04/06/2022
Ignition Timing (မီးတိုင်းမင်း)
Ignition Timing ဆိုသည်မှာ အင်ဂျင်တစ်လုံး၏ Compression Stroke တွင် Spark Plug မှ မည်သည့်အချိန်၌ မီးပွင့်ပေးရမည်အား ထိန်းချုပ်ခြင်းဖြစ်ပါသည်။ ၄င်း Timing အား Before Top Dead Center (BTDC) ဟုခေါ်သည့် Crankshaft လည်ပတ်သည့် ဒီဂရီအားအခြေခံ၍ တိုင်းတာပါသည်။ Ideal အခြေအနေအားဖြင့် Spark Plug မီးစပွင့်ပြီး မီးညွန့်မှ ဆလင်ဒါအတွင်းရှိ လေ/ဆီ အရောအား စတင်လောင်ကျွမ်းစေပါမည်။ ထိုအခါ ဆလင်ဒါအတွင်း လောင်ကျွမ်းမှုမှ Gas များထွက်ရှိလာပြီး ဖိအားတက်လာပါမည်။ ယင်းဖိအားသည် Top Dead Center (TDC) သို့ ပစ္စတင်အရောက်တွင် အမြင့်ဆုံးဖြစ်သွားပြီး ပစ္စတင်အား အပြင်းထန်ဆုံးပါဝါဖြင့် ပြန်တွန်းချလိုက်ခြင်းဖြင့် Power Stroke ဖြစ်ပါမည်။ သို့သော် လက်တွေ့တွင် မီးပွင့်တစ်ချက်ဖြင့် လေ/ဆီ အရောအား အပြည့်အဝ လောင်ကျွမ်းစေရန်မလွယ်ကူခြင်းမှာ ပထမဆုံးအချက်ဖြစ်ပါသည်။ ကားအင်ဂျင်များအတွင်း အမှန်တကယ်လောင်ကျွမ်းခြင်းမှာ deflagration ဖြစ်၍ combustion အမျိုးအစားတစ်မျိုးဖြစ်ပါသည်။ တိကျပြည့်စုံသည့် လောင်ကျွမ်းမှုတစ်ခုဖြစ်ရန်အတွက် လိုအပ်ချက် ၄ ခုရှိပါသည်။ Proportion ဆိုသည့်လောင်စာနှင့် အောက်စီဂျင်ဟာ မျှတသည့် အချိုးအစားရှိရပါမည်။ Mixing ဆိုသည့် လောင်စာနှင့် အောက်စီဂျင်သည် လောင်ကျွမ်းမှုမစမီ သမမျှတစွာရောနှောနေရပါမည်။ Initiation ဆိုသည့် လောင်စာနှင့် အောက်စီဂျင်အား အစပျိုး (ignition) လောင်ကျွမ်းပေးမှုရှိရပါမည်။ Time ဆိုသည့် လောင်စာနှင့် အောက်စီဂျင်အပြည့်အဝ လောင်ကျွမ်းနိုင်ရန် အချိန်ပေးရပါမည်။ ယင်း အချက်၄ချက် ပြည့်စုံပြီဆိုပါက လောင်ကျွမ်းမှု complete ဖြစ်ပါသည်။ ထိုမှ နောက်ဆုံးအချက်ဖြစ်သည့် (Time) အချိန်လိုအပ်ချက်သည် ဒုတိယအချက်ဖြစ်ပါသည်။ တတိယ အချက်မှာ ပစ္စတင် မျက်နှာပြင်ဒီဇိုင်း နှင့် ဆလင်ဒါ Head ဒီဇိုင်း ကွာခြားချက်ကြောင့် အင်ဂျင် တစ်လုံးနှင့်တစ်လုံး Ignition Timing မတူညီခြင်းဖြစ်သည်။ စတုတ္ထအချက်မှာ လောင်ကျွမ်းပြီးထွက်လာသည့် မီးခိုးများပျံ့ကားမှုသည် ပစ္စတင် TDC အရောက်တွင် အမြင့်ဆုံးဖြစ်နေစေရန် အချိန်လိုအပ်ခြင်းဖြစ်ပါသည်။ နောက်ဆုံးအချက်အနေဖြင့် ဆီများ၏ အရည်အသွေး စံ မဖြစ်ခြင်းကြောင့် လောင်ကျွမ်းမှု မပြည့်စုံခြင်းဖြစ်စေပါသည်။ ထို့ကြောင့် Ignition Timing အား ပြောင်းလဲပေးရမည်ဖြစ်သည်။
(၁) Ignition Re**rd
Re**rding ဆိုသည်မှာ Compression Stroke တွင် Plug အား TDC နှင့် ပစ္စတင် နီးသည့် အချိန်တွင် Spark ပေးခြင်းဖြစ်သည်။ ထိုသို့ Spark နောက်ကျ၍ပေးခြင်းဖြင့် Detonation အား ကာကွယ်နိုင်ပါသည်။ သို့သော် ပစ္စတင် TDC သို့ရောက်ရှိပြီး၍ Power Stroke ပြန်ဆင်းနေသည့်အချိန်တွင်မှ ဖိအားအမြင့်ဆုံး ရရှိသည့်အတွက် မမီတော့ချေ။ ထို့ပြင် ရရှိသည့် အမြင့်ဆုံးဖိအားမှာလည်း ပုံမှန်ထက် နည်းသွားသောကြောင့် ပါဝါလျော့နည်းပါမည်။
(၂) Ignition Advance
၄င်းသည် Compression Stroke တွင် Plug အား TDC နှင့် ပစ္စတင် ဝေးသည့် အချိန်တွင် Spark ပေးခြင်းဖြစ်သည်။ ထိုသို့ မီးပွားစော၍ ပေးမှသာ မီးညွှန့်မှ လေဆီအရော အားလုံးကို လောက်ကျွမ်းသွားစေရန် အချိန်ရမည်ဖြစ်သည်။ သို့သော် အရမ်းစောသွားပါက ပစ္စတင် TDC သို့မရောက်ခင် ဖိအားပြင်းထန်လာမည်ဖြစ်သောကြောင့် ဆလင်ဒါအတွင်း ဖိအားမတည်ငြိမ်မှု ဖြစ်ကာ Deflagration မှ Detonation အဖြစ်အသွင်ပြောင်း၍ Knocking ဖြစ်စေပါမည်။
ထို့အပြင် Ignition Timing သည် အင်ဂျင် rpm နှင့်ဆက်စပ်မှုရှိပါသည်။ အင်ဂျင် rpm မြန်လာပြီး Ignition Timing အသေဖြစ်နေပါက Ignition Re**rd ဖြစ်သွားပါမည်။ ထို့ကြောင့် အင်ဂျင် rpm များလာလေလေ IG အားပို၍ Advance လုပ်ပေးရလေလေ ဖြစ်ပါမည်။ ထို့ကြောင့် အင်ဂျင် rpm နှင့် IG Advance အားချိတ်ဆက်၍ ထိန်းချုပ်ရပါသည်။ ဤတွင် Mechanical Advance နှင့် Vacuum Advance ဟူ၍ ၂ မျိုးရှိပါသည်။
(ကက) Mechanical Advance
Centrifugal Advance ဟုလည်းခေါ်သည့် နည်းပညာသည် Distributor Ignition စနစ်တွင်အသုံးပြု၍ အချိတ်အဆက်မှာ ၄င်း Distributor အတွင်းတွင် တပ်ဆင်ထားပါသည်။ Distributor အတွင်းရှိ Central shaft သည် အင်ဂျင် Camshaft နှင့် ချိတ်ဆက်၍ လည်ပတ်ပါသည်။ ၄င်း Shaft သည် Distributor အုံအတွင်း IG Advance လုပ်ပေးမည့် Rotor Shaft တစ်ခုနှင့် ထပ်မံချိတ်ဆက်ကာ အလေးတုံး ၂ တုံးအား ချိတ်ဆွဲထားသည့် ဂါနာ(Governor)
နှင့် လည်းတွဲထားပါသည်။ Governor weight တုံး ၂ ခုသည် အင်ဂျင် rpm တက်လာသည်နှင့် Centrifugal force အရ ဘေးသို့ ကား၍လည်လာပါမည်။ ထို အလေးတုံး ၂ ခုသည် စပရင်ဖြင့် Rotor အားချိတ်ထားသည့်အတွက် Rotor ကိုရွှေ့ပေးလိုက်ပါသည်။ ထိုအရွေ့သည် IG timing အား စောသည့်ဘက်သို့ ရွေ့စေပါမည်။ Mechanical Advance သည် အင်ဂျင် rpm 3000 အထက်တွင်သာ အလုပ်ကောင်းကောင်းလုပ်ပါသည်။ ထို့ကြောင့် Low rpm အတွက် Vacuum Advance နှင့်တွဲ၍ သုံးရပါသည်။
(ခခ) Vacuum Advance
Vacuum Advance သည် အင်ဂျင် Low rpm နှင့် Mid rpm တွင် Advance ပြုလုပ်ပေးရန် အသုံးပြုပါသည်။ Vacuum Advance ဖြစ်သောကြောင့် Vacuum Chamber တစ်ခုပါဝင်ပါမည်။ Vacuum Chamber ဆိုသည်မှာ ကြားတွင် Diaphram ခံထားသည့် Pressure Differential အခန်း ၂ ခန်းပါဝင်သော ဗူးဖြစ်ပါသည်။ Diaphram ၏ အောက်ဘက်ခြမ်းအား အင်ဂျင် throttle (Manifold Vacuum) ဖြင့် ပိုက်လိုင်းဆက်သွယ်ထားပြီး အပေါ်ခြမ်းအား Distributor အုံအတွင်း IG Advance plate နှင့် ချိတ်ဆက်ထားပါသည်။ အင်ဂျင် Low rpm တွင် Throttle ပိတ်နေသည့်အတွက် Vacuum မြင့်နေသောကြောင့် Diaphram အား Tube ဘက်မှဆွဲထားကာ ၄င်း၏ အချိတ်အဆက် Advance plate အားဆက်ဆွဲထား၍ IG Advance ဖြစ်ပါမည်။ Throttle (WOT) ပွင့်လာသောအခါ Vacuum နည်းသွားသောကြောင့် Diaphram သည် စပရင် ကန်အားဖြင့် မူလနေရာသို့ပြန်ရောက်သွားပြီး ပုံမှန် Advance ပြန်ဖြစ်ပါမည်။ Vacuum Advance သည် Low နှင့် Mid rpm တွင်သာ အလုပ်လုပ်ပြီး Mechanical Advance နှင့် တွဲ၍သုံးပါသည်။ Vacuum Advance သည် ဆီစားသက်သာစေပြီး Low rpm တွင် မောင်းနှင်မှု အဆင်ပြေချောမွေ့စေပါသည်။
(ဂဂ) Computer Controlled Ignition System
ယနေ့ခေတ် ကားအင်ဂျင်များတွင် Distributor မသုံးတော့ဘဲ Coil on Plug (COP) ဟုခေါ်သည့် ပလက်ဂ် တစ်လုံးတွင် ပလက်ဂ်ကွိုင်တစ်ခု သုံးပါသည်။ ထို့ကြောင့် Distributor ကိုမူတည်၍ IG Advance ပြုလုပ်ရသည့် Centrifugal နှင့် Vacuum Advance အားလည်းအသုံးမပြုတော့ချေ။ Computerized IG System ကိုသာ အသုံးပြုပါသည်။ ကွန်ပျူတာတွင် Lookup table ဟုခေါ်သည့် Timing Map အားထည့်သွင်းထားကာ အင်ဂျင် rpm နှင့် Load အခြေအနေအလိုက် IG Advance မည်မျှရှိရမည်ကို သိရှိပြီးဖြစ်ပါသည်။ ထို့ကြောင့် Advance လုပ်ပေးရမည့် အချိန်အတိအကျ၌ Plug Coil အားတိုက်ရိုက် Signal ပေး၍ plug ကို မီးပွင့်စေပါသည်။ Mechanical နှင့် Vacuum Advance တွင် IG Advance အားပြင်ဆင်နိုင်သော်လည်း Computer Controlled စနစ်တွင် Program ပြန်ရေးနိုင်မှသာပြင်နိုင်ပါမည်။
ထို့အပြင် Computer စနစ်၌ Knock Sensor ဟုခေါ်သော အင်ဂျင် Detonation အားထောက်လှမ်းသည့် Sensor အသုံးပြု၍ IG Advance လွန်နေခြင်းအားလည်း Re**rd ပြန်၍လုပ်ပေးနိုင်ပါသည်။
Ignition Advance ၏Typical တန်ဖိုးမှာ 15~35 Before TDC ဖြစ်သော်လည်း အင်ဂျင်အမျိုးမျိုးအတွက် များစွာရှိမည်ဖြစ်ပါကြောင်းဖြင့်။ ။ LinHtet(EEM)
#ကားအကြောင်း
#မီးတိုင်ပင်