Taungoo Suzuki

Taungoo Suzuki Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taungoo Suzuki, Car dealership, No. 790, 11th Ward, Anout Kyone Pat Street, Taungoo.

Taungoo Suzuki, operated by SW Motor, is an Authorized Suzuki Dealer, selling Suzuki Brand New Cars, Genuine Spare Parts & Accessories, and providing Maintenance Services

ချက်မီးလင်းတယ်လို့ အရပ်ထဲမှာ ခေါ်ကြတဲ့ Engine Warning Light လေး ပေါ်လာရင် မပေါ့ဆဘဲ အမြန်လာပြပါနော်…TaungooSuzuki09428114...
17/05/2026

ချက်မီးလင်းတယ်လို့ အရပ်ထဲမှာ ခေါ်ကြတဲ့ Engine Warning Light လေး ပေါ်လာရင် မပေါ့ဆဘဲ အမြန်လာပြပါနော်…

TaungooSuzuki
09428114225, 09428114226

မပေါ့ဆသင့်တဲ့ Engine Warning Light

ကားမောင်းနေရင်းနဲ့ ဒိုင်ခွက်ထဲမှာ Engine Warning Light (Check Engine Light) ပေါ်လာတဲ့အခါ “နောက်မှစစ်ကြည့်လိုက်မယ်” ဆိုပြီး မပေါ့ဆသင့်ပါဘူး။

ဒါက ကားရဲ့ Engine မှာ တစ်ခုခု ချို့ယွင်းမှုရှိနိုင်ကြောင်း သတိပေးနေတဲ့ အချက်ပြမီးဖြစ်တာကြောင့်ပါ။

⚠️ Engine Warning Light ပေါ်လာရင် ဘာလုပ်သင့်လဲ?
✔ Engine Temperature မြင့်နေခြင်းရှိမရှိ စစ်ဆေးပါ
✔ အရှိန်လျှော့ပြီး မောင်းနှင်ပါ
✔ မီးခိုးထွက်ခြင်း ဒါမှမဟုတ် ညော်နံ့ထွက်တာမျိုးတွေရှိရင် ကားကို ချက်ချင်းရပ်ပါ။
✔ နီးစပ်ရာ Service Center ကို အမြန်ဆုံး ဆက်သွယ်ပြီး အကြံဥာဏ်ရယူပါ။

အချိန်မီ စစ်ဆေးခြင်းက ကုန်ကျစရိတ်ကို သက်သာစေပြီးတော့ ဘေးကင်းစွာ မောင်းနှင်နိုင်စေဖို့ကိုလည်း အထာက်အကူ ဖြစ်စေပါတယ်။

အဲံ့ဒီလိုမဟုတ်ဘဲ Engine Warning Light ကို လျစ်လျူရှုထားမယ်ဆိုရင်တော့ Repair Cost ကြီးမားသွားနိုင်ခြင်း၊ Engine Damage ဖြစ်နိုင်ခြင်း၊ လမ်းပေါ်မှာ စက်ချို့ယွင်းပြီး ကားရပ်သွားနိုင်ခြင်း အစရှိတာ‌တွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် Engine ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ လမ်းခရီးတွေမှာ ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် လူကြီးမင်းတို့အနေနဲ့ Warning Lights တွေကို အမြဲဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။

ကားကို ပြန်လည်စစ်ဆေးဖို့နဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ လဲလှယ်ဖို့အတွက် အောက်ပါ Website လိပ်စာမှ တဆင့် ဝင်ရောက်ပြီး နီးစပ်ရာ Suzuki Authorized Service Center တွေကို ဆက်သွယ်နိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer




26/04/2026

သိထားသင့်တဲ့ Q&A လေးတွေ

သင်္ကြန်ပျော်ပြီးပြီဆိုတော့ ကားလေး ကြံ့ခိုင်ရေးအတွက် တောင်ငူဆူဇူကီးမှာ လာစစ်လိုက်ပါဗျို့…TaungooSuzuki09428114225
23/04/2026

သင်္ကြန်ပျော်ပြီးပြီဆိုတော့ ကားလေး ကြံ့ခိုင်ရေးအတွက် တောင်ငူဆူဇူကီးမှာ လာစစ်လိုက်ပါဗျို့…

TaungooSuzuki
09428114225

သင်္ကြန်ကာလကို SUZUKI ကားတွေနဲ့အတူ ဖြတ်သန်းခဲ့ပြီးတဲ့‌နောက်

သင်္ကြန်ကာလတစ်လျှောက်လုံး အမျိုးမျိုးသော ရေတွေနဲ့ ဖုန်မှုန့်တွေက လျှပ်စစ်ဆိုင်ရာ အစိတ်အပိုင်းများ၊ အင်ဂျင်ခန်းနဲ့ ကားအောက်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတွေ အပြင် တာယာနဲ့ ဘရိတ်စနစ် တို့လို အစရှိတဲ့ အစိတ်အပိုင်းတွေကို ထိခိုက်မှုတွေ ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် အခုလို သင်္ကြန်ကာလကို ဖြတ်သန်းခဲ့ပြီးတဲ့‌နောက်မှာတော့ လူကြီးမင်းတို့ရဲ့ SUZUKI ကားတွေမှာ ရေရှည် ကြံ့ခိုင်မှုတွေနဲ့ စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက်ရရှိစေနိုင်ဖို့အတွက် General Inspection တွေကို ပြန်လည် စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။

General Inspection ပြုလုပ်ခြင်းအားဖြင့်

✅ မမြင်နိုင်တဲ့ ချို့ယွင်းချက်တွေကို ကြိုတင်သိရှိနိုင်ခြင်း
✅ ကြီးမားတဲ့ ပြင်ဆင်စရိတ်တွေကို သက်သာစေခြင်း
✅ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက် ထိန်းထားနိုင်ခြင်း
✅ ဘေးကင်းလုံခြုံမှုကို ရရှိစေနိုင်ခြင်း
✅ စိတ်အေးချမ်းသာစွာ မောင်းနှင်နိုင်ခြင်း

ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ နီးစပ်ရာ Suzuki Authorized Service Center တွေမှာ General Inspection ပြုလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

သင်္ကြန်ကာလပြီးတဲ့နောက် ကားကို ပြန်လည်စစ်ဆေးဖို့နဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ လဲလှယ်ဖို့အတွက် အောက်ပါ Website လိပ်စာမှ တဆင့် ဝင်ရောက်ပြီး နီးစပ်ရာ Suzuki Authorized Service Center တွေမှာ အခုပဲ Service Booking ပြုလုပ်လိုက်ပါ။

https://suzukimyanmar.com/suzuki/dealer





Ertiga Type D ရဲ့ အလန်းစားဖန်ရှင်တစ်ခု…
18/04/2026

Ertiga Type D ရဲ့ အလန်းစားဖန်ရှင်တစ်ခု…

အမှောင်ထဲမှာ လမ်းပြပေးမယ့် Guide Me Light Function

SUZUKI Ertiga Smart Hybrid နဲ့သာ အတူရှိနေမယ်ဆိုရင်တော့ ညအမှောင်တွေမှာ လမ်းလျောက်ဖို့အတွက် စိတ်ပူစရာ မလိုတော့ပါဘူး။ Guide Me Light Function က ညဘက်မှောင်နေတဲ့အချိန်တွေမှာ ကားပေါ်က ဆင်းပြီး အိမ်ကိုသွားတာပဲဖြစ်ဖြစ်.. အိမ်ထဲကထွက်ပြီး ကားဆီကို လာတာပဲဖြစ်ဖြစ် ကားရှေ့မီးက အလိုအလျောက် လင်းလာပြီး လူကြီးမင်းတို့ကို လမ်းပြပေးမှာ ဖြစ်ပါတယ်။

To Home
ကားပေါ်ကဆင်းပြီး အိမ်ကိုသွားတဲ့အချိန်မှာ ပတ်ဝန်းကျင်က မှောင်နေတယ်ဆိုရင် Guide Me Light Function ကိုသုံးလို့ရပါတယ်။ အသုံးပြုဖို့အတွက်ဆိုရင်တော့ Lighting Control Lever မှာပါတဲ့ Lighting Switch ရဲ့ Position က Auto ဆိုတဲ့နေရာကို လှည့်ထားပါ။ ပြီးရင်တော့ ကားကိုစက်ပိတ်ပြီး Lighting Control Lever ကို လူကြီးမင်းဘက်ကို တချက်ဆွဲမလိုက်ရုံပါပဲ။

ဒါဆိုရင်တော့ Driver ဘက်ခြမ်း တံခါးကို ဖွင့်လိုက်တာနဲ့ ကားရှေ့မီးတွေက အလိုအလျောက် လင်းလာမှာ ဖြစ်ပါတယ်။ သတိပြုစရာအနေနဲ့ Guide Me Light Function အသုံးပြုတဲ့အခါ စက္ကန့် ၆၀ အတွင်း Driver ဘက်ခြမ်း တံခါးကိုဖွင့်မှသာ မီးလင်းလာမှာပါ။

To Car
ကားဆီကိုသွားဖို့ ပတ်ဝန်းကျင်က မှောင်နေတယ်ဆိုရင်လည်း Smart Key ကနေ Unlock လုပ်လိုက်ရုံနဲ့ ကားရှေ့မီးတွေက အလိုအလျောက်လင်းလာပြီး လူကြီးမင်းကို လမ်းပြပေးမှာဖြစ်ပါတယ်။

Guide Me Light Function တွေမှာ ပုံမှန်အားဖြင့် ပါကင်မီး (Front Position Light) နှင့် ရှေ့မီးကြီး (Low beam) တို့ဟာ သတ်မှတ်ထားတဲ့ ကြာချိန်အတိုင်း မီးလင်းပေးမှာဖြစ်ပြီး သတ်မှတ်ကြာချိန်ကိုလည်း Information Display ထဲမှာ ပြောင်းလဲသတ်မှတ်လို့ရပါတယ်။

Guide Me Light Function တွေက ပတ်ဝန်းကျင်မှောင်နေမှသာ အလုပ်လုပ်မှာဖြစ်ပြီး အသုံးပြုပြီးပြီဆိုရင်တော့ Smart Key ကနေ ကားတံခါးကို Lock ပြန်ချဖို့ မမေ့ဖို့လည်း သတိပေးလိုက်ပါရစေ။

“Guide Me Light Function” ရဲ့ အသေးစိတ်အချက်အလက်တွေကို သိချင်တယ်ဆိုရင် SUZUKI Myanmar Motor ရဲ့ Website မှာရှိတဲ့ ဒီ link က နေ download ရယူပြီး လေ့လာလို့ရပါတယ်။

https://suzukimyanmar.com/frontend/assets/pdf/service/owner-manual/ertiga/4/Ertiga-Type-D-Owner-Manual-MM.pdf




နွေအပူဒဏ် အံတုဖို့ ဒါတွေကို စစ်ဆေးပြီးပြီလား????
15/04/2026

နွေအပူဒဏ် အံတုဖို့ ဒါတွေကို စစ်ဆေးပြီးပြီလား????

နွေအပူဒဏ်ကို အန်တုဖို့ ဒါတွေကို စစ်ဆေးပြီးပြီလား

အပူချိန်မြင့်မားတဲ့ နွေရာသီလို ကာလမျိုးမှာ လူကြီးမင်းတို့ကားရဲ့ စွမ်း‌ဆောင်ရည်ကောင်းတွေ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ဒီအချက်လေးတွေကို ကြိုတင်စစ်ဆေးထားဖို့တော့လိုမယ်နော်…

Engine Oil Condition
ပူပြင်းလှတဲ့ နွေရာသီမှာ အင်ဂျင်ဝိုင် အရည်အသွေးမကောင်းတော့တာ ဒါမှမဟုတ် လျော့နည်းနေတာမျိုးဆိုရင် အင်ဂျင် (Overheat) အပူလွန်ကဲတာမျိုးတွေက ပိုဖြစ်နိုင်ပါတယ်။ ဒါကြောင့် အင်ဂျင်ဝိုင် အရည်အသွေးနဲ့ သတ်မှတ် ပမာဏ ရှိ မရှိကို စစ်‌ဆေးဖို့လိုပါတယ်။ လိုအပ်ရင် အသစ်လဲလှယ်ပေးဖို့ မမေ့ပါနဲ့။

Air Con System
နွေပူပူမှာ ကား Air con က ပုံမှန်အတိုင်း မအေးဘူးဆိုရင် လူကြီးမင်းတို့ကို စိတ်အနှောက်အယှက်ဖြစ်စေမှာပါ။ ဒါကြောင့် Air Con စနစ် ကောင်းမွန်ခြင်း ရှိ မရှိ နဲ့ Filter တွေမှာ ဖုန်တွေပိတ်နေသလားဆိုတာ ကြိုတင်စစ်ဆေးထားမှ လမ်းခရီးမှာ အေးအေးချမ်းချမ်း မောင်းနိုင်မှာ ဖြစ်ပါတယ်။

Engine Cooling System
နွေရာသီရဲ့ ပြင်းထန်တဲ့ အပူရှိန်အောက်မှာ အင်ဂျင်အပူလွန်ကဲတာမျိုး မဖြစ်ရအောင် Coolant level ‌လျော့နည်းခြင်း ရှိ မရှိ၊ ရေတိုင်ကီနဲ့ ရေပိုက်လိုင်းတွေမှာ ယိုစိမ့်မှု ရှိ မရှိကို စစ်‌ဆေးထားသင့်ပါတယ်။

Tire Pressure
အပူရှိန်ကြောင့် တာယာလေပေါင်ချိန်က ပြောင်းလဲမှုတွေရှိတတ်ပါတယ်။ လေပေါင်ချိန် များနေရင် တာယာပေါက်နိုင်သလို၊ လေပေါင်ချိန် လျော့နည်းနေရင်လည်း ဆီစားပိုနိုင်တဲ့အတွက် သတ်မှတ်လေပေါင်ချိန် ရှိ မရှိ ကို စစ်ဆေးထားသင့်ပါ။

Battery Condition
နွေရာသီရဲ့ ပြင်းထန်တဲ့ အပူရှိန်က ဘက်ထရီရဲ့ စွမ်းဆောင်ရည်ကို လျော့ကျစေနိုင်သလို ဘက်ထရီရဲ့ သက်တမ်းကိုလည်း တိုစေပါတယ်။ ဒါကြောင့် ဘက်ထရီက ပုံမှန်အတိုင်း ကောင်းမွန်မှု ရှိ မရှိ နဲ့ ဘက်ထရီရဲ့ ငုတ်၊ဝါယာဆက်တဲ့ကွင်းတွေမှာ ဆားပွင့်ခြင်းရှိမရှိ စစ်ဆေးသင့်ပါတယ်။

Brake System
နွေရာသီရဲ့ ပူပြင်းတဲ့ အပူရှိန်က ဘရိတ်စနစ်ကိုလည်း သက်ရောက်မှုတွေ ရှိစေနိုင်ပါတယ်။ ဒါကြောင့် ဘရိတ်ဆီ လုံလောက်မှု ရှိ မရှိကိုစစ်ဆေးသင့်တဲ့အပြင် ဘရိတ်ရှူး နဲ့ Brake Pads တွေ ပါးနေခြင်း ရှိ မရှိကိုလည်း ကျွမ်းကျင်သူတွေနဲ့ ကြိုစစ်ထားသင့်ပါတယ်။

နွေနေပူပူမှာ မမျှော်လင့်ဘဲ ကားပျက်လို့ စိတ်ညစ်ရတာမျိုး မဖြစ်ရအောင် လူကြီးမင်းတို့ရဲ့ကားကို နီးစပ်ရာ Suzuki Authorized Service Center တွေမှာ အမြန်ဆုံး သွားရောက်စစ်ဆေးလိုက်ပါ။ ပြီးတော့ နွေအပူရှိန်က လူကြီးမင်းတို့ကို ပင်ပန်းနွမ်းနယ်စေနိုင်တာမို့ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ကြပါဦးနော်...

https://suzukimyanmar.com/suzuki/dealer




ဆီတစ်လီတာနဲ့ ဘယ်လောက်ဝေးဝေး မောင်းလို့ရလဲ သိကြလားဗျ????
15/04/2026

ဆီတစ်လီတာနဲ့ ဘယ်လောက်ဝေးဝေး မောင်းလို့ရလဲ သိကြလားဗျ????

ဆီ ၁ လီတာနဲ့ ကီလိုမီတာ ဘယ်လောက်ထိ မောင်းနိုင်လဲ

SUZUKI ချစ်သူတွေအာလုံး ဆီစားသက်သာစေမယ့် နည်းလမ်းကောင်းလေးတွေကို အပြန်အလှန် မျှဝေကြရအောင်။

✅ ဆီစားသက်သာအောင် ဘယ်လိုမျိုး ဂရုစိုက်မောင်းနှင်လေ့ရှိလဲ?
✅ ဆီ ၁ လီတာနဲ့ ဘယ်လောက် ကီလိုမီတာအထိ ‌အများဆုံး မောင်းလို့ရခဲ့ဖူးလဲ?

လူကြီးမင်းတို့ သိထားတဲ့ ဆီစားသက်သာ‌စေမယ့် နည်းလမ်းကောင်းလေးတွေကို ပြန်လည်မျှဝေရင်း ပိုမိုကောင်းမွန်တဲ့ Driving Community တစ်ခုကို အတူတူ တည်ဆောက်ကြရအောင်။

လူကြီးမင်းက Ertiga Smart Hybrid အသုံးပြုသူဆိုရင် မီးပွိုင့်မိနေချိန် ဒါမှမဟုတ် ယာဉ်ကြောပိတ်ဆို့နေချိန်တွေမှာ “Idle Stop Start Function” ကို အသုံးပြုဖို့ မမေ့ပါနဲ့။ ဒီစနစ်က မလိုအပ်ဘဲ ဆီစားခြင်းကို ထိထိရောက်ရောက် လျှော့ချပေးနိုင်ပါတယ်။

Suzuki Ertiga Smart Hybrid မှာ အခုလို “Idle Stop Start Function” အပြင် နောက်ထပ် ဘယ်လို Function တွေ ပါဝင်သေးလဲဆိုတာ အောက်ပါ Link ကို အခုပဲ ဝင်ရောက်ပြီး အသေးစိတ် ကြည့်ရှုနိုင်ပါပြီ။

https://suzukimyanmar.com/suzuki/ertiga



Service History က အရေးကြီးတယ်နော့်…TaungooSuzuki09428114225
05/04/2026

Service History က အရေးကြီးတယ်နော့်…

TaungooSuzuki
09428114225

Service History ရှိခြင်းရဲ့ အားသာချက်

လူကြီးမင်းရဲ့ ကားကို ပုံမှန် Maintenance ပြုလုပ်တာက အလွန်ကောင်းမွန်တဲ့ အလေ့အထတစ်ခု ဖြစ်ပါတယ်။ ဒီလို ထိန်းသိမ်းပြုပြင်မှုတွေကို မှတ်တမ်းအဖြစ် (Service History) ရှိနေခြင်းကလည်း အရေးကြီးပါတယ်။

Service History ဆိုတာ ဘာလဲ?

Service History ဆိုတာ လူကြီးမင်း ကားရဲ့ "စစ်ဆေးပြုပြင်မှု တရားဝင်မှတ်တမ်း" ပါပဲ။ ကားကို ဘယ်တုန်းက အင်ဂျင်ဝိုင်လဲခဲ့လဲ၊ ဘယ်အစိတ်အပိုင်းတွေကို ပြုပြင်ခဲ့လဲဆိုတာတွေကို စနစ်တကျ မှတ်တမ်းတင်ထားတာကို ဆိုလိုတာပါ။ တနည်းအားဖြင့် လူကြီးမင်းက ကားကို ဘယ်လောက်အထိ ဂရုစိုက်ခဲ့ကြောင်းကို ပြသတဲ့ တရားဝင် သက်သေပါ။

ကားကို ပုံမှန် စစ်ဆေးပြုပြင်မှုတွေပြုလုပ်ပြီးတော့ လူကြီးမင်းရဲ့ ကားနဲ့အတူပါရှိတဲ့ Warranty and Service Record Booklet နဲ့ Maintenance Booklet စာအုပ်တွေမှာ Service History ကို စနစ်တကျဖြည့်သွင်းထားမယ်ဆိုရင်

✔️ ကားရဲ့ Performance ကို အသစ်လိုမျိုး အမြဲကောင်းမွန်စေခြင်း
✔️ ပုံမှန် စစ်ဆေးပြုပြင်ထားတဲ့အတွက် ငွေကုန်ကြေးကျများမယ့် ပျက်စီးမှုတွေကို ကြိုတင်ကာကွယ်နိုင်ခြင်း
✔️ ကားရဲ့ Resale Value ကို မြင့်မားစေခြင်း
✔️ Warranty ပိုင်းဆိုင်ရာ ကိစ္စရပ်များမှာ လူကြီးမင်းတို့ရဲ့ အခွင့်အရေးကို အပြည့်အဝရရှိခြင်း
✔️ ပြုပြင်ထိန်းသိမ်းရာမှာ Genuine Parts အသုံးပြုထားကြောင်း သက်သေပြနိုင်ခြင်း စတဲ့ အားသာချက်တွေကို ရရှိစေမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် SUZUKI Authorized Service Center တွေမှာ စစ်ဆေးမှုတွေ သွားရောက်ပြုလုပ်တဲ့အခါတိုင်း Warranty and Service Record Booklet နဲ့ Maintenance Booklet စာအုပ်တွေကို ယူဆောင်သွားပြီး Service History လေးတွေကို စနစ်တကျထိန်းသိမ်းထားဖို့ အကြံပြုချင်ပါတယ်။

Maintenance Booklet နဲ့ Warranty Booklet တွေကို အောက်ပါ SUZUKI Myanmar Motor Website Link ထဲဝင်မှာ အခမဲ့ Download လုပ်ပြီး ရယူနိုင်ပါပြီ။
https://suzukimyanmar.com/suzuki/service




ဖုန်းနဲ့ ကြည့်ရတာ ကြိုက်လား အပြင်မှာ စာရွက်နဲ့ ဖတ်ရတာ ကြိုက်ကြလားဗျ …TaungooSuzuki09428114228
03/04/2026

ဖုန်းနဲ့ ကြည့်ရတာ ကြိုက်လား အပြင်မှာ စာရွက်နဲ့ ဖတ်ရတာ ကြိုက်ကြလားဗျ …

TaungooSuzuki
09428114228

E-Catalogue လား Physical Catalogue လား …

ကိုယ်ကြိုက်နှစ်သက်တဲ့ ကားတစ်စီးအကြောင်းကို အသေးစိတ် လေ့လာတော့မယ်ဆိုရင် Product Information တွေကို သေချာဖတ်ရှုကြတာက ထုံးစံပါပဲ။

❤️ E-Catalogue (Digital)❤️
အချိန်မပေးနိုင်လို့ အိမ်ကနေပဲ ဖြစ်ဖြစ်၊ အပြင်မှာပဲဖြစ်ဖြစ် ဖုန်းထဲမှာ အချိန်မရွေး လွယ်လွယ်ကူကူ ကြည့်ချင်သူများအတွက် SUZUKI Myanmar Website မှာ e-Catalogue တွေကို အလွယ်တကူ Download ရယူနိုင်အောင် စီစဉ်ပေးထားပါတယ်။ ကားရဲ့ Performance, Safety Features နဲ့ Specifications အစုံအလင်ကို ဖုန်းထဲမှာတင် အဆင်ပြေပြေနဲ့ ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။

👍Physical Catalogue 👍
Showroom ကို ကိုယ်တိုင်လာကြည့်ရင်း Catalogue စာအုပ်လေးကို လက်ထဲကိုင်ပြီး တစ်ရွက်ချင်း လှန်လှောဖတ်ရတဲ့ အရသာကို ကြိုက်နှစ်သက်သူများအတွက်လည်း SUZUKI Showroom တိုင်းမှာ အရည်အသွေးမြင့် Catalogue လေးတွေကို ဖတ်ရှုလေ့လာလို့ရအောင် ပြင်ဆင်ထားရှိ ပေးပါတယ်။

လူကြီးမင်းတို့အနေနဲ့ ဘယ်လို Catalogue ပုံစံက ဖတ်ရတာအဆင်ပြေလဲဆိုတာ Comment မှာ ပြောပြပေးခဲ့ပါဦးနော်။ E-Catalogue ဆိုရင်တော့ ❤️ အသည်းလေးပေးပြီး Physical Catalogue ဆိုရင်တော့ Like reaction လေးပေးခဲ့ဖို့လည်း မမေ့ပါနဲ့နော်။

Physical Catalogue များကို လူကြီးမင်းတို့နဲ့ အနီးဆုံး Suzuki Authorized Service Center များတွင် ရယူနိုင်သလို e-Catalogue တွေကိုလည်း အောက်ပါ Website Link ထဲမှာ Download ပြုလုပ်ပြီး ရယူနိုင်ပါပြီ။

https://suzukimyanmar.com/suzuki/get-catalogue


လက်ရှိကမ္ဘာ့အခြေအနေအရ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် စက်သုံးဆီတွေကို Quota နဲ့ ဝယ်ယူနေရသောကြောင့် လူကြီးမင်းတို့ရဲ့ Suz...
03/04/2026

လက်ရှိကမ္ဘာ့အခြေအနေအရ ကျွန်တော်တို့ မြန်မာနိုင်ငံတွင် စက်သုံးဆီတွေကို Quota နဲ့ ဝယ်ယူနေရသောကြောင့် လူကြီးမင်းတို့ရဲ့ Suzukiကားလေးတွေ ဆီဖြည့်ရာမှာ အဆင်ပြေစေဖို့

Suzukiကားများရဲ့ ဆီတိုင်ကီအကျယ်ပမာဏလေးအကြောင်းမျှဝေပေးလိုက်ပါတယ်

ကားအမျိုးအစား ဆီတိုင်ကီပမာဏ
Suzuki Ciaz 42L
Suzuki Ertiga 45L
Suzuki Swift 37L
Suzuki SuperCarry 36L
Suzuki Carry Pro 43L

*************************************************
တောင်ငူဆူဇူကီး
ကား အရောင်းပြခန်းနှင့်ဆားဗစ်စင်တာ
အမှတ် ၇၉၀၊ အနောက်ကျုံးပါတ်လမ်း၊ ၁၁ရပ်ကွက်၊ တောင်ငူမြို့။ (ရွှေဝါစက်သုံးဆီဆိုင်ဘေး)

📞 ၀၉ ၄၂၈ ၁၁၄ ၂၂၅ ၊ ၀၉ ၄၂၈ ၁၁၄ ၂၂၆
Viber : 09 428 114 225 Telegram : 09 428 114 226

ဖွင့်ချိန် - နေ့စဉ် မနက် ၉:၀၀ မှ ညနေ ၅:၀၀ အထိ
ပိတ်ရက် - တနင်္ဂနွေနေ့တိုင်း

📍Google Map တည်နေရာ>>

★★★★★ · Car dealer

28/03/2026

ဆီအခက်အခဲ ဖြစ်တုန်း ဆီစားသက်သာအောင် မောင်းတဲ့နည်းလေးတွေ မျှဝေပေးလိုက်ပါတယ်

TaungooSuzuki
09428114225

Suzuki ကားလေးတွေ အဲကွန်းမအေး အတွင်းခန်း အနံ့အသက် သိပ်မကောင်းတာမျိုး ဖြစ်နေရင် Air Con Filter စစ်ဖို့ လိုတယ်နော့်TaungooS...
21/03/2026

Suzuki ကားလေးတွေ အဲကွန်းမအေး အတွင်းခန်း အနံ့အသက် သိပ်မကောင်းတာမျိုး ဖြစ်နေရင် Air Con Filter စစ်ဖို့ လိုတယ်နော့်

TaungooSuzuki
09428114225

ကား Air Con က အရင်လို မအေးတော့ဘူးလား…

ကား Air Con မအေးရတဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမဲ့ အဓိက တရားခံကတော့ Air Con Filter ကြောင့် ဖြစ်နေတတ်ပါတယ်။ Air Con Filter ညစ်ပတ်နေရင် ဒီလိုအချက်တွေ ကြုံတွေ့ရ နိုင်ပါတယ်။

လေဝင်လေထွက် ပိတ်ဆို့ခြင်း (Blocked Airflow)
Filter ထဲမှာ ဖုန်မှုန့်နဲ့ အမှုန်အမွှားတွေ ပိတ်ဆို့နေတဲ့အခါ လေဝင်လေထွက် အားနည်းသွားပြီး ကားအတွင်းခန်းကို အေးမြအောင် မလုပ်ပေးနိုင်တော့ပါဘူး။

Air Con စနစ်ကို ဝန်ပိစေခြင်း (Strain on the System)
ပိတ်ဆို့နေတဲ့ Filter ကြောင့် အအေးဓာတ်ရဖို့ ကွန်ပရက်ဆာ (Compressor) က ပိုအလုပ်လုပ်ရပါတယ်။ ဒါဟာ ဆီစားပိုများစေသလို Air Con စနစ်ကိုပါ သက်တမ်းတိုစေပါတယ်။

အနံ့အသက်ဆိုးများ (Unpleasant Smells)
Filter မှာ ဖုန်နဲ့ စိုထိုင်းဆကြောင့် မှိုနဲ့ ဘက်တီးရီးယားတွေ ပွားလာပြီး Air Con ဖွင့်လိုက်တာနဲ့ အနံ့ဆိုးတွေ ထွက်လာတတ်ပါတယ်။

လူကြီးမင်းတို့ရဲ့ ကား Air Con မအေးတာဟာ တခြားကြီးကြီးမားမား ပြဿနာမဟုတ်ဘဲ Filter လဲလိုက်ရုံနဲ့တင် ပြေလည်သွားနိုင်ပါတယ်။ ဒါကြောင့် အခုပဲ စစ်ဆေးကြည့်ပြီး Suzuki Genuine Air Con Filter နဲ့ လဲလှယ်လိုက်ပါ။

ဘာကြောင့် SUZUKI Genuine Air Con Filter ကိုပဲ ရွေးချယ် လဲလှယ်သင့်တာလဲ

Perfect Fit
လူကြီးမင်းရဲ့ ကားအမျိုးအစားနဲ့ အံကိုက်ဖြစ်အောင် ထုတ်လုပ်ထားလို့ စိတ်ချရတယ်။

Better Filtration
ပြင်ပက ဖုန်မှုန့်နဲ့ ညစ်ညမ်းတဲ့အမှုန်အမွှားတွေကို အထိရောက်ဆုံး စစ်ထုတ်ပေးနိုင်တယ်။

Durability
အရည်အသွေးစိတ်ချရတဲ့အတွက် ရေရှည်အသုံးခံပြီး Air Con စနစ် ပျက်စီးမှုကိုလည်း ကာကွယ်ပေးပါတယ်။

SUZUKI Genuine Spare Parts တွေနှင့် ပတ်သက်ပြီး SUZUKI Myanmar Website ထဲမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/sparepart




Address

No. 790, 11th Ward, Anout Kyone Pat Street
Taungoo
08101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959428114225

Alerts

Be the first to know and let us send you an email when Taungoo Suzuki posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taungoo Suzuki:

Share

Category