25/03/2026
မနက်ခင်းအိပ်ရေးမဝတဝနဲ့ ⏰ အလုပ်နောက်ကျမှာ စိုးလို့ ကားစက်နှိုးပြီးတာနဲ့ ဂီယာထိုး၊ လီဗာနင်းပြီး 🚗💨 ဇိုးဇိုးဇတ်ဇတ် ထွက်သွားတတ်တဲ့ သူငယ်ချင်းတို့အတွက် — ဒီနေ့ ဗဟုသုတလေး ပြောပြပေးချင်ပါတယ် 📚
"အေးဆေးပါကွာ၊ ဘာဖြစ်မှာမို့လို့လဲ" ဆိုပြီး ပေါ့ပေါ့ပါးပါး တွေးနေရင်တော့ သင့်ကားလေး တိုင်ပတ်တော့မယ်ဆိုတာ သတိပေးပါရစေ။
မနက်စောစော အင်ဂျင်အေးနေချိန်မှာ Warm-up မလုပ်ဘဲ တန်းထွက်ရင် ဖြစ်လာမယ့် ဆိုးကျိုး ၂ ချက်ကတော့…. 👇
၁။ အင်ဂျင်ဝိုင်က "အိပ်ပျော်နေတုန်း" ရှိသေးတယ် 🤨
ညကတည်းက ရပ်ထားတဲ့ကားရဲ့ အင်ဂျင်ဝိုင်တွေအားလုံးက အောက်ခြေ (Oil Pan) ထဲကို စီးကျနေတာပါ။ မနက်စောစော စက်နှိုးလိုက်ချိန်မှာ အင်ဂျင်ဝိုင်တွေက အပေါ်ပိုင်း piston တွေ၊ အစိတ်အပိုင်းတွေဆီ အနှံ့မရောက်သေးပါဘူး။ ဒီလိုမျိုး ဆီမရောက်သေးဘဲ ချက်ချင်းမောင်းထွက်ရင် အင်ဂျင်ထဲမှာရှိတဲ့ စက်ပစ္စည်း သတ္တုတွေအချင်းချင်း ပွတ်တိုက်မှုတွေ ပြင်းထန်ပြီး အင်ဂျင်က အချိန်မတိုင်ခင်မှာပဲ ကျလာပါလိမ့်မယ်။ ဒီလို မောင်းနှင်ခြင်းရဲ့ နောက်ပိုင်း အကျိုးဆက်တွေကတော့ အင်ဂျင်သံတွေ ဆူလာမယ်၊ ကြာရင် အင်ဂျင်ဖွင့်ပြင်ရတဲ့အထိ ဒုက္ခပေးနိုင်တာမို့ ဒီလို အချက်သေးသေးလေးတွေကိုလည်း ဂရုစိုက်ပေးသင့်ပါတယ် ခင်ဗျာ။
၂။ အစိတ်အပိုင်းတွေက "အကြောမဆန့်ရသေးဘူး"
"လူက အကြောဆန့်ဖို့ လိုသလို၊ ကားကလည်း Warm-up လုပ်ဖို့ လိုအပ်တယ်" ကားတစ်စီးမှာ အင်ဂျင်တင်မကဘူး၊ ဂီယာဘောက် (Gearbox) နဲ့ တခြား ရာဘာအစိတ်အပိုင်းတွေ၊ ပိုက်လိုင်းတွေ ရှိပါသေးတယ်။ အေးနေတဲ့ အချိန်မှာ ဒီပစ္စည်းတွေက ကျုံ့နေပြီး ပုံမှန်ထက် ပို brittle ( ကြွပ် ) နေတတ်ပါတယ်။ ဒါကြောင့် စက်နှိုးပြီး တန်းထွက်လိုက်တာနဲ့ အပူချိန်က ရုတ်တရက် တက်လာတဲ့အတွက် ရုတ်တရက်အပူတက်လာပြီး ပိုက်တွေပေါက်တာ၊ gasket တွေ လောင်တာ ကျိုးတာမျိုးတွေ ဖြစ်နိုင်ပါတယ်။နောက်ပိုင်း အကျိုးဆက်တွေ အနေနဲ့ကလည်း ဆီယိုတာ၊ ရေယိုတာတွေ စဖြစ်လာပြီး ကားသက်တမ်းကို ပို၍ တိုစေနိုင်ပါတယ်ခင်ဗျာ။
မနက်ခင်း စက်နှိုးပြီးရင် အနည်းဆုံး ၁ မိနစ် ကနေ ၃ မိနစ် ခန့် လောက်ခဏလွှတ်ထားပေးပြီး အင်ဂျင်ဝိုင်တွေ နှံ့သွားအောင်၊ အပူချိန်လေး နည်းနည်းတက်လာအောင် စောင့်ပေးတာက သင့်အိတ်ကပ်ထဲက ပိုက်ဆံတွေကို ရေရှည်မှာ အများကြီး ကာကွယ်ပေးနိုင်မှာမလို့ သင့်ကားအတွက် ဆင်ခြင်စေနိုင်ဖို့ တိုက်တွန်းပါရစေခင်ဗျာ။ 😍😍 နောက်ပိုင်းမှာလည်း ဒီလိုဗဟုသုတ ရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ ကျွန်တော်တို့ရဲ့ 𝐃𝐨𝐧𝐠𝐟𝐞𝐧𝐠 𝐓𝐫𝐮𝐜𝐤𝐬 𝐌𝐲𝐚𝐧𝐦𝐚𝐫 page ကို Like & Follow လေး လုပ်ထားပေးကြပါအုံးခင်ဗျ 🙏🙏
📞 𝐒𝐚𝐥𝐞𝐬 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟗-𝟕𝟖𝟗𝟗𝟑𝟔𝟒𝟏𝟓,𝟎𝟗-𝟕𝟔𝟓𝟒𝟖𝟏𝟑𝟎𝟎,𝟎𝟗-𝟕𝟔𝟓𝟒𝟖𝟏𝟑𝟎𝟏