Suzuki Mandalay HTS

Suzuki Mandalay HTS suzuki car showroom, hts-suzuki,suzuki-hts,new suzuki car show room, mandalay car show room,htssuzuki

23/05/2026
19/05/2026

လမ်းခရီးတွေမှာ ဘေးကင်းစေမယ့် Electronic Stability Program

ကားမောင်းနေစဉ် ရုတ်တရက် လမ်းချော်တာမျိုး ဒါမှမဟုတ် အရေးပေါ် ကွေ့ရှောင်လိုက်ရတဲ့အခါ ကားကတည်ငြိမ်မှု မရှိတော့တာမျိုး ကြုံဖူးပါသလား?

မိုးရွာပြီး လမ်းချော်တဲ့အချိန်တွေ၊ အရေးပေါ် ယာဉ်လမ်းအကူးအ‌ပြောင်း လုပ်ရတဲ့အချိန်တွေမှာ အရှိန်နဲ့ ကွေ့မိလို့ ကားခေါင်းလျှောထွက်တာ (Understeer) ဒါမှမဟုတ် ကားနောက်ပိုင်းရမ်းပြီး လည်ထွက်တာ (Oversteer) စတဲ့ အခြေအနေတွေမှာ ကားကို တည်ငြိမ်မှုရှိ‌အောင် ESP (Electronic Stability Program) က ကူညီပေးနိုင်ပါတယ်။

ESP System က Safety System တစ်ခုဖြစ်ပြီး သက်ဆိုင်ရာ Sensor တွေမှတဆင့် Steering Direction၊ ဘီးလည်ပတ်နှုန်းနဲ့ ကားရဲ့ လှုပ်ရှားမှုတွေကို အချိန်နဲ့တပြေးညီ စောင့်ကြည့်ပေးပါတယ်။ ကားတည်ငြိမ်မှု ပျက်စပြုလာတာနဲ့ ဘီးတစ်ဘီးချင်းစီကို အလိုအလျောက် အရှိန်ထိန်းပေးခြင်း၊ Engine Power ကို ချိန်ညှိပေးခြင်းတို့ကို ပြုလုပ်ပြီး ကားကို ထိန်းချုပ်နိုင်အောင် ကူညီပေးတာပါ။

ESP ရဲ့ အဓိကအားသာချက်များ

◾လမ်းချော်ပြီး လည်ထွက်နိုင်ခြေကို အထိရောက်ဆုံး လျှော့ချပေးခြင်း
◾အရေးပေါ်အခြေအနေတွေမှာ ကားတည်ငြိမ်မှုနှင့် ထိန်းချုပ်နိုင်မှုကို မြှင့်တင်ပေးခြင်း

ESP ကို အဖွင့်အပိတ် ပြုလုပ်လို့ရတဲ့ ESP On/Off ခလုတ်လည်း ပါဝင်တာကြောင့် လိုအပ်သလို အဖွင့်အပိတ်ပြုလုပ်ပြီး အသုံးပြုနိုင်ပါတယ်။ပုံမှန်လမ်းခရီးတွေမှာတော့ အမြဲတမ်း On ထားသင့်ပြီး၊ ကားရွှံ့နစ်တာ ဒါမှမဟုတ် သဲထဲကျွံလို့ ရုန်းထွက်ရမယ့် အခြေအနေမျိုးမှာပဲ Off လုပ်ပြီး အသုံးပြုသင့်ပါတယ်။

အခုလို ယာဉ်အန္တရာယ်ကင်းဝေးစေဖို့ အထောက်အကူဖြစ်စေတဲ့ နည်းပညာတွေ ပါဝင်တယ်ဆိုပေမယ့် အရှိန်လွန်မောင်းနှင်ခြင်း၊ အန္တရာယ်ရှိတဲ့ မောင်းနှင်မှုပုံစံတွေက မတော်တဆမှု ဖြစ်စေနိုင်တာကြောင့် ခရီးစဉ်တိုင်းမှာ ဘေးကင်းလုံခြုံမှုကို အမြဲဦးစားပေးပြီး မောင်းနှင်ကြဖို့ အကြံပြုလိုက်ပါတယ်။

ဒီလို ESP (Electronic Stability Program) ပါဝင်တဲ့ Ertiga Smart Hybrid မှာ နောက်ထပ် ထူးခြားမှုဘာတွေရှိသေးလဲဆိုတာကို ဒီ Link ထဲမှာ အသေးစိတ် ဝင်ရောက်လေ့လာနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/ertiga





16/05/2026

မပေါ့ဆသင့်တဲ့ Engine Warning Light

ကားမောင်းနေရင်းနဲ့ ဒိုင်ခွက်ထဲမှာ Engine Warning Light (Check Engine Light) ပေါ်လာတဲ့အခါ “နောက်မှစစ်ကြည့်လိုက်မယ်” ဆိုပြီး မပေါ့ဆသင့်ပါဘူး။

ဒါက ကားရဲ့ Engine မှာ တစ်ခုခု ချို့ယွင်းမှုရှိနိုင်ကြောင်း သတိပေးနေတဲ့ အချက်ပြမီးဖြစ်တာကြောင့်ပါ။

⚠️ Engine Warning Light ပေါ်လာရင် ဘာလုပ်သင့်လဲ?
✔ Engine Temperature မြင့်နေခြင်းရှိမရှိ စစ်ဆေးပါ
✔ အရှိန်လျှော့ပြီး မောင်းနှင်ပါ
✔ မီးခိုးထွက်ခြင်း ဒါမှမဟုတ် ညော်နံ့ထွက်တာမျိုးတွေရှိရင် ကားကို ချက်ချင်းရပ်ပါ။
✔ နီးစပ်ရာ Service Center ကို အမြန်ဆုံး ဆက်သွယ်ပြီး အကြံဥာဏ်ရယူပါ။

အချိန်မီ စစ်ဆေးခြင်းက ကုန်ကျစရိတ်ကို သက်သာစေပြီးတော့ ဘေးကင်းစွာ မောင်းနှင်နိုင်စေဖို့ကိုလည်း အထာက်အကူ ဖြစ်စေပါတယ်။

အဲံ့ဒီလိုမဟုတ်ဘဲ Engine Warning Light ကို လျစ်လျူရှုထားမယ်ဆိုရင်တော့ Repair Cost ကြီးမားသွားနိုင်ခြင်း၊ Engine Damage ဖြစ်နိုင်ခြင်း၊ လမ်းပေါ်မှာ စက်ချို့ယွင်းပြီး ကားရပ်သွားနိုင်ခြင်း အစရှိတာ‌တွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒါကြောင့် Engine ရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့နဲ့ လမ်းခရီးတွေမှာ ဘေးကင်းလုံခြုံမှုရှိစေဖို့အတွက် လူကြီးမင်းတို့အနေနဲ့ Warning Lights တွေကို အမြဲဂရုစိုက်ဖို့ မမေ့ပါနဲ့နော်။

ကားကို ပြန်လည်စစ်ဆေးဖို့နဲ့ လိုအပ်တဲ့ အစိတ်အပိုင်းတွေ လဲလှယ်ဖို့အတွက် အောက်ပါ Website လိပ်စာမှ တဆင့် ဝင်ရောက်ပြီး နီးစပ်ရာ Suzuki Authorized Service Center တွေကို ဆက်သွယ်နိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer




12/05/2026

လုပ်ငန်းသုံးယာဉ်ဆိုတာထက် ပိုတဲ့ Carry Pro

Carry Pro ဆိုတာ သာမန်လုပ်ငန်းသုံးယာဉ်တစ်စီးထက် ပိုပါတယ်။ ဆီစားသက်သာမှုကို အဓိက ဦးစားပေး ဒီဇိုင်းထုတ်ထားတဲ့ ကားတစ်စီးဖြစ်တဲ့အပြင် ကြံ့ခိုင်မာကြောပြီး ပေါ့ပါးသွက်လက်စေဖို့ အတွက် အဆင့်မြင့် နည်းစနစ်များကို ထည့်သွင်းထားပါတယ်။

• VVT Engine (1.5L K15B) – VVT (Variable Valve Timing) နည်းပညာပါဝင်တဲ့ 1.5-Litre K15B Engine က ဆီစားသက်သာမှု နဲ့ ရုန်းအားကောင်းမှု ကို ဟန်ချက်ညီအောင် လုပ်ဆောင်ပေးတဲ့အတွက် သာမန်လုပ်ငန်းသုံးကားများထက် ပိုမိုထိရောက်တဲ့ စွမ်းဆောင်ရည် ကို ရရှိစေပါတယ်။

• Electronic Fuel Injection (EFI) - အင်ဂျင် အပူချိန်၊ လည်ပတ်နှုန်းနဲ့ ဝန်တင်ဆောင်ထားမှု အခြေအနေတွေကိုတွက်ချက်ပြီး အင်ဂျင်အတွက် တကယ်လိုအပ်တဲ့ ဆီပမာဏကိုပဲ တိတိကျကျ အသုံးပြုပေးတဲ့ EFI စနစ်ပါရှိပါတယ်။

• Electric Power Steering (EPS) - ဝန်အပြည့်တင်ဆောင်ထားချိန်တွေမှာလည်း ပေါ့ပါး လွယ်ကူစွာ ထိန်းချုပ်မောင်းနှင်နိုင်ဖို့အတွက် Electric Power Steering ကို အသုံးပြုထားပါတယ်။

• High-Tensile Galvanized Steel Body - ကုန်တင်ခန်း နဲ့ ကားအောက်ပိုင်းတို့ကို ပိုမိုခိုင်မာ တောင့်တင်းစေဖို့သာမက သံချေးတက် ဆွေးမြေ့ခြင်းကိုပါ ကာကွယ်နိုင်ဖို့အတွက် High-Tensile Galvanized Steel Plate များဖြင့် တည်ဆောက်ထားပါတယ်။

လုပ်ငန်းသုံးယာဉ်တစ်စီးဆိုတာထက် ပိုတဲ့ Carry Pro က လူကြီးမင်းတို့ရဲ့ နေ့စဉ်လုပ်ငန်းတွေမှာ ဘယ်လို ကိုက်ညီမှုတွေနဲ့ ပြည့်စုံနေလဲဆိုတာကို အောက်ပါ Link ထဲမှာ အသေးစိတ်ဝင်ရောက် ကြည့်ရှုပေးပါဦး။

https://suzukimyanmar.com/suzuki/carrypro




09/05/2026
05/05/2026

နေပူပူ မိုးရွာရွာ အမြဲအသုံးဝင်မယ့် Door Visor

နွေရာသီမှာ ကားကို နေပူထဲမှာ အကြာကြီး ရပ်ထားခဲ့ရတဲ့အခါ ကားထဲကို ပြန်ဝင်လိုက်တိုင်း အပူရှိန်ပြင်းတာကို လူတိုင်းကြုံဖူးမှာပါ။ ဒါ့အပြင် မိုးရာသီမှာဆိုရင်လည်း မှန်ဖွင့်ထားတဲ့အခါ ကားအတွင်းခန်း မိုးရေစိုတာမျိုးနဲ့ မှန်ပိတ်ထားတဲ့အခါ ကားအတွင်းခန်း လေလုံပြီး အနံ့ဆိုးထွက်တာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

ဒီလိုအခက်အခဲတွေကို အလွယ်တကူ ဖြေရှင်းလို့ရမယ့် နည်းလမ်းလေးတစ်ခုကတော့ နေပူပူ မိုးရွာရွာ အသုံးဝင်မယ့် Door Visor လေးတွေကို လူကြီးမင်းတို့ရဲ့ကားမှာ တပ်ဆင်ထားလိုက်ရုံပါပဲ။

Door Visor ကို တပ်ဆင်အသုံးပြုထားခြင်းအားဖြင့်

✅ လေဝင်လေထွက် ကောင်းမွန်ခြင်း
နေပူထဲမှာ ကားမှန်တွေကို အကုန်လုံး ပိတ်ပြီး ရပ်ထားတဲ့အခါ ကားအတွင်းထဲမှာ လေဝင်လေထွက် မရှိဘဲ လေပူတွေ အောင်းနေတတ်ပါတယ်။ Door Visor ကို တပ်ထားလိုက်မယ်ဆိုရင်တော့ မှန်ကို အနည်းငယ် ဟထားနိုင်တာကြောင့် လေဝင်လေထွက်ရှိပြီး အပူဒဏ်ကို သက်သာစေမှာပဲ ဖြစ်ပါတယ်။

✅ လုံခြုံစိတ်ချရခြင်း
Door Visor ရဲ့ ဒီဇိုင်းက မှန်အပေါ်နားကို ဖုံးအုပ်ထားတာကြောင့် အပြင်ကကြည့်ရင် မှန်ဖွင့်ထားမှန်း သိပ်မသိသာစေလို့ ကားအတွင်းပိုင်း လုံခြုံရေးအတွက်လည်း စိတ်ချရစေပါတယ်။

✅ Air Con ဝန်ကို လျှော့ချပေးခြင်း
ကားထဲမှာ အပူအောင်းတာ နည်းသွားတဲ့အတွက် ကားပြန်မောင်းလို့ အဲကွန်းအသုံးပြုတဲ့အခါမှာလည်း မြန်မြန်ဆန်ဆန် အေးစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် လူကြီးမင်းတို့ရဲ့ SUZUKI ကားလေးတွေမှာ Door Visor မတပ်ရသေးဘူးဆိုရင် အခုပဲ နီးစပ်ရာ Suzuki Authorized Service Center တွေမှာ Genuine Accessories အဖြစ် ဝယ်ယူတပ်ဆင်နိုင်ပါပြီ။

https://suzukimyanmar.com/suzuki/dealer




02/05/2026

SUZUKI က မြန်မာနိုင်ငံမှာ ဘယ်တုန်းက စတင်ခြေချခဲ့တာလဲ?

မြန်မာနိုင်ငံမှာ နှစ်ရှည်လများ ကာလရှည်ကြာစွာရပ်တည်လာခဲ့တဲ့ SUZUKI ဟာ သုံးစွဲသူ Customer များရဲ့ လိုအပ်ချက်တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ခိုင်မာတဲ့ ယုံကြည်မှုတွေ ရရှိစေဖို့ အစဉ်တစိုက် ကြိုးစားအားထုတ်လျက်ရှိပါတယ်။

ဒါကြောင့် SUZUKI ဟာ မြန်မာနိုင်ငံမှာ ဘယ်အချိန်ကတည်းက စတင်ခဲ့သလဲဆိုတာကို SUZUKI ချစ်သူတွေအနေနဲ့ စိတ်ဝင်စားကြမယ်လို့ထင်ပါတယ်…

Suzuki (Myanmar) Motor Co., Ltd. အဖြစ် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီအနေနဲ့ မစတင်မီ “Myanmar Suzuki Motor” ဆိုတဲ့ နာမည်နဲ့ ဘယ်တုန်းက၊ ဘယ်နေရာမှာ စတင် လည်ပတ်ခဲ့သလဲ ဆိုတာကို သိတဲ့ SUZUKI ချစ်သူများက Comment မှာ ဝေမျှပေးသွားပါဦး..

အဖြေကို မသေမချာဖြစ်နေတဲ့ SUZUKI ချစ်သူတွေကို Hint လေးတစ်ခု ပေးချင်တာမို့ ဒီ link လေးထဲမှာ အဖြေရှာလိုက်ပါဦးနော်…
https://suzukimyanmar.com/suzuki/aboutus



01/05/2026

အလုပ်သမားနေ့အား လှိုက်လှဲစွာ ဂုဏ်ပြုအပ်ပါသည်။

မေလ ၁ရက် နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ (May Day) အား Suzuki Myanmar Motor မှ ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

လုပ်သားပြည်သူ မိဘ ညီအစ်ကို မောင်နှမများ အားလုံး ကျန်းမာ ချမ်းသာ ဘေးဘယာဝေးကွာပြီး စိတ်သွားတိုင်းကိုယ်ပါ လိုရာပန်းတိုင်ခရီးကို ချောချောမွေ့မွေ့နဲ့ ရောက်ရှိနိုင်ကြစေကြောင်း Suzuki Myanmar Motor မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။

SUZUKI Myanmar Motor ရဲ့ ဝန်ဆောင်မှုအသေးစိတ်အချက်အလက်တွေကို သိရဖို့အတွက် ဒီ Link ထဲကို ဝင်ကြည့်ဖို့ မမေ့ပါနဲ့ဦးနော်။

www.suzukimyanmar.com



30/04/2026

ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ အေးချမ်းကြပါစေ...

ကဆုန်လပြည့် ဗုဒ္ဓနေ့သည် ဗျာဒိတ်တော်ခံယူခြင်း၊ ဖွားမြင်တော်မူခြင်း၊ ဗုဒ္ဓအဖြစ်သို့ ရောက်ရှိတော်မူခြင်းနှင့် ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းစသည့် ဖြစ်စဉ်တွေကြောင့် ဗုဒ္ဓဘာသာဝင်တို့အတွက် ထူးခြားသော နေ့ထူးနေ့မြတ် အခါသမယဖြစ်ပါသည်။

အဓိပ္ပါယ်ပြည့်ဝတဲ့ ကဆုန်လပြည့်နေ့မှာ အေးမြတဲ့ ရေစင်သွန်းလောင်းမှုနှင့်အတူ SUZUKI ချစ်သူ မိဘပြည်သူအပေါင်း ဘေးဘယာကင်းဝေးပြီး အေးချမ်းသာယာသော ခရီးလမ်းကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း SUZUKI Myanmar Motor မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။



28/04/2026

နေပူထဲရပ်ထားမိတဲ့အခါ ကားထဲမှာ အမြန်ဆုံးအေးစေဖို့ ဘယ်လိုလုပ်သင့်လဲ။

နွေရာသီမှာ နေပူထဲ ကားရပ်ထားတဲ့အခါ ကားထဲဝင်လိုက်တာနဲ့ အတော်လေး ပူလှောင် အိုက်စက်နေတဲ့ ခံစားချက်ကို အားလုံး ကြုံဖူးကြမှာပါ။ ဒါကို အမျိုးမျိုးသော နည်းလမ်းတွေနဲ့ဖြေရှင်းလေ့ရှိပြီး လူကြီးမင်းတို့အနေနဲ့ရော ကားထဲဝင်ဝင်ချင်း အမြန်ဆုံးအေးစေဖို့ ဘယ်လို နည်းလမ်းတွေကို သုံးလေ့ရှိကြလဲ

(A) အဲကွန်းကို အအေးဆုံးဖွင့်ပြီး ကားထဲမှာပဲ စောင့်မယ်။
(B) မှန်တွေအကုန်ချပြီး အတွင်းက လေပူတွေကို အရင်ထုတ်မယ်။
(C) ရှေ့လေကာမှန်ပေါ်ကို ရေလောင်းချမယ်။
လူကြီးမင်းတို့ အသုံးပြုနေကြ နည်းလမ်းလေးတွေကိုလည်း Comment မှာ ပြောပြပေးခဲ့ပါဦး။

SUZUKI ကားမော်ဒယ်တစ်ခုချင်းစီရဲ့ အဓိကအားသာချက်တွေနဲ့ အသေးစိတ် အကြောင်းအရာ အချက် အလက်တွေကို ပြည့်ပြည့်စုံစုံသိရှိချင်တယ်ဆိုရင်တော့ အောက်ပါ website Link မှာ အခုပဲ ဝင်ရောက်ကြည့်ရှုလိုက်ပါ။

www.suzukimyanmar.com



Address

No. 6/2 Theikpan Street, Bet;60 X 61 Chanmyatharsi T/S Mandalay
Mandalay

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30

Alerts

Be the first to know and let us send you an email when Suzuki Mandalay HTS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Suzuki Mandalay HTS:

Share