DRC Tyre Myanmar

DRC Tyre Myanmar We provide motorbike tyre for all Myanmar people,

မိုးတွင်းမှာ အန္တရာယ်ကင်းကင်း မောင်းနှင်နိုင်ဖို့အတွက် ဒီအချက်တွေကို မလုပ်ရဘူးနော်...ဘယ်လိုအချက်တွေလဲဆိုရင်တော့ -◾ မိုးရ...
10/06/2024

မိုးတွင်းမှာ အန္တရာယ်ကင်းကင်း မောင်းနှင်နိုင်ဖို့အတွက် ဒီအချက်တွေကို မလုပ်ရဘူးနော်...

ဘယ်လိုအချက်တွေလဲဆိုရင်တော့ -
◾ မိုးရေထဲမှာ အရှိန်မြှင့်ပြီး အမြန်မောင်းခြင်း၊
◾ ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း၊
◾ တစ်စီးနဲ့ တစ်စီး နီးကပ်စွာမောင်းခြင်း၊ ကျော်တက်ခြင်း၊
◾ ဆိုင်ကယ်မမောင်းခင် စစ်ဆေးရမှာတွေ မစစ်ခြင်း၊
◾ ဆိုင်ကယ်ကို အာရုံစူးစိုက်စွာ မမောင်းနှင်ခြင်း စတဲ့ အချက်တွေက ကိုယ့်ကို အန္တရာယ်တွင်းဆီ ‌ဆွဲခေါ်သွားနိုင်တဲ့ အချက်တွေပါပဲ ...

ဒါကြောင့် ကိုယ့်လူတို့အနေနဲ့ အန္တရာယ်ကင်းတဲ့ ခရီးလမ်းတစ်ခုကို ပိုင်ဆိုင်ဖို့အတွက် ဒီအချက်တွေကိုရှောင်ပြီး ဆောင်သင့်တာတွေ ‌ဆောင်ဖို့အတွက် မမေ့ပါနဲ့နော် ✔

ဆိုင်ကယ်မောင်းရင် ဦးထုပ်ဆောင်းဦးထုပ်မဆောင်းရင် ဆိုင်ကယ်မမောင်းနဲ့ !ဒါက ဆိုင်ကယ်မောင်းသူတိုင်း ဘေးကင်းဖို့အတွက် ခေတ်အဆက...
07/06/2024

ဆိုင်ကယ်မောင်းရင် ဦးထုပ်ဆောင်း
ဦးထုပ်မဆောင်းရင် ဆိုင်ကယ်မမောင်းနဲ့ !

ဒါက ဆိုင်ကယ်မောင်းသူတိုင်း ဘေးကင်းဖို့အတွက် ခေတ်အဆက်ဆက်လိုက်နာခဲ့ရတဲ့ အချက်ပဲနော် ...

ဒီလိုလိုက်နာရတာ ဘယ်အချိန်ကစခဲ့လဲဆိုရင်တော့ ဆိုင်ကယ်တွေ ခေတ်စားလာတဲ့ (၁၉)ရာစုအနှောင်းပိုင်း၊ (၂၀)ရာစုအစောပိုင်းက စတင်ခဲ့ပါတယ်။

ဆိုင်ကယ်တွေ ခေတ်စားလာတာနဲ့အမျှ မတော်တဆမှုတွေ အဖြစ်များပြီး ဦးခေါင်းပိုင်းကို ကာကွယ်ဖို့အတွက် လိုအပ်လာတယ်ဆိုတာကို သတိထားမိလာကြတာကြောင့် ဆိုင်ကယ်ဦးထုပ်တွေကို ထုတ်လုပ်လာကြတာပဲဖြစ်ပါတယ်။

ဒါကြောင့် ဆိုင်ကယ်ဦးထုပ်တွေ ဆောင်းခိုင်းရခြင်းရဲ့ ရည်ရွယ်ချက်က ညိုကီတို့ရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက်ဖြစ်တာကြောင့် ...

ဆိုင်ကယ်စီးချိန်တိုင်းမှာ ဆိုင်ကယ်ဦးထုပ်ဆောင်းဖို့ ‌မမေ့ကြနဲ့ ညိုကီတို့ ✌

ဆိုင်ကယ်ရှိတဲ့ ဘော်ဒါတွေအားလုံး မိုးတွင်းမှာ ဒါတွေစစ်ဖို့ မမေ့နဲ့ !!!မိုးရာသီဆိုတာ နှစ်စဥ်နှစ်တိုင်း ယာဥ်မတော်တဆမှုတွေ အ...
06/06/2024

ဆိုင်ကယ်ရှိတဲ့ ဘော်ဒါတွေအားလုံး မိုးတွင်းမှာ ဒါတွေစစ်ဖို့ မမေ့နဲ့ !!!

မိုးရာသီဆိုတာ နှစ်စဥ်နှစ်တိုင်း ယာဥ်မတော်တဆမှုတွေ အဖြစ်များတဲ့ကာလတစ်ခုပါ။ အထူးသဖြင့်တော့ မိုးရေကြောင့် လမ်းတွေချောပြီး ဖြစ်တာများပါတယ်။

ဒါပေမဲ့ ဘော်ဒါတို့အနေနဲ့က အကြောင်းအမျိုးမျိုးကြောင့် မိုးတွင်းမှာလည်း ဆိုင်ကယ်မောင်းမှဖြစ်မယ်ဆိုရင်တော့ အောက်မှာပြောထားတာတွေကို စစ်ကိုစစ်ရမယ် ဘော်ဒါတို့ရေ ...။

◾ ဆိုင်ကယ်ဘရိတ်
မိုးတွင်းဆိုရင် လမ်းတွေက ပုံမှန်ထက်ပိုပြီးချောနေတတ်လို့ ဘရိတ်မမိဘူးဆိုရင် အရမ်းအန္တရာယ်များပါတယ်။ ဒါကြောင့် ဘယ်ပဲသွားသွား ဆိုင်ကယ်ဘရိတ်မိ၊ မမိစစ်ဆေးပြီးမှ သွားသင့်ပါတယ်။

◾ ဆိုင်ကယ်တာယာ
တာယာပန်းပွိုင့်တွေ ပါးနေရင် ဘရိတ်မမိတာမျိုး ဖြစ်နိုင်သလို၊ စလစ်ဖြစ်နိုင်ချေလည်း များ‌တာမို့ ဘော်ဒါတို့တွေ အန္တရာယ်ကင်းအောင် တာယာတွေပါးနေရင် လဲလှယ်သုံးပြီး တာယာလေလျော့နည်းမှုရှိ၊ မရှိကိုလည်း ဆိုင်ကယ်မစီးခင်မှာ စစ်ထားရပါမယ်။

◾ ဆီယိုစိမ့်မှုရှိ၊ မရှိ
ဆီယိုစိမ့်နေရင် ဆီဖိုးတွေ ပိုကုန်သလို အင်ဂျင်ကိုလည်း ‌ထိခိုက်စေနိုင်ပါတယ်။ မိုးရေစိုနေတဲ့ လမ်းမှာဆိုရင် ဆီယိုစိမ့်မှုကြောင့် လမ်းပိုချောပြီး မတော်တဆမှုတွေ ပိုဖြစ်နိုင်တယ်နော်။ ဒါကြောင့် ဆီယိုစိမ့်မှု ရှိ၊ မရှိကလည်း စစ်ကိုစစ်ရမယ့်အထဲမှာ ပါ,ပါတယ်။

◾ အင်ဂျင်ဝိုင်
စက်လည်ပတ်မှုအားကောင်းဖို့၊ အင်ဂျင်အပူချိန်ကို ထိန်းသိမ်းဖို့အတွက် အင်ဂျင်ဝိုင်ဆီလုံလောက်မှုရှိ၊ မရှိက အင်မတန်မှအရေးကြီးပါတယ်။ အင်ဂျင်ဝိုင်လုံလောက်မှုရှိမှပဲ အင်ဂျင်အပူလွန်ပြီး ဆိုင်ကယ်စက်ရပ်သွားတာမျိုးမရှိအောင် ကာကွယ်နိုင်မှာပါ။

◾ လျှပ်စစ်ပိုင်း
မိုးတွင်းဆို ဆိုင်ကယ်ရဲ့ ဘတ္ထရီ၊ ဝိုင်ယာကြိုးတွေကို အမြဲစစ်သင့်သလို ရေမထိအောင်လည်း အထူးဂရုစိုက်သင့်ပါတယ်။ မဟုတ်ရင်တော့ ဝိုင်ယာရှော့ခ်ဖြစ်တာမျိုးတွေ ဖြစ်နိုင်ပါတယ်။

◾ ချိန်းအခြေအနေ
မိုးရာသီမှာဆိုရင် ချိန်းတွေ အလွယ်တကူသံချေးတက်နိုင်ပြီး ဆိုင်ကယ်မောင်းတဲ့အခါ အခက်အခဲတွေ ကြုံရတတ်ပါတယ်။ ဒါကြောင့် သံချေးမတက်အောင် ချိန်းတွေကို စက်ချောဆီပုံမှန်သုံးပေးဖို့လည်း မမေ့ပါနဲ့နော်။

ဒီလိုတွေ စစ်ဆေးပြီးရင်တော့ ဘော်ဒါတို့အနေနဲ့ ဘေးကင်းစိတ်ချရတဲ့ ခရီးလမ်းတစ်ခုကို စတင်နိုင်ပါပြီ။

ဒါကြောင့် တခြားဘော်ဒါတွေလည်း မိုးတွင်းမှာ ဘေးကင်းစွာဆိုင်ကယ်မောင်းနိုင်ဖို့ ပြန်ပြီးမျှဝေပေးလိုက်ပါဦးနော် ...

❝မိုးရာသီမှာ ဆိုင်ကယ်သံချေးမတက်အောင် လိုက်နာရမယ့် အချက်တွေ❞မိုးတွင်းမှာ ဘော်ဒါတို့ရဲ့ ဆိုင်ကယ်လေးကို သံချေးတက်မှာ စိတ်ပူ...
05/06/2024

❝မိုးရာသီမှာ ဆိုင်ကယ်သံချေးမတက်အောင် လိုက်နာရမယ့် အချက်တွေ❞

မိုးတွင်းမှာ ဘော်ဒါတို့ရဲ့ ဆိုင်ကယ်လေးကို သံချေးတက်မှာ စိတ်ပူနေပြီလား။ ဒါဆိုရင်တော့ သံချေးမတက်အောင် ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို DRC က မျှဝေပေးမယ်နော်...

◾ ဆိုင်ကယ်မစီးဖြစ်တဲ့အချိန်မှာ မိုးရေမစိုအောင် အိမ်အမိုးအောက်မှာ ထားပါ။ ဒါမှမဟုတ် ရေစိုခံတဲ့ မိုးကာသားနဲ့ အုပ်ထားပါ။

◾ မိုးအရမ်းများတဲ့အခါ မဖြစ်မနေကလွဲရင် ဆိုင်ကယ်စီးတာမျိုးကို ရှောင်ရှားပေးပါ။

◾ မိုးရွာတုန်းမှာ ဆိုင်ကယ်စီးပြီးတဲ့အခါ ဆိုင်ကယ်ကို သန့်ရှင်းရေးသေချာပြန်လုပ်ပြီး ခြောက်သွေ့အောင်ထားပါ။ သံချေးတက်နိုင်တဲ့ ချိန်းလိုမျိုး အစိတ်အပိုင်းတွေကို ချောဆီသုံးပေးပါ။

ဒီအချက်တွေကို လိုက်နာသွားမယ်ဆိုရင်တော့ မိုးတွင်းမှာလည်း ဘော်ဒါတို့ရဲ့ ဆိုင်ကယ်တွေကို သံချေးတက်မှာ စိတ်ပူစရာမလိုတော့ပါဘူး ✔

အခုမျှဝေပေးတဲ့အချက်တွေက ဘော်ဒါတို့အတွက် အထောက်အကူပြုတယ်ဆိုရင် တခြားဘော်ဒါတွေလည်း သိရအောင် ပြန်ပြီးမျှဝေပေးလိုက်ပါဦးနော် ...

#သံချေး #သံချေးမတက်အောင်လိုက်နာရမယ့်အချက်တွေ

31/05/2024

"အရည်အသွေးသာ ပထမ" ဆိုတဲ့သူတွေရဲ့ ဆိုင်ကယ်တာယာကို ကြည့်လိုက်ရင် DRC တာယာပဲ ✌

DRC တာယာတွေဟာဆိုရင် စံချိန်မီတဲ့ ရာဘာကုန်ကြမ်း၊ ကမ္ဘာ့အဆင့်မီနည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ ဗီယက်နမ်နိုင်ငံထုတ် နံပါတ်တစ် Brand ဖြစ်တာကြောင့် အရည်အသွေးပိုင်းမှာ စိတ်တိုင်းကျရပြီး ဆိုင်ကယ်လေး ဘေးကင်းဖို့အတွက်လည်း စိတ်ချထားနိုင်ပါတယ်။

ဒီလို DRC Brand တာယာတွေ စိတ်ကြိုက်ရွေးဝယ်လိုတယ်ဆိုရင်တော့ DRC Tyre Myanmar မှာ အမျိုးအစားစုံစုံလင်လင်ရနိုင်ကြောင်း သတင်းကောင်းပေးလိုက်ပါတယ်ဗျာ။

❝မိုးတွေဘယ်လောက်ရွာရွာ DRC နဲ့ဆို အေးဆေးခရီးနှင်နိုင်မှာ...❞ဘော်ဒါတို့အနေနဲ့ မိုးတွင်းမှာ ဆိုင်ကယ်စီးရင် အန္တရာယ်ဖြစ်မှာ...
30/05/2024

❝မိုးတွေဘယ်လောက်ရွာရွာ DRC နဲ့ဆို အေးဆေးခရီးနှင်နိုင်မှာ...❞

ဘော်ဒါတို့အနေနဲ့ မိုးတွင်းမှာ ဆိုင်ကယ်စီးရင် အန္တရာယ်ဖြစ်မှာ စိုးရိမ်ရတယ်ဆိုတာဟာ DRC မသုံးရသေးလို့ပါ။

လက်ရှိမှာ DRC ကျွတ်နဲ့ တာယာကို အသုံးပြုနေကြတဲ့ ဘော်ဒါတို့ကတော့ မိုးရာသီမှာလည်း ဆိုင်ကယ်ကို စိတ်အေးလက်အေးမောင်းဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။

ဒီလိုမျိုး DRC ကို အသုံးပြုရုံနဲ့ အဆင်သင့်ဖြစ်နေတာကလည်း အကြောင်းရှိသေးတယ်နော်။ ဘယ်လိုအကြောင်းတွေလဲဆိုတော့ DRC အမှတ်တံဆိပ်ဟာ International Standard Quality နဲ့ ထုတ်လုပ်ထားတဲ့အပြင် ...

✔ တာယာတွေမှာဆိုရင် တာယာပန်းပွိုင့်ထူတာကြောင့် အလွယ်တကူ ပန်းကွဲခြင်းမရှိ၊ အချိန်တိုတွင်း တာယာမပါးခြင်း၊ စလစ်ဖြစ်နိုင်ချေ နည်းခြင်း၊

✔ ကျွတ်တွေရဲ့ အရည်အသွေးမှာဆိုရင်လည်း တခြားကျွတ်တွေထက် ပိုမိုပါးလွှာ၊ ပေါ့ပါးပြီး လေကို (၄)ဆထိန်းပေးနိုင်ခြင်း စတဲ့အကြောင်း‌ေတွကြောင့် DRC ရဲ့ ဘော်ဒါတွေက မိုးတွင်းမှာလည်း ဆိုင်ကယ်မောင်းနှင်ရမှာကို မမှုတော့တာပေါ့။

ဒါကြောင့် တခြားဘော်ဒါတွေလည်း မိုးတွင်းမှာ အန္တရာယ်ကင်းစွာ မောင်းနှင်နိုင်ဖို့အတွက် ကျွတ်နဲ့ တာယာလဲဖို့ပြင်နေရင် DRC ကိုသာ သတိရလိုက်ပါဗျို့ ...

ဆိုင်ကယ်အကြောင်းဆို အကုန်သိတယ်ဆိုတဲ့ ညိုကီတို့ ဒါကိုရောသိရဲ့လား?"ဆိုင်ကယ်တွေ စတင်ပေါ်ပေါက်ခဲ့တာ နှစ်တစ်ရာရှိပြီ" ဆိုတာ ....
29/05/2024

ဆိုင်ကယ်အကြောင်းဆို အကုန်သိတယ်ဆိုတဲ့ ညိုကီတို့ ဒါကိုရောသိရဲ့လား?

"ဆိုင်ကယ်တွေ စတင်ပေါ်ပေါက်ခဲ့တာ နှစ်တစ်ရာရှိပြီ" ဆိုတာ ... မသိသေးရင်တော့ အခုမှတ်ထားလိုက်တော့နော်။

ကမ္ဘာ့ပထမဆုံးမော်တော်ဆိုင်ကယ်က The Daimler Reitwagen ဖြစ်ပြီး (၁၈၈၅)ခုနှစ်မှာ ဂျာမနီနိုင်ငံသား တီထွင်သူတွေဖြစ်တဲ့ Gottlieb Daimler နဲ့ Wilhelm Maybach တို့က ဒီဇိုင်းဆွဲ၊ တီထွင်ခဲ့ကြတာဖြစ်ပါတယ်။

(၁၈၈၅ ~ ၂၀၂၄)အထိဆိုရင် ဆိုင်ကယ်တွေ ပေါ်ပေါက်ခဲ့တာ နှစ်ပေါင်းတစ်ရာကျော်တောင်ရှိနေပြီနော်။

ဒီလိုနှစ်တွေကြာလာတာနဲ့အမျှ ဆိုင်ကယ် Brand ပေါင်းစုံလည်း ပေါ်ပေါက်လာကြတယ်ဆိုတော့ အမျိုးစုံတဲ့ဆိုင်ကယ်တွေကြားမှာ ကိုယ်ကြိုက်တဲ့ Brand တွေရှိရင်လည်း Comment မှာ မျှဝေပေးခဲ့ကြပါဦး ညိုကီတို့ရေ ...

#ဆိုင်ကယ်တာယာ

နေပူပူထဲမှာ ဆိုင်ကယ်တစ်စီးနဲ့ လိမ့်တော့မယ်ဆိုရင် ခဏလေးနေပါဦး ကိုယ့်လူ ‼နေကလည်းပူပူ အပြင်ကလည်းမထွက်လို့မဖြစ်တာမို့ အကြောင...
23/05/2024

နေပူပူထဲမှာ ဆိုင်ကယ်တစ်စီးနဲ့ လိမ့်တော့မယ်ဆိုရင် ခဏလေးနေပါဦး ကိုယ့်လူ ‼

နေကလည်းပူပူ အပြင်ကလည်းမထွက်လို့မဖြစ်တာမို့ အကြောင်းအမျိုးမျိုးကြောင့် ဆိုင်ကယ်တစ်စီးနဲ့ ပတ်လစ်နေရတဲ့ ကိုယ့်လူတွေအနေနဲ့က မျက်လုံးကျန်းမာရေးအတွက် နေကာမျက်မှန်တစ်လက်ကို သွားလေရာဆောင်သွားသင့်တယ်နော် ......

မဟုတ်ရင်တော့ သူမ,မရှိတော့လို့ ကိုယ့်နှလုံးသားလေးထိခိုက်ရသလိုမျိုးပဲ ... နေကာမျက်မှန်မတပ်ရင်လည်း အချိန်ကြာလာတဲ့အခါ အတွင်းတိမ်ဖြစ်လာနိုင်ပြီး မျက်လုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် ကိုယ့်လူတို့ရေ ... ပြန်မလာတဲ့သူကို မျှော်မနေဘဲ ကိုယ်သွားရမယ့် ခရီးလမ်းတွေမှာ မျက်စိကျန်းမာရေးမထိခိုက်ဖို့ရာ နေကာမျက်မှန်ဆောင်သွားဖို့သာ မမေ့ပါနဲ့ဗျာ....

❝ကဆုန်လပြည့် မြတ်ဗုဒ္ဓအခါတော်နေ့❞ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)ဟာဆိုရင်🙏 ဘုရားဖြစ်ရန် ဗျာဒိတ်ခံယူတော်မူသောနေ့🙏...
22/05/2024

❝ကဆုန်လပြည့် မြတ်ဗုဒ္ဓအခါတော်နေ့❞

ယနေ့ကျရောက်တဲ့ ကဆုန်လပြည့်နေ့ (ဗုဒ္ဓနေ့)ဟာဆိုရင်
🙏 ဘုရားဖြစ်ရန် ဗျာဒိတ်ခံယူတော်မူသောနေ့
🙏 ဘုရားလောင်းဖွားမြင်တော်မူသောနေ့
🙏 သဗ္ဗညုတဉာဏ်တော်ရရှိပြီး ဘုရားဖြစ်တော်မူသောနေ့
🙏 ဗုဒ္ဓဝင်အကျဥ်းကို ဟောတော်မူသောနေ့
🙏 ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဒီလို ထူးခြားချက်တွေနဲ့ ပြည့်စုံတဲ့ နေ့ထူးရက်မြတ်တစ်ရက်ပဲဖြစ်ပါတယ်။

အခုလိုမျိုး ရက်မြတ်အခါသမယလေးမှာ DRC ရဲ့ ညီအစ်ကိုများအားလုံး ‌ဘေးရန်ကင်းကွာ စိတ်ချမ်းသာပြီး စီးပွားဥစ္စာကြီးပွားတိုးတက်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

#ဆိုင်ကယ်တာယာ #ကဆုန်လပြည့်နေ့

သားသမီးလိုသဘောထားရတဲ့ ဆိုင်ကယ်လေးရဲ့ အနာဂတ်တောက်ပဖို့ဆိုရင် . . . 💥ကိုယ့်အိမ်က ဆိုင်ကယ်လေးကို ကိုယ့်ရဲ့သားသမီးအရင်းအခြာသ...
21/05/2024

သားသမီးလိုသဘောထားရတဲ့ ဆိုင်ကယ်လေးရဲ့ အနာဂတ်တောက်ပဖို့ဆိုရင် . . . 💥

ကိုယ့်အိမ်က ဆိုင်ကယ်လေးကို ကိုယ့်ရဲ့သားသမီးအရင်းအခြာသဖွယ် ဆက်ဆက်ထိမခံချစ်ကြတဲ့ ညီကိုတွေအနေနဲ့ ဆိုင်ကယ်တစ်စီးရဲ့ အသက်ဖြစ်တဲ့ ဆိုင်ကယ်တာယာကို ရွေးချယ်တဲ့အခါမှာ ဘယ်လိုတာယာမျိုးကိုရွေးချယ်ဖြစ်ပါသလဲ။ 🤷‍♂️

♻ DRC တာယာဟာဆိုရင် နိုင်ငံတကာ ခေတ်မီနည်းပညာတွေနဲ့ စံချိန်စံညွှန်းမီထုတ်လုပ်ထားတဲ့အရည်အသွေးတွေကြောင့် ဆိုင်ကယ်တာယာနဲ့ပတ်သတ်ပြီး ဖြစ်တတ်တဲ့အန္တရာယ်တွေနဲ့ ဆိုင်ကယ်တာယာ ခဏခဏလဲရခြင်းပြဿနာတွေကို ကြိုတင်ကာကွယ်ပြီးသား ဖြစ်စေမှာပါ။

ဒါကြောင့် သားသမီးလိုသဘောထားရတဲ့ ဆိုင်ကယ်လေးရဲ့ အနာဂတ်တောက်ပဖို့အတွက်ဆိုရင် DRC Tyre ကိုရွေးချယ်ခြင်းကသာ အမှန်ကန်ဆုံးဆုံးဖြတ်ချက်ဖြစ်စေမှာပါ ညီကိုတို့ရေ။ 😍😎

#

တစ်နေ့သော ညနေခင်းလေးတစ်ခုမှာ စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်လာခဲ့ရာတွင် . . .“ဟိုးရှေ့ခပ်လှမ်းလှမ်း တစ်နေရာမှာ လူတွေစုဝ...
08/05/2024

တစ်နေ့သော ညနေခင်းလေးတစ်ခုမှာ စိတ်ပြေလက်ပျောက် လမ်းလျှောက်ထွက်လာခဲ့ရာတွင် . . .

“ဟိုးရှေ့ခပ်လှမ်းလှမ်း တစ်နေရာမှာ လူတွေစုဝေးလို့ပါလား ဘာအကြောင်းများပါလိမ့်”

သိချင်စိတ်ဖြင့် လူတွေစုဝေးရာ ကယ်ရီဂိတ်နားသို့ သွားရောက်စပ်စုကြည့်ရာတွင် လူအုပ်တစ်ခုရဲ့ အလယ်မှာ ကယ်ရီဆရာကြီးတစ်ဦးက သူ့ရဲ့ဆိုင်ကယ်ကို လက်ညှိုးတထိုးထိုးဖြင့် ကြွားဝါနေပုံကိုတွေ့လိုက်ရပါတော့တယ်။ ‼

🗨 ကယ်ရီဆရာကြီး - ‟ ကျုပ်ရဲ့ ဆိုင်ကယ်တာယာက လဲထားတာ အတော်ကြာပြီဗျာ။ ဒီကောင်တကယ် ကောင်းတဲ့ကောင်ဗျ ကျုပ်လို ဆိုင်ကယ်ကို နေရာတိုင်းသွား အကြမ်းခိုင်းနေတာတောင် ပန်းမပါးဘူး တာယာတွေမကွဲသေးဘူးဗျ။ သိပ်ကို ဟန်ကျသဗျာ ”

အဲဒီအချိန် လူအုပ်ထဲက ကယ်ရီညီကိုတစ်ယောက်ကတော့ ဝမ်းသာအားရ သိလိုစိတ်အပြည့် မျက်နှာဖြင့် . . .

🗨 ကယ်ရီညီအစ်ကို - ‟ ဒီလောက်တောင် ညွှန်းနေမှတော့ သိချင်ပြီဗျို့ . . . ဆရာကြီးရဲ့ ဆိုင်ကယ်မှာသုံးတဲ့တာယာက ဘာတံဆိပ်မို့လို့လဲဗျ။ ကျုပ်ဆိုင်ကယ်တာယာက ပန်းပါးလိုက် တာယာကွဲလိုက်နဲ့ ခဏခဏလဲနေရတော့ စရိတ်ထောင်းတယ်ဗျို့ ”

🗨 ကယ်ရီဆရာကြီး - ‟ ရော် ခက်ပြီ ကျုပ်သုံးတာ DRC Tyre လေဗျာ!! တာယာမကွဲဘူး ပန်းမပါးဘူးဆိုရင် DRC ပဲပေါ့ !! ခင်ဗျားတို့လည်း ကျုပ်လို DRC သာသုံး တာယာကြောင့်ဖြစ်သမျှပြဿနာတွေ ကင်းဝေးဖို့ လုံးဝသေချာပြီပေါ့ဗျာ ”

အဲ့ဒီလိုနဲ့ နောက်ဆုံးမှာတော့ ကယ်ရီဂိတ်တစ်ခုအတွင်း စုစုဝေးဝေးဖြစ်နေကြတဲ့အကြောင်းအရင်းက အိမ်ကဆိုင်ကယ်မှာ မဖြစ်မနေသုံးဖြစ်နေတဲ့ DRC Tyre ကြောင့်ပါလားဆိုတာသိသွားပြီးနောက် . . .
ဪ DRC Tyre တော်တော်ကောင်းလှပါလား!!

#တာယာမကွဲပန်းမပါး

Address

No(2), (12)Quarter, Min Dhama Road, Parami Valley, Hlaing
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when DRC Tyre Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share