Hein Zar

Hein Zar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hein Zar, Car wash, No. 9, Bo Ba Htoo Road, Kanphyar Qt, Myeik.

သင်ကားတစ်စီး မောင်းတော့မယ်ဆိုပါကသိထားသင့်သောအချက်ပြသင်္ကေတများ( မြန်မာလို )Credit: original uploaderသင်ကားတစ်စီး မောင်းတ...
03/07/2020

သင်ကားတစ်စီး မောင်းတော့မယ်ဆိုပါကသိထားသင့်သော
အချက်ပြသင်္ကေတများ( မြန်မာလို )

Credit: original uploader

သင်ကားတစ်စီး မောင်းတော့မယ်ဆိုပါကသိထားသင့်သော
အချက်ပြသင်္ကေတများ( မြန်မာလို )

Credit: original uploader

17/04/2020

🙏၁၃၈၂မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ 2020🙏
မြန်မာပြည်သူပြည်သားအားလုံးနဲ့တကွကမ္ဘာ မြေပေါ်ရှိရှိသမျှသတ္တဝါအပေါင်း ကပ်ဘေးဆိုးကြီး မှအမြန်ဆုံးလွှတ်မြောက်ပြီး ကိုယ်ကျန်းမာလို့စိတ် ချမ်းသာကြပါစေကြောင်း Hein Zar မိသားစုမှ
ဆု‌မွန်ကောင်းတောင်းလိုက်ပါတယ်

24/03/2020

#အားလုံးဖတ်စေချင်ပါတယ် 😰

😈 ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ မိမိခန္ဓာကိုယ်မှာ ကူးစက်ခံရနေပြီလား/မခံရသေးဘူလား အလွယ်တကူ လူတိုင်း သိရှိနိုင်သော နည်းလမ်း

👿 အဖျားရှိပြီး ချောင်းဆိုးလို့ ဆေရုံရောက်သွားပြီးမှ ဆိုရင် သူတို့အဆုတ်ရဲ့ ၅၀ ရာခိုင်နှုန်းက အမာရွတ် fibrosis (တွယ်ဆက်တစ်သျှူး များ သိပ်သည်းထူပြောလာခြင်း) ဖြစ်ပေါ် နေတဲ့ အတွက် နောက်ကျလွန်းနေပါပြီ။ ဒါကြောင့် ထိုင်ဝမ်မှ ဆရာဝန်တွေက မနက်အိပ်ရာထ တိုင်း မိမိကိုယ်တိုင်စမ်းသပ်နိုင်တဲ့ နည်းလမ်းလေးတွေကို အောက်ပါအတိုင်း ဖော်ထုတ်ထားပါတယ်။

👿 အသက်ပြင်းပြင်းရှုပြီး ၁၀ စက္ကန့်ကြာအောင် အသက်အောင့်ထားပါ။ ချောင်းမဆိုးဘဲ၊ ရင်မကျပ်ဘဲ၊ မ မောပန်းဘဲ အလွယ်တကူပြုလုပ် နိုင်တယ်ဆိုရင် သင့်အဆုတ်မှာအမာရွတ် မရှိသေးတဲ့ အတွက် သင့်မှာ အဆုတ်ရောင်ရောဂါဖြစ်မ နေ သေးသလို ရောဂါကူးစက်မခံရ သေးဘူးလို့ ယူဆနိုင်ပါတယ်။ ဒီစမ်းသပ်နည်းကို နေ့စဉ် နေ့တိုင်း မနက်အိပ်ယာထခါစ မှာ ရက်ဆက်ပြုလုပ်ပေးပါ။

😈 ယခုလက်ရှိ ကမ္ဘာ့နိုင်ငံ တော်တော်များများမှာ ကူးစက်ခံ နေရတဲ့ COVID-19 လို့ခေါ်တဲ့ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်အသစ်ဟာ ရောဂါပိုးဝင် ရောက်ပြီး ၀-၂၄ ရက်အတွင်းမှာသာ ရောဂါလက္ခဏာပြတက်ပါတယ်။ ရောဂါကူးစက်ခံရခါစမှာ ရောဂါပိုးဝင်ရောက်တဲ့လက္ခဏာတွေ မတွေ့ရှိရသေးတဲ့ အတွက် ရောဂါရှိနေကြောင်း ဘယ်သူမှ မသိရှိနိုင်ကြပါဘူး။

👿 COVID-19 virus ကြောက်တဲ့အရာ ၇ မျိုး

🛑ခရမ်းလွန်ရောင်ခြည် UV ကိုကြောက်ရွံ့တယ်။

🛑အပူချိန် ၅၆ ဒီဂရီစင်တီဂရိတ် / အပူချိန်မြင့်တာကိုကြောက်ရွံ့တယ်။

🛑လေဝင်လေထွက် ရှိတဲ့‌နေရာ ကိုကြောက်တယ်။

🛑ကလိုရင်းပိုးသတ်ဆေးကို ကြောက်ရွံ့တယ်။

🛑အရက်၊ အယ်လကိုဟောလ် ၇၅% ကိုကြောက်ရွံ့တယ်။

🛑လက်များကို မကြာခဏ ဆေး‌ကြောခြင်း ကိုကြောက်တယ်၊

🛑ခံနိုင်ရည်ရှိခြင်း၊ ကိုယ်ခံအား ကောင်းခြင်းကိုကြောက်ရွံ့တယ်၊ ကိုယ်ခံအား ကောင်းခြင်းဟာ အကောင်းဆုံး ကြိုတင်ကာကွယ် ခြင်းပဲဖြစ်တယ်။

👿 ဗိုင်းရပ်စ်ပိုးမှ ကြိုတင် ခုခံ၊ ကာကွယ်ရန် လွယ်ကူတဲ့ နည်း ၈ ခု ရှိပါတယ်၊

❤️ ဒီတစ်နှစ်အချိန် အတောအတွင်းမှာ အိပ်ရေးဝအောင် အိပ်ပါ။
❤️နံနက်စာ ပုံမှန်စားပါ၊ ဒိန်ချဉ်စား‌ပေးပါ။
❤️ကြက်သွန်ဖြူ များများစား‌‌ပေးပါ။
❤️ပျားရည်နဲ့ ဂျင်းရေ၊ သံပုရာရည်ကိုသောက်ပါ။
❤️နေ့လည် လက်ဖက်ရည် သောက်ပေးပါ။
❤️လေ့ကျင့်ခန်းမှန်မှန်၊ အနည်းဆုံးတစ်ပတ်တစ်ခါလုပ်ပေးပါ။
❤️နေရောင်ခြည်ကို မကြာခဏ ထိတွေ့ပေးပါ။
❤️တက်ကြွ၊ ရွှင်လန်းတဲ့စိတ်ကို ပိုင်ဆိုင်နိုင်ပါ‌စေ။အကောင်းမြင်တတ်ပါစေ၊

😈 COVID-19 ဗိုင်းရပ်စ်ပိုးဟာ
၀ - ၂၄ ရက် အတွင်းပေါက်ဖွားရန် အရှိန်ယူလာပြီး၊ ရောဂါကူးစက်ပြီး တဲ့နောက်မှာရောဂါ၊ လက္ခဏာတွေကို မပြပေမယ့် အဆုတ်ဆဲလ်တွေက ပူပြင်းတဲ့ဒဏ်ကို မခံနိုင်တော့လို့ ကိုယ်ပူ၊ အပြင်းဖျား၊ ချောင်းဆိုးစ ပြုလာပါမယ်။
😍ဆေးရုံမှာ လာစစ်ဆေးတဲ့အချိန်မှာ အဆုတ်ရဲ့တစ်ဝက်‌ကျော်လောက် မှာ ရောဂါတွေ ကူးစက်ပြန့်ပွားလို့နေခဲ့ပါပြီ၊ ကုသရန် အချိန်အလွန် နောက်ကျသွားပြီ။
😍ကျွမ်းကျင်သူများက သင့်ရဲ့အဆုတ်ကို မထိခိုက်စေရန် တတ်နိုင်သမျှ နက်ရှိုင်းစွာ အသက်ရှူရန်၊ အသက်ပြင်းပြင်းရှူရန် အကြံပြုထားပါတယ်။
😍တစ်ကယ်လို့ သင်က ချောင်းဆိုးခြင်း / ရင်ဘတ်မှာ နေထိုင်ရတာ အဆင်မပြေခြင်း / အသက်ရှူကြပ်ခြင်း လက္ခဏာများ မပြပါဘဲ၊ နေ့စဉ်ပုံမှန် နေရင်းထိုင်ရင်းနဲ့လည်း အဆုတ်မှာ ရောဂါကူးစက် နိုင်သေးကြောင်းဖော်ပြထားပါတယ်။

😍နံနက်‌စော‌စောတိုင်း ကြည်လင်တဲ့ ရာသီဥတု၊ နေရောင်ခြည်အောက်မှာ ကိုယ့်ကိုယ်ကိုစစ်ဆေးကြည့်ပါ။အသက်ရှူ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ၊

Source : Observation and surveillance of Covid-19 from Songkhla Nakarin Hospital.

ယခုလိုအချိန်မှာ မြန်မာနိုင်ငံ က လူတိုင်းသိထားသင့်လို့ သင့်ရဲ့ Share တစ်ချက်နဲ့ ကူညီပါ။

Credit : ဒေါက်တာခင်မိုးမိုး

Zawgyi >>>ကားရေဆေးတဲ့အခါ လုပ်သင့်တဲ့အချက် (၈)ခု-------------------------စီးတော်ယာဉ်ကို ကိုယ်တိုင်အချိန်ယူ ဆေးကြောကြရာမှာ...
22/02/2020

Zawgyi >>>

ကားရေဆေးတဲ့အခါ လုပ်သင့်တဲ့အချက် (၈)ခု
-------------------------

စီးတော်ယာဉ်ကို ကိုယ်တိုင်အချိန်ယူ ဆေးကြောကြရာမှာ နည်းစနစ်မှန်မှန်ကန်ကန်လုပ်ကြရဲ့လားဆိုတာ ဆန်းစစ်ကြည့့်ဖို့ လိုပါတယ်။ကားပညာရှင်တွေကတော့ ကားရေဆေးတဲ့ အခါမှာ လုပ်သင့်တာလေးတွေကိုထောက်ပြထားပါတယ်။
၁ ။ မနက်စောစော (ဒါမှမဟုတ်) ညနေ စောင်းလောက်မှ ကားရေဆေးပါ

နေပူကျဲကျဲကြီးထဲမှာ ကား ရေဆေးတဲ့အခါ ဘယ်လောက်ပဲ မြန်ြ
မန်လုပ်သော်ငြားလည်း ကားပေါ်မှာ အစက်အပြောက်တွေ စွန်းထင်းကျန်တတ်တဲ့အတွက် မနက်စောစော (ဒါမှမဟုတ်) ညနေ စောင်းလောက်မှ ကားရေဆေး တာမျိုး လုပ်သင့်ပါတယ်။

၂ ။ ပန်းကန်ဆေးဆပ်ပြာရည်ဖြင့် မဆေးရပါ။

အရင်တုန်းက လုပ်ခဲ့တယ် ဆိုရင်လည်း အခုဆက်မလုပ်ပါနဲ့ တော့။ပန်းကန်ဆေးဆပ်ပြာရည် ဟာ ပြင်းတဲ့အတွက် ကားရဲ့ဆေး သားေ
တွကို ပင့်ကူမျှင်လိုမျိုး အ စင်းရာတွေဖြစ်စေတတ်လို့ပါ။
၃ ။ ရေများများဖြင့်ဆေးပါ။

ဆပ်ပြာရည်တစ်ပုံးနဲ့ပဲ ကား တစ်စီးလုံးလိုက်ပွတ်ဆေးတာမျိုး က
ကားပေါ်က အညစ်အကြေး တွေ မပြောင်တဲ့အပြင် အပေါ်ယံ ဆေးသားတွေကိုပါ ပျက်စီးစေတဲ့ အတွက် မလုပ်သင့်တဲ့ အလေ့အ ထပါ။
¤ ဆပ်ပြာရည်ကျဲပွတ်ပြီးပြီ ဆိုတာနဲ့ ကားတစ်စီးလုံး ဆပ်ပြာ စင်သွား
တဲ့အထိ ရေသေချာဆေး သင့်ပါတယ်။

၄ ။ ကားကိုအောက်ဘက်ကစမဆေးပါနဲ့။.

ကားရေဆေးတဲ့ အခါ အောက်ကနေ အပေါ်၊ ဘယ်က နေညာေ
ဆးတာဟာ အချိန်ကုန် လူပန်းပြီး အကျိုးမဲ့စေတယ်ဆို တာ သတိပြုသင့်ပါတယ်။
¤ ကားအပေါ်ပိုင်းတွေကိုဆေးပြီးမှ ဘီးတို့၊ အောက်ဘက်တို့ဆေးတဲ့ အခါမှာ အစက်အပြောက်တွေ၊ အစင်းကြောင်းတွေမပေါ်တော့ ဘဲ အလိုက်သင့်ရေဆေးပြီးသား ဖြစ်စေပါတယ်။

၅။ တာယာလည်း ရေဆေးပါ။

ကားတာယာတွေဟာ ကား တစ်စီးလုံးရဲ့ အညစ်ပတ်ဆုံးအ ပိုင်းဖြ
စ်ပြီး ရွှံ့၊ သဲတွေကို သတိ တရ ဆေးကြောထားရင် တခြား အစိတ်အပိုင်းတွေ မပေကျံ အောင် ကာကွယ်ပြီးသားဖြစ်စေ ပါတယ်။


၆ ။ရေမခြောက်ခင်မှာ မှန်တံခါးတွေ တင်ထားပါ။

ရေဆေးထားတဲ့ကားတစ်စီး လုံး သေချာခြောက်ဖို့ဆိုရင် နှစ် နာရီ၊ သုံးနာရီလောက်ကြာတယ် ဆိုတာ သိထားပါ။ ရေမခြောက် ခင်မှာ ကားမှန်တံခါးတွေ ချထား တဲ့အခါ မှန်တွေမှာ အစွန်းအ ကွက်နဲ့ အစင်းရာတွေဖြစ်တတ်ပါ တယ်။
၇ ။ခြေနင်းအခင်းတွေကိုလည်းသန့်ရှင်းရေး လုပ်ပါ။

ဒီနေရာကလည်း ဖုန်တွေ၊ သဲတွေ၊ အညစ်အကြေးအများ ဆုံးရှိတဲ့နေရာဖြစ်တာမို့ ဖုန်စုပ် စက်နဲ့ သန့်စင်တာမျိုး၊ ဘရပ်ရ်ှနဲ့ ပွတ်တာမျိုး၊ ဆေးကြောပစ်တာမျိုး လုပ်ပေးဖို့လိုပါတယ်။
၈ ။ကားဒက်ရ်ှဘုတ်ကိုလည်း သန့်ရှင်းရေးလုပ်ပါ။

မကြာခဏထိတွေ့မှုများတဲ့ နေရာလည်းဖြစ်သလို နေရောင် ခြည်
ထိတွေ့မှုလည်း များတဲ့နေရာဖြစ်တဲ့ ဒက်ရ်ှဘုတ်တွေမှာ ဗက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။
¤ အဲကွန်းဖွင့်လိုက်တဲ့အခါ လေထဲကနေ ရောဂါပိုးမွှားတွေ ပျံ့နှံ့နိုင်တဲ့အတွက် ဒက်ရ်ှဘုတ်ကို ပုံမှန်သန့်စင်တာမျိုး လုပ်သင့်ပါတယ်။

လွတ်လပ်စွာ ရှယ်နိုင်ပါတယ်။

-
ပြန်လည်မျှဝေပါတယ်။

#ကား-Car အကြောင်းစုံ

photo crd from google
credit : original post writer

Unicode >>>

ကားရေဆေးတဲ့အခါ လုပ်သင့်တဲ့အချက် (၈)ခု
-------------------------

စီးတော်ယာဉ်ကို ကိုယ်တိုင်အချိန်ယူ ဆေးကြောကြရာမှာ နည်းစနစ်မှန်မှန်ကန်ကန်လုပ်ကြရဲ့လားဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ကားပညာရှင်တွေကတော့ ကားရေဆေးတဲ့ အခါမှာ လုပ်သင့်တာလေးတွေကိုထောက်ပြထားပါတယ်။
၁ ။ မနက်စောစော (ဒါမှမဟုတ်) ညနေ စောင်းလောက်မှ ကားရေဆေးပါ

နေပူကျဲကျဲကြီးထဲမှာ ကား ရေဆေးတဲ့အခါ ဘယ်လောက်ပဲ မြန်ြ
မန်လုပ်သော်ငြားလည်း ကားပေါ်မှာ အစက်အပြောက်တွေ စွန်းထင်းကျန်တတ်တဲ့အတွက် မနက်စောစော (ဒါမှမဟုတ်) ညနေ စောင်းလောက်မှ ကားရေဆေး တာမျိုး လုပ်သင့်ပါတယ်။

၂ ။ ပန်းကန်ဆေးဆပ်ပြာရည်ဖြင့် မဆေးရပါ။

အရင်တုန်းက လုပ်ခဲ့တယ် ဆိုရင်လည်း အခုဆက်မလုပ်ပါနဲ့ တော့။ပန်းကန်ဆေးဆပ်ပြာရည် ဟာ ပြင်းတဲ့အတွက် ကားရဲ့ဆေး သားေ
တွကို ပင့်ကူမျှင်လိုမျိုး အ စင်းရာတွေဖြစ်စေတတ်လို့ပါ။
၃ ။ ရေများများဖြင့်ဆေးပါ။

ဆပ်ပြာရည်တစ်ပုံးနဲ့ပဲ ကား တစ်စီးလုံးလိုက်ပွတ်ဆေးတာမျိုး က
ကားပေါ်က အညစ်အကြေး တွေ မပြောင်တဲ့အပြင် အပေါ်ယံ ဆေးသားတွေကိုပါ ပျက်စီးစေတဲ့ အတွက် မလုပ်သင့်တဲ့ အလေ့အ ထပါ။
¤ ဆပ်ပြာရည်ကျဲပွတ်ပြီးပြီ ဆိုတာနဲ့ ကားတစ်စီးလုံး ဆပ်ပြာ စင်သွား
တဲ့အထိ ရေသေချာဆေး သင့်ပါတယ်။

၄ ။ ကားကိုအောက်ဘက်ကစမဆေးပါနဲ့။.

ကားရေဆေးတဲ့ အခါ အောက်ကနေ အပေါ်၊ ဘယ်က နေညာေ
ဆးတာဟာ အချိန်ကုန် လူပန်းပြီး အကျိုးမဲ့စေတယ်ဆို တာ သတိပြုသင့်ပါတယ်။
¤ ကားအပေါ်ပိုင်းတွေကိုဆေးပြီးမှ ဘီးတို့၊ အောက်ဘက်တို့ဆေးတဲ့ အခါမှာ အစက်အပြောက်တွေ၊ အစင်းကြောင်းတွေမပေါ်တော့ ဘဲ အလိုက်သင့်ရေဆေးပြီးသား ဖြစ်စေပါတယ်။

၅။ တာယာလည်း ရေဆေးပါ။

ကားတာယာတွေဟာ ကား တစ်စီးလုံးရဲ့ အညစ်ပတ်ဆုံးအ ပိုင်းဖြ
စ်ပြီး ရွှံ့၊ သဲတွေကို သတိ တရ ဆေးကြောထားရင် တခြား အစိတ်အပိုင်းတွေ မပေကျံ အောင် ကာကွယ်ပြီးသားဖြစ်စေ ပါတယ်။


၆ ။ရေမခြောက်ခင်မှာ မှန်တံခါးတွေ တင်ထားပါ။

ရေဆေးထားတဲ့ကားတစ်စီး လုံး သေချာခြောက်ဖို့ဆိုရင် နှစ် နာရီ၊ သုံးနာရီလောက်ကြာတယ် ဆိုတာ သိထားပါ။ ရေမခြောက် ခင်မှာ ကားမှန်တံခါးတွေ ချထား တဲ့အခါ မှန်တွေမှာ အစွန်းအ ကွက်နဲ့ အစင်းရာတွေဖြစ်တတ်ပါ တယ်။
၇ ။ခြေနင်းအခင်းတွေကိုလည်းသန့်ရှင်းရေး လုပ်ပါ။

ဒီနေရာကလည်း ဖုန်တွေ၊ သဲတွေ၊ အညစ်အကြေးအများ ဆုံးရှိတဲ့နေရာဖြစ်တာမို့ ဖုန်စုပ် စက်နဲ့ သန့်စင်တာမျိုး၊ ဘရပ်ရ်ှနဲ့ ပွတ်တာမျိုး၊ ဆေးကြောပစ်တာမျိုး လုပ်ပေးဖို့လိုပါတယ်။
၈ ။ကားဒက်ရ်ှဘုတ်ကိုလည်း သန့်ရှင်းရေးလုပ်ပါ။

မကြာခဏထိတွေ့မှုများတဲ့ နေရာလည်းဖြစ်သလို နေရောင် ခြည်
ထိတွေ့မှုလည်း များတဲ့နေရာဖြစ်တဲ့ ဒက်ရ်ှဘုတ်တွေမှာ ဗက်တီးရီးယားတွေ ရှိနေတတ်ပါတယ်။
¤ အဲကွန်းဖွင့်လိုက်တဲ့အခါ လေထဲကနေ ရောဂါပိုးမွှားတွေ ပျံ့နှံ့နိုင်တဲ့အတွက် ဒက်ရ်ှဘုတ်ကို ပုံမှန်သန့်စင်တာမျိုး လုပ်သင့်ပါတယ်။

လွတ်လပ်စွာ ရှယ်နိုင်ပါတယ်။

-
ပြန်လည်မျှဝေပါတယ်။

#ကား-Car အကြောင်းစုံ

photo crd from google
credit : original post writer

Hein Zar ရဲ့အင်ဂျင်ခန်းပြင်ဆင်ပေးဖြစ်တာလေးပါ😁ယုံ​​ကြည်စွာအားပေးတဲ့Customerလူကြီးမင်းအားအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာလူကြီ...
15/02/2020

Hein Zar ရဲ့အင်ဂျင်ခန်းပြင်ဆင်ပေးဖြစ်တာလေးပါ😁ယုံ​​ကြည်စွာအားပေးတဲ့Customerလူကြီးမင်းအားအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ
လူကြီးမင်းတို့ရဲ့အဖိုးတန်ကားလေးတွေ 🚗🚗
သန့်ရှင်းသပ်ရပ်ဖို့ တောင်ပြောင်သွားစေဖို့
Hein Zar ကိုသတိရလိုက်ပါနော် မြိတ်မြို့မှာရှိပါတယ်

Thanks
Hein Zar
Car Wash
Polish & Detailing
ကန်ဖျားရပ်,ဗိုလ်ဗထူးလမ်း,ကုန်စိမ်းစျေး‌ေဟာင်းအရှေ့ဘက်,
မြိတ်မြို့
Ph: 09797913339

13/02/2020

ဝူဟန့်ဒေသသည်
ကမ္ဘာ့ကားပစ္စည်းအားလုံး၏
၃ပုံ၁ပုံထုတ်လုပ်ရာဒေသဖြစ်၍
လုပ်ငန်းများရပ်နားထားရာ
ကမ္ဘာ့ကားပစ္စည်းပြတ်လတ်မှုစတင်ဖြစ်ပေါ်လာနေ

Crd

07/02/2020

သက်တမ်းပြည့်လျှင် လဲလှယ်ပေးသင့်သော ကားအစိတ်အပိုင်းများ
====================================

ကားပိုင်ရှင်အများစုသည် ကားကိုအသုံးချနေသော်လည်း ၊ ပုံမှန်ထိန်းသိမ်းခြင်းနှင့် ကားပျက်၍ ပြုပြင်ရခြင်းများအတွက် ငွေကြေးသုံးစွဲရာတွင် လက်တွန့်တတ်ကြသည်။ ကားအကြောင်း၊ ကားသဘာ၀၊ ကားပြုပြင်ထိန်းသိမ်းခြင်းများကို နားလည်သဘောပေါက်သော ကားပိုင်ရှင်များက ကုန်ကျစရိတ်များကို လက်ခံနိုင်ကြသော်လည်း ကားအကြောင်း နားမလည်သော ပိုင်ရှင်နှင့် ယာဉ်မောင်းတို့အကြားတွင် ကားပြုပြင်ထိန်းသိမ်းစရိတ်သည် စကားများများပြောရသော ပြဿနာဖြစ်လာတတ်သည်။ ပုံမှန်ပြုပြင်ထိန်းသိမ်းစရိတ်နှင့် အချိန်တန်လျှင် ပျက်စီးတတ်သော ကားအစိတ်အပိုင်းများ ပြင်ဆင်စရိတ်များကို အကုန်အကျခံရန် ငြိုငြင်တတ်ကြသည်။

ကားတစ်စီး လက်၀ယ်ထားလျှင် ပြင်ဆင်ထိန်းသိမ်းစရိတ်သည် အသုံးပြုရမြဲဖြစ်သည်။ ကားဟောင်း၊ ကားညံ့ ၀ယ်မိလျှင် မကြာခဏ ကားပျက်၍ အကုန်အကျ ပိုများသည်။ ကားကောင်း၀ယ်လျှင်လည်း ပုံမှန်ပြုပြင် ထိန်းသိမ်းစရိတ်ရှိသည်။ အချို့သေ ာကားပိုင်ရှင်များသည် ပျက်မှသာ ကားပြင်လိုကြသည်။ ပုံမှန်ထိန်းသိမ်းရသည်ကို နားမလည်၍ အပိုကုန်ကျသည်ဟု မြင်ကြသည်။ ကားတစ်စီးအား ပုံမှန်စစ်ဆေးထိန်သိမ်းခြင်း မလုပ်ပေးပါက ပို၍ပျက်စီးစေသည်။ ဘေးကင်းလုံခြုံမှု တဖြည်းဖြည်း ကျဆင်းလာ၍ အန္တရာယ်လည်း ဖြစ်နိုင်သည်။

ကားတစ်စီးတွင် အစိတ်အပိုင်းပေါင်းများစွာဖြင့် ဖွဲ့စည်းတည်ဆောက်ထားပြီး၊ စနစ် (System)များ ပေါင်းစပ်၍ လည်ပတ် အလုပ်လုပ်သည်။ အချိန်တန်လျှင် ပွန်းစား ပျက်စီးတတ်သည်။ ပုံမှန်ပြုပြင် ထိန်းသိမ်းခြင်းများအပြင် ပျက်စီးချွတ်ယွင်းသွားသော အစိတ်အပိုင်းများကို အစားထိုးလဲလှယ်၍ ပြုပြင်ပေးရသည်။ ကားအစိတ်အပိုင်း (Auto Parts) ပစ္စည်းများသည် သုံးစွဲနိုင်သော သက်တမ်းရှိသည်။ သက်တမ်းကုန်လျှင် ချွတ်ယွင်း ပျက်စီးလာတတ်သည်။

အစားထိုးလဲလှယ်ပေးရသောကားအစိတ်အပိုင်းများ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

(၁) လေစစ်၊ဆီစစ်များ

ကားတိုင်းတွင် Air Filterခေါ် လေစစ်များသည် အချိန်တန်လျှင် လဲပေးရသည်။ ခရီးမိုင် (၃၀,၀၀၀) မှ (၅၀,၀၀၀) အတွင်း သုံးပြီးပါက လေစစ်များ လဲပေးသင့်သည်။ အင်ဂျင်ဝိုင်အသစ်လဲတိုင်းလည်း ဆီစစ် (Oil Filter)ဘူးကို လဲပေးရမည်။ ခရီးမိုင် (၃၀၀၀) မှ (၅၀၀၀)အတွင်း သွားပြီးတိုင်း အင်ဂျင်ဝိုင်နှင့် ဆီစစ်ကို လဲပေးသင့်သည်။ ကားအမျိုးအစားအလိုက် သင့်လျော်သော အင်ဂျင်ဝိုင်အမျိုးအစားကို ရွေးချယ်သုံးစွဲသင့်သည်။

(၂) ဘက္ထရီ

ကားတစ်စီးတွင် ဘက်ထရီသည် အသက်ဖြစ်သည်။ ဘက်ထရီကောင်းပြီး အားသွင်းစနစ်မကောင်းပါက ဘက်ထရီအားမရှိဘဲ ဖြစ်တတ်သည်။ ဘက်ထရီ အားမကောင်း လျှင် ကားစက်နှိုးရ ခက်ခဲတတ်သည်။

ကားဘက်ထရီတစ်လုံးသည် ပုံမှန်ထိန်းသိမ်းပေးရန်လိုအပ်သည်။ အရည်အသွေး အမျိုးအစား ကောင်းသော ကားဘက်ထရီတစ်လုံး၏ ပျမ်းမျှ သက်တမ်းသည် အများဆုံး (၃)နှစ်သာ အသုံးခံသည်။ AGM (Absorbant Glass Mat) ဂျယ်လီ သုံးသော ဘက်ထရီအမျိုးအစားသည် ရိုးရိုးခဲ- အက်ဆစ် ဘက်ထရီအမျိုးအစားထက် (၁) နှစ်ကျော်ပို၍ အသုံးခံသည်။ Maintenance Free ဘက်ထရီမှ လွဲ၍ ခဲ-အက်ဆစ်ဘက်ထရီများသည် ပြုပြင် ထိန်းသိမ်းပေးရန် လိုအပ်ပါသည်။

(၃) ဘရိတ်ရှူး (Brake Pad)

ဘရိတ်ရှူးများသည် အမြဲပွတ်တိုက်သုံးစွဲရသောအရာဖြစ်၍ ပွန်းစားသွားနိုင်သည်။ ကားအရွယ်အစား၊ အလေးချိန်အပေါ် မူတည်၍ ဘရိတ်ရှူးသက်တမ်းသည် မိုင် (၃၀,၀၀၀)မှ မိုင် (၇၀,၀၀၀)အထိ အသုံးခံသည်။ ကားမောင်းနှင်မှုစတိုင် အလေ့အကျင့်အပေါ်မူတည်၍ ဘရိတ်ရှူးသက်တမ်း ကွာခြားနိုင်သည်။ ရှေ့ဘီးမှ ဘရိတ်ရှူးများသည် ပို၍ အကုန်မြန်သည်။ ခေတ်ပေါ်ကားများမှ ဘရိတ်ရှူးလိုင်နာကို Semi-metallic လိုင်နာနှင့် Ceramic လိုင်နာအမျိုးအစားများ အသုံးပြုထား၍ သက်တမ်းပို၍ ကြာရှည်ခံသည်။

(၄) တာယာ (Tires)

ကားတစ်စီး ဘေးကင်းလုံခြုံစွာ မောင်းနှင်နိုင်ရေးအတွက် တာယာဘီးများသည် အရေးကြီးဆုံးဖြစ်သည်။ တယာဘီးများ ကြာရှည် အသုံးခံရန် ပုံမှန်ပြုပြင် ထိန်းသိမ်းရေး ဆောင်ရွက်ပေးမှ ဖြစ်မည်။ ကားအောက်ပိုင်း ဆပ်စပင်းရှင်းစနစ်နှင့် စတီယာရင်စနစ်များ ကောင်းပါမှ တာယာများအသုံးခံမည်။

တာယာဘီး အလိုင်းမန့် ပုံမှန်ချိန်ပေးရသည်။ လေပေါင်ဖိအား မှန်ရမည်။ တာယာများကို ရှေ့-နောက်/ ဘယ်-ညာ လှည့်၍ သုံးပေးရသည်။ တာယာထိန်းသိမ်းမှု ကောင်းပြီး အရည်အသွေးကောင်း နာမည်ရသော တာယာများသည် မိုင် (၆၀,၀၀၀) မှ မိုင် (၈၀,၀၀၀)အထိအသုံးခံပါသည်။

(၅) ကလပ် (Clutch)

Manual Gear သုံးသောကားများတွင် ကလပ်အဖွဲ့အစည်းသည် အများဆုံး အလုပ်လုပ်ရ၍ ပွန်းစားပျက်စီးမှု ရှိသည်။ ကလပ်ပလိပ်ပြားတစ်ချပ်သည် မိုင် (၇၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ ကားမောင်းကြမ်းသော အလေ့အထရှိသော ဘတ်စ်ကားများနှင့် ကုန်တင်ထရပ်ကားများတွင် ကလပ်ပလိတ်သက်တမ်း ကြာရှည်မခံပါ။

(၆) တိုင်းမင်ဘတ်လ်ကြိုး (Timing Belt)

OHC (Over Head Cam) အင်ဂျင်များတွင် ရာဘာတိုင်မင် Belt ကြိုးပြတ်ပါက အင်ဂျင်ပျက်စီးတတ်သည်။ သက်တမ်းမကုန်မီ ကြိုတင်လဲပေးရသော ကားအစိတ် အပိုင်းပစ္စည်းဖြစ်သည်။ ရာဘာနှင့် ပြုလုပ်ထားသော တိုင်မင် Belt ကြိုးသည် အမဲဆီ၊ အင်ဂျင်ဝိုင်၊ ဒီဇယ်ဆီစသော ရေနံအခြေခံပစ္စည်းများကို ကြောက်ပါသည်။ ဝုိင်းဆီးမကောင်း၍ ဆီယိုနေလျှင် Timing Belt ကြိုးကို ထိခိုက်ပြီး သက်တမ်းမစေ့မီ ပြတ်ထွက်တတ်သည်။ Belt ကြိုတစ်ချောင်း၏ သက်တမ်းသည် မိုင် (၆၀၀၀၀) (သို့ မဟုတ်) ကီလိုမီတာ (၁၀၀၀၀၀) အထိရှိသည်။

(၇) ဆီပန့် (Fuel Pump)

ဓာတ်ဆီအင်ဂျင်သုံးကားတစ်စီးတွင် Fuel Pump ကောင်းမှ (Fuel System) ဆီပို့စနစ်ကောင်းမည်။ ခေတ်ပေါ်ကားများတွင် EFI စနစ်ဖြစ်၍ Fuel Pump အရေးကြီးသည်။ Fuel Pump တစ်လုံး၏ သက်တမ်းသည် မိုင် (၆၀,၀၀၀) ကျော်အသုံးခံသည်။

(၈) ဂတ်စ်ကတ် (Gasket)

ကားအင်ဂျင် တစ်လုံးတွင် Gasket မျိုးစုံသုံးသည်။ အဓိကအားဖြင့် Intake Manifold, Exhaust Manifold နှင့် အင်ဂျင် Head တို့ တပ်ဆင်ရာတွင် ဂတ်စ်ကတ်ကို သုံးရသည်။ ရာဘာဂတ်စ်ကတ်များလည်း ရှိသည်။ဂတ်စ်ကတ်အားလုံးထဲတွင် အင်ဂျင် Head Gasketသည် အရေးအကြီးဆုံးဖြစ်သည်။ အကြောင်းမျိုးမျိုးကြောင့် ရေတိုင်ကီရေဆူပြီး အင်ဂျင်အပူချိန်လွန်ကဲလျှင် ဂတ်စ်ကတ် ပြတ်တတ်သည်။ ဂတ်စ်ကတ်ပြတ်ပါက ရေလိုင်း၊ ဆီလိုင်းများ ရောနှောသွားပြီး အင်ဂျင်ကို ပျက်စီးစေသည်။ အရည်အသွေးကောင်းသော Gasket တစ်ချပ်၏ သက်တမ်းသည် မိုင် (၆၀,၀၀၀)မှ မိုင် (၇၀,၀၀၀)အထိ အသုံးခံသည်။ အင်ဂျင်အအေးခံစနစ်ကို ဂရုစိုက်လျှင် ဂတ်စ်ကတ်ပြတ်သောပြဿနာ ကင်းဝေးပြီး ကြာရှည်အသုံးခံမည်။

(၉) ရေလည်အုံ (Water Pump)

အင်ဂျင်အအေးခံစနစ်တွင် အဓိကကျသောအရာမှာ ရေလည်အုံ ဖြစ်သည်။ အအေးခံစနစ်အတွင်း အရည်များ လည်ပတ်စေရန် ရေလည်အုံပန့်က လှည့်ပေးရသည်။ Water Pump တွင် ဝိုင်းဆီးနှင့် Ball Bearing အထိုင်သည် အရေးကြီးသည်။ Pump သုံးစွဲမှုသက်တမ်း ကြာလာလျှင် ဝိုင်းဆီးပေါက်ပြီး ၄င်းနေရာမှ အအေးခံရည်များ ယိုစိမ့်ထွက်မည်။ အအေးခံစနစ်တွင် ရေယိုစိမ့်နေခြင်းသည် ရေတိုင်ကီရေဆူနိုင်သော ပြဿနာအရင်းအမြစ်ဖြစ်သည်။

(Water Pump) ရေလည်အုံတစ်လုံးသည် မိုင် (၇၀,၀၀၀)မှ မိုင်(၁၀၀,၀၀၀) ကျော်အထိ အသုံးခံပါသည်။ Water Pump မှ ရေယိုစိမ့်သော လက္ခဏာပြလျှင် ဘောလ် ထိုင်နှင့် ဝိုင်းဆီးမကောင်းတော့သည့် လက္ခဏာဖြစ်သည်။ အချို့သော ကားဆရာများက ရေလည်အုံကို ပြန်ပြင်၍ သုံးကြသည်။ အကောင်းဆုံးမှာ ရေလည်အုံ အသစ်တစ်လုံး လဲပေးခြင်းဖြစ်ပါသည်။

(၁၀) Spark Plugs

အင်ဂျင် မီးပေးစနစ် (Ignition System) တွင် Plug များသည် အဓိက တာ၀န်ထမ်းဆောင်ရသော အစိတ်အပိုင်းဖြစ်သည်။ ပလပ်မကောင်းလျှင် အင်ဂျင်စက်သံ မမှန်တော့ဘဲ ဆီစားများမည်။ ပလပ်များကို စစ်ဆေးခြင်း၊ ဆေးကြောခြင်း ပြုလုပ်ပေးရသည်။ EFI စနစ်သုံးသော ကားအင်ဂျင်များတွင် ပလပ်အမျိုးအစား ကောင်းကောင်း သုံးဖို့လိုပါသည်။ ပလပ်တီနမ်ပလပ်များသည် စျေးနှုန်းကြီးသော်လည်းမိုင် (၁၀၀,၀၀၀)အထိ အသုံးခံသည်။ အရည်အသွေးညံ့သော ဓာတ်ဆီများသည် ပလပ်သက်တမ်းကို တိုစေသည်။ မူလအော်ရီဂျင်နယ် ပါလာသော ပလပ်အမျိုးအစားသည် အကောင်းဆုံးဖြစ်၍ နောက်ထပ်လဲလျှင်လည်း အော်ရီဂျင်နယ်ပစ္စည်းကိုသာ သုံးသင့်သည်။

ကားတစ်စီးတွင် ပုံမှန်သက်တမ်းအတိုင်း လဲလှယ်ပေးရသော ပစ္စည်းအစိတ်အပိုင်း (Auto Parts) များသည် ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းဆရာတို့၏ ဂရုစိုက် ထိန်းသိမ်းခြင်း အပေါ်၌ မူတည်ပါသည်။ အချို့သောပစ္စည်းများ ကြာကြာအသုံးမခံခြင်းမှာ အရည်အသွေး ပြဿနာများကြောင့်လည်း ဖြစ်နိုင်သည်။

ကားတစ်စီးသည် အသစ်ဖြစ်စေကာမူ ပုံမှန် ထိန်းသိမ်းခြင်း (Maintenance Service) ဆောင်ရွက်ပေးရသည်။ Used Car များသည်လည်း ပို၍ ဂရုစိုက် ပြုပြင်ရသည်။ ပုံမှန် Maintenance ပြုလုပ်ခြင်းအပြင်၊ သက်တမ်းစေ့၍ ပစ္စည်းလဲလှယ်ပြုပြင်ရသော စရိတ်များလည်း ရှိသည်။ ပြုပြင်ထိန်းသိမ်းခြင်းသည် သင့်ကားကို သက်တမ်းကြာရှည်စေရုံသာမက အမြဲတမ်း အဆင်သင့် ကောင်းမွန်နေသော အခြေအနေကို ထိန်းသိမ်းထားခြင်းလည်း ဖြစ်သည်။ ဘေးကင်း လုံခြုံ စိတ်ချရသော ကားတစ်စီး ဖြစ်နေစေရန်အတွက်လည်း ဆောင်ရွက်ခြင်းဖြစ်သည်။

============================
Crd # #

ကျွန်တော့်ဆိုင်မှာ ဆီဖျန်းဖို့လာလာမေးကြတယ့် ကာစတန်မာများကို အကြိမ်ကြိမ် ဖြေကြားပေးနေရပါတယ်။အောက်ပိုင်းဆီဖျန်းရင် ဆိုးကျိ...
05/02/2020

ကျွန်တော့်ဆိုင်မှာ ဆီဖျန်းဖို့လာလာမေးကြတယ့် ကာစတန်မာများကို အကြိမ်ကြိမ် ဖြေကြားပေးနေရပါတယ်။
အောက်ပိုင်းဆီဖျန်းရင် ဆိုးကျိုးတွေ အဖြစ်များတာသိထားလို့ ငွေရဖို့ တစ်ခုတည်းအတွက် အလုပ်မလုပ်ချင်တယ့်အတွက် မလုပ်ဆောင်ပေးပါခင်ဗျာ။

အင်ဂျင်ခန်းနဲ့ ကားအောက်ပိုင်းကို ဆီတမျိုးမျိုး ဖြန်းထားသင့်သလား?

လူတွေက ကားအောက်ပိုင်းကို သံချေးမကိုက်အောင် သန့်ရှင်းရလွယ်ကူအောင်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒီဇယ်လို ဆီတမျိုးမျိုး ဖြန်းထားလေ့ရှိပါတယ်။ ဆီဖြန်းထားလိုက်တဲ့အခါ ကားအစိတ်အပိုင်းတွေဟာ အရောင်စိုလာပြီး သစ်လွင်သန့်ရှင်းနေတယ် ထင်ရပါတယ်။ ကားအောက်ပိုင်းက ထွက်နေကျအသံတွေ ပျောက်သွားပြီး စိတ်ကျေနပ်မှုရပါတယ်။

သင့်ကားကို ရေဆေး ဆာဗစ်ရှင်းအပ်တဲ့အခါ ရိုးရိုးဆေးမလား ဒီဇယ်နဲ့ဆေးမလား မေးပါလိမ့်မယ်။ ဒီဇယ်သုံးမယ်ဆို အားလုံးဆေးပြီးသွားတဲ့အခါ ကားအောက်ပိုင်းကို ဒီဇယ်ဖြန်းပေးပါလိမ့်မယ်။ ကားပိုင်ရှင်ရဲ့ တောင်းဆိုမှုကြောင့်ဖြစ်စေ အလုပ်ရုံရဲ့လုပ်ထုံးနည်းအရဖြစ်စေ အင်ဂျင်ခန်းကိုလည်း ဒီဇယ်ဖြန်းထားတတ်ပါသေးတယ်။ အဲ့ဒီလိုလုပ်ခြင်းရဲ့ ဆိုးကျိုးတွေက ဘာတွေလဲ?

ကားအောက်ပိုင်းကို ဒီဇယ် ဒါမှမဟုတ် အဲ့လိုဆီတမျိုးမျိုးဖြန်းတာဟာ (အထူးသဖြင့် ပူနွေးတဲ့ဒေသတွေမှာ) ရာဘာဘွတ်တွေကို လျင်မြန်စွာ ပျက်စီးစေပါတယ်။ ဒီထက်ပိုပြီး အရေးကြီးတဲ့အချက်ကတော့ ဆီတွေဟာ ဖုန်မှုန့်တွေကိုဆွဲကပ်ထားပြီး မာခဲလာခါ ဆွဲထိန်းတွေရဲ့လှုပ်ရှားတဲ့အစိတ်အပိုင်းတွေကို ပွန်းစားစေပါတယ်။

ဒါ့အပြင် စိုထိုင်းဆများတဲ့ဒေသမှာ ဖုန်မှုန့်နဲ့ရောနေတဲ့ဆီတွေဟာ အစိုဓါတ်နဲ့ဆားဓါတ်တွေကို ပိတ်လှောင်ထားပြီး ကားအောက်ခံထည်တွေကို လျင်မြန်စွာ ယိုယွင်းပျက်စီးစေပါတယ်။ O2 sensors နဲ့ suspension sensors တွေကိုလည်း ချို့ယွင်းစေပါတယ်။

ဝါယာရိန်းများနဲ့ အင်ဂျင်ခန်းကို ဖြန်းထားတဲ့အခါ အင်ဂျင်ပူလာချိန်မှာ ဝါယာရိန်းများနဲ့ ပလပ်စတစ်အပေါ်လွှာတွေဟာ မူလခံနိုင်ရည်ထက် ပိုပူလာပြီး ကျွတ်ဆပ်မာကြောလာခါ ကွဲပြတ်ပြီး ရှော့ဖြစ်ဖို့ကို ဦးတည်နေပါတယ်။ ရာဘာအစိပ်အပိုင်းများနဲ့ ပိုက်များကိုလည်း ပျက်စီးစေပါတယ်။ သင့်ရဲ့အင်ဂျင်ခန်းကို ဘယ်တော့မှ ဒီဇယ်ဖြန်းမထားပါနဲ့။ ဆာဗစ်လုပ်သူက ဖြန်းဖို့ပြင်နေရင် တားပါ။

အကြံပြုချက်တခုမှာတော့ ကားအောက်ပိုင်း စက်မှုအစိပ်အပိုင်းတွေကို ဒီဇယ်ဖြန်း ခဏထားပြီး ပြောင်အောင်ရေနဲ့ ဆေးကြောတာတော့ လုပ်လို့ရပါတယ်။ အင်ဂျင်ခန်းကိုတော့ မဖြန်းသင့်ဘူးလို့ ဆိုပါတယ်။

ကားထုတ်လုပ်သူတွေရဲ့ ပြုပြင်ထိန်းသိမ်းရေး ညွှန်ကြားချက်တွေမှာ ကားအောက်ပိုင်းနဲ့ အင်ဂျင်ခန်းကို ဆီတမျိုးမျိုးဖြန်းထားဖို့ ညွှန်ကြားထားတာ မတွေ့ရဘဲ အဲ့ဒီအစား အင်ဂျင်ဝိုင် ဂီယာဝိုင် ဘရိတ်ဆီ စတဲ့ ဆီတမျိုးမျိုးထည့်တဲ့အခါ ဘေးကိုမဖိတ်စင်အောင် ဂရုစိုက်ဖို့နဲ့ ဖိတ်စင်သွားတဲ့ဆီတွေဟာ ကားရဲ့အစိပ်အပိုင်းတွေကို ပျက်စီးစေလိမ့်မယ်လို့ ဆိုပါတယ်။ ကားအင်ဂျင်ခန်းနဲ့ ကားအောက်ပိုင်းကို ဆီချေးများနဲ့ ညစ်ပတ်မနေအောင် ဆေးကြောဖို့ ညွှန်ကြားပါတယ်။

ဒီတော့ ဆေးကြောဖို့အတွက် ရာဘာနဲ့ ဝါယာရိန်းတွေကို မထိခိုက်စေတဲ့ engine degreaser ကိုသုံးပါ။ သံချေးမကိုက်ဖို့အတွက် under car coatings များကိုသုံးသင့်ပါတယ်။ ကားထုတ်လုပ်သူတွေက ကားအောက်ပိုင်းကို coatings တစ်ထပ်လုပ်ထားပေးပြီးဖြစ်တာကြောင့်် ယေဘူယျအားဖြင့် ရေဆေးရုံနဲ့လုံလောက်ပါသတဲ့။
Crd # # #

 #ဒီနေ့ရဲ့ နီနီရဲရဲလေး🚗🚗HEIN ZAR က မိတ်ဆွေတို့ရဲ့ကားများကို စိတ်တိုင်းအကျဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးနေပါပြီရှင့်🤩🤩လာရော...
04/02/2020

#ဒီနေ့ရဲ့ နီနီရဲရဲလေး🚗🚗
HEIN ZAR က မိတ်ဆွေတို့ရဲ့ကားများကို စိတ်တိုင်းအကျဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးနေပါပြီရှင့်🤩🤩
လာရောက်အားပေးတဲ့Customerလူကြီးမင်းကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်🙏
ချစ်မိတ်ဆွေတို့ ကြိုက်လွန်းလို့ တန်ဖိုးကြီးကြီးပေးပြီးဝယ်စီးထားရတဲ့ ကားလေးကို အမြဲတမ်းအသစ်အတိုင်းသန့့်ရှင်းတောက်ပြောင်ပြီးစမတ်ကျနေစေဖို့ HEIN ZAR ကိုသာ ကြွလှမ်းခဲ့ပါနော်...🤗🤗🤗

HEIN ZAR
Car Polish & Detailing
အမှတ် ၉ , ဗိုလ်ဗထူးလမ်း,ကုန်စိမ်းစျေးဟောင်းအရှေ့ဘက်,ကန်ဖျားရပ် ,မြိတ်မြို့
မှာပါနော်
Ph 09 250667096
09 797913339
09 785173182

သင် သတိမပြုမိပါက အန္တရာယ်ပေးနိုင်သော ကားအောက်ပိုင်းရောဂါ လက္ခဏာများ=====================================================...
01/01/2020

သင် သတိမပြုမိပါက အန္တရာယ်ပေးနိုင်သော ကားအောက်ပိုင်းရောဂါ လက္ခဏာများ
================================================================================================
ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင် တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊ တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီးငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့့်၊ သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့ သင့်ကား အောက်ပိုင်း ရောဂါတွေပါ။

ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။
ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်း တော့မယ်ဆို ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။ ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊ သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊ ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။ ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊ ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။

ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက် သင်ကိုယ်တိုင် သတိပြုနိုင်တဲ့့ ကားအောက်ပိုင်းရောဂါလက္ခဏာတွေ ကိုအကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့် အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။

( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ
အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါ၀င်ပါသေးတယ် ။ အဲ့ဒီပစ္စည်းတွေနဲ့ အဓိက တွဲဖက် အလုပ်လုပ်နေတာကတော့
Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

(၁) တိုင်းရော့ (Tie rod )နဲ့ မိန်းလုံး(Tie rod end or Rack End) မကောင်းရင် ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ

တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့ ထင်ရှားတဲ့ လက္ခဏာ ကတော့ သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။ လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင် သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။ နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊ ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ ကားက တဖက်ဖက်ကို ဆွဲနေမယ်။ ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။ တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ ပျက်စီးမှု အများဆုံး ပစ္စည်းပါ။ တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့ အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။ ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင် ၀ပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊ Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။

(၂) Ball Joint မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက သင့်ကား အောက်ဘက်ထောင့်ဆီကနေ တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့ ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင် အဲဒီအသံက ထွက်လာတယ်ဆိုရင် အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။ ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။
Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့ သင့်ကားစတီယာရင် ( Steering ) ကို လာပြီး သက်ရောက်မှုတွေ ရှိလာပါမယ်။ ဖြစ်လာနိုင်တာကသင့်ကားစတီယာရင် မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့ ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့ တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင် မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (Constant Velocity -CV Joint ) ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။ သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့ တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ် တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင် အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။ နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့ ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။
မနေ့ကပဲ ကားတစ်စီ းဒူးဆစ်ဘောကိုထိန်းထားတဲ့ကလစ်ပြုတ်ပြီး ၀ပ်ရှော့ကို ကြိုးနဲ့ ဆွဲလာရပါ သေးတယ်။

(၄) Shock bar , Coil Spring , Struts မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ

ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက သိသာ ထင်ရှား ပါတယ်။ အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊ ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင် ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာ မျိုးတွေကို သိသာ ထင်ရှားစွာ ခံစားရပြီဆိုရင်တော့ အဲ့ဒါ Shock bar , Coil Spring , Struts တို့ မကောင်းတဲ့ လက္ခဏာရပ်ပါ ။ ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးကသင့်ကားကိုယ်ထည်တစ်ခု
လုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။ နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင် ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အာက်ကို ကျပြီး အပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်း မြင်တွေ.နိုင်ပါတယ်ခမျာ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင်

ကားတဖက်ဖက်ကို ဆွဲနေတဲ့ရောဂါလက္ခဏာပြရင် ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင် တစ်ဖက်နဲ့တစ်ဖက်မညီတာဖြစ်တတ်ပါတယ် ။ တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။ အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့ တာယာ လပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့ မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊ တာယာ တစ်ဖက်ဖက်မညီမညာ စားနေလား၊ ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။ မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment) မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။ အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။ တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။ ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

(၆) Brake မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ

ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊ ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့ ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင် Break Pads တွေ ကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊ ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီး ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) Steering မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ

စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကို လှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊ စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင် Steering Fluid နည်းနေတာဖြစ်နိုင်တယ်၊ Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ် ပွန်းစားနေတာဖြစ်နိုင်ပါတယ်. Steering Pump မကောင်းတာလည်းဖြစ်နိုင်ပါတယ်၊ Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။

ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊ အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေ အများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာက လမ်းမကောင်း တာရယ်၊ နောက် Used ကားတွေသာများတာကြောင့် ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်းဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့ ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကို မလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့် အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့် သဲတွေ ဖုန်တွေ ရွှံ.တွေက အထဲ၀င်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကို ပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။ အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်းတာေ ကြာင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။

နောက်တစ်ခုက အထက်ပါရောဂါတွေက တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံး စုပေါင်းပြီးလည်း ဖြစ်နိုင်ပါတယ်။ ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေ သံစုံတီးဝုိင်းသံတွေ ကြားနေရ ရင်တော့ သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။ စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေ သတိမမူဘ ဲမပြုပြင် မထိန်းသိမ်းရင် အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါ လိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊ ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေ အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။ ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့ အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကား ဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက် ချက်ခြင်း ကျွမ်းကျင် ၀ပ်ရှော့တွေမှာ စစ်ဆေးပြသပြီး ရောဂါကုသမှု ခံယူသင့်ကောင်း အကြုံပြုတင်ပြပေးလိုက်ရပါတယ်ခမျာ။

စာဖတ်သူ မိတ်ဆွေများအားလုံး နည်းပညာဗဟုသုတ တိုးတက်ပြီး ဘေးအန္တရာယ်ကင်းရှင်းကြပါစေ။

Prime Auto Technology

လာရောက်အားပေးတဲ့ချစ်မိတ်ဆွေcustomerအားအထူးကျေးဇူးတင်ရှိပါတယ်🤝🤝လူကြီးမင်း​၏စီးပွါးရေးတွေလည်းပိုမိုအဆင်ပြေအောင်မြင်ပါစေလို...
24/12/2019

လာရောက်အားပေးတဲ့ချစ်မိတ်ဆွေcustomerအားအထူးကျေးဇူးတင်ရှိပါတယ်🤝🤝လူကြီးမင်း​၏စီးပွါးရေးတွေလည်းပိုမိုအဆင်ပြေအောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်🙏🏻🙏🏻🙏🏻
Hein Zar က မိတ်ဆွေတို့ရဲ့ကားများကို စိတ်တိုင်းအကျဆုံးဖြစ်အောင် ဝန်ဆောင်မှုပေးနေပါပြီ။
ချစ်မိတ်ဆွေတို့ ကြိုက်လွန်းလို့ တန်ဖိုးကြီးကြီးပေးပြီးဝယ်စီးထားရတဲ့ ကားလေးကို အမြဲတမ်းအသစ်အတိုင်းသန့့်ရှင်းတောက်ပြောင်ပြီးစမတ်ကျနေစေဖို့ Hein Zar ကိုသာ ကြွလှမ်းခဲ့ပါနော်..

Hein Zar
Car Polish &Detailing
အမှတ် ၉ , ဗိုလ်ဗထူးလမ်း,ကုန်စိမ်းစျေးဟောင်းအရှေ့ဘက်,ကန်ဖျားရပ် ,မြိတ်မြို့
မှာပါနော်
Ph. 09787667096
09785173182
09797913339

Address

No. 9, Bo Ba Htoo Road, Kanphyar Qt
Myeik
09797913339

Opening Hours

Monday 07:45 - 17:00
Tuesday 07:45 - 17:00
Wednesday 07:45 - 17:00
Thursday 07:45 - 17:00
Friday 07:45 - 17:00
Saturday 07:45 - 17:00
Sunday 07:45 - 17:00

Telephone

+959797913339

Website

Alerts

Be the first to know and let us send you an email when Hein Zar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category