17/03/2026
🚗 တစ်နှစ်တာရဲ့ အကြီးမားဆုံး မော်တော်ယာဉ်ပြပွဲကြီးမှာ Venucia VX6 နဲ့အတူ ဆုံတွေ့ကြမယ်! ✨
ကားချစ်သူတိုင်း စောင့်မျှော်နေကြတဲ့ Yangon International Mobility Show ကြီးမှာ Myint Myat Maung Co.,Ltd ရဲ့ လူကြိုက်အများဆုံး Smart EV SUV ဖြစ်တဲ့ Venucia VX6 ကို ဂုဏ်ယူစွာဖြင့် ပါဝင်ပြသသွားတော့မှာ ဖြစ်ပါတယ်။
ဒီပြပွဲကြီးမှာရှိတဲ့ Venucia ပြခန်းလေးဆီ အရောက်လှမ်းလာခဲ့မယ်ဆိုရင်...
🔹 Venucia VX6 ရဲ့ ခေတ်မီဆန်းသစ်တဲ့ Smart နည်းပညာတွေနဲ့ အိမ်ခန်းလေးတစ်ခုလို ကျယ်ဝန်းသက်သောင့်သက်သာရှိတဲ့ အတွင်းခန်းဒီဇိုင်းတွေကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့လေ့လာခံစားနိုင်မှာပါ။
🔹 ပြည်တွင်းမှာ SKD စနစ်နဲ့ စနစ်တကျ တပ်ဆင်ထုတ်လုပ်ထားတာမို့ "ရန်ကုန်လိုင်စင် အမည်ပေါက်" ရရှိနိုင်မယ့် အားသာချက်တွေကိုလည်း မျက်မြင်ကိုယ်တွေ့ လေ့လာနိုင်မှာ ဖြစ်ပါတယ်။
🔹 ဒါ့အပြင် 8 Years Warranty အပြည့်အဝပါဝင်လို့ After-sales Service နဲ့ Spare Parts တွေအတွက် ရေရှည်မှာ ဘယ်လောက်အထိ စိတ်ချယုံကြည်ရလဲဆိုတဲ့ Venucia ရဲ့ ခိုင်မာတဲ့ Brand Quality ကိုပါ သိရှိနိုင်မှာပဲ ဖြစ်ပါတယ်။ 💯
ပွဲရက်က (၃) ရက်တည်းသာ ဖြစ်လို့ ဒီ Weekend မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေရင်း Venucia ရဲ့ အနာဂတ်မော်တော်ယာဉ် နည်းပညာတွေကို ကိုယ်တိုင်လာရောက် ခံစားကြည့်ဖို့ နွေးထွေးစွာ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ။ 🏃♂️🏃♀️
🗓️ ရက်စွဲ: March 20 မှ 22 အထိ, 2026 (သောကြာ၊ စနေ၊ တနင်္ဂနွေ)
📍 နေရာ: YCC (Yangon Convention Centre), Inya Lake Hotel Compound.