13/03/2025
ဗုဒ္ဓ မြတ်စွာဘုရားရှင် လက်ထက်တော် အခါက
____________________________________
မြတ်စွာဘုရားရှင် သည်
ရာဇဂြိုဟ်ပြည် ဝေဠုန်ဝန်ကျောင်းတော်၌
သီတင်းသုံးကာ
အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ
ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက်ရှိသည်။
ထိုသတင်းကို
ခမည်းတော် သုဒ္ဓေါဒနမင်းကြီးကြားသိ သောအခါ
သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။
ထို့ကြောင့် အမတ်တယောက်အား
အခြွေအရံ တထောင်နှင့်အတူ စေလွှတ်၍ ပင့်ခိုင်း၏။
ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကို ကြားနာရ၍
အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။
သုဒ္ဓေါဒနမင်းကြီးထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။
မင်းကြီးလည်း နောက်ထပ်၍
အမတ်တို့ကို အခြွေအရံ တထောင်စီဖြင့်ကိုးကြိမ်တိုင်အောင်စေလွှတ် ခဲ့သည်။
သို့သော် အားလုံးရဟန်းပြု၍ နေကြပြန်သည်။
ဆယ်ကြိမ်မြောက်တွင်မူ
ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော
ကာဠုဒါယီအမတ်ကို စေလွှတ် သည်။
ကာဠုဒါယီအမတ်သည်လည်း
ရှေးကအမတ်များ နှင့်နည်းတူပင်
နောက်ပါများနှင့်တကွ ရဟန်းပြုပြန် သည်။
သို့ရာတွင် ခရီးလမ်းပန်းသာယာသော
တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား
လမ်းခရီးသာယာပုံ တပေါင်းအလှကို
ဂါထာပေါင်း၆၀-ဖြင့် ဖွဲ့နွဲ့ကာ
ကပိလဝတ်ပြည်သို့ ကြွပါမည့် အကြောင်း
ဘုရားရှင်အား လျှောက်ထားတောင်းပန် သည်။
( တပေါင်းလသည် မြန်မာလများတွင် ၁၂-လမြောက်ဖြစ်သည်။ တနှစ်တာ၏ နောက်ဆုံးလဖြစ်သည်။ တပေါင်းလ၏ ပထမလဝက်သည်ဆောင်းရာသီတွင် ကျရောက်သည်။ ဒုတိယလဝက်ကား နွေရာသီတွင် ကျရောက်သည်။ ဆောင်းကူးနွေစ သာယာလှသော လရာသီဖြစ်သည်။ ထို့ကြောင့် ခေတ်အဆက်ဆက် စာဆိုတို့သည် တပေါင်းလ၏အလှကို ရေးဖွဲကြသည်မှာယနေ့တိုင်ဖြစ်သည်။ )
ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ
တပေါင်းလပြည့် နေ့၌ ကပိလဝတ်ပြည်သို့ ကြွတော်မူခဲ့သည်။
တပေါင်းလပြည့်နေ့သည်
ဘုရားရှင် ပြည်တော်ဝင်ရန် စတင်ကြွလှမ်းသောနေ့ဖြစ်သဖြင့်လည်း
ထိုနေ့ကို အကြောင်းပြု၍
သာသနာတော်၌ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။
ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု
တပေါင်းလပြည့်ဗုဒ္ဓဟူးနေ့တွင်
သိကြားမင်း၊ ဥက္ကလာပမင်းကြီးတပုဿနှင့်
ဘလ္လိက ကုန်သည် ညီနောင်တို့ကြီးမှူး၍
ရွှေတိဂုံစေတီတော်ကြီး တည်ထား ခဲ့သည်ဟု သမိုင်းကဆိုသည်။
ဤကား တပေါင်းလကို အကြောင်းပြု၍သာသနာတော်၌
ထူးခြားသော မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။
ဗုဒ္ဓမြတ်စွာဘုရားရှင်က
ဖခမည်းတော်{ဖခင်}ကို ကျေးဇူးဆပ်ခဲ့သောနေ့ ။
မြတ်စွာဘရားရှင် ပြည်တော် ဝင်ရန် စတင်ကြွလှမ်းသောနေ့
#တပေါင်းလပြည့်နေ့
မြတ်ဗုဒ္ဓ ပြည်တော်ဝင်ဥပုသ်နေ့ အခါတော်နေ့တွင်
ဗုဒ္ဓဘာသာဝင်များအားလုံး
မြန်မာနိုင်ငံ မှ မိဘပြည်သူများအားလုံး
ကိုယ်၏ကျန်းမာခြင်း၊
စိတ်၏ချမ်းသာခြင်းဖြင့် ပြည့်စုံကြပါစေကြောင်း
𝗡𝗶𝘀𝘀𝗮𝗻 𝗜𝗰𝗼𝗻 𝗔𝘂𝘁𝗼 မှ
ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျာ
🙏🙏🙏
#တပေါင်းလပြည့် #ပြည်တော်ဝင် #အခါတော်နေ့