24/09/2020
copyကူးထားပါသည် အားလုံးပဲမဂ်လာပာ
FZ ပြုပြင်ထိန်းသိမ်းနည်းလေးတွေ သိသလောက်ဖော်ပြလိုက်ပါတယ်။
General Knowledge for Motorcycle
Engine oil
10w 30 (သို့) 20w 40
ကီလို၂၅၀၀ထက်ပိုမစီးဖို့ နဲ့ 1.3liter ပြည့်အောင်ဖြည့်ဖို့ အကြံပြုချင်ပါတယ်။ :-)
အဆင်ပြေတဲ့brandတွေကတော့
Ptt, motul, castrol, Yamalube တွေကောင်းပါတယ်။
Battery
သိပ်ကိုအရေးကြီးပါတယ် acid ရှိမရှိစစ်ဆေးပါ။ acid ခမ်းနေရင် battery ပျက်စီးနိုင်ပြီး efiမီးမလင်းတော့ဘဲ စက်နှိုးမရတဲ့အထိ ဖြစ်နိုင်ပါတယ်။ kick start မပါတဲ့ဘီးတွေပိုဂရုစိုက်သင့်ပါတယ်။
Plug
ဘီးကမပြေးဘဲ စပ်ငင်စပ်ငင် လေဘာတော့တော့ပြီးစီးနေသလိုဖြစ်နေပါလိပ်မယ် plugမကောင်းခဲ့ရင်။
Plug လဲရင် ninja plug ကအဆင်ပြေဆုံးပါ။
ခါးဆက် သို့ ခက်ရင်းအဆက် roller ball
နောက်ဘီး ထိန်းတဲ့ ခက်ရင်းနဲ့ frameကိုချိတ်ဆက်ထားတဲ့ ပစ္စည်းလေးပါ။ fzမှာ တခြားဘီးတွေလို စီလီကွန်နဲ့လုပ်ထားတဲ့ ဘွတ်မပါပါဘူး။ ခါးဆက်မှာ roller ball ကိုသုံးထားပါတယ်။ roller ball မကောင်း၇င် စီးရတာ တဖက်ကိုအလိုလိုဆွဲနေသလို ပါနေပါလိပ်မယ်။ ပစ္စည်းဝယ်လို့ရှားတဲ့အတွက် ကားpiston တွေထဲက ဂါချီပင်လို့ခေါ်တဲ့ပစ္စည်းကို အစားထိုးသုံးနိုင်ပါတယ်။
Main fuse
Fzမှာ fuse ဆိုလို့တစ်ခုပဲပါပါတယ်။ ညာဘက်အလယ်ဖုံးကိုဖွင့်လိုက်ရင် battery ကိုတွေ့ပါလိပ်မယ်။ battery ရဲ့ရှေ့နားမှာ main fuseရှိပါတယ်။
Main fuse ပြတ်နေမယ်ဆိုရင် စက်နှိုးမရဘဲ ဒိုင်ခွက်မီးလဲမလင်းတော့ပါဘူး။ amp တူညီတဲ့ fuseကိုဘဲ အစားထိုးအသုံးပြုသင့်ပါတယ်။ ထူးခြားတာကတော့ ကားတွေမှာသုံးတဲ့ fuse အမျိုးအစားပါ ကားအပိုပစ္စည်းဆိုင်တွေမှာ အလွယ်တကူဝယ်လို့ရပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ ။
တစ်နေရာထဲမှာ ဆိုင်ကယ်ချစ်သူတို့ ဆိုင်ကယ်အကြောင်းတွေကို သိရှိစေရန် ရှာဖွေနိုင်စေရန် ရည်ရွယ်ပါသည်။