Myat Moe car workshop

Myat Moe car workshop Car workshop

11/02/2024
02/10/2022
ဆီတိုးလိုက်ပိတ် တဖက်ပဲဆီတက်
07/09/2022

ဆီတိုးလိုက်ပိတ် တဖက်ပဲဆီတက်

Location
04/09/2022

Location

အင်ဂျင်ချက်မီးလင်းတာ ကောင်းလား ?အင်ဂျင်ချက်မီးလင်းတာ ကောင်းလားမေးရင် ၊ မကောင်းဘူးဘဲ ဖြေကြမှာပါ ။ ဒါပေမယ့် အင်ဂျင်ချက်မီး...
01/09/2022

အင်ဂျင်ချက်မီးလင်းတာ ကောင်းလား ?

အင်ဂျင်ချက်မီးလင်းတာ ကောင်းလားမေးရင် ၊ မကောင်းဘူးဘဲ ဖြေကြမှာပါ ။ ဒါပေမယ့် အင်ဂျင်ချက်မီးလင်းတာ ကောင်းတယ်ဆိုတဲ့ အချိန်တချိန်ရှိပါတယ်။

ကားတွေစက်မနှိုးခင် သော့ဖွင့် Ignition On လိုက်တယ်ဆိုရင် ကားရဲ့ ဒိုင်ခွက်ထဲမှာ Engine Check Light မီးလင်းနေရပါမယ်။ အဲ့လို့ စက်မနှိုးခင် သော့ဖွင့် Ignition On လိုက်လို့ ချက်မီးမလင်းဘူးဆို တိုင်ပတ်ပါပြီ ၊ ကားစက်နှိုးလို့မရတော့ပါဘူး ။ ဒီတော့ ချက်မီးလင်းတာကောင်းလား ၊ မကောင်းဘူးလားမေးရင်တော့ ၊ လင်းသင့်တဲ့ချိန် လင်းရင်ကောင်းပြီး ၊ မလင်းသင့်တဲ့ချိန် လင်းရင် မကောင်းဘူးပဲဖြေရမှာပါ ။

မနေ့က မြို့ထဲအလုပ်ကိစ္စနဲ့သွားနေတုန်း ညနေစောင်းလောက် ဦးလေးဖြစ်သူက ဖုန်းဆက်တယ် ၊ လမ်းမှာကားရပ်ထားပြီး ပြန်ထွက်မယ်လုပ်တော့ စက်နှိုးမရတော့လို့တဲ့ ။ အဲ့ဒါနဲ့နေရာမေးတော့ ဗိုလ်ချုပ်စျေးရှေ့တည့်တည့်လမ်းဘေး ကြီးမှာ ကားပျက်နေတယ်ဆိုတာနဲ့ ကိုယ်တိုင်ပဲ ပြင်မယ့် ပစ္စည်းမပါ ဘာမပါနဲ့ သွားကြည့်ပေးရတယ်။

ဦးလေးက နယ်ကတက်လာတာ ကားက ဖင်ကောက် ဒီဇယ် 3C အင်ဂျင်နဲ့ ။ ဟိုရောက်တော့ စက်နှိုးဖို့ သော့ဖွင့်ကြည့်တော့ ဒိုင်ခွက်ထဲ ချက်မီး Engine Check Light လင်းမနေပါဘူး ။ သေချာပြီး အင်ဂျင်ချက်မီး မလင်းရင်တော့ ပုံမှန်ဆို ဘယ်ကားမှ စက်နိုးစရာမရှိပါဘူး ။ ဒါပေမယ့် သေချာအောင် Start ဆွဲကြည့်တော့ မော်တာလည်ပြီး စက်မနိုးပါဘူး ။

ဒီ ဖင်ကောက် ဒီဇယ် 3C အင်ဂျင်နဲ့ကားတွေမှာ ဖြစ်တတ်တာ တခုရှိပါသေးတယ် ။ တိုင်ပင် Belt ကြိုးပြတ်တာပါ ။ ကားမောင်းနေရင် အရှိန်ရနေချိန် တိုင်ပင် Belt ကြိုးပြတ်တတ်ပြီး ၊ ပြတ်တာနဲ့ ဘားထောက်ပြီး ကင်းရှပ် Camshaft တွေကျိုး ၊ ဘားတွေကောက်တတ်ပါတယ်။ ဒါကတော့သူ့ရောဂါပါ ။
ဒီကားတွေ ထိုးရပ်တာမျိုးဖြစ်ရင် start မဆွဲခင် အဲ့အချက်လေး သတိထားရပါတယ်။ မဟုတ်ရင် ကြိုးပြတ်နေတယ်ဆိုရင် ကိုယ် Start ဆွဲခါမှာ အပေါ်ကလိုဖြစ်ပြီး Head ဖွင့်ရတဲ့ အဆင့်ဖြစ်တတ်ပါတယ်။ သတိထားရမယ့် အချက်ပါ ။

ခုကားကတော့ ချက်မီးမလင်းတာဆိုတော့ ဝါယာရိန်းလိုင်းပိုင်းဖြစ်မယ်ဆိုတာ စဉ်းစားမိပါတယ်။ သူ့မှာဖြစ်တတ်တာက ပန့်မီးခေါင်းကို မီးမရောက်တာ ၊ နောက် EFI Fuse နဲ့ ၊ Relay တွေမကောင်းတာ အဖြစ်များ တယ်လို့ တွက်ဆပြီး ၊ EFI Fuse နဲ့ Relay တွေစစ်ကြည့်တော့ 15Amp EFI Fuse တချောင်းပြတ်နေတာ တွေ့ပါတယ် ။

အဲ့ဒါနဲ့ Fuse အပိုမရှိတာနဲ့ ကားမှာပါလာတဲ့ ဝါယာကြိုးကိုပဲ ဝါယာစအမျှင်လေးတွေ ထုတ်ပြီး အစားထိုးထည့်ပေး ၊ Fuse ပြတ်ရတဲ့ အကြောင်းလိုက်ရှာကြည့်တော့ ကြိုးလိုင်းတွေပေါက်နေတာနဲ့ ကားမှာပါတဲ့ ဝါယာတိတ်နဲ့ပတ်ပေးရပါတယ်။

Fuse ပြန်ထည့်ပေးပြီး စမ်းတော့လည်း Engine Check Light မလင်းသေးပါဘူး ။ စက်လည်းမနှိုးသေးပါဘူး ။ အဲ့ဒါနဲ့ EFI Relay အပေါ်က အခွံကိုချွတ်ပြီးစစ်ကြည့်တော့ Relay က ကပ်ချင်သလိုလို မကပ်ချင်သလို ဖြစ်နေတာ သွားတွေ့ပါ တယ်။ အဲ့ဒါနဲ့ Relay Point လေးကိုပဲ ဝပ်အူလှည့်နဲ့ တွန်းကပ်ပေးလိုက်တော့မှ ချက်မီးလည်းလင်း ၊ စက်လည်း နိုးရသွားပါတယ်။

စက်ပြန်သတ် ၊ ပြန်နှိုးစမ်းကြည့်တော့ Fuse ကတော့ မပျက်တော့ပါဘူး ၊ Relay က တချက်တချက် အဲ့လိုကြောင်နေတာတွေ့ရတယ်ဗျ ၊ ဖြစ်နိုင်တာ ကတော့ Relay Coil တွေအားနည်းပြီး Relay Contact Point တွေကို မဆွဲနိုင်တော့တာမျိုးပါ ။

အချိန်ကလည်း ညနေစောင်း ၊ အနီးနားမှာလည်း သူ့အမျိုးအစား ပစ္စည်းဝယ်ဖို့မလွယ် ၊ ဦးလေးကလည်း ခရီးဆက်ဖို့ကလည်းရှိတော့ ၊ Relay အလုပ်လုပ်ပုံလေးကို နည်းနည်းပြောပြပြီး ၊ အဆင်မပြေရင် ၊ အခုလို ထပ်ဖြစ်ရင် Relay Contact Point လေးကို ကိုယ်တိုင် တခုခုနဲ့ ကူပြီးတွန်းကပ်ပေးပြီး နှိုးဖို့ ပြပေးလိုက်ရပါတယ်။

(ပုံတွေကတော့ သူ့ကားက ပုံတွေမဟုတ်ပါဘူး နမူနာပုံစံတူတွေပါ၊ လမ်းဘေးကြီးမှာ အချိန်မရှိ အချိန်မတော် အပြေးအလွှားသွား ပြင်ရတော့ ဘာပုံမှ ရိုက်ချိန်မရတော့ပါဘူး)

ကားမောင်းရင်း မတော်တဆလမ်းမှာဖြစ်ရင် စက်နှိုးမရရင် ၊ စမ်းသပ်ဖို့ လိုလာရင် ဒီအချက်လေး တချက် သတိရဖို့ အကြံပြုတာပါ ။

သော့ဖွင့်ချိန် ဒိုင်ခွက်ထဲ ချက်မီးမလင်းရင် ကားစက်မနှိုးပါဘူး ။ နားမလည်ဘဲ Start တွေ လှိမ့်ဆွဲစမ်းရင် ဘတ္ထရီ အားကုန်တာပဲ အဖတ်တင်ပါမယ်ဆိုတာ တင်ပြလိုက်ရပါတယ်။

Check မီး မလင်းတာတွေကတော့ အမျိုးမျိုးဖြစ်တတ်ပါတယ်။ အဖြစ်များတာက EFI Fuse တွေ ၊ Relay တွေပျက်တာ ၊ Ground ကြိုးတွေလွတ်တာ ၊ ECU နဲ့ BCM တွေပျက်တာတွေ အဖြစ်များပါတယ်ခမျာ။

စာဖတ်သူမိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
Prime Auto Technology ကထုတ်ထားတဲ့ ကားနှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
(1) လက်တွေ့အသုံးချ ကားဝါယာရိန်းနည်းပညာများစာအုပ်
https://www.facebook.com/Prime125/posts/2868462253452510
(2) လက်တွေ့အသုံးချ ကားအဲကွန်းနှင့် ဝါယာရိန်းနည်းပညာများစာအုပ်
https://www.facebook.com/1596624100636338/posts/2830034373961965/?d=n
(3) ကားရောဂါ လက္ခဏာများ စာအုပ် အတွဲ (၁) + (၂)
https://www.facebook.com/1596624100636338/posts/2859262071039195/?d=n
ကားဝါယာရိန်း နည်းပညာသင်တန်းများ တက်ရောက်လိုပါက
https://www.facebook.com/Prime125/posts/2906050449693690
(မှတ်ချက် ။ ပေ့စ်များ ၊ အကောင့်များတွင် ဒီစာကိုကြော်ငြာအဖြစ် ကော်ပီကူးယူတင်ပြခြင်း ၊ စာများဖြတ်တောက်ပြီး လိုသလိုအသုံးပြုခြင်း ခွင့်မပြုပါခမျာ)
Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
Lynn Za Nee ( P.T.U)
Prime Auto Technology

ပန်ကာကြိုးလဲခြင်း
01/09/2022

ပန်ကာကြိုးလဲခြင်း

Hino
31/08/2022

Hino

Start engine
31/08/2022

Start engine

Address

See My Real-time Location On Maps: Https://maps. App. Goo. Gl/UYqshDLXiUyNo7JEA
Myinmu

Website

Alerts

Be the first to know and let us send you an email when Myat Moe car workshop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat Moe car workshop:

Share

Category