24/05/2025
လူတယောက်ပြောင်းလဲဖို့ ဘာတွေလိုအပ်သလဲ?
ဘာတွေကအဓိကကျလဲ ?
ဘာတွေကို ဦးစားပေးလုပ်ဆောင်ရမလဲ?
မပြောင်းလဲဘဲနေရင်ရော ဘာတွေဖြစ်လာနိုင်မလဲ?
ပြောင်းလဲလိုက်ရင်ရော ဘာတွေဖြစ်လာနိုင်မလဲ ?
ဒါတွေကိုအဖြေရှာဖို့က ရိုးရှင်းတဲ့အဖြေတခုဘဲရှိပါတယ် ရိုးရှင်းသလောက်လည်း လုပ်ဆောင်ရတာ ခက်ခဲပါတယ် ကမ္ဘာပေါ်မှာ ရှိသမျှ လူသားအားလုံးရဲ့ အခြေခံ လုပ်ဆောင်မှုတိုင်းဟာ ရိုးရှင်းတဲ့ အရာတခုပေါ်မှာဘဲ မူတည်နေပါတယ် အဲ့တာကတော့ "စိတ်" ပါ တည်ငြိမ်နေတဲ့ လုပ်ဆောင်ချက်တွေ ရှုပ်ထွေးနေတဲ့ အပြုအမှူတွေ ဘာတခုကိုမှ လုပ်ကိုင်လိုခြင်းမရှိတာတွေအားလုံးဟာ အဲ့ဒီ စိတ် ဆိုတဲ့ နတ်ဘုရား သခင် က တဆင့်ညွှန်ကြား လုပ်ဆောင်နေခြင်းတွေဖြစ်တယ်။ အရာရာကို လွမ်းမိုးနိုင်သူဟာ ဘုရားသခင်လား ? တရားရှင်လား ? ဒါမှမဟုတ် ကိုယ်ယုံကြည်ထားတဲ့ အစွဲအလမ်းတခုလား ? ဘာတွေက ကိုယ့်ကိုလွမ်းမိုးထားတာလဲ?
အမှန်တကယ် လူတွေကို အားလုံးကို လွှမ်းမိုးထားတာ သူတို့ရဲ့ အတွေးခေါ်တွေ အယူအဆတွေ ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်တွေထဲက ရိုက်သွင်းပေးလိုက်တယ့် အသိပညာ အတက်ပညာတွေ အားလုံးကို ခြုံငုံ သုံးသပ်ရရင် မသိတဲ့အရာတွေ သိတဲ့အရာတွေ အားလုံးကို ရောထွေးထားတဲ့ "စိတ်" ကသာလျှင် အခရာ ဖြစ်ပီး ထို "စိတ်" ကဘဲ အရာအားလုံးကိုလွှမ်းမိုးထား တာဘဲဖြစ်တယ်။ "စိတ်" ကိုထိန်းချုပ်နိုင်သူတွေဟာ လောကမှာ နေရာကြီးကြီးမားမားတွေကို ပိုင်ဆိုင်၊ ဆုံးဖြတ်ချက်ကြီးကြီးမားမား တွေကို ဆုံးဖြတ် ပေးရသူ လူတွေထဲကလူ တဦးတယောက်ဖြစ်ပေမယ့် ထူးခြား ကွဲပြားနေတဲ့ လူတယောက် ပုံစံအဖြစ် မြင်တွေ့နေရတာဖြစ်တယ် လောကကို အလင်းဆောင်ကြဉ်းသူတွေအားလုံးဟာ စိတ်ထိန်းချုပ်နည်းများစွာကို မျှဝေပေးခဲ့ပါတယ် ဒီထဲကမှ အလွယ်ကူဆုံး အထောက်အကူဖြစ်ဆုံး နည်းလမ်းလေးတွေ မျှဝေ ပေးလိုပါတယ်
ပုံမှန်နေ့လေးတွေထက် တိုးတက်ပြောင်းလဲလာတဲ့ နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ဖို့ ရည်ရွယ်ခြင်းဖြင့် ဒီ page လေးအား တည်ထောင်လိုက်ပါသည်။
follow for upcoming