29/11/2021
ကားကောင်းစီးလိုသော လူကြီးမင်းများခင်ဗျာ။ ကျွန်တော် အကြံဉာဏ်လေးတခုပေးချင်လို့ပါ။
ကားကောင်းစီးချင်ရင် စျေးမကြောက်ပါနဲ့ ခင်ဗျ။
ကားလောက ဆိုတာ အရမ်းရှုပ်ထွေးပါတယ်။ ကားမှာ ရှိတဲ့ အစိတ်အပိုင်းမျိုးစုံကို ဖြုတ်ပြီး ဂျင်းထည့်လို့ရပါတယ်။ တိုက်ထားတဲ့ကားတွေ ကိုလည်း အသစ်အတိုင်းဖြစ်အောင် ဆေးပြန်မှုတ် အကုန်ပြန်လုပ်လို့ရပါတယ်။ အဆွေးအပြု အကုန်ပြန်လုပ်လို့ရပါတယ်။
အပြင်ပန်း မှာ ဝယ်သူကြည့်ကောင်းအောင် မျိုးစုံလုပ်ထားပြီး တကယ်ဝယ်ပြီးသွားတော့မှ လိုင်စင်ဝင်လို့မရတဲ့ ကားမျိုး။ အဆွေးအပြု အတိုက်အခိုက်ဖြစ်နေတဲ့ကားမျိုး။ မောင်းလို့မကောင်း အမြဲ ပြင်နေရတာနဲ့ပဲ ပိုက်ဆံကုန် အချိန်ကုန် လူကုန်ပင်ပန်းတာပဲ အဖတ်တင်ပါလိမ့်မယ်။
ကားတစီး ပေါက်စျေးထက်သက်သာနေရင် သတိသာထားပါတော့ခင်ဗျာ။ သူ့မှာ မှားနေတာ တခုခုရှိနေလို့ပါ။
စျေးပေါပေါနဲ့ကားတစီးဝယ်ပြီး သုံးနေတဲ့သက်တမ်းတလျောက် ကားဝပ်ရှော့ပို့နေရရင်းနဲ့ပဲ အချိန်ကုန် လူကုန် ငွေကုန် စိတ်ပင်ပန်း ပြီး Original အတိုင်းပြန်မကောင်းတော့တာမျိုး အဖြစ်ခံမလား။
ပေါက်စျေး ကွက်တိ Japan Original ကားတစီးကိုဝယ်ပြီး စိတ်ချမ်းသာစွာနဲ့ ရေရှည်အတွက်သုံးမလား(ပြန်ရောင်းရင်လည်းစျေးကောင်းပြန်ရ)။
လူကြီးမင်းတို့ ဆုံးဖြတ်ပါဗျ။
ကျွန်တော်ကတော့ အသက် ၁၁နှစ်အရွယ်မှာတည်းက Toyota ပုစဥ်းကောင်း Manual Light Truck ကို အင်းယားလမ်းမှာ ခေါက်တုံ့ခေါက်ပြန် မောင်းရင်းကနေ ကားဝါသနာရှင် ဖြစ်လာတဲ့ ကောင်လေးပါ။ ဝါစနာရှင် ကနေ ပညာရှင် အဆင့်ရောက်အောင် ကြိုးစားနေပါတယ်။
ကျွန်တော့် ကားတွေအကုန် ကားကောင်းကားသန့်ဖြစ်စေရမယ်။ ဂျင်းကားမဖြစ်ဖို့ တော့ 100% အာမခံပါတယ်။ စိတ်ချလက်ချသာ လူကြီးမင်းအားပေးပါခင်ဗျ။
လူကြီးမင်းရဲ့ စိတ်ကျေနပ််မှုက ကျွန်တော့်တို့ရဲ့ အောင်မြင်မှုပါ။
ကားကောင်းကားသန့်များကို ချစ်မြတ်နိုးကြတဲ့ ကားလောကမှ ညီအကို များကို လေးစားလျက်။
Htoo Car Sales Center