Power Auto Service

Power Auto Service Car Auto Service

သင် သတိမပြုမိပါက ဒုက္ခ/အန္တရာယ် ပေးနိုင်သော ကားအောက်ပိုင်းရောဂါ လက္ခဏာများHomeသင် သတိမပြုမိပါက ဒုက္ခ/အန္တရာယ် ပေးနိုင်သေ...
11/03/2024

သင် သတိမပြုမိပါက ဒုက္ခ/အန္တရာယ် ပေးနိုင်သော ကားအောက်ပိုင်းရောဂါ လက္ခဏာများ
Homeသင် သတိမပြုမိပါက ဒုက္ခ/အန္တရာယ် ပေးနိုင်သော ကားအောက်ပိုင်းရောဂါ လက္ခဏာများ

ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင် တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊ တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီးငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့်၊ သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့ သင့်ကား အောက်ပိုင်း ရောဂါတွေပါ။

ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။ ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်း တော့မယ်ဆို ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။ ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊ သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊ ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။ ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊ ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။

ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက် သင်ကိုယ်တိုင် သတိပြုနိုင်တဲ့ ကားအောက်ပိုင်းရောဂါလက္ခဏာတွေ ကိုအကျဉ်းချုပ်တင်ပြပေးပါ့မယ်။


(၁) တိုင်းရော့ (Tie rod )နဲ့ မိန်းလုံး(Tie rod end or Rack End) မကောင်းရင် ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ

တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့ ထင်ရှားတဲ့ လက္ခဏာ ကတော့ သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။ လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင် သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။ နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊ ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ ကားက တဖက်ဖက်ကို ဆွဲနေမယ်။ ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။ တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ ပျက်စီးမှု အများဆုံး ပစ္စည်းပါ။ တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့ အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။ ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင် ဝပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊ Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။



(၂) Ball Joint မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ


Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက သင့်ကား အောက်ဘက်ထောင့်ဆီကနေ တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့ ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင် အဲဒီအသံက ထွက်လာတယ်ဆိုရင် အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။ ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။

Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့ သင့်ကားစတီယာရင် ( Steering ) ကို လာပြီး သက်ရောက်မှုတွေ ရှိလာပါမယ်။ ဖြစ်လာနိုင်တာကသင့်ကားစတီယာရင် မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့ ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့ တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင် မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (Constant Velocity -CV Joint ) ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။ သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့ တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ် တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင် အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။ နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့ ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။

မနေ့ကပဲ ကားတစ်စီ းဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး ဝပ်ရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။


(၄) Shock bar , Coil Spring , Struts မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက သိသာ ထင်ရှား ပါတယ်။ အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊ ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင် ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာ မျိုးတွေကို သိသာ ထင်ရှားစွာ ခံစားရပြီဆိုရင်တော့ အဲ့ဒါ Shock bar , Coil Spring , Struts တို့ မကောင်းတဲ့ လက္ခဏာရပ်ပါ ။ ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးကသင့်ကားကိုယ်ထည်တစ်ခု လုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။ နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင် ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အာက်ကို ကျပြီး အပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်း မြင်တွေ.နိုင်ပါတယ်ခမျာ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်

ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင် ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင် တစ်ဖက်နဲ့တစ်ဖက ်မညီတာဖြစ်တတ်ပါတယ် ။ တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။ အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့ တာယာ လေပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့ မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊ တာယာ တစ်ဖက်ဖက် မညီမညာ စားနေလား၊ ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။ မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment) မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။ အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။ တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။ ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။



(၆) Brake မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ

ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊ ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့ ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင် Break Pads တွေ ကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊ ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီး ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) Steering မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ

စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကို လှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊ စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင် Steering Fluid နည်းနေတာဖြစ်နိုင်တယ်၊ Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ် ပွန်းစားနေတာဖြစ်နိုင်ပါတယ်. Steering Pump မကောင်းတာလည်းဖြစ်နိုင်ပါတယ်၊ Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။

ဒါတှကေ ကားတဈစီးမှာ ဖှဈလေ့ဖှဈထရှိတဲ့ အခှခေံအောကပြိုငြး ရောဂါလကျခဏာရပတြှပေါ၊ အခှားခှားသော ကားအောကပြိုငြးရောဂါ တှေ အမွားကှီး ကနွရြှိပါသေးတယြ၊ မှနမြာနိုငငြံမှာက လမြးမကောငြး တာရယြ၊ နောကြ Used ကားတှသောမွားတာကှောင့ြ ကားအောကပြိုငြး ရောဂါတှကတေော့ အဖှဈမွားဆုံးရောဂါတှလေို့လညြးဆိုနိုငပြါတယြ။ တခွို့ကားတှမှောဆို ဒူးဆဈတို့ မိနြးလုံးတို့ ဘောဂှိုင့ြ တိုကရြော့တို့ကို အုပထြားတဲ့ သဲကာလေးပေါကတြာကို မလဲတာကနပှေီးအဲ့ဒီ အရာတှေ ကှားထဲမှာနရမေယ့ြ အမဲဆီတှေ အပှငထြှကပြှီး ၊ အထဲမှာ မရှိရမယ့ြ သဲတှေ ဖုနတြှေ ရှှံ.တှကေ အထဲဝငကြာ အောကပြိုငြးဆကစြပြ ပဈစညြးတှကေို ပကွစြီးစတောလညြး မကှာခဏဆိုသလို တှေ့မှငရြ ပါတယြ ။ အောကပြိုငြးကလင့တြှေ ၊ Bushing တှေ မကောငြးတာေ ကှာင့လြညြး အထကကြ ရောဂါတှဖှဈေနိုငပြါသေးတယြ။

နောကတြဈခုက အထကပြါရောဂါတှကေ တဈခုခှငြးဖှဈနိုငသြလို ၊ နှဈခုကနေ အကုနလြုံး စုပေါငြးပှီးလညြး ဖှဈနိုငပြါတယြ။ ကားပေါြ တကလြိုကလြို့ အောကပြိုငြးဆီကနေ သံစုံတီးဝိုငြးသံတှေ ကှားနရေ ရငတြော့ သင့ကြားအောကပြိုငြး တောတြောမြွားမွား ပကွစြီးယို ယှငြးနပှေီဆိုတာ သတိပှု သင့ပြါတယြ။ စစဖှဈခှငြး ရောဂါလကျခ ဏာတှေ သတိမမူဘ ဲမပှုပှငြ မထိနြးသိမြးရငြ အောကပြိုငြး အခှား ဆကစြပပြဈစညြးတှကေိုပါ လိုကပြကွစြီးစပှေီးအနညြးဆုံး တာယာ စားသှားတာ၊ ကားမောငြးရတာ မငှိမတြော့ဘဲ အသံတှထှကေလြာတာ ကနေ အဆိုးဝါးဆုံး သင့အြသကအြနျတရာယထြိအောငြ ထိခိုကစြမှောပါ။ ဒါကှောင့သြင့ကြားအောကပြိုငြးကနမေူမမှနတြဲ့ အသံတှေ တုနခြါမှုတှေ ကို သတိထားပှီး ရောဂါလကျခဏာပှပှီဆိုတာနဲ့ သငနြဲ့ သင့ကြား ဘေးအနျတရာယြ ကငြးရှငြးရေး လုံခှုံရေးအတှကြ ခကွခြှငြး ကွှမြးကငွြ ဝပရြှော့တှမှော စဈဆေးပှသပှီး ရောဂါကုသမှု ခံယူသင့ကြောငြး အကှုံပှုတငပြှပေးလိုကပြါတယြာ။

ကားအောက်ပိုင်း (Suspension)ကို အဓိကအားဖြင့် အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။

(Tie rod) တိုင်းရော့ (Tie rod end or Rack End) မိန်းလုံး (Ball Joint) ဘောလ်ဂွိုင့် (Constant Velocity -CV Joint) ဒူးဆစ် (Stabilizer Bar) နှုတ်ခမ်းမွှေးလိုင်း (Shock Absorber) ရှော့ခ်ဘား (Upper Arm ) အပေါ်လက်ဝါး (Lower Arm) အောက်လက်ဝါး (Coil Spring ) ကွိုင်စပရင် (Rubber Bushing) ရာဘာဘွတ် (Bellows ) သဲကာ

အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထား
ပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါသေးတယ် ။ အဲ့ဒီပစ္စည်းတွေနဲ့ အဓိက တွဲဖက် အလုပ်လုပ်နေတာကတော့ Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

စာဖတ်သူ မိတ်ဆွေများအားလုံး နည်းပညာဗဟုသုတ တိုးတက်ပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

မူရင်းရေးသားသူအား‌လေးစားစွာဖြင့်
creditပေးပါသည်။

စက်တင်ဘာကတည်းကိုယ့်ကားမှာတပ်ဆင်စမ်းသပ်သုံးစွဲကြည့်ပြီးမှအကျိုးထူးတာကိုတွေ့ရလို့အောက်တိုဘာလထဲမှာတခြားကားမှာတပ်ဆင်ပေးခဲ့တဲ...
04/11/2023

စက်တင်ဘာကတည်းကိုယ့်ကားမှာတပ်ဆင်စမ်းသပ်သုံးစွဲကြည့်ပြီးမှအကျိုးထူးတာကိုတွေ့ရလို့အောက်တိုဘာလထဲမှာတခြားကားမှာတပ်ဆင်ပေးခဲ့တဲ့ဓာတ်ဆီ...ဒီဇယ်...12V/24V...ကားကြီးကား​လေးမီးစက်တွေဆီစားအနည်းဆုံး25%နှုန်းသက်သာပြီးကားအရုန်းအဆွဲကောင်းEGR အိပ်ဇောကျောက်ဆံကာပိတ်ပလပ်ခဏခဏလဲဗားချီးခုမီးချေးတက်စတဲ့ပြဿနာပေါင်းသောင်းခြောက်ထောင်ကင်းဝေးစေတဲ့HHO(ရေဓာတ်ငွေ့ထုတ်စက်)တပ်ဆင်ခလက်ခမဲ့ဆင်ပေးလါတာချစ်တဲ့ကပ်စတန်မာတွေရဲ့တောင်းဆိုချက်အရ..ယခုနိုဝင်ဘာလကုန်အထိဝယ်ယူအားပေးသူအပေါင်းကိုလည်းလက်ခမဲ့တပ်ဆင်ပေးမှာဖြစ်လို့မနှေးအမြန်အပြေးသာလှမ်းလို့အော်ဒါတင်​ပြီးဝယ်ယူနိုင်ပါပြီ။နောက်လဒီဇင်ဘာဆိုတပ်ဆင်ခငါးသောင်းစတင်ယူပါတော့မယ်ခင်ဗျား။
# HHOစက်တပ်ဆင်အသုံးပြုချင်းဖြင့်ရရှိလာမည့်အကျိုးကျေးဇူးများ... #
*******************************
HHO ကိုအသုံးပြုခြင်းကြောင့်
၁။အင်ဂျင်အတွင်းကာဗွန်ချီးမတက်ခြင်း။ရှိနေသည့်ကာဗွန်ချီးများသန့်ရှင်းစေခြင်း။
၂။Hp 25% လောက်တက်လာခြင်း
၃။စက်ရုန်းအားပိုကောင်းလာခြင်း
၄။ကာဗွန်ချီးမရှိတော့သည့်အတွက်Compression ပိုကောင်းစေလာခြင်း
၅။ဆီစားနှုန်းသက်သာ​ေစခြင်း
၆။အင်ဂျင်သက်တမ်းပိုရှည်လာခြင်း
၇။ပြင်ဆင်မှုလုပ်ရသည့်အကြိမ်ရေနည်းစေခြင်း။
၈။အင်ဂျင်ဝိုင်ထဲကာဗွန်ချီးပါဝင်မှုနည်းလာသည့်အတွက်အင်ဂျင်ဝိုင်သိပ်မမည်းတော့ဘူး
Power Auto Service
အမှတ်(၈)စပါးရွှေဝါလမ်း
ဇင်ယော်မင်းရေသန့်နှင့်ရေခဲစက်အရှေ့
ဆေးရုံကြီးနှင့်မြိတ်တက္ကသိုလ်သွားရာလမ်း
အောင်သုခကားရေဆေးခုံနံဘေး..မြင့်မိုကိုယ်ပိုင်စာသင်ကျောင်းအနီး
အထက်ရေပုံးရပ်။မြိတ်မြို့
ဖုံး-09-261027010

Vauxhall engine overhaulPower Auto Service အမှတ်(၈)စပါးရွှေဝါလမ်းအထက်ရေပုံးရပ်မြိတ်မြို့
27/10/2023

Vauxhall engine overhaul

Power Auto Service
အမှတ်(၈)စပါးရွှေဝါလမ်း
အထက်ရေပုံးရပ်
မြိတ်မြို့

ဘားဘော်ဒီ စစ်ဆေးပြုပြင်ခြင်းPower Auto Service အမှတ်(၈)စပါးရွှေဝါလမ်းအထက်ရေပုံးရပ်မြိတ်မြို့
23/10/2023

ဘားဘော်ဒီ စစ်ဆေးပြုပြင်ခြင်း

Power Auto Service
အမှတ်(၈)စပါးရွှေဝါလမ်း
အထက်ရေပုံးရပ်
မြိတ်မြို့

ဘိတ်မှာEV လျှပ်စစ်ကားစီးပြီးCkeck မီးလင်းလာလို့ကွန်ပြူတာစစ်မရဘူးလို့မထင်နဲ့နော်.... Power Auto Service မှာကမ္ဘာပေါ်ကကားအ...
19/10/2023

ဘိတ်မှာEV လျှပ်စစ်ကားစီးပြီးCkeck မီးလင်းလာလို့ကွန်ပြူတာစစ်မရဘူးလို့မထင်နဲ့နော်.... Power Auto Service မှာကမ္ဘာပေါ်ကကားအမျိုးအစား၉၉% နှုန်းလောက်အထိနဲ့ BMW , Harlay-Davidson Ducati တို့လိုဆိုင်ကယ်ကြီးတွေCheck မီးလင်းနေလို့ကွန်ပြူတာစစ်ဖို့စက်ရှိတယ်နော်...EV ကားဆိုကွန်ပြူတာစစ်ဆေးခမယူပဲစစ်ပေးနေတယ်နော်။
အမှတ်(၈)စပါးရွှေဝါလမ်း။
ဇင်ယော်မင်းရေသန့်နှင့်ရေခဲစက်အရှေ့
​အထက်ရေပုံးရပ်။မြိတ်မြို့
ဖုံး>၀၉-၂၆၁၀၂၇၀၁၀
>၀၉-၇၈၀၃၃၅၈၄၇

အခုတပ်ပေးတဲ့HHOစက်(ရေဓါတ်ငွေ့ထုတ်စက်)ကအင်ဂျင်ပါဝါ660CCကနေ4000CCအထိလိုရင်လိုသလိုချိန်ညှိပြီးGas အတိုးအလျှော့လုပ်လို့ရတဲ့စ...
08/10/2023

အခုတပ်ပေးတဲ့HHOစက်(ရေဓါတ်ငွေ့ထုတ်စက်)ကအင်ဂျင်ပါဝါ660CCကနေ4000CCအထိလိုရင်လိုသလိုချိန်ညှိပြီးGas အတိုးအလျှော့လုပ်လို့ရတဲ့စက်ပါ။
စက် မနိုးမချင်းဘက္ထရီအားလဲမဆွဲဘူး။အဲဒီ​တော့ဘကျထရီလဲမနာ​​တော့ဘူး​ပေါ့။Videoမှာကြည့်ပါ။HHO စက်ဟာ ဆီစားနှုန်းကိုသက်သာစေပီးအင်ဂျင်ရုန်းအားပိုမိုတိုးတက်စေကာ 25%ထိဆီစားသက်သာစေပါတယ်။
တပ်ဆင်ချင်သော်လည်းကောင်း၊စက်အကြောင်းအသေးစိတ်သိရှိလိုသော်လည်းကောင်း၊လာရောက်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။

Power Auto Service
အမှတ်(၈)စပါးရွှေဝါလမ်း
အထက်ရေပုံးရပ်
မြိတ်မြို့
09-261027010

Hyundai  BallJointHub Ballအောက်ပိုင်းစစ်ဆေး 🛠️🧰Power Auto Service အမှတ်(၈)စပါးရွှေဝါလမ်းအထက်ရေပုံးရပ်မြိတ်မြို့
06/10/2023

Hyundai

BallJoint
Hub Ball
အောက်ပိုင်းစစ်ဆေး 🛠️🧰

Power Auto Service
အမှတ်(၈)စပါးရွှေဝါလမ်း
အထက်ရေပုံးရပ်
မြိတ်မြို့

ကဲ....ကဲ....ကဲ....ဆိုင်ကယ်ကြီးတွေစီးတဲ့ပုဂ္ဂိုလ်များ...တရုပ်...ကိုးရီးယား...အိန္ဒိယ..ဂျပန်..ဥရောပ...အမေရိကန်...ပြင်သစ်.....
01/10/2023

ကဲ....ကဲ....ကဲ....ဆိုင်ကယ်ကြီးတွေစီးတဲ့ပုဂ္ဂိုလ်များ...တရုပ်...ကိုးရီးယား...အိန္ဒိယ..ဂျပန်..ဥရောပ...အမေရိကန်...ပြင်သစ်...အင်္ဂလန်...ဂျာမဏီကားစီးတဲ့သူများ...ဆီလုံးဝမကုန်တဲ့လျှပ်စစ်ကားEVစီးတဲ့သူများ Engine Check မီးလင်းလို့ဘယ်မှာမှကွန်ပြူတာစစ်လို့မရဘူးဆိုပြီးစိတ်ညစ်နေသူများအားလုံးစိတ်ချမ်းသာစွာနဲ့ပြင်ဆင်ရစေဖို့အတွက်ကမ္ဘာပေါ်ကထွက်သမျှကားနဲ့ဆိုင်ကယ်၉၉%နှုန်းလောက်အထိစစ်ဆေးအဖြေရှာပေးနိုင်တဲ့ကွန်ပြူတာစက်အစုံရောက်နေပြီနော်...EVကားဆိုရင်၅စီးအထိအခမဲ့စစ်ဆေးပေးပါမယ်။
Power Auto Service
အမှတ်(၈)စပါးရွှေဝါလမ်း
အထက်ရေပုံးရပ်
မြိတ်မြို့
☎️0️⃣9️⃣ 2️⃣6️⃣1️⃣0️⃣2️⃣7️⃣0️⃣1️⃣0️⃣ကိုသာဆက်လိုက်ပါ။

FordOil FilterDisel Filter များဝယ်ယူရရှိနိုင်ပါသည်
27/09/2023

Ford

Oil Filter
Disel Filter များဝယ်ယူရရှိနိုင်ပါသည်

Honda GE6Engine OverhaulNO (8) Sparshwewar Road Upper Yepone Quarter Myeik
18/09/2023

Honda GE6

Engine Overhaul

NO (8) Sparshwewar Road Upper Yepone Quarter Myeik

17/09/2023

2020ကတည်းကစတင်ဆောင်ရွက်ပေးနေပါတယ်။

Address

Sapar Shwe Wa Upper Yepone
Tanintharyi
MYEIK

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959261027010

Website

Alerts

Be the first to know and let us send you an email when Power Auto Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Power Auto Service:

Share