Loyalty Vehicle Trade Center LVTC

Loyalty Vehicle Trade Center LVTC အမှန် အကန် ဆိုတာပဲ ပေးချင်တယ်။

ကားကောင်းတာလေးတွေပဲ ပြပေးမယ်။ မှန်ကန်မှု နဲ့ ပေးရတဲ့စျေးနဲ့ တန်စေဖို့ အာမခံပါတယ်။
စိတ်ချယုံကြည်မှုနဲ့ ရေရှည်တည်တံ့မယ့် ဆက်ဆံရေးလေး
တည်ဆောက်ကြရအောင်၊
ကားရောင်းမှာလား ၊ဝယ်ချင်တာလား
ကျနော်တို့ကို ဆက်သွယ် ပြီးအကြံညဏ်တောင်းခံနိုင်ပါတယ်။

04/09/2025
သင် သိပါသလား Lexus LX570 Kuro အသစ်တွေဟာ လက်ရှိ သိန်း ၂ သောင်းဝန်းကျင် ပေါက်နေပီဆိုတာ 😬
09/06/2025

သင် သိပါသလား
Lexus LX570 Kuro အသစ်တွေဟာ လက်ရှိ သိန်း ၂ သောင်းဝန်းကျင် ပေါက်နေပီဆိုတာ 😬

သင် သိပါသလား
Lexus Lx570 Kuro အသစ် ဟာ လက်ရှိမှာ သိန်း ၁ သောင်း ပေါက်နေပီဆိုတာ 😬
Just Sharing For You

စင်ကာပူမှာ အစကတည်းကဆီစျေးကျန်တာ ၁လကျော်ပီတဲ့
18/04/2025

စင်ကာပူမှာ အစကတည်းကဆီစျေးကျန်တာ ၁လကျော်ပီတဲ့

နှစ်သစ်မဂ်လာ ဆီဈေးရှယ်ကျ ☺️
-
#ယနေ့ဆီဈေးနှုန်းများ #ရန်ကုန် #မန္တလေး
-
APRIL 18, 2025
-
#𝗬𝗔𝗡𝗚𝗢𝗡
⌛ Daily Open: 8:30AM - 5:30PM
📍 No. 270 Aye Thar Yar Street, Tamwe Tsp.
📍 Google Map: https://g.page/USAYGN
☎️ 09 402 992211 (Accessories)
☎️ 09 402 992233 (Online Order)
☎️ 09 402 992255 (Machine Cut PPF. XPEL)
☎️ 09 402 992266 (Film. PPF. Coating)
☎️ 09 402 992277 (GPS. Black Box Service)
-
#𝗠𝗔𝗡𝗗𝗔𝗟𝗔𝗬
⌛ Daily Open: 8:30 AM - 5:30 PM
📍 No. 746, 30A Street (71st x 72st), Chanayethazan Tsp.
📍 Google Map: https://g.page/USAMDY
☎️ 09 402 991188
☎️ 09 402 991177
☎️ 09 402 991166
-
📍 𝗪𝗲𝗯𝘀𝗶𝘁𝗲: https://www.usautomm.com
📍 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿: m.me/807916059276356
-
ဘယ်မောင်းကားများအတွက် 𝘼𝙘𝙘𝙚𝙨𝙨𝙤𝙧𝙞𝙚𝙨 များ၊ ကားအစုံသုံး ထိုင်ခုံစွပ်၊ ခြေနင်းခင်း၊ 𝘽𝙡𝙖𝙘𝙠 𝘽𝙤𝙭 & 𝙂𝙋𝙎 𝙏𝙧𝙖𝙘𝙠𝙚𝙧𝙨 များ၊ 𝙒𝙞𝙣𝙙𝙤𝙬 𝙁𝙞𝙡𝙢၊ 𝙋𝙖𝙞𝙣𝙩 𝙋𝙧𝙤𝙩𝙚𝙘𝙩𝙞𝙤𝙣 𝙁𝙞𝙡𝙢၊ 𝘾𝙚𝙧𝙖𝙢𝙞𝙘 𝘾𝙤𝙖𝙩𝙞𝙣𝙜၊ 𝙋𝙧𝙚𝙢𝙞𝙪𝙢 𝙒𝙖𝙨𝙝 & 𝙋𝙤𝙡𝙞𝙨𝙝 စတဲ့ ၀န်ဆောင်မှုများအားလုံးကို တနေရာထဲမှာ စိတ်တိုင်းကျ ဆောင်ရွက်နိင်ပါတယ်
-
+amo
-

06/04/2025
Hi , မဂ်လာ ပါ အမျိုး တို့ရေ၊
18/03/2025

Hi ,
မဂ်လာ ပါ အမျိုး တို့ရေ၊

22/10/2024

Toyota Axio grade ခွဲနည်းများ
==========================
ကားတင်သွင်းမှု မူဝါဒ အရ 2011 model နှင့် အထက် ကိုပဲ လေ့လာထားပါသည်။ တောင်းဆိုမှုအရ လေ့လာရေးသားရပါသဖြင့် မပြည့်မဆုံဖြစ်ခဲ့ပါလျှင် နားလည်ပေးကြဖို့ ကြိုတင်တောင်းဆိုပါသည်။

1300 CC . 1500 CC . 1800 CC နှင့် 1500CC ( Hybrid ) ဟူ၍ Displacement ( အင်ဂျင်ပါဝါ ) 4 မျိုး လာပါသည်။
2012 model မှ စ၍ 1300 CC စထုတ်ပါသည်။

1300 CC မှာ Grade 3 မျိုးရှိပါသည်။
1 : X Business Package
မြန်မာနိုင်ငံမှာ အများဆုံးတင်သွင်းသော grade . RPM ဒိုင်ခွက်မပါ ။ ပါးခြမ်းမီးခြောက် ၊ ထိုင်ခုံလက်တင်မပါ ။ Remote Key . Aircon ခလုတ် ဂျောက်ဂျက် ။

2 : X grade
RPM ဒိုင်ခွက်ပါ ။ဘက်မှန်မီးခြောက် ။Push Start Smart Key. Aircon ခလုတ် ဂျောက်ဂျက်။

3: XG Edition
1300 CC မှာ အမြင့်ဆုံး grade .ထိုင်ခုံ လက်တင်၊ ဘက်မှန်မီးခြောက် ၊Push Start Smart Key.
Digital Aircon . စီယာတိုင် Control Switches များပါဝင်လာပါသည် ။

1500 CC မှာ grade 4 မျိုးရှိပါသည်။

1 : X grade
1300CC X grade နှင့်အတူတူပါ ။

2 : X HID Extra Limited
HID မီးကြီး ဖြစ်သွားသည် ။ ကျန်တာ X grade နှင့်အတူတူပါ ။

3 : G grade
1300 CC ရဲ့ XG နှင့်အတူတူပါ။

4: Luxel grade ( အမြင့်ဆုံး grade )
ဒတ်ခ်ျဘုတ် ၊ စီယာတိုင် လယ်သာကြိုးချုပ် + ကျွန်းကွက် ၊ အတွင်းခန်း ကျွန်းကွက် ၊ ရှေ့ ၊ နောက် လက်တင်ပါ ။ Push Start . Digital Aircon Switches . စီယာတိုင် control seitches . ဘက်မှန်မီးခြောက် ။ အပြည့်စုံဆုံး grade.
☆☆☆☆☆
1800 CC မှာတော့ Luxel grade တစ်မျိုးတည်း ရှိပါသည်။

2013 model က စပြီး 1500 CC ( Hybrid ) G ကို Toyota Corolla Axio က စတင်မိတ်ဆက်ပါသည်။
အတွင်းခန်းကျွန်းကွက်မဖြစ်တာက လွဲရင် နည်းပညာမြင့် system တွေ အားလုံး ပါဝင်ပါသည်။ မြန်မာနိုင်ငံမှာ မတွေ့ရသေးပါ ။
2015 model မှာတော့ Axio က ထပ်မံ ပုံပြောင်းသွားပါပြီ ။
☆☆☆ 2015 model Axio Hybrid ပုံနှင့်
Model Code ( frame : Chassis ) ပုံများ ဖော်ပြပေးထားပါသည်။

☆☆☆☆☆ PRIVACY GLASS မှန်မဲ GRADE တိုင်းမှ မပါပါ ။

☆☆☆☆☆ ပညာရှင်မဟုက်ပဲ လေ့လာရေးသားရပါသဖြင့်မှားယွင်းချက်များရှိခဲ့ လျှင် အပြုသဘောဆောင်ပြီး ဖြည့်စွတ်ရေးသား ပေးကြပါလို့

ကျေးဇူးအထူးတင်ပါသည်။


CRD.

10/10/2024
Honda Fit မှာ ဂရိတ်ဘယ်နှစ်မျိုးရှိလဲ? ဘယ်ဂရိတ်မှာ ဘာပါတယ် ဘာမပါဘူးလဲ?☑ Honda Fit မှာ ဘာပါတယ် ဘာမပါဘူးဆိုတာ (1) grade, (2...
12/06/2024

Honda Fit မှာ ဂရိတ်ဘယ်နှစ်မျိုးရှိလဲ? ဘယ်ဂရိတ်မှာ ဘာပါတယ် ဘာမပါဘူးလဲ?

☑ Honda Fit မှာ ဘာပါတယ် ဘာမပါဘူးဆိုတာ
(1) grade,
(2) option,
(3) edition နဲ့
(4) ပိုင်ရှင်ထပ်ထည့်တဲ့ ပေါ်မှာမူတည်ပါတယ်။
• Grade က ကားကုမ္ဗဏီက မူလ ခွဲရောင်းတဲ့ပုံစံပါ။
• Option က ဝယ်ယူသူ ငွေပေးထပ်ထည့်ခွင့်တွေပါ။
• Edition က ကုမ္ဗဏီက လိုမယ်ထင်တာတွေ ထပ်ထည့်ရောင်းတဲ့ပုံစံပါ။
• နောက်ဆုံးတမျိုးက ကားဝယ်သူက သူ့ကားကို သူကြိုက်တဲ့ပစ္စည်းနဲ့ သူကြိုက်သလိုဆင်ထားတာပါ။

⃣ (1) grade

အခြေခံအားဖြင့် grade ၃ မျိုးပဲရှိပါတယ်။
G, L, RS ပါ။

✔ G က အခြေခံ (basic grade) ပါ။ ဘေးမှန်မီးကျောက် မပါ, နောက်မှန်ငါးချပ် မမည်း, အဲကွန်း ဒက်ဂျစ်တယ် မဖြစ်ပါ။

✔ G နဲ့ L ကြားမှာ GF ဆိုပြီးထပ်ခွဲပါတယ်။ ဘေးမှန်မီးကျောက် ပါ, နောက်မှန်ငါးချပ် မည်း, အဲကွန်း ဒက်ဂျစ်တယ် မဖြစ်ပါ။

✔She’s Grade
ဒီ ဂရိတ်ကတော့ She’s ဆိုတ့ဲအတိုင်း မိန်းကလေးတွေအတွက် အထူးထုတ်ထားတ့ဲ Grade ဖြစ်ပါတယ်။ Smart Key Cover ကအစ ကားရဲ့အရောင်အတိုင်း လုပ်ပေးထားတယ်။ Aircon Display ဘေးက အဝိုင်းလေးတွေလည်း ပန်းဆီရောင်၊ ခြေနင်းအခင်းတွေ၊ She’s Logo လေးတွေနဲ့ ကားအတွင်းခန်း တော်တော်များများမှာ မိန်းကလေးကြိုက် တ့ဲ အရောင်တွေနဲ့ အလှဆင်ထားတာတွေ့ရပါတယ်။ ကျန်တာကတော့ L Grade နဲ့ တူပါတယ်။

✔ L က ဘေးမှန်မီးကျောက် ပါ, နောက်မှန်ငါးချပ် မည်း, အဲကွန်း ဒက်ဂျစ်တယ် ဖြစ်, ယာဉ်မောင်းထိုင်ခုံမြှင့်လို့ရပါ။

👑 ဒါတွေက ထင်သာမြင်သာရှိပြီး ပြုပြင်လို့မလွယ်တဲ့ ဟာတွေပါ။ အခြား အချက်တွေ ကျန်ပါသေးတယ်။ ဥပမာ
L မှာပဲ လက်တင်ပါပါတယ်။ လက်တင်ပါတိုင်း L မဟုတ်နိုင်ပါဘူး။ ဘာကြောင့်ဆို G သို့ GF မှာ လက်တင်တပ်ပြီး ရောင်းသော်… ဆိုတာမျိုးပါ။

👑 grade ကိုမှတ်ရာမှာ
G ( မှန်ဖြူ) GF (မှန်မည်း) L ( မှန်မည်း auto AC) လို့ လွယ်လွယ်ကူကူ ပြောင်းလို့မရတဲ့ဟာတွေကို မှတ်ရပါတယ်။

👑 လက်တင်ပါတာ L ဂရိတ်လို့မှတ်ရင် မှားတတ်ပါတယ်။ L ဂရိတ်တိုင်း လက်တင်ပါတယ်.. လက်တင်ပါတိုင်း L မဟုတ်ဘူး.. အဲ့လိုပါ။
နောက်ပြီး မိန်းကလေး မောင်းမှာဆို ယာဉ်မောင်းထိုင်ခုံ နိမ့်မြင့်လုပ်လို့ရတဲ့
L ဂရိတ်ကို ပိုစဉ်းစားသင့်ပါတယ်။

👑 RS ကတော့ 1500cc အင်ဂျင်နဲ့ပါ။

⃣ (2) Option

✔ Option က ဝယ်သူက ပိုက်ဆံ ထပ်ဆောင်း ပေးပြီး ထည့်ပေးပါဆိုလို့ စက်ရုံက ထည့်ပေး လိုက်တာ တွေပါ။
side airbags, sunroof, navi, xenon headlight လိုဟာတွေပါ။

⃣ (3) edition

✔ Edition က
hightway edition ဆို xenon headlight,
smart edition ဆို smart key ပါတာမျိုးပါ။
အဲ့ဒီ option နဲ့ edition က နည်းနည်း ရောထွေးနေလို့ ကားများများကိုင်ဖူးသူမှ အသေအချာ သိပါလိမ့်မယ်။ ဒီကြားထဲ ဝယ်သူက သူဘာသာ နောက်မှ ထပ်ထည့်လိုက်တာမျိုးလည်း ရှိပါတယ်။

✔ xenon headlight ဒါမှမဟုတ် steering wheel mounted audio controls ဆိုရင် option, edition, ထပ်ထည့် သုံးမျိုးလုံး ဖြစ်နိုင်ပါတယ်။
အခြားဟာတွေက
spoiler, speakers, fog light, alloy wheels စသဖြင့်ပါ။

✔ သီးသန့်ပါရမှာက
လေထိုးတံ နဲ့ ဘီးဖါဆေး+ပိုက်ထုတ်။
ဂျိုက်နဲ့လှည့်တံ။
ဘီးဖြုတ်ဂေါက်နဲ့ လော့သီးဖြုတ်ခေါင်း (ဘီးက လော့သီးနဲ့ဆိုရင်)။
map CD or map SD (ကားက navi tv နဲ့ဆိုရင်), သော့အပို ။ Manual စာအုပ်များ။ ကားဆွဲရန်ကွင်းသီး တို့ပါပဲ။

☑ Chessis က model, generation နဲ့ဆိုင်ပါတယ်။ 2007 late ကနေ 2010 ထိ GE6 က 2010 late ကနေ 2013 ထိ ပုံပြောင်းပါတယ် chessis မပြောင်းပါ။
2013 late မှာ အကုန်ပြောင်းပါတယ်
GK3 ဖြစ်ပါတယ်။
🚘🚘🚘🚘🚘

Credit》》
Ko Tun Oo

Address

Cherry And Tharaphi Street Meikhtila
Meiktila

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959776556775

Website

Alerts

Be the first to know and let us send you an email when Loyalty Vehicle Trade Center LVTC posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share