X1 Auto Services

X1 Auto Services We don’t want to push our ideas on to customers,we simply want to make what they want….

𝑴𝒆𝒓𝒓𝒚 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 𝒕𝒐 𝒚𝒐𝒖 𝒂𝒍𝒍 !! 🎅🏻🎄ပျော်ရွှင်စရာ Christmas အချိန်လေး ဖြစ်ပါစေလို့ 𝐗𝟏 𝐀𝐮𝐭𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 မိသားစုမှ ဆုမွန်ကောင်းတေ...
24/12/2023

𝑴𝒆𝒓𝒓𝒚 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 𝒕𝒐 𝒚𝒐𝒖 𝒂𝒍𝒍 !! 🎅🏻🎄

ပျော်ရွှင်စရာ Christmas အချိန်လေး ဖြစ်ပါစေလို့
𝐗𝟏 𝐀𝐮𝐭𝐨 𝐒𝐞𝐫𝐯𝐢𝐜𝐞 မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့် 🖤

ကဆုန်လပြည့်ဗုဒ္ဓဟူးနေ့ ....ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ ညောင်ရေသွန်းပွဲတော်ကျင်းပတဲ့ နေ့ထူးနေ့မြတ်လ...
03/05/2023

ကဆုန်လပြည့်ဗုဒ္ဓဟူးနေ့ ....
ယနေ့ကျရောက်သော ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့ ညောင်ရေသွန်းပွဲတော်ကျင်းပတဲ့
နေ့ထူးနေ့မြတ်လည်းဖြစ်ပါတယ်..

ဖွား၊ပွင့်၊ဟော၊စံ ၊ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့လို့ခေါ်ဆိုကြတဲ့
ဒီနေ့ထူးက ဗောဒိညောင်ပင်မှာ ရေစင်သွန်းလောင်းပြီး
ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို
ဆိုကြပါတယ်....

ဒီလိုအခါတော်နေ့လေးမှာ မြန်မာပြည်သူ ပြည်သားအားလုံးစိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းတို့နှင့်
ပြည့်စုံပါစေကြောင်း ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်

💦 နှစ်သစ်ကူး သင်္ကြန်အချိန်အခါသမတွင် မြန်မာပြည်သူ ပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပ...
12/04/2023

💦 နှစ်သစ်ကူး သင်္ကြန်အချိန်အခါသမတွင် မြန်မာပြည်သူ ပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနှင့်ပြည့်စုံပါစေကြောင်း X1 Auto Service မိသားစုမှဆုမွန်ကောင်းတောင်းအပ်ပါရစေရှင်....🙏




#မြန်မာ့နှစ်သစ်ကူး

Computerized Diagnostic for Lexus lx570  2021 Computer box နှင့်ကားအောက်ပိုင်း ကြံ့ခိုင်မှု လာရောက် စစ်ဆေးပြီး လိုအပ်သည်...
06/04/2023

Computerized Diagnostic for
Lexus lx570 2021

Computer box နှင့်
ကားအောက်ပိုင်း ကြံ့ခိုင်မှု လာရောက် စစ်ဆေးပြီး
လိုအပ်သည် များ ပြုပြင် သွားတဲ့
လောပန် အား
X1 Auto Services မိသားစုမှ
လှိုက်လဲစွာ ကျေးဇူး တင်ရှိပါသည် ။

သတင်း စကား - ကားအောက်ပိုင်း အခမဲ့ စစ်ဆေးမယ်...

မိမိတို့ ကားဟာ အောက်ပိုင်းကောင်းလား ၊မကောင်းဘူးလားဆိုတာ ကို ကျွန်တော်တို့X1 Auto services မှာ အခမဲ့လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်ပါတယ်။
အခမဲ့ လာရောက်စစ်ဆေးပေးပြီး မပြင်ရင်ရောရလား…..
မပြင်လည်းရပါတယ်။ တခြားကားဝပ်ရှော့တွေမှာ ဘာတွေပြင်ရမယ်ဆိုတဲ့ မှတ်ချက်လေးတောင် ကျွန်တော်တို့ စေတနာနဲ့ ရေးပေးလိုက်ဦးမှာပါခင်ဗျ။
အဲတော့ လာရောက်ပြသဖို့က လူကြီးမင်းတို့တာဝန် ၊ ကျွန်တော်တို့ ဝန်ထမ်းတွေကတော့ အကောင်းဆုံးသေချာစစ်ဆေးပေးဖို့ လူကြီးမင်းတို့ကို စောင့်ကြိုနေမှာပါ။


#အောက်ပိုင်း
ဇော်ဂျီ ၁ လမ်း နှင့် ဇော်ဂျီ ၂ လမ်း ၊
လမ်းသွယ် ၃ လမ်း ၊ မြဝတီမြို့

09964111196

🔰မော်တော်ယာဉ်တွေမှာပါတဲ့ အချက်ပြမီးများ၏🔰အဓိပ္ပါယ်အသီးသီးကို မိတ်ဆွေတို့လေ့လာနိုင်စေဖို့အတွက် ပြန်လည်မျှဝေဖော်ပြလိုက်ပါတ...
01/04/2023

🔰မော်တော်ယာဉ်တွေမှာပါတဲ့ အချက်ပြမီးများ၏🔰
အဓိပ္ပါယ်အသီးသီးကို မိတ်ဆွေတို့လေ့လာနိုင်စေဖို့အတွက် ပြန်လည်မျှဝေဖော်ပြလိုက်ပါတယ်။

၁။ ကလပ်နင်းချိန် ပြသော အချက်ပြမီး
၂။ ဘရိတ်နင်းချိန်ပြသော အချက်ပြမီး
၃။ စတီရာရင် လော့ချအချက်ပြမီး
၄။ မီးကြီးထိုး အချက်ပြမီး
၅။ တာယာ လေပေါင် ဖိအားနည်း အချက်ပြမီး
၆။ ဘေးမီးဖွင့် အချက်ပြမီး
၇။ မီးကြီး၊တွဲမီး၊Signalမီးသီး ပြသနာရှိ အချက်ပြမီး
၈။ ဘရိတ်မီး ပြသနာရှိ အချက်ပြမီး
၉။ နှင်းတောမောင်းနှင် အချက်ပြမီး
၁၀။ ထူးခြားသတင်း အချက်အလက် အချက်ပြမီး
၁၁။ ဒီဇယ် အပူပေး အချက်ပြမီး
၁၂။ ရေခဲမှတ် အချက်ပြမီး
၁၃။ စက်နိုးခြင်း ပြသနာရှိ အချက်ပြမီး
၁၄။ ကားထဲ သော့ မရှိ အချက်ပြမီး
၁၅။ သော့ထဲက ဓာတ်ခဲ အားနည်း အချက်ပြမီး
၁၆။ ရှေ့ကားနဲ့ နီး အန္တရာယ်ရှိ အချက်ပြမီး
၁၇။ ပြုပြင်ထိန်းသိမ်းမှု လုပ်ရန် အချက်ပြမီး
၁၈။ မီးကြီးချိန် အချက်ပြမီး
၁၉။ မီးကြီးချိန် ထောင့်ချိုးချိန်ညှိ အချက်ပြမီး
၂၀။ ကားနောက် စပွိုင်လာ-အမှီး ပြသနာရှိ အချက်ပြမီး
၂၁။ အမိုးဖွင့် ပိတ် ပြသနာရှိ အချက်ပြမီး
၂၂။ ရှေ့ လေအိတ် ပိတ် အချက်ပြမီး
၂၃။ လက်ဆွဲ ဘရိတ် အချက်ပြမီး
၂၄။ ရှေ့ နှင်းခွဲမီး ပြသနာရှိ အချက်ပြမီး
၂၅။ ပါဝါ စတီရာရင်(steering) စနစ် ပြသနာရှိ
အချက်ပြမီး
၂၆။ နောက် နှင်းခွဲမီး ပြသနာရှိ အချက်ပြမီး
၂၇။ ဝိုက်ဘာရေနည်း အချက်ပြမီး
၂၈။ ဘရိတ်ရှူးပြားပါး အချက်ပြမီး
၂၉။ လီဘာနင်းရန် မလို အရှိန်ထိန်း အချက်ပြမီး
၃၀။ ဘယ်/ညာ အချက်ပြမီး
၃၁။ အလင်းနှင့် မိုး အာရုံခံ ဆင်ဆာ ပြသနာရှိ အချက်ပြမီး
၃၂။ ဆီfilter ရေရှိ အချက်ပြမီး
၃၃။ လေအိတ်ပိတ် အချက်ပြမီး
၃၄။ စက် သို့ လျှပ်စစ် ပြသနာရှိ အချက်ပြမီး
၃၅။ မီးကြီးချ အချက်ပြမီး
၃၆။ လေစစ် လဲရန် အချက်ပြမီး
၃၇ ။ ပါကင်ထိုးအာရုံခံ အချက်ပြမီး
၃၈။ ဒီဇယ် - PDF filter ပြသနာရှိ အချက်ပြမီး
၃၉။ နောက်တွဲ ချိတ် ပလပ်လွတ် အချက်ပြမီး
၄၀။ ကားအောက်ပိုင်း လေအိတ် ပြသနာရှိ အချက်ပြမီး
၄၁။ လမ်း အချက်ပြ ထောက်ပံ့ စနစ် အချက်ပြမီး
၄၂။ အိတ်ဇော ခဲမှတ် ပြသနာရှိ အချက်ပြမီး
၄၃။ ထိုင်ခုံ ခါးပတ် အချက်ပြမီး
၄၄။ ပါကင်ထိုး အချက်ပြမီး
၄၅။ ဘက်ထရီ charging ပြသနာရှိ အချက်ပြမီး
၄၆။ ဆီစားနည်း အချက်ပြမီး
၄၇။ ကုန်းဆင်း ထောက်ပံ့ အချက်ပြမီး
၄၈၊ အင်ဂျင် အပူလွန်ကဲ အချက်ပြမီး
၄၉။ Anti-log brake စနစ် ပြသနာရှိ အချက်ပြမီး
၅၀။ လောင်စာဆီစစ် ပိတ် အချက်ပြမီး
၅၁။ တံခါးဖွင့် အချက်ပြမီး
၅၂။ ရှေ့ဘောနပ်ဖွင့် အချက်ပြမီး
၅၃။ ဆီ ဖြည့်ရန်လိုအပ်သော အချက်ပြမီး
၅၄။ အော်တို ဂီယာဘောက်စ် ပြသနာရှိ အချက်ပြမီး
၅၅။ အရှိန်ထိန်းချုပ်ခြင်း အချက်ပြမီး
၅၆။ ကားအောက်ပိုင်း ပြသနာရှိ အချက်ပြမီး
၅၇။ ရှေ့ မှန် လေပေး အချက်ပြမီး
၅၈။ ကားတည်ငြိမ်မှုထိန်း အချက်ပြမီး
၅၉။ နောက်တံခါးဖွင့် အချက်ပြမီး
၆၀။ အင်ဂျင်ဝိုင် ဖိအားနည်း အချက်ပြမီး
၆၁။ အော်တို Wiper အချက်ပြမီး
၆၂။ အင်ဂျင် ပြသနာရှိ အချက်ပြမီး
၆၃။ မိုးရေ အာရုံခံ အချက်ပြမီး
၆၄။ နောက်မှန်လေပေး အချက်ပြမီး

စီးဖို့ Model မြင့်ကားတွေ ကမ်းကူးပြီး စိတ်တိုင်း ကျ ကားအောက်ပိုင်း ကြံ့ခိုင်မှု လာရောက် စစ်ဆေးပြီး လိုအပ်သည် များ ပြုပြင...
31/03/2023

စီးဖို့ Model မြင့်ကားတွေ ကမ်းကူးပြီး
စိတ်တိုင်း ကျ
ကားအောက်ပိုင်း ကြံ့ခိုင်မှု လာရောက် စစ်ဆေးပြီး
လိုအပ်သည် များ ပြုပြင် သွားတဲ့
ရွှေကုက္ကို မှ လောပန် အား
X1 Auto Services မိသားစုမှ
လှိုက်လဲစွာ ကျေးဇူး တင်ရှိပါသည် ။

သတင်း စကား - ကားအောက်ပိုင်း အခမဲ့ စစ်ဆေးမယ်...

မိမိတို့ ကားဟာ အောက်ပိုင်းကောင်းလား ၊မကောင်းဘူးလားဆိုတာ ကို ကျွန်တော်တို့X1 Auto services မှာ အခမဲ့လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်ပါတယ်။
အခမဲ့ လာရောက်စစ်ဆေးပေးပြီး မပြင်ရင်ရောရလား…..
မပြင်လည်းရပါတယ်။ တခြားကားဝပ်ရှော့တွေမှာ ဘာတွေပြင်ရမယ်ဆိုတဲ့ မှတ်ချက်လေးတောင် ကျွန်တော်တို့ စေတနာနဲ့ ရေးပေးလိုက်ဦးမှာပါခင်ဗျ။
အဲတော့ လာရောက်ပြသဖို့က လူကြီးမင်းတို့တာဝန် ၊ ကျွန်တော်တို့ ဝန်ထမ်းတွေကတော့ အကောင်းဆုံးသေချာစစ်ဆေးပေးဖို့ လူကြီးမင်းတို့ကို စောင့်ကြိုနေမှာပါ။


#အောက်ပိုင်း
ဇော်ဂျီ ၁ လမ်း နှင့် ဇော်ဂျီ ၂ လမ်း ၊
လမ်းသွယ် ၃ လမ်း ၊ မြဝတီမြို့

09964111196

သင်္ကြန် ပိတ်ရက် ခရီးသွားဖို့ Toyota Land Cruiser 2016 ပိုင်ရှင် ဘော့မှ ကားအောက်ပိုင်း ကြံ့ခိုင်မှု လာရောက် စစ်ဆေးပြီး လ...
30/03/2023

သင်္ကြန် ပိတ်ရက် ခရီးသွားဖို့
Toyota Land Cruiser 2016 ပိုင်ရှင် ဘော့မှ
ကားအောက်ပိုင်း ကြံ့ခိုင်မှု လာရောက် စစ်ဆေးပြီး
လိုအပ်သည် များ ပြုပြင် သွားတဲ့ အတွက်
X1 Auto Services မိသားစုမှ
လှိုက်လဲစွာ ကျေးဇူး တင်ရှိပါသည် ။

သတင်း စကား - ကားအောက်ပိုင်း အခမဲ့ စစ်ဆေးမယ်...

မိမိတို့ ကားဟာ အောက်ပိုင်းကောင်းလား ၊မကောင်းဘူးလားဆိုတာ ကို ကျွန်တော်တို့X1 Auto services မှာ အခမဲ့လာရောက်စစ်ဆေးဖို့ ဖိတ်ခေါ်ပါတယ်။
အခမဲ့ လာရောက်စစ်ဆေးပေးပြီး မပြင်ရင်ရောရလား…..
မပြင်လည်းရပါတယ်။ တခြားကားဝပ်ရှော့တွေမှာ ဘာတွေပြင်ရမယ်ဆိုတဲ့ မှတ်ချက်လေးတောင် ကျွန်တော်တို့ စေတနာနဲ့ ရေးပေးလိုက်ဦးမှာပါခင်ဗျ။
အဲတော့ လာရောက်ပြသဖို့က လူကြီးမင်းတို့တာဝန် ၊ ကျွန်တော်တို့ ဝန်ထမ်းတွေကတော့ အကောင်းဆုံးသေချာစစ်ဆေးပေးဖို့ လူကြီးမင်းတို့ကို စောင့်ကြိုနေမှာပါ။


#အောက်ပိုင်း
ဇော်ဂျီ ၁ လမ်း နှင့် ဇော်ဂျီ ၂ လမ်း ၊
လမ်းသွယ် ၃ လမ်း ၊ မြဝတီမြို့

09964111196

ခရီးအကွာဝေး မိုင်တွက်နည်း💥💥💥1 .6 kilometer = 1 mile48 kilometer  48 ÷ 1.6 ) × 1                        = 30 × 1         ...
07/03/2023

ခရီးအကွာဝေး မိုင်တွက်နည်း💥💥💥

1 .6 kilometer = 1 mile
48 kilometer 48 ÷ 1.6 ) × 1
= 30 × 1
= 30 miles
ဒိုင်ခွက်ထဲက လက်တံ က 48 km မှာထားပီးမောင်းလျှင်
1 နာရီမှာ မိုင် 30 ရောက်ပါမည်

80 kilometer = (80 ÷ 1.6 )× 1
= 50 × 1
= 50 Miles
80 kilometer နှုန်းနဲ့ မောင်းလျှင်
1 နာရီ ကြာပြီးသွားလျှင် မိုင် 50 ရောက်ပါမည်

100 kilometer = ( 100 ÷ 1.6 ) ×1
=62.5 miles
100 kilometer နှုန်းနဲ့ မောင်းလျှင်
1 နာရီကို 62.5 မိုင်ရောက်ပါမည်

ကိုယ့်သွားမည့်မိုင် ကိုသိလျှင်
ဘယ်လောက် speed နဲ့မောင်းလျှင်
ဘယ် အချိန်ရောက်မှလဲ တွက်ပေးတာပါ
ကျေးဇူးပါ စာကို ဆုံးအောင် ဖတ်ပေးလို့။

#မူရင်းရေးသားသူအား‌လေးစားစွာဖြင့်
creditပေးပါသည်။

**** Toyota Crown အကြောင်း **** တိုယိုတာရဲ့ Crown အကြောင်း လေး ဖောက်သည်ချချင်ပါတယ်။ Crown လို့ ဆိုလိုက်တာတဲ့ မြန်မာတွေ ရ...
21/02/2023

**** Toyota Crown အကြောင်း ****

တိုယိုတာရဲ့ Crown အကြောင်း လေး ဖောက်သည်ချချင်ပါတယ်။ Crown လို့ ဆိုလိုက်တာတဲ့ မြန်မာတွေ ရင်ထဲမှာတော့ ဂျပန် မာစီးဒီးလို့ တောင် ပြေးမြင်မိမယ်ထင်မိပါတယ်။ 1955 ခုနှစ်ကတည်းက စတင် ထုတ်လုပ်ခဲ့တဲ့ ဒီမော်ဒယ်ဟာ နှစ်ပေါင်း ၆၀ တိုင်ရှိခဲ့ပါပြီ။ စတင်ထုတ်လုပ်စဉ် ကတော့ Mid size luxury မော်ဒယ်အဖြစ် အသုံးပြုဖို့ ရည်ရွယ် ထုတ်လုပ်ခဲ့ပေမဲ့ 1995 ရဲ့နောက်ပိုင်းမှာတော့ ပိုမို ကောင်းမွန် ပြီးသက်တောင့်သက်သာ ရှိတဲ့ Luxury ကားလိုမျိုး ဖန်တီးလာပါတယ်။
Crown ဆိုတဲ့ မျိုးရိုးနာမည်ဟာ စတင်ထုတ်လုပ်စဉ်ကတည်းက ပြောင်းလဲခဲ့ခြင်း လုံးဝ မရှိသေးတဲ့ နာမည်ရင်း ဖြစ်ပါတယ်။ တိုယိုတာမှာ မျိုးဆက်တစ်ခု နာမည် တစ်လုံးတည်း ကမ္ဘာအနှံ ဖြန့်ချိတာ ဆိုလို့ ဒီ Crown လေးပဲရှိပါတော့တယ်။

1955 မှာ Toyopet Master ဆိုတဲ့ concept ကားကို ထုတ်ပြခဲ့အပြီး လေးလ အကြာမှာ ဒီဇိုင်း အနည်းငယ်သာ ပြောင်းလဲထားတဲ့ Crown ကို စတင်ရောင်းချခဲ့ပါတယ်။ RS series Toyopet Crown ရဲ့ first generation ပါပဲ။

First Generation S30(1955-1962)
1.5 L R I4 အင်ဂျင်တပ်ဆင်ထားတဲ့ Crown ကို စျေးကွက်တင်ရောင်းချ ခဲ့ပေမဲ့ ဝယ်ယူစီးနင်းသူ သိပ်မများလှပါဘူး။ နောက်ထပ် ၅ လ အကြာမှာတော့ 1.8 L 3R I4 အင်ဂျင်တပ် Crown အမျိုးအစားကိုတော့ တက္ကစီ အဖြစ် ထုတ်လုပ်ရောင်းချ ရင်းစတင်လူကြိုက်များလာပါတယ်။ ထူးထူး ခြ ားခြ ား Suspension ပြောင်းလဲလိုက်တဲ့ အတွက် ပိုမိုငြိမ့်ညောင်းမှု ရှိလာလို့ဖြစ်ပါတယ်။ ထိုစဉ်က Toyopet Crown ကို 4 door sedan, 4 door Station Wagon နဲ့ 2 door Station wagon ဆိုပြီးခွဲခြားထုတ်ပေမယ့် sedan အမျိုးအစားသာ popular ဖြစ်ခဲ့ပါတယ်။

Second Generation S40(1962-1967)
လက်ရှိ ချိန်မှာ တော့ ဒီ second generation crown တွေကို classic car အဖြစ်သတ်မှတ် ပြီး အမြတ်တနိုး သိမ်းဆည်း နေကြပါပြီ။ ဒီ S40 မျိုးဆက်မှာတော့ ကား ဆိုဒ်ဟာ တော်တော်ကြီးလာပြီး ပိုပြီး ငြိမ့်ညောင်းမှု ရှိလာပါတယ်။ Sedan , Station wagon , Coupe ဆိုပြီး ၃ ပုံစံ ထုတ်ခဲ့ပြီး 1.8L 3R I4 အင်ဂျင်နဲ့ 2.0L M I6 တို့ကို စိတ်တိုင်းကျ တပ်ဆင်ခွင့် ပြုထားသလို Deluxe နဲ့ Super Deluxe ဆိုပြီး မော်ဒယ် ကွဲဂရိတ် ကွဲ တွေနဲ့ စတင်ရောင်းချတာပါ။
ဂီယာ အနေနဲ့ မန်နူရယ် ၃ ချက် အပြင် အော်တို ၂ ချက်ပါ ရွေးချယ်လို့ရပါသေးတယ်။ 1964 မှာတော့ Crown eight လို့ ခေါ်တဲ့ V8 အင်ဂျင်တပ် sedan အမျိုးအစားကို အရေအတွက် ကန့်သတ်ပြီးထုတ်ခဲ့ပါသေးတယ်။ ထိုအချိန်က အရမ်းကြီးမားတဲ့ အင်ဂျင် အဖြစ် အမွန်းတင်ခံခဲ့ရတဲ့ 2.6L V V8 အင်ဂျင် ဟာ လက်ရှိ Crown Majesta ရဲ့ ဘိုးအေ ကြီး လို့ သတ်မှတ်နိုင်ပါတယ်။

Third Generation S50(1967-1971)
ဒီမျိုးဆက်မှာတော့ ရှေ့မျိုးဆက်နဲ့ ကွာခြားတာက ရုပ်ထွက် အနည်းငယ် သာရှိပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ အရွယ်အစား ကြီးမားတဲ့ 2.0L နဲ့ 2.3L အင်ဂျက်များသာ တပ်ဆင်ထားတဲ့ အတွက်လည်း အင်ဂျင်ပါဝါ အသေး လိုအပ်သူများ အတွက် Mid-Size luxury မျိုးဆက်မှာ Mark II အမျိုးအစား ကို ထပ်ပေါင်း ပြီး Crown ကိုတော့ Full-Size Luxury series ဖြစ်ဖို့ အတွက် ဆွဲတင်ထားခဲ့ပါတယ်။ O/D over drive ဆိုတဲ့ စနစ်တပ်ဆင်ခဲ့သလို transmission ပိုင်းမှာ 3/4 speed Manual, 2/3 speed auto ဆိုပြီး ရွေးချယ်စရာများလှပါတယ်။
Super saloon ဆိုတဲ့ဂရိတ်တစ်မျိုးလည်း ရောင်းချခဲ့သလို , အတွင်းခန်း ပစ္စည်း အားလုံး နီးပါး လည်သာ နဲ့ တပ်ဆင်ထုတ်လုပ်ပေးတဲ့ ဂရိတ်ပါ။

Fourth Generation S60&70(1971-1974)
ဒီမျိုးဆက်မှာတော့ Super saloon မော်ဒယ်တွေထဲက Deluxe နဲ့ Super Deluxe ဂရိတ် တွေအပြင် Super Limousine ဆိုတဲ့ ဇိမ်ခံကား အမျိုးအစား ကိုပါ စတင်ထုတ်လုပ်ပါတယ်။ အင်ဂျင်ပါဝါအနေနဲ့ ယခင် 2.0L , 2.3L တွေ အပြင် 2.6L 4M I6 အင်ဂျင် ထိပါ တပ်ဆင်ထုတ်လုပ်လာတာ တွေ့ရပါတယ်။
Hardtop coupe လို့ ခေါ်တဲ့ တံခါး ၂ ပေါက် ကို ပွဲထုတ်လာပြီး in-line six cylinder အမျိုးအစား 2.0L MI6 ကို chassis MS70, 2.6L 4M I6 ကို MS75 ဆိုပြီး ခွဲထုတ်ပေးပေမယ့် ရုပ်ကတော့ အတူတူပဲဖြစ်ပါတယ်။
Rectangular halogen light လို့ ခေါ်တဲ့ မီးခွက် လေးထောင့် နဲ့ တပ်ဆင်ထုတ်လုပ်တဲ့ အမျိုးအစား လည်း ထွက်ပါတယ်( ရှေ့မော်ဒယ်တွေမှာ မီးခွက် အဝိုင်းသာ ပါပါတယ်)။

Fifth Generation S80,90&100(1974-1979)
Sedan နဲ့ Wagon မော်ဒယ်တွေကို S80 chassis, 2door နဲ့ 4 door hardtop coupe တွေကိုတော့ S90 ပေးခဲ့ပေမယ့် ဂျပန် ပြည်တွင်း သုံး Crown မော်ဒယ်အားလုံး ကတော့ S100 ဆိုတဲ့ Chassis သာ ရိုက်နှိပ်ပါတယ်။ TTC-C လို့ခေါ်တဲ့ catalytic converter စနစ်စတင်တပ်ဆင်ပေးခဲ့ပါသေးတယ်။ အင်ဂျင်အနေနဲ့ အရင် မော်ဒယ်တွေ အတိုင်းသာရှိပေမယ့် ဂရိတ်ခွဲ ၄ မျိုး ဖြစ်လာပါတယ်။ Standard, Deluxe, Super Saloon နဲ့ Royal Saloon တို့ဖြစ်ပြီး Royal Saloon က အမြင့်ဆုံး ဂရိတ် အင်ဂျင်ပါဝါ 2.6L နဲ့ အပြင် အခြား ဂရိတ်တွေထက် ကားအရှည်နဲ့ အကျယ် ပိုပါတယ်။

Sixth Generation S110 (1979-1983)
ထောင့်စပ်စပ် ရုပ်ကို ဆင့်ကဲပြောင်းလဲလာတဲ့ Crown ဟာ ဒီမျိုးဆက်မှာတော့ တိကျတဲ့ ထောင့်ဖောင်းလိုင်းတွေနဲ့ luxury ကား အမျိုးအစားထဲ တိတိပပ ဝင်ရောက်သွားပါပြီ။ ရှေ့မီးလုံးဟာ လေ့ထောင့် မီးကြီး တစ်လုံး တည်း ဖြစ်လာသလို တာဘို အင်ဂျင်တပ် မော်ဒယ်တွေပါ စျေးကွက်ဝင်လာပါတယ်။ ဂျပန် အစိုးရရဲ့ မူဝါဒ အရ အင်ဂျင်ပါဝါ အကြီးစားတွေ ထုတ်ဖို့ မဖြစ်နိုင်တာကြောင့် မူလ အင်ဂျင်ပါဝါ ကိုပဲ ထပ်တိုးထုတ်ပေးမယ် တာဘို အင်ဂျင်တွေ တပ်ဆင်လာရတာပါ။ ဒီမော်ဒယ်မှာတော့ Luxury ဆိုတဲ့ အတိုင်း Sunroof, Electronic compass, driver power seat, Cruise control, Stereo tuner, Auto climate control, fridge, rear seat air con စသဖြင့် မြောက်များစွာသော optional တွေ ကိုရွေးချယ်ခွင့်ပေးထား ပါတယ်။

Seventh Generation S120(1983-1987)
မြန်မာပြည်နဲ့ များစွာ မစိမ်းတဲ့ ဒီမျိုးဆက်မှာတော့ Base version super saloon မှာ 2.0L 1G-GE I6 ကို သုံးစွဲပေးထားပါတယ်။ အဓိက ဒီဇယ် အင်ဂျင်ခေတ်စားနေချိန် ဖြစ်တဲ့အတွက် 2.4L 2L I4 diesel အင်ဂျင်တပ် Crown တွေ အများအပြား ရောင်းချခဲ့ရသလို့ အင်ဂျင်ပိုင်းမှားများစွာ အပြောင်းအလဲ ရှိခဲ့ပါတယ်။ T-VIS လို့ခေါ်တဲ့ intake စနစ်တွေ တပ်ဆင်ခဲ့သလို TEMS လို့ခေါ်တဲ့ Electronic suspension စနစ်တွေ အပြင် ETC transmission တွေပါပါဝင်လာတဲ့ မော်ဒယ် မို့လို့ တခေတ်တခါက မြန်မာပြည်မှာ အရမ်း ခက်ခက်ခဲခဲ ပြုပြင်ထိန်းသိမ်းခဲ့ရတာ ကြားဖူးပါတယ်။ Cassette player, CD player တို့ အတူတွဲပါဝင်လာသလို အခြားသော ဇိမ်ခံပစ္စည်းပေါင်းမျယးစွာ ဖြည့်စွက်ပါဝင်ပါသေးတယ်။
သာမာန် Crown မော်ဒယ်မှာ Super selected model ဂရိတ် ဟာ သင့်တေည်သလို high luxury series မှာတော့ Royal saloon ဟာ အမြင့်ဆုံး ဇိမ်ခံကား အမျိုးအစားအဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။

Eighth Generation S130(1987-1991)
ဒီမျိုးဆက်မှာတော့ ထူးခြားမှု အထွေအထူး မရှိလှပါဘူး။ 4.0L 1UZ-FE V8 အင်ဂျင် တပ် Royal Saloon G အမျိုးအစား ထပ်မံ ထွက်ပေါ်လာခဲ့ သလို 2.4L 2L-TE turbo diesel နဲ့လည်း ရနိုင်ပါသေးတယ်။ CD-ROM base navigation system ဟာ အထူးအဆန်း ဖြစ်ခဲ့သလို့ TRC လို့ ခေါ်တဲ့ traction control ကလည်း အံ့မခန်း စွမ်းဆောင်ရည် ကိုပေးပါတယ်။

Ninth Generation S140(1991-1995)
Crown Majesta ဆိုတဲ့ မျိုးကွဲ luxurious တစ်ခု ကွဲထွက်လာသလို ယနေ့အချိန်ထိ လူကြိုက်များလှတဲ့ 1JZ-GE, 2JZ-GE အင်ဂျင်တွေ စတင် အသက်ဝင်လာတဲ့ မျိုးဆက်ပါပဲ။ ရုပ်ထွက်ကတော့ လုံးရာကနေ လေးထောင့် , ဒါကနေ တစ်ခါ ပြန်လုံးလာတဲ့ မျိုးဆက်မှာ sedan ကိုသာ အဓိက ထား ထုတ်ပါတော့တယ်။ Standard , Deluxe , Super Deluxe , Super Saloon, Royal Saloon, Royal Saloon G နဲ့ Majesta ဆိုပြီး ကွဲပြားပေမယ့် Royal Saloon G နဲ့ Majesta မှာသာ 4.0L အင်ဂျင်တပ် အမျိုးအစားနဲ့ အတွင်းဂရိတ် အမြင့်ဆုံး ရနိုင်ပါတယ်။

Tenth Generation S150(1995-1999)
ဒီမျိုးဆက်မှာတော့ Royal Touring ဆိုတဲ့ 4WD မော်ဒယ်တိုးလာတာကလွဲလို့ အပြောင်းအလဲ အများကြီး မရှိပါဘူး။ Crown comfort လို့ ခေါ်တဲ့ တက္ကစီအများအပြားကိုတော့ တရုတ်, ဂျပန်, စင်ကာပူ, ဟောင်ကောင် နဲ့ အာရှ ဒေသ နေရာတော်တော်များများမှာ လုပ်ငန်းသုံးအဖြစ်ရောင်းချခဲ့ပါတယ်။

11th Generation S170(1999-2003)
အနည်းငယ် ကြွားထွက်လာတဲ့ ရုပ်ထွက်နဲ့ လက်ရှိ မြန်မာပြည်မှာ အတွေ့ရများတဲ့ Crown မော်ဒယ် ဖြစ်ပါတယ်။ ပုံစံ ကွဲ လေးမျိုး နဲ့ ပွဲထုတ်လာတဲ့ ဒီမော်ဒယ်မှာ Royal , Athlete , Majesta , Estate ဆိုပြီး ကွဲပြားပါတယ်။ ဒီအထဲက Royal Estate ကတော့ Wagon type ဖြစ်ပြီး ကျန် သုံးမျိုး ကတော့ luxury sedan တွေပါ ။ Majesta ကတော့ ရုပ်ထွက်တူပေမယ့် ပိုကြီး ပြီး ပိုရှည်သလို 3.0L အင်ဂျင်နဲ့သာ လာပါတယ်။ 2.0L 1G-FE ကိုတော့ Royal Saloon လို ဂရိတ်နိမ့်တွေမှာ သာ တပ်ဆင်ပေးပြီး ကြားဂရိတ်ဖြစ်တဲ့ Athlete V မှာတော့ 2.5 L 1JZ-FE အင်ဂျင်မှာ တာဘို ပါဝင်ပါတယ်။ ထူးခြားမှု အနေနဲ့ကတော့ 2.5L နဲ့ 3.0L အင်ဂျင်တပ် မည့်သည့် ဂရိတ် မှာမဆို Mild Hybrid လို့ခေါ်တဲ့ HSD ( Hybrid synergy drive) စနစ်တပ်ဆင်နိုင်ပါတယ်။

12th Generation S180( 2003-2008)
1JZ/ 2JZ တို့လို ရုန်းအား အရမ်းကောင်းတဲ့ in-line 6 cylinder အင်ဂျင်တွေ ကို ဖယ်ထုတ်လိုက်ပြီး V6 အင်ဂျင်တွေသာ နေရာယူလာတဲ့ ဒီမျိုးဆက်မှာတော့ ထူးထူးခြားခြား ရုပ်ထွက်ပါပြောင်းလဲသွားပါတော့တယ်။ Full-Size luxury ကားလို့ ကြွေးကြော်ခဲ့ စဉ်ကတည်းက အပြောင်းအလဲညင်သာခဲ့တဲ့ ရုပ်ထွက်ဟာ ဒီမျိုးဆက် အရောက်မှာတော့ လုံးဝ ကွဲပြားထွက်လာခဲ့ပေမယ့် နာမည်ကတော့ မပြောင်းလဲခဲ့ပါဘူး။
Crown Majesta ကိုတော့ ထူးထူးခြားခြားခွဲထုတ် ခဲ့ပြီး 4.3L V8 အင်ဂျင်နဲ့ သာထုတ်ပေးခဲ့ပြီး 4WD ကိုတော့ optional အဖြစ်ထားခဲ့ပါတယ်။
Royal Saloon နဲ့ Athlete ဂရိတ်တွေမှာတော့ V6 အင်ဂျင် Hybrid စနစ်နဲ့ သုံးမျိုး ရွေးချယ်နိုင်ပါတယ်။
2.5L 4GR-FSE V6, 3.0L 3GR-FSE V6 နဲ့ 3.5L 2GR-FSE V6 အမျိုးအစား ၃ မျိုးမှာ G-book ဆိုတဲ့ Navigation system, push start, ကျွန်းကွက် အညို/အမည်း, Radar, Pre-collision system, High speed level control, e-CVT စသဖြင့် မြောက်များလှသော စနစ်တွေပါဝင်ပါတယ်။

13th Generation S200(2008-2012)
High end luxury အဖြစ်ပွဲခံလာတဲ့ Crown မှာတော့ ယခင် မျိုးဆက်ကနေ ဆက်ခံလာတဲ့ မျိုးရိုးအမည်အတိုင်း ပါပဲ။ Majesta မှာတော့ 4.3L အင်ဂျင်အစား 4.6L 1UR-FSE V8 ဖြစ်သွားပြီး , ကျန် Royal နဲ့ Athlete တွေမှာတော့ ယခင် အမျိုးအစားတွေ သာသုံးပါတယ်။ 3.5L အင်ဂျင်တပ် hybrid အမျိုအစား ကို မည်သည့် ဂရိတ်မှာမဆို ရနိုင်ပြီးတော့ 8 speed transmission နဲ့ တွဲသုံးပါတယ်။
ရနိုင်တဲ့ optional package တွေကတော့ NAVI/AI-AVS, 3D SNS, ANC noise control, PCS, GPS Navi, CCD camera , PDS pedestrian detection, DMS Driver Monitoring, Center airbag စသဖြင့် နောက်ဆုံးပေါ် ယာဉ်အကူ စနစ်တွေကို တပ်ဆင်ထားတဲ့ ယာဉ်တစ်စီးဖြစ်လာပါပြီ။

14th Generation (2012-present)
လက်ရှိ ထုတ်လုပ်နေတဲ့ နောက်ဆုံး အမျိုးအစား မှာတော့ ရုပ်ထွက်ထူးခြားစွာ ပြောင်းလဲခဲ့ ပြန်ပါပြီ။ Crown အနေနဲ့ အာရှမှာ သာရောင်းချ တော့သလို world wide မှာတော့ Lexus GS စီးရီးအနေနဲ့သာ ရောင်းချပါတော့တယ်။

ဒီလောက်ဆိုရင်တော့ Crown ရဲ့ မျိုးရိုးစဉ်ဆက် အကြောင်း လုံလောက်ပြီလို့ ထင်မိပါတယ်။

Credit:


19/02/2023

X1 Auto Services မှကြိုဆိုပါတယ် ရှင့် ။

ဆိုင်ဖွင့်ပွဲ အထိမ်းအမှတ်အနေဖြင့်
ယခုလအတွက် Special Promotion
အင်ဂျင်ဝိုင်လဲ/ဂီယာဝိုင်လဲ
အင်ဂျင်စစ်/အောက်ပိုင်းစစ်
အခမဲ့ (Free Free Free)
လက်ရောက် စစ်ဆေးနိုင်ပါတယ် ရှင့် ။ 💙

အောက်ပိုင်းစစ်၊ ပြုပြင်၊
PRESS နင်း၊
အလိုင်းမင်းချိန်၊
အင်ဂျင်ဝိုင်လဲ ခြင်း
တွင်ခုံပိုင်းများကို X1 Auto Services Auto
မှာ လူကြီးမင်းတို့ စိတ်တိုင်းကျသည် အထိ ဆောင်ရွက်ပေးနေပါပြီနော် ။

ဆိုင်နေရာလေးကို Google Map လေးထည့်ပေးထားပါတယ်။
Google Map : https://maps.app.goo.gl/yNdtAftqyiEZPDvy5?g_st=iv

X1 Auto Services
☎️ 09- 09964111196
အမှတ် (၄ ) ရပ်ကွက် ၊ ဇော်ဂျီ (၂ )လမ်းနဲ့
ဇော်ဂျီ (၃)လမ်းကြား၊ လမ်းသွယ် (၃)၊ မြဝတီမြို့။

လေးစားရပါသော မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (𝟭𝟬𝟴) နှစ်ပြည့်မွေးနေ့ အား  မြ...
13/02/2023

လေးစားရပါသော မြန်မာနိုင်ငံ၏
လွတ်လပ်ရေး ဖခင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (𝟭𝟬𝟴) နှစ်ပြည့်မွေးနေ့ အား မြန်မာနိုင်ငံ တစ်မျိုးသားလုံးနှင့် အတူ
အောက်မေ့သတိရခြင်းများစွာဖြင့်
ဦးညွတ်ဂုဏ်ပြုအပ်ပါသည်ရှင်......🙏

#ဗိုလ်ချုပ်မွေးနေ့

X1  Auto Services Opening Ceremony in Myawaddy….While going through the photos of the event, I had this amazing time rec...
09/02/2023

X1 Auto Services Opening Ceremony in Myawaddy….
While going through the photos of the event, I had this amazing time recalling all that productive work we did. Super grateful and happy for showing up.

Address

Between Zaw Gyi 2 Street And Zaw Gyi 3 And Lane 3
Myawadi

Opening Hours

Monday 20:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00
Sunday 08:30 - 17:00

Website

Alerts

Be the first to know and let us send you an email when X1 Auto Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share