Min Khit Gas Stove And Spare Part

Min Khit Gas Stove And Spare Part ဂက်စ်မီးဖိုနှင့် အပိုပစ္စည်ရောင်း၀◌ယ်ရေး ဆိုင်အမှတ်(B8)၊ သမိန်ဗရမ်းလမ်း၊ ၃၆ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

လက်ရှိဂက်စ်ဈေးအခြေအနေကတော့ ပုံထဲကအတိုင်းပါပဲ
15/09/2022

လက်ရှိဂက်စ်ဈေးအခြေအနေကတော့ ပုံထဲကအတိုင်းပါပဲ

19/06/2022

🌿စျေးရောင်းကောင်းတာ ဗျူဟာရှိပါတယ်💥✍😱❗
======================================
၁ ။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ် ။

၂ ။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ် ။

၃ ။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ် ။

၄ ။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ် ။

၅ ။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ ။

၆ ။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်ထောက်ကူတယ်ထင်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ ။

၇ ။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ တန်ဖိုး ပိုရှိတယ် ။

၈ ။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ ။

၉ ။ စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ ။

၁၀ ။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ ။

၁၁ ။ ရောင်းကုန် ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ ၊ စော်ကားတာနဲ့ အတူတူပဲ ။

၁၂ ။ စျေးနူန်း တစ်ခုတည်း ဖြစ်ပါစေ ၊ တခုခုကြောင့် စျေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ် ။ ထိခိုက်နိုင်စေပါတယ် ။

၁၃ ။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့် ၊ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ ။

၁၄ ။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ် ၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ် ။

၁၅ ။ ကလေးများဟာ ကျေးဇူးရှင်ပါ ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ ။ ( ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်းမလုပ်ဘူး) ဆိုတာ လူတွေသိပါစေ ။

၁၆ ။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။

၁၇ ။ အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြပါလိမ့်တယ်။

🌿Credit to original writer🙏🙏🙏

#မင်းခေတ်ဂက်စ်မီးဖိုနှင့်အပိုပစ္စည်းရောင်းဝယ်ရေး

17/04/2022

မင်္ဂလာရှိသော နှစ်သစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ

22/02/2022
19/02/2022

မြောက်ဒဂုံမြို့ ရှိ ဂက်အိုးအ​ရောင်းဆိုင်တွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်း (၁)ဦး အမြန်အလိုရှိပါတယ်

ပညာရည်အချင်းအထက်တန်းအောင် အဆင့်

ကျွမ်းကျင်စွာဆိုင်ကယ်စီးနင်းနိုင်ရမည်
လစာ- ၁သိန်း (နေ/စား စားရိတ် ငြိမ်း)
၃လ ပြည့်လျှင် လစာတိုးပေးမည်။

Ph -09795635543

ဂက်စ်အိုးကြီးနဲ့မီးဖိုမသုံးချင်တဲ့သူများအတွက်သယ်ဆောင်ရလွယ်ကူတဲ့ portable မီးဖိုများလည်းမင်းခေတ် မှာ ဝယ်ယူရရှိနိုင်ပါပီ.....
16/02/2022

ဂက်စ်အိုးကြီးနဲ့မီးဖိုမသုံးချင်တဲ့သူများအတွက်
သယ်ဆောင်ရလွယ်ကူတဲ့ portable မီးဖိုများလည်း
မင်းခေတ် မှာ ဝယ်ယူရရှိနိုင်ပါပီ...

လမ်းညွှန်-
ယာဉ်မောင်းသင်တန်းဝန်းနောက်ကြော၊ လောပိတလမ်းမ၊ ၃၆ရပ်ကွက်၊ မြောက်ဒဂုံ

Ph-09795635543
WhatApp-09795635543
Viber-09795635543
Telegram- 09795635543

ပိုက်မလို၊ Regulatorမလို၊ မီးဖိုသီးသန့်ဝယ်စရာမလို ဂက်စ်ဖြည့်ပြီးတန်းချက်လို့ရတဲ့ မီးဖိုသီးသန့် ရှာနေသူများအတွက် Champion...
07/02/2022

ပိုက်မလို၊ Regulatorမလို၊ မီးဖိုသီးသန့်ဝယ်စရာမလို ဂက်စ်ဖြည့်ပြီးတန်းချက်လို့ရတဲ့ မီးဖိုသီးသန့် ရှာနေသူများအတွက်
Champion တံဆိပ်နှင့် 4Kg ၂ပိဿာ မီးဖိုများ မင်းခတ်ဂက်မီးဖိုအရောင်းဆိုင် မြောက်ဒဂုံတွင် ဝယ်ယူရရှိနိုင်ပါပီ...

ဖုန်း 09795635543
#ဂက်စ်မီးဖို

ယာဥ်မောင်းသင်တန်းဝန်းနောက်ကြော၊ လောပိတလမ်း၊ မြောက်ဒဂုံ။

https://maps.app.goo.gl/KQKyy9L1Djes58XB7

ဂက်စ်မီးဖိုအသုံးပြုပြီးပါက အိုးခေါင်းကိုတင်းကြပ်စွာပြန်ပိတ်ပါ။အိမ်ရှင်မများခင်ဗျာ ဟင်းချက်လို့ပြီးပြီဆိုရင် ဂက်စ်အိုးပိတ...
04/02/2022

ဂက်စ်မီးဖိုအသုံးပြုပြီးပါက အိုးခေါင်းကိုတင်းကြပ်စွာပြန်ပိတ်ပါ။
အိမ်ရှင်မများခင်ဗျာ ဟင်းချက်လို့ပြီးပြီဆိုရင် ဂက်စ်အိုးပိတ်ဖို့မမေ့ပါနဲ့ ဂက်စ်ယိုစိမ့်မှုမဖြစ်အောင် သေချာလေးပိတ်ပါ... အန္တရာယ်ကင်းအောင်ဘယ်လိုပိတ်ရမလဲဆိုတော့ ချက်ပြုတ်လို့အားလုံးပြီးပါက မီးဖိုခလုပ်ကိုအရင်မပိတ်ပဲ ဂက်စ်အိုးခေါင်းကိုညာဘက်လှည့်ပြီးပိတ်ပါ ။ မီးတောက်တဖြည်းဖြည်းငြိမ်းသွားတဲ့အထိပါ။ အဲ့လိုငြိမ်းသွားပြီဆိုရင် ပိုက်ထဲကဂက်စ်တွေအကုန်ကင်းစင်သွားမှာဖြစ်ပါတယ်။ ပြီးမှ မီးဖိုက ခလုပ်ကိုပိတ်ပါ။




#ဂက်စ်အိုး

Gas Pipe နှင့် သတိထားရမယ့်အချက် ( ၃ )ချက်အိုးနှင့်တွဲသုံးရသောဂက်မီးဖိုတွေမှာ ဂက်စ်ပိုက်ကလည်း အရေးကြီးသတိထားရမယ့် ဆက်စပ်ပ...
20/01/2022

Gas Pipe နှင့် သတိထားရမယ့်အချက် ( ၃ )ချက်

အိုးနှင့်တွဲသုံးရသောဂက်မီးဖိုတွေမှာ ဂက်စ်ပိုက်ကလည်း အရေးကြီးသတိထားရမယ့် ဆက်စပ်ပစ္စည်းတစ်ခုပါပဲ။ ဒါကြောင့် အန္တရာယ်မရှိအောင် သတိထားရမယ့် အရာလေးတွေ ပြောပြပေးချင်ပါတယ်။

၁။ မီးဖိုနှင့်ဆက်သွယ်ထားတဲ့ ဂက်စ်ပိုက်က မီးဖိုသံပိုက်ချောင်းနှင့် မြဲမြံစွာ တပ်ထားရဲ့လားစစ်ဆေးဖို့လိုပါတယ်။ ဂက်စ်မီးဖိုသံပိုက်ချောင်းနှင့် ဂက်စ်ပိုက်ပျော့သည် လျော့ချောင်ချောင်ကြီး ဖြစ်မနေရပါ။

၂။ Regulator ( ရဂူလေတာ) နှင့်ပိုက် မြဲမြဲ တပ်ဆင်ထားရဲ့လား စစ်ဆေးပါ။

၃။ ဂက်စ်ပိုက်ပျက်ပါက ပြန်ဆက်ပြီးမသုံးသင့်ပါ။

ကိုယ်တိုင်မစစ်ဆေးတက်ပါက ဂက်စ်ဆိုင်မှ ကျွမ်းကျင်သူများကို စစ်ဆေးခိုင်းပါ။

မင်းခေတ်ဂက်စ်မီးဖိုနှင့်အပိုပစ္စည်းအရောင်းဆိုင်
လောပိတလမ်း၊ မြောက်ဒဂုံ

09795635543



#ဂက်စ်ပိုက်
#ဂက်စ်မီးဖို

Address

ဂက်စ်မီးဖို၊ ဂက်စ်အိုး နှင့် အပိုပစ္စည်း အမျိုးမျိုးရောင်းဝယ်ရေး
Yangon
11422

Opening Hours

Monday 07:00 - 19:00
Tuesday 07:00 - 19:00
Wednesday 07:00 - 19:00
Thursday 07:00 - 19:00
Friday 07:00 - 19:00
Saturday 07:00 - 19:00
Sunday 07:00 - 19:00

Telephone

+959795635543

Alerts

Be the first to know and let us send you an email when Min Khit Gas Stove And Spare Part posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category