Happy GPS Myanmar

Happy GPS Myanmar Happy GPS တပ်ဆင်ထားမှ သင့်ရဲ့ အဖိုးတန် ကား၊ဆိုင်ကယ် လုံခြုံရေး စိတ်ချရမှာပါ။
(438)

အဖိုးတန်ဆိုင်ကယ်လေး ပျောက်သွားခဲ့ရင် ဝမ်းနည်းမနေပါနဲ့ ။
ကျွန်တော်တို့ HAPPY GPS System လေးတပ်ဆင်ပါက အေးအေးချမ်းချမ်း ပြန်ရှာတွေ့နိုင်ပါတယ်။ ;)

27/05/2026

မင်မင်တို့နှင့် တူတူ တောက်ပတဲ့ အနာဂတ်ကို တူတူလျှောက်လှမ်းကြပါစို့


🚀 HAPPY GPS Myanmar မှာ အတူတူလက်တွဲလုပ်ကိုင်မယ့် လုပ်ဖော်ကိုင်ဖက်သစ်များကို ဖိတ်ခေါ်ပါတယ်!ကိုယ့်ရဲ့ အရည်အချင်းတွေကို အကေ...
27/05/2026

🚀 HAPPY GPS Myanmar မှာ အတူတူလက်တွဲလုပ်ကိုင်မယ့် လုပ်ဖော်ကိုင်ဖက်သစ်များကို ဖိတ်ခေါ်ပါတယ်!
ကိုယ့်ရဲ့ အရည်အချင်းတွေကို အကောင်းဆုံးထုတ်ဖော်ပြသပြီး တိုးတက်တဲ့ လုပ်ငန်းခွင်တစ်ခုမှာ ပါဝင်ချင်သူတစ်ယောက်ဆိုရင်တော့ အခုပဲ အခွင့်အရေးကြီး လာပါပြီ ....
ကျွန်တော်တို့ HAPPY GPS Myanmar ကနေ အောက်ပါရာထူးတွေအတွက် ဝန်ထမ်းအသစ်တွေ ခေါ်ယူနေပါတယ်။

📌 လိုအပ်နေသော ရာထူးများ

1. Cashier (Female/Male - 1 Post)
🔸တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသူ (သို့မဟုတ်) ကျောင်းကိစ္စကင်းရှင်းသူ ဖြစ်ရမည်။
🔸အရောင်းစာရင်းများကို စနစ်တကျ၊ တိကျမှန်ကန်စွာ စစ်ဆေးလုပ်ကိုင်နိုင်ရမည်။
🔸Showroom အရောင်း နှင့် Way အရောင်း Voucher များအား လျင်မြန်စွာဖွင့်ပေးနိုင်ရမည်။
🔸Microsoft Word/Excel ကျွမ်းကျင်ပြီး Software အသုံးပြုတတ်သူဖြစ်ရမည်။
🔸EBS Software အသုံးပြုနိုင်သူကို ဦးစားပေးမည်။

2. Sale & Marketing Assistant (Male/Female) - 2 Post)
🔸တက္ကသိုလ်တစ်ခုခုမှဘွဲ့ရရှိသူ (သို့) ဆယ်တန်းအောင်ပြီး‌ ‌ကျောင်းကိစ္စကင်းရှင်းသူ
🔸 Sale & Marketing နဲ့ပတ်သက်ပြီး လုပ်ငန်းအတွေ့အကြုံ အနဲဆုံး(၁)နှစ်ရှိရမည်။ စျေးကွက်ချဲ့ထွင်ခြင်းနှင့် Wayပတ်၍ ရောင်းချခြင်းကို စိတ်ဝင်စားသူဖြစ်ရမည်။
🔸 Customer Service အတွေ့အကြုံရှိသူဖြစ်ရမည်။
🔸Company products/services များကို customer များထံ ရောင်းချခြင်း
🔸 လုပ်ငန်းအတွေ့အကြုံရင့်ကျက်ပြီး Team ကိုဦးဆောင်နိုင်သူ ပို၍ဦးစားပေးမည်။
🔸 ရုပ်ရည်ပြေပြစ်သူ၊ သွက်လက်ချက်ချာပြီး လူမှုဆက်ဆံပေါင်းသင်းရေးကောင်းမွန်သူ၊ အသင်းအဖွဲ့နှင့် လုပ်ကိုင်ဆောင်ရွက်နိုင်သူ ဖြစ်ရမည်။
🔸 လုပ်ငန်းလိုအပ်ချက်ရှိပါက နယ်ခရီးသွားနိုင်သူဖြစ်ရမည်။
🔸 ဆိုင်ကယ်လိုင်စင်(သို့) ကားမောင်းလိုင်စင်ရှိသူဖြစ်ရမည်။
🔸 အသက်(23)နှစ်အထက်ရှိရမည်။
🔸 ချမှတ်ထားသော စည်းကမ်းများအား လိုက်နာနိုင်သူ၊ ပေးအပ်ထားသော တာဝန်များအား ကျေပွန်စွာ‌ လုပ်ကိုင် နိုင်ရမည်။
🔸 ကွန်ပျူတာ အခြေခံကောင်းမွန်သူဖြစ်ရမည်။ (Microsoft Word, Excel, PowerPoint and Internet, Email).

3. Office/Showroom Sale (Female - 2 Posts)
🔸တက္ကသိုလ်တခုခုမှ ဘွဲ့ရရှိပြီးသူ (သို့မဟုတ်) ကျောင်းကိစ္စကင်းရှင်းသူ ဖြစ်ရမည်။
🔸Product နှင့် GPS Software အကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြပေးနိုင်သူ။
🔸ရုပ်ရည်ပြေပြစ်ပြီး စကားပြောယဉ်ကျေးသူဖြစ်ရမည်။

4. Installer Intern (Male - 2 Posts)
🔸ကား/ဆိုင်ကယ် GPS တပ်ဆင်ရေးလုပ်ငန်းများကို စိတ်ပါဝင်စားသူ။
🔸လုပ်ငန်းခွင်မှ Training ပေးမည်ဖြစ်၍ သင်ယူလိုစိတ်ရှိပြီး ကြိုးစားသူဖြစ်ရမည်။
🔸မန္တလေးမြို့လမ်းကြောင်း ကျွမ်းကျင်သူ လိုင်စင် ရှိသူကို ဦးစားပေးမည်။

📌ကျွန်ုပ်တို့နှင့်အတူ လုပ်ကိုင်ရမည့် အကျိုးကျေးဇူးများ

✅လုပ်ငန်းခွင် အတွေ့အကြုံကောင်းများ ရရှိခြင်း။
✅လစာ + ရက်မှန်ကြေး + Commission/Sale Incentives များ ခံစားခွင့်ရှိခြင်း။
✅လုပ်ငန်းအလိုက် ဆိုင်ကယ်ဆီဖိုး ခံစားခွင့်များ ရရှိမည်။

⏰ အလုပ်ချိန်နှင့် ပိတ်ရက်များ
အလုပ်ချိန်: 8:30 AM - 5:30 PM
ပိတ်ရက်: တစ်လလျှင် (၄) ရက် နှင့် Public Holiday များ

📩 လျှောက်ထားရန်
စိတ်ပါဝင်စားသူများအနေဖြင့် မိမိတို့၏ CV Form ကို အောက်ပါလိပ်စာသို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
Viber: 09 772 774 743
Email: [email protected]
Address: ၁၀၇လမ်း၊ ၆၉ x ၇၀လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
တောက်ပတဲ့ အနာဂတ်ကို တူတူ သွားဖို့အတွက် သင့်ကို ဖိတ်ခေါ်လိုက်ပါတယ် ✨

25/05/2026

HAPPY GPS Myanmar မှာ HR ရာထူးနှင့် တာဝန်ထမ်းဆောင်ခဲ့တဲ့ မနဒီမဉ္ဇူ အလုပ်မှ နှုတ်ဆက်ပွဲ ခလေးများ စုပေါင်း ကန်တော့ကြပြီး ဓာတ်ပုံတွေ တူတူ ရိုက်ဖြစ်ကြသလို အမြဲလည်း သတိရနေမှာပါ ....


25/05/2026

⚡ EV ကားပိုင်ရှင်တွေအတွက် အသင့်တော်ဆုံး GPS ⚡

ကားမှာ GPS လေးတော့ တပ်ထားချင်တယ်... ဒါပေမယ့် ကားရဲ့ အာမခံ (Warranty) ပြတ်သွားမှာကို စိုးရိမ်နေပါသလား?

ဒီ VG502 ဆိုတဲ့ GPS က သင့်အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်မှာ အသေအချာပါပဲ။ သူက ကားရဲ့ OBD Port မှာ အလွယ်တကူ ထိုးစိုက်ပြီး တပ်ဆင်ရုံပဲဆိုတော့ စက္ကန့် (၃၀) လောက်ပဲ ကြာတာမို့ အရမ်းကို လွယ်ကူမြန်ဆန်ပါတယ်။

ဘာကြောင့် VG502 OBD GPS ကို ရွေးချယ်သင့်တာလဲ?

🔌 ကားရဲ့ မူလစနစ်တွေကို လုံးဝ မထိခိုက်စေပါဘူး။

🛡️အထူးသဖြင့် EV ကားတွေအတွက် အာမခံ (Warranty) ထိခိုက်မှာကို စိတ်ချလက်ချ နေနိုင်ပါတယ်။

⏱️ စက္ကန့် (၃၀) အတွင်း တပ်ဆင်နိုင်ပါတယ်။

📍 ကားရဲ့ လက်ရှိတည်နေရာကို အချိန်နဲ့တစ်ပြေးညီ (Real-time) တိတိကျကျ စောင့်ကြည့် Tracking လုပ်နိုင်ပါတယ်။

EV ကားတွေအတွက် အထူးသင့်လျော်ပြီး တပ်ဆင်ရတာ အရမ်းကို အဆင်ပြေတဲ့ ဒီလို OBD GPS မျိုးကို အသုံးပြုချင်တယ်ဆိုရင်တော့ HAPPY GPS Myanmar ကို အခုပဲ ဆက်သွယ်စုံစမ်းနိုင်ပါတယ် ခင်ဗျာ။





24/05/2026

နှုတ်ခမ်းနီလေးတွေနှင့် လှနေတဲ့ ရုံးက မောင်လေးတွေ 😁😁😁



23/05/2026

Taxi ဆွဲမယ့် EV ကားအသစ်ကြီးအတွက် ယုံကြည်စိတ်ချစွာ GPS လာတပ်သွားတဲ့ Customer 😍

゚viralシfypシ゚

22/05/2026

ဆိုင်ကယ်လေးတွေကို ဂရုစိုက်ကြပါနော်

18/05/2026

ရုံးအထိ လာရောက်တပ်ဆင်ဖို့ အချိန်မရလို့ စိတ်ပူနေပါသလား? 🤔

HAPPY GPS Myanmar မှာ အိမ်တိုင်ရာရောက် လိုက်လံတပ်ဆင်ပေးတဲ့ ဝန်ဆောင်မှုလေး ရှိနေပါပြီနော်။ 🏡🛠️

ရုံးကို ဖုန်းလေးတစ်ချက်သာ 'ဟလို' ဆက်လိုက်ပြီး အိမ်မှာပဲ အေးအေးဆေးဆေး စောင့်နေလိုက်ရုံပါပဲ။ 📱🛋️ ကိုယ့်ရဲ့ ယာဉ်တွေအတွက် စိတ်ချရဆုံး GPS Tracking Device လေးတွေကို အပင်ပန်းခံစရာမလိုဘဲ အလွယ်တကူ တပ်ဆင်နိုင်ဖို့ အခုပဲ ဆက်သွယ်လိုက်တော့နော်... 🚘📍

HAPPY GPS Myanmar
📞 Call Center : 09-955653366,
📩 Viber Error Solution : 09-772288759
🏢 Showroom: 107လမ်း၊ 69လမ်း x 70လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့ ။

ချစ်ခင်ရသော HAPPY GPS Myanmar Customer များခင်ဗျာ...ယခုလောလောဆယ်တွင် ကျွန်တော်တို့၏ Call Center Server မှာ နည်းပညာပိုင်း...
18/05/2026

ချစ်ခင်ရသော HAPPY GPS Myanmar Customer များခင်ဗျာ...

ယခုလောလောဆယ်တွင် ကျွန်တော်တို့၏ Call Center Server မှာ နည်းပညာပိုင်းဆိုင်ရာ ခေတ္တချို့ယွင်းမှု (Server Down) ဖြစ်ပေါ်နေပါသဖြင့် ပုံမှန် Call Center ဖုန်းနံပါတ်များသို့ ဆက်သွယ်ခေါ်ဆို၍ မရနိုင်သေးကြောင်း လေးစားစွာဖြင့် အသိပေး တောင်းပန်အပ်ပါသည်။

သို့ဖြစ်ပါ၍ မိမိတို့၏ GPS Tracking Device များနှင့် ပတ်သက်ပြီး အရေးပေါ် အကူအညီ လိုအပ်ပါက (သို့မဟုတ်) ဝန်ဆောင်မှုများအကြောင်း စုံစမ်းမေးမြန်းလိုပါက အောက်ပါ ဖုန်းနံပါတ်သို့ ယာယီ ဆက်သွယ်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

☎️ အရေးပေါ် ဆက်သွယ်ရန် ဖုန်းနံပါတ် - 09 77 22 88 759

Server ပြန်လည် ကောင်းမွန်သွားပါကလည်း Page မှတစ်ဆင့် အမြန်ဆုံး ထပ်မံ အသိပေး ကြေညာပေးသွားပါမည်။ ယခုကဲ့သို့ အဆင်မပြေမှု ဖြစ်ပေါ်ခဲ့ရခြင်းအတွက် Customer တစ်ဦးချင်းစီတိုင်းကို အနူးအညွတ် တောင်းပန်အပ်ပါသည်။

နားလည်ပေးမှုအတွက် အထူးပင် ကျေးဇူးတင်ရှိပါသည်။ 🙏

HAPPY GPS Myanmar
📞 Call Center : 09-955653366,
📩 Viber Error Solution : 09-772288759
🏢 Showroom: 107လမ်း၊ 69လမ်း x 70လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့ ။

17/05/2026

HAPPY GPS Myanmar ကို အစဉ်မပြတ် အားပေးနေတဲ့ customer တစ်ယောက်ချင်းစီကို ကျေးဇူးအထူးပင် တင်ရှိပါတယ်ရှင့် ...

゚viralシ

Address

107လမ်း၊ 69လမ်း X 70လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
Mandalay
0503-1520

Opening Hours

Monday 08:30 - 17:30
Tuesday 08:30 - 17:30
Wednesday 08:30 - 17:30
Thursday 08:30 - 17:30
Friday 08:30 - 17:30
Saturday 08:30 - 17:30
Sunday 08:30 - 17:30

Telephone

+959955653366

Alerts

Be the first to know and let us send you an email when Happy GPS Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Happy GPS Myanmar:

Share