21/08/2024
Suzuki ကားချစ်သူများအတွက် ဒီတခေါက်တင်ပေးမှာကတော့ အပူလွန်ကဲတဲ့ အင်ဂျင်ကို ကိုင်တွယ်ဖြေရှင်းတဲ့အခါမှာ လူကြီးမင်းရဲ့မော်တော်ယာဉ်ကို ဆိုးရွားတဲ့အင်ဂျင်ထိခိုက်မှု တစ်စုံတစ်ရာမဖြစ်စေရန် လိုအပ်သည့်အချက်များ၊ အကြံပြုချက်များတချို့ပဲ ဖြစ်ပါတယ်ခင်ဗျာ ~ 🚘
၁။ အချက်ပေးခံရခြင်းကို သတိပြုပါ
- လူကြီးမင်းရဲ့ ကား ဒက်ရှ်ဘုတ်ပေါ်ရှိ အပူချိန်တိုင်းကိရိယာ (Temperature Gauge) ဟာ အနီရောင်ဇုန်သို့ တက်လာပါက လူကြီးမင်းကားရဲ့ အင်ဂျင်အပူလွန်ကဲနေပြီ ဆိုတဲ့ လက္ခဏာဖြစ်ပါတယ်။
- အချို့ကားများမှာ အင်ဂျင်ပူလာပါက အလင်းပေးမည့် အပူချိန်သတိပေးမီးများရှိပါတယ်။
- ရေနွေးငွေ့ (သို့မဟုတ်) မီးခိုးများဟာ ကားခေါင်းအောက်မှ ထွက်လာသည်ကို မြင်ပါက အင်ဂျင်အပူလွန်ကဲနေတဲ့ ထင်ရှားတဲ့ လက္ခဏာဖြစ်ပါတယ်။
- ပုံမှန်မဟုတ်သော အနံ့များဟာလည်း coolant ယိုစိမ့်နေခြင်း (သို့မဟုတ်) လောင်ကျွမ်းနေခြင်းကို ညွှန်ပြနိုင်ပါသော်လည်း မီးလောင်ကျွမ်းနေတဲ့အနံ့ကတော့ အင်ဂျင်ဆီ (သို့မဟုတ်) အခြားအစိတ်အပိုင်းများမှာ အပူလွန်ကဲနေတယ်လို့ ယူဆလို့ရပါတယ်ခင်ဗျာ။
၂။ အဲယားကွန်းပိတ်ပြီး အပူပေးစက်ကိုဖွင့်ခြင်း
- AC ကိုပိတ်ခြင်းဟာ အင်ဂျင်အပေါ်ပိုင်း တင်းမာမှုကို လျှော့ချပေးပါတယ်။
- အပူပေးစက်ကိုဖွင့်ခြင်းဟာ အင်ဂျင်မှအပူကို ကားအတွင်းခန်းသို့ ကူးပြောင်းစေပြီး အင်ဂျင်အပူချိန်ကို လျော့ကျစေတတ်ပါတဘ်။
၃။ ကားရပ်နားပြီး အင်ဂျင်စက်သတ်လိုက်ခြင်း
- အင်ဂျင်အပူလွန်ကဲနေတာကို သတိပြုမိတာနဲ့ တပြိုင်နက် ဘေးကင်းသောနေရာကို ရှာပြီး ကားရပ်နား၍ အင်ဂျင်စက်သတ်လိုက်ခြင်း အင်ဂျင်ကို အေးစေပြီး နောက်ထပ် ပျက်စီးမှုကို ကာကွယ်ပေးပါတယ်။
- အဖုံးဖွင့်ရန် မကြိုးစားမီ အနည်းဆုံး 15-30 မိနစ်လောက် စောင့်ပေးပါ။ အင်ဂျင်နဲ့ coolant ဟာ အပူကဲခြင်းကိုရှောင်ရှားစေရန် အချိန်လိုအပ်ပါတယ်။
၄။ Coolant Level ကို စစ်ဆေးခြင်း
- အင်ဂျင်အအေးခံပြီးတာနဲ့ Coolant Reservoir အတွင်းရှိ Coolant level ကို စစ်ဆေးပေးပါ။ နိမ့်နေရင် အင်ဂျင်ကို အအေးခံနိုင်ပါတယ်။
- အင်ဂျင်ပူနေချိန်တွင် ရေတိုင်ကီအဖုံးကို မဖွင့်ပါနဲ့၊ အန္တရာယ်ရှိတဲ့ ရေနွေးငွေ့နဲ့ ပွက်ပွက်ဆူနေတဲ့ coolant များကို ထုတ်ပေးနိုင်သောကြောင့် အပူလောင်ခြင်းများဖြစ်စေနိုင်ပါတယ်။
၅။ Leak ရှိမရှိ စစ်ဆေးပါ
-ကားအောက်ရှိ အအေးခံရည် ယိုစိမ့်မှု (Coolant Leaks) လက္ခဏာရပ်များကို စစ်ဆေးရှာဖွေကြည့်ပါ။ ယိုစိမ့်မှုတွေ့ရှိပါက အင်ဂျင်ကို အအေးခံလုံလောက်စွာမရရှိပါက ပြုပြင်မွမ်းမံပြီးတဲ့အထိ မောင်းနှင်ခြင်းများကို ရှောင်ကြဉ်ပါ။
၆။ အင်ဂျင်ကို ပြန်လည်နှိုး၍ စောင့်ကြည့်စစ်ဆေးပေးခြင်း
- အင်ဂျင်အေးသွားတဲ့အခါ coolant ကို စစ်ဆေးပြီးပါက အင်ဂျင်ကို ပြန်လည်နှိုးကြည့်ပါ။ ဆက်လက်မြင့်တက်ခြင်းရှိမရှိသိဖို့အတွက် အပူချိန်တိုင်းကိရိယာကို စောင့်ကြည့်ပေးနေပါ။ ဆက်လက်ဖြစ်နေပါက အင်ဂျင်ပြန် စက်သတ်၍ နီးစပ်ရာတတ်ကျွမ်းတဲ့သူများနဲ့ ပြသပေးပါ။
- အပူချိန်တည်ငြိမ်ပြီး မမြင်နိုင်သော ယိုစိမ့်မှုများမရှိတော့ဘူးမြင်ပါက အနီးဆုံး Mechanic များထံ သတိထားပြီး မောင်းနှင်နိုင်လိုက်ပါ။
၇။ Coolant နဲ့ ရေ ဆောင်ထားပါ
- လူကြီးမင်းကားထဲတွင် Coolant နဲ့ ရေကို အမြဲဆောင်ထားပေးပါ။ အရေးပေါ်အခြေအနေတွင် Coolant အစား ရေကိုသုံးနိုင်သော်လည်း ထိုသို့ အသုံးပြုခြင်းဟာ ယာယီအတွက်သာ ဖြစ်ပါတယ်။
၈။ အလွန်အကျွံ တင်ခြင်းကို ရှောင်ကြဉ်ပါ
- လေးလံသောဝန်များ သယ်ဆောင်ခြင်း (သို့မဟုတ်) တွဲဆွဲခြင်းတွေဟာ အင်ဂျင်ကို ပိုမို တင်းမာစေပြီး အပူလွန်ကဲခြင်းကို ဖြစ်စေနိုင်သောကြောင့် အထူးသဖြင့် ပူပြင်းတဲ့ ရာသီဥတုတွင် လူကြီးမင်းရဲ့ကားကို ဝန်ပိုတင်ဆောင်ခြင်းများမှ ရှောင်ကြဉ်ပေးပါ။
၉။ မှန်ကန်သော Coolant ကိုသုံးပါ
- လူကြီးမင်းကားအတွက် အကြံပြုထားတဲ့ Coolant ကို အမြဲသုံးပါ။ အမျိုးမျိုးသော coolant အမျိုးအစားများကို ရောစပ်အသုံးပြုခြင်း (သို့မဟုတ်) အချိန်ကြာမြင့်စွာ အသုံးပြုခြင်းများဟာ အအေးခံစနစ်၏ စွမ်းဆောင်ရည်ကို လျှော့ချစေပြီး ပျက်စီးစေနိုင်ပါတယ်။
ဖော်ပြထားတဲ့ အချက်လေးတွေကို လိုက်နာခြင်းဖြင့် အပူလွန်ကဲတဲ့အင်ဂျင်ကို အကြမ်းဖျင်း ကိုင်တွယ်ဖြေရှင်းနိုင်ပါလိမ့်မယ်ခင်ဗျာ။ ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းနှင့် တတ်ကျွမ်းတဲ့ Mechanic များနဲ့ ပြသစစ်ဆေးခြင်းများဟာ အပူလွန်ကဲခြင်းပြဿနာများကို ပထမနေရာမှရှောင်ရှားနိုင်မယ့် အဓိကသော့ချက်ဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့် လူကြီးမင်းတို့ ကားကိုပုံမှန်စစ်ဆေးမှုများ လုပ်ဆောင်သင့်ပါတယ်ခင်ဗျာ။ လူကြီးမင်းတို့ရဲ့ကားအစိတ်အပိုင်းတွေကို လဲလှယ်တပ်ဆင်ဖို့လိုအပ်နေပါက Tastech Suzuki Motor မှာ လာရောက်လဲလှယ်နိုင်ပါတယ်ခင်ဗျာ 🙋♂️
ကျွန်တော်တို့ Tastech Suzuki Motor မှာဆိုရင် Professional Mechanics တွေကိုယ်တိုင် ကားအစိတ်အပိုင်းများကို စစ်ဆေးပေးပြီး လိုအပ်တဲ့လဲလှယ်မှုများကို သေချာ စနစ်တကျလုပ်ဆောင်ပေးတာဖြစ်လို့ Suzuki ကားရဲ့ Spare Parts, Car Accessories တွေနှင့် တခြားသော ကားနဲ့ ကိုက်ညီမှုရှိမရှိ နှင့် တခြား Error များဖြစ်မှာမျိုးကို စိတ်ပူစရာမလိုဘဲ၊ လဲလှယ်ပြီးနောက်မှာလည်း လူကြီးမင်းတို့ကားကို စိတ်ချစွာ မောင်းနှင်နိုင်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျာ 👨🔧💯
ဒါ့အပြင် Suzuki စက်ရုံမှ တိုက်ရိုက်တင်သွင်းတဲ့ Suzuki Genuine Parts တွေကိုသာ အသုံးပြု တပ်ဆင်ရောင်းချပေးတာဖြစ်လို့ လူကြီးမင်းတို့အနေနဲ့ ယုံကြည်စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါတယ်ခင်ဗျ။ လူကြီးမင်းတို့ ပစ္စည်းအသစ်လဲလှယ်ချင်ပါက Tastech Suzuki Motor Page ရဲ့ Messenger ဒါမှမဟုတ် ☎ 09894364709 ကိုဆက်သွယ်ပြီး ပစ္စည်းနဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ
▶️Showroom လိပ်စာ◀️
အမှတ် ၁၄၆ ၊၁၄၇ ၊၁၄၈၊ ပြည်ထောင်စုလမ်းမကြီး၊ ၄၅ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
For Suzuki car lovers, today's post is about dealing with an overheating engine requires careful attention to avoid causing serious damage to your vehicle. Here are detailed tips on how to handle this situation ~ 🚘
1. Recognize the Signs
- If the temperature gauge on your dashboard starts to rise into the red zone, it’s a sign that your engine is overheating.
- Some cars have a temperature warning light that will illuminate if the engine is getting too hot.
- If you see steam or smoke coming from under the hood, this is a clear sign that the engine is overheating.
- A sweet smell might indicate coolant is leaking or burning, while a burning smell could suggest engine oil or other components are overheating.
2. Turn Off the Air Conditioner and Turn On the Heater
- Turning off the AC reduces the strain on the engine.
- Turning on the heater helps transfer heat away from the engine into the cabin, potentially lowering the engine temperature.
3. Pull Over and Turn Off the Engine
- As soon as you notice the engine is overheating, find a safe place to pull over and turn off the engine. This allows the engine to cool down and prevents further damage.
- Wait at least 15-30 minutes before attempting to open the hood. The engine and coolant need time to cool down to avoid burns.
4. Check the Coolant Level
- Once the engine has cooled, check the coolant level in the reservoir. If it's low, topping it off can help cool the engine.
- Do not open the radiator cap while the engine is hot, as this can cause a dangerous release of steam and boiling coolant.
5. Check for Leaks
- Coolant Leaks: Look for any visible signs of coolant leaks under the car. If you find a leak, avoid driving until it’s repaired, as running the engine without sufficient coolant can cause severe damage.
6. Restart the Engine and Monitor
- After the engine has cooled and you’ve checked the coolant, restart the engine. Monitor the temperature gauge to see if it continues to rise. If it does, turn off the engine and call for help.
- If the temperature stabilizes and there are no visible leaks, you may cautiously drive to the nearest mechanic for a thorough inspection.
7. Carry Coolant and Water
- Always keep a spare bottle of coolant and water in your car. In an emergency, you can use water to top off the coolant, but remember that it’s a temporary fix.
8. Avoid Overloading
- Carrying heavy loads or towing can increase engine strain and lead to overheating. Avoid overloading your vehicle, especially in hot weather.
9. Use the Right Coolant
- Always use the recommended coolant for your vehicle. Mixing different types of coolant or using water alone for an extended period can reduce the cooling system's efficiency.
It is essential to have your vehicle regularly inspected to ensure optimal performance. If you require part replacements or installations, you are welcome to visit Tastech Suzuki Motor for professional service. 🙋♂️
Our skilled mechanics will carry out a comprehensive inspection of your vehicle's components and perform the necessary replacements with precision. We specialize in Suzuki models and ensure that all parts are expertly installed to fit seamlessly. Rest assured that we use only genuine Suzuki parts, sourced directly from the Suzuki factory, guaranteeing both quality and reliability. 👨🔧💯
Additionally, you can purchase Suzuki Genuine Parts with confidence, knowing they are imported directly from the manufacturer for assembly and sale. Do you wish to replace any parts? Please feel free to contact us through the Tastech Suzuki Motor page or by calling ☎ 09894364709 for inquiries.
▶️Showroom Address◀️
No. 146, 147, 148 Union Road, Ward 45, North Dagon Township, Yangon.