YK Auto ကားအရောင်းအဝယ်

Call Directions Contact the business

YK Auto ကားအရောင်းအဝယ် YK Auto ကားရောင်းဝယ်ရေး

Honda Fit 2009L Grade Yangon 09778537077
01/01/2023

Honda Fit 2009
L Grade

Yangon 09778537077

Elon Musk ရဲ့လျှပ်စစ်ကား Tesla ကို ပြိုင်ဖို့ဗီယက်နမ် ထုတ် Vinfast လျှပ်စစ်ကားကိုအမေရိကား ကို စပြီးတင်ပို့ဗီယက်နမ်  မှာ ...
28/11/2022

Elon Musk ရဲ့
လျှပ်စစ်ကား Tesla ကို ပြိုင်ဖို့
ဗီယက်နမ် ထုတ် Vinfast လျှပ်စစ်ကားကို
အမေရိကား ကို စပြီးတင်ပို့

ဗီယက်နမ် မှာ ထုတ်တဲ့ Vinfast
လျှပ်စစ်ကား VF8S အမျိုးအစား
၉၉၉ စီး ကို အငှားယူထားတဲ့
ကားတင်သင်္ဘော ကို VINFAST
တံဆိပ်တပ်ပြီး...
နိုင်ငံတော် အခမ်းအနား နဲ့
ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက်၍
ဟိုင်ဖုန်း ဆိပ်ကမ်း ကနေ
အမေရိက ကာလီဖိုနီးယား ကတစ်ဆင့်
အမှာစာ ပေးထားသူတွေကို
စပြီး တင်ပို့ တာပါ...

ဗီယက်နမ် အချမ်းသာဆုံး
သဌေး တစ်ဦး၏ ကူညီ
ထောက်ပံ့မှု အပြင်...
ဘဏ် အထောက်အပံ့
အမေရိကန် ဒေါ်လာ ၄ ဘီလျံ ဖြင့်
အမေရိကန် စျေးကွက် စတင်ခဲ့ပါတယ်

အမေရိကန် နိုင်ငံ
ကာရိုလိုင်းနား မြောက်ပိုင်းမှာ
Vinfast စက်ရုံ တစ်ရုံ ဆောက်သွားဖို့
အထိ အစီအစဥ်များ ပါပါတယ်...

အမေရိက ကနေဒါ နဲ့ ဥရောပမှာ
ကားအစီးရေ ၅၀၀၀ ခန့် တင်ပို့သွားဖို့
အမှာစာ များ ရနေပြီး...

တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့
V8 V9 model လျှပ်စစ်ကားများ
အမှာစာ အနေဖြင့်
အစီးရေ ၆၅၀၀၀ ကျော် ရနေပြီ
ဖြစ်ပါတယ်.... 👏👏👏

Credit

https://gcaptain.com/vinfast-roro-vietnam-esuvs-tesla/

photo courtesy

Vinfast

ဘရိတ်ဆီ လဲသင့်နေပြီဆိုတာ သင်သိနိုင်မယ့် အချက် (၅) ချက်ကားဘရိတ်ဆိုတာ ကားမှာပါတဲ့ အစိတ်အပိုင်းများစွာထဲကမှ အရေးကြီးဆုံး အစ...
28/11/2022

ဘရိတ်ဆီ လဲသင့်နေပြီဆိုတာ သင်သိနိုင်မယ့် အချက် (၅) ချက်
ကားဘရိတ်ဆိုတာ ကားမှာပါတဲ့ အစိတ်အပိုင်းများစွာထဲကမှ အရေးကြီးဆုံး အစိတ်အပိုင်းတခုဆိုတာ ကားမောင်းသူတိုင်း သိထားပြီးဖြစ်မှာပါ ။ ကျနော်တို့ ခရီးသွားမယ်ဆိုတိုင်း ၊ ကားကို ပုံမှန်ပြုပြင်တဲ့အခါတိုင်း ကားအင်ဂျင်ဝုိင် ကားဂီယာဝုိင်တွေ ၊ ကားမှာပါတဲ့ Coolant တွေ ၊ ကားရဲ့ အောက်ပိုင်း ( Suspension) ပိုင်းတွေကို အထူးအလေးပေး စစ်ဆေးပြီး အင်ဂျင်ဝုိင်တွေလဲတာ ၊ ကားအောက်ပိုင်း ဘရိတ်ရှူးတွေလဲတာ အစရှိတဲ့ လိုအပ်ချက်တွေကို ပြုပြင်တတ်ကြပေမယ့် ကားဘရိတ်စနစ်ရဲ့ အရေးကြီးဆုံး ဘရိတ်ဆီတွေကိုတော့ သေချာစစ်ဆေးပြီး အသစ်လဲလှယ်တာ မရှိသလောက်ရှားပါတယ် ။ ဒီနေ့ ကားမှာပါတဲ့ ဘရိတ်ဆီရဲ့ အရေးပါပုံ လေးကို နည်းနည်းပြောပြချင်ပါတယ် ။
ဘရိတ်ဆီဆိုတာဘာလဲ ?
ဘရိတ်ဆီဆိုတာကတော့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးပြောရရင် glycol-ether ဆိုတဲ့ Chemical ကိုအခြေခံပြီးဖွဲ့စည်းတည်ဆောက်ထားတဲံ ဟိုက်ဒရောလစ်ဆီ ( Hydraulic Oil ) တမျိုးပါပဲ ။ ကျနော်တို့ လက်ရှိကားတွေမှာ အသုံးပြုနေကြတဲ့ Brake Fluid ( ဘရိတ်ဆီ) တွေကတော့ DOT 3 နဲ့ DOT 4 အမျိုးအစား ဘရိတ်ဆီတွေဖြစ်ပါတယ် ။ DOT ဆိုတဲ့ အဓိပ္ပါယ်ကတော့ အမေရိကန် နိုင်ငံက Department Of Transportation ကိုရည်ညွှန်းတာဖြစ်ပြီး သူတို့နိုင်ငံရဲ့ The Federal Motor Vehicle Safety Standards (FMVSS) နဲ့ အညီထုတ်လုပ်ထားတဲ့ Grade 3 ,4 အမျိုးအစား ဘရိတ်ဆီတွေကို DOT 3 , DOT 4 လို့ခေါ်ဆိုတာဖြစ်ပါတယ် ။
ဥပမာအားဖြင့် ကားကို 100 Km/hour လောက်နဲ့ မောင်းနှင်နေတဲ့အချိန် ရုတ်တရက်ဘရိတ် Pedal ကို နင်းလိုက်တဲ့အခါ ဘရိတ် Pedal ကနေတဆင့် Master Cylinder ( ဘရိတ်ဆုံ) တွေ ၊ ABS Accumulator တွေကို တွန်းအားဖိအားတွေဖြစ်စေပြီး အဲ့ဒီကနေတဆင့် ဘရိတ်ဆီတွေကို ဘရိတ်ဆုံတွေထဲက ဘရိတ် Piston တွေဆီကို အလျှင်မြန်ဆုံးနည်းနဲ့ အထစ်အငေါ့မရှိပေးပို့ထပ်ဆင့် ဖိအားပေးမှသာ ကားက ဘရိတ်မိပြီး ကားကို အချိန်တိုအတွင်း အရှိန်သတ် ထိန်းချုပ်နိုင်မှာပါ ။
ကမ္ဘာပေါ်မှာ မတူကွဲပြားခြားနားတဲ့ ဟိုက်ဒရောလစ်ဆီ (Hydraulic Oil ) အမျိုးအစားပေါင်းများစွာ ရှိတဲ့ အထဲကမှ ဘာကြောင့် ဘရိတ်ဆီတွေကို သီးသန့်တီထွင်ဖန်တီးပြီး ကားတွေ မော်တော်ဆိုင်ကယ်တွေမှာ အသုံးပြုရသလဲဆိုရင်တော့ ဘရိတ်ဆီဟာ အခြားဟိုက်ဒရောလစ်ဆီတွေနဲ့ မတူကွဲပြားခြားနားတဲ့ ဂုဏ်သတ္တိ တွေ ရှိဖို့လိုအပ်လို့ပါပဲ ။
ဘရိတ်ဆီရဲ့ ဂုဏ်သတ္တိတွေကတော့
1. Viscosity (စေးပြစ်နှုန်း) တည်ငြိမ်ရပါမယ် ။ ပူတဲ့အချိန်မှာဖြစ်ဖြစ် ၊ အေးတဲ့အချိန်မှာဖြစ်ဖြစ် ဘရိတ်ဆီရဲ့ စေးပြစ်နှုန်း မပြောင်းလဲဘဲ တည်ရှိရပါမယ် ။ ဒါမှဘရိတ်ဖမ်းတဲ့အခါ ချောချောမွေ့မွေ့ လျှင်လျှင်မြန်မြန် အလုပ်လုပ်နိုင်မှာပါ ။
2. Boiling Point (ရေဆူမှတ်) မြင့်မားရပါမယ် ။ ပုံမှန်အားဖြင့် ရေဟာ 100 ံC မှာ ဆူပြီး ၊ ဘရိတ်ဆီတွေ ရဲ့ ရေဆူမှတ်က DOT 3 မှာဆို 205 °C (401 °F) ရှိပြီး DOT 4 မှာဆိုရင်တော့ 230 °C (446 °F) လောက်ထိရှိပါတယ် ။ ဘရိတ်ဆီတွေဟာ ဒီလို ရေဆူမှတ်မြင့်မှလည်း ဘရိတ်ဖမ်းလိုက်တဲ့အခါ တခုနဲ့ တခုပွတ်တိုက်ပြီး အပူချိန်မြင့်တက်လာမယ့် Brake Drum တွေ ၊ Brake Shoe တွေနဲ့ အတူတွဲဖက်အလုပ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ။
3. Corrosion (သံချေးတက် ပွန်းစားမှု) သက်သာစေရပါမယ် ။ ဘရိတ်စနစ်မှာ ဘရိတ်ဆီနဲ့ အမြဲထိစပ်နေတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Brake Piston တွေ ၊ Master Cylinder တွေ ၊ ABS Control Valve တွေကို သံချေးတက်ပွန်းစားမှု မဖြစ်စေဖို့လည်းလိုအပ်ပါတယ် ။ နောက် သံချေးတက် ပွန်းစားမှုတွေကို ဖြစ်စေမယ့် Moisture ဆိုတဲ့ ရေခိုးရေငွေ့တွေ ဒီဘရိတ်စနစ်ထဲ အမြောက်အများ တိုက်ရိုက် ၀င်မလာအောင်လည်း ကာကွယ်ပေးနိုင်ရပါမယ် ။
4. Compressibility (ဖိသိပ်ခံနိုင်မှု) တည်ငြိမ်ရပါမယ် ။ အပူချိန်အမျိုးမျိုးပြောင်းလဲနိုင်တဲ့ ပတ်၀န်းကျင် အခြေအနေမှာ ဘရိတ်ဆီတွေရဲ့ ဖိသိပ်ခံနိုင်မှု တည်ငြိမ်ရပါမယ် ။ ဒါမှ ဘယ်လိုအခြေအနေမှာမဆို ဘရိတ်နင်းလိုက်တဲ့အခါ ဘရိတ် Pedal ရဲ့ အနေအထားတည်တည်ငြိမ်ငြိမ်ရှိမှာဖြစ်ပါတယ် ။
ဒီအချက်တွေက ဘရိတ်ဆီတွေမှာရှိရမယ့် ဂုဏ်သတ္တိတွေဖြစ်ပြီး ၊ DOT 4 အဆင့် ဘရိတ်ဆီက DOT 3 ထက် အပူချိန်ခံနိုင်ရယ် ၊ ဖိအားဒဏ်ခံနိုင်ရည်တွေ ပိုများပါတယ် ။ ဒါကြောင့်နောက်ပိုင်းကားတွေမှာ DOT 4 Grade တွေကို သုံးစွဲလာကြတာဖြစ်ပါတယ် ။
ဒီ DOT 3 , 4 Grade ဘရိတ်ဆီတွေရဲ့ အားနည်းချက်တခုက ပတ်၀န်းကျင်ထဲမှာရှိတဲ့လေထုထဲက ရေခိုးရေငွေ့တွေက ဘရိတ်ဆီထဲကို တဖြည်းဖြည်း ရောနှော၀င်ရောက်လာတာပါ ။ အချိန်ကြာလာတာနဲ့အမျှ ဘရိတ်ဆီထဲမှာ ရေခိုးရေငွေ့ တွေပါ၀င်လာပြီး ဘရိတ်ဆီတွေ ညစ်ပတ်လာပြီး ဘရိတ်ဆီရဲ့ ဂုဏ်သတ္တိတွေ ကျဆင်းလာတတ်ပါတယ် ။ ဘရိတ်ဆီတွေရဲ့ လေထုထဲက ရေစုပ်ယူမှု ပမာဏက တနှစ်ကို ၂ ရာခိုင်နှုန်းလောက်ရှိပါတယ် ။ ကျနော်တို့ ဘရိတ်ဆီအဖုံးကိုဖွင့်တဲ့အချိန် ၊ ဒါမှမဟုတ်ဘရိတ်ဆီအဖုံးမှာ ပါတဲ့ Seal လေးတွေမလုံတဲ့အချိန်တွေမှာ ပတ်၀န်းကျင်ထဲက လေထုကို ဘရိတ်ဆီက စုပ်ယူပါတယ် ။ ဒါကြောင့် ကမ္ဘာပေါ်က ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ကားတွေကို Km (32,000) ဒါမှမဟုတ် 2 နှစ်အကြာ မောင်းနှင်ပြီးတိုင်း ဘရိတ်ဆီတွေကို စစ်ဆေး လဲလှယ်ပေးသင့်ပါတယ်လို့ အကြံပြုပေးထားကြပါတယ် ။
ဘယ်အချိန်မှာ ကျနော်တို့ ဘရိတ်ဆီတွေကို လဲသင့်သလဲ ?
1. ABS မီးတွေ ၊ Parking Brake ( Hand Brake ) မီးတွေလင်းလာတဲ့အခါ
ကျနော်တို့ ကားတွေမှာ အသုံးပြုနေတဲ့ ဘရိတ်ဆီတွေ ညစ်နွမ်းလာတဲ့အခါ ၊ ရေပါ၀င်မှု နှုန်းများလာတဲ့အခါ ဒီဘရိတ်ဆီတွေနဲ့ တွဲဖက်အလုပ်လုပ်နေတဲ့ ABS Motor တွေ ၊ Accumulator တွေ Solenoid Valve တွေ ချို့ယွင်းလာတတ်ပါတယ် ။ အဖြစ်များတာကတော့ Pressure မတောင့်နိုင်တာ ၊ ABS System Malfunction ဖြစ်တာ အစရှိတဲ့ Error တွေ တက်လာတတ်ပါတယ် ။ ဒီလိုဖြစ်လာနိုင်တာမို့ ဘရိတ်ဆီ မလဲတာကြာလို့ ဒီလို ABS မီးတွေ ၊ Parking Brake မီးတွေလင်းလာတယ်ဆိုရင် ဘရိတ်ဆီလဲသင့်ပါတယ် ။ တချို့ကားတွေမှာဆိုရင် ABS Accumulator ပြဿနာတက်လာတဲ့အခါ ဘရိတ်ဆီလဲပြီး စမ်းသုံးကြည့်ရင်း ကောင်းသွားတာတွေ တောင်ရှိပါတယ် ။
2. ဘရိတ်ပုံမှန် မဟုတ်တဲ့အခါ
ဘရိတ်ဖမ်းလိုက်တဲ့အခါ ၊ ဘရိတ်နင်းလိုက်တဲ့အခါ ၊ ဘရိတ်ခြေနင်းက ပုံမှန်မဟုတ်ဘဲ ၊ မာနေတာ ၊ ဒါမှမဟုတ် ပျော့ကျသွားတာ ၊ ရှောသွားတာမျိုးဆိုရင် ဘရိတ်ဆီအခြေနေကို စစ်ဆေးပြီး ၊ ဘရိတ်ဆီ မကောင်းတော့ဘူးဆိုရင် အသစ်လဲလှယ်သင့်ပါတယ် ။ အပြင်ကားလောကမှာ အဖြစ်များဆုံး ရောဂါလက္ခဏာ တွေပါ ။
3. ဘရိတ်ဆုံကနေ အသံထွက်လာတဲ့အခါ
အခုနောက်ပိုင်း ABS စနစ်နဲ့ တွဲဖက်လုပ်ကိုင်တဲ့ ဘရိတ်ဆုံတွေမှာ ဘရိတ်ဆီမကောင်းတဲ့အခါ ၊ ဘရိတ်ဆီ ညစ်သွားတဲ့အခါ ဘရိတ်ဆုံကနေ အသံထွက်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ် ။ ဘရိတ်နင်းလိုက်တိုင်း ဘရိတ်ဆုံကနေ အသံထွက်လာတာ ၊ ဒါမှမဟုတ် ဘရိတ်ဆုံကနေ မော်တာမောင်းသလို အသံတွေထွက် လာတာဆိုရင်တော့ ဘရိတ်ဆီကိုစစ်ဆေးပြီး ဘရိတ်ဆီမကောင်းဘူးဆိုရင် လဲလှယ်ပေးရမှာဖြစ်ပါတယ် ။
4. ဘရိတ်ဆီ အရောင်ညစ်လာတဲ့အခါ
ဒါကတော့ သိသာထင်ရှားတဲ့ အရာပါ ၊ ကားမောင်းတဲ့သူ တော်တော်များများလည်း ဘရိတ်ဆီအဖုံးဖွင့်ပြီး ဘရိတ်ဆီကောင်းမကောင်း ကြည့်တတ်ကြပါတယ် ။ ဘရိတ်ဆီရဲ့ ပုံမှန်အရောင်က အကြည်ရောင်လေးပါ ။ ဘရိတ်ဆီအဖုံးကို ဖွင့်စစ်ဆေးကြည့်တဲ့အခါ ဘရိတ်ဆီအရောင်ပြောင်းနေတာ ၊ အရမ်းပြစ်သွားတာမျိုးတွေ ဖြစ်နေတယ် ဆိုရင်တော့ ဘရိတ်ဆီကို အမြန်ဆုံးလဲလှယ်ပေးရတော့မှာပါ ။ ဘာဖြစ်လို့လဲဆိုရင်တော့ ဘရိတ်ဆီ အရောင်ပုံမှန်ဖြစ်နေတယ်ဆိုရင်တောင်မှ ဘရိတ်ဆီရဲ့ Power အပြည့်ရှိမရှိ မသေချာနိုင်ပေမယ့် ဘရိတ်ဆီတွေ လုံး၀ညစ်နေပြီဆိုရင်တော့ ဘရိတ်ဆီမှာ ရှိရမယ့် ဂုဏ်သတ္တိတွေ လုံး၀မရှိတော့တာ သေချာနေလို့ပဲဖြစ်ပါတယ် ။
5. ဘရိတ်ကပ်ပြီး ညှော်နံ့ထွက်တဲ့အခါ
ကျနော်ကိုယ်တိုင် ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးပါတယ် ။ ဘရိတ်ဆီမသန့်တာ ထည့်လိုက်မိလို့ ၊ လမ်းမှာ ဘရိတ်ဆုံ တွေက ဘရိတ်မပြန်ဘဲ ဘရိတ်ရှုးတွေကပ်နေလို့ ညှော်နံ့တွေထွက်တာ ကြုံဖူးပါတယ် ။ ဘရိတ်ဆီ တွေ အကုန် ဖောက်ထုတ် ၊ ဘရိတ်ဝါရှာတွေ ဖြုတ်လဲ ၊ ဘရိတ် Piston တွေဆေးကျော ၊ ဘရိတ်ဆီတွေပါ အကုန်အသစ် လဲလှယ် ပေးလိုက်မှ အားလုံး အိုကေသွားပါတယ် ။
ဒီအချက်တွေက ဘရိတ်ဆီနဲ့ ပတ်သတ်ပြီး အဖြစ်များဆုံး ရောဂါလက္ခဏာအခြေနေတွေပါ ။ ဒါတွေမိတ်ဆွေတို့ ကားတွေမှာဖြစ်လာတယ်ဆိုရင်တော့ Brake Fluid Tester တွေနဲ့ အမြန်ဆုံးစစ်ဆေးပြီး မကောင်းဘူးဆိုရင် လဲလှယ်ရမှာပါ ။ မလဲလှယ်ဘဲ အသုံးပြုနေမယ် ဆိုရင်တော့ ဘရိတ်ဆီတွေထဲ ရေခိုးရေငွေ့ပါ၀င်မှုများလာပြီး ဘရိတ်ဆီရဲ့ ဂုဏ်သတ္တိတွေကျဆင်းလာကာ ဘရိတ်နင်း လိုက်တဲ့အခါ ဘရိတ်ပျော့ဆင်းသွားတာ ၊ ဘရိတ်ရှောသွားတာ ၊ ဘရိတ်မာပြီး မမိတာ ၊ ဘရိတ်နင်းလိုက်တဲ့အချိန် အသံထွက်တာ ၊ ဘရိတ် Piston တွေ ဂျမ်းဖြစ်တာ ၊ သံကြေးတက်တာ ၊ ဘရိတ်ဖမ်းလိုက်တဲ့ အချိန် ညှော်နံ့ထွက်တာ Master Cylinder တွေ ၊ ABS Accumulator တွေ အစရှိတဲ့ ဘရိတ်နဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေပျက်စီးပြီး ဘရိတ် ပြဿနာတွေ ကြုံတွေလာရမှာဖြစ်ပါတယ် ။ ဘရိတ်ပြဿနာဆိုတာ တကယ်တော့ ယာဉ်မောင်းသူနဲ့ ယာဉ်ကိုပါ အန္တရာယ်ရှိစေတဲ့ ပြဿနာပါပဲ ။
ယနေ့ကားဘရိတ်စနစ်တွေဟာလည်း ခေတ်မီဘရိတ်စနစ် တွေဖြစ်တာမို့ ဘရိတ်ဆီလဲလှယ်တဲ့နေရာမှာလည်း ဟိုးအရင်ခေတ်ဟောင်းနည်းတွေနဲ့ မတူဘဲ ဘရိတ်စနစ် ထဲမှာ လေခိုတာ ၊ လေကျန်တာမျိုးမဖြစ်ရလေအောင် ခေတ်မီ Diagnostic စက်တွေ နဲ့ Air Bleeding လုပ်တာ ၊ ဘရိတ်ဆီ သီးသန့်လဲလှယ်တဲ့ စက်တွေနဲ့ သေသေချာချာ စနစ်တကျလဲလှယ်မှ ဘရိတ်နဲ့ ပတ်သတ်တဲ့ အန္တရာယ်တွေ ပြဿနာတွေ ကင်းဝေးစေ မှာဖြစ်ပါတယ် ။
ဒါကြောင့် ကားကျန်းမာရေးစစ်ဆေးတိုင်း ကပ်ကျော်သွားတတ်တဲ့ မိတ်ဆွေတို့ရဲ့ ယာဉ်နဲ့ ယာဉ်မောင်း သူတွေ လုံခြုံစိတ်ချရမှုရဲ့ အရေးကြီးဆုံး ၊ အရေးပါဆုံး ဘရိတ်စနစ်ရဲ့ ဘရိတ်ဆီတွေကို အမြန် ဆုံးစစ်ဆေးပြုပြင် လဲလှယ်ဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်ခမျာ ။

လေးစားစွာဖြင့်ကူးယူပါရစေ Crd - Lynn Za Nee ( P.T.U)
Prime Auto Technology

BAIC SENOVA X - 55 SUVကားကောင်း ကားသန့်လေးလေး နှစ်စီးရောင်းမည်သိန်းငါးရာစွန်းစွန်း နှင့် ရောင်းမည် ကားကြည့်ရန် ရန်ကုန်09...
23/11/2022

BAIC SENOVA X - 55 SUV

ကားကောင်း ကားသန့်လေးလေး နှစ်စီးရောင်းမည်

သိန်းငါးရာစွန်းစွန်း နှင့် ရောင်းမည်

ကားကြည့်ရန် ရန်ကုန်

09420083486

29/08/2021
For sell
14/11/2020

For sell

Address

Thingangyun Tsp
Yangon
11711

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959420083486

Website

Alerts

Be the first to know and let us send you an email when YK Auto ကားအရောင်းအဝယ် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to YK Auto ကားအရောင်းအဝယ်:

Shortcuts

Share

Category