03/11/2024
‼️2025 BMW S1000RR ‼️
အရင်နှစ်တုန်းကလိုပဲ မပြောင်းလဲတဲ့ inline four ကိုမှ 13000 rpm မှာ မြင်းကောင်ရေ 205 ကောာင် ထိထွက်ပြီး torque ကတော့ 11000 rpm မှာ 83 lb-ft ရှိမှာဖြစ်ပါတယ်၊ဒါဟာ စည်းကမ်းတင်းကြပ်နေတဲ့ euro5+ emissions regulations ကိုလွတ်အောင်လည်း လုပ်ရသေးတာဖြစ်ပါတယ်၊
တနှစ်နဲ့ တနှစ် ထူးထူးခြားခြားပြောင်းလဲလာတဲ့ ရုပ်သွင်ပြင်က ပိုပြီး ဆွဲဆောင်မှုရှိလာတာ ငြင်းမရသလို ဆိုင်ကယ်ရဲ့ aerodynamic ကို ပိုဦစားပေးထားတာ သိသာလှပါတယ်။ အခု အထင်ရှားဆုံးဖြစ်တဲ့ winglet ကဆိုရင် downforce 13.2lb ကနေ 186 mph မှာဆိုရင် 50.9 lb ထိ ရှိမှာဖြစ်ပါတယ်၊
ရှေ့ရွံ့ကာ မှာဆိုရင်လည်း ဘရိတ်အုံနဲ့ ရှေ့ဖောက်တွေကို အအေးပေးနိုင်ဖို့ ဒီဇိုင်းအသစ်နဲ့လာတာတွေ့ရမှာဖြစ်ပါတယ်၊ track မှာဖြစ် ဖြစ် on road မှာ ဖြစ် ဖြစ် တကယ်ကို အသုံး၀င်မှာလည်းဖြစ်ပါတယ်၊
’
နောက်တခု အနေနဲ့ကတော့ quick action throttle ကို အရင် 72’ ကနေ Mမှာ သုံးနေတဲ့ 58’ ကို S မှာပါ ထည့်ပေးလာတာဖြစ်လို့ respond အရမ်းကောင်းလာမှာဖြစ်ပါတယ် ( ဒါကတော့ M ရော S ပါ မောင်းဖူးထားမှ သိသာမှာဖြစ်ပါတယ်)
2025 S1000RR ကို 2025 နှစ်စမှာ စတင်ကြေညာမှာဖြစ်ပြီး ဒုတိယပတ်လောက်မှာစတင်ရရှိနိုင်မှာဖြစ်ပါတယ် ။ အရောင်အနေနဲ့ကတော့ ၃ ရောင် ရရှိနိုင်မှာ ဖြစ်ပြီး Basic အရောင်က Black Storm Matallic, Style Sport မှာ Bluestone Metallic နဲ့ M package မှာ ဆိုရင် Light White / M Motorsport Graphics ဆိုပြီးရရှိနိုင်မှာလည်း ဖြစ်ပါတယ်။
2025 S1000RR ရဲ့ Electronic ပိုင်းမှာပါလာတာကတော့
Five ECU modes Rain, Road, Dynamic, and Race, plus Race Pro
Three level throttle response and engine braking
16-level traction control, Cornering ABS, engine brake, wheelie control, launch and cruise control, Dynamic Brake Control, lap timer,
Full LED lighting, Daytime Running Light, backlit handlebar switches, TFT color display
ဟုတ်ကဲ့ပါ
ဖတ်ရှုပေးကြလို့ ကျေးဇူးအများကြီး တင်ပါတယ်ဗျ