HTOO AUNG Car Workshop

HTOO AUNG Car Workshop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from HTOO AUNG Car Workshop, Automotive Service, ယ(၆၀) မြို့မစျေးဝပ်လျှော့တန်း နေပြည်‌တော်, Naypyidaw.

31/05/2025
🚕Nissan AD Van ⚠️P0031, P0037⚠️Error☣️OBD scanner နဲ့ စစ်ကြည့်လိုက်တော့ အပေါ်က       error 2 ခု ရှိနေတယ် ဘာတွေ လုပ်ထားသေ...
14/04/2024

🚕Nissan AD Van

⚠️P0031, P0037
⚠️Error

☣️OBD scanner နဲ့ စစ်ကြည့်လိုက်တော့ အပေါ်က error 2 ခု ရှိနေတယ်

ဘာတွေ လုပ်ထားသေးလဲ မေးကြည့်လိုက်တော့ ကား owner ကတော့ Engine check light
လင်းတယ် HO2S လဲထားတယ် Engine Control Unit လည်း လဲထားတယ် ပြောတယ် မပျောက်ဘူးတဲ့

✍🏻ကျွန်တော့ အတွေ့အကြုံအရ wiring ကဖြစ်တယ် ဆိုတာ သိနေပေမဲ့ 100% သေချာစေဖို့ ဖြစ်နိုင်တာတွေကို အရင်ဆုံး ဖြစ်နိုင်ခြေရှိတာတွေကို ရှင်းပြပါတယ်

1.HO2S ပျက်ရင်လည်း ဒီ error ပြမယ်ဗျ. (10%)

2.ECU ကနေ HO2S ကို Heater Signal မချပေးနိုင်တော့ရင်လဲ လက်ရှိ error ပြနိုင်တယ်ဗျ(10%)

3.wiring ပိုင်း မှာဆိုရင် ကြိုးပျက်တာ ၊ fuse ပျက်တာ နဲ့ BCM ပျက်တာတို့ ဖြစ်နိုင်ပါတယ်(90%)

ယခုကားမှာဆိုရင်တော့ fuse ကို ကြေးကြိုးပတ်ထည့် လိုက်တာကြောင့် BCM ပျက်သွား သလို ကြိုးလည်း လောင်သွားပါတယ်

အချိန်လည်း ပေးနိုင်တယ် ကောင်းအောင်သာလုပ်ပေးပါဆိုတာကြောင့်

အကုန်ကျစာရိတ်လည်း သက်သာအောင် BCM ကိုတော့ ပြင်ပေးလိုက်ပါတယ်

ကြိုးကတော့ အထုပ်ခွဲပြီး လောင်သွားတဲ့ကြိုးကို လဲပေးလိုက်ပါတယ် ခင်မျာ

ကျွမ်းကျင်တဲ့ service ကို ရွေးချယ် ခြင်းဟာ ရေရှည်မှာ ကုန်ကျစာရိတ် သက်သာစေပါတယ်

ဆုံးဖြတ်ချက် အမှားတွေကြောင့် အလိုအပ်ပဲ လဲ လိုက်ရတဲ့ ကုန်ကျစာရိတ်တွေကိုလည်း သက်သာစေပါတယ်

ကျနော်တို့ HTOO AUNG Car Workshop မှာဆိုရင်
ကားကို သေချာ စစ်ဆေးပြီးမှ ပြင်လို့ရလျှင်ပြင်ပြီး ၊ မဖြစ်မနေမှ လဲ ရပါတယ် ပြင်ထားတဲ့ အစိပ်အပိုင်းတွေကိုလည်း အာမခံပေးပါတယ် ခင်မျာ

⚙️ HTOO AUNG Car Workshop
📲မြဝတီ ၊ ကံဆင့်မြိုင်လမ်း ၊ ဖုန်းတာဝါတိုင်ဘေး
☎️09793333723

,

😘Eco tuning?😘Power tuning ?
08/12/2023

😘Eco tuning?
😘Power tuning ?

⚙️Nissan Wingroad 1.8 MR18 engine 🛠️ပလပ်ကွိုင်တစ်လုံး မီးမထွက်တာလေး 🪛Plugs coilက signal ကိုမလာတော့တာနဲ့ wiring စစ်တော့လဲ...
27/07/2023

⚙️Nissan Wingroad 1.8 MR18 engine

🛠️ပလပ်ကွိုင်တစ်လုံး မီးမထွက်တာလေး

🪛Plugs coilက signal ကိုမလာတော့တာနဲ့ wiring စစ်တော့လဲ ကောင်းနေတယ်

🪛Oscilloscope နဲ့ထောက်ကြည့်တော့ ECU ကနေ မထုတ်တော့တာနဲ့ ECU လဲ မယ်ဆိုပြီး လိုက်ရှာလိုက်တာ ၃ရက် ကြာတဲ့အထိ ရှာမရတာနဲ့ ပြင်ဖို့ပဲ လုပ်ရပါတော့တယ်

🪛Nissan ECU တွေမှာ plugs coils shortကျရင် ECUလောင်တတ်ပါတယ် သူ့original plugs coils ကိုသာထည့်ဖို့ အကြံပေးပါတယ်

🪛စစ်ကြည့်လိုက်တော့ ignition drivers IC ပျက်တာနဲ့
ECU အဟောင်းတစ်ခုကနေ ရှာထည့်ပေးလိုက်တာ အဆင်ပြေသွားပါတယ်

💡ကားဆရာကြီးများနှင့် ဝပ်ရှော့ ညီကို ဆရာ များ အကူညီလိုခဲ့ရင်လဲ ဖုန်းလေးဆက်ပြီး ဆွေးနွေးတိုင်ပင်လို့ရပါတယ်ခင်ဗျာ

မြန်မာနိုင်ငံကြီး အမြန်ဆုံး ငြိမ်းချမ်းပါစေ

⚙️ HTOO AUNG Car Workshop
📲မြဝတီ ၊ ကံဆင့်မြိုင်လမ်း ၊ ဖုန်းတာဝါတိုင်ဘေး
☎️09793333723

Honda Civic 2009U0110.  Lose Communication With IMA Motor control moduleU1205 Lose Communication With Motor control modu...
16/10/2022

Honda Civic 2009

U0110. Lose Communication With IMA Motor control module

U1205 Lose Communication With Motor control module

ဖြစ်ပုံလေးကတော့

Engine check light
IMA check light
HMMF service light
SRS check light
TPMS check light

သီတင်းကျွတ်နီးလာတာနဲ့ အတူ
Combination meter မှာ ရောင်စုံမီးများစွာ နဲ့ ရောက် ရှိလာပါတယ်

ယခု အကြောင်းအရာမှာတော့

IMA နဲ့
Engine check light အကြောင်းကို ကျနော့လို လေ့လာဆဲ ညီကိုများ အတွက် ဗဟုသုတ ဖြစ်ဖွယ် မျှဝေ ပေးလိုက်ပါတယ် ခင်မျာ

ဆရာသမားများအနေနဲ့ လိုအပ်တာများ ရှိရင် ထောက်ပြလမ်းညွန် အကြံပြုပေးပါ ခင်မျာ

ရောက်ရောက်ခြင်း computer scan စစ်
Error code ဖျက်လိုက်တော့ ပျောက်သွားပါတယ်
IMA system လဲ အကုန်ပုံမှန် အလုပ်ပြန်လုပ်သွားပါတယ်

Car owner မေးကြည့်လိုက်တော့ သူကလည်းပြောပါတယ် အခြား service မှာ ၂ကြိမ် ၃ကြိမ်ခန့် ပြ ပြီးပါပြီ ၁ရက် ၂ရက် ပဲပျောက်တယ် နောက်ရက်ဆိုပြန်ပေါ်လာပါတယ်

အရင်ဆိုင်က error code ပဲ ဖျက်ပေး လိုက်ပုံရပါတယ်

ညအိပ်ပြီး မနက် အစောမှ error ပြန်တတ်ပါတယ်
သေချာတာတစ်ခုကတော့ Module တစ်ခုတော့ error ရှိနေပါပြီ

ကားထားခဲ့မှ ရပါမယ် ပြောလိုက်ပါတယ်

ကျနော်တို့ နေပြည်တော်မှာက ပစ္စည်းလဲစမ်းဖို့ ready ရှိမနေပါဘူး အဲ့တာကြောင့် ပထမ ရက်မှာ
PCM
BCM
MCM
CAN လိုင်း အဆက်အသွယ် wiring စစ်ပါတယ်
အားလုံးက ပုံမှန် continuity ရှိနေတာကြောင့်
Wiring ကမှန်ပါတယ်

BCM နဲ့ MCM တစ်ခုတော့ ပျက်ပါပြီ

Controller Area Network error ဖြစ်တာကြောင့် by name တပ်ပြောဖို့ မလွယ်ပါဘူး

အဲ့တာနဲ့ ပျက်လေ့ရှိတဲ့ MCM ကိုမှာပြီး
နောက်ရက် လဲ လိုက်ပါတယ်

IMA နဲ့ engine check light error မရှိတော့ပေမဲ့
အခြား error တွေ ကျန်နေပါသေးတယ်

HMMF fluid change
Reset ချ

SRS က ခါးပတ် error ပြုပြင်

TPMS က Tyre pressure sensor 1 ပျက်နေတာကြောင့်ပါ

အားလုံး ပြီးသွားတော့ စမ်းသပ်ဖို့ ၂ရက်ထပ်ယူထားပါတယ်

အားလုံး စိတ်ချ သွားပြီ မို့ ဒီနေ့တော့ ကားပြန်အပ်လိုက်ပါတယ်

မြန်မာပြည်ကြီး လူမှန်နေရာမှန်နဲ့ အမြန်ဆုံး ငြိမ်းချမ်းဖွဲ့ဖြိုး ပါစေကြောင်း စုတောင်းလျက်

⚙️ HTOO AUNG Car Workshop
📲မြဝတီ ၊ ကံဆင့်မြိုင်လမ်း ၊ ဖုန်းတာဝါတိုင်ဘေး
☎️09793333723

Cadillac Escalade 2007 စက်မနိုး အသေးစိတ် စောင့်မျော်နေသောသူငယ် ချင်းများ အတွက် စာကတော့ နဲနဲ ရှည်ပါမယ် အဆုံးထိဖက်မှနားလည်...
21/09/2022

Cadillac Escalade
2007 စက်မနိုး

အသေးစိတ် စောင့်မျော်နေသောသူငယ် ချင်းများ အတွက်

စာကတော့ နဲနဲ ရှည်ပါမယ် အဆုံးထိဖက်မှနားလည်ပါလိမ့်မယ် နားမလည်တောင်တစ်ခုခုတော့ရမှာပါ (နောင်တ😂😂)

ကားက ပုပ္ပါးမှာ စက်နိုးလို့ မရလို့ အကူညီ တောင်းပါတယ် ပိုင်ရှင် အကိုနဲ့ကလဲ ရင်းနှီးနေတာမို့ လိုက်ပြင်ပေး ဖို့ ဖြစ်လာပါတယ်

History မေးကြည့်တော့ ဘရိတ်ရှူးလဲ ထားတယ် wireထုပ် ရှုပ်နေလို့ ပိုက်ထည့်ပြီး တိပ်ပတ်ထားပါတယ် အဲ့လောက်ပါပဲ

ပထမဦးဆုံး Gscan နဲ့ error codes ဖက်ကြည့်လိုက်တယ် No DTC ပါ

များသောအားဖြင့် No DTC ဆိုရင် mechanical
ပိုင်းကပျက်တာ များပါတယ်

No DTC ဆိုတော့ Procedure အတိုင်း စစ်ရတော့မှာပေါ့ ဆီ pressure ကလည်း ကောင်းပါတယ်
Fuel pump wiring
Injector wiring
လည်း မှန်ပါတယ်

မီးလိုင်းစစ်တော့ မီး မထွက်ပါဘူး
မနိုးရတဲ့ အကြောင်း ကတော့ တွေ့ပါပြီ

အဲ့တာနဲ့ မီးဘာကြောင့် မထွက်လဲ ဆက်လိုက်ရပါတယ်

(တစ်ခုသတိထားရမှာက ကား အတော်များများမှာ မီး ပျောက်ရင် ဆီပါ ပျောက်ပါတယ် )

ယခုဖြစ်ပုံမှာတော့ ဆီပိုင်းမှာ အကုန်မှန်နေပါတယ်

ပြန်ဆက်ရရင် plugs coil မှာ wire 4 pin ပါ ပါတယ်

Battery
Ground
Signal
Feedback

ဂျပန်ကားတွေ မှာပါ😂😂😂

Europe မှာတော့ အဲ့လို မဟုတ်ပါဘူး

Battery
Ground
Signal
Low reference

ဒီနေရာမှာ low reference ရဲ့သဘောကို အခြေခံလောက်တော့ သိထားမှ ဒီကားပြင်ရတာ အဆင်ပြေပါလိမ့်မယ်

Connector ကိုတိုင်းကြည့်လိုက်တော့

( + ) 2pin
( - ) 1 pin
Signal 1 pin ရောက်ပါတယ်

တစ်ခုခုတော့ မှားနေပြီ

( + ) က 1 pin ပဲ ရောက်ရမှာပါ
Signal မှန်ပါတယ်
Low reference လဲ မှန်ပါတယ်

Ground ပျောက်နေပါတယ်

Ground point တွေ လိုက်စစ်တော့လဲ ဆွေးတာပျက်တာ မတွေ့ပါဘူး

အတွင်းပျက်တယ် လို့ ယူဆတာနဲ့ အထုပ်ဖြည်ရပါတော့တယ်

သူယူထားတဲ့ နေရာက အင်ဂျင် အောက်ခြမ်း ဘလောက် ဘေး ဂျောင်ထဲမှာ ယူထားတာပါ
(အပေါ်ကနေ မမြင်ရပါဘူး)

Photo ထဲက အတိုင်း ပျက်နေတာ မဟုတ်ပါဘူး
သေချာအောင် ခပ်ကြမ်းကြမ်းစောင့်ဆွဲ လိုက်မှ ပျက်သွားတာပါ (lose connection ) အဆင့်မှာပါ

(ဝပ်ရှော့မှာ wire ထုပ်တွေ လိုက်ဆွဲရင် မညိုညင်ရဘူးနော်😁😁)

ပြစ်ချက်တွေ့ပြီဆိုတော့ သေချာပြန်ဆက်
ခဲလောင်း အားလုံးပြီးဆုံးတော့ 5:30 pm
နိုးလိုက်လို့ စက်နိုးသံလည်း ကြားရော
Car owner ထ က တော့တာပဲ😁😁😁သူ့ကြည့်ပြီး ကျနော်တောင် အတော် ပျော်သွားတယ်

မနိုးတာ တစ်လ နီးပါး ရှိနေပြီ ပြောတယ် အနားက စက်ဆရာ အချို့လဲ ကြိုးစားထားကြပါတယ် လက်ရာလေးတွေလဲ သေသပ်ပါတယ်

ပြောချင်တာက All Data ကြည့်တတ်ရင် ရှိရင် အများကြီး မပင်ပန်းပါဘူး

လူငယ်တွေ နည်းပညာနောက် ကို လိုက်ကြပါ
ရှိတာလေးနဲ့ တင်းတိမ်ရမဲ့ အထဲမှာ ပညာမပါ ပါဘူး

No DTC ဆိုရင် wiring က ပျက်တာ နဲတယ် ဆိုတာက ကျနော့အတွေ့အကြုံအရပြောတာပါ

သင်ယူလေ့လာဖို့ အသင့်ရှိနေတာကြောင့် ထောက်ပြစရာလေးများ ရှိရင် ကြိုဆို လျှက်ပါဗျ

လေ့လာခါစ လူငယ်များ အတွက် သိချင်တာလေးတွေ ရှိရင် comment မှာ ရေးခဲ့လို့ရပါတယ်နော်

မြန်မာပြည်ကြီး အမြန် ဆုံး ငြိမ်းချမ်းပါစေ
လမ်းပြပေးခဲ့သော ဆရာများ အားလုံး ကျန်းမာကြပါစေ


⚙️ HTOO AUNG Car Workshop
📲မြဝတီ ၊ ကံဆင့်မြိုင်လမ်း ၊ ဖုန်းတာဝါတိုင်ဘေး
☎️09793333723

Honda Civic  2006 hybridHydraulic booster errorCode 14-01ဖြစ်ပုံကတော့ နဲနဲ ကြောက်စရာဗျ🫢မောင်းနေရင်းကနေ ဘရိတ်က မာသွားပြီး...
15/08/2022

Honda Civic 2006 hybrid

Hydraulic booster error

Code 14-01

ဖြစ်ပုံကတော့ နဲနဲ ကြောက်စရာဗျ🫢

မောင်းနေရင်းကနေ ဘရိတ်က မာသွားပြီး မမိတော့ဘူးဗျ (ဖနောင်ဖြင့်ကျိတ်နင်းရင်တော့ မိပါသေးတယ် အရှိန်ပါရင်တော့ မမိနိုင်)။

Odometer မှာတော့ အချက်ပြမီးတွေလည်း လင်းလာပါတယ်

Scan tool ဝင်ကြည့်ရာမှာတော့ photoထဲကတိုင်း code 14-01 ပြပါတယ်

Data stream ဝင်ကြည့်လိုက်တော့ asmulator pressure sensor မှာ 0Mpa ကနေ မတတ်တော့ပါဘူး (ဘရိတ်နင်းရင် 12Mpaဝန်းကျင်တတ်ရမှာပါ)

အဲ့တာနဲ့ power brake booster (မော်တာ+အုံးသီးလုံး) လဲ ဖို့ ရန်ကုန်ကနေ မှာလိုက်ပါတယ်

နောက်နေ့ရောက်တော့ တပ်စမ်းလိုက်ပေမဲ့ အဆင်မပြေသေးပါ😢😢😢

အဲ့တာနဲ့ မော်တာကို ဝင်တဲ့ ကြိုးလိုင်းတွေ ဆက်လိုက်ရပါတယ် ကြိုးလိုင်းတွေလည်း ကောင်းပါတယ်

မော်တာကိုမောင်းတာကတော့ hydraulic booster control unit ကနေ (-) အသေပေးထားကာ (+) duty ဖြင့်မောင်းတာဖြစ်ပါတယ်

ဖွင့်ကြည့်လိုက်ရာ မှာတော့ ငွေကြိုး၃ချောင်းကို fuse အဖြစ် ခံထားကာ FET ဖြင့် မောင်းတာ မှာ

မော်တာ short ဖြစ်ကာ fuse အဖြစ်သုံးထားတဲ့ ငွေကြိုးလေးတွေ ပျက်သွားတာပဲဖြစ်ပါတယ်

လိုအပ်တာတွေ ပြုပြင်ပြီး ပြန်တပ်
Air bleeding လုပ်
Calibrated လုပ်
brake fluid မှာလည်း အခြေနေ အတော်ဆိုးနေတာကြောင့် လဲလိုက်ပါတယ်
မောင်းစမ်း အားလုံးအဆင်ပြေသွားပါတယ် ဗျ

အတွေကြုံ နုနယ်သေးသော ပညာသင်ညီကို များအတွက် ရည်ရွယ် ပါတယ် ခင်မျာ

ဆရာကြီးများအနေဖြင့်လည်း မှားတာလေးတွေ ထောက်ပြနိုင်ပါတယ် ခင်မျာ

အားလုံးကျန်းမာကြပါစေ

မြန်မာပြည်ကြီး လူမှန်နေရာမှန်
အမြန်ဆုံးပြန်ရောက်ပါစေကြောင်းစုတောင်းလျှက်

⚙️ HTOO AUNG Car Workshop
📲မြဝတီ ၊ ကံဆင့်မြိုင်လမ်း ၊ ဖုန်းတာဝါတိုင်ဘေး
☎️09793333723

Suzuki carry k6aNo fault code Check light အမြဲလင်းနေတာလေး ပြုပြင်ပေး ဖြစ်တာလေးပါဖြစ်ပုံကတော့ check light က +v ရှိနေပြီးတ...
09/06/2022

Suzuki carry k6a

No fault code
Check light အမြဲလင်းနေတာလေး
ပြုပြင်ပေး ဖြစ်တာလေးပါ

ဖြစ်ပုံကတော့ check light က +v ရှိနေပြီးတော့
(-) ကိုတော့ ECU ကနေ transistorနဲ့ မောင်းပေးတာဖြစ်ပါတယ်

Transistor shock ဖြစ်ကာ emitter နဲ့ collector အဆက်သွယ် ရှိသွားတာကြောင့်

Check light အမြဲ လင်းနေတာ ဖြစ်ပါတယ်

Transistor codeက V0
ဖြစ်တာကြောင့် 60/45v 200mA ပါ
ဝယ်မရတာကြောင့် အနီးစပ်ဆုံး တူတာလေး ထည့်ပေးလိုက်တာ အားလံုး အဆင်ပြေသွားပါတယ်ဗျ

အားလုံးကျန်းမာကြပါစေခင်မျာ

⚙️ HTOO AUNG Car Workshop
📲မြဝတီ ၊ ကံဆင့်မြိုင်လမ်း ၊ ဖုန်းတာဝါတိုင်ဘေး
☎️09793333723

Address

ယ(၆၀) မြို့မစျေးဝပ်လျှော့တန်း နေပြည်‌တော်
Naypyidaw
15011

Telephone

+959793333723

Website

Alerts

Be the first to know and let us send you an email when HTOO AUNG Car Workshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share