Mandalay Car Sales Centre
Mandalay Car Sales Centre အရည်အသွေးမြင့်ကားကောင်းများကို သင့်သင့်မျှတသောစျေးနှုန်းများဖြင့်၀ယ်ယူရရှိနိုင်ပါပြီ...
Cars For Myanmar Page တွင် လူကြီးမင်းတို့ သိရှိလိုသော ကားအမျိုး
အစားနှင့် ဈေးနှုန်းများကို မက်ဆေ့ခ်ျပို့ မေးမြန်းခြင်းဖြင့် အချိန်ကုန်လူပင်ပန်း
သက်သာစွာ ကားဈေးကွက်အကြောင်းကို လွယ်လင့်တကူ သိရှိနိုင်ပါပြီ။
Honda Fit 2011 GP1အရောင်းလေးပါစျေး----- သိန်း880ကားအမည်---- Honda Fit GP1မော်ဒယ်------ 2011အင်ဂျင်ပါဝါ---- 1350 CCကီလိုမ...
25/09/2025
Honda Fit 2011 GP1
အရောင်းလေးပါ
စျေး----- သိန်း880
ကားအမည်---- Honda Fit GP1
မော်ဒယ်------ 2011
အင်ဂျင်ပါဝါ---- 1350 CC
ကီလိုမီတာ---- 1*****
လောင်စာဆီ----- ဓါတ်ဆီ
အရောင် ----- Pearl White
ကားနံပါတ်---- 6L/16**(MDY)
ပါဝင်ပစ္စည်း---- Cruise Control၊ ဒစ်ဂျစ်တယ် အဲကွန်း, TV, ဘက်ကမ်မရာ, အော်တို၊ လည်သာ ထိုင်ခုံ, ၊အလွိုင်းဂွေ။
မန္တလေးမြို့တွင်ကားကြည့်ရမည်။
ဆက်သွယ်ရန်
Ph: 09250776335
#ကားအရောင်းအဝယ် .
ဒလီဗာရီ ဗန် (Delivery Van) ကားမျိုးစုံ သံပြားကပ် သက်တမ်းတိုးဝန်ဆောင်မူ့ပေးသည် Delivery Van (ဒလီဗာရီဗန်) ကားပိုင်ရှင်များ...
23/09/2025
ဒလီဗာရီ ဗန် (Delivery Van) ကားမျိုးစုံ သံပြားကပ် သက်တမ်းတိုးဝန်ဆောင်မူ့ပေးသည်
Delivery Van (ဒလီဗာရီဗန်) ကားပိုင်ရှင်များနှစ်စဥ်ကြုံတွေ့ရသည့် အခက်အခဲတခုဖြစ်သော ကညနသက်တမ်းတိုးသည့်အခါသံပြားအလုံပိတ်မပြည့်စုံသည့်အခက်အခဲများဖြစ်သော...
1)ဘေးတံခါးများ၊မှန်ပေါက်များသံပြားမကပ်ထားခြင်း
2)ခါးသံပြားအကန့်မပြည့်စုံခြင်း
3)ကြမ်းခင်းသံပြားမပြည့်စုံခြင်း
4)ဒူးပိတ်သံပြားမပြည့်စုံခြင်း
စသည့်လိုအပ်ချက်များအတွက် ကားမနာ၊ကားပျက်စီးခြင်းမရှိစေပဲ အချိန်ကုန်သက်သာကုန်ကျစရိတ်အသက်သာဆုံးဖြင့် သံပြားကပ်ဝန်ဆောင်မူ့နှင့် ကညနသက်တမ်းတိုးဝန်ဆောင်မူပေးပါသည်။
DV ကားမျိုးစုံဖြစ်သော...
1)Dihatsu Hijet (ဟိုက်ဂျက်)
2)Suzuki Every (စူဇူကီး)
3)Toyota Hiace (အံစာတုံး)
4)Toyota Townace
5)Nissan Vanette
6)Nissan Caravan
7)Nissan NV200
8)Mazda Bongo
9)Nissan Clipper
10)Mitsubishi Minicab
11)Mazda Biante
12)Mazda Scrum ....
စသည့် DV ကားလေး၊ကားကြီးမျိုးစုံကို...မြန်ဆန်သက်သာစွာဖြင့် သံပြားကပ်ခွာ ဝန်ဆောင်မူ့ပေးပါသည်။
Note: ကြိုတင်ဖုန်းဆက် Booking (ဘွတ်ကင်)ယူရန်မေတ္တာရပ်ခံပါသည်။
လိပ်စာ
အမှတ်(ဇဇ4/77), 56A လမ်း
107 x108 လမ်းကြား, ချမ်းမြသာစည်မြို့နယ်,
မန္တလေးမြို့။
ဖုန်း: 09250776335
Toyota Vitz 2011 ရုပ်ပြောင်း အရောင်းလေးပါစျေး----- 780 သိန်းကားအမည်---- Toyota Vitzမော်ဒယ်------ 2011အင်ဂျင်ပါဝါ---- 135...
23/09/2025
Toyota Vitz 2011 ရုပ်ပြောင်း အရောင်းလေးပါ
စျေး----- 780 သိန်း
ကားအမည်---- Toyota Vitz
မော်ဒယ်------ 2011
အင်ဂျင်ပါဝါ---- 1350 CC
ကီလိုမီတာ---- 12****
လောင်စာဆီ----- ဓါတ်ဆီ
အရောင် ----- Pearl White
ကားနံပါတ်---- 7M/4***(MDY)
ပါဝင်ပစ္စည်း---- အဲကွန်း, TV, ဘက်ကမ်မရာ, အော်တို, 2wd/4wd(လိုအပ်လျှင်ခလုတ်နှိပ်ပြီးထည့်လို့ရ), အလွိုင်းဂွေ။
မန္တလေးမြို့တွင်ကားကြည့်ရမည်။
ဆက်သွယ်ရန်
Ph: 09250776335
Vitz
#ကားအရောင်းအဝယ်
Suzuki Every Wagon Turbo Dv အရောင်းလေးပါစျေး----- 409 သိန်းကားအမည်---- Suzuki Every Wagon Deliveryမော်ဒယ်------ 2008အင်ဂ...
24/05/2024
Suzuki Every Wagon Turbo Dv အရောင်းလေးပါ
စျေး----- 409 သိန်း
ကားအမည်---- Suzuki Every Wagon Delivery
မော်ဒယ်------ 2008
အင်ဂျင်ပါဝါ---- 660 CC
ကီလိုမီတာ---- 1*****
လောင်စာဆီ----- ဓါတ်ဆီ
အရောင် ----- Black Metallic
ကားနံပါတ်---- 9N/73**(MDY)
ပါဝင်ပစ္စည်း---- တာဘို,အဲကွန်းဒစ်ဂျစ်တယ်,ပါဝါလေးပေါက်,ခေါင်းမှီလေးလုံး,ပါဝါစလိုက်တစ်ချပ်, TV, ဘက်ကမ်မရာ, အော်တို, လည်သာ ထိုင်ခုံစွပ်, အလွိုင်းဂွေ။
မန္တလေးမြို့တွင်ကားကြည့်ရမည်။
ဆက်သွယ်ရန်
Ph:09250776335
Suzuki Ertiga 2020 Type 4 3R/အရောင်းလေးပါစျေး----- 1050 သိန်းကားအမည်---- Suzuki Ertigaမော်ဒယ်------ 2020အင်ဂျင်ပါဝါ---- ...
01/08/2023
Suzuki Ertiga 2020 Type 4 3R/
အရောင်းလေးပါ
စျေး----- 1050 သိန်း
ကားအမည်---- Suzuki Ertiga
မော်ဒယ်------ 2020
အင်ဂျင်ပါဝါ---- 1462 CC
ကီလိုမီတာ---- 32***km
လောင်စာဆီ----- ဓါတ်ဆီ
အရောင် ----- Black
ကားနံပါတ်---- 3R/6***(YGN)
ပါဝင်ပစ္စည်း---- Type 4 ဒစ်ဂျစ်တယ် အဲကွန်း, TV, ဘက်ကမ်မရာ,Push Start (Smart Key 2ချောင်း), Body Skirt, အော်တို, လည်သာ ထိုင်ခုံစွပ်, သက်တမ်းတိုးပြီး 2025ထိရှိ, ကညနယာဥ်စစ်ဆေးပြီး။
ဝယ်သူစိတ်တိုင်းကျထပ်မံစစ်ဆေး၍ရ။
ကားရန်ကုန်တွင်ကြည့်ရမည်။
ဆက်သွယ်ရန်
ဖုန်း 09250776335 , 09776775184
ကားဘီးအလိုင်းမင့် ပုံမှန်ချိန်ပါ++++++++++++++++ကားဘီးတာယာတွေ ထိန်းသိမ်း ရတဲ့အလုပ်တွေထဲမှာ ဘီးအလိုင်းမင့် ပုံမှန်ချိန်ပေ...
13/02/2022
ကားဘီးအလိုင်းမင့် ပုံမှန်ချိန်ပါ
++++++++++++++++
ကားဘီးတာယာတွေ ထိန်းသိမ်း ရတဲ့အလုပ်တွေထဲမှာ ဘီးအလိုင်းမင့် ပုံမှန်ချိန်ပေးရတဲ့အလုပ်က အရေးကြီး ပါတယ်။ အလိုင်းမင့်အောက်နေတဲ့ ကားတစ်စီးမှာ တာယာပန်းသားတွေ စားကုန်ပါလိမ့်မယ်။ တာယာဘီးတစ် ဖက်ဖက်ကို ဆွဲနေတဲ့အတွက် မောင်း လို့မကောင်းပါဘူး။ စတီယာရင်ထိန်း လို့မကောင်းပါဘူး။ စတီယာရင်တွေကို အားစိုက်ပြီးထိန်းမထားရင် ကားမောင်း နေရင်း၊ တစ်ဖက်ကိုဆွဲချသွားနိုင်ပါ တယ်။ တာယာဘီးနှုတ်ခမ်းသားတွေ အစားမြန်ပါတယ်။ ကားတစ်စီးမှာ စတီယာရင်ထိန်းရတာကောင်းဖို့ တာ ယာပန်းသားရာဘာကွန်ပေါင်းတွေ ပွန်းစားမှုသက်သာစေဖို့ ဘီးအလိုင်း မင့်ချိန်ပေးဖို့လိုပါတယ်။
ကားဘော်ဒီကိုယ်ထည်ချက်ဆီ နဲ့ ကားတာယာဘီးတွေတည်ရှိမှု၊ ရပ်တည်မှုတွေကြားမှာရှိနေတဲ့ ဂျီဩ မေတြီသင်္ချာဆက်သွယ်မှုအမျိုးအစား၊ ဒီဂရီအတိုင်းအတာတေါကို ကားဘီး အလိုင်းမင့်လို့ ခေါ်ဝေါ်သတ်မှထားပါ တယ်။ ကားတစ်စီးရွေ့လျားတဲ့အချိန် မှာ တာယာဘီးတွေနဲ့ ကားအောက် ပိုင်းဆပ်စပန်းရှင်း အစိတ်အပိုင်းတွေ ကို ကားအလေးချိန်နဲ့ ရွေ့လျားမှုဒိုင်းနမစ်အားတွေ သက်ရောက်ပါတယ်။ ဒီလိုသက်ရောက်အားတွေကြောင့် ကားတာယာဘီးတွေရဲ့ အလိုင်းမင့် သက်ရောက်အားတွေကြောင့် ကား တာယာဘီးတွေရဲ့ အလိုင်းမင့်တွေ ပြောင်းလဲသွားနိုင်ပါတယ်။ အောက် ပိုင်းဆပ်စပန်းရှင်းတွေမှာရှိနေတဲ့ တိုက်ရော့၊ ဘောလ်ဂျွိုင်းနဲ့ ရာဘာ ဘွတ်တွေစားပြီး အလွတ်ကစားမှုတွေ များလာရင်လည်း ကားတာယာဘီး တွေ အလိုင်းမင့်ပြန်ချိန်ပေးဖို့လိုပါ တယ်။ ဘီးအလိုင်းမင့်ပြန်မချိန်ခင် ကားအောက်ပိုင်းစနစ်တွေကို စစ်ဆေး ပြီး လိုအပ်သလိုပြုပြင်ပေးရပါတယ်။
ကားဘီးအလိုင်းမင့်တွေ မှန်ကန် ဖို့ ကားအောက်ပိုင်းဆပ်စပန်းရှင်း အစိတ်အပိုင်းတွေကောင်းဖို့ လိုပါတယ်။ ဘီးအလိုင်းမင့်မှန်ကန်ခြင်းနဲ့ ကား အောက်ပိုင်း ဆပ်စပန်းရှင်းစနစ်တွေ ဟာ တစ်ခုနှင့်တစ်ခု ဆက်စပ်နေပါ တယ်။ မြန်မာနိုင်ငံကလမ်းတွေက ပေါက်ပြဲပြီး မကောင်းတာကများနေပါတယ်။ လမ်းမျက်နှာပြင်မညီမညာ ဖြစ်နေရင် အောက်ပိုင်းဆပ်စပန်းရှင်း အစိတ်အပိုင်းတွေ၊ ရှော့ပ်အတ်စော ဘာတွေ၊ ကြာကြာအသုံးမခံပါဘူး။ တာယာပန်းသားတွေလည်း ပျက်စီး ပွန်းစားမှုပိုမြန်ပါတယ်။ တိုက်ရော့၊ ဘောလ်ဂျွိုင်းတွေစားပြီး ချောင်နေ တာကို အချိန်မီမပြင်ဘဲ ဒီအတိုင်းပစ် ထားရင် တာယာပန်းသားတွေ ခဏ လေးနဲ့ စားကုန်ပါလိမ့်မယ်။ ပိုပြီးအန္တ ရာယ်များတာက ဘောလ်ဂျွိုင်းပြုတ် ထွက်ပြီး ကား accident ဖြစ်နိုင်ပါ တယ်။
ကားဘီးအလိုင်းမင့် ဂျီဩမေတြီ ထောင့်တန်ဖိုးအခြေခံ ၃ မျိုးကို တိုင်းရပါတယ်။ Toe Anlge လို့ခေါ် တဲ့ တိုးအင် (Toe-in) တိုးအောက် (Toe-out)၊ ကမ်ဘာနဲ့ ကတ်စတာတို့ကို ချိန်ညှိ ရပါတယ်။ တိုးအင်-တိုးအောက် (Toe-in/ Toe-out) ဆိုတာဘာလဲ။ ဘီးအလိုင်း မင့်တန်ဖိုးတွေထဲမှာ တိုးအင်၊ တိုး အောက်က အရေးကြီးပါတယ်။ ကား ရှေ့ဘီးတစ်စုံကို ဘယ်-ညာချိုးကွေ့ နိုင်ဖို့အတွက် စတီယာရင်နဲ့ တိုက် ရော့ဒ်ဆက်သွယ်မှု၊ တိုက်ရောဒ်နဲ့ စတီယာရင်နတ်ကယ်အမ်း ဆက် သွယ်မှုတွေရှိပါတယ်။
ကားရှေ့ဘီးတာယာ ၂ လုံးကို အပေါ်စီးကနေကြည့်ရင် ရှေ့ပိုင်းအကွာအဝေးက နောက်ပိုင်းအကွာအဝေး ထက် နည်းနည်းလေးပိုပြီး တိုဝင်နေပါတယ်။ တာယာဘီး ၂ လုံးစလုံး ဟာ ရှေ့ကိုစုဝင်နေတယ်။ ဒီလိုမျိုး တာယာဘီးနောက်ပိုင်းအကွာအဝေး ထက် ရှေ့ပိုင်းအကွာအဝေးက ပိုပြီး စုဝင်နေတာကို Toe-in ဖြစ်တယ်လို့ ပြောကြပါတယ်။
ကားရှေ့ဘီးတာယာနှစ်လုံးဟာ အပေါ်စီးကနေကြည့်ရင် သီအိုရီသ ဘောအရ မျဉ်းပြိုင်ဖြစ်နေရပါတယ်။ မျဉ်းပြိုင်ဖြစ်တယ်ဆိုတာက ရှေ့ပိုင်း တာယာအကွာအဝေးနဲ့ နောက်ပိုင်း တာယာအကွာအဝေး၊ ထပ်တူကျနေ ရပါတယ်။ ဒီလိုမျိုးထပ်တူကျပြီး မျဉ်း ပြိုင်ဖြစ်နေတာကို “Zero Toe” လို့ ခေါ်ပါတယ်။ ကားနောက်ဝင်ရိုးတန်း မှာ အသေတပ်ဆင်ထားတဲ့ နောက် တာယာဘီး ၂ လုံးဆိုရင် မျဉ်းပြိုင် ဖြစ်ပြီး အမြဲတန်း “Zero Toe” ပါ။ ဒါပေမဲ့ ရှေ့ဘီးတာယာ ၂ လုံးကို တော့ လက်တွေ့မှာ”Zero Toe” (မျဉ်းပြိုင်ဖြစ်နေခြင်း) ထားလို့မရပါ ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့ဘီး တာယာနှစ်လုံးဟာ အလွတ်ကစား နိုင်လို့ပါဘဲ။ ရှေ့ဘီးဆိုတာ နောက် ဘီးလို အသေတပ်ထားတာမဟုတ် ဘူး။ စတီယာရင်ချိုးကွေ့ကစားနိုင်တဲ့ တာယာဘီးဖြစ်နေတာကြောင့် တိုက် ရော့ဒ်၊ ဂေါ်လီခေါင်းနဲ့ စတီယာရင် လင် (Link) အဆက်တွေဟာ အလွတ်ကစားမှုတွေရှိပါတယ်။ ကား အောက်ပိုင်းချုပ်တန်း၊ ရာဘာဘွတ် တွေကလည်း အလွတ်ကစားနိုင်ပါ တယ်။
လမ်းပျက်နှာပြင်ပေါ်က ချိုင့်ခွက် တွေ၊ လိုင်းတွေကြောင့်ဘဲဖြစ်ဖြစ်၊ ဘရိတ်နင်းအုပ်လိုက်လို့ဘဲဖြစ်ဖြစ်၊ ရှေ့ဘီးတာယာနှစ်လုံးဟာ မျဉ်းပြိုင် ဖြစ်နေရာကနေ ဘေးကိုကားထွက် သွားနိုင်ပါတယ်။ ဒီလိုမျိုး အလွတ် ကစားပြီး ရှေ့အဖျားကားထွက်သွား တာကို ထေမိကာမိစေဖို့ Toe-in အ နေအထားကို ချိန်ညှိပေးရပါတယ်။ ကားအမျိုးအစားကိုလိုက်ပြီး Toe-in ပမာဏဘယ်လောက်ထားရမယ်ဆို တာ သတ်မှတ်ချက်ရှိပါတယ်။ လူစီး ကားငယ်တွေမှာတော့ ယေဘုယျရှိ သင့်တဲ့ Toe-in ပမာဏကတော့ (1/16 inch) ရှိရပါတယ်။ ကားထုတ်လုပ် သူတွေကတော့ ကားအမျိုးအစားအ လိုက် worskhop Manual လက်စွဲ စာအုပ်မှာ အလိုင်းမင့် specification တွေ၊ ဘယ်လောက်ထားပြီးချိန်ရမလဲ ဆိုတာ ဖော်ပြထားပါတယ်။
Toe-out ဆိုတာကတော့ ကား ရှေ့ဘီးတာယာတစ်စုံကို အပေါ်စီးက နေကြည့်ရင် တာယာရှေ့ပိုင်းက နောက်ပိုင်းထက် ပိုပြီးကားထွက်နေတာကို ပြောတာပါ။ တိုက်ရော့ဒ်အဖျားပိုင်း ဂေါလီခေါင်းတွေချောင်နေ တာ တန်းဘွတ်တွေစားနေတာတွေကြောင့် ရှေ့ဘီးတာယာတွေကားထွက်နေတာ ကို Toe-out ဖြစ်တယ်လို့ပြောကြပါ တယ်။ Toe-out ဖြစ်ရင် များလွန်း ရင် တာယာပွတ်တဲ့ တကျွီကျွီမြည် သံတောင် ကြားရပါတယ်။
ကမ်ဘာ (Camber) အကြောင်း ကို ဆက်ပြီးပြောပါ့မယ်။ ကားတာ ယာဘီးတွေကို ရှေ့တည့်တည့်အနေ အထားကနေကြည့်ပါ။ လမ်းမျက်နှာ ပြင်နဲ့ တာယာဘီးဟာ ထောင့်မှန်ကျ ပြီး ၉၀ ဒီဂရီရှိရပါတယ်။ သီအိုရီသ ဘောက ထောင့်မှန်ကျရတယ်။ ဒါ ပေမဲ့ လက်တွေ့မှာ ကားတာယာဘီး တွေဟာ ချိန်သီးကြိုးနှင့် နှိုင်းယှဉ် ကြည့်ရင် အပြင်ကို ကားထွက်နေ တာမျိုး သို့မဟုတ် အတွင်းကိုဝင်နေ တာမျိုးဖြစ်နိုင်ပါတယ်။ ဒီလိုမျိုးချိန် သီးကြိုး မတ်မျဉ်းကနေတဲ့ ထောင့် ဒီဂရီတန်ဖိုးကို ကမ်ဘာ (Camber) လို့ခေါ်ပါတယ်။ ကားတာယာဘီးအ ပေါ်ပိုင်းက အပြင်ကိုကားထွက်နေ တာမျိုးကို Positive Camber လို့ခေါ် ပြီး အတွင်းပိုင်းကို စုဝင်နေတာမျိုးကို Negative Camber လို့ခေါ်ဆိုသတ် မှတ်ပါတယ်။
Positive Camber ဖြစ်နေတဲ့ ကားမှာ စတီယာရင်နတ်ကယ်အပေါ် သက်ရောက်နေတဲ့အားတွေက Spindel Base နဲ့ ပိုပြီးနီးကပ်သွား တာကြောင့် Steering Knuckle ထမ်းဆောင်နေရတဲ့ဝန်အားတွေကို လျော့ကျသွားစေပါတယ်။ နောက်တစ်ချက်က Positiver Camber ဖြစ်ရင် ကားဘီးတွေကို အတွင်းဘက်တွန်းပို့ ထားသလိုဖြစ်နေတဲ့အတွက် ဘီးဖြုတ် ထွက်တာမျိုးကို ကာကွယ်ပေးပါ တယ်။ Negative Camber ကတော့ ကားကွေ့တဲ့အခါမှာ တဖက်ကိုတိမ်း စောင်းသွားတာမျိုးကနေ ထောက် ကန်ပေးထားသလိုဖြစ်တဲ့အတွက် ရှေ့ဘီးယက် (Front-wheel driver) ကားတွေမှာတပ်ဆင်အသုံးပြုပါတယ်။
စတီယာရင်ဝင်ရိုးတန်းမျဉ်း (Axis) ကို ဘေးတိုက်အနေအထား ကြည့်ရင် ချိန်သီးမတ်မျဉ်းကြိုးကနေ နည်းနည်းစောင်းနေတာကို တွေ့နိုင် ပါတယ်။ ဒီလိုစောင်းနေတဲ့ ဒီဂရီကို caster လို့ခေါ်ပါတယ်။ ကတ်စတာ မှာ အပေါင်းကတ်စတာနဲ့ အနုတ် ကတ်စတာဆိုပြီး နှစ်မျိုးရှိပါတယ်။ နောက်ဘက်ကို ဒီဂရီနည်းနည်းစောင်း နေရင် အပေါင်းကတ်စတာ Positive Caster ဖြစ်ပြီး ရှေ့ဘက်ကိုစောင်းနေ ရင်တော့ အနုတ်ကတ်စတာ (Negative Caster) ဖြစ်ပါတယ်။
Positive Caster ရှိတဲ့ကားမှာ စတီယာရင်ကစားရတာ ပေါ့ပေါ့ပါးပါး ရှိပါတယ်။ အပေါင်းကတ်စတာရဲ့ အ ကျိုးသက်ရောက်မှုက ကားတာယာ ဘီးတွေကို ရှေ့တည့်တည့်မှာ အမြဲ တမ်းရှိနေအောင် ထောက်ပံ့ပေးပါ တယ်။ ကတ်စတာဒီဂရီတန်ဖိုးက သတ်မှတ်ချက်ထက်များနေရင် မ ကောင်းပါ။ စတီယာရင်တစ်ဖက်ကို ဆွဲနေတာမျိုးဖြစ်တတ်ပါတယ်။
ကားအောက်ပိုင်းဆပ်စပန်းရှင်း အစိတ်အပိုင်းတွေမကောင်းတာပြုပြင် ပြီးရင် ကားဘီးတွေကို အလိုင်းမင့် ချိန်ပေးရပါတယ်။ ရှေ့ဆွဲ၊ ရှေ့ယက် ကားတွေကို အလိုင်းမင့်ချိန်ရင် ရှေ့ ဘီးရော၊ နောက်ဘီးပါ ချိန်ပေးရပါ တယ်။ ကားဘီးတွေ အလိုင်းမင့်မှန် မှ ကားမောင်းရတာ စတီယာရင် ထိန်းရတာကောင်းပါတယ်။ တာယာ ပွန်းစားမှုဖြစ်တာတွေလည်း သက် သာစေပါတယ်။
ဒီခေတ်မှာ နည်းပညာတွေတိုး တက်လာတာနဲ့အတူ ကားဘီးအလိုင်း မင့်ချိန်တဲ့ စက်ကိရိယာတွေလဲတိုး တက်နေပါပြီး ခေတ်မီကွန်ပျူတာစ နစ်သုံး လေဆာရောင်ခြည်နဲ့ ဘီးအ လိုင်းမင့်ချိန်ပေးနိုင်တဲ့ ဆားဗစ်စင်တာ တွေမှာဘဲချိန်ပါ။ စက်ပစ္စည်းကိရိယာ ကောင်းတွေအပြင် Alignment Specification တွေ တိကျဖို့လိုပါ တယ်။ ဘီးအလိုင်းမင့်ပုံမှန်ချိန်ပြီး စစ်ဆေးပေးခြင်းဟာ ကားအောက် ပိုင်းကိုပါ တခါးတည်းစစ်ဆေးနိုင်တာ ကြောင့် သင့်ကားရဲ့ဘေးကင်းလုံခြုံ မှု (Safety) အတွက် ပုံမှန်ထိန်းသိမ်း ခြင်းဖြစ်ပါတယ်။
original author
Toyota Wish 2006 1800Cc
31/12/2020
Toyota Wish 2006 1800Cc
Sold Out....Thanks.
24/11/2020
Sold Out....Thanks.
လေစစ်ထဲကို အင်ဂျင်ဝိုင် ရောက်ရခြင်း အကြောင်းရင်း ( ၃ ) ချက် ပုံမှန်အခြေအနေမှာ အင်ဂျင်ဝိုင်ဟာ အင်ဂျင်မှာရှိတဲ့ လေစစ်မှာ က...
23/11/2020
လေစစ်ထဲကို အင်ဂျင်ဝိုင် ရောက်ရခြင်း အကြောင်းရင်း ( ၃ ) ချက်
ပုံမှန်အခြေအနေမှာ အင်ဂျင်ဝိုင်ဟာ အင်ဂျင်မှာရှိတဲ့ လေစစ်မှာ ကပ်နေ/စိုစွတ်နေစေရမှာ မဟုတ်ပါဘူး။
ကားလေစစ်ဖြုတ်စစ်ရင်းနဲ့ လေစစ်မှာသော်လည်းကောင်း လေစစ်ဘူးထဲမှာသော်လည်းကောင်း အင်ဂျင်ဝိုင်တွေ စိုနေတာကို တွေ့ရတယ်ဆိုရင် အင်ဂျင်အတွက် အခြေအနေမကောင်းတာကို သတိပြုရမှာဖြစ်ပါတယ်။ ဒီအတိုင်းပစ်ထားလို့ရတဲ့ အခြေအနေတော့ မဟုတ်ပါဘူး။
အင်ဂျင်ဝိုင်ဟာ လေစစ်ကိုဘယ်လိုနည်းလမ်းနဲ့ရောက်နေသလဲအပေါ်မူတည်ပြီး အသေးစား/အကြီးစား ပြင်ဆင်မှု ပြုလုပ်ရနိုင်ပါတယ်။
၁။ PCV ဗား (Positive Crankcase Ventilation Valve) ပိတ်နေတာဖြစ်နိုင်ပါတယ်
PCV ဗားဟာ အင်ဂျင်ကရိုင်းရှပ်အုံအတွင်းကို ပစ်စတင်ရင်းတွေကျော်ပြီး ရောက်ရှိလာတဲ့ မီးလောင်ပေါက်ကွဲရာကထွက်လာတဲ့ အငွေ့တွေကို အင်ဂျင်လေဝင်ပေါက်ထဲကို ပြန်လည် ပို့ဆောင်ပေးတဲ့ ဗားဖြစ်ပါတယ်။ PCV ဗားဟာလည်း အချိန်ကြာမြင့်လာရင် engine oil အညစ်အကြေးတွေနဲ့ ပိတ်ဆို့လာတတ်ပါတယ်။ PCV ဗားဟာ မကြာခဏ စစ်ဆေးပြီး လဲပေးရတဲ့ အင်ဂျင်အစိတ်အပိုင်းတစ်ခုထဲမှာ ပါပါတယ်။ ဒါပေမယ့် အတော်များများဟာ မစစ်ဆေးဖြစ်တာများပါတယ်။
PCV ဗားပိတ်သွားရင် အင်ဂျင်အတွင်း အငွေ့ဖိအားတွေ များလာပြီး ဝိုက်ဆီးတွေ ဂတ်စကတ်တွေ ကြားထဲကနေ တိုးထွက်လာနိုင်ပါတယ်။ PCV ဗားဟာ မပိတ်ဘဲ ပွင့်နေတဲ့အနေအထားနဲ့ ကပ်နေရင်လည်း လေလမ်းကြောင်းထဲကို အင်ဂျင်ဝိုင်တွေ ရောက်ရှိလာစေပါတယ်။
PCV ဗားကြောင့် လေစစ်မှာ အင်ဂျင်ဝိုင်ရောက်တာဆိုရင်တော့ ကုန်ကျစရိတ် အသက်သာဆုံးနဲ့ အမြန်ဆုံး ပြင်ဆင်နိုင်ပါတယ်။ PCV ဗားလဲလိုက်ရုံပါပဲ။
၂။ ပစ်စတင်ရင်းတွေ ပွန်းစား ပျက်စီးနေတာ
ပစ်စတင်ရင်းတွေဟာ အင်ဂျင်ဝိုင်နဲ့အတူ မီးလောင်ခန်းကို ဆီးလ်ပိတ်ပေးပါတယ်။ ပစ်စတင်ရင်းတွေဟာ ကားကီလို များလာတဲ့အခါဖြစ်စေ၊ ကောင်းစွာထိန်းသိမ်းမှု မပြုလုပ်ရင်ဖြစ်စေ၊ ပွန်းစားပျက်စီးတတ်ပါတယ်။ ပစ်စတင်ရင်းတွေ စားသွားတဲ့အခါ ဆီးလ်ပိတ်တာဟာ မလုံတော့ဘဲ မီးလောင်ပေါက်ကွဲလာတဲ့ အငွေ့တွေဟာ အင်ဂျင်ကရိုင်းရှပ်အုံအတွင်းကို ရောက်ရှိလာတတ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အင်ဂျင်ဝိုင်တွေဟာလည်း မီးလောင်ခန်းအတွင်း ရောက်ရှိလာပြီး ဓါတ်ဆီ/ဒီဇယ်နဲ့အတူ မီးလောင်ပါသွားတတ်ပါတယ်။ ပစ်စတင်ရင်းကြောင့် ဖြစ်တာဆိုရင်တော့ အိတ်ဇောမှာလည်း အပြာရောင် မီးခိုးတွေ ထွက်နေတတ်ပါတယ်။
ဒီလိုအခြေအနေဖြစ်ခါစ အချိန်မှာ ကရိုင်းရှပ်အုံအတွင်းကို ရောက်ရှိလာတဲ့ အငွေ့တွေဟာ ၎င်းထဲမှာ ဖိအားတွေ များလာစေပြီး PCV ဗားကနေတဆင့် လေဝင်လမ်းကြောင်းကို ရောက်ရှိကာ လေစစ်နဲ့ လေစစ်ဘူးကို အင်ဂျင်ဝိုင်တွေ စိုစွတ်နေစေတာလည်း ဖြစ်နိုင်ပါတယ်။
ဒီလိုဖြစ်ရင်တော့ ဝပ်ရှော့မှာ Compression Test လုပ်ဖို့ လိုအပ်နိုင်ပါတယ်။ စလင်ဒါတစ်ခုချင်းစီမှာ Compression ရှိသင့်တာထက် လျော့နေရင်တော့ ပစ်စတင်ရင်းစားသွားတာ ဖြစ်ဖို့သေချာသလောက် ရှိနေပါပြီ။ Compression ကျတာဟာ ဗားတွေ ဟာ တာလည်းဖြစ်နိုင်သလို အင်ဂျင်ဟက် ပြန် သ ရတာလည်း ဖြစ်နိုင်ပါတယ်။ ဗားကြောင့်လား ပစ်စတင်ရင်းကြောင့်လားဆိုတာကိုတော့ ကားဝပ်ရှော့မှာ Wet Compression Test လုပ်ရင်း သိနိုင်ပါတယ်။ ပင်စတင်ရင်း လဲတာဟာ အင်ဂျင်အစအဆုံးဖွင့်ရတဲ့အတွက် ကုန်ကျစရိတ် အလွန်များပါတယ်။
ပစ်စတင်ရင်းတွေ ပွန်းစားတာကနေ ကာကွယ်ဖို့ Cera Tec ကို အသုံးပြုနိုင်ပါတယ်။ Cera Tec ဟာ စလစ်သားနဲ့ ပစ်စတင်ရင်းတွေအကြားမှာ ကာကွယ်ပေးတဲ့ အလွာပေးလေး ပြုလုပ်ထားပေးပါတယ်။ ဒါ့ကြောင့် ပစ်စတင်ရင်းတွေနဲ့ စလစ်သားတွေကို ပွန်းစားပျက်စီးခြင်းကနေ ကာကွယ်ပေးပါတယ်။
၃။ အင်ဂျင်ဝိုင်လမ်းကြောင်းတွေ ပိတ်နေတာ
အင်ဂျင်ဝိုင်နဲ့ အင်ဂျင်ဝိုင်စစ်တွေကို မလဲဘဲ ပစ်ထားတာကြာတဲ့အခါမှာ ဖြစ်တတ်ပါတယ်။ အင်ဂျင်ဝိုင်အတွင်းက အညစ်အကြေးတွေဟာ အနည်အနှစ်တွေဖြစ်လာပြီး အင်ဂျင်ဝိုင်လမ်းကြောင်းတွေကို ပိတ်ဆို့စေပါတယ်။ အင်ဂျင်ဝိုင်ဟာ ကောင်းမွန်စွာ မလည်ပတ်နိုင်တဲ့အခါ အင်ဂျင်အတွင်းပိုင်းမှာ pressure များလာပြီး PCV ဗားထဲကို အင်ဂျင်ဝိုင်တွေတွန်းပို့လိုက်နိုင်ပါတယ်။
အင်ဂျင်အတွင်း အနည်အနှစ်တွေများလာရင် အင်ဂျင်ကို ဆေးကြောဖို့ ရွေးချယ်စရာ နည်းလမ်း (၃) ခုရှိပါတယ်။ အနည်အနှစ်တွေ အရမ်းမများသေးရင် Engine Flush Plus နဲ့ ဆေးကြောလို့ ရပါတယ်။ အင်ဂျင်အတွင်း အမဲဆီလိမ်းထားသလို အနှစ်တွေ ကျနေပြီဆိုရင်တော့ အင်ဂျင်ခွဲပြီး ဆေးကြောရနိုင်ပါတယ်။ သို့မဟုတ် Oil Sludge Flush နဲ့ အင်ဂျင်မခွဲဘဲ ဆေးကြောနိုင်ပါတယ်။ အခြေအနေအရမ်းဆိုရင် Oil Sludge Flush ဖြင့် (၂) ကြိမ်၊ (၃) ကြိမ်အထိ ဆေးကြောရနိုင်ပါတယ်။
Oil Sludge Flush အကြောင်းကို အသေးစိတ်သိရှိလိုရင်တော့ အောက်ပါ လင့်မှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ။
https://www.facebook.com/.../a.48576.../2308778659209561/...
အမျိုးတွေရော အမျိုးတွေကားလေးရဲ့ အင်ဂျင်ရော ကျန်းမာရေး အမြဲကောင်းမွန်ကြပါစေ!
Zawgyi
ဒီလိုအခြေအနေဖြစ်ခါစ အချိန်မှာ ကရိုင်းရှပ်အုံအတွင်းကို ရောက်ရှိလာတဲ့ အငွေ့တွေဟာ ၄င်းထဲမှာ ဖိအားတွေ များလာစေပြီး PCV ဗားကနေတဆင့် လေ၀င်လမ်းကြောင်းကို ရောက်ရှိကာ လေစစ်နဲ့ လေစစ်ဘူးကို အင်ဂျင်ဝိုင်တွေ စိုစွတ်နေစေတာလည်း ဖြစ်နိုင်ပါတယ်။
Crd:
LIQUI MOLY Myanmar Team
Knowledge Sharing.....ကားမှာပါတဲ့ အရေးကြီးတဲ့ Safety Lock (3) မျိုးကျနော်တို့လက်ရှိ အသုံးပြုနေတဲ့ ကားတွေဟာ ခေတ်မီနည်းပညာ...
21/11/2020
Knowledge Sharing.....
ကားမှာပါတဲ့ အရေးကြီးတဲ့ Safety Lock (3) မျိုး
ကျနော်တို့လက်ရှိ အသုံးပြုနေတဲ့ ကားတွေဟာ ခေတ်မီနည်းပညာသုံး ကားတွေဖြစ်ပြီး ဟိုးအရင် ခေတ်ဟောင်း ကားတွေနဲ့မတူ မော်တော်ယာဉ်အတွက်ရော ကားမောင်းသူအတွက်ပါ အန္တရာယ် ကင်းရှင်းရေး နည်းပညာတွေကို တီထွင်အသုံးပြုနေကြပါပြီ ။ ဒီနေ့တင်ပြပေးချင်တဲ့ ကားမှာပါတဲ့ Safety Lock သုံးမျိုးကတော့ ကားမောင်းသူ တယောက်တည်း အတွက်မဟုတ်ဘဲ ကားမှာလိုက်ပါစီးနင်းနိုင်တဲ့ ကားမောင်းသူရဲ့ မိသားစု၀င် (အဓိက အားဖြင့် ကလေးတွေ) တွေအတွက် အထူးပြုလုပ် ထည့်သွင်း ထားတဲ့ Safety Lock လေး ၃ မျိုးပါ ။
1. Child Lock
Child Lock ဆိုတာကတော့ ကားတံခါးကို အတွင်းကနေ ဖွင့်မရဘဲ အပြင်ကနေပဲ ဖွင့်ရအောင် လုပ်ထားတဲ့ Lock လေးတခုပါ ။ ဒီ Lock လေးအကြောင်း မသိတဲ့ သူတော်တော်များများ ၊ ကားရေဆေးရင်း ဖြစ်ဖြစ် သန့်ရှင်းရေး လုပ်ရင်းဖြစ်ဖြစ် ဒီ Lock လေး မတော်တဆနှိပ်မိလို့ Lock ကျသွားတဲ့အခါမှာ ကားတံခါးကို အတွင်းကနေ ဖွင့်မရတော့ဘဲ အပြင်ကနေပဲ ဖွင့်ရတော့လို့ ကား၀ပ်ရှော့တွေ သွားပြတာမျိုးကြုံရ တတ်ပါတယ် ။
Child Lock ဆိုတဲ့ အရာကို ကားမှာ မှ မဟုတ်ဘဲ နေရာတော်တော်များများမှာ အသုံးပြုကြပါတယ် ။ အဓိက ကတော့ ကလေးသူငယ်တွေရဲ့ စူးစမ်းစိတ်ကြောင့် မတော်တဆ ထိခိုက်အန္တရာယ်တွေ မကြုံရလေ အောင် ကာကွယ်ဖို့အတွက် တီထွင်ဖန်တီးထားတဲ့ အရာတွေပါ ။ကားမောင်းနေတဲ့အချိန် ဖြစ်ဖြစ် ၊ ကားလမ်းဘေးမှာ ရပ်ထားတဲ့ အချိန်ဖြစ်ဖြစ် ကလေးသူငယ်တွေ ကားနောက်ခန်းထဲမှာရှိနေတဲ့အချိန် ကားတံခါးကို မတော်တဆ ဆွဲဖွင့်လိုက်မိရင် ၊ ကားတံခါးပွင့်သွားပြီး နောက်က ကားတွေနဲ့ တိုက်မိတာ ၊ ကလေးပြုတ်ကျတာ ၊ ယာဉ်မတော်တဆ မှုတွေဖြစ်တာ အစရှိတဲ့ အန္တရာယ် အမျိုးမျိုး ကြုံရနိုင်ပါတယ် ။ ဒါကြောင့် ဒီ Child Lock ဆိုတာလေးကို တီထွင်အသုံးပြုခဲ့ကြတာပါ ။
ဒီ Child Lock ဆိုတာလေးကို 1949 ခုနှစ်မှာ Joseph M. Schumann ဆိုတဲ့ လူက စတင်တီထွင်ခဲ့တာပါ ။ 1985 ခုနှစ်မှာတော့ အမေရိကန်နိုင်ငံမှာ ထုတ်လုပ်တဲ့ ကားတွေကို Child Lock မဖြစ်မနေ ထည့်သွင်းတပ်ဆင်ရမယ် ဆိုတဲ့ ဥပဒေထုတ်ပြန်ပြီး စတင်အသုံးပြုခဲ့ကြတာပါ ။
ဒီ Child Lock လေးအသုံးပြုပုံက ရိုးရှင်းပါတယ် ။ တချို့ Child Lock တွေက အပေါ်အောက် တွန်းတင် တွန်းချ လို့ရတဲ့ ခလုတ်လေးနဲ့ ပြုလုပ်ထားပြီး ၊ အောက်ကို တွန်းချထားရင် Child Lock လုပ်ထားတာ ( အတွင်းကနေ ဖွင့်မရ အပြင်ကဖွင့်ရသည် ) ၊ အပေါ်ပြန်တွန်းတင်ရင် Unlock ပါ ( အတွင်းရော အပြင်ကနေပါ ဖွင့်ရသည် ) ။ ပုံမှာ လေ့လာကြည့်လို့ရပါသည် ။
တချို့ကားအမျိုးအစားတွေရဲ့ Child Lock တွေကတော့ ကားသော့နဲ့လှည့်ပြီး အဖွင့်အပိတ်လုပ်ရတဲ့ အမျိုးအစား Child Lock တွေဖြစ်ပြီး Driver ကနေ အဖွင့်အပိတ် ထိန်းချိုပ်နိုင်တဲ့ Electronic စနစ်သုံး Child Lock တွေလည်းရှိပါတယ် ။
ကိုယ်က ကားမောင်းသူ တယောက်ဖြစ်ပြီး ၊ ကိုယ့်ကားမှာ ကလေးတွေလိုက်ပါစီးနင်းတတ်တယ်ဆိုရင် ကားမှာရှိတဲ့ Child Lock လေးတွေ အလုပ်လုပ်မလုပ် စမ်းသပ်စစ်ဆေးထားသင့်ပါတယ် ။
ဘာပဲဖြစ်ဖြစ် ကားတံခါး အတွင်းကနေ ဖွင့်မရဘဲ အပြင်ကနေပဲ ဖွင့်ရတာမျိုးကြုံနေတယ်ဆိုရင် ဒါကားမှာပါတဲ့ Child Lock ဆိုတဲ့ Saftey feature လေး တခုဆိုတာ သတိရပေးစေလိုပါတယ် ။
2. Power Window Lock
အခုရှင်းပြချင်တဲ့ နောက်တဲ့ Safety Lock တမျိုးက Power Window Lock ပါ ၊ ဒီ Power Window Lock ဆိုတာကတော့ ကားမောင်းသူဖက်ခြမ်းက Power Window ကလွဲလို့ ကျန်တဲ့ တခါးတွေ မှန်အတင်အချ လုပ်မရအောင် ထိန်းချုပ်ထားတဲ့ Safety Lock လေးတခုပါ ။ ကားမောင်းသူဖက်ခြမ်းမှာ ရှိတဲ့ မှန်တင်မှန်ချ Main Switch မှာပါပြီး အဲ့ဒီ ခလုတ်လေး နှိပ်ထားလိုက်ရင် ကားမောင်းသူဖက်ခြမ်းက မှန်တချပ်ကလွဲလို့ ကျန်တဲ့တခါးပေါက်တွေက မှန်တွေအကုန် အတင်အချ လုပ်မရတော့ပါဘူး ။
သူရဲ့ အဓိက ရည်ရွယ်ချက်ကတော့ အပေါ်က Child Lock လိုပါပဲ ကလေးတွေ ကားထဲမှာ စီးနေတဲ့အချိန် မှန်အတင်အချ ခလုတ်တွေကို ကစားတာ ၊ မှန်ပိတ်ထားတဲ့အချိန် မှန်တင်မှန်ချ ခလုတ်ပေါ်ကို ရပ်မိလို့ မှန်တခါးမတော်တဆ ပွင့်သွားတာ ၊ မှန်ကိုဖွင့်ပြီး ခေါင်းတို့ လက်တို့ အပြင်ကို ထုတ်တာ အစရှိတဲ့ အန္တရာယ်ရှိတဲ့ အပြုအမူတွေကို ကာကွယ်ဖို့တီထွင်ဖန်တီးထားတာပါ ။
အပေါ်မှာပြောခဲ့တဲ့ Child Lock လိုပါပဲ ၊ ကိုယ့်ကားရဲ့ နောက်ခန်းထဲမှာကလေးတွေ အမြဲလိုက်ပါ စီးနင်းတတ်တယ်ဆိုရင် အဲ့ဒီ Power Window Lock လေးတွေ ကောင်းမကောင်း အမြဲစစ်ဆေးပြီး ၊ ကလေးတွေ အန္တရာယ်ကင်း ဘေးရှင်းဖို့ ဒီ Safety Feature လေးကို သုံးစွဲသင့်ပါတယ် ။
ကားမှန်တင်မှန်ချတွေ Driver Side ကလွဲလို့ ကျန်တဲ့ တံခါးတွေ မှန်တင်မှန်ချ လုပ်မရဘူးဆိုရင် ဒီ Power Window Lock လေးကို သတိရပြီး အပိတ်အဖွင့်လုပ် စစ်ဆေးကြည့်သင့်ပါတယ် ။
3. Shift Lock
Shift Lock ဆိုတာကလည်း ကားအတွက် အရေးကြီးတဲ့ Safety Lock လေးတခုပါပဲ ၊ သေချာရှင်းပြရရင်တော့ ကားမောင်းသူတိုင်း နေ့စဉ်အသုံးပြုနေပြီး သတိမမူမိတဲ့ Lock လေးတခုပါပဲ ။ ကားကိုစက်စနှိုးလိုက်တယ် ၊ ကားစက်နိုးသွားတယ်ဆိုရင် ရှေ့သွားဖို့ Gear Position ( P ) ကနေ (D) ကို ထိုးတော့မယ်ဆို ဘရိတ်ကို နင်းမယ် ၊ ပြီးရင် Shift Lever ( ဂီယာတံက ) ဘု လေးကို နှိပ်ပြီး ထိုးမှ ဂီယာထိုးရပါတယ် ။ ကား Shift Lever က P ( Parking ) မှာရှိနေတဲ့အချိန် ဘရိတ်မနင်းဘဲ ဂီယာဘုပဲ နှိပ် ဂီယာထိုးကြည့်ရင် ဂီယာထိုးမရပါဘူး ။
ဘာကြောင့် အဲ့ဒီလို လုပ်ထားရတာလဲဆိုရင်တော့ အပေါ်မှာ ပြောခဲ့သလို Safety Feature ကြောင့်ပါပဲ ။ ကားပေါ်မှာ ကလေးတယောက်ယောက် ရှိနေမယ် ၊ ကားကလည်း စက်နှိုးထားမယ် ၊ ကားမောင်းသူ ကလည်း အပြင်ကိုထွက်နေတဲ့အချိန် ကလေးက ဆော့ကစားပြီး Shift Lever က ဘုကိုနှိပ်ပြီး Gear Position တွေ လိုက်ကစားလိုက်ရင် ကားက ဂီယာ၀င်ပြီး အကုန်၀င်တိုက်မိ အန္တရာယ် တွေ ဖြစ်နိုင်ပါတယ် ။
ဒါကြောင့် ကား Shift Lever (ဂီယာတံ) ကို P (Praking) နေရာကနေ အလွယ်တကူ ရွှေ့မရအောင် Shift Lock Solenoid လေးနဲ့ထိန်းပေးထားပါတယ် ။ Shift Lock Solenoid လေးက ဖွင့်ပေးမှ ဂီယာတံက P (Parking) နေရာကနေ အခြားဂီယာတွေကို ထိုးလို့ရပါတယ် ။
Shift Lock Solenoid လေးကိုတော့ သော့ဖွင့်လိုက်တာနဲ့ (IG) အပေါင်း (+) Voltage ရောက်အောင် လုပ်ထားပြီး နောက်ထပ် လိုအပ်တဲ့ အနှုတ်စ (-) ကိုတော့ ECU ကနေ ပေးပို့ပါတယ် ။
ECU ကနေလည်း ဒီအတိုင်းပို့မပေးဘဲ Gear Position က (P) မှာရှိရမယ် ၊ နောက်ထပ် Brake လည်း နင်းထားရမယ်ဆိုတဲ့ အချက် နှစ်ချက်ညီမှ ECU ကနေ အနှုတ် Signal ထုတ်ပေးပြီး Shift Lock Solenoid ကိုဆွဲစေကာ Shift Lever ( ဂီယာ ) ဘုကိုနှိပ် ဂီယာထိုးရစေပါတယ် ။
ဒါက Shift Lock ဆိုတဲ့ ဂီယာလက်တံ ရွှေ့ပြောင်းတဲ့ စနစ်ပါ ။ Shift Lock စနစ်က ဒီလို ထိန်းချုပ်ထား တာမို့ သူ့ပုံမှန်အတိုင်းဆို ဘရိတ်နင်းမှ ဂီယာလက်တံရွှေ့ရတာမို့ ဘာအန္တရာယ်မှ မရှိပါဘူး ။
ဒါပေမယ့် တချို့ချို့သော ကားတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ECU ကနေ လာမယ့် အနှုတ် (-) Signal ကြိုးကို Ground Direct ချထားတာတွေ ရှိတတ်ပါတယ် (ဒါမျိုး Ground တိုက်ရိုက် ချထားတဲ့ ကားတွေ ကျနော်ကိုယ်တိုင် မကြာမကြာတွေ့ရပါတယ် ) ။ ဒီလို Ground တိုက်ရိုက်ချထားတဲ့အတွက် Shift Lock Solenoid က သော့ဖွင့်တာနဲ့ ဆွဲနေပြီး ဘရိတ်နင်းစရာမလိုဘဲ ဂီယာဘုနှိပ် ဂီယာထိုးရနေပါပြီ ။
အဲ့လို့လုပ်ထားတဲ့ဟာမျိုးနဲ့ ဆော့တတ်ကစားတတ်တဲ့ ကလေးနဲ့သွားတွေ့ရင် ကားစက်လေးနှိုး (Idle) လေးနဲ့ လုပ်ထားချိန် ၊ ကလေးက ဂီယာလက်ကိုင်ဘုနှိပ် ဂီယာထိုးလိုက်ရင် ဂီယာ၀င်သွားပြီး ပြဿနာ အကြီးကြီး တက်သွားနိုင်ပါတယ် ။
ဒါကြောင့် ကလေးတွေအမြဲစီးတတ်တဲ့ ကားမောင်းသူတွေ ကားပိုင်ရှင်တွေအနေနဲ့ ကိုယ့်ကားမှာရှိတဲ့ Shift Lock စနစ်ကောင်းလားဆိုတာ ကိုယ်တိုင်စစ်ဆေးကြည့်သင့်ပါတယ် ။
ကားကို Gear Position (P) မှာထားပြီး သော့ဖွင့် ၊ Brake မနင်းဘဲ ဂီယာလက်ကိုင်ဘုကို နှိပ်ပြီး ဂီယာထိုးကြည့်ပါ ၊ ဂီယာထိုးမရဘူးဆိုရင် Shift Lock စနစ်အသက်၀င်နေပြီး အန္တရာယ်ကင်းပါတယ် ။ အဲ့ဒီလိုမဟုတ်ဘဲ ဘရိတ်နင်းစရာမလိုဘဲ ဂီယာထိုးရနေတယ်ဆိုရင်တော့ တခုခုချို့ယွင်းနေပြီမို့ ကျွမ်းကျင်၀ပ်ရှော့တွေမှာ အမြန်သွားရောက်စစ်ဆေးရမှာဖြစ်ပါတယ် ။
Shift Lock Release Button
ဒါကတော့ ဂီယာလက်တံ ရွှေ့မရဖြစ်တတ်တဲ့အခါ Emergency အနေနဲ့ ဂီယာလက်တံရွှေ့ရအောင် လုပ်ထားတဲ့ ခလုတ်လေးပါ ။ ကားမောင်းဖို့ စက်နှိုးပြီး ဂီယာလည်းထိုးရော ဂီယာလက်တံက ရွှေ့မရတော့ဘူး P ( Parking ) နေရာမှာပဲ ရှိနေတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို Emergency အနေနဲ့ အသုံးပြုပြီး Gear Position တွေပြောင်းလဲရနိုင်ပါတယ် ။
ဂီယာသင်္ကေတ P, R, N, D, 2 စတဲ့ဂဏန်းတွေရဲ့ အပေါ်မှာ ဘေးမှာရှိတတ်ပါတယ် ။ တချို့အမျိုးအစား ကားတွေမှာ ဘုလေးတွေအဖြစ်ရှိနေပြီး ၊ တချို.ကားတွေမှာတော့ သော့တို့ ၊ ၀က်အူလှည့်တို့နဲ့ ထိုးမှ ရတဲ့ အချိုင့်လေးတွေ ထဲမှာ တည်ရှိတတ်ပါတယ် ။ ပုံမှာကြည့်နိုင်ပါတယ် ။
ဂီယာလက်တံ ရွှေ့မရတာမျိုးတွေကတော့
1. Brake Switch တွေပျက်တာ ၊
2. ကြိုးလိုင်းတွေပျက်တာ
3. Shift Solenoid ပျက်တာ အစရှိသဖြင့် အမျိုးမျိုးရှိတတ်ပါတယ် ။
ကားမောင်းဖို့ စက်နှိုးပြီး စစထွက်ဖို့ ကားဂီယာထိုးမရတော့ဘူး ဆိုတဲ့အချိန် ဘရိတ်နင်း ဒီခလုတ်လေးကို ဖိထားပြီး ဂီယာကို D ရွှေ့ရသလို ( ဒါမှမဟုတ် ) ကားကို တနေရာရာမှာ ရပ်ထားပြီး သော့ဖွင့်မရ စက်နှိုး မရတော့တဲ့အချိန် ကားကိုနေရာရွှေ့ဖို့ လိုလာတယ်ဆိုရင် ဒီ Shift Lock Release Button လေးကို နှိပ်ပြီး ကားကို N ( Neutral ) မှာထားပြီး ကားကိုတွန်း ရွှေ့လို့ရပါတယ် ။
ဒါလေးတွေကလည်း ကားမှာပါတဲ့ Safety Lock လေးနဲ့ ဆက်စပ်ပြီး သိသင့်သိထိုက်တဲ့ အရေးကြီး အချက်လေးတွေပါ ။ ဒီအချက်လေးတွေကို သိထားခြင်းဖြင့် မတော်တဆ ကြုံတွေ့လာရရင် ကိုယ်တိုင် ဖြေရှင်းနိုင်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှာဖြစ်ပါတယ်။
စာဖတ်သူ မိတ်ဆွေညီကိုမောင်နှမ များအားလုံးနည်းပညာ ဗဟုသုတ ကြွယ်ဝကြပါစေ
Crd:
Lynn Za Nee (P.T.U)
လုပ်ငန်းသုံးနှင့် အိမ်သုံးကားကောင်းများကို ကိုဗစ်ကာလအတွင်း သက်သာသောနှုန်းထားများဖြင့် ညှိနှိုင်းရောင်းချပေးလျက်ရှိပါတယ်ခ...
16/11/2020
လုပ်ငန်းသုံးနှင့် အိမ်သုံးကားကောင်းများကို ကိုဗစ်ကာလအတွင်း သက်သာသောနှုန်းထားများဖြင့် ညှိနှိုင်းရောင်းချပေးလျက်ရှိပါတယ်ခင်ဗျ....
1.) Nissan Caravna DV 2008 ဒီဇယ် အော်တို 3.0Cc 12 ယောက်စီး 5N/ 118 သိန်း (သက်တမ်းတိုးပြီး)
2.)Suzuki Every DV Wagon 2010 အော်တို ပါဝါ4ချပ် 4P/ 108 သိန်း (သက်တမ်းတိုးပြီး)
3.)Mazda Bongo 2004 ဒီဇယ် 850Kg မန်နူရာယ် 3E/ 116 သိန်း
4.) Suzuki Carry 2012 အော်တို 2Wd 2M/ 139 သိန်း
5.)Suzuki Carry 2013 မန်နူရာယ် ဖိုးဝှီး 4N/ 120 သိန်း
6.)Subaru Samba 2008 မန်နူရာယ် 4wd 7M/ 92 သိန်း (သက်တမ်းအသစ်)
7.)Toyota Vitz 2011 7M/ MDY 178 သိန်း
8.)Toyota Belta 2011 MDY (စတိနောက်ဆုံးနံပါတ်ရမည်) 235 သိန်း
9.)Honda Civic MX 2010 MDY (စတိနောက်ဆုံးနံပါတ်ရမည်) 240 သိန်း
ကားဓါတ်ပုံနှင့်အခြားအချက်လက်များကို Chat Box မှဖြစ်စေ ဖုန်းဖြင့်ဖြစ်စေဆက်သွယ်ရယူနိုင်ပါတယ်ခင်ဗျ၊၊
*ဒလီဗာရီကားသံပြားကပ်+သက်တမ်းတိုးဝန်ဆောင်မူ့ပေးသည်။*
*စုံစမ်းမေးမြန်းမူ့ကို နွေးထွေးစွာကြိုဆိုပါတယ်*
Mandalay Car Sales Centre
(ကားအရောင်းအဝယ်နှင့် ဒလီဗာရီကားသက်တမ်းတိုးဝန်ဆောင်မူ့လုပ်ငန်း)
Ph: 09250776335
အမှတ် (စစ 3/4) ၊ 57 လမ်း x 58 လမ်း ကြား၊ 105(ဘုရင့်နောင် လမ်း)နှင့်57A (မုဒိတာလမ်း) ထောင့်၊ကံသာယာမြို့သစ်၊ချမ်းမြသာစည်မြို့နယ်၊၊ မန္တလေးမြို့။
#ေခြးဘီလူး
Address
No. ZaZa-4/77, 56A Street, Between 107 X 108 Street, Cantharyar Myothit
Mandalay
0504-1027
Telephone
+959250776335
Website
Alerts
Be the first to know and let us send you an email when Mandalay Car Sales Centre posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.
Contact The Business
Send a message to Mandalay Car Sales Centre:
Share
Category