UNION Autoservices Pyay Branch

UNION Autoservices Pyay Branch လူကြီးမင်းတို့၏ ကားကျန်းမာရေးကို ကျွန်တော်တို့Union Autoservices မှတာဝန်ယူပါရစေ။

7-5-2026🙏🙏🙏𝐔𝐍𝐈𝐎𝐍 𝐀𝐮𝐭𝐨𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐏𝐲𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡 ၏အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆွမ်းလောင်းကုသိုလ် နတ် လူသာဓုခေါ်စေသော်🙏🙏🙏မော်တော်ယ...
07/05/2026

7-5-2026

🙏🙏🙏𝐔𝐍𝐈𝐎𝐍 𝐀𝐮𝐭𝐨𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐏𝐲𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡 ၏အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆွမ်းလောင်းကုသိုလ် နတ် လူသာဓုခေါ်စေသော်🙏🙏🙏

မော်တော်ယာဉ်နှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက UNION ကိုသတိရလိုက်ပါ။

𝐔𝐍𝐈𝐎𝐍 𝐀𝐮𝐭𝐨𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐏𝐲𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် ၅၅ ၊ ဘုရင့်နောင်လမ်းမကြီးဘေး၊ရွှေလင်ပန်းဘုရားအနီး၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ပြည်မြို့။

📞09751399991
📞09751399992
📞09263480989
📞 09750236616

🙏🙏🙏 ယနေ့ရောက်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပြီးအသက်ရှူတိုင်း ငွေဝင်ပါစေခင်ဗျာ။🙏🙏 ☎️လူကြီးမင်းများ လိုအပ်သည်များရှိပါက 092...
04/05/2026

🙏🙏🙏 ယနေ့ရောက်လာမိတ်သဟာ ချမ်းသာကိုယ်စိတ်မြဲပြီးအသက်ရှူတိုင်း ငွေဝင်ပါစေခင်ဗျာ။🙏🙏

☎️လူကြီးမင်းများ လိုအပ်သည်များရှိပါက 09263480989 သို့ဆက်
သွယ်‌မေးမြန်းနိုင်ပါသည်။☎️

🚘မော်တော်ယာဉ်နှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက UNION ကိုသတိရလိုက်ပါ။🚘

𝐔𝐍𝐈𝐎𝐍 𝐀𝐮𝐭𝐨𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐏𝐲𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် ၅၅ ၊ ဘုရင့်နောင်လမ်းမကြီးဘေး၊ရွှေလင်ပန်းဘုရားအနီး၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ပြည်မြို့။

📞09751399991
📞09751399992
📞 09750236616

‎🙏🙏🙏🙏🙏ကဆုန်လပြည့် (ဗုဒ္ဓနေ့) မြတ်အခါသမယတွင် မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း UNION မိသာ...
30/04/2026

‎🙏🙏🙏🙏🙏ကဆုန်လပြည့် (ဗုဒ္ဓနေ့) မြတ်အခါသမယတွင် မိတ်ဆွေများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း UNION မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်🙏🙏🙏

လူကြီးမင်းတို့လိုအပ်သည်များရှိပါက Page messenger မှဖြစ်စေ 09750236616 သို့ ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မော်တော်ယာဉ်နှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက UNION ကိုသတိရလိုက်ပါ။

𝐔𝐍𝐈𝐎𝐍 𝐀𝐮𝐭𝐨𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐏𝐲𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် ၅၅ ၊ ဘုရင့်နောင်လမ်းမကြီးဘေး၊ရွှေလင်ပန်းဘုရားအနီး၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ပြည်မြို့။

📞09751399991
📞09751399992
📞09750236616

Customer လူကြီးမင်းများခင်ဗျာ (1.5.2026 )သောကြာနေ့ အလုပ်သမားနေ့ တွင် ကျွန်တော်တို့ UNION AUTOSERVICES Pyay Branch အလုပ်တ...
30/04/2026

Customer လူကြီးမင်းများခင်ဗျာ (1.5.2026 )သောကြာနေ့ အလုပ်သမားနေ့ တွင် ကျွန်တော်တို့ UNION AUTOSERVICES Pyay Branch အလုပ်တစ်ရက်ပိတ်မည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်ပါသည်။

(2.5.2026) စနေနေ့ တွင် ပြန်လည်ဖွင့်လှစ်မည်ဖြစ်ပါသည်။

လူကြီးမင်းတို့လိုအပ်သည်များရှိပါက Page messenger မှဖြစ်စေ 09750236616 သို့ ဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

မော်တော်ယာဉ်နှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက UNION ကိုသတိရလိုက်ပါ။

𝐔𝐍𝐈𝐎𝐍 𝐀𝐮𝐭𝐨𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐏𝐲𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် ၅၅ ၊ ဘုရင့်နောင်လမ်းမကြီးဘေး၊ရွှေလင်ပန်းဘုရားအနီး၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ပြည်မြို့။

📞09751399991
📞09751399992
📞09750236616

29/04/2026

‎📌ရှော့ဘား (Shock Absorber) ဆီယိုတာကို ကိုယ်တိုင် စစ်ဆေးနည်း။

‎🔹ကားမောင်းနေရင်း လမ်းဆိုးတာနဲ့ တုန်ခါမှု အရမ်းများနေပြီလား?

‎🔹ကွေ့တဲ့အခါမျိုးမှာ ကားက ယိမ်းထိုးနေသလို ခံစားရလား?

‎🔹ဒါဆိုရင်တော့ မိတ်‌ဆွေကားရဲ့ Suspension စနစ်မှာ အရေးပါတဲ့ ရှော့ဘား (Shock Absorber) တွေ အလုပ်ကောင်းကောင်း မလုပ်တော့တာ ဖြစ်နိုင်ပါတယ်။

‎🔹Workshop မသွားခင် မိမိဘာသာ အလွယ်တကူ စစ်ဆေးကြည့်လို့ရမယ့် နည်းလမ်း (၃) ခုကို မျှဝေပေးလိုက်ပါတယ်။

‎၁။ အမြင်နဲ့ စစ်ဆေးခြင်း (Visual Inspection)
‎ကားကို ဂီယာ P ထိုး၊ လက်ဘရိတ်ဆွဲပြီး ဘီးတွေရဲ့ အတွင်းဘက်က ရှော့ဘားတံကို ဓာတ်မီးနဲ့ သေချာထိုးကြည့်ပါ။
‎ဆီစိုနေလား➡️ရှော့ဘားကိုယ်ထည်မှာ ဆီတွေ ပေကျံပြီး ဖုန်တွေ အလိပ်လိုက် ကပ်နေတယ်ဆိုရင် Oil Seal ပေါက်ပြီး ဆီယိုနေတာပါ။
‎ဆီကြည်ရုံပဲလား➡️တစ်ခါတလေ အစိုဓာတ်လေးရှိရုံက ပြဿနာမရှိပေမယ့်၊ ဆီတွေ စီးကျနေပြီ (Leaking) ဆိုရင်တော့ Pressure မထိန်းနိုင်တော့လို့ အသစ်လဲဖို့ လိုအပ်နေပါပြီ။

‎၂။ ခုန်အား စစ်ဆေးခြင်း (Bounce Test)
‎ဒါကတော့ ရှော့ဘားရဲ့ လုပ်ဆောင်ချက် (Function) ကို စစ်တာပါ။ ကားရဲ့ ထောင့်စွန်းတစ်ခုချင်းစီကို လူအင်အားနဲ့ အားရပါးရ ဖိချလိုက်ပါ။ ပြီးရင် လက်ကို ချက်ချင်းလွှတ်လိုက်ပါ။
‎ပုံမှန်အခြေအနေဆို ကားက အပေါ်ကို တစ်ချက် ပြန်တက်လာပြီး မူလအနေအထားမှာ ချက်ချင်း ငြိမ်သွားရပါမယ်။
‎ရှော့ဘားမကောင်းပါက လက်လွှတ်လိုက်တဲ့အခါ ကားက အပေါ်အောက် ၂ ကြိမ်၊ ၃ ကြိမ်ထက်မက ဆက်ပြီး ခုန်နေမယ်ဆိုရင်တော့ ရှော့ဘားရဲ့ အားက ကုန်နေပါပြီ။

‎၃။ တာယာပွန်းစားမှုကို ကြည့်ခြင်း (Tire Wear)
‎ရှော့ဘားမကောင်းရင် ဘီးက လမ်းနဲ့ အမြဲမထိဘဲ ခုန်နေတတ်ပါတယ်။ အဲဒီအခါ တာယာမျက်နှာပြင်မှာ တစ်ပြေးညီမစားတော့ဘဲ အကွက်လိုက် (Cupping) စားသွားတတ်ပါတယ်။ ဒါကိုတွေ့ရင်လည်း ရှော့ဘား အခြေအနေကို သံသယရှိရပါမယ်။

‎🚘ရှော့ဘားဆီယိုတာကို လျစ်လျူရှုထားရင် မောင်းနှင်ရတာ သက်သောင့်သက်သာ မရှိရုံတင်မကဘဲ၊ ဘရိတ်ဖမ်းတဲ့အခါ ရပ်တန့်ရမယ့် အကွာအဝေး (Braking Distance) ကို ပိုရှည်စေပြီး ဘေးအန္တရာယ် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပုံမှန်စစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်。。。

‎UNION One Stop Service Co.,Ltd
‎📍 Head Office: အမှတ် (၈၀)၊ ၆၉ လမ်း နှင့် မနောဟရီလမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
‎📞 Phone: 09 444676447


23/04/2026

‎⚡ဘရိတ်ဆီထဲ ရေငွေ့ဝင်တာ ဘာလို့ ဒီလောက်တောင် ကြောက်ဖို့ကောင်းတာလဲ?

‎⚡ဒီနေ့တော့ ကားသမားတွေ သတိမထားမိတတ်တဲ့၊ အသက်အန္တရာယ်နဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ "ဘရိတ်ဆီနဲ့ ရေငွေ့" အကြောင်းကို နည်းပညာပိုင်းအရ ရှင်းပြပေးချင်ပါတယ်။

‎⚡ကားမောင်းနေရင်း ဘရိတ်နင်းလိုက်တဲ့အခါ ပုံမှန်ထက် ပျော့သွားတာမျိုး၊ ဘရိတ်က နက်နက်နင်းမှ မိတာမျိုး ကြုံဖူးကြမှာပါ။ ဒါ ဘာကြောင့်လဲဆိုရင်...

‎၁။ ဘရိတ်ဆီက ရေကို အရမ်းကြိုက်လို့ပါ (Hygroscopic Property)

‎ဘရိတ်ဆီမှာ ထူးခြားတဲ့ ဂုဏ်သတ္တိတစ်ခုရှိတယ်၊ ဘာလဲဆိုတော့ ပတ်ဝန်းကျင်က စိုထိုင်းဆ (Moisture) ကို စုပ်ယူနိုင်တာပါ။ ကားသက်တမ်း ကြာလာတာနဲ့အမျှ ဘရိတ်ဆီထဲကို ရေငွေ့တွေက တဖြည်းဖြည်း ရောက်ရှိသွားပါတယ်။

‎၂။ ဘရိတ်ဆီရဲ့ "ဆူမှတ်" ကျဆင်းသွားခြင်း

‎ဒါက အဓိက အန္တရာယ်ပါ။ ဘရိတ်ဆီရဲ့ အဓိကတာဝန်က ဘရိတ်ဖိအားကြောင့် ထွက်လာတဲ့ အပူဒဏ်ကို ခံနိုင်ရည်ရှိဖို့ပါ။ ဒါပေမဲ့ ဘရိတ်ဆီထဲ ရေငွေ့ ၃% လောက် ရောက်သွားတာနဲ့ သူ့ရဲ့ ဆူမှတ် (Boiling Point) က တဟုန်ထိုး ကျဆင်းသွားပါတယ်။

‎၃။ V***r Lock ဆိုတဲ့ "ဘရိတ်ပျောက်ခြင်း" ပြဿနာ

‎တောင်ဆင်းလမ်းတွေမှာ ဘရိတ်ကို ဆက်တိုက်သုံးတဲ့အခါ ဘရိတ်ဆီက အရမ်းပူလာပါတယ်။ အဲဒီအခါ ဆီထဲမှာရောနေတဲ့ ရေငွေ့တွေက အငွေ့ပျံပြီး လေပူဖောင်းလေးတွေ ဖြစ်သွားပါတယ်။ လေက ဆီလို ဖိအားမကူးနိုင်တဲ့အတွက် ဘရိတ်နင်းလိုက်ရင် အဲဒီလေပူဖောင်းတွေကိုပဲ သွားဖိသလိုဖြစ်ပြီး ဘရိတ်က လုံးဝမမိတော့တာမျိုး ဖြစ်သွားပါတယ်။ ဒါကို V***r Lock လို့ ခေါ်ပါတယ်။

‎⚡ဘရိတ်ဆီက အရောင်မမည်းသေးတိုင်း ကောင်းတယ်လို့ ယူဆလို့မရပါဘူး။ ရေငွေ့ဆိုတာ မျက်စိနဲ့ ကြည့်ရုံနဲ့ မသိနိုင်ပါဘူး။ ဒါကြောင့် ဘရိတ်ဆီတိုင်းတဲ့ Tester လေးနဲ့ ပုံမှန်စစ်ပေးပါ။ ရေငွေ့ ၃% ကျော်ပြီဆိုရင်တော့ မနှမြောပါနဲ့၊ ချက်ချင်းလဲပစ်ပါ။ ကိုယ့်မိသားစုနဲ့ ကိုယ့်ကားရဲ့ ဘေးကင်းလုံခြုံရေးက ပိုအရေးကြီးပါတယ်ရှင်。。。

‎UNION One Stop Service Co.,Ltd
‎📍 Head Office: အမှတ် (၈၀)၊ ၆၉ လမ်း နှင့် မနောဟရီလမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
‎📞 Phone: 09 444676447

‎ ***rLock

23-4-2026🙏🙏🙏𝐔𝐍𝐈𝐎𝐍 𝐀𝐮𝐭𝐨𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐏𝐲𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡 ၏အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆွမ်းလောင်းကုသိုလ် နတ် လူသာဓုခေါ်စေသော်🙏🙏🙏မော်တော်...
23/04/2026

23-4-2026

🙏🙏🙏𝐔𝐍𝐈𝐎𝐍 𝐀𝐮𝐭𝐨𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐏𝐲𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡 ၏အပတ်စဉ် ကြာသပတေးနေ့တိုင်း ဆွမ်းလောင်းကုသိုလ် နတ် လူသာဓုခေါ်စေသော်🙏🙏🙏

မော်တော်ယာဉ်နှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက UNION ကိုသတိရလိုက်ပါ။

𝐔𝐍𝐈𝐎𝐍 𝐀𝐮𝐭𝐨𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐏𝐲𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် ၅၅ ၊ ဘုရင့်နောင်လမ်းမကြီးဘေး၊ရွှေလင်ပန်းဘုရားအနီး၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ပြည်မြို့။

📞09751399991
📞09751399992
📞09263480989
📞 09750236616

21/04/2026

‎🫧သင်္ကြန်အပြီးမှာ ကားပိုင်ရှင်တွေ ဘာတွေပြန်စစ်ရမလဲ?

‎🫧သင်္ကြန်တွင်းမှာ ခရီးဝေးမောင်းနှင်ထားတာပဲဖြစ်ဖြစ်၊ မြို့ထဲမှာ ရေပက်ခံထွက်ထားတာပဲဖြစ်ဖြစ် အားလပ်ရက်အပြီး အလုပ်ပြန်တက်တဲ့အခါ ကားကြောင့် စိတ်အနှောင့်အယှက်မဖြစ်ရလေအောင် ဒီအချက်တွေကို မဖြစ်မနေ စစ်ဆေးဖို့ တိုက်တွန်းလိုပါတယ်။

‎၁။ အရည်ပိုင်းဆိုင်ရာ စစ်ဆေးခြင်း (Fluids Level)
‎ခရီးဝေးမောင်းတဲ့အခါ အင်ဂျင်အပူချိန် မြင့်တက်မှုကြောင့် Engine Oil (အင်ဂျင်ဝိုင်) နဲ့ Coolant (အအေးခံရည်) လျော့နည်းမှု ရှိ၊ မရှိ အရင်စစ်ပါ။ အထူးသဖြင့် Brake Fluid (ဘရိတ်ဆီ) ရဲ့ အရောင်နဲ့ ပမာဏကိုပါ သေချာကြည့်ပေးဖို့ လိုပါတယ်ရှင်。。。

‎၂။ အောက်ပိုင်းနဲ့ ဘရိတ်စနစ် စစ်ဆေးခြင်း
‎ရေပက်ခံထွက်ထားတဲ့ကားတွေမှာ အောက်ပိုင်းပစ္စည်းတွေထဲ ရေဝင်တာ၊ ဖုန်နဲ့ သဲတွေ ကပ်ငြိတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ဘရိတ်ပြား (Brake Pads) ကြားထဲ သဲဖုန်တွေဝင်ရင် အသံမြည်တာနဲ့ ဘရိတ်စားနှုန်း မမှန်တာမျိုး ဖြစ်နိုင်လို့ အောက်ပိုင်းကို ရေဖိအားပြင်းပြင်းနဲ့ ဆေးကြောပြီး စစ်ဆေးသင့်ပါတယ်ရှင်。。。

‎၃။ လျှပ်စစ်စနစ်နဲ့ ဘက်ထရီပိုင်းစစ်ဆေးခြင်း (Electrical & Battery)
‎ရေပက်ခံထားရတဲ့အတွက် အင်ဂျင်ခန်းထဲက Wiring Socket တွေ၊ Sensors တွေထဲ ရေစိမ့်ဝင်မှု ရှိမရှိ ဂရုစိုက်ပါ။ ဘက်ထရီ Terminal တွေမှာ ချေးတက်နေရင် ရေနွေးနဲ့ လောင်းချသန့်စင်ပေးပါရှင်。。。

‎၄။ လေစစ်နဲ့ အဲကွန်းစနစ်စစ်ဆေးခြင်း
‎(Air Filter & AC System)
‎တစ်ချို့ကားပိုင်ရှင်‌တွေ နွေပူပူမှာ ဖုန်ထူတဲ့လမ်းတွေကို မောင်းနှင်ထားရတာကြောင့် Air Filter ထဲမှာ ဖုန်တွေ ပိတ်နေတတ်ပါတယ်။ ဒါက အင်ဂျင်ဆွဲအား ကျစေတဲ့အပြင် ဆီစားလည်း ပိုစေပါတယ်။ အဲကွန်း Filter ကိုလည်း တစ်ခါတည်း သန့်စင်ပေးသင့်ပါတယ်ရှင်。。。

‎၅။ တာယာအခြေအနေ စစ်ဆေးခြင်း(Tyre Condition)
‎ပူပြင်းတဲ့ ကတ္တရာလမ်းပေါ်မှာ အရှိန်ပြင်းပြင်း မောင်းထားရတဲ့အတွက် တာယာရဲ့ လေပေါင်ချိန်နဲ့ မျက်နှာပြင် အက်ကွဲမှု ရှိ၊ မရှိကို ပြန်စစ်သင့်ပါတယ်ရှင်。。。

‎💦ကားတစ်စီးလုံးကို နည်းပညာပိုင်းဆိုင်ရာ စနစ်တကျ စစ်ဆေးပြီးမှ စိတ်အေးချမ်းသာစွာနဲ့ အလုပ်ခွင်ပြန်ဝင်ကြဖို့ အကြံပြုပါရစေ。。。

‎💦UNION Autoservices မှာ သင့်ကားရဲ့ ကြံ့ခိုင်မှုကို ကျွမ်းကျင်ဆရာများနဲ့ စနစ်တကျ စစ်ဆေးပေးနေတာဖြစ်လို့ ယုံကြည်စိတ်ချစွာလာရောက်စစ်ဆေးပြုပြင်နိုင်ပါပြီရှင်。。。

‎🧑‍🔧UNION Autoservices ရဲ့ မိတ်ဟောင်း၊ မိတ်သစ်များအားလုံး နှစ်သစ်မှာ လိုအင်ဆန္ဒတွေပြည့်ဝပြီး သွားလေရာ ခရီးစဉ်တိုင်းမှာ ဘေးကင်းလုံခြုံကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်ရှင်🙏🙏🙏


21-4-2026🙏🙏🙏UNION မိသားစု၏ ယနေ့ကုသိုလ်🙏🙏🙏🙏🙏🙏ကျွန်တော်တို့ UNION သို့ လာရောက်ကားပြုပြင်ပါသော ဆရာတော် များကို ဆွမ်းကပ်လှူ ...
21/04/2026

21-4-2026

🙏🙏🙏UNION မိသားစု၏ ယနေ့ကုသိုလ်🙏🙏🙏

🙏🙏🙏ကျွန်တော်တို့ UNION သို့ လာရောက်ကားပြုပြင်ပါသော ဆရာတော် များကို ဆွမ်းကပ်လှူ နတ်လူသာဓု ခေါ်စေသော်🙏🙏

အားပေးကြတဲ့ Customer တစ်ဦးချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ရှိပါတယ် ခင်ဗျာ။

တိကျသေချာသောဝန်ဆောင်မှုများဖြင့် "UNION AUTOSERVICE"

လူကြီးမင်းများ လိုအပ်သည်များရှိပါက 09420034759သို့ဆက်သွယ်‌မေးမြန်းနိုင်ပါသည်။

🚘မော်တော်ယာဉ်နှင့်ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက UNION ကိုသတိရလိုက်ပါ။🚘

𝐔𝐍𝐈𝐎𝐍 𝐀𝐮𝐭𝐨𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬 𝐏𝐲𝐚𝐲 𝐁𝐫𝐚𝐧𝐜𝐡

အမှတ် ၅၅ ၊ ဘုရင့်နောင်လမ်းမကြီးဘေး၊ရွှေလင်ပန်းဘုရားအနီး၊ ခေတ္တရာမြို့သစ်ရပ်ကွက်၊ ပြည်မြို့။

📞09751399991
📞09751399992
📞 09750236616
📞09263480989

13/04/2026

‎🌼ဒီနှစ်သစ်မှာ UNION ရဲ့ ရင်တွင်းစကား🌼

‎💦ကားတစ်စီးကို ဝန်ဆောင်မှုပေးရတာဟာ သံထည်ပစ္စည်းတွေ၊ စက်ပစ္စည်းတွေကို ပြင်ဆင်ပေးရုံသက်သက် မဟုတ်ပါဘူး။ ကားပေါ်မှာ လိုက်ပါစီးနင်းမယ့် သူတွေရဲ့ လုံခြုံရေး၊ မိသားစုတွေရဲ့ အပြုံး နဲ့ ခရီးစဉ်တိုင်း ချောမွေ့ဖို့အတွက် အရေးကြီးတဲ့ တာဝန်တစ်ရပ်ကို ထမ်းဆောင်နေရတယ်လို့ UNION အနေနဲ့ အမြဲခံစားရပါတယ်။

‎💦ပြီးခဲ့တဲ့ အချိန်တွေတစ်လျှောက်လုံး UNION Autoservices ကို မိသားစုဝင်တစ်ယောက်လို သဘောထားပြီး ကိုယ့်ရဲ့ကားလေးတွေကို ယုံယုံကြည်ကြည်နဲ့ အပ်နှံပေးခဲ့ကြတဲ့ မိတ်ဆွေတစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ပါတယ်။

‎💦ဒီယုံကြည်မှုတွေကပဲ UNION ကို ရှေ့ဆက်ဖို့ အမြဲခွန်အားဖြစ်စေခဲ့တာပါ။

‎💦ယခုကျရောက်မယ့် နှစ်သစ်ကူးအခါသမယကစလို့ မိတ်ဆွေတို့ရဲ့ ဘဝခရီးလမ်းတိုင်းမှာ အခက်အခဲတွေ ကင်းဝေးပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာစွာနဲ့ လိုရာခရီးကို ဖြောင့်ဖြောင့်တန်းတန်း လျှောက်လှမ်းနိုင်ကြပါစေလို့ UNION မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

‎ခရီးစဉ်တိုင်းမှာ ဘေးကင်းလုံခြုံပါစေ။ 🙏✨

Address

No. 55, Bayintnaung Road. Neer Shwe Lin Pan Pagoda, Khit Tayar Yard
Pyay
08151

Opening Hours

Monday 09:00 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00
Saturday 08:30 - 18:00
Sunday 08:30 - 18:00

Telephone

+959751399991

Website

Alerts

Be the first to know and let us send you an email when UNION Autoservices Pyay Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to UNION Autoservices Pyay Branch:

Share