Wuling Prime Automotive Myanmar

Wuling Prime Automotive Myanmar "Wuling makes what people need"

ဒီကနေ့ဟာ အပူရှိန်ပြင်းတဲ့ ကဆုန်လမှာ မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေစင်သွန်းလောင်းခြင်းဖြင့် အေးချမ်းမှုကို ယ...
30/04/2026

ဒီကနေ့ဟာ အပူရှိန်ပြင်းတဲ့ ကဆုန်လမှာ မြတ်ဗုဒ္ဓ ပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေစင်သွန်းလောင်းခြင်းဖြင့် အေးချမ်းမှုကို ယူကြတဲ့နေ့ဖြစ်ပါတယ်။

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ မြန်မာပြည်သူပြည်သားအပေါင်း ဘေးဘယာဝေးကွာပြီး ငြိမ်းချမ်းသာယာသော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း Wuling Prime Automotive မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

#ကဆုန်လပြည့်ဗုဒ္ဓနေ့

May 1 ကနေ့ May 3 ရက်နေ့အထိ Showroom ခေတ္တပိတ်ပါတယ်ခင်ဗျာ ❗အားလပ်ရက် ဖြစ်တာကြောင့် အဆိုပါရက်များအတွင်း Wuling Prime Autom...
29/04/2026

May 1 ကနေ့ May 3 ရက်နေ့အထိ Showroom ခေတ္တပိတ်ပါတယ်ခင်ဗျာ ❗

အားလပ်ရက် ဖြစ်တာကြောင့် အဆိုပါရက်များအတွင်း Wuling Prime Automotive ရဲ့ ဝန်ဆောင်မှုများကို ခေတ္တရပ်ထားမှာဖြစ်ပါတယ်ခင်ဗျာ။ May 4 ရက်နေ့မှာတော့ ဝန်ဆောင်မှုများကို ပုံမှန်အတိုင်း ပြန်လည်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။

ပျော်ရွှင်စရာ အားလပ်ရက်များ ပိုင်ဆိုင်နိုင်ကြပါစေ။

Wuling ရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်က အင်ဒိုနီးရှားမှာရှိတဲ့ Global Manufacturing System (GMS) စက်ရုံကြီးပဲ ဖြစ်ပါတယ်။ ...
24/04/2026

Wuling ရဲ့ အောင်မြင်မှုလျှို့ဝှက်ချက်က အင်ဒိုနီးရှားမှာရှိတဲ့ Global Manufacturing System (GMS) စက်ရုံကြီးပဲ ဖြစ်ပါတယ်။

✅ အဲ့ဒီစက်ရုံကြီးဟာ ဒေါ်လာသန်း ၇၀၀ နီးပါး ရင်းနှီးမြှုပ်နှံမှုလုပ်ထားတာပဲဖြစ်ပါတယ်။

✅ စက်ရုံကိုတော့ ဟက်တာ ၆၀ (ဧက ၁၅၀ နီးပါး) ကျယ်ဝန်းတဲ့ မြေနေရာပေါ်မှ တည်ဆောက်ထားတာပဲဖြစ်ပါတယ်။ မျက်လုံးထဲမြင်အောင် ပြောရရင်တော့ ဘောလုံးကွင်းပေါင်း (၈၀) လောက်အထိကို ပေါင်းစပ်ထားတာပဲဖြစ်ပါတယ်။

✅ အဲ့ဒီစက်ရုံကြီးကနေ တစ်နှစ်ကို ကားအစီးရေ ၁၅၀,၀၀၀ (တစ်သိန်းခွဲ) နီးပါးအထိ ထုတ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်ရှိပါတယ်။

ရေခံမြေခံ ကောင်းကောင်းနဲ့ ထုတ်လုပ်ထားတာမို့ Wuling EV တွေရဲ့ အရည်အသွေးဟာ ရှားမှရှားပြီး လူကြိုက်များနေတာပဲ ဖြစ်ပါတယ်ဗျာ။ 😎

📞 ဖုန်း: 09 949 191 060
🏡 လိပ်စာ: (၉) မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

အနာဂတ်တွေ ပိုပြီး စိမ်းလန်းနေပါစေ... 🌿ဒီနေ့ကျရောက်တဲ့ World Earth Day မှာ ကမ္ဘာမြေကြီးရဲ့ ကျေးဇူးကို ဆင်ခြင်အောက်မေ့ကြည့...
22/04/2026

အနာဂတ်တွေ ပိုပြီး စိမ်းလန်းနေပါစေ... 🌿

ဒီနေ့ကျရောက်တဲ့ World Earth Day မှာ ကမ္ဘာမြေကြီးရဲ့ ကျေးဇူးကို ဆင်ခြင်အောက်မေ့ကြည့်ရအောင်။ ဆူညံသံတွေနဲ့ မီးခိုးငွေ့တွေကြားက မြို့ပြကမ္ဘာမြေဟာ နေ့စဉ်နဲ့ အမျှ လူသားတွေကို ထမ်းပိုးထားခဲ့တာ နှစ်ပရိစ္ဆေဒတွေလည်း ကြာခဲ့ပြီမဟုတ်ပါလား။

ဒီနေ့ တစ်ရက်တော့ အမိကမ္ဘာ‌မြေရဲ့ ကျေးဇူးတရားကို သတိတရရှိပြီး မိမိတို့ရဲ့ လိုရာခရီးများ ရောက်နိုင်ပါစေကြောင်း Wuling Prime Automotive Myanmar က ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ 🌍

📞 ဖုန်း: 09 949 191 060
🏡 လိပ်စာ: (၉) မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။


ဟောင်းနွမ်းခဲ့တဲ့ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေစင်နဲ့ ဆေးကြောသန့်စင်ပြီး စိတ်သစ်၊ လူသစ်၊ အားအင်အသစ်တွေနဲ့ နှစ်သစ်ကို...
10/04/2026

ဟောင်းနွမ်းခဲ့တဲ့ နှစ်ဟောင်းက အညစ်အကြေးတွေကို အတာရေစင်နဲ့ ဆေးကြောသန့်စင်ပြီး စိတ်သစ်၊ လူသစ်၊ အားအင်အသစ်တွေနဲ့ နှစ်သစ်ကို ကြိုဆိုလိုက်ပါ။

တစ်ဆက်တည်းမှာပဲ April 11 ရက်နေ့ကနေ April 19 ရက်နေ့အထိကို သင်္ကြန် Showroom ပိတ်ရက်အဖြစ် သတ်မှတ်ထားကြောင်း ကြော်ငြာအပ်ပါတယ်ခင်ဗျာ။

Wuling Myanmar မိသားစုမှ ချစ်ခင်ရပါသော Customer များအားလုံး ဘေးအန္တရာယ်ကင်းကင်းနဲ့ ပျော်ရွှင်စရာ သင်္ကြန်ရက်လေးတွေ ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။ 💦

#သင်္ကြန်ဆုတောင်း

08/04/2026

ပထမတစ်ခေါက်မှာ Magic Battery ရဲ့ ခိုင်ခံ့မှုနဲ့ ဘေးကင်းမှုကို သိခဲ့ကြပြီးပြီဆိုတော့ အခုတစ်ခေါက်မှာတော့ သူ့ရဲ့ ထုတ်လုပ်မှု "လျှို့ဝှက်ချက်" အသစ်လေးတွေကို ကြည့်လိုက်ရအောင်ပါ။

၁။ Magnetic Rod Separation စနစ်
ဘက်ထရီတစ်လုံးရဲ့ သက်တမ်းနဲ့ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်တဲ့ သံလိုက်ဓာတ်ပါတဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ အဆင့်မြင့် Magnetic Rod Separation စနစ်ကို အသုံးပြုထားပါတယ်။ ဘက်ထရီအရည် (Slurry) တစ်တန်မှာတောင် အညစ်အကြေးပါဝင်မှု 0.05 ထက်နည်းအောင် အထူးစစ်ထုတ်ထားတာမို့ ဘက်ထရီရဲ့ အတွင်းပိုင်းသန့်စင်မှုက အဆင့်မြင့်ဆုံးပါ။

၂။ Water-cooled Formation System ❄️
ဘက်ထရီအားသွင်းတဲ့ လုပ်ငန်းစဉ်တစ်လျှောက်လုံးမှာ အပူချိန်ကြောင့် အရည်အသွေးမကျသွားအောင် Water-cooled Formation System ကို အသုံးပြုပါတယ်။ အပူချိန်ကို 25±2°C အတွင်းမှာပဲ အမြဲတည်ငြိမ်နေအောင် ထိန်းညှိပေးတာကြောင့် ဘက်ထရီရဲ့ သက်တမ်းကို ပိုမိုကြာရှည်စေသလို စွမ်းဆောင်ရည်ကိုလည်း အကောင်းဆုံးအခြေအနေမှာ ရှိနေစေပါတယ်။

၃။ စက်ရုံကနေ ဘက်ထရီတစ်လုံး ထွက်မလာခင်မှာ အရည်အသွေးစစ်ဆေးတဲ့နေရာပေါင်း ၆,၀၀၀ ကျော်ကို ဖြတ်သန်းရပါတယ်။ AI Intelligent Defect Recognition စနစ်ကို သုံးထားတာကြောင့် လူသားတို့ရဲ့ အမှားအယွင်း (Human Error) မရှိသလောက် နည်းပါးသွားပြီး ကားတိုင်းအတွက် အကောင်းဆုံးဘက်ထရီကိုပဲ ရရှိစေမှာပါ။

Magic Battery ကို Wuling ရဲ့ Starlight, Starlight S, Darion, Bingo, Bingo S စတဲ့ Model တွေမှာ ထည့်သွင်းအသုံးပြုထားပါတယ်ခင်ဗျာ။

Wuling ရဲ့ Magic Battery 3.0 ဟာ နည်းပညာတစ်ခုတည်းတင်မဟုတ်ဘဲ အသုံးပြုသူတွေရဲ့ စိတ်ချရမှုအတွက် အသေးစိတ်ကအစ ဂရုစိုက်ထုတ်လုပ်ထားတဲ့ Master-piece တစ်ခုလိုဆိုရင် မမှားပါဘူး။ 🚗⚡

ကဲ... Wuling အချစ်တော်တွေ အနေနဲ့ မင်းတို့ Wuling က ဘာကောင်းလို့လဲ မေးလာတဲ့အခါ ယံုကြည်မှုရှိရှိနဲ့ ဘတ္တရီကိုသာ လက်ညှိုးထိုးပြလိုက်ဗျာ 😎

📞 ဖုန်း: 09 949 191 060
🏡 လိပ်စာ: (၉) မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

29/03/2026

EV တစ်စီးရဲ့ နှလုံးသားဟာ ဘက်ထရီပဲဖြစ်ပါတယ်။

ဒီလို အရေးကြီးတဲ့ ဘတ္ထရီကို Wuling က ဘယ်လိုအလေးထား ဆောင်ရွက်နေလဲ ❓

Wuling Liuzhou Battery Factory ကနေ တိုက်ရိုက်လာတဲ့ Magic Battery ရဲ့ ထူးခြားချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။ 😎

💠 Magic Battery 3.0 မှာ လေယာဉ်တောင်ပံတွေရဲ့ ဖွဲ့စည်းပုံ (MUST - Multifunction Unitized Structure Technology) ကို အသုံးပြုထားပါတယ်။ ဒီ Three-horizontal, Six-vertical တည်ဆောက်ပုံကြောင့် ကားရဲ့ကိုယ်ထည်ကို ပိုမိုပေါ့ပါးစေပြီး တာရှည်ခံမှုကို ၆၀ ရာခိုင်နှုန်းအထိ ပိုမိုခိုင်မာစေသလို အင်အားပြင်းတဲ့ ရိုက်ခတ်မှုတွေကိုလည်း ကောင်းကောင်းခံနိုင်ရည်ရှိပါတယ်။

💠 Magic Battery 3.0 ရဲ့ ဘက်ထရီဆဲလ်တွေကို Operation Cycles ပေါင်း ၆,၅၀၀ ကျော်အထိ အသုံးပြုနိုင်အောင် ဖန်တီးထားပါတယ်။ ဒါဟာ ကားတစ်စီးရဲ့ သက်တမ်းထက်တောင် ပိုမိုကြာရှည်တဲ့ ခိုင်ခံ့မှုမျိုး ဖြစ်ပါတယ်။

💠လက်ရှိမှာ Magic Battery အလုံးရေ ၂ သန်းကျော် (2 Million Units) ကို လက်တွေ့အသုံးပြုနေပြီဖြစ်ပါတယ်။ ထူးခြားချက်ကတော့ ပြင်းထန်တဲ့ ယာဉ်တိုက်မှုဖြစ်စဉ်တွေမှာတောင် ဘက်ထရီအပူလွန်ကဲပြီး မီးလောင်ကျွမ်းတာမျိုး (Zero Thermal Runaway) လုံးဝမရှိခဲ့တဲ့ မှတ်တမ်းကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။

💠 Wuling ရဲ့ ဘက်ထရီစက်ရုံမှာ အဆင့်မြင့်ဆုံး ပတ်ဝန်းကျင်ထိန်းချုပ်မှုစနစ် ကို ကျင့်သုံးပါတယ်။ ဖုန်မှုန့်နဲ့ အညစ်အကြေးကင်းစင်မှုကို Micron အဆင့်အထိ ထိန်းချုပ်ထားတယ်။ ထုတ်လုပ်မှုအဆင့်တိုင်းမှာ Real-time စစ်ဆေးနေတာကြောင့် ကားတိုင်းအတွက် Uniform Quality ဆိုတဲ့ တူညီတဲ့အရည်အသွေး ကို ရရှိစေမှာ ဖြစ်ပါတယ်။

💠 Magic Battery ရဲ့ ယုံကြည်စိတ်ချရမှုဟာ PPB-grade (Parts Per Billion) အဆင့်မှာ ရှိပါတယ်။ ဆိုလိုတာကတော့ ဘက်ထရီပေါင်း သန်းတစ်ထောင်မှာတောင် အမှားအယွင်းမရှိသလောက် နည်းပါးအောင် ထိန်းချုပ်ထားတာပါ။ AI စနစ်နဲ့ 8K အဆင့်မြင့်ကင်မရာတွေသုံးပြီး အသေးငယ်ဆုံး ချို့ယွင်းချက်ကိုမှ မကျန်အောင် စစ်ဆေးထုတ်လုပ်ပါတယ်။

နိဂုံးချုပ်ရရင်...

Wuling ရဲ့ Magic Battery ဆိုတာ ကားတစ်စီးရဲ့ အစိတ်အပိုင်းတစ်ခုထက် ပိုပါတယ်။ အသုံးပြုသူတိုင်းအတွက် " တူညီတဲ့အရည်အသွေး၊ တသမတ်တည်းရှိတဲ့ ကောင်းမွန်မှု" ကို အာမခံပေးထားတဲ့ နည်းပညာတစ်ခုပဲ ဖြစ်ပါတယ်။ 🚗⚡

📞 ဖုန်း: 09 949 191 060
🏡 လိပ်စာ: (၉) မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

23/03/2026

အနာဂတ်ရဲ့ ကားထုတ်လုပ်မှုပုံစံက ဘယ်လိုမျိုးဖြစ်မလဲဆိုတာ သိချင်နေကြပြီလားဗျ ... 😎

➡️ Wuling ကတော့ Intelligent Island-style (I²MS) Factory နဲ့အတူ အဖြေပေးလိုက်ပါပြီ။ ဒါဟာ ကမ္ဘာ့ပထမဆုံး Island-style စမတ်စက်ရုံ ဖြစ်ပါတယ်။
ဒီစက်ရုံမှာ ဘာတွေထူးခြားလဲ?

✅ Fully AI-Controlled & 95% Automation - စက်ရုံတစ်ခုလုံးကို AI နဲ့ပဲ အပြည့်အဝ ထိန်းချုပ်ထားတာဖြစ်ပြီး လူသားတို့ရဲ့ ပါဝင်ပတ်သက်မှု လုံးဝမလိုဘဲ အဆင့် (၃၄) ဆင့်အထိ အလိုအလျောက် ဆောင်ရွက်ပေးနိုင်ပါတယ်။ ဒါကြောင့် လုပ်အားကို လျှော့ချပေးနိုင်ရုံတင်မကဘဲ ပိုမိုတိကျသေချာလာတာပါ။

✅ 0% Error Rate & 100% Traceability - နည်းပညာအမြင့်ဆုံး စက်ရုပ်တွေနဲ့ လုပ်ဆောင်တာကြောင့် အမှားအယွင်းမရှိ (0% Error Rate) ဖြစ်စေရုံသာမက ကားတစ်စီးချင်းစီရဲ့ ထုတ်လုပ်မှု Data တွေကိုလည်း ၁၀၀ ရာခိုင်နှုန်း ပြန်လည်ခြေရာခံ (Traceable) သိရှိနိုင်မှာ ဖြစ်ပါတယ်။

✅ Time & Cost Saving - ကားတစ်စီး ထုတ်လုပ်မှုကြာချိန်ကို (၃) နာရီအထိ လျှော့ချနိုင်ခဲ့သလို၊ ထုတ်လုပ်မှုကုန်ကျစရိတ်ကိုလည်း ၂၈% အထိ ထိရောက်စွာ သက်သာစေပါတယ်။

✅ Specialized Islands - မှန်တပ်ဆင်ခြင်း၊ တာယာတပ်ဆင်ခြင်းနဲ့ ထိုင်ခုံတပ်ဆင်ခြင်း လုပ်ငန်းစဉ်တွေကို သီးသန့် "Island" အလိုက် စနစ်တကျ ခွဲခြားထားပြီး ၁၀၀% အလိုအလျောက်စနစ်နဲ့ ဆောင်ရွက်တာဖြစ်ပါတယ်။

🏆 Wuling ရဲ့ ဂုဏ်ယူစရာ မှတ်တိုင်များ
SGMW ဟာ တရုတ်နိုင်ငံမှာ ကားအစီးရေ သန်း ၃၀ (30 Million Units) အထိ ပထမဆုံး ထုတ်လုပ်နိုင်ခဲ့တဲ့ Brand တစ်ခုလည်း ဖြစ်ပါတယ်။ ဒီ Milestone ကိုတော့ Wuling Starlight S နဲ့ စံချိန်တင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

EV အကြောင်းကို စိတ်ဝင်စားသူတွေအတွက်တော့ ဒါတွေဟာ တကယ့်ကို စိတ်လှုပ်ရှားစရာ နည်းပညာ အရွေ့ကြီး တစ်ခုပဲဖြစ်ပါတယ်။ ‌ရှေ့ဆက်ပြီး EV နည်းပညာသစ်တွေနဲ့အတူ ဘယ်လို ဆန်းသစ်မှုတွေ ရောက်လာဦးမလဲဆိုတာ ကျွန်တော်တို့ Wuling Prime Automotive Myanmar နဲ့အတူ စောင့်ကြည့်ရအောင်ဗျာ။

📍 Wuling Showroom (၉) မိုင် သို့ လာရောက်လေ့လာနိုင်ပါပြီ။
📞 ဖုန်း: 09 949 191 060
🏡 လိပ်စာ: (၉) မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

ကမ္ဘာ့ထိပ်တန်း လုပ်ငန်းကြီး (၃) ခု၏ အကောင်းဆုံးသော ပေါင်းစပ်မှုWuling ဟာ အာရှမှာတင်မက ကမ္ဘာ့အဆင့်ထိပါ ယုံကြည်စိတ်ချရတဲ့ ...
19/03/2026

ကမ္ဘာ့ထိပ်တန်း လုပ်ငန်းကြီး (၃) ခု၏ အကောင်းဆုံးသော ပေါင်းစပ်မှု

Wuling ဟာ အာရှမှာတင်မက ကမ္ဘာ့အဆင့်ထိပါ ယုံကြည်စိတ်ချရတဲ့ အမှတ်တံဆိပ်တစ်ခု ဖြစ်နေရတဲ့ အကြောင်းအရင်းက ဘာများဖြစ်မလဲ❓

အဖြေကတော့ “Power Trio” လို့ ခေါ်တဲ့ ကမ္ဘာကျော် လုပ်ငန်းကြီး သုံးခုရဲ့ အားသာချက်တွေကို ပေါင်းစပ်ပြီး ထုတ်လုပ်ထားတာကြောင့်ပဲ ဖြစ်ပါတယ်။

Wuling ကို မွေးထုတ်ပေးခဲ့တဲ့ အဓိက ကုမ္ပဏီကြီး (၃) ခုကတော့ -

💎 SAIC Motor - တရုတ်နိုင်ငံရဲ့ အကြီးဆုံး ကားထုတ်လုပ်ရေး လုပ်ငန်းကြီး ဖြစ်ပါတယ်။ Wuling ကားတွေမှာပါတဲ့ အထာကျတဲ့ စနစ်တွေနဲ့ ခေတ်မီနည်းပညာတွေဟာ SAIC Motor ဆီကနေ ဆင်းသက်လာတာပဲ ဖြစ်ပါတယ်။
💎 General Motors (GM) - ရာစုနှစ်တစ်ခုကျော် သမိုင်းကြောင်းရှိတဲ့ အမေရိကန်အခြေစိုက် GM ရဲ့ Engineering Heritage နဲ့ Safety Standards တွေဟာ Wuling ရဲ့ အခိုင်မာဆုံးသော အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
💎 Guangxi Automobile Group - သုံးစွဲသူတွေအတွက် လက်တွေ့ကျပြီး သင့်တင့်တဲ့ဈေးနှုန်းနဲ့ အကောင်းဆုံး EV တွေကို ရရှိနိုင်အောင် ဖန်တီးပေးခဲ့သူများပဲဖြစ်ပါတယ်။

ဒီထိပ်တန်း လုပ်ငန်းကြီး (၃) ခု ပူးပေါင်းလိုက်တဲ့အခါမှာတော့ SGMW ဆိုတဲ့ အင်အားကြီး လုပ်ငန်းကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ SGMW ဆိုတာ ကမ္ဘာ EV လောကရဲ့ TOP 5 စာရင်းဝင် ကုမ္ပဏီတစ်ခုဆိုလည်း မမှားပါဘူး။
လက်ရှိ ၂၀၂၆ ခုနှစ် အစောပိုင်း အချက်အလက်တွေအရ SGMW ရဲ့ စုစုပေါင်း ရောင်းအားနဲ့ ထုတ်လုပ်မှုဟာ ၃၁ သန်း (31 Million) ကျော်သွားပြီ ဖြစ်ပါတယ်။

အဆိုပါ SGMW ကနေမှတစ်ဆင့် ကမ္ဘာတစ်ဝှမ်းက သန်းပေါင်းများစွာသော EV ချစ်သူတွေကြားမှာ ခိုင်မာတဲ့ နေရာတစ်ခုကို ရရှိထားတဲ့ Wuling ဆိုတဲ့ Brand ကို မွေးထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Wuling ကို ရွေးချယ်တာဟာ ကမ္ဘာ့အဆင့်မီ နည်းပညာနဲ့ ယုံကြည်စိတ်ချရမှုကို ရွေးချယ်တာပဲ ဖြစ်ပါတယ်။ Wuling ရဲ့ ခေတ်မီ EV တွေကို ကိုယ်တိုင်ကိုယ်ကျ လေ့လာကြည့်ရှုဖို့ ဖိတ်ခေါ်အပ်ပါတယ် -

📍 Wuling Showroom (၉) မိုင် သို့ လာရောက်လေ့လာနိုင်ပါပြီ။
📞 ဖုန်း: 09 949 191 060
🏡 လိပ်စာ: (၉) မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

Wuling ချစ်သူတွေအတွက် New Model လေးတစ်ခု မကြာခင်မှာ Wuling Myanmar Showroom ကို ‌ရောက်ရှိလာပါတော့မယ်။ Family Style EV လည...
03/03/2026

Wuling ချစ်သူတွေအတွက် New Model လေးတစ်ခု မကြာခင်မှာ Wuling Myanmar Showroom ကို ‌ရောက်ရှိလာပါတော့မယ်။

Family Style EV လည်းဖြစ်ပြီး Wuling Myanmar ကို မရောက်သေးဘူးလား မကြာခဏ လာမေးနေတဲ့ Model လည်းဖြစ်ပါတယ်။

Wuling ချစ်သူတို့ စောင့်မျှော်နေတဲ့ EV လေးရဲ့ နာမည်က ဘာဖြစ်မလဲဗျ???

Wuling မှ Wuling ဆိုသူတွေကတော့ ပုံမြင်တာနဲ့ နာမည်ကို ချက်ချင်းတန်းသိမှာနော့် 😎

📞 ဖုန်း: 09 949 191 060
🏡 လိပ်စာ: (၉) မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

Wuling Starlight S နဲ့ Wuling Bingo တို့ကို ပိုင်ရှင်များလက်ဝယ် အရောက် အပ်နှံပေးခဲ့တဲ့ ပုံရိပ်တွေကို အမှတ်တရအနေနဲ့ မျှဝေ...
20/02/2026

Wuling Starlight S နဲ့ Wuling Bingo တို့ကို ပိုင်ရှင်များလက်ဝယ် အရောက် အပ်နှံပေးခဲ့တဲ့ ပုံရိပ်တွေကို အမှတ်တရအနေနဲ့ မျှဝေလိုက်ပါတယ်....

Wuling Prime Automotive Myanmar ကို ယုံယုံကြည်ကြည် ရွေးချယ်ခဲ့ကြတဲ့ အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်းနဲ့ Wuling Myanmar အနေနဲ့လည်း ဆက်လက်ပြီး အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ကြိုးစားသွားပါမယ်ခင်ဗျာ...။

📞 ဖုန်း: 09 949 191 060
🏡 လိပ်စာ: (၉) မိုင်၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။

Address

No. (54), Pyay Road, Mayangone Township
Yangon
V4HQ+H5

Alerts

Be the first to know and let us send you an email when Wuling Prime Automotive Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Wuling Prime Automotive Myanmar:

Share