29/07/2023
ဟိတက်ခြင်းနှင့် ဂီယာမချိန်းခြင်းပြဿနာ
ဟုတ်ပါတယ်လူကြီးမင်းတို့ရဲ့ကားမှာ
အင်ဂျင်ဟိတက်ပြီဆိုတာနဲ့ကားရဲ့ဂီယာချော်ခြင်း
ဂီယာအချိန်းနောက်ကျခြင်းမနက်မိုးလင်းဂီယာချက်ခြင်း
မထွက်တဲ့ပြဿနာတွေဖြစ်နိင်ပါတယ်
အော်တိုဂီယာဘောက်မှာ ဂီယာချိန်းဖို့အဓိကလုပ်ဆောင်ပေးဖို့
ဂီယာစီးကွင်းတို့ ကလပ်ပြားတို့ကအဓိကအရေးပါတဲ့အရာတွေပါ
ဘယ်လိုများအင်ဂျင်ဟိတက်တာနဲ့ဂီယာမချိန်းတာဂီယာမထွက်တာတွေ
ဖြစ်သလဲဆိုရင် ဂီယာတံကနေRထိုးရင်ဘက်ဂီယာချိတ်ရမယ်
Dထိုးရင်ရှေ့ဂီယာချိတ်ရမယ် ဒါကိုတော့လူကြီးမင်းတို့သိပြီးသားပါ
ဂီယာတစ်ခုခုကိုချိတ်ဖို့ဂီယာတံကနေR သော်၎င်းDသော်၎င်းထိုးလိုက်ရင် ဗားဘော်ဒီမှ ဂီယားဗားတွေကနေတစ်ဆင့်လိုအပ်တဲ့အော်တိုဝိုင်ပရပ်ရှာနဲ့
ကလပ်ပြားတွေကိုချိတ်ဆက်ဖို့တွန်းပို့ပေးရပါတယ်
အဲ့လိုချိတ်ဆက်တဲ့နေရာမှာဂီယာစီးကွင်းတွေကအရေးပါတဲ့နေရာက
တာဝန်ယူထားပါတယ် ဂီယာစီးကွင်းတွေမာနေမယ်ဆိုရင်ဗားဘော်ဒီက
အော်တိုပရပ်ရှာဘယ်လောက်ပဲပို့ပို့ဂီယာမချိတ်တော့ပါဘူး
အဲ့မှာပြဿနာတွေက မနက်မိုးလင်းဂီယာတန်းမထွက်တာအချိန်းနောက်ကျတာ
ဂီယာချော်တာတွေဖြစ်တယ်ပေါ့
မနက်ဆိုအင်ဂျင်ကိုဆယ်မိနစ်လောက်နိုးထားမှဂီယာထွက်တာတွေ
ဖြစ်ကုန်တာပေါ့ အာရာဖတ်တွေနဲ့ AD ဗန် နွားကြီးနွားလေးတွေမှာ
အဖြစ်များတယ်ဒီပြဿနာက အခြားကားတွေမှာလည်းဖြစ်တယ်ပေါ့
ဟိမတက်ပဲနဲ့လည်းအခုလိုမျိုးဂီယာမထွက်တာတွေ
ဖြစ်နိုင်ပါတယ်ခင်ဗျ
ဟိတက်ရင်လည်းဂီယာမထွက်တာမချိတ်တာချော်တာမချိန်းတာတွေ
ဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းလေးမျှဝေပေးတာဖြစ်ပါတယ်ခင်မျှ
ကျေးဇူးအထူးတင်ပါတယ် အလုပ်အကိုင်များအဆင်ပြေကြပါစေခင်ဗျ
ZinGyi