Min Mrat Khine a2z Car, Tuk Tuk, Motorcycle Service

Min Mrat Khine a2z Car, Tuk Tuk, Motorcycle Service Min Mrat Khine a2z Car, Tuk Tuk & Motorcycle Service in Rakhine မှ စက်ပြင် ဝါသနာရှင်များကိုလည်း စနစ်တကျ သင်ပေးပါသည်......

ကားအစိတ်အပိုင်းများ~~~~~~~~~~~~~~~~ ကားပိုင်ရှင်အများစုသည် ကားကိုအသုံးချနေသော်လည်း ၊ ပုံမှန်ထိန်းသိမ်းခြင်းနှင့် ကားပျက်...
03/05/2022

ကားအစိတ်အပိုင်းများ
~~~~~~~~~~~~~~~~

ကားပိုင်ရှင်အများစုသည် ကားကိုအသုံးချနေသော်လည်း ၊ ပုံမှန်ထိန်းသိမ်းခြင်းနှင့် ကားပျက်၍ ပြုပြင်ရခြင်းများအတွက် ငွေကြေးသုံးစွဲရာတွင် လက်တွန့်တတ်ကြသည်။ ကားအကြောင်း၊ ကားသဘာ၀၊ ကားပြုပြင်ထိန်းသိမ်းခြင်းများကို နားလည်သဘောပေါက်သော ကားပိုင်ရှင်များက ကုန်ကျစရိတ်များကို လက်ခံနိုင်ကြသော်လည်း ကားအကြောင်း နားမလည်သော ပိုင်ရှင်နှင့် ယာဉ်မောင်းတို့အကြားတွင် ကားပြုပြင်ထိန်းသိမ်းစရိတ်သည် စကားများများပြောရသော ပြဿနာဖြစ်လာတတ်သည်။ ပုံမှန်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် အချိန်တန်လျှင် ပျက်စီးတတ်သော ကားအစိတ်အပိုင်းများ ပြင်ဆင်စရိတ်များကို အကုန်အကျခံရန် ငြိုငြင်တတ်ကြသည်။

ကားတစ်စီး လက်၀ယ်ထားလျှင် ပြင်ဆင်ထိန်းသိမ်းစရိတ်သည် အသုံးပြုရမြဲဖြစ်သည်။ ကားဟောင်း၊ ကားညံ့ ၀ယ်မိလျှင် မကြာခဏ ကားပျက်၍ အကုန်အကျ ပိုများသည်။ ကားကောင်း၀ယ်လျှင်လည်း ပုံမှန်ပြုပြင် ထိန်းသိမ်းစရိတ်ရှိသည်။ အချို့သေ ာကားပိုင်ရှင်များသည် ပျက်မှသာ ကားပြင်လိုကြသည်။ ပုံမှန်ထိန်းသိမ်းရသည်ကို နားမလည်၍ အပိုကုန်ကျသည်ဟု မြင်ကြသည်။ ကားတစ်စီးအား ပုံမှန်စစ်ဆေးထိန်သိမ်းခြင်း မလုပ်ပေးပါက ပို၍ပျက်စီးစေသည်။ ဘေးကင်းလုံခြုံမှု တဖြည်းဖြည်း ကျဆင်းလာ၍ အန္တရာယ်လည်း ဖြစ်နိုင်သည်။

ကားတစ်စီးတွင် အစိတ်အပိုင်းပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး၊ စနစ် (System)များ ပေါင်းစပ်၍ လည်ပတ် အလုပ်လုပ်သည်။ အချိန်တန်လျှင် ပွန်းစား ပျက်စီးတတ်သည်။ ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းများအပြင် ပျက်စီးချွတ်ယွင်းသွားသော အစိတ်အပိုင်းများကို အစားထိုးလဲလှယ်၍ ပြုပြင်ပေးရသည်။ ကားအစိတ်အပိုင်း (Auto Parts) ပစ္စည်းများသည် သုံးစွဲနိုင်သော သက်တမ်းရှိသည်။ သက်တမ်းကုန်လျှင် ချွတ်ယွင်း ပျက်စီးလာတတ်သည်။

အစားထိုးလဲလှယ်ပေးရသောကားအစိတ်အပိုင်းများ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

(၁) လေစစ်၊ဆီစစ်များ

ကားတိုင်းတွင် Air Filterခေါ် လေစစ်များသည် အချိန်တန်လျှင် လဲပေးရသည်။ ခရီးမိုင် (၃၀,၀၀၀) မှ (၅၀,၀၀၀) အတွင်း သုံးပြီးပါက လေစစ်များ လဲပေးသင့်သည်။ အင်ဂျင်ဝိုင်အသစ်လဲတိုင်းလည်း ဆီစစ် (Oil Filter)ဘူးကို လဲပေးရမည်။ ခရီးမိုင် (၃၀၀၀) မှ (၅၀၀၀)အတွင်း သွားပြီးတိုင်း အင်ဂျင်ဝိုင်နှင့် ဆီစစ်ကို လဲပေးသင့်သည်။ ကားအမျိုးအစားအလိုက် သင့်လျော်သော အင်ဂျင်ဝိုင်အမျိုးအစားကို ရွေးချယ်သုံးစွဲသင့်သည်။

(၂) ဘက်ထရီ

ကားတစ်စီးတွင် ဘက်ထရီသည် အသက်ဖြစ်သည်။ ဘက်ထရီကောင်းပြီး အားသွင်းစနစ်မကောင်းပါက ဘက်ထရီအားမရှိဘဲ ဖြစ်တတ်သည်။ ဘက်ထရီ အားမကောင်း လျှင် ကားစက်နှိုးရ ခက်ခဲတတ်သည်။

ကားဘက်ထရီတစ်လုံးသည် ပုံမှန်ထိန်းသိမ်းပေးရန်လိုအပ်သည်။ အရည်အသွေး အမျိုးအစား ကောင်းသော ကားဘက်ထရီတစ်လုံး၏ ပျမ်းမျှ သက်တမ်းသည် အများဆုံး (၃)နှစ်သာ အသုံးခံသည်။ AGM (Absorbant Glass Mat) ဂျယ်လီ သုံးသော ဘက်ထရီအမျိုးအစားသည် ရိုးရိုးခဲ- အက်ဆစ် ဘက်ထရီအမျိုးအစားထက် (၁) နှစ်ကျော်ပို၍ အသုံးခံသည်။ Maintenance Free ဘက်ထရီမှ လွဲ၍ ခဲ-အက်ဆစ်ဘက်ထရီများသည် ပြုပြင် ထိန်းသိမ်းပေးရန် လိုအပ်ပါသည်။

(၃) ဘရိတ်ရှူး (Brake Pad)

ဘရိတ်ရှူးများသည် အမြဲပွတ်တိုက်သုံးစွဲရသောအရာဖြစ်၍ ပွန်းစားသွားနိုင်သည်။ ကားအရွယ်အစား၊ အလေးချိန်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်းသည် မိုင် (၃၀,၀၀၀)မှ မိုင် (၇၀,၀၀၀)အထိ အသုံးခံသည်။ ကားမောင်းနှင်မှုစတိုင် အလေ့အကျင့်အပေါ်မူတည်၍ ဘရိတ်ရှူးသက်တမ်း ကွာခြားနိုင်သည်။ ရှေ့ဘီးမှ ဘရိတ်ရှူးများသည် ပို၍ အကုန်မြန်သည်။ ခေတ်ပေါ်ကားများမှ ဘရိတ်ရှူးလိုင်နာကို Semi-metallic လိုင်နာနှင့် Ceramic လိုင်နာအမျိုးအစားများ အသုံးပြုထား၍ သက်တမ်းပို၍ ကြာရှည်ခံသည်။

(၄) တာယာ (Tires)

ကားတစ်စီး ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရေးအတွက် တာယာဘီးများသည် အရေးကြီးဆုံးဖြစ်သည်။ တယာဘီးများ ကြာရှည် အသုံးခံရန် ပုံမှန်ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်ပေးမှ ဖြစ်မည်။ ကားအောက်ပိုင်း ဆပ်စပင်းရှင်းစနစ်နှင့် စတီယာရင်စနစ်များ ကောင်းပါမှ တာယာများအသုံးခံမည်။

တာယာဘီး အလိုင်းမန့် ပုံမှန်ချိန်ပေးရသည်။ လေပေါင်ဖိအား မှန်ရမည်။ တာယာများကို ရှေ့-နောက်/ ဘယ်-ညာ လှည့်၍ သုံးပေးရသည်။ တာယာထိန်းသိမ်းမှု ကောင်းပြီး အရည်အသွေးကောင်း နာမည်ရသော တာယာများသည် မိုင် (၆၀,၀၀၀) မှ မိုင် (၈၀,၀၀၀)အထိအသုံးခံပါသည်။

(၅) ကလပ် (Clutch)

Manual Gear သုံးသောကားများတွင် ကလပ်အဖွဲ့အစည်းသည် အများဆုံး အလုပ်လုပ်ရ၍ ပွန်းစားပျက်စီးမှု ရှိသည်။ ကလပ်ပလိပ်ပြားတစ်ချပ်သည် မိုင် (၇၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ ကားမောင်းကြမ်းသော အလေ့အထရှိသော ဘတ်စ်ကားများနှင့် ကုန်တင်ထရပ်ကားများတွင် ကလပ်ပလိတ်သက်တမ်း ကြာရှည်မခံပါ။

(၆) တိုင်းမင်ဘတ်လ်ကြိုး (Timing Belt)

OHC (Over Head Cam) အင်ဂျင်များတွင် ရာဘာတိုင်မင် Belt ကြိုးပြတ်ပါက အင်ဂျင်ပျက်စီးတတ်သည်။ သက်တမ်းမကုန်မီ ကြိုတင်လဲပေးရသော ကားအစိတ် အပိုင်းပစ္စည်းဖြစ်သည်။ ရာဘာနှင့် ပြုလုပ်ထားသော တိုင်မင် Belt ကြိုးသည် အမဲဆီ၊ အင်ဂျင်ဝိုင်၊ ဒီဇယ်ဆီစသော ရေနံအခြေခံပစ္စည်းများကို ကြောက်ပါသည်။ ဝုိင်းဆီးမကောင်း၍ ဆီယိုနေလျှင် Timing Belt ကြိုးကို ထိခိုက်ပြီး သက်တမ်းမစေ့မီ ပြတ်ထွက်တတ်သည်။ Belt ကြိုတစ်ချောင်း၏ သက်တမ်းသည် မိုင် (၆၀၀၀၀) (သို့ မဟုတ်) ကီလိုမီတာ (၁၀၀၀၀၀) အထိရှိသည်။

(၇) ဆီပန့် (Fuel Pump)

ဓာတ်ဆီအင်ဂျင်သုံးကားတစ်စီးတွင် Fuel Pump ကောင်းမှ (Fuel System) ဆီပို့စနစ်ကောင်းမည်။ ခေတ်ပေါ်ကားများတွင် EFI စနစ်ဖြစ်၍ Fuel Pump အရေးကြီးသည်။ Fuel Pump တစ်လုံး၏ သက်တမ်းသည် မိုင် (၆၀,၀၀၀) ကျော်အသုံးခံသည်။

(၈) ဂတ်စ်ကတ် (Gasket)

ကားအင်ဂျင် တစ်လုံးတွင် Gasket မျိုးစုံသုံးသည်။ အဓိကအားဖြင့် Intake Manifold, Exhaust Manifold နှင့် အင်ဂျင် Head တို့ တပ်ဆင်ရာတွင် ဂတ်စ်ကတ်ကို သုံးရသည်။ ရာဘာဂတ်စ်ကတ်များလည်း ရှိသည်။ဂတ်စ်ကတ်အားလုံးထဲတွင် အင်ဂျင် Head Gasketသည် အရေးအကြီးဆုံးဖြစ်သည်။ အကြောင်းမျိုးမျိုးကြောင့် ရေတိုင်ကီရေဆူပြီး အင်ဂျင်အပူချိန်လွန်ကဲလျှင် ဂတ်စ်ကတ် ပြတ်တတ်သည်။ ဂတ်စ်ကတ်ပြတ်ပါက ရေလိုင်း၊ ဆီလိုင်းများ ရောနှောသွားပြီး အင်ဂျင်ကို ပျက်စီးစေသည်။ အရည်အသွေးကောင်းသော Gasket တစ်ချပ်၏ သက်တမ်းသည် မိုင် (၆၀,၀၀၀)မှ မိုင် (၇၀,၀၀၀)အထိ အသုံးခံသည်။ အင်ဂျင်အအေးခံစနစ်ကို ဂရုစိုက်လျှင် ဂတ်စ်ကတ်ပြတ်သောပြဿနာ ကင်းဝေးပြီး ကြာရှည်အသုံးခံမည်။

(၉) ရေလည်အုံ (Water Pump)

အင်ဂျင်အအေးခံစနစ်တွင် အဓိကကျသောအရာမှာ ရေလည်အုံ ဖြစ်သည်။ အအေးခံစနစ်အတွင်း အရည်များ လည်ပတ်စေရန် ရေလည်အုံပန့်က လှည့်ပေးရသည်။ Water Pump တွင် ဝိုင်းဆီးနှင့် Ball Bearing အထိုင်သည် အရေးကြီးသည်။ Pump သုံးစွဲမှုသက်တမ်း ကြာလာလျှင် ဝိုင်းဆီးပေါက်ပြီး ၄င်းနေရာမှ အအေးခံရည်များ ယိုစိမ့်ထွက်မည်။ အအေးခံစနစ်တွင် ရေယိုစိမ့်နေခြင်းသည် ရေတိုင်ကီရေဆူနိုင်သော ပြဿနာအရင်းအမြစ်ဖြစ်သည်။

(Water Pump) ရေလည်အုံတစ်လုံးသည် မိုင် (၇၀,၀၀၀)မှ မိုင်(၁၀၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ Water Pump မှ ရေယိုစိမ့်သော လက္ခဏာပြလျှင် ဘောလ် ထိုင်နှင့် ဝိုင်းဆီးမကောင်းတော့သည့် လက္ခဏာဖြစ်သည်။ အချို့သော ကားဆရာများက ရေလည်အုံကို ပြန်ပြင်၍ သုံးကြသည်။ အကောင်းဆုံးမှာ ရေလည်အုံ အသစ်တစ်လုံး လဲပေးခြင်းဖြစ်ပါသည်။

(၁၀) Spark Plugs

အင်ဂျင် မီးပေးစနစ် (Ignition System) တွင် Plug များသည် အဓိက တာ၀န်ထမ်းဆောင်ရသော အစိတ်အပိုင်းဖြစ်သည်။ ပလပ်မကောင်းလျှင် အင်ဂျင်စက်သံ မမှန်တော့ဘဲ ဆီစားများမည်။ ပလပ်များကို စစ်ဆေးခြင်း၊ ဆေးကြောခြင်း ပြုလုပ်ပေးရသည်။ EFI စနစ်သုံးသော ကားအင်ဂျင်များတွင် ပလပ်အမျိုးအစား ကောင်းကောင်း သုံးဖို့လိုပါသည်။ ပလပ်တီနမ်ပလပ်များသည် စျေးနှုန်းကြီးသော်လည်းမိုင် (၁၀၀,၀၀၀)အထိ အသုံးခံသည်။ အရည်အသွေးညံ့သော ဓာတ်ဆီများသည် ပလပ်သက်တမ်းကို တိုစေသည်။ မူလအော်ရီဂျင်နယ် ပါလာသော ပလပ်အမျိုးအစားသည် အကောင်းဆုံးဖြစ်၍ နောက်ထပ်လဲလျှင်လည်း အော်ရီဂျင်နယ်ပစ္စည်းကိုသာ သုံးသင့်သည်။

ကားတစ်စီးတွင် ပုံမှန်သက်တမ်းအတိုင်း လဲလှယ်ပေးရသော ပစ္စည်းအစိတ်အပိုင်း (Auto Parts) များသည် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းဆရာတို့၏ ဂရုစိုက် ထိန်းသိမ်းခြင်း အပေါ်၌ မူတည်ပါသည်။ အချို့သောပစ္စည်းများ ကြာကြာအသုံးမခံခြင်းမှာ အရည်အသွေး ပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။

ကားတစ်စီးသည် အသစ်ဖြစ်စေကာမူ ပုံမှန် ထိန်းသိမ်းခြင်း (Maintenance Service) ဆောင်ရွက်ပေးရသည်။ Used Car များသည်လည်း ပို၍ ဂရုစိုက် ပြုပြင်ရသည်။ ပုံမှန် Maintenance ပြုလုပ်ခြင်းအပြင်၊ သက်တမ်းစေ့၍ ပစ္စည်းလဲလှယ်ပြုပြင်ရသော စရိတ်များလည်း ရှိသည်။ ပြုပြင်ထိန်းသိမ်းခြင်းသည် သင့်ကားကို သက်တမ်းကြာရှည်စေရုံသာမက အမြဲတမ်း အဆင်သင့် ကောင်းမွန်နေသော အခြေအနေကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်သည်။ ဘေးကင်း လုံခြုံ စိတ်ချရသော ကားတစ်စီး ဖြစ်နေစေရန်အတွက်လည်း ဆောင်ရွက်ခြင်းဖြစ်သည်။

Credit..: ဆရာမာစတာ (စက်မှု)

Hybrid battery အကြောင်းသိကောင်းစရာHybrid Battery နဲ့ ပါတ်သက်လို့ American Honda Motor Co.,Inc  ကထုတ်ပြန်ထားတာ ကို ဗဟုသုတ...
26/03/2022

Hybrid battery အကြောင်းသိကောင်းစရာ

Hybrid Battery နဲ့ ပါတ်သက်လို့ American Honda Motor Co.,Inc ကထုတ်ပြန်ထားတာ ကို ဗဟုသုတ ရအောင် တင်ပြလိုက်ပါတယ်။

Hybrid battery failure ပြသနာ ဟာ 2003 to 2005 Civic Hybrid (ပထမ မျိုးဆက်) နဲ့ 2005 to 2011 Civic Hybrid (ဒုတိယ မျိုးဆက်) တွေမှာ အတော်များများ တွေ့ လာရပါတယ်။
High Voltage Hybrid battery ဟာ Integrated Motor Assist (IMA) system ရဲ့ အစိပ်အပိုင်းတခုဖြစ်ပါတယ်။
ပထမ မျိုးဆက် Civic မှာ 144 Volt ရှိ nical metal hydride (NiMH) battery ကို အသုံးပြုပြီး ဒုတိယ မျိုး ဆက်မှာ ပိုပြီး ပါဝါ ကောင်းတဲ့ 158.4 Volt ရှိ NiMH ကိုသုံးပါတယ်။
စစ်တမ်းများ အရတော့ ဒုတိယ မျိုး ဆက် battery က ပထမ မျိုး ဆက် battery ထက် ချို့ယွင်းမှု ပိုဖြစ်တာ တွေ့ရပါတယ်။
California မှာ Hybrid battery တွေရဲ့ 4% လောက် အစားထိုး ပေးရပြီး အဲဒီပမာဏ ဟာ လက်မခံ နိုင်စရာဖြစ်တယ်လို့ ထုတ်လုပ်သူက ဆိုပါတယ်။
Honda နဲ့ ယှဉ်ရင် Toyota Prius ရဲ့ Hybrid battery က ပြသနာ ကင်းပြီး ကြာရှည်ခံနိုင်ရည်ရှိတယ် ဆိုပါတယ်။

Cause of Honda Civic IMA Battery Failures
#############################################

အချိန် မတိုင်မီ စောစီးစွာ ချို့ယွင်းရတဲ့ အကြောင်းကတော့ IMA Battery ကို အားပြည့်အောင် မသွင်းနိုင်ကြလို့ ဖြစ်ပါတယ်။
Honda ရဲ့ တွေ့ရှိချက် ကတော့ မြို့တွင်း သွားနေစဉ် ယဉ်ကြောပိတ်ဆို့မှုကြောင့် Air Con ဖွင့်ထားပြီး ရပ်လိုက်မောင်းလိုက် အကြိမ်များစွာ သွားရ တဲ့ အခါ အထူးသဖြင့် နွေရာသီ ရာသီဥတုပူတဲ့ အချိန် တွေမှာ Frenquently Stop and Go မောင်းနှင်မှူတွေဟာ IMA battery အား မပြည့်ရတဲ့ အဓိက အကြောင်းဖြစ်တယ်ဆိုပါတယ်။

အဲလို IMA battery အားမပြည့်ပဲ မောင်းနေတာ အချိန်ကြာလာတဲ့ အခါ battery ချို့ယွင်းမှု ကို ဖြစ်လာစေပါတယ်။

IMA battery ရဲ့ maximum service life ကို ရစေဖို့ battery power ကို 50 – 60 % of full charge အတွင်း ရှိနေအောင်ထားသင့်ပါတယ်။ ဒီအတွက် အနဲဆုံး တလ ကို တကြိမ် လောက် battery full charge ရအောင် မောင်းသင့်ပါတယ်။ တကယ်လို့ ကားကို ၁ လ ထက်ပိုပြီး ရပ်နားထားမယ်ဆိုရင် (အထူးသဖြင့် ရာသီဥတု ပူတဲ့ အချိန်) battery အား လျော့နဲ လာပြီး နောင် အားပြန်ပြည့် နိုင်မှာ မဟုတ်သလို battery ပျက်စီးစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် battery ကို full discharge သုံးလိုက်ပြီး ရက်ပေါင်း ၉၀ အတွင်း အားပြန်မသွင်းခဲ့ရင် ပုံမှန် charging ပြန်ဝင် တော့မှာ မဟုတ်ပဲ ပျက်စီးစေမှာဖြစ်ပါတယ်။
အပူလွန်ကဲမှုကလဲ battery ကိုပျက်စီးစေပါတယ်။ ကားဆေးမှုတ်တဲ့အခါ ပေါင်းဖိုထဲမှာ အပူချိန် 150’F ထက်ပိုပေးရင် battery ပျက်စီးစေပါတယ်။

Honda’s Fix for the IMA battery Failure Problem
################################################xx

ဒီပြသနာတွေ ပြေလည်စေဖို့ Honda က IMA control software ကို အသစ်ပြန်ရေးပါတယ်
Honda ရဲ့ TSB soft ware update (09-058 နဲ့ 10-034) ဟာ IMA battery controller, PGM – FI engine controller, နဲ့ CVT transmission controller တို့ အတွက် အကျိုးသက်ရောက်မှု ရှိပါတယ်။ ယဉ်ပိုင်ရှင်တွေ အနေနဲ့ Honda dealer တွေဆီမှာ အခမဲ့ Software update လုပ်နိုင်ပါတယ်။ update လုပ်ဖို့ နေ့တဝက် အချိန်ပေးရပါမယ်။
Software အသစ်က battery ရဲ့ လုပ်ဆောင်ချက်ကို လျှော့ချပေးခြင်းဖြင့် battery အား အလွန်အကျွံ သုံးစွဲ ခြင်းကို ကာကွယ်ပေးပါတယ်။
ဒါပေမယ့် Civic owner အများစုက software update လုပ်ပြီးတဲ့ အခါ ကားက အရင်လောက်အထ မကောင်းဘူး၊ ဆီစားမသက်သာဘူး စသဖြင့် ပြောကြပါတယ်။

Software Update လုပ်ပြီးရင် ဘာတွေသိသာလာမလဲ
################################################xx

IMA battery display မှာ တဝက် (4 တုံး) ရှိတာတောင် Engine auto stop မဖြစ်စေတော့ပါ။

Engine Auto stop ဖြစ်တဲ့ အခါ လဲ သိပ်မကြာခင် Engine ပြန်စပါမည်။ပုံမှန်အားဖြင့် battery 2 တုံး ကျန်မှ Engine restart လုပ်ပါတယ်။

Engine starting နဲ့ ကားအရှိန် မြှင့် တဲ့ အခါ သုံးဖို့အတွက် IMA battery မှာ reserve power အမြဲ ပိုမို ထားပေးနိုင်အောင်လုပ်ထား ပါတယ်။ ဒီအတွက် IMA battery အသုံးကို အထိုက်လျှောက်လျှော့ချထားပါတယ်။

IMA battery charging ကို ပိုပြီးတိတိကျကျပြပေးပါတယ်။ Battery level display သည် gauge တဝက်လောက်မှာ ယခင်ထက် ကြာကြာ ပြနေတာ ကို သတိထားမိ ပါမယ်။

Honda Civic Hybrid Battery Replacement Costs
###################################################

ပြန်လည်ပြုပြင်ထားတဲ့ battery တလုံးဟာ USD 1700 မှ 2200 ဝန်းကျင် ကျသင့်ပါတယ်။ 1yr warranty ပေးပါတယ်။
အသစ်တလုံးကတော့ USD 3000 ခန့် ကျသင့်ပြီး 3year warranty ပေးပါတယ်။
Used battery ကတော့ ပြန်လည်ပြုပြင်ထားတဲ့ battery ထက် ပို စျေးသက်သာဖို့ရှိပါတယ်။ ဒါပေမယ့် Used battery တွေဟာ အချိန်များစွာ မသုံးပဲ ထားထားတာမျိုး ဆိုရင် အားအပြည့် ပြန်ဝင်ဖို့ မလွယ်တော့ပါဘူး။

Honda Civic Hybrid IMA battery Warranty
##########################################xx

Warranty period အတွင်းမှာ failure ဖြစ်ခဲ့ရင် အခမယူပဲ အစားထိုးပေးပါမယ်။
Warranty period ကတော့ ကားဝယ်တဲ့ ဒေသ dealer ပေါ် မူတည်ပြီး 8 years / 8000 miles OR 10 years / 150000 miles ဖြစ်ပါတယ်။
2012 ကစပြီး hybrid battery failure ဖြစ်တာများတဲ့ အတွက် သုံးစွဲသူတွေ အဆင်ပြေစေဖို့ Honda က battery warranty သက်တမ်းကို 9 years / 96600 miles OR 11 years / 170,100 miles အထိ သက်တမ်းတိုးပေးထားပါတယ်။
Warranty period က ကားထုပ်လုပ်တဲ့ ခုနှစ်က စပါတယ်။ ဆိုလိုတာက 2008 model ဆိုရင် 2008 ကစပါတယ်။

အဲဒါတွေကတော့ American Honda Motor Co., ရဲ့ ထုပ်ပြန်ချက် ထဲကဖြစ်ပါတယ်။

Myanmar ပြည်က Civic ချစ်သူတွေအနေနဲ့ battery failure မဖြစ်အောင်ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာ သိလာပါမယ်။

Owner manual မှာလဲ ကားကို ၁လလောက် မမောင်းပဲ ထားရင် Hybrid battery failure ဖြစ်စေတယ်လို့ ဖေါ်ပြထားပါတယ်။ ဆိုလိုတာက ကားကို ၁လ အတွင်း တကြိမ်လောက်တော့ Hybrid battery အားပြည့်အောင် ပါတ်မောင်းသင့်ပါတယ်။

လက်ရှိ အချိန်ထိ ကျွန်တော်စီးနေတဲ့ ကားမှာ IMA signal လင်းတာကလွဲရင် ဆီ ပိုစားခြင်း၊ တခြား ပြသနာဖြစ်ခြင်းတွေ မရှိပါဘူး။ ခုလဲ battery power level ကို သတိထား မောင်းတဲ့ အခါ IMA ပေါ်တာ နဲ သွားပါတယ်။
အဓိက ကတော့ IMA battery တလုံးတန်ဖိုးနဲ့ ဆီစားသက်သာတာ ယှဉ်ကြည့်ရင် Civic Hybrid ကားက သုံးပျော်တယ်လို့ ထင်မိကြောင်းပါ။

ခရက်ဒစ်

17/03/2022
EFI စနစ် အကြောင်း သိကောင်းစရာများEFI ဆိုတာ Electronic Fuel Injection ကိုခေါ်တာပါ။ လျှပ်စစ်အထောက်အကူပြုဆီပေးစနစ်လို့ခေါ်ပ...
08/03/2022

EFI စနစ် အကြောင်း သိကောင်းစရာများ

EFI ဆိုတာ Electronic Fuel Injection ကိုခေါ်တာပါ။ လျှပ်စစ်အထောက်အကူပြုဆီပေးစနစ်လို့ခေါ်ပါတယ်။ EFI စနစ်ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်စေမယ့် ဓာတ်ငွေ့ထုတ်လွှတ်မှုတွေကို လျှော့ချဖို့ပါပဲ။

ယိုယွင်းသွားရင် အချိန်အတိုင်းတာတစ်ခုအထိ ကိုယ့်ဘာသာ မပြုပြင်နိုင်တဲ့ ကာဘရိုက်တာ (Carburetor) နေရာမှာ အနည်းငယ်ယိုယွင်းသည့်တိုင် ကိုယ့်ဘာသာ ထိန်းကြောင်းပြုပြင်နိုင်မယ့် EFI ကို အစားထိုးတပ်ဆင်လာကြတာပါ။ 12:1 လေ ဆယ့်နှစ်ဆမှာ ဆီ တစ်ဆ အကောင်းဆုံးရောစပ်ပေးနိုင်တဲ့ ကာဘရိုက်တာဟာ ဆီအနည်းငယ်ပိုမိုများပြားနေပါတယ်။ တကယ် Complete Combustion (ပြီးပြည့်စုံသော လောင်ကျွမ်းမှု) ဖြစ်ဖို့လိုအပ်တဲ့ ဆီလေအချိုးဟာ 14.7:1 ပါ။ ဒါကိုအတိအကျရောစပ်နိုင်တာ EFI စနစ်ပဲဖြစ်ပါတယ်။

ကာဘရိုက်တာ တစ်လုံးဟာ စက်ရုံထွက်ကတည်းက 12:1 ဆိုတဲ့အရောဟာ အကောင်းဆုံးအရောဖြစ်ပြီးတော့ ဆီမသန့်တာနဲ့ လေမသန့်တာတွေကြောင့် Fuel Inlet အပေါက်လေးတွေ ကျယ်သွားတဲ့အခါ ဆီလေအရောမှာ ဆီပမာဏ ပိုမိုများလာပါတယ်။ ဒီလိုများပြားလာတာကို ပိုင်ရှင်က စနစ်တကျ Service ယူပီး Kit ထုပ်လေးတွေ လဲလှယ်ခြင်း ဘာညာမလုပ်ခဲ့ရင် CO (Carbon Monoxide) ဓါတ်ငွေ့ ထုတ်လွှတ်မှု များပြားလာပြီးတော့ သဘာဝပတ်ဝန်းကျင်ကို ညစ်နွမ်းလာစေပါတယ်။

EFI စနစ်မှာတော့ တိကျတဲ့ဆင်ဆာတွေရဲ့ထောက်လှမ်းမှုနဲ့ အဆိုးဆုံး အင်ဂျက်တာအပေါက်တွေ မကျယ်ခင်အထိ အကောင်းဆုံးရောစပ်မှုကို ထုတ်လုပ်ပေးနိုင်သေးတာကြောင့် EFI ဟာ လက်ရှိခေတ်ပေါ် ဆီပေးစနစ်ထဲမှာအကောင်းဆုံး ဖြစ်နေတာပါ။ ဝါယာလိုင်းတွေအနည်းငယ် ပိုမိုရှုပ်ထွေးသွားတာကလွဲလို့ EFI ဟာ ရိုးစင်းတဲ့ စနစ်တစ်ခု ဖြစ်ပါတယ်။ ဆင်ဆာတစ်ခုချင်းစီရဲ့ အချက်လက်တွေယူပြီးတော့ လိုအပ်တဲ့ဆီလေအရောအနှောကို ကွန်ပြူတာအသေးစားလေးကနေ အတိအကျ တွက်ချက် စစ်ထုတ်ပေးနိုင်တဲ့ စနစ်ဖြစ်ပါတယ်။

ပတ်ဝန်းကျင်အပူချိန်၊ ဝင်လာတဲ့လေရဲ့ပမာဏ၊ အင်ဂျင်ရဲ့ပကတိအပူချိန်၊ ပင်လယ်ရေမျက်နှာပြင် အထက်ပေအမြင့် စသည်ဖြင့် တိကျစွာ အာရုံခံထောက်လှမ်းပြီးမှ လိုအပ်တဲ့ဆီလေအရောကို တွက်ချက်ပေးတာဖြစ်တဲ့အတွက် အင်ဂျင်ပါဝါလည်း ပိုမိုထွက်လာစေနိုင်သလို ငြိမ့်ညောင်းတဲ့အင်ဂျင်လည်ပတ်မှုကိုပါ ရရှိစေပါတယ်။ EFI စနစ်ဟာ Electronic ပစ္စည်းတွေပါဝင်လို့ အနည်းနဲ့အများတော့ အထိခိုက်မခံနိုင်ပါဘူး။ Input Sensor တွေရဲ့ အချက်ပေးမှုတွေနဲ့ control ပိုင်းကို ECM (Electronic Control Module) က ထိန်းချုပ်ပြီး Out Put အဖြစ် စီမံခန့်ခွဲမှုတွေကို လုပ်ဆောင်စေတာ ဖြစ်ပါတယ်။

စာရေးသူ – ရဲရင့်သာဝေပိုင်

ဖြစ်လေ့ဖြစ်ထရှိတဲ့ ကားသော့ပြဿနာများ ဖြေရှင်းနည်း(2)ကားသော့လှည့်၍ ရသော်လည်းအင်ဂျင်စက်မလည်ခြင်းသော့အုံထဲသို့ ကားသော့တံ (Ke...
04/03/2022

ဖြစ်လေ့ဖြစ်ထရှိတဲ့ ကားသော့ပြဿနာများ ဖြေရှင်းနည်း(2)

ကားသော့လှည့်၍ ရသော်လည်းအင်ဂျင်စက်မလည်ခြင်း
သော့အုံထဲသို့ ကားသော့တံ (Key) ထည့်ပြီးလှည့်၍ရသည်။ သို့သော်လည်း စက်နှိုးမော်တာမလည်သောအခြေအနေမျိုးဖြစ်ပါသည်။ Ignition Switch (သော့အုံခလုတ်) မကောင်း၍လား၊ စက်နှိုးမော်တာဆားကတ် (Starting Circuit) မှာအပြစ်အမှားတစ်ခုခုရှိနေ၍လား စဉ်းစားစရာနည်းလမ်းနှစ်မျိုးဖြင့် ချွတ်ယွင်းချက်ကို ရှာပါ။

ကားသော့ဖွင့်လိုက်လျှင် ဒတ်ခ်ျဘုတ်မီးများလင်းလာရမည်။ ကားသော့ ‘On’ Position အနေအထားတွင် မည်သည့်အချက်ပြသတိပေးမီးများမလင်းပါက ဘက်ထရီခေါင်းအဆက်ချောင်းနေသလား၊ လွတ်နေသလား၊ ဘက်ထရီလုံးဝ အားမရှိဘဲDownသွားပြီလားသေချာအောင် မီးကြီးဖွင့်ကြည့်ပါ။ မီးလုံးဝမလင်း၊ ကားဟွန်းသံလည်းမမြည်ခဲ့လျှင် ကားဘက်ထရီ၍ ပြဿနာရှိနေသည်မှာ သေချာသည်။

ကားမီးကြီးလည်းလင်းသည်။ ဟွန်းလည်းမြင် သည်။ ဝိုင်ဘာလည်း အလုပ်လုပ်သည်ဆိုလျှင် ဘက်ထရီကြောင့်မဟုတ်ပါ။ Ignition Switch ဆားကတ်မှာ Fuse ပြတ်နေသလား။ Relay ဘူးမကောင်းတာလား။ Starting System မှာ ဝါယာရိန်းအပြစ်ရှိသလား အဖြေရှာကြည့်ပါ။ ကားသော့ကို “START” Position သို့ လှည့်လိုက်တိုင်း Relay ဘူးကစားနေသောအသံတစ် တောက်တောက်နှင့် ကြားရသည်ဆိုလျှင် Igniton Switch ကောင်းသည်။ မော်တာပိုင်းသာ အမှားတစ်ခုခု ရှိနေသည်။

ကားသော့လှည့်သည်၊ စက်နှိုးမော်တာလည်သည်၊ သို့သော် စက်မနိုးပါ
ဤအခြေအနေသည် စက်နှိုးမော်တာနှင့် ကားသော့အုံတွင် အပြစ်လုံးဝမရှိတော့ပါ။ Anti-theft စနစ်၊ ဆီပို့စနစ်၊ မီးပေးစနစ်၊ အင်ဂျင်ကွန်ပျူတာတို့တွင် အမှားတစ်ခုခုရှိနေ၍ စက်မနိုးနိုင်ခြင်းဖြစ်သည်။ ကားအင်ဂျင် စက်နှိုးရန် ဆီစနစ်၊ မီးစနစ်များ မှန်နေရမည်။

ခေတ်ဟောင်းကားများတွင် ဆီပျောက်၊ မီးပျောက်ရှာရလွယ်သည်။ ခေတ်ပေါ်ကားများတွင် နည်းပညာမြင့်၍ ရှုပ်ထွေးသည်။ ကားနည်းပညာအခြေခံ မရှိလျှင် ခေတ်ပေါ်ကားများ၏ အလုပ်လုပ်ပုံကိုနားလည်သဘောပေါက်ရန် အခက်အခဲဖြစ်နိုင်ပါသည်။

ခေတ်ပေါ်ကားများတွင် ကားသော့သည် Smart Key ဖြစ်သည်။ Smart Key တွင် ကားလုံခြုံရေးအတွက်ပရိုဂရမ် Code ထည့်သွင်းထားသည်။ ၄င်း Code ကို Anti-theft Code ဟုခေါ်သည်။ Ignition Switch တွင်ရှိသော Receiver က Smart Key ကိုဖတ်သည်။ Smark Key နှင့် Receiver ကြားတွင် မမြင်ရသော Signal လှိုင်းများရှိသည်။ Smart Key မကောင်းလျှင်လည်းကွန်ပျူတာအလုပ်မလုပ်ပါ။ ကားတစ်စီးလုံး၏ ဆီစနစ်၊ မီးစနစ်အားလုံးကို PCM (Powertrain Control Module) ခေါ် ကွန်ပျူတာကထိန်းချုပ် သည်။ ကွန်ပျူတာသည် အင်ဂျင်ဆင်ဆာ (Sensor) မျိုးစုံမှ လက်ခံရရှိသောသတင်းအချက်အလက်များကို အခြေခံ၍ အင်ဂျင်ကိုထိန်းချုပ်အမိန့်ပေးခြင်းဆောင်ရွက်သည်။

ဆီတိုင်ကီထဲတွင် ဆီရှိကြောင်းဆီဂိတ်တွင် ပြသည်။ ကားသော့ဖွင့်လိုက်လျှင် Fuel Pump လည်သော ‘buzz’ မြည်သံကြားရသည်။ Fuel Pump လည်သော အသံမကြားရပါက Injector ဆီလိုင်းများသို့ လောင်စာဆီမရောက်ပါ။ Fuel Pump မလည်ခြင်းမှာ ဝါယာရိန်း ကြောင့်လား၊ Fuse ပြတ်နေသလား၊ Pump မော်တာ မကောင်း၍လားစစ်ဆေးရမည်။ Fuel Pump လည်လျှင် Injector ဆီလိုင်းများသို့ ဆီရောက်လာမည်။ အင်ဂျင် စတင်လည်ရန် Crankshaft Position Sensor နှင့် Ignition Control Module တို့ ကောင်းရမည်။ သို့မှသာအင်ဂျင်တိုင်မင်ကိုက် မီးပေးနိုင်မည်။

အင်ဂျင်စက်နှိုး၍ ရသည်။ ပုံမှန်လည် သည်။ သို့သော် ကားမောင်းနေစဉ် ရုတ်တရက်စက်သေသွားသည်
ဤကဲ့သို့ ချွတ်ယွင်းချက်လက္ခဏာသည် Igniton Switchမကောင်းသည့် လက္ခဏာဖြစ်သည်။ လမ်းအဆောင့်ဒဏ်တုန်ခါမှုကြောင့် Ignition Switch အတွင်းပိုင်းထိတွေ့နေရာများသည် တိုတောင်းသောအချိန်အတွင်းလွတ်သွားတတ်သည်။ ထိုအခါ Ignition Switch မှ ပါဝါဖြတ်တောက်သွားပြီးစက်သေသွားခြင်း ဖြစ်သည်။ အသုံးပြုချိန်ကြာသောကားအိုကားဟောင်းများတွင် အများဆုံးဖြစ်တတ်သည်။ ကားသစ်များတွင် လည်း ဖြစ်တတ်သည်။

ကားသော့တံ (Key) ကျိုး၍ ကျန်နေခြင်း၊ သောတံနှုတ်၍ မရခြင်း
ကားသော့အုံတွင် စတီယာရင် Column Lock Cylinder အတွင်း၌ Pin ချောင်းကလေးများညှပ်နေပါက ကော်လံ Locking Mechanism ပျက်စီးသွားတတ်သည်။ ထိုအခါမျိုးတွင် ကားသော့ (Key) ကိုသော့အုံမှ ဆွဲထုတ်၍ မရဖြစ်တတ်သည်။

ကားသော့ကျိုးကျန်ခဲ့ပါကကားသော့ပြင်ဆိုင် Key Master တစ်ဦး၏ အကူအညီဖြင့် ကျိုးကျန်ခဲ့သောကားသော့ကို ပြန်ဆွဲထုတ်နိုင်ရန် ကြိုးစားပါ။ ကားသော့အုံ မကောင်းပါက ကားသော့နှင့် သော့အုံအစုံလိုက်လဲလှယ်ပါ။ ကားသော့တစ်ချောင်းသည် ကားတစ်စီးအတွက် အဓိကကျပြီးအရေးကြီးသောအရာလည်း ဖြစ် သည်။ ကားသော့တစ်ချောင်းအရန်ရှိထားသင့်သည်။ ဆောင့်ထားသင့်သည်။ ခေတ်ပေါ် Smart Key ဖြစ်လျှင် လည်းကွန်ပျူတာဖြင့် ပရိုဂရမ်ပြန်လည်ရေးသားပြီးSmart Key အရန်တစ်ချောင်းဆောင်ထားသင့်သည်။

ရေးသားသူ – ဆရာမာစတာ (စက်မှု)

ကားမောင်းနေစဉ်မှာ ရုတ်တရက်စက်ရပ်သွားရင် စစ်ဆေးရမယ့် အကြောင်းအရာများကားမောင်းနေစဉ်မှာ မမျှော်လင့ ဘဲ ကားစက်ထိုးရပ်သွားတာမျ...
02/03/2022

ကားမောင်းနေစဉ်မှာ ရုတ်တရက်စက်ရပ်သွားရင် စစ်ဆေးရမယ့် အကြောင်းအရာများ

ကားမောင်းနေစဉ်မှာ မမျှော်လင့ ဘဲ ကားစက်ထိုးရပ်သွားတာမျိုး ဖြစ်တတ်ပါတယ်။ အင်ဂျင်လည်တာ အရမ်းနည်းလွန်းရင် အင်ဂျင်တုန်ခါပြီး မကြာခဏစက်ရပ် သွားတာမျိုးလည်း ဖြစ်တတ်ပါ တယ်။ မီးပွိုင့်မှာမီးနီနေလို့ စောင့်နေချိန်မှာ ရုတ်တရက်စက်ရပ် သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ စက်ထိုးရပ်သွားရင် စက်ပြန်နှိုးလို့ရတာလည်း ရှိသလို၊ လုံးဝ စက်ပြန်နှိုးတော့လို့မရတာလည်း ရှိပါတယ်။

ကားအင်ဂျင်စက် ရပ်သွားတာဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းချက်တစ်ခုခုဖြစ်နေလို့ပါ။ ဖြစ်ပေါ်ရတဲ့အကြောင်းရင်း၊ ချို့ယွင်းချက်အပြင် အားနည်းချက်ကို ရှာကြည့်ဖို့ လိုပါတယ်။ ကားစက်သေသွားတဲ့အခါ လမ်းပေါ်မှာ ဖြစ်နေတဲ့အတွက် အန္တရာယ်လွတ်ကင်းတဲ့ လမ်းဘေးတစ်နေရာသို့ ကားကိုအရင်ဆုံး ရွှေ့သင့်ပါတယ်။ လမ်းဘေးကားရပ်ထားတဲ့နေရာက အန္တရာယ်ကင်း ဖို့လိုပါတယ်။ နောက်ကလာတဲ့ကားက ရပ်ထားမှန်း သိအောင် သတိပေး (sign) တစ်ခုလုပ်တာ၊ အချက်ပြ မီးဖွင့်တာ လုပ်ဖို့လိုပါတယ်။

ပြီးရင် အင်ဂျင် ဘောနက်အဖုံးဖွင့်ပြီး စစ်ဆေးပါ။ အင်ဂျင်အပူချိန်လွန်ကဲပြီး ရေတိုင်ကီရေဆူနေတာ၊ ဆီကုန်တာ၊ ဆီဒိုင်ခွက်မှာ လောင်စာဆီ လက်ကျန်ပြသေးလား ဆိုတာတွေကို စစ်ဆေးရပါမယ်။ ဘက်ထရီငုတ်တွေ ချောင်ပြီးလွတ်နေတာ၊ ဘက်ထရီခေါင်းချောင် နေတာကြောင့် လမ်းကြမ်းဆောင့်မိဒဏ်တွေ ဖြစ်တဲ့အခါမှာ ဘက်ထရီကြိုး လွတ်သွား တတ်ပါတယ်။

ဓာတ်ဆီကားဆိုရင်
ဓာတ်ဆီကားတစ်စီးမှာ အင်ဂျင် ပုံမှန်လည်ပတ်ဖို့အတွက် လေနဲ့ ဆီရောနှော ပါဝင်နှုန်း အချိုးအစား မှန်ရပါမယ်။ မီးပေးစနစ် (Ignition System) ကောင်းဖို့ အတွက် ပလပ်(Plug) တွေက Timing အလိုက် မီးပွား (spark) ပွင့်ပေးဖို့လိုပါတယ်။ ပလတ်ကလည်း ပုံမှန်အပူချိန် မှာဘဲရှိရပါတယ်။ ရေဆူပြီး အပူလွန်ကဲတာ မျိုးဖြစ်ရင် အင်ဂျင်အတွင်းမှာရှိတဲ့ သတ္တုပစ္စတင်တွေ ပွလာပြီး အင်ဂျင်ဆလင်ဒါ ကျပ်သွားပါတယ်။ အင်ဂျင်ကျပ်ရင် စက်ရပ်သွားနိုင်ပါတယ်။

ရေတိုင်ကီကိုစစ်ဆေးပါ
အင်ဂျင်အပူလွန်ကဲပြီး ရေ တိုင်ကီထဲက ရေနွေးငွေ့တွေ ပန်းထွက်လာတဲ့အထိ အခြေအနေ ဆိုးတယ်ဆိုရင်တော့ အင်ဂျင် အပူလွန်ကဲလို့ စက်ရပ်သွားတာ ဖြစ်နိုင်ပါတယ်။ ရေတိုင်ကီထဲကို ရေလောင်းထည့်ပြီး အင်ဂျင်အေးသွားအောင် အရိပ်ရတဲ့နေရာမှာ ကားကိုရပ်နားထားပါ။ ရေတိုင်ကီ မှတစ်ဆင့် ရေယိုစိမ့်နိုင်တဲ့နေရာ တွေကို စစ်ဆေးကြည့်သင့်ပါ တယ်။ ကားရေဆူရတဲ့အကြောင်းရင်းတွေကတော့ ပန်ကာကြိုး လျော့နေရင် ပန်ကာလေသွင်း အားမကောင်းတာကြောင့် ရေတိုင်ကီက အပူထုတ်တာ အားနည်းလာပါတယ်။

လျှပ်စစ်ပန်ကာနဲ့ အအေးခံ တဲ့ အမျိုးအစားဆိုရင်လည်း ပန်ကာ ပျက်နေတာလား ၊ ရေတိုင်ကီ မှာဖုန်၊ သဲတွေပိတ်နေတာလား၊ အပူချိန်အာရုံခံ စနစ်မကောင်းတာလား စတဲ့အားနည်းချက် တစ်ခု ခုကိုရှာ ကြည့်သင့်ပါတယ်။ အင်ဂျင်အပူလွန်ကဲတာ မြင့်လာရင် ဂက်စ်ကတ်ပြတ်နိုင်ပါတယ်။ အင်ဂျင်အအေးခံပြီး ရေတိုင်ကီမှာ ရေပြန်ဖြည့်ပါ။ ဘက်ထရီကောင်း၊ မကောင်းလည်း စစ်ဆေးကြည့်ပြီးရင်တော့ စက်နှိုး ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဆီနဲ့ မီးတော့ ပုံမှန်ဖို့ လိုပါတယ်။

အင်ဂျင်အေးသွား ပေမယ့် စက်နှိုးကြည့်တာ လုံးဝ မနှိုးဘူးဆိုရင်တော့ Timing Belt ကြိုးပြတ်ပြီး စက်ရပ်သွားတာ ဟုတ်၊ မဟုတ် သေချာအောင် Timing Belt Cover အဖုံးကို ဖွင့်ကြည့်သင့်ပါတယ်။ Belt ကြိုး ပြတ်တယ်ဆိုရင်တော့ ကားဝပ်ရှော့ကို အကြောင်းကြားပြီး ကားဆွဲ ရန်ပြင်ဆင်သင့်ပါတယ်။

အခြားအကြောင်းရင်းတွေ
ကားသော့အုံ (Ignition Switch) မှာ ချို့ယွင်းချက် တစ်ခုခုဖြစ်လို့ လုံးဝမီးပျောက် သွားတာမျိုးလည်း ဖြစ်တတ်ပါတယ်။ ဖျူးစ် (Fuse) ပျက်သွား တာလား၊ မီးပျောက်တာ၊ ဆီ ပျောက်တာကြောင့် စက်ထိုးရပ် နိုင်ပါတယ်။ ဘယ်အစိတ်အပိုင်း က ဘာဖြစ်တာလဲဆိုတာ တိတိကျကျ သိအောင် ရှာဖို့လိုအပ်ပါ တယ်။ ကားစက်ဖုံးဖွင့်ကြည့်ချိန်မှာ အင်ဂျင်ခန်းအတွင်း ဘာတွေထူးခြား နေသလဲဆိုတာ သေချာကြည့်သင့်ပါတယ်။ ညှော်နံ့ရတာ၊ ပန်ကာကြိုးချောင်နေတာ၊ ရေတိုင်ကီ ရေဆူနေတာ၊ ရေပိုက်ပေါက်နေ တာ၊ အားလုံးကို စစ်ဆေးကြည့်ရ မှာဖြစ်ပါတယ်။

ဘက်ထရီ
ကားဟွန်းကိုတီးကြည့်ပြီး ခန့်မှန်းလို့ရအောင် အသံကိုနားထောင်ကြည့်ပါ။ အသံတိုးသလား၊ ကျယ်တဲ့အသံထွက်သလား၊ ဟွန်းသံ လုံးဝမမြည်တာ၊ အသံတိုးလွန်း တာ၊ ကားမီးကြီးအလင်းရောင် အားနည်း လွန်းတာဆိုရင်တော့ ကားဘက်ထရီ အားကုန်သွားတာ မျိုး ဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဟွန်းသံကျယ်တာ၊ ဝိုင်ဘာရေ သုတ်တံလည်တာ၊ ရှေ့မီးကြီး လင်းတာတွေက ပုံမှန်ဆိုရင်တော့ ကားဘက်ထရီကောင်းပါတယ်။

ဆီလှည့်စနစ်မကောင်းရင်
လောင်စာဆီပို့စနစ်ကို လည်း စစ်ဆေးပေးသင့်ပါတယ်။ ဆီတွန်းစနစ်က အသုံးပြုထားတဲ့ စနစ်အပေါ်မူတည်ပြီး ကိုယ်တိုင် စစ်ဆေးလို့ရ၊ မရကွာခြားပါ တယ်။ EFI စနစ်လို အဆင့်မြင့် စနစ်တွေဆိုရင်တော့ နားလည်ရ ခက်ခဲပြီး စစ်ဆေးတဲ့နေရာမှာ လည်း နည်းပညာပစ္စည်းအ ထောက်အပံ့တွေ လိုအပ်ပါ တယ်။ ဆီစစ်ဘူးပိတ်နေတာ၊ ဆီထဲ မှာ ရေတွေ၊ အမှိုက်စတာတွေ ရောပါနေတာတွေကြောင့် ဆီလှည့်စနစ်ကို အနှောင့်အယှက် ဖြစ်စေပါတယ်။

ဆီထဲမှာ ရေရော ပါနေရင်လည်း စက်ရပ်သွားနိုင်ပါတယ်။ ကာပရိုက်တာ စနစ်သုံးကား တွေဆိုရင်တော့ ဆီပိတ်တာကို အလွယ်တကူ စစ်ဆေးနိုင်ပါတယ်။ နည်းပညာမြင့်ကားတွေမှာ တော့ EFI စနစ်၊ GDI စနစ်သုံးလာ တာကြောင့် စစ်ဆေးဖို့ခက်ခဲပါ တယ်။ ကားစက်ရပ်တာက ပလတ်ပျက်ရင်လည်း ဖြစ်နိုင်ပါတယ်။

ပလတ်ထိပ်ဖျားမှာ တိုင်မင် ကိုက် မီးပွားပွင့်မထွက်တာ၊ ပလတ်ထိပ်မှာ မီးမကူးတာတွေဖြစ်ရင် အင်ဂျင်စက်ရပ် သွားနိုင်ပါတယ်။ ပလတ် မီးမကူးနိုင်တဲ့ အကြောင်းရင်းတွေ အများအပြားရှိပါတယ်။ မော်ဒယ်နိမ့်ကားတွေမှာတော့ ပွိုင့်က မီးဖြတ်ပြီး Ignition Coil ကထွက်လာတဲ့ High Voltage ကို Distributor က မီးဖျန်းပေးပါတယ်။

မော်ဒယ်မြင့်ကားတွေကို တော့ Distributor ကတစ်ဆင့် မီးဖြတ်တဲ့ စနစ်မဟုတ်တော့ဘဲ ပလပ်တစ်လုံးချင်းကို မီးကွိုင် တစ်လုံးစီက မီးပေးပါတယ်။ မီး Timing ကို ကွန်ပျူတာနဲ့ချိတ် ဆက်ထားတဲ့ ECU (Electronic Control Unit) က ထိန်းချုပ်ပါ တယ်။ Crank Shaft Position Sensor က ပို့လိုက်တဲ့သတင်း အချက်အလက်အရ ECU က မီး Timing ကို ဆုံးဖြတ်အမိန့်ပေးပါပါတယ်။ အဲ့ဒီနေရာမှာ Crank Shaft Position Sensor မကောင်းရင် ECU က အမိန့်ပေး ဆောင်ရွက်ချက်လွဲသွားစေပါ တယ်။ ကွန်ပျူတာစနစ်သုံးတဲ့ မော်ဒယ်မြင့်ကား တွေမှာ ECU ကို ပါဝါ ပို့ပေးတဲ့ Relay ဘူးတွေကောင်းဖို့ လိုပါတယ်။

နောက်တစ်ချက်က ဗို့အား မတည်မငြိမ်ဖြစ်ရင်လည်း ပြဿနာဖြစ်နိုင်ပါတယ်။ ECU က 12 Volt မှာပဲအလုပ်လုပ်ပါ တယ်။ ဗို့အားလျော့တာ (သို့ မဟုတ်) overcharging ဖြစ်လို့ သတ်မှတ်ဗို့အားထက် ပိုမြင့်သွား တာမျိုးဆိုရင်တော့ ECU စနစ် အလုပ် မလုပ်နိုင်တော့ပါဘူး။ ဒီလို မျိုးမီးပြဿနာဖြစ်ရင်တော့ ကား ဝပ်ရှော့ပ်မှာပဲ OBD Scan Tool နဲ့ စစ်ဆေးရပါတယ်။ မော်ဒယ်နိမ့်ကားတွေဆိုရင် တော့ ပလပ်ကိုမီးမရောက်တာ ကို စစ်ဆေးရတာလွယ်ပါတယ်။

Coil တွေ၊ Distributor တွေ၊ Plug Wire တွေ ရေစိုသွားရင်တော့ ပလပ်ကို မီးမရောက်တော့ဘဲ စက်ရပ်သွားစေပါတယ်။ ဒီလို ပြဿနာမျိုးတွေကတော့ မိုးတွင်း ရေကြီးတဲ့လမ်းကို ဖြတ်မောင်း မိရင်တော့ ပလပ်ကို မီးမရောက် လို့ အင်ဂျင်စက်ရပ်သွားတာ ဖြစ်နိုင်ပါတယ်။

မူရင်းရေးသားမျှဝေသေါ ကလောင်ရှင်အား လေးစားပါတယ်

ဗားချိန်နည်း / တိုက်ပစ်ချိန်နည်း  ♦️ " ဗားချိန်ခြင်း " ♦️စက်ဆရာပဲ.ဖြစ်ဖြစ်Engine တစ်လုံးတွင်အရုန်းအစွဲကျလာခြင်းစက်သံဆူညံ...
05/02/2022

ဗားချိန်နည်း / တိုက်ပစ်ချိန်နည်း

♦️ " ဗားချိန်ခြင်း " ♦️

စက်ဆရာပဲ.ဖြစ်ဖြစ်
Engine တစ်လုံးတွင်
အရုန်းအစွဲကျလာခြင်း
စက်သံဆူညံသံ..မူမမှန်သံများကြားခြင်းဟတ်ဂတ်စဂတ်ပေါက်ခြင်းများတို့တွင်ပြန်လည်တပ်ဆင်ပြီးသည့်အချိန်တွင် ဗားနှင့် ရော့ကားအမ်းမောင်းအကြား..ကြားလွတ်တန်ဖိုးတစ်ခုကို...ပြန်ချိန်ပေးရမည်မှာ...မလွဲသာပေ...ဒါကြောင့်ဗားချိန်နည်းလေးကို...သိသလောက်တက်သလောက်...အတွေ့ကြုံနှင့်...မျှဝေပေးလိုက်ပါရစေ...

4 stroke အင်္ဂျင်ဖြစ်သည့်အတွက်
Stroke 4 မျိုးကိုတော့..ပိုင်မှဖြစ်ပါမည်..
Stroke 4 မျိုးမှာ
၁ intake stroke...ပြင်ပမှလေကိုဆလင်ဒါအတွင်းသွင်းယူခြင်း
၂...compression stroke..ဆလင်ဒါအတွင်း..သွင်းယူပီးသောလေကို.ဖိသိပ်၍ပူအောင်လုပ်ခြင်း
၃...power stroke& ပူနေသောလေအတွင်းသို့ လောင်စာဆီဖျန်း၍ပေါက်ကွဲမူ့ဖြစ်ပီး...ပါဝါအားရရှိခြင်း
၄...Exhaust stroke ပေါက်ကွဲ၍ဖြစ်ပေါ်လာသော..မီးခိုးငွေ့များကိုအင်္ဂျင်ပြင်ပသို့စွန့်ထုပ်ခြင်း...တို့ဖြစ်ပါတယ်..

၄.လုံးထိုးအင်္ဂျင်နှင့်..၆.လုံးထိုးအင်္ဂျင်တို့ကိုအခြေခံပီး...ပြောပြပေးသွားမှာဖြစ်ပါတယ်
ဗားချိန်ရာတွင်....နည်းလမ်း..4...မျိုးရှိပါတယ်
..... ဗားချိန်နည်းလမ်း 4 မျိုး....

1.. ချိန်နည်း...ပစ်စတင်တစ်လုံးစီpower stroke ရှာ၍ ချိန်နည်း

2...ချိန်နည်း....နော်ဇယ်အဝင်ဆီပိုက်ကိုလျှော့ထား၍ဆီတွန်းသည့်ပစ်စတင်ကိုချိန်နည်း[မှတ်ချက်] CRS စနစ်တွင်..မရပါ.

3...သတ်မှတ်ထားသည့် firing order မီးပေါက်စဉ်အတိုင်း..ချိန်နည်း
4 လုံးထိုး 1-3-4-2
6 လုံးထိုး 1-4-2-6-3-5
6 လုံးထိုး 1-5-3-6-2-4

4.....ချိန်နည်း နံပါတ်တစ်ပစ်စတင်ကိုသာလျှင်ကြည့်၍.. ချိန်နည်း
တို့ဖြစ်ပါတယ်....
...........အကျယ်ရှင်းလင်းခြင်း......

1...ချိန်နည်းနှင့်
2...ချိန်နည်းတို့မှာ...အဖြေပါပြီးသားမို့ရှင်းမပြတော့ပါ

3...ချိန်နည်း..4..လုံးထိုးအတွက်

လေးလုံးထိုးဆိုလျှင်သိရမှာက..အပေါ်မှာပြောခဲ့သလို...မီးပေါက်စဉ်တိုင်ပင်သိရပါမယ် 1-3-4-2 ဆိုသည့်အတိုင်း..1 ကနေစပီးတော့ချိန်ပါမယ် 1.စချိန်မယ်ဆိုလျှင်
1 ပစ်စတင်နှင့်အတူ...အတက်အဆင်းအတူတွဲနေသည့် ပစ်စတင် နံပါတ် 4...ရဲ့အင်းတိတ်ဗား အထောက်ကိုကြည့်ရပါမယ်...ဘာလို့အင်းတိတ်ဗားအထောက်ကိုကြည့်ရသလဲဆိုရင် အတက်အဆင်းအတူတွဲနေတဲ့ ပစ်စတင်နှစ်လုံးမှာတစ်လုံးကအင်းတိတ်ဆို ကျန်တစ်လုံးကပါဝါဖြစ်နေလို့ပါပဲ...ဒါကြောင့်နံပါတ်4 ပစ်စတင်ရဲ့အင်းတိတ်ထောက်တာနဲ့...နံပါတ် 1 ပစ်စတင်ချိန်လို့ရပါပီ.....ဟုတ်ပီ 1 ပြီးပါပီ..
.....အင်္ဂျင်ကိုလည်ပတ်ရာအတိုင်းဆက်လှည့်ပါ..
ဒါဆို.မီးပေါက်စဉ်လေးပြန်စဉ်းစားလိုက်ပါ
1-3-4-2 .....အဲ့မှာ 1 ပီးတော့ 3လာပီ
နံပါတ် 3 လာပီဆိုတော့ စောန ပြောခဲ့သလိုပဲ 3 နဲ့အတူ အတက်အဆင်းတူနေတဲ့ နံပါတ် 2 ကိုကြည့်ပါ... ဘာကိုကြည့်ရမလဲဆိုတော့ အင်းတိတ်ဗားထောက်ပီလား.အင်တိတ်ဗားထောက်ပီဆိုတာနဲ့ နံပါတ် 3 ပစ်စတင်ဗားချိန်လို့ရပါပီ...

ဟုတ်ပီ နံပါတ်3 ပြီးပီဆိုတော့
အင်္ဂျင်ကိုဆက်လှည့်ပါ လားရာအတိုင်း မီးပေါက်စဉ်လေးပြန်စဉ်းစားပါ...1-3-4-2 ဆိုတော့နံပါတ် 4 ပစ်စတင်အလှည့်လာပါပီ
အရင်အတိုင်းပါပဲ....နံပါတ် 4 ပစ်စတင်နဲ့အတူတူအတက်ဆင်းတွဲနေတဲ့ နံပါတ် 1 ပစ်စတင်ရဲ့အင်းတိတ်ဗားအထောက်ကို ကြည့်ပါအင်းတိတ်ဗားထောက်ပီဆိုတာနဲ့
နံပါတ် 4 ပစ်စတင်ရဲ့ ဗားချိန်လို့ရပါပီ
အင်္ဂျင်ကိုဆက်လှည့်ပါ
..မီးပေါက်စဉ်လေးပြန်စဉ်းစားပါ 1-3-4-2
နံပါတ်4ပီးတော့ နောက်ဆုံး 2လာပါပီ.
နံပါတ် 2 ချိန်တော့မယ်ဆိုတော့ကာ
နံပါတ် 2 ပစ်စတင်နှင့်အတူတူအတက်အဆင်းတွဲနေသော နံပါတ် 3 ပစ်စတင်ရဲ့
အင်းတိတ်ဗားအထောက်ကိုကြည့်ပါ...အင်းတိတ်ဗားထောက်ပီဆိုတာနဲ့ နံပါတ်2 ပစ်စတင်မှာ power stroke ပါဝါစတုတ်ဖြစ်သောကြောင့် .နံပါတ် 2 ကိုချိန်လို့ရပါပီ......

6 cylinder 6လုံးထိုးအလှည့်လာပါပီ ဆပစ်စတင် 6လုံးပါတဲ့အင်္ဂျင်မှာလည်းအပေါ်မှာပြောခဲ့သလိုပဲ...အတူတူအတက်အဆင်းတွဲနေတဲ့ ပစ်စတင်နှစ်လုံးကိုပဲကြည့်ရမှာပါ ...ဒါမယ့်6လုံးထိုးအဂျင်္င်မှာ မီးပေါက်စဉ်နှစ်မျိုးလာပါတယ်
1-4-2-6-3-5 ရယ်
1-5-3-6-2-4 ဆိုပီးတော့လာမယ်
အပေါ်ကအတိုင်းပဲချိန်ရမှာပါ
1ချိန်ရင် 6အင်းတိတ်ကိုကြည့်
4ချိန်ရင် 3 အင်းတိတ်အထောက်ကြည့်
2ချိန်ရင် 5 အင်းတိတ်အထောက်ကြည့်
6ချိန်ရင် 1အင်းတိတ်အထောက်ကြည့်
3ချိန်ရင် 4 အင်းတိတ်အထောက်ကြည့်
5ချိန်ရင် 2 အင်းတိတ်အထောက်ကြည့်
ဆိုပီးတော့အပြန်အလှန်သွားနေတာပါ...
1-5-3-6-2-4- လည်းဒီလိုပဲချိန်သွားရမှာပါ.
♦️အဲ့မှာပြောခဲ့ချင်သေးတာက♦️
1-4-2-6-3-5လား 1-5-3-6-2-4 လားခွဲနည်းပြောပေးပါမယ်...
ဘယ်မီးပေါက်စဉ်ပဲလာလာကျနော်တို့အရင်ဆုံးချိန်ရမှာ နံပါတ် 1 ပါ ....ဟုတ်ပီ 1 ချိန်ပီးတာနဲ့ အင်္ဂျ င်ကိုမလှည့်သေးပဲ ဗားအထောက်ကိုတစ်ချက်ရှိုးလိုက်ပါ...နောက်ချိန်မယ့်ပစ်စတင်နံပါတ်က 4 ဖြစ်နေခဲ့ရင်နံပါတ် 3 မှာ အိတ်ဇောဗားထောက်နေရပါမယ်...÷÷÷÷÷÷ဒါမှမဟုတ်နောက်ချိန်မယ့်ပစ်စတင်နံပါတ်က 5 ဖြစ်နေခဲ့ရင် နံပါတ် 2 ပစ်စတင်မှာ အိတ်ဇောထောက်နေမှာပါဗျ.......

♦️ဗားချိန်နည်း...4♦️

ဒီနည်းလေးကတော့ အင်္ဂျင်ကြီးတွေနဲ့
လည့်ရခက်တဲ့အင်္ဂျင်တွေမှာ အဆင်ပြေပါတယ် {မှတ်ချက်} 4လုံးထိုးအင်္ဂျင်နှင့်
6 လုံးထိုး အင်္ဂျင် 1-5-3-6-2-4 သာလျင်

ဒီဗားချိန်နည်းကတော့ နံပါတ် 1 ပစ်စတင်ကိုပဲကြည့်ရမှာဖြစ်ပြီးတော့ ကရိုင်းနှစ်ပတ်သာလှည့်ရမှာဖြစ်ပါတယ်...

4... လုံးထိုးအင်္ဂျင်အတွက်အရင်ပြောပါမယ်
နံပါတ် 1 ပစ်စတင်ရဲ့ ပါဝါစတုတ်ကိုရှာပါပစ်စတင်ထိပ်ဆုံးမှာရှိနေပါစေ ပီးရင်တော့
1-2 အင်းတိတ်ဗားချိန်မယ်
1-3 အိတ်ဇောဗားချိန်မယ်ပါမယ်..ပီးနောက်
အင်္ဂျင်ကိုဆက်လှည့်မယ်
နံပါတ်တစ်ပစ်စတင်ရဲ့အိတ်ဇောစတုတ်ရဲ့ပစ်စတင်ထိပ်ဆုံးတည့်တည့်ကိုထားမယ်

3-4 အင်းတိတ်ဗားချိန်မယ်
2-4 အိတ်ဇောဗားချိန်မယ်
ဒါဆိုရင်ဆုံသွားပါပီး...ပစ်စတင်လေးလုံးစလုံးရဲ့ဗားတွေကုန်သွားပါပီ....

♦️6 လုံးထိုးလာပါပီ♦️
1-5-3-6-2-4 သာလျင်
အပေါ်ကအတိုင်းပဲ
နံပါတ် 1 ပစ်စတင်ရဲ့ power stroke ကိုရှာပါ ပစ်စတင်ထိပ်ဆုံးမှာရှိနေပါစေ
ပီးရင်တော့

1-2-4 အင်းတိတ်ဗားချိန်လို့ရပါပီ
1-3-5 အိတ်ဇောဗားချိန်လို့ရပါပီ

ဆက်လှည့်ပါမယ် နံပါတ် 1 ပစ်စတင်ရဲ့အ်ိတ်ဇောစတုတ် ရဲ့ ပစ်စတင်ထိပ်ဆုံးမှာထားပါ

3-5-6 အင်းတိတ်ဗားချိန်ပါ
2-4-6 အိတ်ဇောဗားချိန်ပါ...
ပစ်စတင် 6 လုံးရဲ့ဗားတွေကုန်သွားပါပီ
============================
ပြန်လည်မျှဝေခြင်း ဖြစ်ပါသည်။

Credit >>> original uploader

🤷‍♂️ ကျောက်ဇကာ ခွဲရင်ဘာတွေဖြစ်တတ်သလဲ❓ကျောက်ဇကာဆိုတဲ့ Catalytic Converter ကိုခွဲထုတ်လိုက်ရင် ဘာဖြစ်တတ်သလဲဆိုတာသိဖို.အတွက်...
02/02/2022

🤷‍♂️ ကျောက်ဇကာ ခွဲရင်ဘာတွေဖြစ်တတ်သလဲ❓

ကျောက်ဇကာဆိုတဲ့ Catalytic Converter ကိုခွဲထုတ်လိုက်ရင် ဘာဖြစ်တတ်သလဲဆိုတာသိဖို.အတွက် ကားအိတ်ဇောစနစ်က ကျောက်ဇကာနဲ.တွဲဖက်အလုပ်လုပ်နေတဲ့ Oxygen Sensor တွေရဲ.အလုပ်လုပ်ပုံတွေကို နားလည်ဖို.လိုပါ
တယ် ။ Oxygen Sensor ကို 1976 ခုနှစ်မှာ Volvo 240 မှာစတင်တီထွင်အသုံးပြုခဲ့ပါတယ် ။ 1980 ပြည်.နှစ်မှာတော့ ကယ်လီဖိုးနီးယား (Calfornia ) ပြည်နယ်မှာ လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး ဥပဒေပြဌာန်းမှုတွေလုပ်လာပြီး
1981 နောက်ပိုင်းကားတိုင်းမှာ Oxygen Sensor တွေကို ဥပဒေအရ မတပ်မနေ တပ်ဆင်အသုံးပြုခဲ့ကြပါတယ် ။ အခုနောက်ဆုံးပေါ် Oxygen Sensor တွေကတော့ 1996 ခုနှစ်မှာစတင်ခဲ့တဲ့ OBD2 (On-board
diagnostics ) နည်းပညာသုံး Oxygen Sensor တွေပါ ။ Oxygen Sensor တွေကို ပုံမှန်အားဖြင့် အိတ်ဇောပိုက်မှာတပ်ဆင်ပြီး ကျောက်ဇကာ( Catalytic Converter)ရဲ. ရှေ.မှာ (Upstream / Pre Cat sensor ) အဖြစ်တလုံး ၊
ကျောက်ဇကာ( Catalytic Converter) ရဲ.နောက်မှာ (Downstream/ Post Cat sensor ) အဖြစ်တပ်ဆင်ပြီး အချို.မော်ဒယ်ကားတွေမှာတော့ Oxygen Sensor အနည်းဆုံး 1လုံးကနေ 3 လုံး 4 လုံးအထိတပ်ဆင်အသုံးပြုကြပါတယ် ။

Oxygen Sensor ဆိုတာရဲ.အခြေခံဖွဲ.စည်းပုံက Zirconium Dioxide Element ကို Oxygen Sensor ရဲ.ထိပ်ဆုံးမှာ Steel Sheel ဆိုတဲ့ ကာဗာနဲ.ဖုံးအုပ်ထားပြီး အာရုံခံ၀တ္တုပစ္စည်းအဖြစ်အသုံးပြုပါတယ် ။အဲ့ အာရုံခံပစ္စည်းကို Platinum
Electrode ရယ် Wire leads line တွေရယ်နဲ.ဆက်သွယ်ထားပါတယ် ။ Oxygen Sensor ရဲ. အခြေခံအလုပ်လုပ်ပုံက Chemical Formula ဖြစ်တဲ့ O2 ( အောက်ဆီဂျင်အက်တမ်တွေဟာ အမြဲ စုံတွဲပဲ ရွေ.လျားပါတယ် )
အက်တမ်တွေရွေ.လျားမှုကို အာရုံခံတဲ့နည်းပညာတွေကို အသုံးပြုပါတယ် ။ (Oxygen Sensor အတွင်း အလုပ်လုပ်ပုံတွေ ရှုပ်ထွေးတာမို. အချိန်ရရင်အသေးစိတ်ရေးသားပါ့မယ်)

Oxygen Sensor ရဲ.အထူးပြုလုပ်ဆောင်ချက်တွေက Oxygen Sensor ဟာ အိတ်ဇောကနေထွက်လာတဲ့ အိတ်ဇောငွေ.တွေထဲကနေ အောက်ဆီဂျင်ကိုအာရုံခံပြီး အိတ်ဇောငွေ. တွေထဲမှာ Rich Mixture ( အောက်ဆီဂျင်နည်းပြီး
မီး မလောင်ကျွမ်းနိုင်ဘဲ ကျန်ခဲ့တဲ့ လောင်စာတွေများနေသလား ) ၊ Lean Mixture ( လောင်စာတွေလောင်ကျွမ်းဖို.လိုတဲ့ အောက်ဆီဂျင်ထက်ပိုပြီး အောက်ဆီဂျင်တွေများနေသလားဆိုတာကို ) ECM ( Engine Control Module )
၊ ECU (Engine Control Unit ) ကို
လှမ်းသတင်းပို.ပေးပါတယ် ။ယေဘူယျအားဖြင့် (Upstream / Pre Cat sensor ) က အိတ်ဇောငွေ.တွေထဲက အောက်ဆီဂျင်ကို အာရုံခံပြီး (Downstream/ Post Cat sensor ) ကတော့ ကျောက်ဇကာ( Catalytic Converter) ရဲ.
စွမ်းဆောင်ရည်နဲ. အဲ့ဒီကျောက်ဇကာ( Catalytic Converter) ကနေထွက်လာတဲ့ အောက်ဆီဂျင်ရဲ. ပမာဏကို အာရုံခံပြီး သတင်းပို.ပေးပါတယ် ။
အဲ့ဒီတော့မှာ ECM ( Engine Control Module ) က Oxygen Sensor ရဲ.သတင်းအချက်အလက်တွေကိုဖတ်ပြီး အင်ဂျင်ကိုပို.ပေးမယ့် လောင်စာဆီနဲ. လေအချိုးအစားကို လိုအပ်သလို အချိုးချပြောင်းလဲပေးပါတယ် ၊ အဲ့ဒါကို
( Feedback control Loop ) လို.ခေါ်ဆိုပါတယ် ။ ။ အဲ့ဒီလိုလုပ်ပေးခြင်းအားဖြင့် အင်ဂျင်ရဲ. လုပ်ဆောင်နိုင်စွမ်းကို အမြင့်ဆုံးဖြစ်စေတယ် ၊ မလိုအပ်ဘဲ ဆီပိုစားခြင်းကို လျော့ချပေးတယ် ၊ အိတ်ဇောကနေထွက်လာတဲ့ ညစ်ညမ်းစေတဲ့
အိတ်ဇောငွေ.ပမာဏကိုလျော့ကျစေပါတယ် ။

ဒီလောက်ဆိုရင် အိတ်ဇောစနစ် ( Exhaust System ) မှာပါ၀င်နေတဲ့ Oxygen Sensor တွေ Catalytic Converter တွေဘယ်လိုတွဲဖက်လုပ်ဆောင်နေသလဲဆိုတာကို အခြေခံအားဖြင့်နားလည်သဘောပေါက်မယ်ထင်ပါတယ်။ ဒီလို
အခြေအနေမျိုးမှာ Catalytic Converter ကျောက်ဇကာကို ထုတ်လိုက်မယ်ဆိုရင် Catalytic Converter နဲ.တွဲဖက်ပြီး အတူတကွလုပ်ဆောင်နေတဲ့ Oxygen Sensor တွေမှာ လုပ်ဆောင်မှုတွေ အာရုံခံမှုတွေချို.ယွင်းပြီး သတင်းပို.တဲ့
အချက်အလက်တွေမှားယွင်းကုန်ပါမယ် ။ အဲ့လိုချို.ယွင်းမှုတွေဖြစ်ကုန်တဲ့အတွက် ECU (Engine Control Unit ) ရဲ.လုပ်ဆောင်ချက်တွေလွဲမှားကုန်ပြီး ပုံမှန်လောင်စာဆီနဲ. လေရောနှောမှုအချိုးအစား ( ဥပမာအားဖြင့် ဓာတ်ဆီ
အင်ဂျင်အတွက် ပြီးပြည်.စုံတဲ့ လေနဲ.ဆီအချိုးအစားဟာ 14.7:1 ) မှားယွင်းပြီး အင်ဂျင်စွမ်းဆောင်ရည်ကျသွားတာတွေ ၊ Idle ( အင်ဂျင်အနှေးလည်ပတ်မှု ) အခြေအနေမှာ အတက်အကျ မငြိမ်တာတွေ ၊ လေတံခါး
( Throttle ) မှာ မညီညွှတ်တဲ့ အဆွဲအရုန်းတွေဖြစ်လာတာတွေ ၊ အင်ဂျင်စနှိုးရခက်တာတွေ ၊ ကြက်ဥပုတ်နံ.လို အနံ.ဆိုးတွေ အိတ်ဇောကနေထွက်လာတာတွေ ၊ Engine Check မီးလင်းလာတာတွေ ၊ အရင်ထက်
ဆီပိုစားလာတာတွေဖြစ်ပေါ်စေပါတယ် ။

ဒါကတော့ ကျောက်ဇကာနဲ.ပတ်သတ်ဆက်နွယ်ပြီး Oxygen Sensor တွေနဲ. ကားအင်ဂျင်စနစ်တွေဘယ်လိုဆက်စပ်လုပ်ဆောင်နေတယ်ဆိုတာကိုရှင်းပြတာပါ ။ တချို.မော်ဒယ်နိမ့်ကားတွေမှာ ကျောက်ဇကာခွဲထုတ်လိုက်လို.
ဘာပြသနာမှ ပေါ်မလာပေမယ့် တချို.မော်ဒယ်မြင့်ကားတွေမှာတော့ ကျောက်ဇကာထုတ်ပြီးနောက်ပိုင်း Oxygen Sensor ချို.ယွင်းမှုတွေကနေတဆင့် Self-diagnostics ( ရောဂါလက္ခဏာကိုကြည်.ပြီးကိုယ်တိုင် အမည်သတ်မှတ်ခြင်း )
စနစ် ပြသနာတွေတသီတတန်းကြီးပေါ်လာတတ်ပါတယ် ။

တခြားနိုင်ငံတွေမှာတော့ 1981 ခုနှစ်ကတည်းက Catalytic Converter ဆိုတဲ့ ကျောက်ဇကာတွေ ဥပဒေအရ မတပ်မနေရ တပ်ဆင်အသုံးပြုရပြီး ၊ Catalytic Converter တွေကို ခွဲထုတ်ခြင်းဟာ ပတ်၀န်းကျင်လေထုကို ပြင်းထန်စွာညစ်
ညမ်းစေတာမို.ဥပဒေအရ တရားမ၀င်ဘဲ အရေးယူခံရမှာပါ ။ ကျနော်တို.နိုင်ငံမှာတော့ ဆီမသန်.ရှင်းမှုကြောင့် ကျောက်ဇကာပိတ်ဆို.မှုပြသနာတွေကို ရင်ဆိုင်ရတာမို. ကျောက်ဇကာခွဲထုတ်တဲ့ ကားတွေအများကြီးရှိလာပါတယ် ။

ဖတ်ရှု့ပေးတဲ့ စက်ဆရာများအားလုံးကျန်းမာချမ်းသာပါစေ 🙏

Address

Rathedaung

Telephone

+959456064123

Website

Alerts

Be the first to know and let us send you an email when Min Mrat Khine a2z Car, Tuk Tuk, Motorcycle Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category