Suzuki Mandalay HTS

Directions Website Contact the business

Suzuki Mandalay HTS suzuki car showroom, hts-suzuki,suzuki-hts,new suzuki car show room, mandalay car show room,htssuzuki

06/10/2026

သီတင်းကျွတ်ခရီးထွက်ဖို့ အဆင်သင့်ဖြစ်ပြီလား?

လူကြီးမင်းတို့ သီတင်းကျွတ်အားလပ်ရပ် ခရီးမထွက်ခင် ဘယ်အချက်လေးတွေကို ကြိုတင်ပြင်ဆင်တတ်ကြလဲ? “Thadingyut Road Trip Scorecard ကို ကြည့်ပြီး ဘယ်အချက်အလေးတွေကို ပြင်ဆင်ပြီးပြီလဲဆိုတာကို ကိုယ်တိုင်စစ်ဆေးကြည့်လိုက်ရအောင်! 📋

လူကြီးမင်းတို့ အနေနဲ့ ဘယ်အချက်လေးတွေပြင်ဆင်ထားပြီးပြီလဲဆိုတာ Scorecard ကို ကြည့်ပြီး ကိုယ့်ရဲ့ Score လေးတွေကို Comment မှာ မျှဝေပေးခဲ့ပါဦး…

ခရီးမထွက်ခင် လူကြီးမင်းတို့ရဲ့ကားကို ကြိုတင်စစ်ဆေးနိုင်ဖို့အတွက် နီးစပ်ရာ Suzuki Authorized Service Center တွေရဲ့ လိပ်စာနဲ့ဖုန်းနံပါတ်တွေကို အောက်ပါ Link ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/dealer




03/10/2026

ကွေ့ရလွယ်ကူ၊ လမ်းတိုင်းအဆင်ပြေ

လုပ်ငန်းသုံးကားတစ်စီးအတွက် ကုန်ပစ္စည်းများများ တင်ဆောင်နိုင်ရုံနဲ့ မလုံလောက်ပါဘူး။ နေ့စဉ်လုပ်ငန်းခွင်မှာ ကြုံတွေ့ရတဲ့ လမ်းကျဉ်းတွေ၊ နေရာကျဉ်းတွေမှာ လွယ်ကူစွာ မောင်းနှင်နိုင်ဖို့လည်း အရေးကြီးပါတယ်။

Suzuki Carry Pro ရဲ့ Minimum Turning Radius 4.4 Metres ကြောင့်

💠လမ်းကြားတွေမှာ ကွေ့ဝင်ရလွယ်ကူခြင်း၊
💠လမ်းကျဉ်းတွေမှာ မောင်းနှင်ရလွယ်ကူခြင်း၊
💠နေရာယူရပ်တန့်ရ လွယ်ကူခြင်း
💠ကုန်တင်၊ ကုန်ချရာမှာ လိုအပ်တဲ့ နေရာယူမှုကို ပိုမိုလွယ်ကူစေခြင်း စတဲ့ အချက်တွေကို အထောက်အကူပြုနိုင်ပါတယ်။

လူကြီးမင်းတို့ လုပ်ငန်းတွေအတွက် စိတ်ချရတဲ့ Suzuki Carry Pro ရဲ့ Features တွေကို ကိုယ်တိုင်လေ့လာချင်တယ်ဆိုရင်တော့ အောက်ပါ Website Link ထဲမှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/carrypro




29/09/2026
29/09/2026

၁၉၉၉ ခုနှစ်မှာ Suzuki Myanmar အနေနဲ့ ပထမဆုံးထုတ်လုပ်ခဲ့တဲ့ ကားက ဘာကားလဲဆိုတာ သိပါသလား?

လူကြီးမင်းတို့ ပထမဆုံး စစီးဖူးခဲ့တဲ့ SUZUKI ကားလေးနဲ့ အမှတ်တရတွေရှိရင် Comment မှာ မျှဝေခဲ့ကြပါဦး။

SUZUKI နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို အောက်ပါ Link ထဲမှာ လေ့လာလို့ရပါတယ်။
https://suzukimyanmar.com/suzuki/aboutus




20/09/2026

🚗 ကားမောင်းနေတုန်း ပုံမှန်မဟုတ်တဲ့အသံကြားရပြီဆိုရင်… မပေါ့ဆပါနဲ့။

ပုံမှန်မဟုတ်တဲ့ ဆူညံသံတွေက
ကားရဲ့ ဘရိတ်၊ အောက်ပိုင်း ဒါမှမဟုတ် အင်ဂျင်ပိုင်းမှာ ပြဿနာတစ်ခုခုရှိနေတဲ့ အချက်ပြမှု ဖြစ်နိုင်ပါတယ်။

အသံသေးသေးလေးပဲဆိုပြီး ဆက်မောင်းနေမယ်ဆိုရင်
⚠️ ပြဿနာပိုကြီးလာနိုင်ပါတယ်
⚠️ မောင်းနှင်မှုအန္တရာယ် ဖြစ်လာနိုင်ပါတယ်
⚠️ ပြုပြင်စရိတ်လည်း ပိုကုန်နိုင်ပါတယ်

ပုံမှန်မဟုတ်တဲ့အသံကြားရပြီဆိုရင် အမြန်ဆုံး စစ်ဆေးပေးလိုက်ပါ။ 🔧

HTS Auto Service
သင့်ကားရဲ့ Safety နဲ့ Performance အတွက် ယုံကြည်စိတ်ချရတဲ့ Service Partner 🚘

16/09/2026

Air Con မအေးတော့တာ Air Con Gas ကြောင့်ပဲလား?

ကား Air Con ရဲ့ အေးမြမှုလျော့နည်းလာတာဟာ Air Con Gas တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ Air Con Filter မှာ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေ စုပုံပိတ်ဆို့နေခြင်းကြောင့် လေထွက်အားနည်းလာတာကြောင့် လုံလောက်တဲ့ အေးမြမှုမရတာလည်း ဖြစ်နိုင်ပါတယ်။

Air Con Filter အသုံးပြုချိန်ကြာလာလို့ Filter ပိတ်ဆို့နေမယ်ဆိုရင်...

🔹 Air Con မအေးတော့ခြင်း
🔹 Fan Speed ကို မြှင့်ထားပေမယ့် လေထွက်အားလျော့ကျနေခြင်း
🔹 Air Con ဖွင့်တဲ့အခါ အနံ့အသက်မကောင်းခြင်း
တို့ ဖြစ်ပေါ်လာနိုင်ပါတယ်။

ဒါကြောင့် Air Con မအေးတော့တဲ့အခါ Air Con Filter ရဲ့အခြေအနေကလည်း စစ်ဆေးရမယ့် အချက် တစ်ချက်ဖြစ်ပါတယ်။

မိမိကားမော်ဒယ်နဲ့ ကိုက်ညီတဲ့ Suzuki Genuine Air Conditioner Filter ကို စစ်ဆေးလဲလှယ်ဖို့ နီးစပ်ရာ Suzuki Authorized Service Center ကို ဆက်သွယ်နိုင်ပါတယ်။
https://suzukimyanmar.com/suzuki/dealer

လူကြီးမင်းတို့ အနေနဲ့ရော Air Con Filter ကြောင့် Aircon မအေးတော့တာမျိုး ကြုံဖူးတယ်ဆိုရင် comment မှာ မျှဝေပေးခဲ့ပါဦး။




13/09/2026

Carry Pro မှာ ကြိုးချိတ် (Rope Hooks) ဘယ်နှစ်ခုပါလဲ?

လုပ်ငန်းသုံးကားဖြစ်တဲ့ Carry Pro မှာ ကုန်ပစ္စည်းတွေကို ကြိုးနဲ့ ခိုင်မာစွာချည်နှောင်ပြီး တင်ဆောင်နိုင်ဖို့ အတွက် Cargo Bed ပတ်လည်မှာ ကြိုးချိတ် (Rope Hook) တွေ ထည့်သွင်းပေးထားပါတယ်။

ဒီ ကြိုးချိတ် (Rope Hook) တွေ ဘယ်နှစ်ခုပါဝင်တယ်လို့ ထင်ပါသလဲ?

အဖြေမှန်ကို ခန့်မှန်းပြီးရွေးကြည့်ပါဦး...

A. ၁၂ ခု
B. ၁၈ ခု
C. ၂၂ ခု

အဖြေရဲ့ သဲလွန်စကို သိချင်ရင်တော့ အောက်ပါ link လေးထဲမှာ ဝင်ရောက်ကြည့်ရှု့သွားလို့ရပါတယ်။
https://suzukimyanmar.com/suzuki/carrypro





08/09/2026

Periodic Maintenance ပြုလုပ်တိုင်း Parts တွေ လဲရမှာလား?

Periodic Maintenance ပြုလုပ်တဲ့အခါတိုင်းမှာ ကားရဲ့ Parts တွေကို မဖြစ်မနေ လဲလှယ်ရတာ မဟုတ်ပါဘူး။

ကားမော်ဒယ်အမျိုးအစား၊ မောင်းနှင်ထားတဲ့ ကီလိုမီတာ၊ အသုံးပြုထားတဲ့ကာလနဲ့ Parts တစ်ခုချင်းစီရဲ့ အခြေအနေပေါ်မူတည်ပြီး လုပ်ဆောင်ရမယ့် အချက်တွေ မတူညီနိုင်တာကြောင့်၊ Maintenance Schedule အရ သတ်မှတ်ထားတဲ့ မောင်းနှင်မှုအကွာအဝေး သို့မဟုတ် အချိန်ကာလအလိုက်

🔹 စစ်ဆေးပေးရမယ့် အစိတ်အပိုင်းများ၊
🔹 သန့်ရှင်းပေးရမယ့် အစိတ်အပိုင်းများ၊
🔹 ချိန်ညှိပေးရမယ့် အစိတ်အပိုင်းများ၊
🔹 လဲလှယ်ရမယ့် အစိတ်အပိုင်းများ ဆိုပြီး ကွဲပြားပါတယ်။

လူကြီးမင်းရဲ့ ကားကို ဘယ်အချိန်၊ ဘယ်ကီလိုမီတာ ရောက်ရင် ဘယ် Parts တွေ စစ်ဆေး၊ သန့်ရှင်း၊ ချိန်ညှိ၊ လဲလှယ်သင့်သလဲ သိရှိနိုင်ဖို့ ကားအမျိုးအလိုက် Periodic Maintenance Schedule ကို Suzuki Myanmar Website Link ကနေ Download ရယူပြီး လေ့လာကြည့်ရှုနိုင်ပါတယ်။

https://suzukimyanmar.com/suzuki/service

Schedule ကို ကြိုတင်လေ့လာထားခြင်းဖြင့် လုပ်ဆောင်ပေးသင့်တဲ့ Maintenance အစီအစဉ်ကို ပိုမိုနားလည်နိုင်မှာဖြစ်ပြီး၊ ကားစစ်ဆေးပြုပြင်ခြင်းနဲ့ လိုအပ်တဲ့ Parts တွေလဲလှယ်ဖို့ နီးစပ်ရာ Suzuki Authorized Service Center ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

လူကြီးမင်းတို့ဆီမှာရော Periodic Maintenance Schedule ရှိနေပြီလား? ဒီ Schedule ကို ကြည့်ဖြစ်ကြလားဆိုတာ Comment မှာ ပြောပြပေးသွားပါဦး။




Address

No. 6/2 Theikpan Street, Bet;60 X 61 Chanmyatharsi T/S Mandalay
Mandalay

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30

Alerts

Be the first to know and let us send you an email when Suzuki Mandalay HTS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Suzuki Mandalay HTS:

Shortcuts

Share