Jasso Original Motorcycle Accessories Distribution

Jasso Original Motorcycle Accessories Distribution Maintain your Motorcycle with JASSO.

💧🧊မဟာသင်္ကြန် နှစ်သစ်အခါ သမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နှင့်အတူ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း JASSO...
10/04/2024

💧🧊မဟာသင်္ကြန် နှစ်သစ်အခါ သမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း တို့နှင့်အတူ ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း JASSO မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။ 🧊💧

👉 သင်္ကြန်ပိတ်ရက် 👈

12/4/2024 မှ 18/4/2024 အထိ ကုမ္ပဏီပိတ်ပါသည်။

19/4/2024 ရက်နေ့တွင်အရောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်းအသိပေးအကြောင်းကြားအပ်ပါတယ် ခင်ဗျာ။

08/02/2024

Chinese Happy New Year 2024
🎈❤️🎉🎊💕🎊🎉❤️🎈
၂၀၂၄ တရုတ်နှစ်သစ်ကူး အချိန်ကစလို့ ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းများနဲ့ ပြည့်စုံပြီး စီးပွားလာဘ်လာဘများ ဒီ‌ရေအလား တိုးတက်ပြီး လုပ်ငန်းများ အားလုံး အောင်မြင်ကြပါစေကြောင်း JASSO မိသားစုမှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

အင်ဂျင်ဝိုင်ဟာ ဆိုင်ကယ်အတွက် 🔸 အင်ဂျင်အစိတ်အပိုင်းများ တိုက်စားမှု သက်သာစေခြင်း🔸 သံချေးတက်ခြင်းမှ ကာကွယ်ပေးခြင်း 🔸  အင်ဂ...
15/01/2024

အင်ဂျင်ဝိုင်ဟာ ဆိုင်ကယ်အတွက်

🔸 အင်ဂျင်အစိတ်အပိုင်းများ တိုက်စားမှု သက်သာစေခြင်း
🔸 သံချေးတက်ခြင်းမှ ကာကွယ်ပေးခြင်း
🔸 အင်ဂျင်အပူချိန် မလွန်ကဲစေရန် ကာကွယ်ပေးခြင်း
🔸 ဆီစားနှုန်းသက်သာစေခြင်း
🔸 ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုကို လျှော့ချပေးခြင်း နဲ့
🔸 အင်ဂျင်သက်တမ်းကိုလည်း ပိုမိုကြာရှည်ခံစေပါတယ်။

🏍️ 🔴 ဒါ့ကြောင့် အင်ဂျင်တစ်ခုရဲ့ အသက်သွေးကြောတမျှ အရေးပါလှတဲ့ အင်ဂျင်ဝိုင်ကို ဆိုင်ကယ်မောင်းနှင် အသုံးပြုတဲ့အပေါ် မူတည်ပြီး ပုံမှန်လဲလှယ်ပေးသင့်ပါတယ် 🔴 🏍️

😍🎊 အင်ဂျင်ဝိုင်လဲလှယ်ဖို့အတွက် စျေးနှုန်းချိုသာပြီး အရည်အသွေးအဆင်ပြေတဲ့ JASSO Engine Oil ကို သုံးဖို့ မမေ့နဲ့နော် 🎊😍

Happy New Year 2024🎈❤️🎉🎊💕🎊🎉❤️🎈❤️ ၂၀၂၄ နှစ်သစ်မှာ ကပ်ကြီးသုံးပါးဘေးမှ ကင်းဝေးပြီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းမ...
31/12/2023

Happy New Year 2024
🎈❤️🎉🎊💕🎊🎉❤️🎈

❤️ ၂၀၂၄ နှစ်သစ်မှာ ကပ်ကြီးသုံးပါးဘေးမှ ကင်းဝေးပြီး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းများနဲ့ ပြည့်စုံပြီး စီးပွား လာဘ်လာဘများ ဒီ‌ရေအလားတိုးတက်ပြီး လုပ်ငန်းများ အားလုံး အောင်မြင်ကြပါစေကြောင်း JASSO မိသားစုမှ ဆုတောင်း မေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။

❤️ပျော်ရွှင်စရာနှစ်သစ်လေးဖြစ်ပါစေခင်ဗျာ❤️

နတ်တော်လပြည့်နေ့ (စာဆိုတော်နေ့)🌷🌼🌹🌸🌺🌼🌷🌸🌹🌼🌺🎉 နတ်တော်လသည် မြန်မာလများတွင် ကိုးလမြောက်သောလဖြစ်ပြီး အေးမြသော ဆောင်းရာသီဖြစ်သ...
27/12/2023

နတ်တော်လပြည့်နေ့ (စာဆိုတော်နေ့)
🌷🌼🌹🌸🌺🌼🌷🌸🌹🌼🌺

🎉 နတ်တော်လသည် မြန်မာလများတွင် ကိုးလမြောက်သောလဖြစ်ပြီး အေးမြသော ဆောင်းရာသီဖြစ်သည့် နိုဝင်ဘာ၊ ဒီဇင်ဘာလများတွင် ကျရောက်ပါသည်။

🎉 နတ်တော်လ၏ အထိမ်းအမှတ်ပန်းမှာ သဇင်ပန်းဖြစ်ပါသည်။ ရှေးအခါက ကောက်ရိတ်သိမ်းသည့်အခါ သီးနှံအများအပြား ရစေရန် ပြုလုပ်သည့် နတ်ပူဇော်ပွဲများကို ယခုလတွင် ပြုလုပ်လေ့ရှိကြပါသည်။ ယခုအခါ ထိုဓလေ့မှာ တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်လာခဲ့ပြီဖြစ်သည်။

🎉 နောက်တော့ မြန်မာတို့နှင့် အလွန်သင့်လျော်ပြီး ထူးခြားသော ပွဲတော်တစ်ခုကို ယခုလတွင် ပြုလုပ်လာပြန်သည်။ ထိုပွဲမှာ စာပေနှင့်စာဆိုတော်တို့အား ဂုဏ်ပြုသော စာဆိုတော်ပွဲပင် ဖြစ်ပေသည်။

🎉 နတ်တော်လဆန်း(၁) ရက်နေ့တွင် စာဆိုတော်နေ့ကို ကျင်းပလေ့ရှိပြီး နယ်ပယ်အသီးသီးမှ စာရေးဆရာကြီးများ၊ ကဗျာဆရာကြီး များက စာပေဟောပြောပွဲများတွင် လူငယ်၊လူရွယ်များကို စာပေအမွေအနှစ်များကို လက်ဆင့်ကမ်းပေးလေ့ ရှိကြပါသည်။ စာပေဆိုင်ရာ ဆုတံဆိပ်များကို ထိုကာလတွင် ချီးမြှင့်ပေးလေ့ရှိပါသည်။

🎉 နတ်တော်လသည် ဗုဒ္ဓဝင်အခါတော်နေ့များနှင့် ထူးထူးခြားခြားကင်းလွတ်နေသော လတစ်လ ဖြစ်ပါသည်။ ထိုသို့ ဗုဒ္ဓအခါတော်နေ့များနှင့် တိုက်ရိုက် မသက်ဆိုင်သော်လည်း နတ်တော်လပြည့်နေ့သည် ဗုဒ္ဓမြတ်စွာ၏ တရားဓမ္မများကို အဆင့်ဆင့် လက်ဆင့်ကမ်း ရေးသား ပို့ချလာကြသည့် ရှေးပညာရှိ ဆရာတော်ကြီးများ၊ ဗုဒ္ဓစာပေဆိုင်ရာ စာဆိုတော်ကြီးများကို ဂုဏ်ပြုပူဇော်သည့် လပြည့်နေ့ဖြစ်ပါသည်။ ထို့ကြောင့် နတ်တော်လပြည့်နေ့ကို စာဆိုတော်နေ့ဟုလည်း သတ်မှတ်ထားကြပါသည်။

🎉 ထိုကဲ့သို့ မွန်မြတ်လှသော နတ်တော်လပြည့်နေ့တွင် (၇) ရက်သားသမီး သူတော်ကောင်း အပေါင်းတို့သည်လည်း မိမိတတ်စွမ်းသမျှ ကုသိုလ်ဘာဝနာများ ပွားများအားထုတ်နိုင်ပါစေကြောင်း JASSO မိသားစုမှ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါတယ်။

🙏🙏🙏🙏🙏

🎄 Merry Christmas & Happy New year Wishes 🎄➡️ ဒီဇင်ဘာ ဆောင်းအငွေ့အသက်တွေရဲ့အေးချမ်းမှုနဲ့အတူ မကြာခင် ကျရောက်လာမယ့်“ပျော်...
24/12/2023

🎄 Merry Christmas & Happy New year Wishes 🎄

➡️ ဒီဇင်ဘာ ဆောင်းအငွေ့အသက်တွေရဲ့အေးချမ်းမှုနဲ့အတူ မကြာခင် ကျရောက်လာမယ့်

“ပျော်ရွှင်စရာကောင်းလှတဲ့ Christmas နဲ့ နှစ်သစ်ကူး” အချိန်အခါသမယမှာ....

ချမ်းသာကြွယ်၀ခြင်း၊ ကျန်းမာကြံ့ခိုင်ခြင်း၊ စိတ်ပျော်ရွှင် ကြည်နူးရခြင်းနဲ့ ကံကောင်းခြင်းအများအပြား သင်နှင့် သင့်မိသားစု၊ ချစ်ခင်သူအားလုံး အပေါ်ကျရောက်ပါစေလို့ ကျနော် တို့ JASSO မိသားစုမှ ဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်ခင်ဗျာ...🙏

🎊🌲MARRY CHRISTMAS & HAPPY NEW YEAR 2024🌲 🎊

မင်္ဂလာပါခင်ဗျာ 🙏📌 လူကြီးမင်းတို့ အနေနဲ့ မော်တော်ဆိုင်ကယ် ခြောက်ထုပ်ကွိုင် မီးထွက်မမှန် ရေရှည်မခံလို့ စိတ်အလိုမကျ ဖြစ်နေ...
10/12/2023

မင်္ဂလာပါခင်ဗျာ 🙏

📌 လူကြီးမင်းတို့ အနေနဲ့ မော်တော်ဆိုင်ကယ် ခြောက်ထုပ်ကွိုင် မီးထွက်မမှန် ရေရှည်မခံလို့ စိတ်အလိုမကျ ဖြစ်နေတယ်ဆိုရင် ကျွန်တော့်အနေနဲ့ အကြံလေးအနည်းငယ် ပေးချင်ပါတယ်ခင်ဗျာ…

📌 ခြောက်ထုပ်ကွိုင်ဆိုတာ ဆိုင်ကယ်တစ်စီးလုံးရဲ့ Charging ပိုင်းကို အဓိကတာဝန်ယူရတဲ့ အစိတ်အပိုင်း ဖြစ်တာကြောင့် အဓိကအားဖြင့် မီးထွက်လည်းကောင်းရမယ်၊ ရေရှည်လည်း အသုံးခံနိုင်ရမှာ ဖြစ်ပါတယ်ခင်ဗျ။

📌 ခြောက်ထုပ်ကွိုင်မှာ အသုံးပြုထားတဲ့ ကွိုင်များရဲ့ Copper (ကြေးနီ) ပါဝင်မှု ပမာဏပေါ်မူတည်ပြီး မီးထွက်အားကောင်းခြင်း၊ ရေရှည်အသုံးခံခြင်းတို့ ကွာခြားသွားစေပါတယ်။

📌 ကျွန်တော်တို့ JASSO Original က ထုတ်လုပ်တဲ့ JASSO ခြောက်ထုပ်ကွိုင်ဟာဆိုရင် ကွိုင်များကို 💯 100% Copper (ကြေးနီ) အသုံးပြုထားတာဖြစ်လို့ ရေရှည်အသုံးခံပြီး မီးထွက်အားကို လူကြီးမင်း နှစ်သက်အားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။

📌 ဒါ့ကြောင့် အရည်အသွေးယုံကြည်စိတ်ချရပြီး စျေးနှုန်းသင့်တဲ့ JASSO ခြောက်ထုတ်ကွိုင်လေးကို အသုံးပြုဖို့ Recommend ပေးချင်ပါတယ်ခင်ဗျ။

🎈JASSO ခြောက်ထုပ်ကွိုင်လေးတွေကို မှာယူချင်တယ်ဆိုရင် အောက်ပါဖုန်းနံပါတ်လေးတွေကို ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ …
09400900668, 09771770279, 09771770204, 09666696961, 09666688383

🎉 သွားရေးလာရေး အန္တရာယ်ကင်းပြီး ပျော်ရွှင်စရာနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ 🎉


မင်္ဂလာပါခင်ဗျာ 🙏➡️ Chain Sprocket ဆိုတာ ဆိုင်ကယ်တစ်စီးရွေ့လျားဖို့အတွက် Engine ကနေ Wheel ဆီကို တိုက်ရိုက်ချိတ်ဆက်ထားတဲ့...
10/12/2023

မင်္ဂလာပါခင်ဗျာ 🙏

➡️ Chain Sprocket ဆိုတာ ဆိုင်ကယ်တစ်စီးရွေ့လျားဖို့အတွက် Engine ကနေ Wheel ဆီကို တိုက်ရိုက်ချိတ်ဆက်ထားတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ အလွန်အရေးပါလှပါတယ်…

➡️ ဒါ့ကြောင့် ကျွန်တော်တို့ JASSO Original ကနေ ထုတ်လုပ်တဲ့ JASSO Chain Sprocket လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် …

➡️ ကျွန်တော်တို့ရဲ့ JASSO Chain Sprocket ဟာဆိုရင် အရည်အသွေးကောင်းမွန်တဲ့ သံမဏိကို ရွေးချယ် အသုံးပြုထားတာကြောင့် ရွှံ့သဲတိုက်စားမှုဒဏ်ကို ခံနိုင်ပြီး ကာလကြာမြင့်စွာ အသုံးပြုနိုင်ပါတယ်။

➡️ ဒါ့အပြင် JASSO Chain ဟာ ချိန်းချော်ခြင်း၊ ချိန်းကြိတ်ခြင်း၊ ချိန်းခဏနဲ့ကျခြင်း ပြတ်ခြင်း လုံးဝမရှိတဲ့အတွက် လူကြီးမင်းတို့အတွက် Save ဖြစ်စေမှာ အမှန်ပါခင်ဗျာ။

➡️ ဒါကြောင့် စျေးနှုန်းသင့်ပြီး အရည်အသွေးယုံကြည်စိတ်ချရတဲ့ JASSO Chain Sprocket ကို အသုံးပြုဖို့ 💡အကြံပြုချင်ပါတယ် ခင်ဗျ။

🎈JASSO Chain Sprocket လေးတွေကို မှာယူချင်တယ်ဆိုရင် အောက်ပါဖုန်းနံပါတ်လေးတွေကို ဆက်သွယ်မှာယူနိုင်ပါတယ်ခင်ဗျာ …
09400900668, 09771770279, 09771770204, 09666696961, 09666688383

🎉 သွားရေးလာရေး အန္တရာယ်ကင်းပြီး ပျော်ရွှင်စရာနေ့ရက်များကို ပိုင်ဆိုင်နိုင်ကြပါစေ 🎉


မင်္ဂလာပါ ချစ်တို့ရေ
21/11/2023

မင်္ဂလာပါ ချစ်တို့ရေ

Address

73 Road, Between Myawaddy Min Gyi Road And 113 Road
Mandalay
05031

Opening Hours

Monday 08:30 - 17:00
Tuesday 08:30 - 17:00
Wednesday 08:30 - 17:00
Thursday 08:30 - 17:00
Friday 08:30 - 17:00
Saturday 08:30 - 17:00
Sunday 08:30 - 17:00

Telephone

+959400900668

Website

Alerts

Be the first to know and let us send you an email when Jasso Original Motorcycle Accessories Distribution posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Jasso Original Motorcycle Accessories Distribution:

Share