19/01/2025
မီးစက် မနှိုးခင် ဘာတွေစစ်ဆေးသင့်လဲ?
ကဲ ဒီရက်ပိုင်း မီးကလည်း မမှန်ဆိုတော့ အလုပ်တွင်ကျယ်အောင် မီးစက်ကိုပဲ အားကိုးနေရတယ် ဟုတ်?
ဒါကြောင့် မီးစက်မနှိုးခင် ဘာတွေစစ်ဆေးသင့်လဲဆိုတာ သိထားဖို့တော့လိုမယ်နော်👌
✅Batteryအိုးမှာရှိတဲ့ ဝါယာဆက်ခေါင်းတွေ တင်းကျပ်ခြင်းရှိ မရှိဦးစွာ စစ်ဆေးသင့်ပါတယ်
အရည်အိုးဆိုရင်လည်း အက်ဆစ်ပမာဏနဲ့သိပ်သည်းဆ ပြည်မှီခြင်း ရှိ မရှိစစ်ဆေးထားသင့်ပါတယ်
✅မီးစက်တွက် လိုအပ်တဲ့ အင်ဂျင်ဝိုင်ပမာဏ ပြည့်မှီခြင်း ရှိမရှိကိုလည်း စစ်ဆေးပြီးလိုအပ်ပါက ဖြည့်ခြင်း/အသစ်လဲပေးခြင်းတို့ကို ပြုလုပ်သင့်ပါတယ်
ဒါ့အပြင် ဆီတိုင်ကီနဲ့ ပလန်ချာကြားမှာ ဒီဇယ်ဆီ လေခိုခြင်းရှိ/မရှိ(လေခိုနေခဲ့ရင်လည်းကျွမ်းကျင်သူတွေနဲ့ လေချူပေးပြီး quality ကောင်းတဲ့ဒီဇယ်ဆီကို အသုံးပြုပေးစေလိုပါတယ်
✅ရေတိုင်ကီမှာ သတ်မှတ်ထားတဲ့ ရေပမာဏ ပြည့်မှီခြင်း ရှိ/မရှိယိုစိမ့်မှု ရှိမရှိစစ်ဆေးပြီး သန့်ရှင်းတဲ့ရေ သုံးလို့ရပေမယ့် Original coolantကိုသုံးပေးနိူင်ရင်တော့အကောင်းဆုံးပါပဲ
✅မီးစက်မှာ တပ်ဆင်ထားတဲ့ လေစစ်ဗူး ပိတ့်ဆို့ခြင်းရှိ /မရှိ
✅အသုံးပြုမဲ့ မီးလိုင်းနဲ့ဆက်သွယ်ထားတဲ့ဝါယာကြိုးတွေရဲ့ အရွယ်စား မှန် /မမှန်
စတဲ့ အချက်တွေကို မီးစက်မနှိုးခင်တိုင်း စစ်ဆေးသင့်ပါတယ်
ဒီလိုမျိုး သေချာစစ်ဆေးတဲ့ အခါ ကိုယ်တိုင်ရော ကိုယ့်ပတ်ဝန်းကျင်မှာပါ လုံခြုံစိတ်ချစွာနဲ့ မီးစက်ကို အသုံးပြုနိူင်မှာ ဖြစ်သလို မီးစက်
လည်းသက်တမ်းပြည့် အလုပ်လုပ်နိူင်တာပေါ့ဗျာ
ဒါကြောင့် မီးစက်များမှာ လိုအပ်တဲ့ အင်ဂျင်ဝိုင်,coolant,အင်ဂျင်ဝိုင်စစ်,ဒီဇယ်စစ်,ဟိုက်ဒရောလစ်စစ် အမျိုးမျိုးတို့ကို ‘သံလွင် ‘မှာ မေးမြန်း ဝယ်ယူနိုင်ပါတယ်
သံလွင် အင်ဂျင်ဝိုင်၊ဆီစစ် လေစစ်နှင့်
ကားပစ္စည်းအမျိုးမျိုးဖြန့်ချိရေး
မန္တလေး
09-441007462,09-768184809
09-940007462,09-91007462