Y- Family Car Rental Service

Y- Family Car Rental Service One Spirit
One Mind
One Heart from
Y-Family Group

24/11/2021
မြို့နယ် ၁၃ မြို့နယ်အား Stay Home အဖြစ်ပယ်ဖျက်
19/11/2021

မြို့နယ် ၁၃ မြို့နယ်အား Stay Home အဖြစ်ပယ်ဖျက်

အခမဲ့ဆေးစစ်နိုင်သောနေရာများမင်္ဂလာပါပြည်တွင်း✈ခရီးစဉ်များစီးနင်းရာတွင်မည်သည့်ခရီးစဉ်မဆိုဆေးစစ်ရမည်ဖြစ်ကာအောက်ပါနေရာများတ...
15/11/2021

အခမဲ့ဆေးစစ်နိုင်သောနေရာများ
မင်္ဂလာပါပြည်တွင်း✈ခရီးစဉ်များစီးနင်းရာတွင်မည်သည့်ခရီးစဉ်မဆိုဆေးစစ်ရမည်ဖြစ်ကာအောက်ပါနေရာများတွင် နံနက် 7 နာရီမှ နေ့လည် 12 နာရီကြားလေယာဉ်လက်မှတ်ပြသကာ အခမဲ့ကိုဗစ် 19 ကင်းရှင်းကြောင်း စစ်ဆေးနိုင်ပါကြောင်းလေးစားစွာအသိပေးအပ်ပါတယ်ခင်ဗျာ ။

(၄၄)မြို့နယ် stay homeပယ်ဖျက်👍👍👍
27/10/2021

(၄၄)မြို့နယ် stay homeပယ်ဖျက်👍👍👍

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများ........ ၃၉မိုင် (ဘုရားကြီးလမ်းခွဲ) ၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)...
18/10/2021

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီးပေါ်က လမ်းခွဲနေရာများ........

၃၉မိုင် (ဘုရားကြီးလမ်းခွဲ)

၇၂မိုင် ၂ဖာလုံ (ဒိုက်ဦးလမ်းခွဲ)

၈၃မိုင် ၃ဖာလုံ (မင်းလှလမ်းခွဲ)

၈၃မိုင် ၆ဖာလုံ (ကျောက်တံခါးလမ်းခွဲ)

၁၁၅မိုင် (ဖြူးလမ်းခွဲ)

၁၃၈မိုင် ၁ဖာလုံ (အုတ်တွင်း ၊ ပေါက်ခေါင်းလမ်းခွဲ)

၁၄၅မိုင် (ခပေါင်းတံတား)

၁၄၆မိုင် ၇ဖာလုံ (တောင်ငူလမ်းခွဲ)

၁၅၄မိုင် (ကေတုမတီမြို့သစ်လမ်းခွဲ)

၁၇၃မိုင် ၂ဖာလုံ (သာဂရလမ်းခွဲ)

၂၂၀မိုင် ၄ဖာလုံ (တောင်တွင်းကြီးလမ်းခွဲ)

၂၃၃မိုင် ၄ဖာလုံ (တပ်ကုန်းလမ်းခွဲ)

၂၆၂မိုင် ၁ဖာလုံ (ပျော်ဘွယ်လမ်းခွဲ)

၂၈၄မိုင် ၆ဖာလုံ(မိတ္ထီလာလမ်းခွဲ)

၃၂၅မိုင် ၆ဖာလုံ (မြင်းခြံလမ်းခွဲ)

မှတ်ချက်။ ။

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး၏ စုစုပေါင်း မိုင်အရှည်မှာ( ၃၆၆မိုင် ၃ဖာလုံ ) ဖြစ်ပါသည်။ အမြန်လမ်းမကြီးပေါ်တွင် တစ်နာရီလျှင် ကီလိုမီတာ ၁၀၀ (မိုင် ၆၀) ထက်ပို၍ မမောင်းသင့်ပါ။ မိုင်တိုင် ၁၆၅ နှင့် ၁၇၁ အကြားတွင် လမ်းကွေ့များရှိပါသဖြင့် တစ်နာရီလျှင် ကီလိုမီတာ ၈၀ ထက်ပို၍ မမောင်းသင့်ပါ။ ။

Credit

ခရီးမိုင်အကွားဝေးများ
ရန်ကုန်မှ (ရိုးမအရှေ့လမ်းပိုင်း)
ရန်ကုန် - ဒိုက်ဦး 86 မိုင်
ရန်ကုန် - ညောင်လေးပင် 98 မိုင်
ရန်ကုန် - ဖဒို 115 မိုင်
ရန်ကုန် - မဒေါက် 110 မိုင်
ရန်ကုန် - ရွှေကျင် 114 မိုင်
ရန်ကုန် - ပဲနွယ်ကုန်း 122 မိုင်
ရန်ကုန် - ဖြူး 142 မိုင်
ရန်ကုန် - ဇေယျ၀တီ 144 မိုင်
ရန်ကုန် - တောင်ငူ 175 မိုင်
ရန်ကုန် - ရေတာရှည် 192 မိုင်
ရန်ကုန် - ဆွာ 201 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းသစ်) 240 မိုင်
ရန်ကုန် - နေပြည်တော်(လမ်းဟောင်း) 250 မိုင်
ရန်ကုန် - ပျော်ဘွယ် 312 မိုင်
ရန်ကုန် - မိတ္ထီလာ 338 မိုင်
ရန်ကုန် - တောင်သာ 381 မိုင်
ရန်ကုန် - မြင်းခြံ 396 မိုင်
ရန်ကုန် - စစ်ကိုင်း 425 မိုင်
ရန်ကုန် - မန္တလေး 430 မိုင်
ရန်ကုန် - မုံရွာ 495 မိုင်
ရန်ကုန် - ပြင်ဦးလွင် 472 မိုင်
ရန်ကုန် - ရွှေဘို 500 မိုင်
ရန်ကုန် - တန့်ဆည် 560 မိုင်
ရန်ကုန် -လားရှိုး 605 မိုင်
ရန်ကုန် - တောင်ကြီး 424 မိုင်
ရန်ကုန် - လွိုင်ကော် 377 မိုင်
ရန်ကုန် - ရမ်းဗြဲကျွန်း 400 မိုင်
ရန်ကုန် - တမူး 725 မိုင်
ရန်ကုန်မှ (ရိုးမအနောက်လမ်းပိုင်း)
ရန်ကုန် -လက်ပံတန်း 85 မိုင်
ရန်ကုန် - ပြည် 179 မိုင်
ရန်ကုန် - ပေါက်ခေါင်း 203 မိုင်
ရန်ကုန် - အောင်လံ 223 မိုင်
ရန်ကုန် - ကြံခင်း 245 မိုင်
ရန်ကုန် - မြန်အောင် 250 မိုင်
ရန်ကုန် - တောင်တွင်းကြီး 280 မိုင်
ရန်ကုန် - မကွေး 331 မိုင်
ရန်ကုန် - မင်းဘူး 332 မိုင်
ရန်ကုန် - အထက်မင်းလှ 350 မိုင်
ရန်ကုန် - ရေနံချောင်းဆင်ဖြူကျွန်း 363 မိုင်
ရန်ကုန် - ကျောက်ပန်းတောင်း 397 မိုင်
ရန်ကုန် - ချောက် 408 မိုင်
ရန်ကုန် - ပုဂံ-ညောင်ဦး 431 မိုင်
ရန်ကုန် - ပခုက္ကူ 445 မိုင်
ရန်ကုန် - မြင်းခြံ 456 မိုင်
ရန်ကုန် - နွားထိုးကြီး 476 မိုင်
ရန်ကုန် - တောင်ကုတ် 279 မိုင်
ရန်ကုန် - သံတွဲ 323 မိုင်
ရန်ကုန် - ကျောက်ဖြူ 400 မိုင်
ရန်ကုန် - စစ်တွေ 634 မိုင်
ရန်ကုန်မှ (ဧရာ၀တီတိုင်းဒေသကြီးလမ်းပိုင်း)
ရန်ကုန် - မအူပင် 51 မိုင်
ရန်ကုန် - အိမ်မဲ 75 မိုင်
ရန်ကုန် - မြောင်းမြ 102 မိုင်
ရန်ကုန် - လပွတ္တာ 150 မိုင်
ရန်ကုန် - ဂွ 146 မိုင်
ရန်ကုန် - ဆပ်သွား 182 မိုင်
ရန်ကုန် - ရေကြည် 90 မိုင်
ရန်ကုန် - ငသိုင်းချောင်း 93 မိုင်
ရန်ကုန် - ဟင်္သာတ 96 မိုင်
ရန်ကုန် - ထူးကြီး 133 မိုင်
ရန်ကုန် - ပုသိမ် 115 မိုင်
ရန်ကုန် - ချောင်းသာ 150 မိုင်
ရန်ကုန် - ငွေဆောင် 145 မိုင်
ရန်ကုန် - ဖျာပုံ 60 မိုင်/85 မိုင်
ရန်ကုန် - ဘိုကလေး 85 မိုင်/105 မိုင်
ရန်ကုန် - ညောင်တုန်း 35 မိုင်
ရန်ကုန် - ကျောင်းကုန်း 74 မိုင်
ရန်ကုန် - ဇလွန် 86 မိုင်
ရန်ကုန် - ကျိုက်လတ် 74 မိုင်
ရန်ကုန် - ဝါးခယ်မ 93 မိုင်
ရန်ကုန် - ကျုံပျော် 96 မိုင်
ရန်ကုန် - ရွှေလောင်း 78 မိုင်
ရန်ကုန် - ရုံးဒေါင့် 80 မိုင်
ရန်ကုန် - ကျိုက်ပိ 85 မိုင်
ရန်ကုန် - လေးမျက်နှာ 110 မိုင်
ရန်ကုန် - သာပေါင်း 142 မိုင်
ရန်ကုန်-မော်လမြိုင်-ထား၀ယ်-မြိတ်လမ်းပိုင်း
ရန်ကုန်-ကျိုက်ထို 110 မိုင်
ရန်ကုန်-ကျိုက်ထီးရိုး 119 မိုင်
ရန်ကုန် - တောင်စွန်း 120 မိုင်
ရန်ကုန် - ဘီးလင်း 128 မိုင်
ရန်ကုန် - သထုံ 152 မိုင်
ရန်ကုန် - မုတ္တမ 190 မိုင်
ရန်ကုန် - မော်လမြိုင် 194 မိုင်
ရန်ကုန် - မုဒုံ 208 မိုင်
ရန်ကုန် - သံဖြူဇရပ် 230 မိုင်
ရန်ကုန် - ကျိုက္ခမီ 245 မိုင်
ရန်ကုန် - ဘားအံ 180 မိုင်
ရန်ကုန် - သာမည 200 မိုင်
ရန်ကုန် - ကော့ကရိတ် 235 မိုင်
ရန်ကုန် - မြ၀တီ 279 မိုင်
ရန်ကုန် - ရေး 287 မိုင်
ရန်ကုန် - ထား၀ယ် 397 မိုင်
ရန်ကုန် - မြိတ် 550 မိုင်
ရန်ကုန် - ကော့သောင်း 745 မိုင်
နေပြည်တော်လမ်းပိုင်း
နေပြည်တော် - ရန်ကုန် 240 မိုင်/250 မိုင်
နေပြည်တော် - မကွေး 160 မိုင်
နေပြည်တော် - မန္တလေး 180 မိုင်
နေပြည်တော် - ညောင်ဦး 183 မိုင်
နေပြည်တော် - တောင်ကြီး 174 မိုင်
နေပြည်တော် - မုံရွာ 260 မိုင်
နေပြည်တော် - တောင်ငူ 75 မိုင်
နေပြည်တော် - လွိုင်ကော် 250 မိုင်
နေပြည်တော် - ပြည် 150 မိုင်
မန္တလေး လမ်းပိုင်း
မန္တလေး - တောင်ကြီး 204 မိုင်
မန္တလေး - လားရှိုး 175 မိုင်
မန္တလေး - မူဆယ် 288 မိုင်
မန္တလေး - မိုးကုတ် 115 မိုင်
မန္တလေး - မင်းလှ 250 မိုင်
မန္တလေး - ပြည် 373 မိုင်
မန္တလေး - တောင်ငူ 255 မိုင်
မန္တလေး - ကျောက်ပန်းတောင်း 155 မိုင်
မန္တလေး - မြင်းခြံ 96 မိုင်
မန္တလေး - ပြင်ဦးလွင် 42 မိုင်
မန္တလေး - ရွှေဘို 70 မိုင်
မန္တလေး - ရေဦး 95 မိုင်
မန္တလေး - တန့်ဆည် 110 မိုင်
မန္တလေး - တမူး 295 မိုင်
မန္တလေး - ပုလဲ 110 မိုင်
မန္တလေး - စဉ့်ကူ 60 မိုင်
မန္တလေး - မတ္တရာ 20 မိုင်
မန္တလေး - ရွေကူ 245 မိုင်
မန္တလေး - ဗန်းမော် 270 မိုင်
မန္တလေး - ထီးချိုင့် 170 မိုင်
မန္တလေး - ကသာ 230 မိုင်
မန္တလေး - ကလေး 210 မိုင်
မန္တလေး - တကောင်း 130 မိုင်
မန္တလေး - သပိတ်ကျင်း 90 မိုင်
မန္တလေး - ငါးအိုး 200 မိုင်
မန္တလေး - ပခုက္ကူ 125 မိုင်
မန္တလေး - ဆည်တော် 30 မိုင်
မန္တလေး - မုံရွာ 80 မိုင်
Credit #

နေပြည်တော်အတွင်းသို့ လာရောက်တာဝန်ထမ်းဆောင်သူ/ခရီးသွားပြီး ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများအတွက် ဂိတ်တွင် စစ်ဆေး...
13/09/2021

နေပြည်တော်အတွင်းသို့ လာရောက်တာဝန်ထမ်းဆောင်သူ/ခရီးသွားပြီး ပြန်လည်ဝင်ရောက်လာသည့် နိုင်ငံ့ဝန်ထမ်းများအတွက် ဂိတ်တွင် စစ်ဆေးမည့် အစီအစဉ်အား သိရှိနိုင်ပါရန်ဖော်ပြအပ်ပါသည်။

ပျဥ်းမနားသွားရင် ယာဥ်ရပ်နားခပေးစရာ မလိုတော့ဘူးအောက်တိုဘာ ၁ ရက်ကစပြီး နေပြည်တော်တွင် မြို့တွင်းယာဉ်ရပ်နားခ မကောက်တော့ ......
01/09/2021

ပျဥ်းမနားသွားရင် ယာဥ်ရပ်နားခပေးစရာ မလိုတော့ဘူး
အောက်တိုဘာ ၁ ရက်ကစပြီး နေပြည်တော်တွင် မြို့တွင်းယာဉ်ရပ်နားခ မကောက်တော့ ...

နေပြည်တော်၊ ဩဂုတ် ၃၁

ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်တို့၏ မြို့တွင်းယာဉ်ရပ်နားခ ကောက်ခံခွင့်လိုင်စင်အား ပယ်ဖျက်ထားကြောင်း နေပြည်တော်စည်ပင်က ပြောသည်။

၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း မြို့တွင်းယာဉ်ရပ်နားခ ကောက်ခံခွင့်လိုင်စင်အား ပယ်ဖျက်ထားရှိကြောင်း အသိပေးကြေညာခြင်းအား ယနေ့တွင် ထုတ်ပြန်လိုက်ပြီး အောက်တိုဘာ ၁ ရက်ကစပြီး နေပြည်တော်တွင် မြို့တွင်းယာဉ်ရပ်နားခ မကောက်တော့ဟု ဆိုသည်။

ပေါ်ပြူလာ

၂၄/၈/၂၀၂၁အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင်အကျုံးဝင်ကြောင်းကြေညာထား...
28/08/2021

၂၄/၈/၂၀၂၁အထိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင်အကျုံးဝင်ကြောင်းကြေညာထားသည့် တိုင်းဒေသကြီးအလိုက် မြို့နယ်(၁၁၉မြို့နယ်)စာရင်း

ရန်ကုန်တိုင်းဒေသကြီး
မင်္ဂလာဒုံ၊ မှော်ဘီ၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ အင်းစိန်၊ တောင်ဥက္က လာ၊ မင်္ဂလာတောင်ညွန့်၊ မြောက်ဥက္ကလာ၊ ဗဟန်း၊ မရမ်းကုန်း၊ တိုက်ကြီး၊ တာမွေ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ရန်ကင်း၊ သာကေတ၊ သင်္ကန်းကျွန်း၊ ခရမ်း၊ ကမာရွတ်၊ ကြည့်မြင် တိုင်၊ စမ်းချောင်း၊ ဒဂုံ၊ လှိုင်

မန္တလေးတိုင်းဒေသကြီး
ချမ်းမြသာစည်၊ အောင်မြေသာစံ၊ ချမ်းအေးသာစံ၊ ပြည်ကြီးတံခွန်၊ မဟာအောင်မြေ၊ ပုသိမ်ကြီး၊ ပြင်ဦးလွင်၊ အမရပူရ၊ နွားထိုးကြီး၊ ရမည်းသင်း၊ မြစ်သား၊ မတ္တရာ၊ သပိတ်ကျင်း၊ မိတ္ထီလာ၊ ဝမ်းတွင်း၊ သာစည်၊ ငါန်းဇွန်၊ တောင်သာ၊ ပျော်ဘွယ်၊ မြင်းခြံ

ပဲခူးတိုင်းဒေသကြီး
သာယာဝတီ၊ မင်းလှ၊ လက်ပံတန်း၊ ဖြူး၊ အုတ်တွင်း၊ ကဝ၊ ကျောက်တံခါး၊ ဒိုက်ဦး၊ ဝေါ၊ အုတ်ဖို၊ ညောင်လေးပင်၊ တောင်ငူ၊ ပြည်၊ ပဲခူး၊ နတ်တလင်း

စစ်ကိုင်းတိုင်းဒေသကြီး
တမူး၊ ဟုမ္မလင်း၊ ကလေး၊ စစ်ကိုင်း၊ မုံရွာ၊ ကျွန်းလှ

မကွေးတိုင်း‌ဒေသကြီး
မကွေး၊ ဂန့်ဂေါ၊ ပခုက္ကူ၊ မြိုင်၊ တောင်တွင်းကြီး၊ နတ်မောက်၊ စလင်း၊ ဆင်ပေါင်ဝဲ၊ မင်းတုန်း၊ မင်းလှ၊ သရက်၊ ပွင့်ဖြူ၊ မင်းဘူး၊ အောင်လံ

ဧရာဝတီတိုင်းဒေသကြီး
ပုသိမ်၊ မြောင်းမြ၊ သာပေါင်း၊ ကန်ကြီး ဒေါင့်၊ ဟင်္သာတ၊ ကျုံပျော်၊ ဘိုကလေး

တနင်္သာရီတိုင်းဒေသကြီး
ထားဝယ်၊ မြိတ်

ချင်းပြည်နယ်
တွန်းဇံ၊ တီးတိန်၊ ဖလမ်း၊ ထန်တလန်၊ ဟားခါး

ရှမ်းပြည်နယ်
လားရှိုး၊ နောင်ချို၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသ လောက်ကိုင်၊ သီပေါ၊ တာချီ လိတ်၊ မူဆယ်၊ ညောင်ရွှေ၊ တောင်ကြီး၊ ရပ်စောက်၊ ကျိုင်းတုံ

မွန်ပြည်နယ်
မော်လမြိုင်၊ သံဖြူဇရပ်၊ သထုံ၊ ဘီးလင်း၊ ချောင်းဆုံ

ကချင်ပြည်နယ်
ဗန်းမော်၊ မြစ်ကြီးနား၊ ရွှေကူ၊ ဖားကန့်၊ မိုး ကောင်း၊ မိုးညှင်း၊ ဝိုင်းမော်

ကရင်ပြည်နယ်
မြဝတီ

ကယားပြည်နယ်
လွိုင်ကော်

ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်း
ဇမ္ဗူသီရိ၊ ပျဉ်းမနား၊ လယ်ဝေး၊ တပ်ကုန်း

၃၁/၇/၂၀၂၁အထိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ နေအိမ်တွင် နေထိုင်ရေး (Stay at Home) အစီအစဉ်တွင်အကျုံးဝင်ကြောင်းကြေညာ ထားသည့် တိုင်းဒေသကြီးအလိုက် မြို့နယ်များ

တိုင်းဒေသကြီးအကုန်လုံးနီးပါးမှာ Covid 19စစ်ဆေးရေးဂိတ်တွေပြန်ဖွင့်ထားပီး တိုင်းဒေသကြီးအလိုက် ထုတ်ထားတဲ့အမိန့်စာတွေကွဲပြားပေမဲ့ SOPအနေနဲ့ကတော့ အတူတူပါပဲ (အစိုးရဌာနများရုံးစိုက်ရာ နေပြည်တော်ကတော့ သီးခြားကန့်သတ်ချက်တွေရှိပါတယ်)

၁။ လက်ရှိအချိန်အထိ Covid Second Waveတုန်းကလို ခရီးသွားဖို့အတွက် ဆေးစစ်သွားစရာမလိုပါဘူး။ ကိုယ်ဘယ်ဒေသကလာတာပါဆိုတဲ့အထောက်အထာ ရပ်ကွက်နေထိုင်ကြောင်းထောက်ခံစာ မလိုပါဘူး (ဒါပေမဲ့ ယူသွားလို့အဆင်ပြေရင်လည်း လမ်းခရီးစစ်ဆေးရေးဂိတ်တွေမှာ စကားပြောရသက်သာတာပေါ့)။

၂။ ဘယ်ဒေသကိုပဲသွားသွား Covid 19စစ်ဆေးရေးဂိတ်ရောက်တဲ့အခါတိုင်း ခရီးသွားရာဇဝင်၊ အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် အပြည့်အစုံပေးရပါမယ်။

၃။ Stay at Home ၁၁မြို့နယ်ကလူတွေက ဘယ်ဒေသကိုပဲသွားသွား ကိုယ်သွားမဲ့ဒေသရောက်တဲ့အခါ သတ်မှတ်ထားတဲ့နေရာမှာ Q ၁၀ရက်ဝင်ရမှာပါ။ ၃ရက်မြောက်နေ့မှာ RDT Test Kitနဲ့စစ်ပီး၊ ၇ရက်မြောက်နေ့မှာ RT-PCRစစ်မှာပါ။

၄။ Stay at Home မကြေညာထားတဲ့ တခြားတိုင်းဒေသကြီးကလာတဲ့သူတွေက Covid 19 စစ်ဆေးရေးဂိတ်ရောက်တဲ့အခါ ကိုယ်အပူချိန်တိုင်းတာပီး အပူချိန်မြင့်တက်ပါက လက်ချောင်းထိပ်တွင် Oximetersဖြင့် သွေးတွင်းအောက်စီဂျင်(SpO2)တိုင်းတာပါမယ်။ SpO2 92%အောက်ရှိပါက ခဏအနားယူပီး နောက်တစ်ကြိမ် SpO2ထပ်တိုင်းပါမယ်။ SpO2 92%အောက်ရှိနေဆဲဖြစ်ပါက RDTဖြင့်စစ်ဆေးပီး ဆေးစစ်ခကုန်ကျစရိတ်ရှိပါမယ်။ Nဆို ခရီးဆက်သွားလို့ရပီး၊ Pဖြစ်ခဲ့မယ်ဆို သတ်မှတ်ထားတဲ့နေရာမှာ Qဝင်ရပါမယ်။ Covid 19ရောဂါလက္ခဏာလည်းမရှိဘူး၊ အပူချိန်တိုင်းတာလည်းအဆင်ပြေတယ် သို့မဟုတ် သွေးတွင်းအောက်စီဂျင်ပမာဏလည်း အဆင်ပြေတယ်ဆိုရင် ဆေးစစ်စရာမလိုပဲ ခရီးဆက်လို့ရပါတယ်။ (ကားတစ်စီးထဲ ကိုယ်နဲ့အတူခရီးသွားတဲ့သူက အကြောင်းကြောင်းကြောင့် Pဖြစ်ခဲ့မယ်ဆိုရင် ကားပေါ်ပါသူအကုန် Qဝင်ရပါမယ်)။

၅။ နေပြည်တော်ကိုလာမဲ့သူတွေက အပေါ်ကအချက်အလက်တွေအားလုံးအတူတူပါပဲ။ ဒါပေမဲ့ အစိုးရရုံးဌာနများကို သွားမဲ့ဧည့်သည်တွေနဲ့ နေပြည်တော်မှာ တာဝန်ထမ်းဆောင်ဖို့ ဝင်ရောက်လာမဲ့ဝန်ထမ်းတွေက နေပြည်တော်အဝင်စစ်ဆေးရေးဂိတ်မှာ RDTစစ်ပီး Nဆို ဆက်သွားလို့ရပီး၊ Pဆို Qဝင်ရမှာပါ။

ဘယ်တိုင်းဒေသကြီးကိုပဲသွားသွား၊ ဘယ်စစ်ဆေးရေးဂိတ်ကိုပဲရောက်ရောက် သူတို့သတ်မှတ်ထားတဲ့SOPက ဒီအတိုင်းပါပဲ။

တစ်ခုသတိပေးချင်တာက Covidက တကယ်အများကြီးပြန်ဖြစ်နေတာပါ။ အတတ်နိုင်ဆုံး အိမ်မှာနေပါ။ မဖြစ်သာလို့ အပြင်ထွက်ရတာပဲဖြစ်ဖြစ်၊ ခရီးသွားရတာပဲဖြစ်ဖြစ် ကြုံလာရပီဆိုရင် Maskတပ်ပါ၊ လက်ကိုသတိရတိုင်း စနစ်တကျဆေးပါ၊ လူအများနဲ့ထိတွေ့မှုကိုရှောင်ရှားပါ။ အိပ်ရေးဝဝအိပ်ပီး၊ အာဟာရရှိ​အောင် များများစားကြပါခင်ဗျာ

မဖြစ်မနေခရီးသွားဖို့အတွက်ပဲဖြစ်ဖြစ်၊ နေပြည်တော်မြို့တွင်း အချိန်ပိုင်းအသုံးပြုလိုရင်ပဲဖြစ်ဖြစ် ကားစီးလုံးငှားလိုအပ်ခဲ့ရင် Van/Saloon type With Driverဖြင့် ဈေးနှုန်းမှန်ကန်စွာ ဝန်ဆောင်မှုပေးပါတယ်ခင်ဗျာ

ခရီးသည်ကိုစိတ်ချမ်းသာအောင်ထားဖို့က ကျွန်တော့်တို့တာဝန်
ကျွန်တော့်တို့ကားကိုငှားစီးဖို့က ခရီးသည်ရဲ့ရွေးချယ်မှုပါ
ဘာဘဲလိုလို Y -Family ရှိပါတယ်

Hot line ph 》 09447138042 / 09769137337


#ခရီးစဉ်များအားလုံးအတွက်ပိုးသတ်သန့်စင်ပြီးသောကားဖြင့်သာဝန်ဆောင်မှုပေးပါသည်

ပြင်ဦးလွင်မြို့တွင် အပြင်ထွက်ချိန် ပြောင်းလဲသတ်မှတ် 🚫🚷🕓MFP ၊ သြဂုတ် - ၂၂ မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် စစ်ကောင်စီက ထ...
22/08/2021

ပြင်ဦးလွင်မြို့တွင်
အပြင်ထွက်ချိန် ပြောင်းလဲသတ်မှတ် 🚫🚷🕓

MFP ၊ သြဂုတ် - ၂၂

မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် စစ်ကောင်စီက ထိန်းချုပ်ထားသည့် ကိုဗစ်ကာလ အပြင်ထွက်ခွင့်ကို မနက်ဖြန် သြဂုတ်လ (၂၃)ရက်မှစတင်ပြီး အချိန်ပြောင်းလဲထားကြောင်း ဒေသခံများထံမှ သိရသည်။

ကိုဗစ်ကူးစက်ပြန့်နှံ့နေမှုကို ထိန်းချုပ်နိုင်ရန်အတွက် နံနက် (၄)နာရီမှ (၁၀)နာရီအထိလည်းကောင်း၊ ညနေ (၃)နာရီမှ (၇)နာရီအထိလည်းကောင်း ပြောင်းလဲသတ်မှတ်လိုက်ခြင်း ဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

သို့သော် သွားလာလိုသူများအနေဖြင့် ယခင်အတိုင်း ဒေသတာဝန်ရှိသူများ၏ ခွင့်ပြုချက်လက်မှတ်ဖြင့်သာ သွားလာရမည်လည်း ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်း၊ ကုမ္ပဏီဝန်ထမ်း၊ တာဝန်ဖြင့် သွာလာရန် ခွင့်ပြုထားသူများ၊ ကျန်းမာရေးကိစ္စ ဆောင်ရွက်နေသူများကိုမူ စိစစ်၍ ခွင့်ပြုသွားမည်ဟု ဆိုသည်။

ပြင်ဦးလွင်မြို့နယ်ကို ဇူလိုင်လ (၃)ရက်မှစတင်ကာ Stay at Home နေထိုင်ရန် စစ်ကောင်စီက အမိန့်ထုတ်ပြန်ထားပြီး သြဂုတ်လ (၂၁)ရက်နေ့က ကိုဗစ်အတည်ပြုနှင့် သံသယလူနာ စုစုပေါင်း ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း ပြင်ဦးလွင်မြို့သည် ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်ပြီး သြဂုတ်လ (၂၁)ရက် ထုတ်ပြန်ချက်အရ တစ်ရက်တည်း ကူးစက်ခံရသူ (၇၉)ဦး ရှိခဲ့ကြောင်း သိရသည်။

#မန္တလေး #ပြင်ဦးလွင်
#မှကူးယူဝေမျှဖော်ပြပါသည် 😷🚫

MAI နှင့် Air KBZ ၏ ပြည်တွင်းခရီးစဉ်များတွင် လိုက်ပါစီးနင်းကြမည့် ခရီးသည်များအတွက်  COVID-19 ကာကွယ်ထိန်းချုပ်ရေး ပြည်တွင...
19/08/2021

MAI နှင့် Air KBZ ၏ ပြည်တွင်းခရီးစဉ်များတွင် လိုက်ပါစီးနင်းကြမည့် ခရီးသည်များအတွက် COVID-19 ကာကွယ်ထိန်းချုပ်ရေး ပြည်တွင်းခရီးသွားလာခြင်းဆိုင်ရာ အကြံပြုချက်များ...

COVID ☣ ကိုစိုးရိမ်သူများ ဖတ်ကြည့်ပါ။🚫ဗိုင်းရပ်စ်ကအဆုတ်ထဲမှာရှိတဲ့Aveoli (အေဗီအိုလီ) ကိုဝင်ရောက်ထိန်းချုပ်ဖို့လုပ်ဆောင်န...
08/08/2021

COVID ☣ ကိုစိုးရိမ်သူများ ဖတ်ကြည့်ပါ။

🚫
ဗိုင်းရပ်စ်က
အဆုတ်ထဲမှာရှိတဲ့
Aveoli (အေဗီအိုလီ) ကို
ဝင်ရောက်ထိန်းချုပ်ဖို့
လုပ်ဆောင်နေစဉ်အတွင်းမှာ
ပိုးဟာသေဆုံးသွားရင်
နေပြန်ကောင်းလာပါတယ်
သို့မဟုတ် သက်သာလာပါတယ်
🚫
ဒါပေမယ့်
ကိုဗစ်ပိုးက Aveoliထဲကို
ဝင်ရောက်ဖို့အချိန်ယူရပါတယ်။
အဲ့လိုအချိန်ယူနေတာဟာ
ဒီအတိုင်းတည်ရှိနေခြင်းမျိုးမဟုတ်ပဲ Aveoli ထဲကို
ဝင်ရောက်နိုင်ဖို့
aveoli အလုပ်မလုပ်နိုင်အောင်
နှလုံးမှတဆင့်လာသော
သွေးတွေကို သွေးပြစ်အောင်လုပ်ဆောင်ပါတယ်။
🚫
သွေးကြောထဲမှာစီးဆင်းနေတဲ့
သွေးတွေ ပြစ်လာပြီး
တဖြေးဖြေးသွေးခဲလာတဲ့အထိ
အချိန်ယူပြီး စောင့်ဆိုင်းပါတယ်။.. နောက်ဆုံး
Aveoli ဆီကို
သွေးရောက်ရှိမူ
နည်းလာတဲ့အတွက်
Aveoliက သွေးအတွင်းမှ
အောက်စီဂျင်စုပ်ယူနိုင်မူအား
ကျဆင်းလာပါတယ် ။
🚫
လူခန္ဓာကိုယ်က
အဲအချိန်မှာ အောက်စီဂျင်ကျခြင်းဝေဒနာကိုရင်ဆိုင်နေရတဲ့ အချိန်ပါ။
အဲ့အချိန်မှာ ကိုယ်တွင်းမှာရှိတဲ့
ရောဂါတိုက်ဖျက်ပေးတဲ့
ဟောမုန်းဆဲလ်တွေ
အောက်စီဂျင်ကျပြီး
ရင်ဆိုင်နေရတဲ့အတွက်
ကိုဗစ်ရဲ့လူပ်ရှားခွင့်မထိန်းနိင်တဲ့အခြေအနေဖြစ်လာချိန်မှာပဲ
သာမာန်အခြေအနေမှာ
ကိုဗစ်လုံးဝဝင်ရောက်လို့မရတဲ့
Aveoli ထဲကို
အတားအဆီးမရှိ
လွယ်လွယ်ကူကူ
ဝင်ရောက်သွားပါတယ် ။
🚫
ကိုဗစ်က သူသက်တမ်းမကုန်ခင်
လုပ်စရာတွေ
အစွမ်းကုန်လုပ်ပြီး
အကာအကွယ်ရသွားပါတယ်။
အောက်စီဂျင်ဖြတ်တောက်မူကို
ပိုမိုအားကောင်းစေဖို့
သွေးခဲခြင်းဖြစ်ပေါ်မူ
အဆုတ်နဲ့နှလုံးနေရာတွေဆီကို
အဓိကလုပ်ပါတယ်။
🚫
အဲ့အချိန်မှာ
ဦနှောက်ဟာ သွေးအတွင်းမှ
အောက်စီဂျင်ရမူ
နည်းလာတာကြောင့်
လူကထိန်းချုပ်နိုင်မူမရှိတော့ပါ
ဆုံးဖြတ်ပြီး
ကိုယ်တွင်းမှရောဂါပိုးမှန်သမျှ
အကုန်တိုက်ဖျက်ဖို့
ဟော်မုန်းတွေကို
ထုတ်လွတ်ပါတယ်။
🚫
အဲဒါသည်စိုးရိမ်ကြောက်လန့်ခြင်းကြောင့် ဖြစ်ပေါ်လာတာပါ
စိုးရိမ်စိတ်များလေ
ဟော်မုန်းများလေပါပဲ။
အဲ့ဒီဟော်မုန်းတွေက
ရောဂါပိုးလို့ထင်သမျှအားလုံးကို
တိုက်ခိုက်မှာဖြစ်ပါတယ်။
🚫
အဲ့အချိန်မှာ
Aveoli ထဲရောက်နေပြီဖြစ်တဲ့
ကိုဗစ်ကို ရှာတွေ့မှာမဟုတ်ပါဘူး အောက်စီဂျင် မရတရဖြစ်နေတဲ့
အဆုတ်က
ပုံမှန်မလုပ်နိုင်တာကိုသာ
တွေ့သွားမှာပါ ။
🚫
အဲဒီအချိန်မှာ
ရောဂါတိုက်ဖျက်ဖို့ထွက်လာတဲ့ဟော်မုန်းတွေက
အဆုတ်ကို
Virusအဖြစ်သတ်မှတ်လိုက်ပြီး အစွမ်းကုန်
တိုက်ဖျက်ပါတော့တယ် ။
🚫
အဲ့ဒီအချိန်မှာ
လူသည် Final state ကို
ရောက်နေမှာပါ။
၇၂နာရီအတွင်း
သေဆုံးနိုင်ချေ
၉၀ရာခိုင်နူန်းအထက်
ရောက်နေမှာဖြစ်ပါတယ် ။
🚫
ကျနော်စာတွေအရှည်ကြီး
ရေးနေရခြင်းက
လူတွေမသေသင့်ပဲ
ဘာကြောင့်သေရတာကို
သိစေချင်လို့ပါ ။
🚫
အဲ့လိုအချိန်မှာ
လူတွေအောက်စီဂျင်အိုးရဖို့
တန်းစီနေကြတယ်။
အောက်စီဂျင်အိုးရရင်
အသက်ရှင်
နိုင်မယ်ထင်နေကြတယ်
လွဲမှားနေကြခြင်းပါ ။
🚫
ကိူဗစ်ဖြစ်တဲ့လူတယောက် အချိန်ကောင်းကောင်းရပါတယ်။
ဘယ်သူမှဂရုမစိုက်ကြဘူး။
အောက်စီဂျင်ရဖို့
ထိုင်စောင့်နေကြတယ်။
အောက်စီဂျင်အိုးရဖို့ပဲ
လုပ်နေကြတယ်။
ကှိဗစ်ဖြစ်မှန်းသိတဲ့အချိန်ကနေ အောက်စီဂျင်ကျတဲ့အချိန်ထိ အနည်းဆုံး
တစ်ပတ်လောက်ကြာတယ် ။
☣🚫☣
အရေးအကြီးဆုံးအချက်
ပြောပါမယ်။
ကိုဗစ်က အောက်စီဂျင်ကျအောင်လုပ်တာမဟုတ်သလို
အောက်စီဂျင် ပြတ်အောင်
လုပ်တာလဲမဟုတ်ဘူး ။
🚫
ကိုယ်တွင်းကခုခံပိုးတွေ
မသိအောင် ဘာကိုမှ
မတိုက်ခိုက်ဘူး။
သူတိုက်ခိုက်မူလုပ်တာနဲ့
ခုခံပိုးတွေချက်ချင်းသိနိုင်လို့ပါ။

ကိုဗစ် သည်
စနစ်တကျပြုလုပ်တဲ့ထားတဲ့
Virus ပိုးဖြစ်တဲ့အတွက်
သဘာဝအလျောက်ဖြစ်တဲ့
Virus လိုမျိုးတွေ့သမျှ
တိုက်ခိုက်ခြင်းမျိုးမလုပ်ပါဘူး။

သူလုပ်ဆောင်တာကတမျိုးထဲပါ။
မျိုးရိုးဗီဇ
ဘယ်လောက်ပြောင်းပြောင်း
တစ်မျိုးပဲလုပ်တာပါ ။
အဲဒါက
နှလုံးတွင်းကထွက်လာတဲ့သွေးကို
ပြစ်အောင်လုပ်တာပါ ။

အဲ့တစ်မျိုးကိုပဲ
အဓိကလုပ်တာပါ။
သွေးပြစ်လာမူကြောင့်
သွေးကြောအတွင်း
သွေခဲလာမှာပါ။
သွေးခဲလာမူကြောင့်
သွေးတွင်းက
အောက်စီဂျင်မရတော့ပါ။
🚫
အဲဒါကြောင့်အောက်စီဂျင်ကျတာ အောက်စီဂျင်အိုးရှုလို့
ပြန်တက်လာမှာမဟုတ်ပါဘူး။
သွေးမပြစ်အောင်လုပ်ထားရုံပါပဲ။
သွေးပြစ်အောင်လုပ်လို့မရရင်
ကိုဗစ်သည်
Systemအတိုင်းသွားတာဖြစ်လို့
နောက်တဆင့်သို့ခုန်မသွားပါဘူး ။
🚫
သွေးပြစ်မှ
ဒုတိယအဆင့်ကိုသွားတာပါ။
ကိုယ့်ဘက်က
ကိုဗစ်ဖြစ်တာနဲ့
ရောဂါအခံရှိမရှိသေချာပြသပါ။
ဘာမှရောဂါအခံမရှိရင်
သွေးကျဲဆေး
တစ်နေ့ တစ်
လုံးသောက်ထားပေးရုံနဲ့တင်
ကိုဗစ်ဘာမှလုပ်မရတော့ပါဘူး ။
🚫
လူကတော့
သာမာန်ဖျားနာသလောက်ပါပဲ။
ပြန်ကောင်းလာပါလိမ့်မယ်။
လူပ်ရှားမူနည်းနည်းလုပ်ရင်
မောတာတို့ဘာတို့
ဖြစ်တတ်ပါတယ်။
💪
စိတ်မပူပါနဲ့
သူများတွေပြောသလို
၁ လ ၂လ ဆိုတာမဟုတ်ပါဘူး
နွားနို့ပြန်သောက်ပေးရုံနဲ့
အလွန်ဆုံး (၄) ရက်လောက်ပါပဲ။
အားလုံးပုံမှန်
ပြန်ဖြစ်သွားပါလိမ့်မယ်။
🙄
သွေးကျဲဆေးဆိုပြီး
တွေ့သမျှဟာသောက်မရပါဘူး
Enoxaparin က ထိုးဆေးပါ။
clopidenk or Clopilet က
သောက်ဆေးပါ။
Aspilet မဟုတ်ပါဘူး။
Aspiletကလည်း
သွေးကျဲဆေးပါပဲ။
ဒါပေမယ်မတူပါဘူး။
🤔
Clopilet က
နှလုံးနဲ့အဆုတ်မှာ
သွေးခဲခြင်းကြောင့်
ဖြစ်လာသောဆိုးကျိုးတွေကို
ကြိုတင်ကာကွယ်ရန် နဲ့
ကုသရန်အတွက်သုံးတာပါ။
Aspilet က
သွေးကိုပဲကျဲစေတာပါ။
🙏🙏🙏
ရောဂါဆိုးလက်မှ
လွတ်မြောက်နိုင်ပါစေ။

Crd...origin (copy)

အများပြည်သူအတွက်Covid19 ကူးစက်ခံရပါက အိမ်တွင်ပြုစုစောင့်ရှောက်ခြင်းသင့်ရဲ့ အောက်စီဂျင်ပမာဏကို စစ်ဆေးတိုင်းတာခြင်း
08/08/2021

အများပြည်သူအတွက်
Covid19 ကူးစက်ခံရပါက အိမ်တွင်ပြုစုစောင့်ရှောက်ခြင်း
သင့်ရဲ့ အောက်စီဂျင်ပမာဏကို စစ်ဆေးတိုင်းတာခြင်း

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Y- Family Car Rental Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category