16/09/2026
🚗 ကားအန္တရာယ် ကင်းရှင်းစေဖို့... ယာဉ်မတော်တဆမှုဖြစ်ရတဲ့ အဓိကအကြောင်းရင်းများနှင့် ကာကွယ်နည်းများ 🛠️
ဒီနေ့တော့ ကျွန်မတို့ UNION One Stop Service ရဲ့ နည်းပညာမျှဝေမှုကဏ္ဍကနေ လမ်းမထက်မှာ ကိုယ်တိုင်ရော မိသားစုပါ ဘေးကင်းလုံခြုံစိတ်ချစွာ မောင်းနှင်နိုင်ဖို့အတွက် အရေးကြီးတဲ့ ဗဟုသုတအချို့ကို သတိပေး မျှဝေပေးချင်ပါတယ်ရှင်။
လမ်းမပေါ်မှာ ယာဉ်မတော်တဆမှုတွေက မမျှော်လင့်ဘဲ ခဏတာအတွင်း ဖြစ်ပွားတတ်ပါတယ်။ ဒါကြောင့် မတော်တဆမှုတွေ ဖြစ်ရတဲ့ အဓိကတရားခံတွေက ဘာတွေလဲ၊ ဘယ်လို ကြိုတင်ကာကွယ်မလဲဆိုတာကို နည်းပညာပိုင်းဆိုင်ရာ ယာဉ်မောင်းနှင်မှု အလေ့အထကောင်းတွေနဲ့အတူ လေ့လာကြည့်လိုက်ရအောင်ပါ။
၁။ အာရုံစိုက်မှု လျော့နည်းခြင်း။
မောင်းနှင်နေစဉ်အတွင်း ဖုန်းပြောခြင်း၊ စာပို့ခြင်း၊ သီချင်းဖွင့်တာ ပြင်ဆင်နေခြင်း သို့မဟုတ် အခြားအရာတစ်ခုခုကို အာရုံရောက်သွားခြင်းက မတော်တဆမှုကို ဖြစ်စေတဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။
💡 ဘယ်လိုကာကွယ်မလဲ: ကားမောင်းနေချိန်မှာ လမ်းမပေါ်ကိုသာ ရာနှုန်းပြည့် အာရုံစိုက်ပါ။ ဖုန်းအသုံးပြုဖို့ လိုအပ်ပါက ဘေးကင်းတဲ့နေရာမှာ ကားကို ခဏရပ်ပြီးမှ အသုံးပြုပါရှင်။
၂။ သတ်မှတ်နှုန်းထက် အရှိန်ပြင်းစွာ မောင်းနှင်ခြင်း။
အရှိန်လွန်ခြင်းက ကားရဲ့ ဘရိတ်စနစ် တုံ့ပြန်မှုကို လျော့ကျစေရုံသာမက မတော်တဆဖြစ်ပွားတဲ့အခါ ထိခိုက်ပျက်စီးမှု အရှိန်အဟုန်ကို ပိုမိုပြင်းထန်စေပါတယ်။
💡 ဘယ်လိုကာကွယ်မလဲ: သတ်မှတ်ထားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အမြန်နှုန်းတွေကို တိတိကျကျ လိုက်နာပါ။ အထူးသဖြင့် လမ်းကွေ့တွေ၊ လမ်းဆုံတွေနဲ့ မြို့တွင်းလမ်းတွေမှာ အရှိန်ကို ထိန်းညှိမောင်းနှင်ပါ။
၃။ မူးယစ်သောက်စားပြီး မောင်းနှင်ခြင်း။
အရက် သို့မဟုတ် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများ သောက်သုံးပြီး မောင်းနှင်ခြင်းက လူရဲ့ အမြင်အာရုံနဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းကို သိသိသာသာ လျော့ကျစေပါတယ်။
💡 ဘယ်လိုကာကွယ်မလဲ: "မူးလျှင် မမောင်းပါနှင့်" ဆိုတဲ့ ဆောင်ပုဒ်အတိုင်း လုံးဝ အသိစိတ်ရှိရှိ မောင်းနှင်ပါ။ သောက်စားထားပါက ကိုယ်တိုင်မမောင်းဘဲ အငှားယာဉ် သို့မဟုတ် တခြားသူကိုသာ မောင်းနှင်ခိုင်းပါရှင်။
📌မတော်တဆမှုတွေကို ရှောင်ရှားဖို့ ယာဉ်မောင်းသူရဲ့ အလေ့အထတင်မကဘဲ မိမိကားရဲ့ မောင်းနှင်မှုစနစ်၊ ဘရိတ်စနစ်နဲ့ တာယာတွေ ကောင်းမွန်နေဖို့ကလည်း အလွန်အရေးကြီးပါတယ်။ ယာဉ်မထွက်မှီ Check Engine မီးလင်းနေသလား၊ ဘရိတ်မိရဲ့လားဆိုတာကို အမြဲစစ်ဆေးဖို့ မမေ့ပါနဲ့နော်။
မိမိတို့ရဲ့ ယာဉ်များကို စနစ်တကျ စစ်ဆေးပြုပြင်ချင်တယ်ဆိုရင်တော့ UNION One Stop Service ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်။ ယာဉ်မောင်းသူတိုင်း ဘေးကင်းစိတ်ချရတဲ့ ခရီးစဉ်တွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်။
UNION One Stop Service Co.,Ltd
📍 Head Office: အမှတ် (၈၀)၊ ၆၉ လမ်း နှင့် မနောဟရီလမ်းထောင့်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
📞 Phone: 09 444676447