King Long Myanmar

  • Home
  • King Long Myanmar
Call Directions Website Contact the business

King Long Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from King Long Myanmar, Car dealership, .

သင့်ကားကို ပုံမှန်စစ်ဆေးဖြစ်ရဲ့လား ❓သင်ဟာကားချစ်မြတ်နိုးသူတစ်ယောက်ဆိုရင်တော့ ပြဿနာဖြစ်မှ ပြင်ဆင်တာမျိုးမဟုတ်ပဲ သင့်ကားကိ...
22/07/2024

သင့်ကားကို ပုံမှန်စစ်ဆေးဖြစ်ရဲ့လား ❓
သင်ဟာကားချစ်မြတ်နိုးသူတစ်ယောက်ဆိုရင်တော့ ပြဿနာဖြစ်မှ ပြင်ဆင်တာမျိုးမဟုတ်ပဲ သင့်ကားကို ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။
ပုံမှန်စစ်ဆေးနေကျ ကားတစ်စီးက ပြဿနာဖြစ်မှ ပြင်ဆင်တဲ့ ကားတစ်စီးထက် ပြင်ဆင်စရိတ်နှုန်း သိသိသာသာ သက်သာလေ့ရှိတာကြောင့် သင့်ကားရဲ့ လိုအပ်တဲ့နေရာတွေကို 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐂𝐡𝐞𝐜𝐤 လုပ်ဖို့ပဲဖြစ်ဖြစ်၊ 𝐂𝐨𝐦𝐩𝐮𝐭𝐞𝐫 ထိုးစစ်ဆေးဖို့ပဲဖြစ်ဖြစ် တိကျတဲ့ ရလဒ်တစ်ခုကို ရရှိဖို့အတွက် စစ်ဆေးလုပ်ဆောင်သင့်ပါတယ်။ ဒါမှသာ ပုံမှန်ထက်ပိုတဲ့ ကုန်ကျစရိတ်ကို လျော့ချနိုင်မှာပါ။
ကဲ လူကြီးမင်းတို့ရော ကားကို ပုံမှန်စစ်ဆေးဖြစ်ရဲ့လား???

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ် အခါသမယဖြစ်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ဗုဒ္ဓဘာသာဝင်အပေါင်း စိတ်၏ချမ်းသာ...
20/07/2024

ဗုဒ္ဓဘာသာဝင်တို့ရဲ့ နေ့ထူးနေ့မြတ် အခါသမယဖြစ်သော ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)တွင် ဗုဒ္ဓဘာသာဝင်အပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပြီး ကပ်ကြီးသုံးပါးမှကင်းဝေးပါစေကြောင်း 𝐊𝐢𝐧𝐠 𝐋𝐨𝐧𝐠 𝐌𝐲𝐚𝐧𝐦𝐚𝐫မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။

"၁၉ ဇူလိုင် မမေ့နိုင်"၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့သည် (၇၇) ကြိမ်မြောက် အာဇာနည်နေ့ဖြစ်သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင...
19/07/2024

"၁၉ ဇူလိုင် မမေ့နိုင်"
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့သည် (၇၇) ကြိမ်မြောက် အာဇာနည်နေ့ဖြစ်သည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးသွားပြီးသော အာဇာနည်ခေါင်းဆောင်များအားလုံးကို 𝐊𝐢𝐧𝐠 𝐋𝐨𝐧𝐠 𝐌𝐲𝐚𝐧𝐦𝐚𝐫မှ အောက်မေ့သတိရလေးစားစွာဖြင့် ဦးညွှတ်ဂါရဝပြုလိုက်ရပါသည်။

#𝐊𝐢𝐧𝐠𝐋𝐨𝐧𝐠𝐌𝐲𝐚𝐧𝐦𝐚𝐫 #𝐒𝐮𝐩𝐞𝐫𝐬𝐞𝐯𝐞𝐧𝐬𝐭𝐚𝐫𝐬
#𝟏𝟗𝐉𝐮𝐥𝐲 #𝐌𝐚𝐫𝐭𝐲𝐫𝐬’𝐃𝐚𝐲

မိုးရာသီဟာ ကားမောင်းသူတွေအတွက် လမ်းမပေါ်က စိုစွတ်မှုကြောင့်  သိပ်ကို အန္တရာယ်များတဲ့ကာလဖြစ်ပြီး မောင်းနှင်ရာမှာ ပိုပြီးသ...
08/07/2024

မိုးရာသီဟာ ကားမောင်းသူတွေအတွက် လမ်းမပေါ်က စိုစွတ်မှုကြောင့် သိပ်ကို အန္တရာယ်များတဲ့ကာလဖြစ်ပြီး မောင်းနှင်ရာမှာ ပိုပြီးသတိကြီးစွာထားရပါတယ်။ မိုးရာသီမှာအန္တရာယ်ကင်းကင်းနဲ့မောင်းနှင်နိုင်ဖို့ ကားမောင်းသူများအနေနဲ့ ဂရုစိုက်သင့်တဲ့အချက်များကို မျှဝေပေးသွားမှာဖြစ်ပါတယ်ရှင်။
၁။ မိုးသည်းထန်ရွာသွန်းချိန်တွင် မြင်ကွင်းမှုန်ဝါးတာ၊ စိုစွတ်မှုကြောင့် လမ်းချော်တာ၊ ကားအစိတ်အပိုင်းများ ချို့ယွင်းမှုများဖြစ်ပေါ်တတ်တာကြောင့် အရေးကြီးသည့် ခရီးစဉ်မဟုတ်ပါက ရာသီဥတုပိုမိုကောင်းမွန်လာသည်အထိ စောင့်ဆိုင်းသင့်ပါတယ်။
၂။ မိုးရွာသီမှာ ကားမောင်းတဲ့အခါ မြင်ကွင်းရှင်းလင်းဖို့ အတွက် 𝐖𝐢𝐩𝐞𝐫 တွေကို ဂရုတစိုက်စစ်ဆေး သန်ရှင်းပေးသင့်ပါတယ်။ ဒါ့အပြင် စိုစွတ်တဲ့ လမ်းတွေပေါ်မှာ မောင်းနှင်တဲ့အခါ လမ်းချော်တာ၊ ဘရိတ်နင်းရင် လျှောထွက်တာမျိုး၊ အရှိန်မထိန်းနိုင်တာမျိုးတွေ မဖြစ်အောင် သင့်ကားရဲ့ တာယာများကို အနည်းဆုံး နှစ်ကြိမ် စစ်ဆေးသင့်ပါတယ်။ တာယာပန်းတွေပါးနေပြီဆိုရင်‌တော့ တာယာအသစ်လဲဖို့အတွက် အကြံပေးချင်ပါတယ်။
၃။ မိုးသည်းထန်စွာ ရွာနေချိန်တွင် ကားမောင်းနှင်နေပါက တင်ထားတဲ့ အမြန်နှုန်းကို လိုက်နာသင့်ပြီး ပုံမှန်ထက်မနှေးဘဲ မောင်းနှင်သင့်ပါတယ်။ သင့်ကားရဲ့ တုံ့ပြန်မှုဟာ သာမာန်ထက် ပိုနှေးကွေးတာကြောင့် တတ်နိုင်သ၍ ဘရိတ်နင်းခြင်းကို မပြုလုပ်ဘဲ အရှိန်လျှော့ရန် လီဗာ (𝐋𝐞𝐯𝐞𝐫) နင်းထားတဲ့ ခြေထောက်ကိုသာ ဖြည်းဖြည်းချင်း လွှတ်သင့်ပါတယ်။
၄။ ရှေ့မီးကြီးဖွင့်ပါ။ ဒါမှသာ မိုးရွာတဲ့နေများမှာ အခြားယာဉ်မောင်းများက သင့်ကားကို ရှင်းလင်းစွာ မြင်ရမှာဖြစ်ပြီး သင့်ကိုယ်ပိုင်မြင်ကွင်းကိုလည်း ရှင်းလင်းစေမှာဖြစ်ပါတယ်။
၅။ သင်နှင့် ရှေ့ကား အကြား သင့်လျော်တဲ့ နောက်လိုက်အကွာအဝေးမှသာ မောင်းနှင်သင့်ပါတယ်။ ဒါ့အပြင် စွတ်စိုတဲ့ရာသီဥတုမှာ ကားရပ်ဖို့အတွက် ဘရိတ်နင်းရင် ရပ်တန့်မှုအကွာအဝေးပိုရှည်တာကြောင့် ခပ်လှမ်းလှမ်း အကွာအဝေးမှ မောင်းနှင်မှသာ ရှေ့ကားရဲ့ ဘရိတ်မီးကို စောင့်ကြည့်ဖို့အတွက် အဆင်ပြေမှာဖြစ်ပါတယ်။
၆။ ရေဝပ်နေသောနေရာများကို တတ်နိုင်သမျှ ရှောင်ရှားပြီး မောင်းနှင်သင့်ပါတယ်။ ရေဝပ်နေတဲ့နေရာတွေကို ဖြတ်ကျော်တဲ့အခါ သင့်ကားကို ပိုမိုလှုပ်ရမ်းစေနိုင်တာကြောင့် ရှောင်ရှားမောင်းနှင်သင့်ပါတယ်။
ဒီအချက်တွေကို လိုက်နာခြင်းအားဖြင့် ကားချစ်သူတွေအနေနဲ့ မိုးရာသီမှာ အန္တရာယ်ကင်းဘေးရှင်းစွာ မောင်းနှင်နိုင်ကြပါစေရှင်။


သင်ဟာ ကားတစ်စီးကိုအသုံးပြုနေတယ်ဆိုရင် ‌မောင်းနှင်ရုံနဲ့မလုံလောက်ပါဘူး။ ထိုကားကို ပြုပြင်ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။ ...
25/06/2024

သင်ဟာ ကားတစ်စီးကိုအသုံးပြုနေတယ်ဆိုရင် ‌မောင်းနှင်ရုံနဲ့မလုံလောက်ပါဘူး။ ထိုကားကို ပြုပြင်ထိန်းသိမ်းဖို့လည်း လိုအပ်ပါတယ်။ ပုံမှန်စစ်ဆေးမှုအနေနဲ့
၁. အင်ဂျင်ဝိုင်လဲလှယ်ခြင်း၊
၂. 𝐒𝐩𝐚𝐫𝐤 𝐩𝐥𝐮𝐠များအစားထိုးလဲလှယ်ခြင်းများနှင့်
၃. 𝐀𝐢𝐫 𝐅𝐢𝐥𝐭𝐞𝐫များကိုပါ စစ်ဆေးလဲလှယ်သင့်ပါတယ်။
၄. လောင်စာဆီဖြည့်တဲ့နေရာကို သန့်ရှင်းခြင်းဟာ ဆီပန့်ကို ကောင်းစွာအလုပ်လုပ်စေပါတယ်။
၅. ကားရဲ့ အိတ်ဇောမှယိုစိမ့်မှုနှင့် 𝐂𝐨𝐧𝐯𝐞𝐫𝐭𝐞𝐫ကောင်းစွာ အလုပ် လုပ်ဆောင်နိုင်မှု ရှိ/မရှိ စစ်ဆေးခြင်းဖြင့် ကားအိတ်ဇောကိုစနစ်ကို ထိန်းသိမ်းရာရောက်စေပါတယ်။
ယခု အချက်အလက်များကို စစ်ဆေးလုပ်ဆောင်ခြင်းဟာ သင်အသုံးပြုရာ ကားလုပ်ငန်းအတွက်များစွာ အထောက်အကူဖြစ်စေတာကြောင့် ပြုပြင်ထိန်းသိမ်းစစ်ဆေးသင့်ပါတယ်။


🌙✨ **𝐄𝐢𝐝 𝐌𝐮𝐛𝐚𝐫𝐚𝐤!** ✨🌙အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ 𝐄𝐢𝐝 𝐚𝐥-𝐀𝐝𝐡𝐚ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 🌟 ဤအထူးအချိန်အခါသမ...
18/06/2024

🌙✨ **𝐄𝐢𝐝 𝐌𝐮𝐛𝐚𝐫𝐚𝐤!** ✨🌙

အားလုံးပဲ ပျော်ရွှင်စရာကောင်းတဲ့ 𝐄𝐢𝐝 𝐚𝐥-𝐀𝐝𝐡𝐚ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 🌟 ဤအထူးအချိန်အခါသမယတွင် သင်နှင့် သ်ချစ်ရသူအားလုံး ငြိမ်းချမ်းမှု၊ပျော်ရွှင်မှု၊ စည်းလုံးမှု၊ အရသာရှိသော ပွဲတော်များဖြင့် ပြည့်နေသော နေ့တစ်နေ့ဖြစ်ပါစေကြောင်း 𝐊𝐢𝐧𝐠 𝐋𝐨𝐧𝐠 𝐌𝐲𝐚𝐧𝐦𝐚𝐫မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ❤️


ဘယ်လိုရာသီဉတုမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အဖေဟာ ကျွန်တော်၊ ကျွန်မတို့ရှေ့မှာ အမြဲမားမားမတ်မတ်ရပ်...
16/06/2024

ဘယ်လိုရာသီဉတုမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် အဖေဟာ ကျွန်တော်၊ ကျွန်မတို့ရှေ့မှာ အမြဲမားမားမတ်မတ်ရပ်တည်နေတဲ့ သူရဲကောင်းတစ်ဦးပါပဲ။ ရှေ့ဆက်ရမယ့် ခရီးလမ်းတွေမှာလည်း အဖေဟာ ကောင်းမွန်စွာဖြတ်သန်းနိုင်အောင် အကြံဉာဏ်ကောင်းတွေပေးပြီး ပြုံးရယ်တတ်အောင် အကောင်းမွန်ဆုံးနည်းတွေနဲ့ အားပေးတတ်ပါသေးတယ်။ ယခုလို ရဲရင့်တဲ့သူရဲကောင်းအတွက် ယနေ့ကျရောက်တဲ့ အဖေများနေ့မှာ တစ်ကမ္ဘာလုံးမှာ ရှိကြတဲ့ အဖေများအားလုံး နေ့စွဲတိုင်း၊ နေ့ရက်တိုင်း ကျန်းမာပြီး ပျော်ရွှင်ပါစေကြောင်း 𝐊𝐢𝐧𝐠 𝐋𝐨𝐧𝐠 𝐌𝐲𝐚𝐧𝐦𝐚𝐫မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်။


မိုးရာသီမှာ ကားမမောင်းခင် စစ်ဆေးသင့်သည့် အချက်(၅)ချက်-(၁) 𝐖𝐢𝐩𝐞𝐫တွေကို စစ်ဆေးပါ။မိုးရာသီမှာ ကားမောင်းမယ်ဆိုရင် မြင်ကွင်းက...
11/06/2024

မိုးရာသီမှာ ကားမမောင်းခင် စစ်ဆေးသင့်သည့် အချက်(၅)ချက်-
(၁) 𝐖𝐢𝐩𝐞𝐫တွေကို စစ်ဆေးပါ။
မိုးရာသီမှာ ကားမောင်းမယ်ဆိုရင် မြင်ကွင်းကိုရှင်းလင်းစွာ မြင်ရဖို့ အရေးကြီး‌တဲ့အတွက် 𝐖𝐢𝐩𝐞𝐫တွေကို စစ်ဆေးသင့်ပါတယ်။
(၂) ကားရှေ့မီးတွေကို စစ်ဆေးပါ။
မိုးရွာထဲ ကားမောင်းတဲ့အခါ အရေးကြီးတဲ့အတွက် ကားရဲ့ မီးကြီး၊ မီးသေး၊ နောက်မီးနှင့် အချက်ပြမီးများအားလုံး အလုပ် လုပ်၊မလုပ် စစ်ဆေးသင့်ပါတယ်။
(၃) ကားဟွန်းအား စစ်ဆေးပါ။
အချက်ပြစနစ်တွေထဲမှ တစ်ခု အပါအဝင်ဖြစ်တဲ့ ကားဟွန်းကို အလုပ် လုပ်၊ မလုပ် စစ်ဆေးသင့်ပါတယ်။
(၄) ကားတာယာများအား စစ်ဆေးပါ။
မိုးရာသီမှာ များသောအားဖြင့် လမ်းတွေ ‌ရေစိုနေတတ်တာကြောင့် ပုံမှန်ထက် ကားကို ထိန်းချုပ်ရခက်ပြီး ချော်ထွက်နိုင်တဲ့အတွက် ကားတာယာ အခြေအနေကို အမြဲစစ်ဆေးသင့်ပါတယ်။ တာယာပါးနေလျှင် အမြန်ဆုံးလဲလှယ်ပါ။
(၅) ကားဘတ္ထရီအား စစ်ဆေးပါ။
မိုးရာသီမှာ မီး၊ 𝐖𝐢𝐩𝐞𝐫၊ 𝐀𝐢𝐫𝐜𝐨𝐧နှင့် ဟွန်းတွေ အကုန်လုံး အသုံးပြုဖြစ်တာများတာကြောင့် ဘတ္ထရီ အသုံးရဆုံးကာလပဲဖြစ်ပါတယ်။ ထို့ကြောင့် ဘတ္ထရီကိုစစ်ဆေးပြီး အကောင်းဆုံးအခြေအနေဖြစ်အောင်ထားသင့်ပါတယ်။
ယခုလို စစ်ဆေးခြင်းဖြင့် သင့်ကားကို အကောင်းဆုံးအခြေအနေမှာရှိစေနိုင်ဖို့ မျှဝေလိုက်ရပါတယ်ရှင်။



ဒီလို မီးလင်းရင် ဆက်မမောင်းရ!ဒီလိုမီးလင်းရခြင်းဟာ ကားသော့ဖွင့်ရင်ပေါ်ရမှာဖြစ်ပြီး ကားစက်နှိုးတာနဲ့တစ်ပြိုင်နက်ပျောက်ရမှာ...
04/06/2024

ဒီလို မီးလင်းရင် ဆက်မမောင်းရ!
ဒီလိုမီးလင်းရခြင်းဟာ ကားသော့ဖွင့်ရင်ပေါ်ရမှာဖြစ်ပြီး ကားစက်နှိုးတာနဲ့တစ်ပြိုင်နက်ပျောက်ရမှာပါ။ ကားမောင်းနေရင်း ဒီလိုမီးလင်းလာရင်(သို့မဟုတ်)မှိတ်တုတ်မှိတ်တုတ် ဖြစ်လာခဲ့ရင် ကားဆက်မောင်းဖို့အဆင်မပြေတော့ပါဘူး။
ဘာကြောင့် ဒီမီးလင်းရတာလဲ?
ဖြစ်နိုင်ချေကတော့...
၁. 𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥 𝐅𝐢𝐥𝐭𝐞𝐫ပိတ်ဆို့ခြင်း၊
𝟐. 𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥 𝐏𝐫𝐞𝐬𝐬𝐮𝐫𝐞 𝐒𝐞𝐧𝐬𝐨𝐫 (သို့မဟုတ်) 𝐒𝐰𝐢𝐭𝐜𝐡 မကောင်းခြင်း၊
𝟑. 𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥 𝐋𝐞𝐯𝐞𝐥လျော့ခြင်း (သို့မဟုတ်) 𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥 မရှိခြင်း၊
𝟒. 𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥 𝐋𝐢𝐧𝐞ပိတ်ဆို့ခြင်း၊
𝟓. 𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥 𝐏𝐮𝐦𝐩မကောင်းခြင်း တို့ကြောင့်
အင်ဂျင်ဝိုင် အချက်ပြမီးလင်းလာတယ် ဒါမှမဟုတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာတယ်ဆိုရင် သင့်ကားကိုစက်ရပ်ပြီး အင်ဂျင်ဝိုင်ရှိမရှိတိုင်းတာပါ။ အင်ဂျင်ဝိုင်တွေ ယိုစိမ့်နေခြင်းရှိမရှိစစ်ဆေးပါ။ အကယ်၍အင်ဂျင်ဝိုင်နည်းနေပါက ကားကိုဆက်မမောင်းဘဲ ရပ်ထားပြီး နီးစပ်ရာ ကားဝပ်ရှော့ကို အကူညီတောင်းသင့်ပါတယ်။ ဒီလိုမီးလင်းတာကို သတိမထားမိပဲဆက်လက်မောင်းနှင်ပါက အင်ဂျင်ပျက်စီးဆုံးရှုံးစေနိုင်တာကြောင့် 𝐄𝐧𝐠𝐢𝐧𝐞 𝐎𝐢𝐥 𝐀𝐥𝐞𝐫𝐭နဲ့ ပတ်သက်ပြီး ဝေမျှပေးလိုက်ပါတယ်ရှင်။



ကားဆီဖြည့်တဲ့အခါ ပြည့်လျှံတဲ့အထိ ဘာကြောင့် မဖြည့်သင့်တာလဲ ?ကားဆီဖြည့်အခါ ပြည့်လျှံတဲ့အထိ မဖြည့်သင့်ပါဖူး။ အဖုံးပိတ်ရခက်တ...
25/05/2024

ကားဆီဖြည့်တဲ့အခါ ပြည့်လျှံတဲ့အထိ ဘာကြောင့် မဖြည့်သင့်တာလဲ ?

ကားဆီဖြည့်အခါ ပြည့်လျှံတဲ့အထိ မဖြည့်သင့်ပါဖူး။ အဖုံးပိတ်ရခက်တဲ့အခြေအနေမျိုးအထိ ဓာတ်ဆီဖြည့်လိုက်တဲ့အခါ ဓာတ်ဆီမှ ထွက်လာတဲ့ အငွေ့တွေက မည်သည့်နေရာကို သွားရမှန်းမသိတာကြောင့် ဓာတ်ဆီငွေ့ ဆားကစ်စနစ် ပျက်စီးတတ်တာကြောင့်ဖြစ်ပါတယ်။

#𝐊𝐢𝐧𝐠𝐥𝐨𝐧𝐠𝐌𝐲𝐚𝐧𝐦𝐚𝐫 #𝐒𝐮𝐩𝐞𝐫𝐬𝐞𝐯𝐞𝐧𝐬𝐭𝐚𝐫𝐬

Address


Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00
Sunday 08:00 - 17:00

Telephone

+959977636058

Alerts

Be the first to know and let us send you an email when King Long Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to King Long Myanmar:

Shortcuts

  • Want your business to be the top-listed autos & automotive service?

Share