PYI KYAW Car Auto Services

PYI KYAW     Car Auto Services car work shop

Knowledge
19/10/2021

Knowledge

မော်တော်ယာဉ်အသုံးပြုသူမိတ်ဆွေများကိုစေတနာနဲ့ အကြံပေးချင်ပါတယ်ဗျာအမှန်တကယ်တော့ ဒီစကားကို မော်တော်ယာဉ် ပြုပြင်သူလို့ခေါ်ချ...
11/09/2021

မော်တော်ယာဉ်အသုံးပြုသူ
မိတ်ဆွေများကို
စေတနာနဲ့ အကြံပေးချင်ပါတယ်ဗျာ

အမှန်တကယ်တော့ ဒီစကားကို
မော်တော်ယာဉ် ပြုပြင်သူလို့
ခေါ်ချင်ခေါ်
ဝပ်ရှော့ဆရာလို့ ခေါ်ခေါ်
ကားပြင်သူတစ်ယောက်အနေဲ့
ပြောရမယ့် စကားမဟုတ်သော်ငြား
မော်တော်ယာဉ် အသုံးပြုသူ
မိတ်ဆွေများ၏ အကျိုးဌာ
ပြောရခြင်းဖြစ်ပါတယ်ဗျ...

ပထမအချက်အနေနဲ့ကတော့
ဒီအချိန် ကားပြင်မယ်ဆိုရင်
မဖြစ် မနေ ပြုပြင်ရမယ့်အရာတွေကိုသာ
ပြုပြင်ကြပါလို့
တိုက်တွန်း အကြံပေးလိုပါတယ်

ဘာကြောင့်လဲ ဆိုတော့ကာ
ကားပစ္စည်းတွေ
အရမ်းစျေးတက်နေပါတယ်...

ယခင်က ကျပ်တစ်သိန်းခန့်သာ
ဝယ်ရသော ကားပစ္စည်းဆိုရင်
တစ်သိန်းသုံးသောင်းလောက်ထိ
အနည်းဆုံးတက်ပါတယ်...

ဒါကြောင့်မို့
အန္တရာယ် ဖြစ်နိုင်သော
ပစ္စည်းများမှ အပ...
ကျန် မှေးသုံးလို့ရသော
အရာများကို မှေးသုံး
မှေးမောင်း စေချင်ပါတယ်ဗျ...

အများသိကြတဲ့အတိုင်း
အထွေထွေ ကျန်းမာရေးပစ္စည်း၊
လျှပ်စစ်ပစ္စည်း၊
တင်ဒါအောင်ထားသော
ကုန်မာပစ္စည်းများ၊
ကားပစ္စည်းများ၊
မော်တော်ယာဉ်များ၊
စားသောက်ကုန်များနှင့်
စက်သုံးဆီများ
အစရှိသည်တို့ဟာ
သွင်းကုန်အဖြစ် တင်သွင်းလာပြီး
နိုင်ငံခြားပို့ကုန်တွေဟာ
ယခင်လို မပို့နိုင်တော့တာကြောင့်
ကုန်သွယ်ရေး နိုင်ငံခြားလိုငွေ
ကြီးမားစွာ ကွာဟကာ
ဒေါ်လာစျေးနဲ့
မြန်မာကျပ်ငွေ လဲလှယ်နှုန်းမှာ
ကျပ်ငွေစျေး အလွန်ကျဆင်းလာပါတယ်၊

ကမ္ဘာ့ရွှေစျေးဟာ အကျဖက်ကို
ပြန်လည်ရောက်သွားသည့်တိုင်
ကျပ်ငွေစျေး ဆက်ကျနေလို့
ရွှေစျေးဟာလည်း
၁၈ သိန်း အထက်ကို
ရောက်သွားခဲ့ပါပြီ...

ကမ္ဘာ့ဒေါ်လာအညွှန်းပွိုင့်ဟာလည်း
ချက်ချင်းခုန်တက်ခြင်းမရှိပေမယ့်
နိုင်ငံခြားလိုငွေ
များပြားလာခြင်းကြောင့်
ကျပ်ငွေတန်ဖိုး ကျဆင်းခဲ့ရတာပါ၊

၂၀၁၈ သြဂုတ်လကလည်း
ယခုလို နိုင်ငံခြားလိုငွေ
မြင့်တက်ချိန်မှာ ရက်ပိုင်းအတွင်း
ဒေါ်လာစျေး ၃၀ ရာခိုင်နှုန်းထိ
ခုန်တက်သွားပေမယ့်...
နိုင်ငံခြားလိုငွေ ကျဆင်းခဲ့ချိန်နဲ့
ဒေါ်လာစျေးကစားသူများကို
အရေးယူလိုက်ချိန်မှာ
ဒေါ်လာစျေးပြန်ကျခဲ့ပါတယ်...

ယခုလည်း
နိုင်ငံခြား ပို့ကုန်တွေ
တင်ပို့နိုင်ခဲ့ချိန်နဲ့
ကိုဗစ်ကာကွယ်ရေး ပစ္စည်းတွေ
အလုအယက်
တင်သွင်းစရာ မလိုတော့ချိန်မှာ
နိုင်ငံခြားလိုငွေ ကျဆင်းသွားရင်
ပြန်ကျနိုင်ဦးမယ်လို့
ထင်မြင်မိပါတယ်ဗျ...

ဒါကြောင့်
အခုလို ဒေါ်လာစျေးကြောင့်
ကားပစ္စည်းစျေးတွေ
မတရား တက်နေချိန်မှာ
ပြင်ဆင်ဖို့ မလိုသေးတဲ့ကားတွေကို
မပြင်ဆင်သေးဖို့
အကြံပေးရခြင်းဖြစ်ပါတယ်ဗျာ

ကားနှစ်စီးသွားရမယ့်အရာကို
ကားတစ်စီးသာ အသုံးပြုလို့ရရင်
တစ်စီးသာ အသုံးပြု၍
လောင်စာဆီကို ချွေတာကြဖို့ကိုလည်း
အကြံပြုပါရစေ...

နယ်တွေနဲ့ ဆိုင်ကယ်စီးလို့ရသော
နေရာတွေမှာ မိုးမရွာရင်
ဆိုင်ကယ် စက်ဘီးနဲ့သွားလို့ရရင်
ဆိုင်ကယ် စက်ဘီးနဲ့သွားတာက
စက်သုံးဆီကို ချွေတာနိုင်ပြီး
စက်ဘီးစီးရင်တော့
ကျန်းမာရေးကိုပါ
အထောက်အကူ ပြုမှာပါ...

အရင်ကျွန်တော်လည်း
ကျန်းမာရေး သိပ်မကောင်းတော့
စက်ဘီးနဲ့ အလုပ်အသွားအပြန်
လုပ်ခြင်းကြောင့်
ကျန်းမာရေး
ပြန်ကောင်းမွန်လာတာပါ၊

ဘယ်အချိန်ပြီးမယ်မသိတဲ့ ကိုဗစ်၊
ဘယ်အချိန် ပြေလည်မယ်မသိတဲ့
ိုနိုင်ငံရေး၊
ဘယ်အချိန် နလန်ထနိုင်မယ်
မသိတဲ့ ဖုတ်လှိုက် ဖုတ်လှိုက်
စီးပွားရေး၊
ဘယ်အချိန် ပြန်ကောင်းမယ်
မသိတဲ့ တောင်သူစိုက်ပျိုးရေးလုပ်ငန်း၊
အစရှိသည်တို့ကြောင့်
နောက်ပိုင်းမှာ ငွေလည်း
ပိုရှာရခက် ပိုရှားပါးလာမှာ
ဖြစ်တာကြောင့်
မဖြစ်မနေအရာများကိုသာ
သုံးစွဲခြင်းဖြင့်
ချွေတာနိုင်မှာသာလျှင်
ဆက်လက်ရပ်တည် နိုင်မှာဖြစ်ပါတယ်ဗျ...

ဒါကြောင့် မိတ်ဆွေများကို
အခုအချိန်မှာ လိုအပ်မှသာ
ကားပြင်ကြပါလို့
တိုက်တွန်းလိုက်ရပါတယ်ဗျာ၊

မိတ်ဆွေများအားလုံး
ကပ်သုံးပါမှကင်းဝေးကြပါစေ။

ချစ်ခြင်းအားဖြင့်

ကိုတိုး(အွန်လိုင်းကားဝပ်ရှော့)

ကျေးဇူးပါ(ဆျာတိုး)🙏🙏🙏

car work shop

27/07/2021

Pyi Kyaw auto services အား july လဆန်းမှစ၍ ကျန်းမာရေး အခြေအနေများကြောင့် ယာယီပိတ်ထားခဲ့ပြီး ပရဟိတ ကားအချိူ့ကိုသာ လှုူဒါန်းကုသိုလ်ပြု၍ ​​ပြု​ပြင်ပေးခဲ့ပါသည်။

ယခုအခါ တိုင်းပြည်၏ ကျန်းမာရေးအခြေအနေ၊ ဝန်ထမ်းများ၏ကျန်းမာရေး အခြေအနေအရ ပရဟိတကားများကို ပြုပြင်ရန်အဆင်မပြေနိုင်တော့ပါ၍
လှုူဒါန်းကုသိုလ်ယူ ပြုပြင်ပေးနေမှုအား ယာယီရပ်နားပါမည်။

ပရဟိတကားများအနေဖြင့် ကားနှင့်ပါတ်သက်သည့် အင်ဂျင်ဝိုင်/ ဘရိတ်ဆီနှင့် အခြားOil အမျိုးမျိုးအား ဆိုင်မှာရှိသလောက် ဆက်လက်လှုူဒါန်းသွားပါမည်ခင်ဗျာ။

နှုတ်ဖြင့်ချိတ်ဆက်ကူညီလမ်းညွှန်နိုင်မှုများအား ကူညီပေးသွားပါမည်

လှိုင်သာယာဘက်ခြမ်းသို့ရောက်ရှိစဥ်အခက်ခဲဖြစ်နေသော မည်သည့်အသင်းမှပရဟိတကားမဆို လှိုင်သာယာသမကုန်း kbz bank မျက်နှာချင်းဆိုင်မှ pyi kyaw auto services တွင် လာရောက်ယူနိုင်ပါသည်🙏🙏🙏

ဆိုင်သို့မလာခင် ​အောက်ပါဖုန်းနံပါတ်သို့ကျေးဇူးပြု၍ ကြိုတင် ဖုန်းဆက်ပေးပါခင်ဗျာ

09254345842 ( pyi kyaw )

စွန့်လွှတ်ခြင်းဖြင့် တိုင်းပြည်တာဝန် ကူညီဖြည့်ဆည်းပေးနေသော အသင်းများအားလုံးကျန်းမာချမ်းသာကြပါစေ🙏🙏🙏

Send a message to learn more

24/07/2020

PYI KYAW Auto ရဲ့အမှတ်သားက

#တာဝန်ယူမှုတာဝန်ခံမှု ရှိခြင်းပါ

 #ခုနှစ်ထောင်ကျပ်ဖြင့်အမြင်တွေရှင်းမယ် (😊အချိန်မိနစ်သုံးဆယ်😊😊😎😎😄😄😆)
22/06/2020

#ခုနှစ်ထောင်ကျပ်ဖြင့်အမြင်တွေရှင်းမယ်

(😊အချိန်မိနစ်သုံးဆယ်😊😊😎😎😄😄😆)

  နည်းပညာဖြင့် မည်သည့်ကားအမျိုးစားကိုမဆို မီးခွက်တစ်စုံကို (7000)ခုနစ်ထောင်ကျပ်ဖြင့် ဝန်ဆောင်မူပေးနေပါပြီ
22/06/2020

နည်းပညာဖြင့် မည်သည့်ကားအ
မျိုးစားကိုမဆို မီးခွက်တစ်စုံကို (7000)ခုနစ်ထောင်ကျပ်ဖြင့် ဝန်ဆောင်မူပေးနေပါပြီ

19/06/2020

အဂျင်ဝိုင်လဲ
လေချိန်/ဖစ်တာ/အဲကလင်တာလေမှုတ်/အတွင်းခန်းဖုန်စုတ်
(2000)ks

19/06/2020

#မိုးရာသီအထူးလျော့စျေးအနေဖြင့်အသုံးများသောအင်ဂျင်ဝိုင်များအားလုံးကိုစက်ရုံမှချပေးသော(ကိုယ်စားလှယ်) #စျေးနှုန်းများအတိုင်းရောင်းချပေးနေပါပြီ

22/05/2020

လမ်းကြောင်းပြန်ပွင့်လို့
ကွန်တိန်နာကျ ဂျပန်ပါဝါဂန်းများထပ်မံရောက်ရှိလာပါပြီ

auto services သမားများအတွက်အထူးနှုန်းရှိပါသည်

ပြုပြင်လက်ခအပြီးစီးစျေးနှုန်း အာမခံပါပြီး

ad van နွားကြီးး(35000)
belta----------(50000)
pro box-------- (45000)

pyi kyaw auto services မှာရပါပြီ

Address

Yangon

Website

Alerts

Be the first to know and let us send you an email when PYI KYAW Car Auto Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share