Min ArKar Car Wash

Min ArKar Car Wash Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Min ArKar Car Wash, Car wash, 6/44, San Sai (A), Tachileik.

30/05/2026

ကားအတွင်းခန်းညစ်ပေခြင်းရဲ့ဆိုးကျိုးတွေကြောင့် ဖြစ်လာတဲ့ပြသနာတွေကို ဘယ်လိုဖြေရှင်းကြမလဲ ? #မင်းအာကာရေဆေးဆီလိုက် #ကားအတွင်းခန်းလျှော်

Before ❌ After ✅အင်ဂျင်ခန်းတွေကို လူမမြင်ဘူးဆိုပြီး တော်တော်များများက လျစ်လျူရှူတတ်ပါတယ် ။ ဒါပေမဲ့ အမှန်ဟာ အင်ဂျင်ဆိုတာ ...
04/05/2026

Before ❌ After ✅

အင်ဂျင်ခန်းတွေကို လူမမြင်ဘူးဆိုပြီး တော်တော်များများက လျစ်လျူရှူတတ်ပါတယ် ။
ဒါပေမဲ့ အမှန်ဟာ အင်ဂျင်ဆိုတာ ကိုယ့်ကားရဲ့နှလုံးသားပါ …..

ဖုန် ၊ အဆီအညစ်တွေ အများကြီးစုပုံလာတဲ့အခါမှာ အပူပိုတက်တာ ၊ အနံ့ဆိုးထွက်တာ ၊ အချိန်ကြာလာတာနဲ့အမျှ အစိတ်အပိုင်းတွေပါပျက်စီးလာတာတွေ သေချာပေါက်ဖြစ်လာနိုင်ပါတယ် ။
မမြင်ရဘူးဆိုပြီး အရေးမကြီးပါဘူးလို့မထင်ပါနဲ့ အပြင်အလှတင်မဟုတ်ဘူး အတွင်းလည်းသန့်ရှင်းလှပဖို့လိုပါတယ် 💯

📌 Min Arkar မှာတော့ ဒီအခက်အခဲတွေကိုဖြေရှင်းပေးတဲ့အပြင်
👉🏻 စနစ်တကျ ၊ သေချာစွာ ချေးချွတ်ပေးတာကြောင့် သန့်စင်သွားရုံသာမက စိတ်ချသွားပြီလို့ပါ ပြန်လည်ခံစားရစေမှာဖြစ်ပါတယ် ။

📍MinArKar Carwash & Spa
Page မှာ message ပို့ပြီး ( သို့ ) 095242367 သို့ ဖုန်းဆက်ပြီး မေးမြန်းနိုင်ပါတယ် ခင်ဗျာ
အားပေးသူတစ်ဦးချင်းဆီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ် 💦


မနက်ဖြန် ကဆုန်လပြည့်နေ့လေး ဆိုင်တစ်ရက်ပိတ်ပါတယ်ခင်ဗျာ 🙏မေလ ၁ရက်နေ့မှစ၍ ပုံမှန် အတိုင်း မနက် 7 နာရီမှ ည 6 နာရီ ဆိုင်ဖွင့်...
29/04/2026

မနက်ဖြန် ကဆုန်လပြည့်နေ့လေး ဆိုင်တစ်ရက်ပိတ်ပါတယ်ခင်ဗျာ 🙏

မေလ ၁ရက်နေ့မှစ၍ ပုံမှန် အတိုင်း မနက် 7 နာရီမှ ည 6 နာရီ ဆိုင်ဖွင့်ချိန်လေးတွင် ပြန်လည်လာရောက်အားပေးနိုင်ပါပြီခင်ဗျာ

ပြန်တွေ့ကြမယ်နော် 🩵💦

20/04/2026

သင်္ကြန်အရှိန်လေးမပျက်ယူနီဖောင်းလေးချိန်းထားပါရစေ 💦အားပေးကြသောမိတ်ဆွေများကျေးဇူးအထူးပါခင်ဗျာ 🙏

17/04/2026

မိမိကား/ဆိုင်ကယ်တွေနဲ့သင်္ကြန်လည်ထားရင်ပစ်မထားဘဲအမြန်ရေဆေးဖို့လိုမယ်နော် 💦

အားလုံးသောမိတ်ဆွေများ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနှစ်သစ်လေးဖြစ်ပါစေခင်ဗျာ 🙏 ဆိုင်လေးလဲယနေ့ပြန်ဖွင့်ပါပြီ နှစ်ဟောင်းကအ...
17/04/2026

အားလုံးသောမိတ်ဆွေများ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသောနှစ်သစ်လေးဖြစ်ပါစေခင်ဗျာ 🙏

ဆိုင်လေးလဲယနေ့ပြန်ဖွင့်ပါပြီ နှစ်ဟောင်းကအညစ်ကြေးတွေဆေးကြောဖို့ မိမိတို့ ကား /ဆိုင်ကယ်များနှင့်ကျွန်တော်တို့ရေဆေးခုံသို့အရောက်လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ 💦

အားပေးကြသော တစ်ဦးချင်းဆီတိုင်း နှစ်သစ်မှစပြီး ပိုမိုတိုးတက်ပါစေ ပိုမိုတောက်ပပါစေ ကျွန်တော်တို့ “ မင်းအာကာ “ ရေဆေး/ဆီလိုက် သည်လည်း ဒီထက်ပိုပိုတိုးတက်လာပြီး ပိုမိုတောက်ပလာပါစေဟု တောင်းဆုပြုလိုက်ပါရစေခင်ဗျာ 🙏 ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ 🩵


13-16 ရက်အထိသင်္ကြန်ပိတ်ရက်လေးပါခင်ဗျ 🙏  ဘုရားသွားကျောင်းတက် အလှူတက် ကြရန် ဧည့်သည်များအတွက် နှစ်ဆန်း ၁ ရက်နေ့ ပြန်ဖွင့်ပ...
12/04/2026

13-16 ရက်အထိသင်္ကြန်ပိတ်ရက်လေးပါခင်ဗျ 🙏 ဘုရားသွားကျောင်းတက် အလှူတက် ကြရန် ဧည့်သည်များအတွက် နှစ်ဆန်း ၁ ရက်နေ့ ပြန်ဖွင့်ပါမည်ခင်ဗျာ ။

နှစ်ဟောင်းအညစ်အကြေးများဆေးကြောရင်း နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေလို့ ကျွန်တော်တို့ မင်းအာကာအဖွဲ့သားများမှ ဆုမွန်ကောင်းတောင်းလိုက်ပါရစေခင်ဗျာ 🙏🩵


2026 တစ်နှစ်ပတ်လုံးအတွက် ••••••ကားဖြစ်စေ / ဆိုင်ကယ်ဖြစ်စေ 6 ကြိမ် ရေဆေးပြီးတိုင်း 1ကြိမ်အခမဲ့ ရေဆေးခွင့် Loyalty card လေ...
01/01/2026

2026 တစ်နှစ်ပတ်လုံးအတွက် ••••••
ကားဖြစ်စေ / ဆိုင်ကယ်ဖြစ်စေ 6 ကြိမ် ရေဆေးပြီးတိုင်း 1ကြိမ်အခမဲ့ ရေဆေးခွင့် Loyalty card လေးစီစဉ်ပေးထားပါတယ်ခင်ဗျာ 📣📣📣

ဟုတ်ပါတယ် ကျွန်တော်တို့မင်းအာကာရေဆေးဆီလိုက်ရဲ့လူကြိုက်အများဆုံး စပရှယ် " Signature Wash " service လေးကိုလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ ။

Card လေးတွေပြည့်ပြီးတိုင်းလည်း cardအသစ်များထပ်ထပ်ရသွားမှာဖြစ်ပါတယ် 2026 မကုန်မချင်းပါခင်ဗျာ ...

စေတနာအပြည့်ဖြင့် ဆောင်ရွက်‌ပေးသည့်၀န်ဆောင်မှုကောင်းတွေရနေမယ့်အပြင် ကျွန်တော်တို့ customer တွေထပ်ထပ်ပြီးအားပေးတိုင်း ပိုပိုအကျိုးဖြစ်စေရန်ရည်ရွယ်ပါတယ်ခင်ဗျာ •••••

2025 9လပိုင်းလောက်ကစပြီး12ပိုင်းအထိ ပေးခဲ့ဖူးသော loyalty card ဟောင်းများလည်းယခုထိအကျုံး၀င်ပါတယ်ခင်ဗျ အသုံးပြုလို့ရပါတယ်နော်

မိတ်သစ်ဧည့်သစ်များလည်း ကဒ်အသစ်အစီစဉ်သစ်လေးမှာပါ၀င်နိုင်ပါပြီခင်ဗျာ 📣

ကဲဒါဆိုရင် မိမိကားနှင့်ဆိုင်ကယ်များသန့်စင်လှပသွားဖို့

2026 တစ်နှစ်ပတ်လုံး Min ArKar Car Wash သို့လာရောက်‌ဆေးကြောလိုက်ပါတော့ခင်ဗျာ ✨💎

#မင်းအာကာရေဆေးဆီလိုက်

နှစ်သစ်မှာအချစ်သစ်ရှာဖို့ ယနေ့ (၁)ရက်နေ့ ဆိုင်ပိတ်ပါတယ်ခင်ဗျာ 🤭Customer များအားလုံးHappy New year ပါ နှစ်သစ်မှစပြီးစိတ်၏...
01/01/2026

နှစ်သစ်မှာအချစ်သစ်ရှာဖို့ ယနေ့ (၁)ရက်နေ့ ဆိုင်ပိတ်ပါတယ်ခင်ဗျာ 🤭
Customer များအားလုံးHappy New year ပါ နှစ်သစ်မှစပြီးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံကြပါစေခင်ဗျာ ။

မနက်ဖြန် 2ရက်နေ့ မှစ၍ ပုံမှန်အတိုင်း မနက်7နာရီမှ ည6နာရီအထိလာရောက်အားပေးလို့ရပါပြီခင်ဗျာ

မနက်ဖြန်ပြန်တွေ့ကြမယ်နော် .. 💎✨

ကာားအင်ဂျင်နဲ့ အောက်ပိုင်းရှိသံချေးတွေကိုပြန်လည်မသန့်စင်ပေးရင်ဘာတွေဖြစ်လာနိုင်မလဲ?🔸 Nut/Bolt များ ဖြုတ်/တပ်အလွယ်တကူမလုပ်...
16/12/2025

ကာားအင်ဂျင်နဲ့ အောက်ပိုင်းရှိသံချေးတွေကိုပြန်လည်မသန့်စင်ပေးရင်ဘာတွေဖြစ်လာနိုင်မလဲ?

🔸 Nut/Bolt များ ဖြုတ်/တပ်အလွယ်တကူမလုပ်နိုင်ခြင်း
— သံချေးကြောင့် အလွယ်တကူဖြုတ်/တပ်ရသော Nut/Boltများဖြုတ်ရတပ်ရခက်ခဲလာစေပါတယ်။

🔸 ကားကိုယ်ထည်အောက်ပိုင်းရှိ အကာများ၊အချိတ်အဆက်များအားနည်းလာခြင်း
- သံချေးများကသတ္ထုပါးလွှာသော အစိတ်အပိုင်းများကိုဦးစားပေး တိုက်စားသဖြင့် ကိုယ်ထည်အောက်အစိတ်အပိုင်းများအားနည်းလာပြီး တုန်ခါမှုနဲ့ အသံများကိုဖြစ်စေပါတယ်။

🔸 Brake line / Fuel line များအထိသံချေးများပျံ့နှံ့သွားနိုင်ခြင်း
— ဘရိတ်လိုင်းများ၊ဝိုင်ယာကြိုးများ နှင့် လောင်စာဆီလိုင်းများသို့ သံချေးများကူးစက်သွားပါက ယိုယွင်းပျက်စီးသွားနိုင်ပြီး ဘေးအန္တာရာယ်ရှိနိုင်ပါတယ်။

🔸အင်ဂျင်အစိတ်အပိုင်းများကိုအားနည်းစေခြင်း
—သံချေးကအင်ဂျင်ရဲ့ကြုံခိုင်မှုကိုအားနည်းသွားစေပြီး တုန်ခါမှု ၊ ဆူညံမှု နှင့် စက်ပိုင်းဆိုင်ရာထိခိုက်မှုများကိုဖြစ်ပေါ်စေနိုင်ပါတယ်။

🔸သံချေးကြောင့် အင်ဂျင်ပိုပူစေခြင်း

—သံချေးတက်ခြင်းကြောင့် အင်ဂျင်ကအပူပိုမိုထုတ်လွှတ်ပြီး ဆီပိုကုန်စေပါတယ်။

---------------------------------------------

ကားအင်ဂျင်ခန်းနှင့် အောက်ပိုင်းမှာချေးထူနေတဲ့
ပြသနာကိုဖြေရှင်းဖို့အတွက်ဆိုရင် ကျွန်တော်တို့မင်းအာကာရေဆေး၊ဆီလိုက်ရှိပါတယ်ခင်ဗျာ ။

ဆိုင်လိပ်စာ -မယ်ခေါင်၊တံတား(၂)မြို့ပတါလမ်း၊မင်းအာကာရေဆေးဆီလိုက်။
ဖုန်းနံပါတ်-09766909155/095242367


#မင်းအာကာရေဆေးဆီလိုက် #မင်းအာကာရေဆေးခုံ

Address

6/44, San Sai (A)
Tachileik

Telephone

+959456511633

Website

Alerts

Be the first to know and let us send you an email when Min ArKar Car Wash posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category