Yan myo aung express

Yan myo aung express to transport from minhla to yangon tha khin mya park

08/01/2025

ရန်မျိုးအောင်Express မင်းလှ
ကျိုက်ထီးရိုးဘုရားဖူးခရီးစဥ်
၁၈.၁.၂၀၂၅နေ့ထွက်ပါမယ်
တဦးလျှင်၂၅၀၀၀ကျပ်ပါ
ကျိုက်ပေါလောမှဲ့ရှင်ဘုရား
ကျိုက်ထိုထိုင်တော်မူဘုရား
လမ်းဘေးဘုရားများဝင်ဖူးဘို့ပို့ပါတယ်
၂ညအိပ်၃ရက်ခရီးပါ
၀၉၄၂၃၇၀၈၂၅၄
၀၉၄၂၂၈၈၁၁၁၅

တပြား နှစ်ပြား ပဲလင်ပြား ပြားလက် စက္ကူ အလံထူ ထူထူထဲထဲ ပိုးကောင်ထဲငယ်သူငယ်ချင်းတယောက်က မေးတယ်။ "သူငယ်ချင်းရေ ဒို့ငယ်ငယ်ကဆ...
25/05/2024

တပြား နှစ်ပြား ပဲလင်ပြား ပြားလက် စက္ကူ အလံထူ ထူထူထဲထဲ ပိုးကောင်ထဲ

ငယ်သူငယ်ချင်းတယောက်က မေးတယ်။
"သူငယ်ချင်းရေ ဒို့ငယ်ငယ်ကဆိုခဲ့ရဖူးတဲ့
တပြား နှစ်ပြား
ပဲလွန်ပြား ပြားလားစက္ကူဖလံထူ
ထူထူထဲထဲ ဍရင်ကွဲ
ကျွဲရေသောက်နွားရေသောက်
တောက်တီးတောက်တဲ့ ပဲရာဇာ
နံ့သာအိမ်ကြီး လမ်းမှာဆီး
ဆီးဆီးပြောင်ပြောင်မီးရွှေတောင် --- ဆက်မရတော့ဘူးကွ။ အဲဒါလေးမင်းသိရင် အလင်းပြပါဦး။"
အမှန်က သူကသာမြန်မာစာကိုစိတ်ကြိုက်ဘာသာအဖြစ်ယူခဲ့သူ။ သူက မေ့၊ ကျွန်တော်က မသိ။ လိုက်ရှာတော့ တွေ့၏။ ကျေးဇူး။
ကလေး မြေအောက်တေးများ
(ကလေးတွေ ဘာရယ်မဟုတ် ရွတ်ဆိုတဲ့ ကဗျာတွေအကြောင်း ဆရာကြီး မင်းသုဝဏ် ရေးခဲ့တဲ့ ဆောင်းပါးတွေ ရှိတယ်။ ရှေးက ကလေးတွေလည်း ဒီလိုပဲ ပေါက်ကရ ဆိုခဲ့ကြတာပဲလို့ ဆိုပါတယ်။ အဲဒီကဗျာတွေထဲမှာ ကလေးတွေရဲ့ တွေးတတ်မြင်တတ်ပုံတွေ ပါဝင်နေတယ်လို့ ဆရာကြီးက ဆိုပါတယ်။ ကလေးတွေ ကစားရင်း ဆိုဖို့ ကဗျာလေးတွေကို လူကြီးတွေက ရေးပေးသင့်ကြောင်းလဲ တိုက်တွန်းထားသေးရဲ့
(ဝင်းပေါ်မောင်)
ညီမ ဇီဇဝါ တယောက်.. ဘာတွေများ အကြံတွေ ဆန်းပြီး..ကလေးဘဝက..ပေါက်ကရ ကဗျာများ အကြောင်း ရေးပေးပါလို့.. တောင်းဆို ပါလိမ့်။ အင်း..လန်ဒန်က.. သူ့ မြန်မာစာ တပည့်ကျော်တွေကိုများ..“မြန်မာ့ကလေးဂန္ဓဝင်စာပေများ” ဆိုပြီး သင်ပေးမလို့လား မသိပေ။ း)
ပေါက်ကရလေး တွေ ဆိုပေမဲ့..တကယ်စေစေ့ တွေးကြည့်တော့..ဒါလေးတွေ ..ဘယ်က ရောက်လာတာလည်း..စိတ်ဝင်စားစရာ ကောင်းလှသည်။ ပေါက်ကရ..ရီစရာ..ညစ်တီးညစ်ပတ် လေးတွေပဲ ဆိုဦးတော့..ဒီလို စာချိုးလေးတွေကို…ကလေးတွေကတော့ဖြင့်..မစပ်နိုင်ဘူးလို့ ထင်မိသည်။ ကလေးမကျ..လူကြီးမမယ်သေးတဲ့..လူငယ် လူပျော်လေးတွေကပဲ စပ်ပြီး..မောင်ငယ် ညီမငယ်တွေကို..နောက်ရင်း ပြောင်ရင်း..မူလတန်းကျောင်းတွေမှာ..ပျံ့နှံ့လာတတ်တာမျိုး ဖြစ်ပေလိမ့် မည်။
ကလေးဘာသာ ဘာ၀ ဒီလို ပေါက်ကရ ဆိုရင်.. ကျောင်းစာ..ကဗျာထက် ပို ဆိုချင် ရွတ်ချင်သည်။ တတ်လွယ် မှတ်လွယ်သည်။ နောက် ထူးဆန်း တာက..အခု..မမိုးချိုသင်း နဲ့ ကိုဇူလိုင် ရေးပြတော့..လာပေးတဲ့ မှတ်ချက် တွေထဲက.. ကဗျာ အပိုင်းအစ လေးတွေက လည်း..မယုံနိုင်စရာကောင်းလောက်အောင်..တဒေသ နဲ့ တဒေသ..အတော် တူနေကြတာ တွေ့ရတယ်။ တကယ်ဆို..အဲဒီ ခေတ်တွေက.. ကူးလွယ် ပြန့်လွယ်..မီဒီယာ တွေလည်း ဒီလောက်ပေါများတာ မဟုတ်။ အဲဒီတော့..ဖြစ်နိုင်တာက..ရုပ်ရှင်တွေ ထဲကများလား။ အင်း..သိတော့ပါဘူး။ ကိုယ် တွေ အော်ခဲ့ဖူးတာ တွေ ပြန်တွေးကြည့်တော့.. ရုပ်ရှင် မင်းသား မင်းသမီး နံမယ်တွေကို သုံးတာ မျိုးတွေ..မှတ်မိနေသည်။
ဥပမာ- ကိုယ်တို့ ငယ်ငယ်က..အော် အော်ဆိုခဲ့တာလေး တခု..
ဝင်းဦး နဲ့ဝါဝါ လမ်းလျှောက်လို့လာ
ဝါဝါက စိတ်ဆိုး..ဝင်းဦး ထိပ်ကို ထိုး
ဝင်းဦးက မခံနိုင် တရားရုံးကိုတိုင်
တရားရုံးက..ဆလံပေး
ဝင်းဦး - င် လှန်ပြေး
နောက်… ရှိသေးသည်။
လေးလေးလီ ဆယ့်ခြောက်- လက်မြှောက်
ပါတာအကုန်ထုပ်- ပေါင်မုန့်
ပေါင်မုန့် ဒါးနဲ့လှီး- လက်သီး
လက်သီးရွှေချ-ရွှေဘ
ရွှေဘ တွင်းတူး-ဝင်းဦး
ဝင်းဦး စင်ပေါ်တင်- ဇော်ခင်
ဇော်ခင် ဒါးနဲ့ထိုး- ဂျပိုး
ဂျပိုး ဆားနဲ့သိပ်- ငချိတ်
ငချိတ် ပဲနဲ့ပေါင်း- ငချိတ်ပေါင်း
တကယ် ရီရ တယ်နော်။ ဒါတောင်..ဒီဟာလေးက..တော်တော် ရှေးကျပုံရသည်။ ဘာလို့ဆို..ကိုယ်တို့ငယ်က..ဝင်းဦးတို့ ဇော်ခင် တို့ ရွှေဘ တို့ ခေတ်မှ မဟုတ်တော့တာ။ သေချာတာကတော့..လေး-လေးလီ ဆယ့်ခြောက်မှန်း..အသေအချာ ရနေပေပြီ။ ခုနေ ပြန်ကြည့်တော့မှ.. သူငယ်တန်း ဖတ်စာလေးတွေနဲ့တောင် ခပ်ဆင်ဆင်..ကာရန် အချိတ်လေးတွေကလေ..။ မြေအောက်..သူငယ်တန်းဖတ်စာ လို့ပဲ ပြောရတော့မယ် ထင်ရဲ့။
(ကလျာမိတေ ၏ ကာတွန်းများမှ-)
နေအုံး..အခု တူတွေ တူမတွေ..ဟန်ကျ ပန်ကျ..သံပြိုင်ဆို နေကြတာ ရှိသေးသည်။
တစ် ..နှစ်..သုံး
သုံးတာက..ပိုက်ဆံ
စန္ဒာက..ကျော်ဟိန်းမိန်းမ
မတာက ဘိုးဘိုးအောင်
အောင်တာက စာမေးပွဲ
ပွဲတာက သီတင်းကျွတ်
ကျွတ်တာကလုံခြည်
ချည်တာကကြိုး
ကျိုးတာကလက်
လက်တာကကျောက်
ကျောက်တာက သရဲ
ရဲတာကသွေး
သွေးတာက သနပ်ခါး
ခါးတာကဆေး
ဆေးတာကပန်းကန်
ကန်တာကဘောလုံး
လုံးတာကတော့..ဘာမှန်း မသိတော့ဘူး ။ ဘယ်နေရာမှာ ဘယ်လို အဆုံးသတ်သွားလည်း မသိတော့။ အမယ်.. သူတို့က..ဒီဟာများ ဆိုပြီ ဆိုရင်.. အသံက..အကျယ်ကြီး..။ အလုအယက်တောင် အော်ကြရတာ။ း)
တကယ်ဆို..သူတို့ဆိုတာလေးက.. မဆိုးလှပေ။ တြိယာပုဒ် နဲ့ နာပ်ပုဒ်ကလေး တွေကို အလွယ်တကူ တွဲစပ် မှတ်ယူနိုင်တဲ့.. သင်ခန်းစာလေး ဆိုရင်တောင် မမှားပေ။
ဟုတ်တော့ ဟုတ်တယ်..။ ဘာပဲပြောပြော..ဒါလေးတွေက..ဇီဇဝါပြောသလို..စုပေါင်းပြီး သိမ်းထားရင်.. အကျိုးမနဲပေ..။ ခေတ် ကာလဖြတ်သန်းမူ..ကလေး စိတ်ပညာ..ဆိုတာတွေအတွက်.. အသုံးဝင်ကောင်း
ဝင်ပေလိမ့်မည်။
ဒီ့ထက်ပိုကောင်းတာက..ကလေး ကစားနည်းတွေ နဲ့ တွဲစပ်နေတဲ့..ကဗျာလေးတွေက..ပို စိတ်ဝင်စားစရာ..ချစ်စရာကောင်းတာ။ ငယ်ငယ်တုန်းကဆို..ပြေးလွှားဆော့လို့မရတော့တဲ့အခါမျိုးတွေမှာ.. အိပ်ယာထဲမှာ..မောင်နှမတွေ မအိပ်ချင်သေးတဲ့ အခါ မျိုးတွေမှာ.. တိတ်တိတ်ဆိတ်ဆိတ်..လက်ချောင်းလေးတွေ ဖြန့်ပြီး.. ဆော့တတ်တဲ့..စာချိုးလေးကိုလည်း သတိရသွားပြီ။
တပြား နှစ်ပြား ပဲလင်ပြား
ပြားလက် စက္ကူ အလံထူ
ထူထူထဲထဲ ပိုးကောင်ထဲ
ပဲရေသောက် နို့ရေသောက်
တောက်တီး တောက်တဲ့ ဟလဝါ
ဗဒါဗဒီး..အောက်ကစီး
နီးနီးကြောင်ကြောင် ပိုးရွှေကောင်
ရွှေတောင်ခမဲ ..လက်ဝဲ တချောင်းထွက် … ဆိုတာ တခါပြီးလို့..ထွက် က..ကိုယ့်လက်ချောင်းလေးတခု ပေါ်ကျလာရင်.. အဲဒီ လက်ချောင်းလေးကို ခေါက်ထားပေါ့။ လက်ဆယ်ချောင်း ကုန်အောင်ဆို.. ဘယ်နှယ်ခါလောက်တောင်… ဒီကဗျာလေးကို ရွတ်ခဲ့ရမယ် မသိ။ ပြီးတော့.. အိပ်ချင်လာရောပေါ့။ အတော်ကောင်းတဲ့..ဆော့နည်းလေးပင်။
ဒီလိုမှ လက်ချောင်းလေးတွေ မလုပ်ချင်ဘူး ဆိုရင်.. လက်သီးလေးတွေ ဆုပ်ပြီး..
အုန်းသီးလေးလုံး မလေးလုံး
တလုံး ဆွမ်းတော်တင်..
တလုံးရေထဲကချ
ငါဆယ်လို့ရ --- ဆိုတာမျိုးလေးတွေ။
ကဲ.. ဇီဇဝါရေ.. ကလေးစာပေတွေ ရေးပေးပါ ဆိုလို့.. ပေါက်ကရ က..စရေးပေးလိုက်ပြီ။ ထုတ်ဝေသူ ရှာပေးပေတော့။ း)
သြော်- ကိုယ်သိတဲ့ စာချိုးလေးတွေ ရှိရင်..ကွန်မန့်မှာ ရေးပေးခဲ့ပါ။ စုဆောင်းထားချင်လို့ပါ တဲ့။ (credit: K)
ကိုရင် ကိုရင် အပျိုမြင် ချိုချဉ် မစားရ
မနက်ချဉ်ပေါင် ညချဉ်ပေါင် ကိုရင် မင်္ဂလာဆောင်
မနက်ဗူးသီး ညဗူးသီး ကိုရင် နှာဗူးကြီး
မနက်ဟင်းချို ညဟင်းချို ကိုရင် သီချင်းဆို...
ကတုံးမဒေဝီ ဗုံးချလို့သေပြီ
ဂတုံးမ-င်ပြဲ စက်သေနတ်နဲ့ဆွဲ...
မယ်သီလရှင် သေးပေါက်ချင်
နန်းတော်အောက်ကိုဝင်
နန်းတော်အောက်က တစ္ဆေခြောက်
ပိုက်ဆံငါးပြားကောက် ...။
ကလေးတွေဆိုတဲ့ အဲဒီလို ကဗျာလေးတွေအကြောင်း ကျမတခါက ရေးခဲ့ဖူးသေးတယ်။ အဲဒီထဲမှာ မကေပြောတဲ့ ဥ ရဲ့ အဆက်ပါတယ်။ ဒီလင့်ခ်မှာပါ။
http://maydar-wii.blogspot.com/2007/04/blog-post_07.html
နောက်ဖေးက သောက်ပေးတာ ရှဲရှဲရှောက်
ရဲဘော်က ပဲလှော်တာ ဂဲဂဲဂေါက် ... တဲ့
နေပူမိုးရွာ သူခိုးလာ
လာတဲ့သူခိုး ဓါးနဲ့ထိုး
သူခိုးအမေ နို့သီးရှည်
ရှည်တဲ့နို့သီး ဓါးနဲ့လှီး
လှီးလိုက်လှီးလိုက် ဗထက်ချိုက်
ဘကုန်းနောက်က လိုက်
ဗထက်ချိုက် ချော်လဲ
နငယ်နှာခေါင်းပြဲ...
မိုးရွာရင် ဖားတွေရိုက်မယ်
မေမေလာရင်ကျော်ခိုင်းမယ်
ဖေဖေလာရင် အရက်နဲ့မြည်းကြမယ် (မမိုးချိုသင်းမူကွဲ)
သူများပြောတိုင်း လိုက်ပြောတယ်
ဖျာအောက်က ကြမ်းပိုးရယ်
သူ့ကိုကိုက်ပါကွယ်
ကိုရင် ကိုရင် အပျိုမြင်
ချိုချဉ်မစုပ်ရ
ဘုန်းကြီး ဘုန်းကြီး ကတုံးကြီး
အုံးသီးမစားရ
ဘုတ်ဆုံ ဘုတ်ဆုံ မဘုတ်ဆုံ
အိမ်ဘေးနားက မဘုတ်ဆုံ
မဘုတ်ဆုံ ဖင်တုံကြီး
လှည်းလုပ်လို့စီး
အဖွားဆီကရတဲ့ကဗျာ
ထမင်းရယ်ဆာ
ဟာလှပေါ့လေး
လူသူရယ် အိုမနီး
လမ်းလယ်ခေါင်
-ီးပုံကြီး
ဆားတို့လို့မြည်းတ
ဟိုပင်တစ်ထနောင်းကိုင်းခြောက် ဒီပင်တစ်ထနောင်းကိုင်းခြောက် နှစ်ပင်ပေါင်းတော့ နှစ်ထနောင်းကိုင်းခြောက်
တုံးအောက်ကဖား ပြားတဲ့ဖားကပြား ဖောင်းတဲ့ဖားကဖောင်း
ထုံးဖြူကြီးလူးတဲ့ အိုးလေး ထုံးဖြူလေးလူးတဲ့ အိုးကြီး
တပြား နှစ်ပြား ပဲလင်ပြား
ပြားလက် စက္ကူ အလံထူ
ထူထူထဲထဲ ပိုးကောင်ထဲ
ပဲရေသောက် နို့ရေသောက်
တောက်တီး တောက်တဲ့ ဟလဝါ
ဗဒါဗဒီး..အောက်ကစီး
နီးနီးကြောင်ကြောင် ပိုးရွှေကောင်
ရွှေတောင်ခမဲ .. လက်ဝဲ တချောင်းထွက်
မူကွဲ
တပြားနှစ်ပြားပဲလင်ပြား
ပြားလက်စက္ကူအလံထူ
ထူထူထဲထဲပိုးထောင့်တဲ
ကျွဲရေသောက်နွားရေသောက်
တောက်တီးတောက်တဲ့ပသခွာ
နံသာအိုင်ကြီး အောက်ကစီး
နီးနီးရွှေတောင် နီးရွှေတောင်
ဒေါင်ဒင် ခုနှစ်လက် ဖိုးလမင်းကြိးလက်ချက်ထွက်
တောက်တီးတောက်တဲ့ ငန်ပြာရေ
စားချင်တာက မုန့်လေပွေ
နဂါးရသေ့ ပုံမတွေ့
ပွင့်လိုက်ပါတော့ဟေ့... တဲ့။ မှားနေတော့ တံခါးက မပွင့်ဘူး။
အမှန်က
တောက်တီးတောက်တဲ့ ရေဇလုံ
စားချင်တာက မုန့်သိုင်းခြုံ
ဂဠုန်နဂါး ပုံမခြား
ပွင့်လိုက်ပါတော့လား။
ပျင်းလိုက်တာနော်
ခွေးမလေးတိုင်မှာချည်လို့
မောင်ဖက်ခါနမ်း
ကိုက်လိုက်လေ မောင့်နှုတ်ခမ်း
သွေးငေါက်တောက်ပန်း
တလုံးနှစ်လုံး မလေးလုံး
တလုံးဆွမ်းတော်တင်
တလုံးရေထဲချ
ငါကောက်လို့ရ..
တပြားနှစ်ပြားလင်ပန်းပြား
ပြားလားစက္ကူဖလံထူ
ပြူးတူးပြဲတဲပိုးတောင်တဲ
ဒေါင်ဒင် နင်တဖက် ငါတဖက်
ထွက်လေတော့ မောင်မင်း
ဆင်ကြီး မုန်တိုင်း လက်တဖက်ထွက်..
ကျီးဖြူကျီးမဲတကောင်တည်း
ကျီးမဲကြီးကဘယ်မှာနေ
ဟောဒီမှာနေ
ကျီးဖြူအိမ်ဘယ်မှာဆောင်
ဟောဒီမှာဆောက်
အာလောက်လောက် အာလောက်လောက်...
(ဒါက ကလိထိုးတဲ့ဟာ.. ဟီး)
မမ... -င်ပြဲ နှစ်ကျပ်ခွဲ
ဈေးမှာသွားရောင်း၊
မစားကောင်း...
အုန်းသီး၄လုံးဘာလေးလုံး
တလုံးဆွမ်းတော်တင် တလုံးရေထဲကျ
ငါကောက်လို့ရ..။
တတိုင်နှစ်တိုင်
မုန်ညင်းတိုင်
မုန့်တိုင်လေးလုံး မုန့်လေးလုံး
နင့်ပုလွေ ငါမှုတ် ငါပလွေ နင်မှုတ်
ခြေထောက်တဖက်ရုပ်..
ဆော်ကလီးဆီးစော်
ဖိုးနဲ့ဟင်းနဲ့ဆော်
ဆော်ကင်းနော် ဆော်ကင်းနော်..ဆွတ် (ဒါက ကရင်လို ..လက်ဝါးပေါ်မှာ လက်ညိုးတွေ ဝိုင်းထည့်ရတာ ကဗျာဆုံးရင် လက်ဝါးကလွတ်အောင် လုပ်ရတာ..)
ပုစွန်ဆိဆိတ် ဆားဆီဆိတ်
မောင်ရင်လာတခါးပိတ်..ဂျိတ်..
ကလင်ကလောင်ကလက်..ချဉ်ပေါင်ရွက်
အိမ်နားက စားသောက်ဆိုင်မှာ
ဝီစကီကို ဆိုဒါယှက်တယ်
ရေခဲနဲ့ထူး
ခါးတာကဆေး
ဆေးတာက ရေ...
ရေတာက တစ် နှစ် သုံး...
စိတ်ကူးကောင်းပါတယ်.. -င်မှာဝဲခြောက်တွေပေါက်
၆လကြာရင်ပြည်သူဆေးရုံရောက်
ဒေါက်တာငွေစိုး အပ်နဲ့ထိုးလို့ -င်ရိုးကျိုးပါပြီ
(...) တင်မှာ ဝဲခြောက်တွေပေါက်
ခြောက်လကြာရင် ပြည်သူ့ဆေးရုံရောက်
ငါးပြား ဆယ်ပြားလောက်...
နောက်တပုဒ်က သပ်သပ်ပေါ့---
(...) ခမျာ
တင်မှာ အနာပေါက်ရှာ
ဒေါက်တာငွေစိုး အပ်နဲ့ထိုးတော့
တင်ရိုးကျိုးပါပြီ
အင်္ကျီဆင်တူ၊ ဘောင်းဘီဆင်တူ၊ ခွေးလေးနဲ့တူ
ပုဇွန်စိတ်စိတ်
မောင်ရင်လာ
တံခါးပိတ်...ချိတ်
လက်ဖမိုးလေးတွေ အဆင့်ဆင့် ဆိတ်ပြီးကစားခဲ့တာလေ... သားလဲ အဲဒီကစားနည်းကို ကြိုက်တယ်...
ငယ်ဘဝကို ပြန်လွမ်းသွားတယ်...
စိန်ကြည် စိန်ကြည် လင်ယူ ပက်စပ်သည်
ဂျပန်ကြီးက တိုကျိုပြန် ဗိုက်တစ်လုံးနဲ့ ကျန်...
ပန်းထိမ်ဆရာ လိမ်ညာကာ ကျွန်မရွှေကို ခိုးပါလို့
မိုးကြိုးနဲ့ စပ်ပါ့
စပ်ပါ့ မိုးကြိုး
နေပူမိုးရွာ သူခိုးလာ
လာတဲ့သူခိုး ဓါးနဲ့ထိုး
သူခိုးအမေ နို့သီးရှည်
ရှည်တဲ့နို့သီး ဓါးနဲ့လှီး
လှီးလိုက်လှီးလိုက် ဗထက်ချိုက်
ဘကုန်းနောက်က လိုက်
ဗထက်ချိုက် ချော်လဲ
နငယ်နှာခေါင်းပြဲ....
နေပူမိုးရွာ သခိုးလာ
လာတဲ့သခိုး တုတ်နဲ့ထိုး
သခိုးအီးပေါက် ငါမကြောက်
ဆေးတံရိုးနဲ့ခေါက် ဒေါက်ဒေါက်ဒေါက်။ (​ကေ)
https://www.facebook.com/myathandarbrick/posts/1555138947834027/
ကျောက်ဆည် mtd ပညာမြေ
တင်ပေးထားသူ ရေးတဲ့အတိုင်း သတ်ပုံတွေကို မပြင်ပါ။ စာရိုက်တာကိုသာ နည်းနည်းလေး ပြင်ပါတယ်။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ

စွန်တာက မျက်စိ၊ စိတာက သွား သွားတာက သတ္တ၀ါ၊ ၀ါတာက ဆနွင်းမှုန့် မှုန့်တာက မြေကြီး၊ ကြီးတာက ကြီးတော် တော်တာက ဦးလေ.....

07/04/2022

8.4.22
မနက်ဖြန်မှစ၍
ရန်ကုန်သခင်မြပန်းခြံ မှမင်းလှ

မနက်ပိုင်းရော

နေ့လည်ပိုင်းပါထွက်ပါမယ်
၀၉၄၂၃၇၀၈၂၅၄
၀၉၇၈၂၁၂၅၁၀၀
၀၉၇၉၅၁၅၂၅၈၁
၀၉၄၂၂၇၀၀၄၈၉
၀၉၈၉၃၄၅၄၈၅၀

အားလုံးမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ
03/02/2022

အားလုံးမင်္ဂလာအပေါင်းနှင့်ပြည့်စုံကြပါစေ

28/01/2022

Good morning

30/09/2021

Car Knowledge Home မော်တော်ကား ဘရိတ်ပတ် ဆင်ဆာဆိုတာ 29 mins ago admin FacebookTwitterUNICODE မော်တော်ကား ဘရိတ်ပတ် ဆင်ဆာဆိုတာ မော်တော်ကားဘရိတ်စနစ်...

30/09/2021

Car Knowledge Home ဒိုင်နမို ပျက်စီးတဲ့အခါ ကြုံတွေ့ရတဲ့ အချက်များ 24 mins ago admin FacebookTwitterUNICODE ဒိုင်နမို ပျက်စီးတဲ့အခါ ကြုံတွေ့ရတဲ့ .....

Address

10, Zegyo Street
Minhla

Telephone

09423708254

Website

Alerts

Be the first to know and let us send you an email when Yan myo aung express posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yan myo aung express:

Share