13/06/2025
🚗 ကား CV Joint (ဒူးဆစ်) အရေးကြီးမှုနဲ့ သတိထားစစ်ဆေးဖို့အကြောင်းအရာ⁉️
CV Joint ဆိုတာဘာလဲ?
• CV = Constant Velocity Joint
• အင်ဂျင်ကနေ ဘီးတွေကို တည်တည်မြဲမြဲ လည်ပတ်နိုင်အောင် ချိတ်ဆက်ပေးတဲ့အရေးကြီးပစ္စည်းတစ်ခု။
• အထူးသဖြင့် ရှေ့ယက်ကား (Front Wheel Drive) နဲ့ Four Wheel Drive ကားတွေမှာ မဖြစ်မနေလိုအပ်တယ်။
CV Joint ရဲ့အလုပ်လည်းဘာလဲ?
• ကားကကွေ့တဲ့အချိန်၊ ချိုင့်မောင်းတဲ့အချိန်၊ ဘီးအတည့်ဖြစ်တဲ့အချိန်မှာပါ ချောမွေ့စွာလည်ပတ်အောင်အလုပ်လုပ်ပေးတယ်။
• CV Joint ထဲမှာ ဘောလုံးလေးတွေ၊ အမဲဆီတွေ ပါပြီး များပြားတဲ့လှုပ်ရှားမှုတွေကိုခံနိုင်ဖို့ ဒီဇိုင်းဆွဲထားတယ်။
CV Joint မကောင်းတော့ရင်ဖြစ်နိုင်တဲ့ ပြဿနာတွေ
1. ကား ဂီယာထိုးပေမယ့် မရွေ့တော့ခြင်း
2. ကားရမ်းခါခြင်း၊ အသံတောက်တောက်ထွက်ခြင်း
3. CV Joint ပြုတ်ပြီး ဘီးအပြင်/အတွင်းကိုရွှေ့သွားခြင်း
➡️ အရှိန်မြင့်နေချိန်မှာ ဖြစ်ရင် အသက်အန္တရာယ်အထိ ဖြစ်နိုင်
သတိထားစစ်ဆေးသင့်တဲ့ လက္ခဏာတွေ
• သဲကာ ပေါက်နေခြင်း
• အမဲဆီ ထွက်နေခြင်း
• စီယာအဆုံးထိကွေ့ပြီးလီဗာနင်းတဲ့အခါ “တောက်တောက်” အသံ
• တည့်တည့် မောင်းတဲ့အချိန် “တောက်တောက်” ဆိုတဲ့အသံနဲ့ ရမ်းခါခြင်း
အကြံပြုချက်များ
• သဲကာပေါက်/အမဲဆီယိုယွင်းနေရင် ➡️ သဲကာပြန်လဲပြီး အမဲဆီသစ်ထည့်ပါ
• ဘောလုံးတွေ ပျက်နေတာဖြစ်ရင် ➡️ CV Joint အသစ်လဲလှယ်ပါ
• အမြဲသုံးသင့်တဲ့အမဲဆီကတော့ Extreme Pressure Moly Grease
📌ကားအောက်ပိုင်းစစ်တဲ့အခါ CV Joint ကိုလည်း မမေ့ပဲ သေချာစစ်ပါ။ ငြိမ်ငြိမ်ချောချောနဲ့ မောင်းလိုက်ချင်ရင် ဒူးဆစ်ကို အရေးမမေ့နဲ့ဗျာ!❗️
Ko Htut