Nyein Driving School

Nyein Driving School Home Driving Training in Yangon Township. You can attend any gender .Home delivery service available

 #မီးပွိုင့် မီးဝါဖြတ်၍မောင်းရ မရ***********************ယာဉ်မောင်းသူတိုင်း ဒွိဟဖြစ်နေတဲ့ကိစ္စလေးပါမီးပွိုင့်ကမီး ဝါနေတဲ့...
15/12/2023

#မီးပွိုင့် မီးဝါဖြတ်၍မောင်းရ မရ
***********************
ယာဉ်မောင်းသူတိုင်း ဒွိဟဖြစ်နေတဲ့ကိစ္စလေးပါ
မီးပွိုင့်ကမီး ဝါနေတဲ့အချိန် ယာဉ်ဖြတ်သန်းမောင်းနှင်လို့ရ မရ
မီးဝါဖြတ်လို့ ချလန်ဖြတ်ခံရတာ ဘာညာဆိုတာတွေ အချို့ကြုံနေရတော့ ဒီမီးဝါလေးအကြောင်း ရှင်းပြချင်ပါတယ်။

မီးနီရင်တော့ ရပ်
မီးစိမ်းရင်တော့ မောင်း
ဒါကတော့ရှင်းပါတယ်
မီးစိမ်းလို့မောင်းလာတုံး မီးမနီခင် မီးဝါပါတယ်
သုံးစက္ကန့်လောက်ပေါ့
အဲ့ဒီစိမ်းလို့မောင်းလာနေတုံးမီးဝါခဲ့ရင်
အဲ့ မီးဝါနေတာကိုသိသိကြီးနဲ့မောင်းတာမျိုးမဟုတ်ဘူးနော် စိမ်းနေတာကို ပုံမှန်မောင်းလာရင်း မီးကဝါသွားတာကိုပြောတာ အဲ့လိုဆိုရင်
သင့်ရဲ့ကား သို့မဟုတ် ဆိုင်ကယ်ဟာ မီးပွိုင့်ရဲ့ရပ်မျဉ်းမရောက်ခင်ဆိုလျှင် မဖြစ်မနေရပ်ပါ
မဟုတ်ဘူး စိမ်းလို့ပုံမှန်မောင်းလာလိုက်တာ ရပ်မျဉ်ကျော်မီးမှ မီးကဝါသွားတယ် ခဏနေတော့ နီသွားတယ်ဆိုရင် ဆက်မောင်းပါ
သိသိကြီးနဲ့ဖြတ်မောင်းသွားခြင်းမျိုးမဟုတ်ဘဲ မိမိပုံမှန်မောင်းနေရင်း မီးဝါပြောင်းလဲသွားခြင်းမျိုးကိုဆိုလိုတာပါ။

အကြံပြုချင်တာတစ်ခုကတော့
မီးဝါတာကို အဝေးကထဲကမြင်နေရရင် မီးမနီးခင် အမြန်မောင်းတာ လုမောင်းတာတို့မလုပ်ဘဲ
အရှိန်လျှော့လို့ ရပ်စေချင်ပါတယ် စိမ်းမှပြန်ထွက်ပါ
ဒါကတော့ အန္တရာယ်အကင်းဆုံးပါခင်ဗျ။

ဒုရဲအုပ်ဌေးလွင်(ခ)နေမျိုးသူရ
Crd

မိုးရွာနေစဉ်ယာဉ်ဘယ်လိုမောင်းမလဲ.....❓ယာဉ်မောင်းနှင်မှုမှာ ရာသီဥတု ဟာ အထူးအရေးကြီးတဲ့အချက်ဖြစ် ပါတယ်။ ရှေ့ မီတာ (၁၀၀) (၃၂...
09/07/2023

မိုးရွာနေစဉ်ယာဉ်ဘယ်လိုမောင်းမလဲ.....❓

ယာဉ်မောင်းနှင်မှုမှာ ရာသီဥတု ဟာ အထူးအရေးကြီးတဲ့အချက်ဖြစ် ပါတယ်။ ရှေ့ မီတာ (၁၀၀) (၃၂၈ ပေ) လောက်ကို မမြင်နိုင်ဘူးဆိုရင် သင့်ယာဉ်ရဲ့ ရှေ့မီးကြီး ကိုဖွင့်ရပါမယ်။ ဒါပေမယ့် မြင်နိုင်စွမ်း ကောင်းလာရင်တော့ မီး များပိတ်ရပါမယ်။ စိုစွတ်တဲ့မိုးရာသီ မှာ ယာဉ်မောင်းများ အန္တရာယ်ကင်းဖို့ အကြံပြုချက်များ အောက်ပါအတိုင်း ဖော်ပြပါတယ်။

အောက်ပါအချက် တွေကိုလိုက်နာပါ။
(၁) ပထမဆုံးအချက်အနေနဲ့ အရှိန်လျှော့ချပါ။ မိုးရွာစဉ်ဘရိတ်နင်း ရင် ရပ်တန့်မှုအကွာအဝေးပိုစေပါ တယ်။

(၂) သင်အလယ်လမ်းကိုပဲ မောင်းပါ။ အပြင်ဘက်လမ်း အစွန် တွေမှ ရေများ နေပါမယ်။

(၃) သင့်လျော်တဲ့ နောက်လိုက် အကွာအဝေး (၃ စက္ကန့်စည်းမျဉ်း) ကို ထိန်းသိမ်းလိုက်နာပါ။ မိုးရွာနေစဉ် တော့ (၃) စက္ကန့်စည်းမျဉ်းများကို တိုးမြှင့်ပြီး (၆) စက္ကန့်သို့ တိုးရပါ မယ်။

(၄) ထရပ်ကား (သို့) ဘတ်စ် တစ်စီး သင့်ယာဉ်ရှေ့မှာရှိနေရင် ထရပ်ကားကြီး / ဘတ်စ်ကားကြီးများ နောက်က သိပ်ကပ် မလိုက်ပါနဲ့။ ၎င်း တို့ နောက်တာယာကြီး များကြောင့် ရေဖြာထွက်နေခြင်းဟာ သင့်ရဲ့မြင် ကွင်းကို ကန့်သတ်ထိခိုက်ပါတယ်။ ထရပ်၊ ဘတ်စ်ကားကြီးများကို ကျော် ဖြတ်ရင်လည်း ရေဖြာထွက်မှုများကို ဂရုစိုက်ရပါမယ်။ မြန်မြန်လုံခြုံစွာ ဖြတ်ကျော်ပါ။

(၅) မိုးရွာထဲမှာ ချောနေတဲ့ လမ်းမောင်းလျှင် ပိုမိုသတိရှိပါ။ ရှေ့ ကားရဲ့ ဘရိတ်မီး အမြဲသတိပြု။

(၆) တတ်နိုင်သရွေ့ သင် ဘရိတ်နင်းမှု မပြုလုပ်ပါနဲ့။ အရှိန် လျှော့ရန် လီဗာ (Lever) နင်းထားတဲ့ ခြေထောက်ကိုဖယ်လိုက်ပါ။

(၇) မိုးနည်းနည်းဖြစ်ပါစေ ရှေ့မီးကြီးများ ကိုဖွင့်ပါ။ မြူကျ (သို့) မှုန်ဝါးနေလျှင်လည်း ဖွင့်ပါ။ မီးဖွင့် တာဟာ သင်လမ်းကိုမြင်ဖို့တင် မဟုတ်ပါ။ အခြားယာဉ်မောင်းများက လည်း သင့်ကိုမြင်စေရန်ဖြစ်ပါတယ်။ သင် နေ့အချိန် မီးသွားထိုးတဲ့အတွက် နောက်ကားကလည်း သင့်ကို ကောင်း ကောင်းမြင်မှာဖြစ်ပါတယ်။

(၈) မိုးထဲမှာ မမောင်းမီ ဝိုက် ပါများ အသစ်လဲလှယ်ပါ။

(၉) လမ်းဘေးက မောင်းခြင်း မပြုပါနဲ့။ လမ်းဘေးတွေမှာ ရေဘယ်လောက်နက်တယ် ဆိုတာ ခန့်မှန်းရ ခက်ပါတယ်။

(၁၀) သင်မြင်ကွင်းကျော်လွန် ပြီး မမြင်ဘဲနဲ့ မမောင်းပါနဲ့။ ညအချိန် မိုးရွာတဲ့လမ်းတွေ မောင်းရင် အထူး သဖြင့် ကပြောင်းကပြန် ဖြစ်လာပါ မယ်။ ရှေ့မီးကြောင့် မျက်စေ့ပြာမှု၊ ကားမှန်ပေါ်ကျနေတဲ့ မိုးသံများ ကြောင့် မျက်စေ့ပြာမှု၊ ကားမှန်ပေါ်ကျ နေတဲ့ မိုးသံများ ကြောင့် ယာဉ်မောင်း ပင်ပန်းလာပါမယ်။ မိုးရွာစဉ် လမ်း ဖြတ်သူများ၊ တိရစ္ဆာန်များ၊ တောရိုင်း တိရစ္ဆာန်များကို ခန့်မှန်းရခက်ခဲပါ တယ်။

(၁၁) ရေအောက်ရှိလမ်းကို မမြင်ရဘဲ ရေထဲဖြတ်မမောင်းပါနဲ့။ သင့်ကားကို လမ်းဘေးသို့ ရိုက်ထုတ် ခြင်းခံရလိမ့်မည်။

(၁၂) ရေအနက်သေချာမသိဘဲ ခြေနင်းခုံ လောက် ရေရောက်နေမယ် ဆိုပါက ဖြည်းဖြည်း မောင်းပါ။ ကား တံခါးအထိ ရေရောက်လာပြီ ဆိုရင်တော့ အခြားလမ်းတစ်လမ်းကို ရှာပြီး ကွေ့သွားပါ။ ခေတ်သစ်ယာဉ်များ၏ အီလက်ထရောနစ်စနစ်သည် ရေထိပါ က ကြီးမားစွာပျက်စီးစေနိုင်ပါတယ်။

(၁၃) ခြေကျင်လျှောက်သူများ အား ဗွက်ရေစင်မှု မဖြစ်စေရန် ဖြည်း ဖြည်းမောင်းပါ။

(၁၄) ဖြစ်နိုင်ရင်တော့ မိုး သည်းသည်း မည်းမည်းရွာနေချိန်မှာ ယာဉ်မမောင်းဘဲ စောင့်နေဖို့ပါပဲ။ လျှပ်စီးလျှပ်လျှင် ယာဉ်မောင်းမျက်စေ့ ပြာ ထိတ်လန့်သွားပြီး မောင်းနှင်မှု ကို ထိခိုက်စေနိုင်ပါတယ်။ မိုးကြီး လေကြီးတိုက်မှု တွဲဖက်လာပြီဆိုလျှင် ယာဉ်မောင်းနှင်မှု အခြေအနေကိုများ စွာထိခိုက်စေပါမယ်။

မိုးရာသီယာဉ်မောင်းခြင်း ဂရု ပြုရန်အချက်များ
မိုးရွာတဲ့နေ့ဟာ အားသစ်တိုး စေပါတယ်။ မိုးရေထဲ လမ်းလျှောက် ရတာကိုက စိတ်ကူးယဉ်ရသလိုပါပဲ။ မိုးရွာထဲယာဉ်မောင်းရတာဟာလည်း ဘာဖြစ်ဖြစ် သင်ရှောင်ရှားရမယ့် အန္တရာယ် ထူးခြားမှုတွေများပါတယ်။ လမ်းဥပဒေများကို လိုက်နာပြီး အ လျှော့ပေးမောင်းတဲ့ ယာဉ်မောင်းဖြစ် ရင်တော့ အန္တရာယ်ကင်း ယာဉ်မောင်း ဖြစ်မှာပါ။ ဒါပေမယ့် သင့်ပတ်၀န်း ကျင်ယာဉ်မောင်းကို ကြည့်ပါဦး။
သင်သာ မိုးရွာတဲ့နေ့ကို ယာဉ် မောင်းမယ်ဆိုရင် ယာဉ်တိုက်မှု အစဉ် အလာလျော့ကျစေရန် မိုးထဲသွားလာ မှုလျှော့ချပါ။ ယာဉ်မောင်း ခြင်းမပြုမီ ယာဉ်သွားလာမှု မှတ်တမ်းများအရ သင်သွားမယ့်လမ်း ရေလွှမ်းနေသ လား၊ ယာဉ်တိုက်မှုဖြစ်နေသလား၊ လမ်းပိတ်နေသလား စုံစမ်းစိစစ်ပါ။
မိုးရွာထဲ ယာဉ်မောင်းနှင်မှုကို ပိုမိုအ ထောက်အကူပြုမယ့် အန္တရာယ် ကင်း ရှင်းရေး အောက်ပါအချက် တချို့ကို ဖော်ပြရမယ်ဆိုရင် ......

(၁) ယာဉ်လမ်းကြောင်း (Freeway) တွင်စောင့်နေစဉ် ၎င်းင်း အပြင် (အစွန်) ဘက်လမ်းများ ရေ ၀ငလြာပှီဆိုရငြ အလယ်လမ်းကို ပြောင်းမောင်းပါ။

(၂) ရှေ့မီးကြီးဖွင့်ပါ။ ဒါမှ မိုး ရွာတဲ့နေ့များ၊ မြူကျတဲ့နေ့များမှာ အခြားယာဉ်မောင်းသင့်ကို ကောင်း ကောင်းမြင်ဖို့နဲ့ သင်ကောင်းကောင်း မြင်ဖို့ အကူအညီရပါမယ်။

(၃) ရှေ့ယာဉ်ဘရိတ်မီးကို စောင့်ကြည့်ဖို့နဲ့ မိုးရွာရင်နောက်လိုက် အကွာအဝေးတိုးမြှင့်ဖို့ (ရှေ့ယာဉ်ကို ခွာသွားဖို့) လိုပါမယ်။

(၄) အရှိန်လျှော့ပါ။ စွတ်စို နေတဲ့ရာသီဥတုမှာ ကားရပ်ရန် အတွက် ဘရိတ်နင်းရင် ရပ်တန့်မှု အကွာအဝေးပိုရှည်ပါမယ်။ ရေ ထုထည်များလေ သင်မြန်မြန်မောင်း ဖို့ ခက်ခဲလေဖြစ်ပါမယ်။

(၅) ရေဘယ်လောက်နက်နေ လဲ မမြင်ရဘူးဆိုရင် ဖြည်းဖြည်းဖြတ် မောင်းပါ။ သင်ထင်တာထက် ရေနက် နေရင် နောက်ပြန်ဆုတ်ပါ။

(၆) ရေအနက်ဘယ်လောက်ရှိ မှန်း မသိဘဲနဲ့ ရေစီးနေတဲ့နေရာကို ဖြတ်မမောင်းပါနဲ့။ သင့်ယာဉ်လမ်း ပေါ်ကနေ ရေစီးနောက်ပါသွားလိမ့် မယ်။

မိုးရာသီယာဉ်ပြုပြင်မှုလိုအပ် ချက်.....
(၁) မိုးရွာထဲစတင်မမောင်းမီ သင့်ရဲ့ ရေသုတ်တံ ဝိုက်ပါအဟောင်း တွေလဲပါ။ ဝိုက်ပါ (Wiper Blades) စျေးသက်သာပြီး အလွယ်တကူ တပ် ဆင်နိုင်ပါတယ်။

(၂) တာယာပန်းများ၊ ပန်း (၀.၃) မီလီမီတာသာကျန်ရင် အသစ် လဲပါ။ တာယာ၏သတ်မှတ်လေပေါင် ပြန်ဖြည့်ပါ။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်။

Auto gear ကားဖြင့်သင်ထားသင်ထား၊Manual gear ကားဖြင့်သင်ထားသင်ထား  အခြေခံ၊နည်းစနစ်ပုံစံအမှန်ဖြင့် သင်ထားနိုင်မှ ကားမောင်းရ...
07/07/2023

Auto gear ကားဖြင့်သင်ထားသင်ထား၊
Manual gear ကားဖြင့်သင်ထားသင်ထား အခြေခံ၊နည်းစနစ်ပုံစံအမှန်ဖြင့် သင်ထားနိုင်မှ ကားမောင်းရတာ လွယ်ကူရိုးရှင်းပြီး အန္တရာယ်ကင်းမှာပါ

ကားတစီးရဲ့ အခြေခံသဘောတရား လမ်းမပေါ်ရှိ လမ်းအယူအစ ကားမောင်းရင် ကားမောင်းသူရဲ့ ထားရှိရမည့်စိတ်အခြေခံတို့ကို တိကျသောသင်ရိုးဖြင့်
Nyein driving school မှသင်ကြားပေးပါတယ်။

2023 မှာ ကားမှန်သမျှ မောင်းတက်ထားမှ ဘယ်နေရာကိုပဲရောက်ရောက် လိုအပ်လာရင် လိုသလိုအသုံးချနိုင်မှာပါ💪

သင်တန်းအပ်လို့
✅2ယောက်တက်ရင် နောက်တစ်ယောက်အတွက်
#1သောင်းထပ်လျော့ပေးပါတယ်ခင်ဗျာ။

______________________________________
#အိမ်အကြိုအပို့အပါ #တစ်ဦးချင်းသီးသန့်သင်တန်းသာသင်ပေးပါတယ်။

💢၁ရက် ၁၂၀မိနစ် ၃ရက် အာမခံအတတ်သင်။
AUTO ပဲဖြစ်ဖြစ် MANUAL ပဲဖြစ်ဖြစ် ကြိုက်တာ ပြန်လည်လေ့ကျင့်နိုင်ပါတယ်။
✅(ကားမောင်းအတတ်ပဲနဲ့တော့ အခြေခံလေ့ကျင့် Package မယူသင့်ပါ။)
(ပါကင်ပြန်လည်လေ့ကျင့်၊မြို့ထဲလမ်းလေ့ကျင့်)

______________________________________
✅ပုံမှန်သင်တန်းကြေး အစီအစဉ်ဖြင့်အရမ်းတန်စေမယ့် လျှော့ဈေးနှုန်း များ ပြောင်းလဲသတ်မှတ်ပြီး Nyein driving school မှသင်ကြားပေးနေပါတယ် ခင်ဗျာ။

💢၁ရက် ၁၂၀မိနစ် ၇ရက် အာမခံအတတ်သင်။
(မြို့ထဲလမ်းတွေမှာ တစ်ဦးတည်းမောင်းရဲတဲ့အထိအာမခံအတတ်သင်ပေးပါတယ်။)

🚗AUTO ဂီယာ (၅ရက်)
🚗MANUAL ဂီယာ (၂ရက်) ဖြင့်
(၂)မျိုး စလုံး မောင်းတတ်သွားအောင် သင်ပေးပါတယ်။

💢အိမ်စီးကား ဖြင့် ၈ရက် အတတ်အာမခံသင်ပေးပါတယ်။
( အိမ်စီးကား အတွက် သင်မောင်းလိုင်စင်လက်ဆောင်ယူလိုက်ပါ။)
(မြို့ထဲလမ်းတွေမှာ တစ်ဦးတည်းမောင်းရဲတဲ့အထိအာမခံအတတ်သင်)

_______________________________________
💢 #သင်မောင်းလိုင်စင် သိီးသန့် ၂သောင်းကျပ်။
💢သင်တန်းအပ်ရင် သင်မောင်း လိုင်စင် FREE
💢လိုင်စင်၀န်ဆောင်မှုအမျိုးမျိုးလုပ်ပေးပါတယ်။
_______________________________________

#သင်တန်းအပ်ရန်
Viber ဖုန်း * 09 4210 70207
#သင်တန်းအပ်ရန်
ဖုန်း * 09 794848 276,09 7910 22721

🫶❤️သင်တန်းအပ်လျှင် လိုအပ်ချက်များ။
(၁)နံမည်
(၂)ဖုန်းနံပတ်
(၃)အိမ်ကြိုပို့လုပ်ရမယ့် နေရပ်လိပ်စာ အကြမ်းမျဉ်း

စသည့် (၃)ချက်ပဲ ပေးရပါတယ်ခင်ဗျာ။

#သင်တန်းကြေးပေးသွင်းရန်။
✅Kpay acc ဖြင့် %ပေးစရာမလိုပဲ အလွယ်တစ်ကူငွေပေးချေနိုင်ခြင်း။

________________________________________
#သင်တန်းရုံးခန်းနေရာ။
၃၁/၃၄၄ ဘုရင့်နောင်လမ်း(ကျောင်းလမ်း)ပင်လုံစီးတီးမောအနီး၊မြောက်ဒဂုံ၊ရန်ကုန်မြို့။
_________________________________________

#ရွှေပင်လုံစီးတီးမော

4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကိုကိုယ်စားပြုတာလဲ????2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမ...
17/05/2023

4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက
ဘာတွေကိုကိုယ်စားပြုတာလဲ????

2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိုရင်…

2H ဆိုတာ နောက်ဘီးနှစ်ဘီးယက်စနစ်ဖြစ်ပါတယ်။ သူက ပုံမှန်လမ်းတွေမှာ ပုံမှန် သွားစေပါတယ်။

4 H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး နှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။ ရာသီဥတုဆိုးဝါးချိန်မှာ ဆွဲအားညီမျှ စေဖို့သုံးတာပါ။

4HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။ပြောရရင် ရှေ့နောက်ဘီးတွေရဲ့လိမ်အားကို ၅၀% စီမျှတအောင် လုပ်ဆောင်စေတာပါ။

အထူးသတိပေးချင်တာက ကားရပ်ပြီးမှ ဒီMode ကို ချိန်းပေးရတာပါ။ ရွှံ့နွံ လမ်းကြမ်းတွေမှာသုံးတာပါ။

4LLC ကတော့ Low range Gear lock center ဖြစ်စေတာပါ။ သူ့ကိုသုံးရင်လဲကားရပ်ပြီးမှာ Gear mode ကို ချိန်းပေးရမှာပါ တောတွေတောင်ကုန်းငယ်တွေတက်တဲ့အခါသုံးပါတယ်။

နောက် ပုံမှန်ဂီယာမှာ

P ဆိုတာ ပါကင် ရပ်ထားတာပါ။
R ဆိုတာ နောက်ဆုတ်ခြင်းပါ။
N ဆိုတာ NEUTRAL ဂီယာပါ။
D ဆိုတာ DRIVE ရှေ့သို့မောင်းနှင်ခြင်းပါ။
+/- (သို့) M +/- ဆိုတာ အော်တိုမှမန်ငြူ ရယ် ချိန်းပြီး ကိုယ်တိုင် ဂီယာ အတိုး/အလျော့ လုပ်တာပါ။
=====================
မူရင်းရေးသားပြုစုသူအား
လေးစားစွာဖြင့် credit ပေးပါတယ်။

#ကားမောင်းသင်တန်း
#မြောက်ဒဂုံ
#လိုင်စင်
#အိမ်အရောက်
#ကား
#ငြိမ်း

🚘အိမ်ကကားတော့ မောင်းတက်နေပါပြီ  ယာဉ်မောင်းလိုင်စင်မရှိ‌သေးလို့ လိုင်စင်လုပ်ချင်တယ်…🏘️လိုင်စင်တော့ ရှိတယ် ‌ကားမမောင်းတက်လ...
16/05/2023

🚘အိမ်ကကားတော့ မောင်းတက်နေပါပြီ ယာဉ်မောင်းလိုင်စင်မရှိ‌သေးလို့ လိုင်စင်လုပ်ချင်တယ်…

🏘️လိုင်စင်တော့ ရှိတယ် ‌ကားမမောင်းတက်လို့ ကားမောင်းသင်ချင်တယ်.....

ယာဉ်မောင်းလိုင်စင်ဘဲလုပ်လုပ်
ကားမောင်းဘဲသင်သင် စိတ်ချရပြီး ယာဉ်မောင်းလိုင်စင် အတွက် အကောင်းမွန်ဆုံး ဝန်ဆောင်မှုတွေရှိတဲ့

Nyein ကားမောင်းသင်တန်း
ကို ဆက်လွယ်လိုက်တော့နော်။

တစ်ရက် 2နာရီဖြင့်
ကားမောင်းအတက်သင်ပေး‌ နေပါသည်။

အချိန်ကောင်းလေး‌ တွေကို စိတ်ကြိုက်‌ ရွေးပြီးကားမောင်း သင်လို့ရအောင်
09421070207
09794848015
ကို ဆက်သွယ် စာရင်းပေးသွင်းပြီး
သင်တန်းတက်လို့ရပါပြီ ခင်ဗျာ။

#ကားမောင်းသင်တန်း

#သင်တန်း

#အိမ်အရောက်

L ဂီယာ အသုံးပြုခြင်းအကြောင်း.......ကုန်းအတက်တစ်ခုကို ကားမောင်းတက်ရင်း အင်ဂျင်ထိုးရပ်သွားပြီး ကားက နောက်ပြန်လှိမ့်တော့မလိ...
15/05/2023

L ဂီယာ အသုံးပြုခြင်းအကြောင်း.......

ကုန်းအတက်တစ်ခုကို ကားမောင်းတက်ရင်း အင်ဂျင်ထိုးရပ်သွားပြီး ကားက နောက်ပြန်လှိမ့်တော့မလို ဖြစ်တတ်ပါတယ်။ အခုလို ဖြစ်ရတာ ကုန်းအတက်မှာ ထိုးထားတဲ့ ဂီယာရွေးချယ်မှု မှားယွင်းနေတာကြောင့် အင်ဂျင်က ကုန်းတက်ဖို့အတွက် လိုအပ်တဲ့ပါဝါ လုံလောက်အောင် ထုတ်မပေးနိုင်ရာမှ ဆက်မရုန်းနိုင်တော့တဲ့အတွက် ထိုးရပ်သွားတာ ဖြစ်နေတတ်ပါတယ်။ကားမောင်းလို့အဆင်ပြေအောင် ဂီယာတွေ အဆင့်ဆင့် ထည့်ပေးထားပြီး ဆီလျော်ရာ ဂီယာကို ရွေးချည်သုံးစွဲသွားရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် L ဂီယာကို ထည့်ပေးထားတယ်။ L ဂီယာက ကုန်းတက် နဲ့ ကုန်းဆင်း မောင်းနှင်တဲ့အခါ ရွေးချယ်သုံးစွဲဖို့ ဒီဇိုင်းလုပ်ထားတယ်။

အော်တိုဂီယာမှာ P Park,

R Reverse,

N Neutral,

D Drive,

L Low Gear စသည်ဖြင့် ရှိပါတယ်။

L ဆိုတာ မန်နူရယ်ဂီယာမှာ အသုံးပြုတဲ့ နံပါတ် ၁ နဲ့ ၂ ဂီယာကို ဆိုလိုပါတယ်။ အင်ဂျင်ရုန်းဖို့အတွက် ရည်ရွယ်ထားတဲ့ အနိမ့်ဂီယာ ဖြစ်ပါတယ်။ အင်ဂျင်မှာ လည်တဲ့ပတ်ရေ ပိုမြန်ဖို့ ဦးစားပေးတာရှိသလို အင်ဂျင်ရဲ့လှည့်အား ကောင်းဖို့ ဦးစားပေးတာလည်း ရှိတယ်။အမြင့်ဂီယာတွေမှာ အင်ဂျင်ကို လှည့အြားကောာငြးဖို့ထကြ လည်ပတ်နှုန်းမြန်မြန် လှည့်ပေးဖို့ကို ဦးစားပေးထားတယ်။ ကားက ပိုမြန်မြန် ပြေးတယ်။ အနိမ့်ဂီယာမှာတော့ အင်ဂျင်ကို အားပိုရဖို့ ဦးစားပေးတယ်။ လှည့်အား ပိုသန်မာနေစေတယ်။ ရုန်းအား ပိုကောင်းနေစေတယ်။ ကုန်းတက်ကုန်းဆင်းမှာ မောင်းနှင်ဖို့ အဆင်ပြေနေစေတယ်။ ချိုင့်ခွက်တွေများလို့ ကားကို ဖြည်းဖြည်း လှိမ့်နေရတဲ့အခါမျိုးမှာလည်း L ကို သုံးရမွာ ဖြစ်ပါတယ်။L ကို သုံးထားတဲ့အခါ အင်ဂျင်လှည့်အားကို ကောင်းနေစေပြီး အမြန်နှုန်းက လျော့ကျနေမယ်။ ဒီတော့ကုန်းဆင်းမှာ L ကို သုံးထားတဲ့အခါ ကားကိုအရှိန်မလွန်အောင် ဂီယာက ကူထိန်းပေးထားတယ်။ ကုန်းတက်မှာ L ကို သုံးထားတဲ့အခါ အင်ဂျင်လှည့်အား ကောင်းနေတဲ့အတွက် ရုန်းအား ကောင်းနေလို့ ကုန်းတက်ကို တက်ဖို့ ရုန်းနိုင်စေတယ်။

မူရင်းရေးသားသူအားcreditပေးပါသည်။
Photo Crd

🚘အော်တို ကားကို ‌ဘယ်လိုစမောင်းရလဲ........❗        💢ကားတော့မောင်းတက်တယ် လမ်းနှင့်ပတ်သက်လို့ အခြေခံဆိုတာ ဘာမှန်းမသိဘူး.......
14/05/2023

🚘အော်တို ကားကို ‌ဘယ်လိုစမောင်းရလဲ........❗

💢ကားတော့မောင်းတက်တယ် လမ်းနှင့်ပတ်သက်လို့ အခြေခံဆိုတာ ဘာမှန်းမသိဘူး.......❗

📣ကားနှင့်ပတ်သက်လို့ အခတ်အခဲ အားလုံးကို
အခြေခံကျကျ လွယ်ကူစွာ ကားမောင်းတက်ဖို့

Nyein
ကားမောင်းသင်တန်း မှ အခြေခံကျစွာ စနစ်တကျသင်ပေးနေပါပြီ💪

🚩ကြိုက်သည့်အချိန်ပြော စိတ်ကြိုက် ညှိနှိုင်းပြီး
ကားမောင်းအတက်သင်ဖို့
🚩တစ်ရက်ကို 2နာရီအချိန်ပေးယုံဖြင့်
🚩ယာဉ်/လမ်း စည်းကမ်း နှင့်အညီ အခြေခံကျစွာ ကားမောင်းသင်ဖို့

Nyein
ကားမောင်းသင်တန်း ရှိတယ်နော်။
(တစ်ဦးချင်းသီးသန့်၊အိမ်အရောက်)

🚘Auto Gear (သီးသန့်)
🚘Manual Gear (သီးသန့်)
🚘Auto Gear & Manual Gear (နှစ်မျိုးပေါင်း)
မိမိ ကြိုက်နှစ်သက်သည့် Gearအမျိုးအစားကို ရွေးချယ်တက်ရောက် သင်ယူနိုင်ပါတယ် ခင်ဗျာ။

ဆက်သွယ်ပြီးသင်ကြားမယ်ဆိုရင်

09 421070 207
09 794848 015
ဆက်သွယ်လိုက်နော်။

#ကားမောင်းသင်တန်း

#သင်တန်း

#အိမ်အရောက်

သာမိုစတက် မကောင်းတဲ့အခါ💥💥💥မော်တော်ကားအင်ဂျင် အအေးပေးစနစ်ရဲ့ coolant လမ်းကြောင်းကို သာမိုစတက် (Thermostat) ဖြင့် အဖွင့် အ...
14/05/2023

သာမိုစတက် မကောင်းတဲ့အခါ💥💥💥

မော်တော်ကားအင်ဂျင် အအေးပေးစနစ်ရဲ့ coolant လမ်းကြောင်းကို သာမိုစတက် (Thermostat) ဖြင့် အဖွင့် အပိတ် ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ အင်ဂျင်အပူချိန်အေးနေတဲ့အချိန်မှာ သာမိုစတက်ပိတ်နေပြီး အင်ဂျင်အပူချိန် မြင့်တက်နေစဉ်မှာ သာမိုစတက်က အင်ဂျင်ကူးလန့်လမ်းကြောင်းကို ဖွင့်ပေးတာဖြစ်ပါတယ်။ ဒီဆောင်းပါးမှာ သာမိုစတက် မကောင်းရင် သိနိူင်တဲ့ အချက်များနှင့်ပါတ်သက်ပြီး ဗဟုသုတအဖြစ် မျှဝေပေးချင်တာ ဖြစ်ပါတယ်။
၁) ဆူညံသံကြားရခြင်း – အင်ဂျင်နှိုးထားစဉ် ပုံမှန်မဟုတ်တဲ့ ဆူညံသံများ (ဥပမာ – နော့ကင်သံ၊ ရေဆူသံ စသည်)ကို အင်ဂျင်ထဲမှ ကြားနေရပြီဆိုရင်လည်း အင်ဂျင်ရပ်ပြီး ချက်ချင်းစစ်ဆေးသင့်ပါတယ်။ သာမိုစတက်ပိတ်နေတဲ့အခါ အင်ဂျင်အပူချိန်မြင့်တက်မှုဖြစ်စေပြီး ဆူညံသံတွေ ထွက်စေမှာဖြစ်ပါတယ်။
၂) အင်ဂျင်ကူးလန့်ယိုစိမ့်ခြင်း – သာမိုစတက်ပိတ်ခြင်းကြောင့် ကူးလန့်စီးဆင်းမှုမကောင်းမွန်တဲ့အပြင် အတွင်းဖိအားများခြင်းကြောင့် ရေပိုက်အက်ခြင်း၊ ရေပြန်ဗူးရေအန်ခြင်းကိုဖြစ်စေကာ အင်ဂျင်ကူးလန့် ယိုစိမ့်စေပါတယ်။ အင်ဂျင်ကူးလန့်ယိုစိမ့်မှုဖြစ်တယ်ဆိုရင်တော့ အမြန်စစ်ဆေးပြုပြင်သင့်ပြီး စစ်ဆေးပြုပြင်မှုမပြုလုပ်ပါက အင်ဂျင်ကူးလန့်ကုန်ခမ်းကာ အင်ဂျင်အပူလွန်ကဲစေနိူင်ပါတယ်။
၃) ဟီတာအလုပ်မလုပ်ခြင်း – သာမိုစတက်က အင်ဂျင်အပူချိန်ပေါ်မူတည်ကာ အပိတ် အဖွင့်ပြုလုပ်ပေးရမှာဖြစ်ပြီး သာမိုစတက်ပိတ်နေခြင်း (သို့မဟုတ်) သာမိုစတက်ပွင့်နေခြင်းပြစ်ချက်ကြောင့် ဟီတာအလုပ်မလုပ်ဘဲ အဲကွန်းဖွင့်ထားချိန်မှာလည်း အပူချိန်ပြောင်းလဲမှု ဖြစ်စေမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ သာမိုစတက်ကို စစ်ဆေးသင့်ပါတယ်။
၄) heat မီးလင်းခြင်း (သို့) heat ဂိတ်တက်နေခြင်း – ကားရဲ့ဒိုင်ခွက်မှာ ကားအင်ဂျင်အပူချိန်ကို ကားမောင်းနှင်သူသိရှိအောင် ဖော်ပြပေးနေတဲ့ ဟိဂိတ် (သို့မဟုတ်) ဟိမီး (Engine Heat Warming Light) ပါဝင်ပါတယ်။ သာမိုစတက်ပိတ်နေတဲ့အခါ အင်ဂျင်အပူလွန်ကဲမှုဖြစ်ပြီး ဟိမီးလင်းခြင်း (သို့) ဟိဂိတ်အဆုံးထိတက်ခြင်းတို့ ဖြစ်နိူင်ပါတယ် (ဟိဂိတ်က ပုံမှန်ဆိုရင် တဝက်ခန့်သာ ဖော်ပြပါတယ်)။ ဒါဆိုရင်တော့ သာမိုစတက်ကို စစ်ဆေးသင့်နေပါပြီ။
အထက်ပါအချက်များကတော့ သာမိုစတက်မကောင်းတဲ့အခါ ကြုံတွေ့ရနိူင်တဲ့ ပြစ်ချက်တွေဘဲဖြစ်ပါတယ်။ တချို့မိတ်ဆွေများက သာမိုစတက်ကို ဖြုတ်ထားကြပါတယ်။ သာမိုစတက်ဖြုတ်ထားတဲ့အခါ အင်ဂျင်အိုဗာဟိ မဖြစ်စေသော်လည်း ဆီစားများခြင်း၊ အင်ဂျက်တာသက်တမ်းတိုခြင်း၊ ပလပ်များ လျှင်မြန်စွာ ပျက်စီးစေခြင်း၊ ကျောက်ဇကာပျက်စီးစေခြင်းတို့ကို ဖြစ်စေပါတယ်။ ဒါကြောင့် ကားထုတ်လုပ်သူများက လိုအပ်တဲ့အတွက် ဒီဇိုင်းပြုလုပ်ထည့်သွင်းပေးထားတဲ့ သာမိုစတက်ကို မဖြုတ်သင့်ဘဲ ပျက်စီးနေပါက အသစ်တပ်ဆင်အသုံးပြုသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မူးရင်းရေးသားသူကို လေးစားလျက်credit
ပေးပါတယ်

Auto gear ကားဖြင့်သင်ထားသင်ထား၊Manual gear ကားဖြင့်သင်ထားသင်ထား  အခြေခံ၊နည်းစနစ်ပုံစံအမှန်ဖြင့် သင်ထားနိုင်မှ ကားမောင်းရ...
13/05/2023

Auto gear ကားဖြင့်သင်ထားသင်ထား၊
Manual gear ကားဖြင့်သင်ထားသင်ထား အခြေခံ၊နည်းစနစ်ပုံစံအမှန်ဖြင့် သင်ထားနိုင်မှ ကားမောင်းရတာ လွယ်ကူရိုးရှင်းပြီး အန္တရာယ်ကင်းမှာပါ

ကားတစီးရဲ့ အခြေခံသဘောတရား လမ်းမပေါ်ရှိ လမ်းအယူအစ ကားမောင်းရင် ကားမောင်းသူရဲ့ ထားရှိရမည့်စိတ်အခြေခံတို့ကို တိကျသောသင်ရိုးဖြင့်
Nyein driving school မှသင်ကြားပေးပါတယ်။

2023 မှာ ကားမှန်သမျှ မောင်းတက်ထားမှ ဘယ်နေရာကိုပဲရောက်ရောက် လိုအပ်လာရင် လိုသလိုအသုံးချနိုင်မှာပါ💪

သင်တန်းအပ်လို့
✅2ယောက်တက်ရင် နောက်တစ်ယောက်အတွက်
#1သောင်းထပ်လျော့ပေးပါတယ်ခင်ဗျာ။

______________________________________
#အိမ်အကြိုအပို့အပါ #တစ်ဦးချင်းသီးသန့်သင်တန်းသာသင်ပေးပါတယ်။

💢၁ရက် ၁၂၀မိနစ် ၃ရက် အာမခံအတတ်သင်။
AUTO ပဲဖြစ်ဖြစ် MANUAL ပဲဖြစ်ဖြစ် ကြိုက်တာ ပြန်လည်လေ့ကျင့်နိုင်ပါတယ်။
✅(ကားမောင်းအတတ်ပဲနဲ့တော့ အခြေခံလေ့ကျင့် Package မယူသင့်ပါ။)
(ပါကင်ပြန်လည်လေ့ကျင့်၊မြို့ထဲလမ်းလေ့ကျင့်)

______________________________________
✅ပုံမှန်သင်တန်းကြေး အစီအစဉ်ဖြင့်အရမ်းတန်စေမယ့် လျှော့ဈေးနှုန်း များ ပြောင်းလဲသတ်မှတ်ပြီး Nyein driving school မှသင်ကြားပေးနေပါတယ် ခင်ဗျာ။

💢၁ရက် ၁၂၀မိနစ် ၇ရက် အာမခံအတတ်သင်။
(မြို့ထဲလမ်းတွေမှာ တစ်ဦးတည်းမောင်းရဲတဲ့အထိအာမခံအတတ်သင်ပေးပါတယ်။)

🚗AUTO ဂီယာ (၅ရက်)
🚗MANUAL ဂီယာ (၂ရက်) ဖြင့်
(၂)မျိုး စလုံး မောင်းတတ်သွားအောင် သင်ပေးပါတယ်။

💢အိမ်စီးကား ဖြင့် ၈ရက် အတတ်အာမခံသင်ပေးပါတယ်။
( အိမ်စီးကား အတွက် သင်မောင်းလိုင်စင်လက်ဆောင်ယူလိုက်ပါ။)
(မြို့ထဲလမ်းတွေမှာ တစ်ဦးတည်းမောင်းရဲတဲ့အထိအာမခံအတတ်သင်)

_______________________________________
💢 #သင်မောင်းလိုင်စင် သိီးသန့် ၂သောင်းကျပ်။
💢သင်တန်းအပ်ရင် သင်မောင်း လိုင်စင် FREE
💢လိုင်စင်၀န်ဆောင်မှုအမျိုးမျိုးလုပ်ပေးပါတယ်။
_______________________________________

#သင်တန်းအပ်ရန်
Viber ဖုန်း * 09 4210 70207
#သင်တန်းအပ်ရန်
ဖုန်း * 09 794848 276,09 7910 22721

🫶❤️သင်တန်းအပ်လျှင် လိုအပ်ချက်များ။
(၁)နံမည်
(၂)ဖုန်းနံပတ်
(၃)အိမ်ကြိုပို့လုပ်ရမယ့် နေရပ်လိပ်စာ အကြမ်းမျဉ်း

စသည့် (၃)ချက်ပဲ ပေးရပါတယ်ခင်ဗျာ။

#သင်တန်းကြေးပေးသွင်းရန်။
✅Kpay acc ဖြင့် %ပေးစရာမလိုပဲ အလွယ်တစ်ကူငွေပေးချေနိုင်ခြင်း။
✅ငွေသားတစ်၀က်စီခွဲပြီး ပေးခြေနိုင်ခြင်း။
(ပထမရက် ၁သိန်းနှင့် လိုင်စင်အတွက်သွင်းငွေ)
(တတိယရက် ကျန်ငွေ ပေးသွင်းရပါမယ်နော်)

________________________________________
#သင်တန်းရုံးခန်းနေရာ။
၃၁/၃၄၄ ဘုရင့်နောင်လမ်း(ကျောင်းလမ်း)ပင်လုံစီးတီးမောအနီး၊မြောက်ဒဂုံ၊ရန်ကုန်မြို့။
_________________________________________

#ရွှေပင်လုံစီးတီးမော

အော်တိုဂီယာ၏ O/D ခလုတ် အကြောင်း ၊ အသုံးပြုပုံ  🤩🤩🤩========================🎀 O/D ခလုတ် ဆိုတာ over drive မမောင်းချင်ရင် ပိ...
11/05/2023

အော်တိုဂီယာ၏ O/D ခလုတ် အကြောင်း ၊ အသုံးပြုပုံ 🤩🤩🤩
========================

🎀 O/D ခလုတ် ဆိုတာ over drive မမောင်းချင်ရင် ပိတ်လို့ရအောင် off ခလုတ် တပ်ဆင်ပေးထားတာပါ။
ကားတိုင်းတော့ မပါ ပါဘူး ။

⚡ over drive ဆိုတာ ကတော့ အင်ဂျင်ရုန်းအားကို လျှော့ချပီး အမြန်နှုန်းကို မြင့်စေသောကြောင့် ဆီစားသက်သာမယ်
အင်ဂျင် သက်သာမယ်
ဆူညံမှု နည်းမယ်
ခရီး ရောက်မယ်
(ရိုးရိုးဂီယာ ဆို နံပါတ် ၅ နဲ့ မောင်းနေသလိုပေါ့)

☑ O/D နှိပ်ထားရင် ထူးခြားမှု

⚡ O/D off ဆိုတဲ့ မီးဝါလေး လင်းလာပါမယ်။
Over drive မဖြစ်စေအောင် စတင်အလုပ် လုပ်နေပါပီ ။

🎀 ဥပမာ
D နဲ့ မောင်းနေသော်လည်း D တာဝန် ကို အပြည့်မလုပ်ဘဲ နောက်ဆုံး ဂီယာ တစ်ချက် မဝင်ဘဲ သွားနေမှာပါ။
လီဘာနင်းရင် အထ သွက်မယ်… ဘာကြောင့်ဆိုတော့ ပုံမှန် အင်္ဂျင်အပတ်ရေထက် နောက်ကျပြီးမှ ဂီယာချိန်းလို့ပါ။ အရှိန်အမြင့်ဆုံးဂီယာ တစ်ချက်မဝင်ပါဘူး...
(ရိုးရိုးဂီယာ ဆို လီဘာ ကုန်နင်းပီးမှ ဂီယာ ချိန်းသလိုပေါ့)

☑ O/D off ကို ဘယ်အချိန်သုံးမလဲ ?

• တောင်တက် တောင်ဆင်းလမ်းတွေ
• လမ်းချောနေချိန် (မိုးများ နှင်းကျချိန်)
• ကီလို ၆၀ ဝန်းကျင် ကားကျော်တက်ချိန်

⛔ O/D off ကို တောင် အတက်ဆင်းလမ်းများတွင် အသုံးပြုရခြင်းမှာ O/D မပိတ်ဘဲ D ဖြင့် ပုံမှန်မောင်းနေပါက ဂီယာဘောက်အတွင်းမှာ ဂီယာ ခဏခဏ ချိန်းရသဖြင့် ဆီပူလာပြီး ကလပ်ပလိတ် နာကာ ဂီယာပျက်စီးတတ်ပါတယ် ။

♡ လမ်းချောချိန်၊တောင်အတက်ဆင်း တွေမှာ အရှိန်လွန် မောင်းနှင်မူမဖြစ်တော့ပါ ။

♡ လမ်းကောင်း၍မြေပြန့်၌သုံးရင် ဂီယာ တစ်ချက်ကျန်နေသောကြောင့် ဆီစားမယ်၊
(ရိုးရိုး ဂီယာ ဆို နံပါတ် ၅ မချိန်းဘဲ ၄ နဲ့ ပေမောင်းနေသလိုပေါ့)

♡ ကြာကြာမောင်းရင်
အင်ဂျင်ကိုလည်း ထိခိုက်စေပါတယ်။

☑ မလိုအပ်ဘဲ O/D off မီးဝါလေး မလင်းထားပါနဲ့

❌အရှိန်အလွန်များနေချိန် ဂီယာဒေါင်းတဲ့ ခလုတ် မဟုတ်ပါ။
O/D အလုပ် လုပ်ပုံ နားလည်သွားရင် အဆင်ပြေပြီ။
Credit》》Doctor Toe 🙏🏻

[Unicode]
O/D ခလုတ် ဆိုတာဘာလဲ?
🚨🚨🚨🚨🚨

Credit》》ဒေါက်တာတိုး 🙏🏻

ကားတွေ‌မှာ နေရောင်ကာစတစ်ကာဘယ်လောက်% ကပ်ရမလဲ***********************************၆၀ ၄၀ ဆိုတာ ဘယ်လိုလဲမြင်နိုင်စွမ်း ၆၀  မမြ...
18/04/2023

ကားတွေ‌မှာ နေရောင်ကာ
စတစ်ကာဘယ်လောက်% ကပ်ရမလဲ
***********************************
၆၀ ၄၀ ဆိုတာ ဘယ်လိုလဲ

မြင်နိုင်စွမ်း ၆၀ မမြင်နိုင်စွမ်း ၄၀ လို့ပြောတာပါ
ပိုပြီးနားလည်အောင်ထပ်ရှင်းပြရရင်
မြင်နိုင်စွမ်း ၆၀ ဆိုတာ ကားထဲမှာရှိတဲ့
လူ၊ အရာဝတ္ထုစသည်တို့ကို ၆၀ ရာခိုင်နှုန်း
ကောင်းစွားမြင်ရခြင်းကိုဆိုလိုပါတယ်
မမြင်နိုင်စွမ်း ၄၀ ဆိုတာကတော့
ကားထဲမှာရှိတဲ့ လူ၊ အရာဝတ္ထုစသည်တို့ကို
၄၀ ရာခိုင်နှုန်းမမြင်ရခြင်းကိုဆိုလိုပါတယ်
မြင်နိုင်စွမ်း ၆၀% မမြင်နိုင်စွမ်း ၄၀% ဆိုတာ
အဲ့ဒီလိုအဓိပပွါယ်ပါ
ဒါက #ကိုယ်ပိုင်ယာဉ်တွေအတွက်ပါ။

Taxi ယာဉ်များအားလုံးကတော့
နေရောင်ခံ စတစ်ကာ
လုံးဝ ကပ်ခွင့်မရှိပါခင်ဗျာ။😔😔
၂၀၂၀ နည်း ၂၇၃(ဂ)

မှတ်ချက်။
ကိုယ့်ညီအကိုမောင်နှမတွေ
နားလည်စေချင်၍ တင်ပေးခြင်းပါခင်ဗျာ။

Credit to နေမျိုးသူရ

22/02/2023

2023 မှာ ကားမှန်သမျှ မောင်းတက်ထားမှ ဘယ်နေရာကိုပဲရောက်ရောက် လိုအပ်လာရင် လိုသလိုအသုံးချနိုင်မှာပါ💪

Auto gear ကားဖြင့်သင်ထားသင်ထား၊
Manual gear ကားဖြင့်သင်ထားသင်ထား အခြေခံ၊နည်းစနစ်ပုံစံအမှန်ဖြင့် သင်ထားနိုင်မှ ကားမောင်းရတာ လွယ်ကူရိုးရှင်းပြီး အန္တရာယ်ကင်းမှာပါ

ကားတစီးရဲ့ အခြေခံသဘောတရား လမ်းမပေါ်ရှိ လမ်းအယူအစ ကားမောင်းရင် ကားမောင်းသူရဲ့ ထားရှိရမည့်စိတ်အခြေခံတို့ကို တိကျသောသင်ရိုးဖြင့်
Nyein driving school မှသင်ကြားပေးပါတယ်။

ဇန်နဝါရီလမှ စတင်ပြီး သင်တန်းအပ်တဲ့အခါ (၂သောင်းကျပ်တန်) သင်မောင်းလိုင်စင် FREE ရယူလိုက်ပါ။

သင်တန်းအပ်လို့
✅2ယောက်တက်ရင် နောက်တစ်ယောက်အတွက်
#1သောင်းထပ်လျော့ပေးပါတယ်ခင်ဗျာ။

______________________________________
#အိမ်အကြိုအပို့အပါ #တစ်ဦးချင်းသီးသန့်သင်တန်းသာသင်ပေးပါတယ်။

💢၁ရက် ၁၂၀မိနစ် ၃ရက် အာမခံအတတ်သင်။
AUTO ပဲဖြစ်ဖြစ် MANUAL ပဲဖြစ်ဖြစ် ကြိုက်တာ ပြန်လည်လေ့ကျင့်နိုင်ပါတယ်။
✅(ကားမောင်းအတတ်ပဲနဲ့တော့ အခြေခံလေ့ကျင့် Package မယူသင့်ပါ။)
(ပါကင်ပြန်လည်လေ့ကျင့်၊မြို့ထဲလမ်းလေ့ကျင့်)

______________________________________
✅ပုံမှန်သင်တန်းကြေး အစီအစဉ်ဖြင့်အရမ်းတန်စေမယ့် လျှော့ဈေးနှုန်း များ ပြောင်းလဲသတ်မှတ်ပြီး Nyein driving school မှသင်ကြားပေးနေပါတယ် ခင်ဗျာ။

💢၁ရက် ၁၂၀မိနစ် ၇ရက် အာမခံအတတ်သင်။
(မြို့ထဲလမ်းတွေမှာ တစ်ဦးတည်းမောင်းရဲတဲ့အထိအာမခံအတတ်သင်ပေးပါတယ်။)
🚗AUTO ဂီယာ (၅ရက်)
🚗MANUAL ဂီယာ (၂ရက်) ဖြင့်
(၂)မျိုး စလုံး မောင်းတတ်သွားအောင် သင်ပေးပါတယ်။

💢အိမ်စီးကား ဖြင့် ၈ရက် အတတ်အာမခံသင်ပေးပါတယ်။
( အိမ်စီးကား အတွက် သင်မောင်းလိုင်စင်လက်ဆောင်ယူလိုက်ပါ။)
(မြို့ထဲလမ်းတွေမှာ တစ်ဦးတည်းမောင်းရဲတဲ့အထိအာမခံအတတ်သင်)

_______________________________________
💢 #သင်မောင်းလိုင်စင် သိီးသန့် ၂သောင်းကျပ်။
💢သင်တန်းအပ်ရင် သင်မောင်း လိုင်စင် FREE
💢လိုင်စင်၀န်ဆောင်မှုအမျိုးမျိုးလုပ်ပေးပါတယ်။
_______________________________________

#သင်တန်းအပ်ရန်
Viber ဖုန်း * 09 4210 70207
#သင်တန်းအပ်ရန်
ဖုန်း * 09 794848 276,09 7910 22721

🫶❤️သင်တန်းအပ်လျှင် လိုအပ်ချက်များ။
(၁)နံမည်
(၂)ဖုန်းနံပတ်
(၃)အိမ်ကြိုပို့လုပ်ရမယ့် နေရပ်လိပ်စာ အကြမ်းမျဉ်း

စသည့် (၃)ချက်ပဲ ပေးရပါတယ်ခင်ဗျာ။

#သင်တန်းကြေးပေးသွင်းရန်။
✅Kpay acc ဖြင့် %ပေးစရာမလိုပဲ အလွယ်တစ်ကူငွေပေးချေနိုင်ခြင်း။
✅ငွေသားတစ်၀က်စီခွဲပြီး ပေးခြေနိုင်ခြင်း။
(ပထမရက် ၁သိန်းနှင့် လိုင်စင်အတွက်သွင်းငွေ)
(တတိယရက် ကျန်ငွေ ပေးသွင်းရပါမယ်နော်)

________________________________________
#သင်တန်းရုံးခန်းနေရာ။
၃၁/၃၄၄ ဘုရင့်နောင်လမ်း(ကျောင်းလမ်း)ပင်လုံစီးတီးမောအနီး၊မြောက်ဒဂုံ၊ရန်ကုန်မြို့။
_________________________________________

#ရွှေပင်လုံစီးတီးမော

Home Driving Training in Yangon Township. You can attend any gender .Home delivery service available

Address

Northdagon
Yangon

Alerts

Be the first to know and let us send you an email when Nyein Driving School posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nyein Driving School:

Share

Category