငြိမ့်ငြောင်းမှုအပြည့်အဝပေးတဲ့ ရွှေငါးတစ်စီးဟာ အတိုက်အခိုက်လုံးဝမရှိလေ တန်ဖိုးရှိလေပါဘဲ 🥰

မိသားစုစီးကားရှယ်ထဲကရှာနေရင် အမြန်သာလှမ်းလာခဲ့ပါ၊

𝐍𝐚𝐦𝐞 - 𝐓𝐎𝐘𝐎𝐓𝐀 𝐌𝐀𝐑𝐊 𝐈𝐈
𝐂𝐨𝐥𝐨𝐫 - 𝐏𝐞𝐚𝐫𝐥 𝐖𝐡𝐢𝐭𝐞
𝐌𝐨𝐝𝐞𝐥 - 𝟐𝟎𝟎𝟑
𝐆𝐫𝐚𝐝𝐞 - 𝟑𝟓𝐭𝐡 𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲
𝐄𝐧𝐠𝐢𝐧𝐞 - 𝟐.𝟎 ( 𝟐 𝐖𝐃 )
𝐋𝐢𝐜𝐞𝐧𝐬𝐞 - 𝐘𝐆𝐍 ( 𝟑𝟎.𝟔.𝟐𝟎𝟐𝟖 )

- Driver Seat Motor
- Original Tv
- Back Camera ( မျဉ်းကွေး )
- All Power Window
- နောက်ယင်းလိပ်
- Steering ကျွန်းကွက်
- တာယာလေးလုံး အသစ်
- Engine / Gear Box လုပ်ချက်လုံးဝမရှိ၊
- ဆီအယိုအစိမ့်လုံးဝမရှိ
- AirCon ( Excellent Condition )
- အောက်ပိုင်းလုပ်ချက်လုံးဝမရှိ၊
- ဆေး 1 Year Coating တင်ပီးသား

𝐏𝐫𝐢𝐜𝐞 - 𝟏𝟎𝟗𝟎 𝐋𝐚𝐤𝐡𝐬 ( 𝐍𝐞𝐠𝐨 )

အတိုက်အခိုက်ကင်းပြီး ကားကောင်းကြောင်းနှင့်
အရှုပ်အရှင်းကင်းကြောင်း ( အလုံးစုံ ) အာမခံပါသည်၊
မဝယ်ယူခင် မော်တော်ယာဉ်နှင့်ပက်သက်သော စာရွက်စာတမ်း Owner Book မှန်ကန်မှုရှိ/မရှိ စိတ်ကြိုက်စစ်ဆေးနိုင်ပါသည်။
ပိုင်ရှင်ကိုယ်တိုင်ရောင်းပေးပါမည်။

𝐏𝐡 - 𝟎𝟗 𝟒𝟓 𝟕𝟖𝟔 𝟕𝟖𝟔𝟔

𝐕𝐢𝐛𝐞𝐫 - 𝟎𝟗 𝟗𝟕𝟓 𝟒𝟓𝟏 𝟔𝟕𝟑

*Yangon ( ပန်းဘဲတန်း ) ကားကြည့်ရန်*

Luxury ဆန်ပီး ငြိမ့်ငြောင်းမှုအပြည့်အဝပေးတဲ့ ရွှေငါးတစ်စီးဟာ အတိုက်အခိုက်လုံးဝမရှိလေ တန်ဖိုးရှိလေပါဘဲ 🥰 မိသားစုစီးကားရှယ...
18/06/2026

Luxury ဆန်ပီး ငြိမ့်ငြောင်းမှုအပြည့်အဝပေးတဲ့ ရွှေငါးတစ်စီးဟာ အတိုက်အခိုက်လုံးဝမရှိလေ တန်ဖိုးရှိလေပါဘဲ 🥰

မိသားစုစီးကားရှယ်ထဲကရှာနေရင် အမြန်သာလှမ်းလာခဲ့ပါ၊

𝐍𝐚𝐦𝐞 - 𝐓𝐎𝐘𝐎𝐓𝐀 𝐌𝐀𝐑𝐊 𝐈𝐈
𝐂𝐨𝐥𝐨𝐫 - 𝐏𝐞𝐚𝐫𝐥 𝐖𝐡𝐢𝐭𝐞
𝐌𝐨𝐝𝐞𝐥 - 𝟐𝟎𝟎𝟑
𝐆𝐫𝐚𝐝𝐞 - 𝟑𝟓𝐭𝐡 𝐀𝐧𝐧𝐢𝐯𝐞𝐫𝐬𝐚𝐫𝐲
𝐄𝐧𝐠𝐢𝐧𝐞 - 𝟐.𝟎 ( 𝟐 𝐖𝐃 )
𝐋𝐢𝐜𝐞𝐧𝐬𝐞 - 𝐘𝐆𝐍 ( 𝟑𝟎.𝟔.𝟐𝟎𝟐𝟖 )

- Driver Seat Motor
- Original Tv
- Back Camera ( မျဉ်းကွေး )
- All Power Window
- နောက်ယင်းလိပ်
- Steering ကျွန်းကွက်
- တာယာလေးလုံး အသစ်
- Engine / Gear Box လုပ်ချက်လုံးဝမရှိ၊
- ဆီအယိုအစိမ့်လုံးဝမရှိ
- AirCon ( Excellent Condition )
- အောက်ပိုင်းလုပ်ချက်လုံးဝမရှိ၊
- ဆေး 1 Year Coating တင်ပီးသား

𝐏𝐫𝐢𝐜𝐞 - 𝟏𝟎𝟗𝟎 𝐋𝐚𝐤𝐡𝐬 ( 𝐍𝐞𝐠𝐨 )

အတိုက်အခိုက်ကင်းပြီး ကားကောင်းကြောင်းနှင့်
အရှုပ်အရှင်းကင်းကြောင်း ( အလုံးစုံ ) အာမခံပါသည်၊
မဝယ်ယူခင် မော်တော်ယာဉ်နှင့်ပက်သက်သော စာရွက်စာတမ်း Owner Book မှန်ကန်မှုရှိ/မရှိ စိတ်ကြိုက်စစ်ဆေးနိုင်ပါသည်။
ပိုင်ရှင်ကိုယ်တိုင်ရောင်းပေးပါမည်။

𝐏𝐡 - 𝟎𝟗 𝟒𝟓 𝟕𝟖𝟔 𝟕𝟖𝟔𝟔

𝐕𝐢𝐛𝐞𝐫 - 𝟎𝟗 𝟗𝟕𝟓 𝟒𝟓𝟏 𝟔𝟕𝟑

*Yangon ( ပန်းဘဲတန်း ) ကားကြည့်ရန်*

03/06/2026
ယခုသတင်းတွေထွက်နေတဲ့ ယာဉ်အို၊ ယာဉ်ဟောင်း အပ်ကားစာရင်း မှာ ဘယ်လိုကားအမျိုးအစားတွေ အဓိကပါဝင်မလဲ?ကညန ရဲ့ ယာဉ်အို ယာဉ်ဟောင်း...
03/06/2026

ယခုသတင်းတွေထွက်နေတဲ့ ယာဉ်အို၊ ယာဉ်ဟောင်း အပ်ကားစာရင်း မှာ ဘယ်လိုကားအမျိုးအစားတွေ အဓိကပါဝင်မလဲ?

ကညန ရဲ့ ယာဉ်အို ယာဉ်ဟောင်း အပ်နှံ၍ အစားထိုးတင်သွင်းခြင်းတွင် ယာဉ်တိုက်မှု၊ ကားမီးလောင်မှု၊ တိမ်းမှောက်မှု၊ သဘာဝဘေး ငလျင်ဘေးကြောင့် ထိခိုက်ပျက်ဆီးယာဉ်များ စသည်ဖြင့် Total Loss ဖြစ်ပြီး အလုံးစုံပျက်ဆီးသွားတဲ့ယာဉ်များ၊ ပြန်လည်ပြုပြင်ပါက Road Safety အရ ကြံ့ခိုင်မှုမရှိတော့တဲ့ယာဉ်များကတော့ ကညန ရဲ့ ၂၀၁၄ ခုနှစ်ရုံးမိန့်အရ မဖြစ်မနေအပ်နှံရမှာပဲဖြစ်ပါတယ်။

ယခုပြင်ဆင်နေတယ်ဆိုတဲ့ ရုံးမိန့်ကလည်း ယခင်ရုံးမိန့် ညွှန်ကြားချက်တွေကိုပဲ ကိုးကားပြီး ထုတ်ပြန်မယ့်အနေအထားမှာရှိပါတယ်။ အစားထိုးတင်သွင်းကတော့ EV ကိုပဲ ဦးစားပေးလိမ်မယ်။

အဲ့ဒါကြောင့် ဉပမာ 1999/2000 Model ဝန်းကျင် (JDM) ဂျပန်ကားဟောင်းတွေပဲကြည့်ပါ ကားတွေက Model တော့နိမ့်နေပြီး ကားကောင်းနေမယ်၊ ယာဉ်ကြံ့ခိုင်မှု ရှိနေမယ်ဆိုရင်တော့ ကညန Vehicle registration inspection and Engineers တွေက Pass ပေးပြီး ကားသက်တမ်းတိုးဆက်လက်ဆောင်ပေးမှာဖြစ်သလို မဖြစ်မနေအပ်နှံခိုင်းတာတွေကိုလည်း လုပ်ဆောင်စေမှာမဟုတ်ပါဘူးလို့ သုံးသပ်ရမှာပဲဖြစ်ပါတယ်။

အဲ့ဒါကြောင့် ကားစျေးကွက်ဟာလည်း အများကြီးမရိုက်ခတ်နိုင်ပါဘူး။ ကားဝယ်ရင် နားလည်တတ်ကျွမ်းတဲ့လူနဲ့စစ်ဆေးပြီးဝယ်ဖို့နဲ့ အဝယ်မမှားအောင်ဂရုစိုက်ဖို့ပဲ အရေးကြီးပါတယ်။


#ယာဉ်အိုယာဉ်ဟောင်း
#အပ်ကား
#သဘာဝဘေး
#ငလျင်
#မီးလောင်ပျက်ဆီး
#ကညန
#ရုံးမိန့်

 #ကားမူဝါဒ ပြောင်းလဲဖို့ တကယ်လိုအပ်နေပါပြီအကြောင်းအရာကတော့ ယခင် ခေတ်အဆက်ဆက်ကနေကြည့်လိုက်ရင် ကားတွေကတော့ အများကြီးပြောင်း...
02/06/2026

#ကားမူဝါဒ ပြောင်းလဲဖို့ တကယ်လိုအပ်နေပါပြီ

အကြောင်းအရာကတော့ ယခင် ခေတ်အဆက်ဆက်ကနေကြည့်လိုက်ရင် ကားတွေကတော့ အများကြီးပြောင်းလဲမသွားဘဲ ကားစျေးတွေသာ အများကြီးပြောင်းလဲသွားသလို ယခင်ထက် (၅)ဆလောက် အဆမတန် များစွာမြင့်တတ်လာကို အားလုံး လက်ရှိမှာ ရင်ဆိုင်မြင်တွေ့နေကြရပြီး ခက်ခဲနေကြတာပဲဖြစ်ပါတယ်။

မိမိတို့နိုင်ငံဟာ ဂျပန်ကားဟောင်းတွေကို ယခင်ကတည်းက များစွာတင်သွင်း အသုံးပြုစေခဲ့ပြီး ယနေ့အချိန်ထိ ဂျပန်ကား JDM နှင့် SKD CBU စနစ်နဲ့ သွင်းတဲ့ Japan Europe Model မြင့်ကားတွေဟာ Road Safety View point ကကြည့်ရင်
လည်း ကားဟောင်းတွေမယ့် ယာဉ်ကြံ့ခိုင်မှုရှိပြီး ကောင်းနေတာကိုတွေ့ရပါတယ်။

ထို့ကြောင့် အများပြည်သူသွားလာအသုံးပြုတဲ့နေရာမှာလည်း အဆင်ပြေချောမွေ့ပြီး
ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းစေပါတယ်။ အဆင်မပြေတာက ကားစျေး
အဆမတန်တတ်နေတော့ အခြေခံလူတန်စားတွေ ကားစီးနိုင်ဖို့ အလှမ်းဝေးနေတာပါပဲ။ အများပြည်သူတွေအတွက်ကြည့်ရင် အများဝယ်စီးနိုင်လောက်တဲ့ ပမာဏနဲ့ ရေရှည်ကောင်းမယ့် ကားအမျိုးအစားတွေကို ဦးစားပေးစဉ်းစားသင့်ပါတယ်။

အခွန်နှုန်းထား သက်သာစေပြီး Brand New ပဲဖြစ်ဖြစ် SKD ပဲဖြစ်ဖြစ် ယခင်ကားတင်သွင်းခွင့်မူဝါဒတွေအတိုင်း CBU စနစ်နဲ့ Brand New Model Year ထုတ်လုပ်
ခုနစ် 5 နှစ်လောက်လျော့ပြီး 2020 Model နှင့်အထက်လောက်ကို တင်သွင်းခွင့်ပြုရင်ကို တော်တော်များများ Dealer တွေအပါအဝင် သုံးစွဲလူအများအဆင်ပြေစေနိုင်မယ်လို့ မြင်မိပါတယ်။

EV လည်းတင်သွင်းသလို ICE ကားတွေ PHEV လိုကားအမျိုးအစားတွေကို CBU စနစ်နဲ့ သွင်းခွင့်ပေးလိုက်ရင်လည်း အများအတွက်အဆင်ပြေစေမှာပါ။ အခွန် အခ က ဂျပန်ကားဟောင်းတွေမှာ တွက်ကြည့်ရင် မူလကားကို အခြေခံတွက်ချက်ကြည့်ရင် (10) ဆလောက်ကိုများနေတာဟာ အဓိက စျေးတက်တဲ့အကြောင်းရင်းထဲကတစ်ချက်အပါအဝင်ပါပဲ။ ကားမူဝါဒ ရေးဆွဲတဲ့နေရာမှာလည်း အများကိုကြည့်ရင် အများအဆင်ပြေစေမယ့်နည်းလမ်းကို ချမှတ်အကောင်အထည်ဖော်စေလိုပါတယ်ခင်ဗျာ။

အတိုချုံ့ရရင် ကားစျေးကျဖို့နဲ့ ကားမူဝါဒပြောင်းရင် ဘယ်လိုတွေဖြစ်လာနိုင်သလဲဆိုတာ ပြည်သူတွေကစောင့်မျှော်နေတယ်ဆိုတာ သိစေချင်ယုံပါပဲခင်ဗျာ။ နောက်မှ ဆက်ပါမယ်…..

Crd to original uploader


မြန်မာပြည်အကြိုက်  #ကားကုမ္ပဏီတစ်ခုဖြစ်တဲ့  #တိုယိုတာဟာ မြန်မာနိုင်ငံမှာအခြေစိုက်ပြီး ကားထုတ်လုပ်တော့မယ်ဆိုတော့ ကားလောကအ...
31/05/2026

မြန်မာပြည်အကြိုက် #ကားကုမ္ပဏီတစ်ခုဖြစ်တဲ့
#တိုယိုတာဟာ မြန်မာနိုင်ငံမှာအခြေစိုက်ပြီး ကားထုတ်လုပ်တော့မယ်ဆိုတော့ ကားလောကအတွက်တော့ သတင်းကောင်းတစ်ခုပါ

မြန်မာနိုင်ငံ ကားအစီးရေရဲ့ ရာခိုင်နှုန်းထက်ဝက်ကျော်က တိုယိုတာကားများပင်ဖြစ်သည်။ ထိုကဲ့သို့
အရေအတွက်အားဖြင့်လည်း နံပါတ် ၁ ရရှိထားတဲ့ ကမ္ဘာကျော် ​ ဟာ မြန်မာနိုင်ငံမှာ စက်ရုံတည်ဆောက်ပြီး ထိုစက်ရုံမှတဆင့် SKD/CKD စနစ်တွေနဲ့ ကားမျိုးအစားပေါင်းများစွာကိုအရေအတွက်အများကြီး ထုတ်လုပ်ဖို့ စီစဥ်နေခဲ့တာဟာ ၂၀၂၀ ကတည်းကပါပဲ။ ( 2021/3) လပိုင်းမှာ စျေးကွက်ထဲကို စတင်မိတ်ဆက်ဖို့ ကြေငြာခဲ့ပါတယ်။

သို့ပေမယ့် မြန်မာနိုင်ငံမှာ အကြောင်းကြောင်းတွေပေါ်ပေါက်လာတာကြောင့် ကားထုတ်လုပ်မှုလုပ် ငန်းတွေမှာ ဆက်လက်လုပ်ဆောင်ဖို့ နှောက်နှေးသွားခဲ့ပြီး ၁၉ လ အကြာခန့်မှာမှ အခက်အခဲတွေကြားထဲကနေ စတင်လည်ပတ်ဖို့ ကြေငြာချက် ထုတ်ပြန်ခဲ့တဲ့အ​နေအထားပါ။ ဒါကြောင့် ယခုလိုအခြေအနေမှာ ဘယ်လောက်အတိုင်းအတာထိ ထုတ်လုပ်နိုင်မလဲဆိုတာကတော့ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

မည်သို့ပင်ဆိုစေကာမူ နောက်ဆုံးမှာတော့ တိုယိုတာဟာ ကားရဲ့ Name Plate မှာ သိပ်လှတဲ့စာလုံးလေးနဲ့အတူ❤ TOYOTA MYANMAR CO.,LTD.❤ ဆိုပြီးထုတ်လုပ်နိုင်ခဲ့ပါပြီ👍

ယခင်က ကားတွေရဲ့ Name Plate မှာ Toyota Japan / Toyota Thailand / Toyota Indoneshia စသည့်ဖြင့် အခြားသောထုတ်လုပ်နိုင်ငံတွေသာ တွေ့မြင်ခဲ့ရတာပါ။ ယခုတော့ TOYOTA MYANMAR CO.,LTD. ဆိုပြီး တွေ့မြင်ခဲ့ရပါပြီ🌐

ထို့အတွက်လည်း မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် ကားအမျိုးအစားပေါင်းများစွာနဲ့ အရေအတွက်ပေါင်းများစွာကိုလည်း ယခုလို ကားစက်ရုံကြီးတွေကနေ ပြည်တွင်းသို့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချပေးနိုင်ပါစေလို့လည်း ဆုမွန်ကောင်းတောင်းပါတယ်။

မြန်မာပြည်ကြီး အမြန်ဆုံး တိုးတက်အောင်မြင်ပါစေ.....

ချစ်ခြင်းများစွာဖြင့်

Crd to Vehicle Like Myanmar


Address

No(5), Marlar Nwe Street, Kyaikkasan Car Accessories Market, Tarmwe Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 15:00

Telephone

+959975451673

Alerts

Be the first to know and let us send you an email when KMT Car Spare Parts and Car Sales Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KMT Car Spare Parts and Car Sales Center:

Shortcuts

Share