Ko Aung CarSale Center

Ko Aung CarSale Center ကားရောင်းဝယ်အလဲထပ် 09451314844 Car Sales

20/08/2025
𝐓𝐨𝐲𝐨𝐭𝐚 𝐏𝐫𝐨𝐚𝐜𝐞 Model : 2016Engine : 2000CC (Diesel)▪️HUD (Head Up Display)▪️Seats Motors ▪️Seats Massage ▪️Blind Spot ▪️2...
14/07/2025

𝐓𝐨𝐲𝐨𝐭𝐚 𝐏𝐫𝐨𝐚𝐜𝐞

Model : 2016
Engine : 2000CC (Diesel)

▪️HUD (Head Up Display)

▪️Seats Motors

▪️Seats Massage

▪️Blind Spot

▪️2Power Slide Doors

▪️Sunroof

▪️တာယာ 4 လုံးအသစ်

▪️နံပတ်အလှ 9Q-999*

▪️3M window Films ကပ်ပြီးသား

▪️26** lakhs

𝐅𝐨𝐫 𝐦𝐨𝐫𝐞 𝐢𝐧𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧

09 45131 4844 - 09 786 708090

Chevrolet Malibu အကြောင်းလေး လေ့လာကြည့်ရအောင် Malibu 2018 / 2019 /2020 model 3ခုအတွက် ဖြစ်ပါတယ် မြန်မာနိုင်ငံအတွင်းမှာရှ...
19/09/2024

Chevrolet Malibu အကြောင်းလေး
လေ့လာကြည့်ရအောင်

Malibu 2018 / 2019 /2020 model 3ခုအတွက် ဖြစ်ပါတယ် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ Malibu တွေကတော့ Korea ဗားရှင်း နဲ့ US ဗားရှင်းဆိုပြီးလာပါတယ် အခုအဓိကထားပြီးပြောပြပေးမှာကတော့ US ဗားရှင်းအတွက်ပဲဖြစ်ပါတယ်

Malibu ရဲ့ vin နံပါတ်ခေါ် chassis number နဲ့ grade ခွဲကြည့်ရအောင်

Chevrolet Malibu တွေမှာ chassis number စုစုပေါင်း17လုံးရှိပါတယ် ဥပမာ- 1G1ZA5STXLF12345 ဆိုပါတော့
ပထမစာလုံး ဖြစ်တဲ့ - 1 ကတော့ Region ကိုပြောတာပါ Region ဆိုတာ ထုတ်လုပ်တဲ့နိုင်ငံဖြစ်ပါတယ်
1 နေရာမှာ 1 ဆိုရင် - United States
2 ဆိုရင် - Canada
3 ဆိုရင် - Mexico
K ဆိုရင် - South Korea

ဒုတိယစာလုံးဖြစ်တဲ့ - G ကတော့ Manufacturer ထုတ်လုပ်သူပဲဖြစ်ပါတယ်
G နေရာမှာ G ဆိုရင် -General Motors
L ဆိုရင် -General Motors Korea .com

တတိယစာလုံးဖြစ်တဲ့ 1 ကတော့ Chevrolet passenger car ကိုပြောတာပါ malibu က passenger car ဖြစ်လို့ 1 နဲ့ပဲလာပါမယ်

လေးလုံးမြောက်နဲ့ ငါးလုံးမြောက်ကိုတော့ တွဲပြီးမှတ်ရမယ် ကား Grade ဖြစ်ပါတယ်
ZA နေရာမှာ ZA ဆိုရင် - Malibu L(1VL) ဂရိတ်
ZB ဆိုရင် - Malibu LS(1LS)ဂရိတ်
ZC ဆိုရင် - Malibu LS(1FL)ဂရိတ်
ZD ဆိုရင် - Malibu LT( 1LT)ဂရိတ်
ZE ဆိုရင် - Malibu Premier(2LZ)
ZF ဆိုရင် - Malibu Hybrid ဂရိတ်
ZG ဆိုရင် - Malibu Rs ဂရိတ်
Z9 ဆိုရင်-Malibu(Non-US/Non-Canada)

ခြောက်လုံးမြောက်ဖြစ်တဲ့ 5 ကတော့ ကားဒီဇိုင်းbody ကိုပြောတာပါ Malibu က 4 door sedan ကားဖြစ်လို့ 5 နဲ့ပဲလာပါမယ်

ခုနှစ်လုံးမြောက်ဖြစ်တဲ့ S ကတော့ air bags တွေကိုပြောတာပါ
S နဲ့ပဲ လာပါမယ် - Active Manual Belts , Airbags - Driver&Passenger Front (1st row),Front Seat Side (1st row) and Rear Seats Side (2nd row),Roof Side (All Seating rows), Driver and Passenger Knee (1st row) နဲ့လာပါမယ်

ရှစ်လုံးမြောက်ဖြစ်တဲ့ T ကတော့ အင်ဂျင်အမျိုးအစားကိုပြောတာပါ
T နေရာမှာ T ဆိုရင် - LFV-Engine gas,4cyl
L4,1.5L DI DOHC,VVT,
Turbo,GEN-1 GMNA

U ဆိုရင် - LKN - Engine gas ,4cyl
1.8L,SIDI,DOHC,VVT,Hybrid
FAMI GEN-4,GME

X ဆိုရင် - LTG - Engine gas ,4Cyl
2.0L,SIDI,L4 ALUM DOHC
VVT ,DCVCP Turbo,E0-E100
ALUM

ကိုးလုံးမြောက်ဖြစ်တဲ့ X ကတော့ Check digit ပဲဖြစ်ပါတယ် မူရင်း Malibu ထုတ်တဲ့ GMကုမ္ပဏီကသက်မှတ်တဲ့ code ဖြစ်ပြီး ထုတ်လုပ်မှုအတွက် အသိမှတ်ပြုပေးရတဲ့ code လို့လည်းခေါ်ပါတယ် 0 t0 9 ဒါမှမဟုတ် A to Z ထိ လာနိုင်ပါတယ်

၁၀လုံးမြောက်ဖြစ်တဲ့ L ကတော့ Model year ပဲဖြစ်ပါတယ်
L နေရာမှာ J ဆိုရင် 2018 model
K ဆိုရင် 2019 model
L ဆိုရင် 2020 model

၁၁လုံးမြောက်ဖြစ်တဲ့ F ကတော့ Plant ထုတ်လုပ်တဲ့စက်ရုံပဲဖြစ်ပါတယ်
F ဆိုရင် Fair fax USA ပထမဦးဆုံး စာလုံးဖြစ်တဲ့ 1 ကလည်း USA Region ဖြစ်တဲ့အတွက် ပထမဦးဆုံးစာလုံးနဲ့လည်းခွဲလို့ရနေတဲ့အတွက် ထွေထွေထူးထူး မရေးတော့ပါဘူး

၁၂လုံး ကနေစပြီး ၁၇လုံးမြောက်ထိ 12345 ကတော့ ထုတ်လုပ်မှုဖြတ်သန်း code လို့ခေါ်ပြီး ဂဏန်းတွေနဲ့ပဲလာပါမယ်

ဥပမာ တစ်စီးခွဲပြပါမယ် 1G1ZA5STXLF12346 ဆိုရင်
ပထမစာလုံးက 1 ဆိုတော့ -United states
ဒုတိယစာလုံးက G ဆိုတော့ -General Motor
တတိယစာလုံးက 1 ဆိုတော့- passenger car
လေးလုံးမြောက်နဲ့ ငါးလုံးမြောက်က ZA ဆိုတော့ - L (1VL)ဂရိတ်
ခြောက်လုံးမြောက်က 5 ဆိုတော့ -4 door sedan
ခုနှစ်လုံးမြောက်က S ဆိုတော့ - round air bags
ရှစ်လုံးမြောက်က T ဆိုတော့ - LFV-Engine gas,4cyl
L4,1.5L DI DOHC,VVT,
Turbo,GEN-1 GMNA အင်ဂျင်
ကိုးလုံးမြောက်Xက -Check digit
၁၀လုံးမြောက်က L ဆိုတော့ -2020 model
၁၁လုံးမြောက် F ကတော့ Fair fax - plant ကတော့ USA စက်ရုံထုတ် ပဲဖြစ်ပါတယ်
အားလုံးကိုပြောမယ်ဆိုရင် General Motor USA နိုင်ငံထုတ် passenger car /L (1VL) ဂရိတ် /4door sedan /round air bags /1.5L turbo Engine /check digit /2020 model /USA စက်ရုံထုတ်ကားပဲဖြစ်ပါတယ်

LTZ grade ကတော့ Korea Made ဖြစ်ပါတယ်

© Original Uploader

Mark X 2.5G ကားရှယ် - 09786 708090
22/06/2024

Mark X 2.5G ကားရှယ် - 09786 708090

ကားမောင်းတာကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ဦးနှောက် IQ ကို တိုင်းတာလို့ရပါတယ်ဥပမာ 🐓Left or Right Signal မပြဘဲ တစ်ဖက်ယာဉ်ကြော...
22/06/2024

ကားမောင်းတာကို ကြည့်ပြီး လူတစ်ယောက်ရဲ့ ဦးနှောက် IQ ကို တိုင်းတာလို့ရပါတယ်

ဥပမာ

🐓Left or Right Signal မပြဘဲ တစ်ဖက်ယာဉ်ကြောကို ဝင်ရင် ကြက်ဦးနှောက်
ကြက်တွေက ဘယ်တော့မှ Signal ပြလေ့မရှိဘူး

🐂🐂ကားပါကင်ကို လမ်းပေါ်မှာ ဒီအတိုင်း ရပ်ထားခဲ့ရင် နွားဦးနှောက်
နွားတွေက သူတို့ လှဲချင် အိပ်ချင်တဲ့ နေရာမှာ လှဲအိပ်လိုက်တာပဲ

🐐🐐 မီးပွိုင့်မှန်းလည်း သိတယ် ကားပိတ်နေမှန်းလည်း သိတယ် ဒါပေမယ့် ဟွန်းကို ဖိတီးတယ်
ဒါဆို သေချာတယ် အဲ့ကောင် ဆိတ်ဦးနှောက်
ဆိတ်တွေက လိုလိုမလိုလို တပဲပဲနဲ့လေ

🦆🦆တစ်ချို့ကျတော့ လမ်းလယ် ယာဉ်ကြော ဒါမှမဟုတ် အပေါ်ကြောက မောင်းတယ် မောင်းတော့ တစ်လမ်းလုံးကို ဝယ်ထားသလို ကီလို ၂၀ လောက်နဲ့ ပြည်လမ်းပေါ် မောင်းနေပြီဆိုရင် ဘဲဦးနှောက်

ဘယ်သူလာလာ မလာလာ ဘယ်သူပဲ နောက်မှာရှိရှိ ကားယားကားယားနဲ့ သွားနေတဲ့ ဘဲမျိုး ဘဲနွယ်

🐴🐴🐴ရှေ့မှာရှိသမျှကားမှန်သရွေ့
ငြိချင်ငြိ၊အတင်းကျော်တက်ခဲ့ရင် မြင်းဦးနှောက်
ပြေးဖို့ပဲ သိတာလေ။

🐭🐭🐭ဝေါကနဲ အတင်းထိုးမောင်းရင် ကြွက်ဦးနှောက်။
အပြေးမြန်ဖို့ပဲ တွေးတတ်တယ်လေ။

👩👩👩ဘယ်ကြောယူမလိုလို
ညာကြောယူမလိုလိုနဲ့ အတည်တကျမရှိဘဲ
နှေးတုံ့နှေးတုံ့‌ မောင်းနေခဲ့ရင်
မိန်းမဦးနှောက်။
ဆုံးဖြတ်ချက် မပြတ်သားဘူးလေ

ဘယ်လိုမောင်းကြလဲ 😝😛
Credit

Alphard ဂရိတ်ခွဲနည်းပါ။အကြမ်းဖျင်းအားဖြင့် ALPHARD မှာ 3 GEN ရှိပါတယ် 2002 - 2008  1st GEN2008 - 2015  2 nd GEN2015 နှင်...
17/05/2024

Alphard ဂရိတ်ခွဲနည်းပါ။

အကြမ်းဖျင်းအားဖြင့် ALPHARD မှာ 3 GEN ရှိပါတယ်

2002 - 2008 1st GEN
2008 - 2015 2 nd GEN
2015 နှင့်အထက်ကို 3 rd GEN ပေါ့

အဲ့ထဲကမှ မြန်မာပြည်စျေးကွက်မှာ လူစီးများပြီး GRADE တွေနဲ့ ရှုပ်ယှက်ခတ်နေတာက 1 st GEN ပါ အဲ့ FIRST GEN မှာ NAME PLATE 2 မျိုးကွဲပါတယ် ...2002 ကနေ 2005 ထိကို ပုံထဲမှာတွေ့ရသလို အင်ဂျင်ခံထဲမှာ သတ္တုပြားလေးနဲ့ပေါ့ 2005 ကနေ 2007 . 6 လအထိကျတော့ NAME PLATE က WISH တွေမှာလိုမျိုး တံခါဘောင်ကို ရောက်သွားပါတယ် ... 😉

အခုက လူစီးများတဲ့ 1st GEN ရဲ့ 2002 ကနေ 2005 ထိကို တင်ပေးလိုက်ပါတယ် 😉

အရင်ဦးဆုံး သိရမှာက ALPHARD ကို V နဲ့ G ပေါ့

G နဲ့ V က 1st GEN မှာပဲလာတယ်ဗျ 2 nd GEN မှာ G နဲ့ V မရှိတော့ဘူး 😉

ကဲဟုတ်ပြီး ဘာကွာလဲ G နဲ့ V ...???

ဘာမှ မကွာဘူးဗျ အရောင်းကိုယ်စာလှယ် ကွဲတဲ့ အတွက် G နဲ့ V ဆိုပြီး ခွဲလိုက်တာပါ ကားစက်ပိုင်းဆိုင်ရာ အတွင်းခန်းစတာတွေ အကုန်အတူတူပါပဲ ရှေ့ရှဲလ် ပဲကွာတယ်ဗျ အဲ့အတွက် ကားဝယ်ရင် G နဲ့ V သိပ်ဂရုစိုက်စရာမရှိတော့သလို စျေးလဲမကွာဘူးဗျ { OPA .. ကတော့ ရှဲလ် ကို V ကြိုက်တယ် ပိုခန့်သလိုပဲ }

ကဲ G နဲ့ V ပြီးရင် 2W နဲ့ 4W GRADE တိုင်းမှာ 2W နဲ့ 4W လာတယ်ဗျ အာ့က ချက်စီမှာကြည့်လိုက်ရုံပါပဲ 4W တွေက အောက်ပိုင်း ပိုမာသလို JAPAN စက်ရုံထုပ်စျေးလဲ ကြီးပါတယ် မီယံမာပြည်ကြီးကိုရောက်တော့ ပြောင်းပြန်ဖြစ်သွားလေရော 😂

အင်ဂျင် 2.4 မှာဆိုရင်

ANH 10 ဆို 2W
ANH 15 ဆို 4W

အင်ဂျင် 3.0 မှာ ဆိုရင်

MNH 10 ဆို 2W
MNH 15 ဆို 4W

A နဲ့စရင် အင်ဂျင် 2.4 ပေါ့ M နဲ့ စရင် အင်ဂျင်က 3.0
2.4 နဲ့ 3.0 မှာ စီးဖို့ တိုက်တွန်းရရင် 3.0 ကို တိုက်တွန်းချင်ပါတယ်ဗျ အင်ဂျင်ကြီးခြင်းရဲ့အကျိုးကို ရေရှည်မှာ သိလိမ့်မယ်ဗျ 2.4 က ဆီစားသက်သာတယ်ဆိုပေ့မယ် 3.0 နဲ့ယှဉ်ရင် အနည်းဆုံကတော့ ပလပ် ခဏခဏ လဲရတာပါပဲ ဒါကတော့ ဖြည့်စွက်အကြံပြုတာပါ ဆြာတို့ကြိုက်သာဝယ်ကြပါ 😉

ကဲဆက်ပြီး GRADEတွေ { GRADE တွေက အများကြီးပါဗျ စျေးကွက်တွင်းမှာ ရှိတဲ့ လူသုံးများတဲ့ GRADE တွေကိုသာ ဖော်ပြပေးလိုက်တာပါ ဒါလေးပဲ ရှိတာမဟုတ်ပါဘူး အများကြီးရှိပါသေးတယ်ဗျ 😉 }

2.4 မှာ AS / AX / AX L EDITION

GRADE ရဲ့ ရှေ့က A က 2.4 ကို ရည်ရွယ်ပါတယ်
3.0 မှာဆိုရင် GRADE ရဲ့ရှေ့က M နဲ့စပါတယ် 😉

AS GRADE ရဲ့ MODEL CODE က

ANH 10W-PFPSK { 2W } 7ယောက်စီး
ANH 15W-PFPSK { 4W } 7 ယောက်စီး
ANH 10W-PRPSK { 2W } 8 ယောက်စီး
ANH 15W-PRPSK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအမဲ . ကျွန်းကွက်အမဲ .ထိုင်ခုံလဲ အမဲ . SPORT & COMFORT MODE . SKART ပါတ်လည် . AIRCON ROUND . FOG LIGHT အဝိုင်း POWER SLIDE ပါတာလဲလာတယ် မပါတာလဲလာတယ် ပါခဲ့ရင်လဲ တဖက်ပဲပါတယ် လိုက်ကာလဲ အဲ့လိုပါ ပါတာလဲလာတယ် မပါတာလဲလာတယ် ပါရင်လဲ ခလုပ်နဲ့ AUTO မရဘူး ဒီအတိုင်း လက်နဲ့ဆွဲပိတ်ပဲ

AX GRADE ရဲ့ MODEL CODE က

ANH 10W-PFPGK { 2W } 7 ယောက်စီး
ANH 15W-PFPGK { 4W } 7 ယောက်စီး
ANH 10W-PRPGK { 2W } 8 ယောက်စီး
ANH 15W-PRPGK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်းကွက်အဝါ . လိုက်ကာပါတ်လည် ဆွဲပိတ်ပဲ ခလုပ်နဲ့ AUTO မရ . FOG LIGHT လေးထောင့်အရှည်ဖြစ်သွားပြီး . AIRCON ROUND . POWER SLIDE 1 ချပ် .

AX L EDITION ရဲ့ MODEL CODE က

ANH 10W-PFPGK-L { 2W } 7 ယောက်စီး
ANH 15W-PFPGK-L { 4W } 7 ယောက်စီး
ANH 10W-PRPGK-X { 2W } 8 ယောက်စီး
ANH 15W-PRPGK-X { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်း အဝါ . ထိုင်ခုံ ရှန်မွိုင်းအသားရောင် .POWER SLIDE 1 ချပ် . စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIR CON ROUND . အလယ်လျှောက်လှမ်းမပါ 8 ယောက်စီး . ရှေ့ CAM နောက် CAM .
တချို့က SUNROOF MOONROOF ပါ .

3.0 မှာ MS / MX / MX L EDITION / MZ / MZ G EDITION

MS GRADE ရဲ့ MODEL CODE က

MNH 10W-PFASK { 2W } 7 ယောက်စီး
MNH 15W-PFASK { 4W } 7 ယောက်စီး
MNH 10W-PRASK { 2W } 8 ယောက်စီး
MNH 15W-PRASK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအမဲ . ကျွန်းကွက်အမဲ .ထိုင်ခုံလဲ အမဲ . SPORT & COMFORT MODE . SKART ပါတ်လည် . AIRCON ROUND . FOG LIGHT အဝိုင်း POWER SLIDE မပါပါဘူး . လိုက်ကာလဲ ပါခဲ့ရင် ခလုပ်နဲ့ AUTO မရဘူး ဒီအတိုင်း လက်နဲ့ဆွဲပိတ်ပဲ

MX GRADE ရဲ့ MODEL CODE က

MNH 10W-PFPGK { 2W } 7 ယောက်စီး
MNH 15W-PFPGK { 4W } 7 ယောက်စီး
MNH 10W-PRPGK { 2W } 8 ယောက်စီး
MNH 15W-PRPGK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်းကွက်အဝါ . လိုက်ကာပါတ်လည် ဆွဲပိတ်ပဲ ခလုပ်နဲ့ AUTO မရ . FOG LIGHT လေးထောင့်အရှည်ဖြစ်သွားပြီး . AIRCON ROUND . POWER SLIDE 1 ချပ် .တချို့တလေမှာ ရှေ့ CAM ပါ

MX L EDITION ရဲ့ MODEL CODE က

MNH 10W-PFAGK-L { 2W }7ယောက်စီး
MNH 15W-PFAGK-L { 4W }7 ယောက်စီး
MNH 10W-PRAGK-X { 2W } 8ယောက်စီး
MNH 15W-PRAGK-X { 4W } 8ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . ကျွန်း အဝါ . ထိုင်ခုံ ရှန်မွိုင်းအသားရောင် .POWER SLIDE 1 ချပ် တချို့က 2 ချပ် . စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIR CON ROUND . အလယ်လျှောက်လှမ်းမပါ 8 ယောက်စီး . ရှေ့ CAM နောက် CAM . တချို့က SUNROOF MOONROOF ပါ .

MZ GRADE ရဲ့ MODEL CODE က

MNH 10W-PFPQK { 2W } 7 ယောက်စီး
MNH 15W-PFPQK { 4W } 7 ယောက်စီး
MNH 10W-PRPQK { 2W } 8 ယောက်စီး
MNH 15W-PRPQK { 4W } 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ 😉

အတွင်းခန်းအဝါ . FOG LIGHT လေးထောင့်အရှည် .စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIRCON ROUND .
7 ယောက်စီး လျှေက်လှမ်းပါတာလာသလို့ 8 ယောက်စီး လျှောက်လှမ်းမပါတာလဲလာတယ် . SPORT & COMFORT MODE . လိုက်ကာ AUTO .POWER SLIDE DOOR က 1 ချပ်လဲ လာသလို 2 ချပ်လဲ လာတယ် နောက်ဖုံလဲ SLIDE ပါတက်တယ် . 5.1 SOUND SYSTEM ပါတယ် . ယဉ်မောင်းရဲ့ ထိုင်ခုံက မော်တာနဲ့ပါ . SUNROOF / MOONROOF ပါတာများတယ် . ရှေ့ TV ခါး TV . ရှေ့ CAM နောက် CAM . တချို့ဆို ရှားမှရှား CRUSE CONTROL ရယ် RADER ရှဲလ် ရယ်တောင်ပါသေးတယ် . ထိုင်ခုံလယ်သာစိနဲ့ . HEATER တောင်ပါသေးတယ် မလာဘူးမပြောနဲ့ လက်တွေ့ပြမယ် ချက်စီက MZ ပဲ ထွက်တယ် ပစ္စည်းကတော့ စုံသလားမမေးနဲ့ တချို့ MZ G EDITION တောင် သူ့လောက်မစုံဘူး ချက်စီမှာ MZ G မဖြစ်တာတခုပဲ 😃

အမြင့်ဆုံးကတော့ MZ G EDITION 😍

အဲ့MODEL CODE နဲ့ထွက်မှ MZ G EDITION အစစ်ပါ ဘယ်လောက်ပဲ ပစ္စည်းတွေ စုံနေပါစေ အဲ့MODEL CODE နဲ့မဟုတ်ရင် MZ G EDITION အမှန်မဟုတ်ပါ 😉

MNH 10-PFPQK-G { 2W }
MNH 15-PFPQK-G { 4W }
ထိုင်ခုံက လည်သာ LA07 ဖြစ်သွားပါတယ်

အပေါ်က GRADE တွေမှာလို 7 ယောက်စီး 8 ယောက်စီး 2 မျိုးမလာတဲ့ အတွက် PFPQKပဲ ရှိမှာပါ 8 ယောက်စီး PRPQK ဆိုပြီး မလာတော့ပါဘူး 😂

အတွင်းခန်းအဝါ . FOG LIGHT လေးထောင့်အရှည် .စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIRCON ROUND .
7 ယောက်စီး လျှေက်လှမ်းပါတာပဲလာတယ် . SPORT & COMFORT MODE . လိုက်ကာ AUTO .POWER SLIDE DOOR က 2 ချပ်လဲ နောက်ဖုံလဲ SLIDE တယ် . 5.1 SOUND SYSTEM ပါတယ် . ယဉ်မောင်းရဲ့ ထိုင်ခုံက မော်တာနဲ့ တချို့ဆို ဘေးက ပါစင်ဂျာခုံပါ မော်တာပါတယ် . SUNROOF / MOONROOF . ရှေ့ TV ခါး TV . ရှေ့ CAM 3D နောက် CAM . CRUSE CONTROL ရယ် RADER ရှဲလ်. ထိုင်ခုံလယ်သာစိနဲ့ . HEATER ... စသည်ဖြင့် ပါတာရွှတ်ရတာတောင်မောတယ် ... ပစ္စည်းက အစုံပါတာလဲ ရှိသလို့ တချို့အချက်တွေ မပါတာလဲ ရှိတယ်ဗျ အဓီကက MODEL CODE မှာ MZG ထွက်ရင် အဲ့ကားက MZG ပါပဲ 😉

1 st GEN မှာ HYBRID လဲလာတယ်ဗျ သူ့ရဲ့ MODEL CODE က

ATH 10W-PFXGB { 07S }
ATH 10W-PRXGB { 08S }

ကဲဆြာတို့ ဘာဂျင်းမှ ကြောက်စရာမလိုတော့ဘူး 😉 NAME PLATE က MODEL CODE ကြည့်ပြီး ဂျင်းလား မဂျင်းလား ကွကိုယ်ဆုံးဖြတ်နိုင်ပြီး .. 😁

ချွင်းချက်အနေနဲ့ တချို့ GRADE တွေမှာ PREMIUM / EDITION တွေ ထပ်ရှိပါတယ် ယေဘုယ အားဖြင့်တော့ ဒီ MODEL CODE တွေပါပဲ နောက်က 1 လုံး 2 လုံးလောက်လေးပဲ ပိုပါလာတက်ပါတယ်

စေတနာအရင်းခံနဲ့ မအားတဲ့ကြားက တက်နိုင်သလောက်လေး အချိန်ပေးပြီးရေးပေးတာပါဗျ လိုတာလေးတွေ အမှားလေးတွေရှိရင်လဲ ဖြည့်ဖတ်ပေးကြပါ ဆြာတို့ အဆင်ပြေစေရန်အတွက်သာ ရည်ရွယ်ခဲ့တာပါဗျ .. 😃

CRD Khant Phyo 😘

ကမ္ဘာ့ဇိမ်ခံကားလိုဂိုများ........................................ဒီတစ်ခေါက်တော့ ကမ္ဘာပေါ်ကအကောင်းဆုံး ဇိမ်ခံကားတွေနဲ့ သူ...
21/04/2024

ကမ္ဘာ့ဇိမ်ခံကားလိုဂိုများ........................................

ဒီတစ်ခေါက်တော့ ကမ္ဘာပေါ်ကအကောင်းဆုံး ဇိမ်ခံကားတွေနဲ့ သူတို့ရဲ့စိတ်ဝင်စားစရာလိုဂိုတွေကို ကြည့်လိုက်ကြရအောင်..

Crd

Toyota Caldina အကြောင်းဂျပန် တစ်နိုင်ငံအတွက်သာ ထုတ်လုပ်ရောင်းချတဲ့ brand ကို ပြပါဆိုရင်တော့ Caldina ကိုပဲ ညွှန်ပြရပါလိမ်...
21/03/2024

Toyota Caldina အကြောင်း

ဂျပန် တစ်နိုင်ငံအတွက်သာ ထုတ်လုပ်ရောင်းချတဲ့ brand ကို ပြပါဆိုရင်တော့ Caldina ကိုပဲ ညွှန်ပြရပါလိမ့်မယ်။
ဂျပန်ရဲ့ ပြင်ပ နိုင်ငံတွေမှာ Caldina brand ကို ရောင်းချခြင်း မရှိပါဘူး။
တကယ်လို့ ဂျပန် ပြင်ပမှာတွေ့ခဲ့ရတယ်ဆိုရင်တော့ ဂျပန် used market ကနေ တင်သွင်းလာတယ်လို့သာမှတ်ယူရပါ့မယ်။
Station wagon အနေနဲ့သာထုတ်လုပ်တဲ့ အမျိုးအစား လည်းဖြစ်ပါတယ်။
သူ့အရင် Carina နဲ့ Corona van တွေထုတ်လုပ်မှု ရပ်ဆိုင်းပြီးချိန်မှာ အစားထိုးထုတ်ခဲ့တဲ့ model တစ်မျိုး ဖြစ်ပြီးတော့ လက်ရှိအချိန်မှာတော့ ထပ်မံထုတ်လုပ်ခြင်းမရှိတော့ပါဘူး ။
မျိုးဆက်အနေနဲ့ ၃ ဆက်ထိ ရှိပြီး
First generation T190, ( 1992-1997)
မြန်မာအခေါ် ပဲခြမ်း
Second generation T210, (1997-2002)
မြန်မာအခေါ် ကြက်တူရွေး
Third generation T240, ( 2002-2007)
မြန်မာအခေါ် စက်ရုပ်
( မြန်မာတွေကလည်း နာမည်ပေးတဲ့နေရာ မှာတော့ ပြိုင်စံရှားတွေပဲ )
ပထမ မျိုးဆက်မှာ တော့ ရွေးချယ်စရာ အင်ဂျင်ပေါင်း သောင်းခြောက်ထောင် လောက် ပေးထားပါတယ်။
Petrol သုံးထဲမှာ ရနိုင်တဲ့ အင်ဂျင်တွေကတော့
1.5 L 5E-FE I4
1.8 L 4S-FE I4
1.8 L 7A-FE I4
2.0 L 3S-FE I4
2.0 L 3S-GE I4
Diesel ထဲမှာကတော့
2.0 L 2C I4
2.0 L 2C-T I4
2.2 L 3C-E I4 တွေနဲ့ ဖြစ်ပါတယ်။
ထူးခြားချက်အနေတဲ့ semi-independent leaf springs ဆိုတဲ့ suspension system ကို စတင် သုံးစွဲပေးခဲ့ပါတယ်။

Second generation T210 မှာတော့ ရုပ်ထွက်လေးက ပိုမို လုံးဝန်းတဲ့ ရုပ်ထွက်လေးနဲ့ ထုတ်လုပ်ပါတယ်။ ကြက်တူရွေးမှာ ဂရိတ်အနေနဲ့ GT, E စသဖြင့် ခွဲထုတ်ပေးပါတယ်။
သူ့မှာတော့ တာဘိုပါဝင်တဲ့ ဓါတ်ဆီ အင်ဂျင်တွေ စထုတ်ပေးခဲ့ပါတယ် GT-T ဆိုတဲ့ အမျိုးအစားမှာ 3S-GTE အင်ဂျင်နဲ့ တာဘို ပါဝင်ပါတယ်။
သူ့မျိုးဆက်ရဲ့ ရနိုင်တဲ့ အင်ဂျင်တွေကတော့
ဓါတ်ဆီ လိုင်းမှာ
1.8 L 7A-FE I4
2.0 L 3S-FE I4
2.0 L 3S-GE I4
2.0 L 3S-GTE I4 ( Turbo)
ဒီဇယ် လိုင်းမှာတော့
2.0 L 2C-T I4 ( Turbo diesel )
2.2 L 3C-TE I4 ( Turbo diesel )
တွေ တပ်ဆင်ပေးပါတယ်။

အဓိက ဒီ မော်ဒယ်တွေမှာ ဂရိတ်တွေကို ရေးမပြတာကတော့ အားလုံးနီးပါးဟာ တူညီတဲ့ ပါဝင်ပစ္စည်းတွေ ရှိကြပါတယ်။ အဓိက ကွဲလွဲသွားတာကတော့ chassis နဲ့ အင်ဂျင်ပါ ဒါကြောင့် ဂရိတ်တွေပြောလည်း သိပ်မထူးလှပါဘူး။
ကားတိုင်းမှာ PW/ PS / Auto Transmission စတာတွေက တူပါတယ် ကွဲလွဲချက်အနေနဲ့က နောက်wiper / CD player / alloy / 2WD or 4WD စတာတွေပဲ ဖြစ်ပါတယ်။

Third generation, စက်ရုပ် ကိုတော့ ဂရိတ်ကွဲတွေနဲ့ ထုတ်ပေးပြီး sport type ဖြစ်အောင် အဓိက ဆွဲထုတ်သွားပါတယ်။ Diesel engines နဲ့ ထုတ်လုပ်ခြင်း မရှိတော့ပါဘူး။ စက်ရုပ်ကတော့ လူကြိုက်များပြီး လက်ရှိလမ်းပေါ်မှာ အတွေ့များတော့ ပိုပိုသာသာလေး ဖေါက်သည်ချချင်ပါတယ်။

X grade
ရှေ့ယက် 2WD, 1.8 L 1ZZ-FE I4 အင်ဂျင် နဲ့
EFI fuel system
Airbag 2 လုံး
Chassis အနေနဲ့ UA-ZZT241နဲ့ ထွက်ပါတယ်
Z grade ကတော့ X grade နဲ့ အားလုံးတူပါတယ်
Aircon auto ဖြစ်တာ နဲ့ မဖြစ်တာ ပဲကွာပါတယ်။AC Auto ဆို Z ( 1.😎 / AC manual ဆို X ( 1.😎 ။

Z grade မှာ 2.0 ဆိုရင်
Engine က 1AZ-FSE , D-4 Fuel system နဲ့ Chassis ကတော့ TA-AZT241 ( 2WD) & TA-AZT246 (4WD) ဖြစ်သွားမယ် ။
Original fog lamp ပါလာပါ့မယ်။

ZT grade မှာတော့ Z ( 2.0) နဲ့ အားလုံးတူတယ်
ပိုပါလာမှာကတော့ 17 inch alloy wheel ဖြစ်သွားမယ်။ xenon head lamp ဖြစ်မယ်, front spoiler ပါလာမယ်, လည်သာ စီယာရင် ကြိုးချုပ်ဖြစ်သွားပါ့မယ်။

GT-FOUR Grade မှာတော့ 2WD မရှိတော့ပါဘူး အကုန်လုံး Full time 4WD တွေပဲလာပါတယ်။
2.0 L 3S-GTE I4 engine တပ်ပြီး တာဘိုပါဝင်ပါတယ်။ EFI စနစ်ကိုပြန်သုံး ပြီး Or 6 CD player ပါဝင်ပါတယ်။ ကျန်တာကတော့ ZT မှာပါတဲ့ အတိုင်း အတူတူပါပဲ။ Chassis ကတော့ LA-ST246 နဲ့ထွက်ပါတယ်။
GT-Four C edition ဆိုပြီးလည်းထွက်ပါတယ်, Xenon headlamp နဲ့ front spoiler မပါဝင်ပါဘူး။
GT-Four N edition ဆိုပြီးလည်း ထွက်ပါတယ်, သူကတော့ အစုံဆုံး ဂရိတ်ပါ ။
L*D - Limited Slip Differential ဆိုတဲ့ စနစ်အပိုပါလာပါတယ်။
Rear wiper, Rear spoiler, ABS, TCS, Privacy glass , UV glass , central door lock နဲ့ power window တွေက third generation ကားတိုင်းမှာပါပါတယ်။
2007 ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး crisis ဖြစ်တော့ တချို့ အမြတ်အစွန်းနဲတဲ့ brand တွေ ကို လုပ်ငန်းရပ်ဆိုင်းပြီး လျော့ပစ်ခဲ့တဲ့ထဲမှာ မြန်မာ့ အကြိုက် Caldina လေးလည်း တစ်ခန်းရပ်ခဲ့ရရှာပါတော့တယ်။

ဒီလောက်ဆို တော်တော်လေးလေ့လာမိပြီလို့ မှတ်ယူပါရစေ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ။

CRD

Address

Pabedan
Yangon

Telephone

+959451314844

Website

Alerts

Be the first to know and let us send you an email when Ko Aung CarSale Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category