Taungoo Suzuki

Call Directions Website Contact the business

Taungoo Suzuki Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Taungoo Suzuki, Car dealership, No. 790, 11th Ward, Anout Kyone Pat Street, Taungoo.

Taungoo Suzuki, operated by SW Motor, is an Authorized Suzuki Dealer, selling Suzuki Brand New Cars, Genuine Spare Parts & Accessories, and providing Maintenance Services

လမ်းကြမ်းကော လမ်းချောမှာပါ အဆင်ပြေတဲ့ကားလေးပါ…TaungooSuzuki09428114225
15/10/2026

လမ်းကြမ်းကော လမ်းချောမှာပါ အဆင်ပြေတဲ့ကားလေးပါ…

TaungooSuzuki
09428114225

ကွေ့ရလွယ်ကူ၊ လမ်းတိုင်းအဆင်ပြေ

လုပ်ငန်းသုံးကားတစ်စီးအတွက် ကုန်ပစ္စည်းများများ တင်ဆောင်နိုင်ရုံနဲ့ မလုံလောက်ပါဘူး။ နေ့စဉ်လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ လမ်းကျဉ်းတွေ၊ နေရာကျဉ်းတွေမှာ လွယ်ကူစွာ မောင်းနှင်နိုင်ဖို့လည်း အရေးကြီးပါတယ်။

Suzuki Carry Pro ရဲ့ Minimum Turning Radius 4.4 Metres ကြောင့်

💠လမ်းကြားတွေမှာ ကွေ့ဝင်ရလွယ်ကူခြင်း၊
💠လမ်းကျဉ်းတွေမှာ မောင်းနှင်ရလွယ်ကူခြင်း၊
💠နေရာယူရပ်တန့်ရ လွယ်ကူခြင်း
💠ကုန်တင်၊ ကုန်ချရာမှာ လိုအပ်တဲ့ နေရာယူမှုကို ပိုမိုလွယ်ကူစေခြင်း စတဲ့ အချက်တွေကို အထောက်အကူပြုနိုင်ပါတယ်။

လူကြီးမင်းတို့ လုပ်ငန်းတွေအတွက် စိတ်ချရတဲ့ Suzuki Carry Pro ရဲ့ Features တွေကို ကိုယ်တိုင်လေ့လာချင်တယ်ဆိုရင်တော့ အောက်ပါ Website Link ထဲမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/carrypro




သီတင်းကျွတ်ခရီးထွက်မယ်ဆို ခုကတည်းက လာစစ်ထားလိုက်ဗျို့…TaungooSuzuki09428114225
15/10/2026

သီတင်းကျွတ်ခရီးထွက်မယ်ဆို ခုကတည်းက လာစစ်ထားလိုက်ဗျို့…

TaungooSuzuki
09428114225

သီတင်းကျွတ်ခရီးထွက်ဖို့ အဆင်သင့်ဖြစ်ပြီလား?

လူကြီးမင်းတို့ သီတင်းကျွတ်အားလပ်ရပ် ခရီးမထွက်ခင် ဘယ်အချက်လေးတွေကို ကြိုတင်ပြင်ဆင်တတ်ကြလဲ? “Thadingyut Road Trip Scorecard ကို ကြည့်ပြီး ဘယ်အချက်အလေးတွေကို ပြင်ဆင်ပြီးပြီလဲဆိုတာကို ကိုယ်တိုင်စစ်ဆေးကြည့်လိုက်ရအောင်! 📋

လူကြီးမင်းတို့ အနေနဲ့ ဘယ်အချက်လေးတွေပြင်ဆင်ထားပြီးပြီလဲဆိုတာ Scorecard ကို ကြည့်ပြီး ကိုယ့်ရဲ့ Score လေးတွေကို Comment မှာ မျှဝေပေးခဲ့ပါဦး…

ခရီးမထွက်ခင် လူကြီးမင်းတို့ရဲ့ကားကို ကြိုတင်စစ်ဆေးနိုင်ဖို့အတွက် နီးစပ်ရာ Suzuki Authorized Service Center တွေရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်တွေကို အောက်ပါ Link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer




မြန်မာပြည်မှာ ဆူဇူကီးက ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ ကားအမျိုးအစားလေး သိကြလားဗျို့…
26/09/2026

မြန်မာပြည်မှာ ဆူဇူကီးက ပထမဆုံး ထုတ်လုပ်ခဲ့တဲ့ ကားအမျိုးအစားလေး သိကြလားဗျို့…

၁၉၉၉ ခုနှစ်မှာ Suzuki Myanmar အနေနဲ့ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ ကားက ဘာကားလဲဆိုတာ သိပါသလား?

လူကြီးမင်းတို့ ပထမဆုံး စစီးဖူးခဲ့တဲ့ SUZUKI ကားလေးနဲ့ အမှတ်တရတွေရှိရင် Comment မှာ မျှဝေခဲ့ကြပါဦး။

SUZUKI နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Link ထဲမှာ လေ့လာလို့ရပါတယ်။
https://suzukimyanmar.com/suzuki/aboutus




ကျွန်တော်တို့ TaungooSuzukiမှာ ဆူဇူကီး ကားတိုင်းအတွက် Periodic Maintenance ကို ဖရီးလုပ်ပေးနေပါတယ်… Taungoo Suzuki0942811...
11/09/2026

ကျွန်တော်တို့ TaungooSuzukiမှာ ဆူဇူကီး ကားတိုင်းအတွက် Periodic Maintenance ကို ဖရီးလုပ်ပေးနေပါတယ်…

Taungoo Suzuki
09428114225
တနင်္ဂနွေနေ့တိုင်း ပိတ်ပါသည်။

Periodic Maintenance ပြုလုပ်တိုင်း Parts တွေ လဲရမှာလား?

Periodic Maintenance ပြုလုပ်တဲ့အခါတိုင်းမှာ ကားရဲ့ Parts တွေကို မဖြစ်မနေ လဲလှယ်ရတာ မဟုတ်ပါဘူး။

ကားမော်ဒယ်အမျိုးအစား၊ မောင်းနှင်ထားတဲ့ ကီလိုမီတာ၊ အသုံးပြုထားတဲ့ကာလနဲ့ Parts တစ်ခုချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ရမယ့် အချက်တွေ မတူညီနိုင်တာကြောင့်၊ Maintenance Schedule အရ သတ်မှတ်ထားတဲ့ မောင်းနှင်မှုအကွာအဝေး သို့မဟုတ် အချိန်ကာလအလိုက်

🔹 စစ်ဆေးပေးရမယ့် အစိတ်အပိုင်းများ၊
🔹 သန့်ရှင်းပေးရမယ့် အစိတ်အပိုင်းများ၊
🔹 ချိန်ညှိပေးရမယ့် အစိတ်အပိုင်းများ၊
🔹 လဲလှယ်ရမယ့် အစိတ်အပိုင်းများ ဆိုပြီး ကွဲပြားပါတယ်။

လူကြီးမင်းရဲ့ ကားကို ဘယ်အချိန်၊ ဘယ်ကီလိုမီတာ ရောက်ရင် ဘယ် Parts တွေ စစ်ဆေး၊ သန့်ရှင်း၊ ချိန်ညှိ၊ လဲလှယ်သင့်သလဲ သိရှိနိုင်ဖို့ ကားအမျိုးအလိုက် Periodic Maintenance Schedule ကို Suzuki Myanmar Website Link ကနေ Download ရယူပြီး လေ့လာကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/service

Schedule ကို ကြိုတင်လေ့လာထားခြင်းဖြင့် လုပ်ဆောင်ပေးသင့်တဲ့ Maintenance အစီအစဉ်ကို ပိုမိုနားလည်နိုင်မှာဖြစ်ပြီး၊ ကားစစ်ဆေးပြုပြင်ခြင်းနဲ့ လိုအပ်တဲ့ Parts တွေလဲလှယ်ဖို့ နီးစပ်ရာ Suzuki Authorized Service Center ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လူကြီးမင်းတို့ဆီမှာရော Periodic Maintenance Schedule ရှိနေပြီလား? ဒီ Schedule ကို ကြည့်ဖြစ်ကြလားဆိုတာ Comment မှာ ပြောပြပေးသွားပါဦး။




မတတ်သာလို့ ရေထဲဖြတ်မောင်းမိခဲ့သည်ရှိသော် ခုပဲ တောင်ငူဆူဇူကီးကို လာပြီး စစ်ဆေးလိုက်ပါဗျို့… TaungooSuzuki09428114225
05/09/2026

မတတ်သာလို့ ရေထဲဖြတ်မောင်းမိခဲ့သည်ရှိသော် ခုပဲ တောင်ငူဆူဇူကီးကို လာပြီး စစ်ဆေးလိုက်ပါဗျို့…

TaungooSuzuki
09428114225

ဖြတ်မောင်းမလား၊ ပြန်လှည့်မလား?

မိုးသည်းထန်စွာရွာသွန်းပြီး လမ်းပေါ်မှာ ရေကြီးရေလျှံနေပါက ရေအောက်မှာ လမ်းပျက်စီးမှုများနှင့် အခြားမမြင်နိုင်သော အတားအဆီးများ ရှိနေနိုင်သလို၊ ရေအတိမ်အနက်နှင့် ရေစီးနှုန်းအပြောင်းအလဲ တို့ကိုလည်း ခန့်မှန်းဖို့ ခက်နိုင်တာကြောင့် ကားဖြတ်မောင်းတော့မယ်ဆိုရင် အထူးသတိထားဖို့ လိုအပ်ပါတယ်။

ဒါကြောင့် ရေကြီးနေတဲ့လမ်းတွေကို ဖြတ်မမောင်းခင်မှာ -
🔹 အခြားစိတ်ချရတဲ့လမ်းကြောင်းရှိ၊ မရှိ အရင်ရှာဖွေပြီး ဖြစ်နိုင်ပါက လမ်းကြောင်းပြောင်းမောင်းပါ။
🔹 လမ်းပိတ်ထားကြောင်း သတိပေးတားမြစ်ချက်များရှိပါက ဖြတ်မမောင်းပါနှင့်။
🔹 ရေအနက်၊ လမ်းအခြေအနေနဲ့ ရေစီးနှုန်းက ဘေးအန္တရာယ်ကင်းကြောင်း မသေချာပါက မဖြတ်ပါနှင့်။

ရေကြီးတဲ့လမ်းတွေကို မဖြစ်မနေ ဖြတ်မောင်းရမယ်ဆိုရင်တော့ -
🔹 ရေလှိုင်းများ မဖြစ်ပေါ်အောင် အရှိန်လျှော့ပြီး ဖြည်းဖြည်းမှန်မှန် မောင်းပါ။
🔹 မိမိကားကို ရှေ့ကားနဲ့ လုံလောက်တဲ့အကွာအဝေးထားပြီး မောင်းပါ။
🔹 ရုတ်တရက်အရှိန်တင်ခြင်းနှင့် ရုတ်တရက်ဘရိတ်အုပ်ခြင်းတို့ကို ရှောင်ရှားပါ။
🔹 ရေမြင့်တက်လာခြင်း သို့မဟုတ် ကားထိန်းချုပ်ရခက်လာခြင်းကို သတိပြုမိပါက မိမိနှင့် လိုက်ပါလာသူများရဲ့ ဘေးကင်းရေးကို ဦးစားပေးပါ။

သတိပြုရမည့်အချက် - ရေကြီးတဲ့လမ်းကို ဖြတ်မောင်းနေစဉ် ကားစက်ရပ်သွားပါက၊ အင်ဂျင်အတွင်း ရေဝင်နိုင်သည့်အခြေအနေတွင် အင်ဂျင်အစိတ်အပိုင်းများ ကြီးကြီးမားမား ပျက်စီးနိုင်တာကြောင့် ထပ်ခါထပ်ခါစက်နိုးခြင်း မပြုလုပ်ပါနှင့်။

လူကြီးမင်းရဲ့ကားကို ရေကြီးရေလျှံတဲ့လမ်းတွေမှာ ဖြတ်မောင်းပြီးတဲ့အခါ-
✅ ရေကြောင့် ဘရိတ်ဖမ်းအား (Braking Performance) လျော့ကျနိုင်တဲ့အတွက် ဘရိတ်စနစ် ပုံမှန် အခြေအနေ ဟုတ်၊ မဟုတ် သတိပြုပါ။
✅ ကားဒိုင်ခွက်တွင် Warning Light များ လင်းလာခြင်း၊ အင်ဂျင်အသံမမှန်ခြင်း၊ ကားတုန်ခါခြင်း နှင့် လျှပ်စစ်စနစ်များ ပုံမှန်အတိုင်း အလုပ်လုပ်ခြင်း ရှိ၊ မရှိ သတိပြုပါ။
✅ ကားအတွင်း ရေဝင်ခြင်း၊ ကားအောက်ပိုင်းမှ ပုံမှန်မဟုတ်သော အသံများထွက်ခြင်း ရှိ၊ မရှိကို သတိပြုပါ။

ရေကြီးရေလျှံတဲ့လမ်းတွေကို မောင်းနှင်ပြီးတဲ့နောက် အင်ဂျင်နဲ့ သက်ဆိုင်ရာ ကားအစိတ်အပိုင်းများ ထိခိုက်ပျက်စီးခြင်းရှိ၊ မရှိကို သေချာစေရန်နှင့် အချိန်ကြာသည့်အခါ ရေကြောင့်ဖြစ်ပွားနိုင်သည့် ယိုယွင်းပျက်စီးမှုများကို ကြိုတင်ကာကွယ်ရန် နီးစပ်ရာ Suzuki Authorized Service Center တွေမှာ ကြိုတင်စစ်ဆေးပေးဖို့ တိုက်တွန်းလိုပါတယ်။

နီးစပ်ရာ Suzuki Authorized Service Center များ၏ ဆက်သွယ်ရန် လိပ်စာအသေးစိတ်ကို အောက်ပါ Link မှလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer

မိတ်ဆွေတို့အနေနဲ့ရော ရေကြီးနေတဲ့လမ်းကို ကြုံတွေ့တဲ့အခါ အခြားလမ်းကြောင်းကို ပြောင်းပြီး မောင်းဖြစ်လား၊ ဒါမှမဟုတ် ရေကြီးနေတဲ့လမ်းကို ဖြတ်ပြီး မောင်းလေ့ရှိလား ဆိုတာကို Comment မှာ မျှဝေပေးခဲ့ပါဦး။




05/09/2026

Swift နောက်ခုံကို လိုသလို အမျိုးမျိုး ခေါက်လို့ ရပါတယ်…

TaungooSuzuki
09428114225

23/08/2026

Suzuki Ciaz မှာ ပါတဲ့ အမိုက်စားဖက်ရှင်လေး တစ်ခု …

22/08/2026

Ertiga Type D Owner များအတွက်…

19/08/2026

Air Filter ကြောင့်ကော Spark Plug ကြောင့်ပါ ဆီပိုစားစေနိုင်ပါတယ်နော်… သင့်ကားလေး ဆီပိုစားနေတယ် ထင်ရင် တောင်ငူဆူဇူကီးကို လာစစ်လိုက်ပါဗျို့…

Taungoo Suzuki
09428114225, 09428114226

08/08/2026

စပါယ်ယာဘီး လဲလှယ်ပုံ အဆင့်ဆင့်လေးပါ …

Taungoo Suzuki
09428114225

Address

No. 790, 11th Ward, Anout Kyone Pat Street
Taungoo
08101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959428114225

Alerts

Be the first to know and let us send you an email when Taungoo Suzuki posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Taungoo Suzuki:

Shortcuts

Share

Category