06/07/2022
V ပုံစံ ၃ ပွိုင့် ထိုင်ခုံခါးပတ်ကို ၁၉၅၉ ခုနှစ်မှာ ဆွီဒင်ကားကုမ္ပဏီ Volvo ရဲ့ အင်ဂျင်နီယာ နီးလ်ဘိုလင်က တီထွင်ခဲ့တာဖြစ်ပြီး လူသန်းပေါင်းများစွာကို အသက်ဘေးအန္တရာယ်ကနေ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ သူတို့ရဲ့ တီထွင်မှုက အရေးပါလွန်းလို့ မူပိုင်ခွင့်တင်မယ်ဆိုရင် ဒေါ်လာဘီလျံချီ ရရှိနိုင်ပေမဲ့ အကျိုးအမြတ်ရဖို့ထက် လူ့အသက်တွေကို ကယ်တင်နိုင်ဖို့ကို Volvo က အဓိက အလေးထားခဲ့ပါတယ်။
အဲဒါကြောင့် ကားထုတ်လုပ်ရေးလုပ်ငန်းအားလုံးမှာ သူတို့ရဲ့ထိုင်ခုံခါးပတ်နည်းပညာကို
အခမဲ့ အသုံးပြုနိုင်အောင် Volvo က မူပိုင်ခွင့် မတင်ခဲ့ပါဘူး။
Team (ရိုးရာလေး)