Nav-Tech Car Rental

Nav-Tech Car Rental Car & Excavator Rental Service

ဆဒ္ဒန်လိုဏ်ဂူ(ကရင်ပြည်နယ်)**************************ဆဒ္ဒန်လိုဏ်ဂူတည်နေရာ------------ကရင်ပြည်နယ် ဘားအံမြို့တောင်ဖက် မိုင်...
09/10/2020

ဆဒ္ဒန်လိုဏ်ဂူ(ကရင်ပြည်နယ်)
**************************
ဆဒ္ဒန်လိုဏ်ဂူတည်နေရာ
------------
ကရင်ပြည်နယ် ဘားအံမြို့တောင်ဖက် မိုင်-၂၀ အကွာရှိ ဇွဲကပင်တောင်တန်း၏ တောင်ဖက်အစွန်ဆုံးတွင် ထန့်ကမာ့ခမိုက် - ဆဒ္ဒန်လိုက်ဂူတော်ရှိသည်။ ကော့မူးတာကျေးရွာအုပ်စု၊ ကော့ဝါးဆူးရွာနှင့်နီးသည်။ ဇွဲကပင်တောင် အရှေ့ဖက်ကားလမ်း အိန္ဒုရွာမှတစ်ဆင့်လည်းကောင်း ဇွဲကပင်အနောက်ဖက် ဘားအံ ဒုံရင်းကားလမ်းမှလည်းကောင်း မွန်ပြည်နယ်မှလာမည်ဆိုလျင် ဂျိုင်း (ဇာသပြင်) တံတားကိုဖြတ်ကာ ၊ ရွှေပြည်တောင် အပါယ်ပိတ်ဘုရားလမ်းခွဲမှလည်းကောင်း သွားရောက်နိုင်သည်။
တန့်ကမာ့ခမိုက်ဟုခေါ်ခြင်းအကြောင်း
လိုဏ်ဂူအနီးတွင် ရေကန်နှင့် ကန့်အိတ်ပင်ရှိသောကြောင့် ထိုနေရာအရပ်ဒေသကို အစွဲပြု၍ ခေါ်ဝေါ်ခြင်း ၊ဖြစ်သည်။
ဆဒ္ဒန်လိုဏ်ဂူဟုခေါ်ခြင်းအကြောင်း
လိုဏ်ဂူ၏ပတ်၀န်းကျင်တွင် ဧက ၂၀-ခန့်ကျယ်သော အင်းအိုင်ကြီးရှိသည်။ ထိုအင်းအိုင်ကြီး၏ တောင် ဘက်တွင် ထန့်ဘိုင်းနာ့ခေါ် ဆင်ဟိုင်းတောင်နှင့် အင်းကြီးရှိသည်။ ဆဒ္ဒန်ဆင်မင်းပျော်မွေ့ခဲ့သည့် ဆဒ္ဒန် အိုင်ဟု တင်စားကြသည်။ ထူးဆန်းသော သဘာဝကျောက်တုံး၊ ကျောက်ဆောင်၊ ကျောက်ပန်းခက်တို့ရှိ သည်။ ထိုသဘာ၀တရားတို့သည် ဆဒ္ဒန်ဆင်မင်းဇာတ်၀တ္ထုနှင့် များစွာတူညီသည်ကို အစွဲပြု၍ ဆဒ္ဒန်ဂူ ဟု ခေါ်တွင်ကြသည်။
နန်းရွှေကျင်နှင့်ဆဒ္ဒန်ဂူ
ရှေးအခါက ဒုံရင်းနေပြည်တော် သုဓမ္မရာဇာမင်းကြီးနှင့် အဂ္ဂဒေဝီမိဖုရားတွင် ဒေ၀ဇာဏီဟူသော သားတော်တစ်ယောက်ရှိသည်။ အရွယ်ရောက်သောအခါ မုလအိ၊မုလအရှိမည်သော ရသေ့ကြီးနှစ်ပါးထံ ပညာသင်ရာ ၁၈-ရပ်သောအတတ်ကို သင်ယူပြီးမြောက်ခဲ့သည်။ ရသေ့ကြီးတို့၏ ဒါယကာဖြစ်သူ ဘိုးတာပေါ၏ သမီး နန်းရွှေကျင်နှင့်လက်ထပ်ပြီးနောက် မိဘကန့်တော့ရန် ဦးရီးတော်ဘိုးလုံးတော်နှင့် အတူ နေပြည်တော်သို့ ခရီးဆက်ခဲ့သည်။ နန်းရွှေကျင်၏ အကိုဖြစ်သူ တန်ပိပျော်သည် ညီမဖြစ်သူ ဒုက္ခရောက်လျင် သိရန်အလို့ငှာ ကတိသစ္စာပန်းစိုက်ပျိုးထားကာ နေ့စဉ်ရေလောင်းတော့သည်။ ထိုသို့ခရီး ဆက်ခဲ့ရာ ကျုံတိုးတောင်သို့ရောက်ခဲ့သည်။ ကျုံတိုးတောင်သည် နတ်၊ဝိဇ္ဇာများက စောင့်ရှောက်ရသော နတ်ဂမုန်း ဆေးပင်ဆေးဥတို့ဖြင့် ပြည့်နေသည်။ ကျုံတိုးတောင်ကို ဖြတ်ကျော်လျင် ပူဇော် ပသပြီးမှ သွားရ သည်။ နန်းရေကျင်တို့သုံးဦးသည် မပသပဲသွားမိသဖြင့် ဂမုန်းပင်၊ဆေးပင်များ တန်ဖိုးပျက်ကုန်ရာ နတ်ဝိဇ္ဇာ တို့ အမျက်ထွက်သဖြင့် အမျိုးမျိုးနှောက်ယှက်ကာ မင်းသားကို ကျိုင်းချောင်းတွင် သေအောင်သတ်၍ မိကျောင်းအဖြစ်ထားတော့သည်။ တူ၀ရီးနှစ်ယောက်ကိုလည်း ဂူအတွင်းထည့်ထားကာ ဂူ၀ကို ပိတ်ထား ခဲ့သည်။ ဂူတွင် ကိုယ်၀န်ရသဖြင့် နန်းရွှေကျင်မှ ကယ်တင်ပါရန် နတ်တို့အား တိုင်တည်သဖြင့် သိကြားမင်း ဆင်းကယ်လေသည်။ သားငယ်ကိုကား ခေါ်ယူမွေးမြူထားသည်။ သားတော်အရွယ်ရောက်သော အခါ မယ်တော်နှင့် ဦးရီးတော်တို့ကို ကယ်တင်ပြီး ဒုံရင်းနေပြည်တော်သို့ သွားရန် သိကြားမင်းထံခွင့်ပန်သည်။ သိကြားမင်းမှ အကယ်၍သွားမည်ဆိုလျင် လမ်းခရီးတွင် ရွှေယောင်ယဘုရားကို တွေ့ပါက ရှိမခိုးပါနှင့် အကြောင်းမှာ သင့်ဘိုးတော် ဒုံရင်းဘုရင်သည် စေတီတည်ရာ ထီးမတင်မီ ငါတည်သောဘုရားကို ထီးတော် မတင်ရသေးပဲလျက် ရှိခိုးပါက ယောက်ျားဖြစ်က ကျားကိုက်စေ၊ မိန်းမဖြစ်က မြွေနဂါးပတ် ၍ သေစေ-ဟု အဓိဋ္ဌာန်ပြုခဲ့သည်။ ထီးတင်၍မပြီးမီ နတ်ရွာစံခဲ့သည်။ ထို့ကြောင့် ရှိမခိုးပါနှင့်-ဟုပြောကာ သွားခွင့်ပြုသည်။ သိကြားမင်းသည် အခြားသူမဟုတ် တစ်ချိန်က ဒုံရင်းနေပြည်တော်၏ဘုရင် သုဓမ္မရာဇာ ၊ ဖြစ်သည်။ မင်းသားသည် မယ်တော်ကိုကယ်တင်၍သွားရာ လွန်းညတောင်ခြေအရောက်တွင် မိခင်ကို သင့်တော်ရာထား၍ ဦးရီးတော်နှင့်အတူ ရေရှာထွက်ခဲ့သည်။ အပြန်တွင် စေတီတော်ကိုမြင်၍ ကြည်ညို လွန်းသဖြင့် ရှိခိုးရာ ကျားတို့က အလိုလိုထွက်ကာ ကိုက်ကြသည်။ ဦးရီးတော်သည် နန်းရွှေကျင်ကို အကြောင်းချင်းရာအစုံ ပြောပြရာ နန်းရွှေကျင်သည် ရူးမတတ်ခံစားလျက် ဆက်လက်ထွက်ခွာလာရာ ဆဒ္ဒန်ဂူကိုတွေ့ရသဖြင့် ထိုဂူတွင် ရသေ့မ,၀တ်ကာ ဦးရီးတော်ကား ကပ္ပိယအဖြစ်ဖြင့် နေထိုင်လေသည်။ မုလအိမုလအ,တောင်ရှိ အစ်ကိုဖြစ်သူ တန်ပိပျော်၏ သစ္စာပန်းသည် နေ့စဉ်ရေလောင်းသော်လည်း ညှိုး သထက်ညှိုးလာရာ ညီမတော်ဒုက္ခရောက်နေသည်ကို သိလိုက်ရသည်။ ထို့ကြောင့် လိုက်လာရာ လမ်းခရီး တွင် ရသေ့ကြီးတို့ ပေးလိုက်သော ဆေးလုံးတန်ခိုးကြောင့် အန္တရာယ်ကင်းခဲ့သည်။ ဝိဇ္ဇာနတ်များကို မေးမြန်းရာ သိကြားမင်းသယ်ဆောင်သည်မှစကာ အကြောင်းစုံရှင်းပြသည်။ တန်ပိပျော် သည် ဆေး လုံးဖြင့် မိကျောင်းကို ပစ်ပေါက်ရာ မိကျောင်းသည် ဒေ၀ဇာဏီမင်းသား အသွင်ကိုရရှိသည်။ ဆဒ္ဒန်ဂူ သို့ရောက်သောအခါ ရသေ့တို့ကလည်း စျာန်ဖြင့်ရောက်လာသဖြင့် နန်းရွှေကျင်ကို လူ၀တ်လဲစေ လျက် ပြန်လည် လက်ဆက်ပေးခဲ့သည်။ ဤကား နန်းရွှေကျင်နှင့် ဆဒ္ဒန်ဂူတို့ဇာတ်လမ်းတည်း။
လေးသည်ကျော်,လစွဲနှင့် ဆဒ္ဒန်ဂူ
ထန့်ကမာ့ခမိုက်-ဆဒ္ဒန်ဂူသည် နေရာကျယ်၍ တိုးလျိုးပေါက်ရှိသည်။ မြေပြင်အထက် ပေ-၂၀ခန့်တွင် တည်ရှိသည်။ အခါတစ်ပါး ကရက္ကကတိုင်းဘုရင် တိဿသက္ကသည် ယွန်းသူပုန်တို့ကို နှိမ်နှင်းရာ နိုင်ငံ အစွန် အဖျား ဒိုဟန(ဒေါန)တောင်တန်းဒေသသို့ ရောက်ခဲ့ရာ ဤနေရာသည် ရန်ပေါင်းအောင်ရာ အရပ်ဖြစ်၏-ဟု ဆိုကာ ဇေယျမြို့ကို တည်ထောင်ကာ ခုနစ်လတိုင်တိုင်နေ ထိုင်သည်။ ထိုသို့နေစဉ်အတွင်း ဇွဲကပင်တောင်ခြေ ဆဒ္ဒန်ဂူတွင် စခန်းချလျက် ရပ်ရွာကိုစောင့်လျှောက်သော လေးသည်ကျော်,လစွဲသည် လက်ဆောင်ပဏ္ဏာနှင့်အတူ ဘုရင့်အားလာရောက် ဂါရဝြပုသည်။ ဘုရင်သည် လစွဲအား လုဒ္ဓယောဓဘွဲ့ အပ်နှင်း၍ ကရင်၊လ၀၊ပအိုဝ့်၊ရှမ်း၊မွန်တို့ နေထိုင်သော ပအာ၀နဒေသကို ဘုရင့်ကိုယ်စား လွှဲအပ်အုပ် ချုပ်စေသည်။ လုဒ္ဓယုဓ်မင်းသည် ပအာ၀နတောအုပ်ကို မြို့ပြတည်ထောင်သည်။ ပအာ၀နတောကြီးနှင့် ဇွဲကပင်တောင်ခြေ ပတ်၀န်းကျင်တို့ကို ပအာ၀နနေပြည်တော်အဖြစ် ပေးသနားတော်မူသည်။ တိဿသက္က မင်းလက်အောက်တွင် ၂၁-နှစ်တိုင်အောင် ထီးရံနန်းရံမင်းအဖြစ် နေခဲ့ပြီး ကောဇာ ၁၁၀-တွင် တိဿသက္က မင်းနတ်ရွာစံသဖြင့် သီးခြားမင်းပြုသည်။ ဘိုးတော်မင်းလက်ထက် ၁၁၄၉-ခု၊ မွန်ရာဇ၀င်မှ မြန်မာဘာသာ သို့ ပြန်ဆိုသော ကျမ်းတွင် ဂေါတမဘုရားရှင်မပွင့်မီ ၁၄-နှစ်မှစ၍ ပရိနိဗ္ဗာန်စံပြီး သာသနာသက္ကရာဇ် ၁၆၀၁-တွင် သု၀ဏ္ဏဘူမိတိုင်း သုဓမ္မ၀တီ သထုံပြည်တွင် မနုဟာမင်းလက်ထက်တိုင် ပအာ၀နမြို့ ရှိခဲ့ကြောင်း ဆိုထားသည်။
ဆဒ္ဒန်ဂူ၏ အံ့ဖွယ်နေရာများ
၁။ကျောက်သွေးတွင်း = စီးပွားဖြစ်လုပ်စဉ်က မထွက်ပဲ ကုသိုလ်ဖြစ်ဝေငှသောအခါ ပုံမှန်ပြန်ထွက်သော ၊ ကျောက်သွေးတွင်းဖြစ်သည်။ ကိုယ်တွင်းရောဂါများပျောက်သည်။
၂။ကြယ်ရောင်တောက်သော စိန်တောင်ကြီး = ဂူတွင်းတွင် ထိုသို့အရောင်တောက်သော်လည်း ဖဲ့ယူ၍ အပြင်ရောက်သောအခါ အရောင်တောက်မှုမရှိတော့ပေ။ သာမန်အဖြူရောင်သာထွက်တော့သည်။
၃။လွှသဏ္ဍာန်နှင့်တူသော သဘာဝကျောက်တောင်ကြီး = ဆဒ္ဒန်ဆင်မင်းအစွယ်ကို မုဆိုးကြီးဖြတ်စဉ်က လွှသဏ္ဍာန်ဖြစ်နေသည်။
၄။မုဆိုးမြားပေါက် = ထိုတောင်၏ အပေါက်မှာ ဝုိင်းနေ၍ လွန်နှင့်ဖေါက်ထားသကဲ့သို့ဖြစ်နေသည်။
၅။သမီးတော်စံမြန်းသောဂူ = အမှောင်တွင် အရောင်တစ်မျိုး အလင်းတွင် အရောင်တစ်မျိုးဖြစ်နေသည်။ လုံလုံခြုံခြုံရှိ၍ ၀င်ရခက်သည်။ ဆဒ္ဒန်ဆင်မင်းက သူ၏သမီးကို အပြင်သွားလျင် ဖွက်ထားခဲ့သည့်နေရာ ဟုဆိုသည်။
၆။ကျောက်အူခွေ = ကျောက်ကြောရှည်ရှည်မျှောမျှောများက ဆဒ္ဒန်ဆင်မင်း၏အူခွေအလား ထင်မှတ် ရသည်။
၇။စပါးကျီတောင် = စပါးစေ့နှင့်တူသော ဂဝံကျောက်ဖြုန်းများရှိသည်။
၈။ကျောက်ကမ်းပါးယံ = လင်းနို့များစွာတို့ ရှိနေကြသည်။
၉။ကျောက်ရိုးပုံတိုင်ကြီး = ဆင်ကြီးတစ်ကောင် နှာမောင်းထောင်နေပုံသဏ္ဍာန်ရှိသည်။
၁၀။မုဆိုးခမောက် = ကျောက်ချောတုံးကြီးသည် ခမောက်တစ်ချပ်နှင့် ပုံသဏ္ဍာန်ရှိနေသည်။
၁၁။အံသွားကြွေကျရာ = ကျောက်ဆိုင်ခဲများ မြေတွင်စိုက်၀င်နေသည်မှာ ဆဒ္ဒန်ဆင်မင်းကို အစွယ်ဖြတ်စဉ် အံသွားတို့ ကြွေနေဟန်ဖြစ်သည်။
၁၂။ဆင်တိုင် = အလွန်ကြီးမားသော ကျောက်မိုးမျှော်တိုင်ကြီးဖြစ်သည်။
၁၃။ဂူ၀လွမ်းစေတီ = ကိုးတောင်ပြည့်စေတီဖြစ်သည်။
၁၄။ဘေးမဲ့ရေအိုင် = ဧက ၂၀-ခန့်ကျယ်သော အိုင်ကြီးဖြစ်သည်။
၁၅။ဆင်ဟိုင်းဂူ = ပေအမြင့် ၃၀-ခန့်ရှိ၍ ရှေးအခါက ဆဒ္ဒန်ဂူတွင် ဆင်ဖြူများနေ၍ ဤဂူတွင် ဆင်မည်းများနေသည်ဟုဆိုသည်။
၁၆။တွန်ထွန့်ဖန်ခေါ် ရေကျော်ကန် = ထိုကန်နံဘေးတွင် ရေကန်တစ်ကန်ရှိသည်။ ထိုကန်မှတစ်ဆင့် ဇွဲကပင်တောင်စွယ်၊ လွန်းညတောင်၊ လက္ခဏာတောင်၊ နတ်ထိပ်တောင်တို့ကို မြင်နိုင်သည်။
၁၇။လက်ရေးစင်းအုတ်ချပ်များ = ဤဂူတွင်တွေ့ရသော အုပ်ချပ်များသည် ကော့ဂွန်း၊ရသေ့ပျံ၊ ဖားကပ်၊ ဘုရင်ညီနောင်၊ဓာတ်ကျိုက်၊ ရဲသာနောင်ခရိုင် ဂူများရှိ လက်ရေးစင်းအုတ်ချပ်များနှင့်တူညီသည်။ လက်ရေး စင်း အမျိုးအစား ၂၂-မျိုးတွင် ပါ၀င်သည်။
၁၈။ကျောက်ကမ်းပါံးမှ ကျောက်ကပ်အုပ်ခွက်ဘုရားများ = ရှေးအခါက မှောင်ခိုသမား၊သူခိုးတို့က တားဆီး မည့်သူ မရှိသဖြင့် အေးအေးဆေးဆေး ခွာယူကြသည်။ အချို့က လက်နက်အစောင့်ထား၍ပင် ခွာယူကြ သည်ဟုဆိုသည်။ ကျည်မထွက်သည်အထိ စွမ်းသည်ဟူသောစကားကြောင့် ခွာယူရောင်းချကြသည်။ ယခုကား အုတ်ခွက်နေရာပေါင်း ထောင်ပေါင်းများစွာကိုသာတွေ့ရပြီး ကျောက်ကမ်းပါးအမြင့်ဆုံးနေရာ ရှိ လေး၊ငါးဆူမှအပ မရှိတော့ချေ။
၁၉။ရှေးဟောင်းစေတီတော် = ဂူအတွင်း ပေ-၁၀၀ခန့်တွင် ကိုးတောင်ပြည့်စေတီတစ်ဆူရှိသည်။ ရှမ်းတို့က တည်သည်ဟုလည်းကောင်း မွန်တို့က တည်သည်ဟုလည်းကောင်း ဆိုကြသည်။ အထောက်ထားကား မတွေ့ရသေးချေ။ ထူးခြားမှုမှာ ရသေ့ပျံဂူရှိစေတီနှင့် ဥာဏ်တော်အနိမ့်အမြင့်မှတပါး ပုံစံတူညီသည်။
၂၀။ဆဒ္ဒန်ဂူကျောင်းရှိ ရှေးဟောင်းရုပ်ပွားတော် = ရှေးက မသမာသူတို့ ယူဆောင်ရာမှ လက်ကျန်ဖြစ် ဟန်တူသည်။ အကျိုးအပဲ့များသာ ရှိတော့သည်။ ကိုးဆူရှိသည်။
၂၁။တိုက်ကျောင်းကြီးအပေါ်ထပ်ရှိ ဘီရိုနှစ်လုံး = ၁၂၉၀-တွင် ပြာသိုလကွယ် ကော့မူးတာရွာ ဦးဖော်လဲတို့ မှ ဆင်းတုခန်းလှူသည်ဟူသော စာကိုတွေ့ရှိရသည်။ ဤစာအရ ယခင်က ဆင်းတုတစ်ဆူရှိရမည်။
၂၂။ရှေးဟောင်းလျောင်းတော်မူဘုရား = ရှမ်းတို့က တည်သည်ဟုဆိုသည်။ သို့သော် ရှမ်းတို့၏လက်ရာ မတွေ့ရ၊ အခြားအဆိုတစ်ရပ်မှာ မုတ္တမ မွန်မင်းဆက်(ဝါရီရုမင်းဆက်)လက်ထက်တွင် တည်သည်ဟု ဆိုသည်။ ရှေးကမွန်တို့သည် နှစ်စဉ် ဝါခေါင်လပြည့်ကျော် ၁-ရက်တွင် လာရောက်လေ့ရှိကြသော်လဲ ယနေ့ခေတ်တွင် အဝေးမှမလာနိုင်ကြတော့ပဲ ရပ်နီးမှမွန်တို့သာ လာကြသည်။ ဆဒ္ဒန်ဂူတွင် အကြီးဆုံးနှင့် အထင်ရှားဆုံး ရှေးဟောင်းပစ္စည်းဖြစ်သည်။
၂၃။ထူးသောကျောက်တုံးကြီး = ၁၃၂၀-ခု၊ ဆရာတော်ဦးဝါရိန္ဒလက်ထက် လိုဏ်အတွင်း စေတီနှင့် ၊ လျောင်းတော်မူအကြား ကျောက်တုံးတစ်တုံးကျလာသည်။ ဆရာတော်ရွှေ့ခိုင်းသဖြင့် ရွှေ့ကြသော်လည်း မရွေ့ချေ။ ဤအတိုင်းဆိုလျင် ခက်ချေပြီ။ သို့သော် သင်္ကြန်ကျရန် ၂-ရက်အလို ညသန်းခေါင်တွင် ဂူအနီးမှ လူသံကဲ့သို့အသံများကြားရပြီး ကျောက်တုံးကြီးအနီးတွင် မီးအလင်းရောင်မြင်ရ၍ ပေါ်လိုက်ပျောက် လိုက်ဖြစ်နေကာ မိုးသောက်သောအခါ ကျောက်တုံးသည် ကျောက်ကမ်းပါးဂူခြေ၌ တစ်ဖက်တွင် မှီကပ်နေ သည်။ ယနေ့တိုင် ၄၅-ဒီဂရီစောင်းလျက် တည်ရှိနေသည်။
ဆဒ္ဒန်လိုဏ်ဂူ၏ နှစ်စဉ်ပွဲတော်များ
၁။ဆဒ္ဒန်လှိုဏ်ဂူပွဲတော် = နှစ်စဉ်သင်္ကြန်အတက်နေ့တွင် ပုံမှန်ကျင်းပသည်။
၂။တန်ခူးလဘုရားပွဲတော် ရဟန်းခံရှင်ပြုပွဲ။
၃။ကဆုန်လညောင်ရေသွန်းပွဲ။
၄။ဝါခေါင်လချည်ဖြူဖွဲ့မင်္ဂလာ။ = ဝါခေါင်လဆန်း ၁-ရက်မှ ၁၅-ရက်ထိ သင့်သောရက်တွင် ကျင်းပသည်။
၅။ဝါခေါင်လဆုတ် ၁-ရက်နေ့ မွန်အမျိုးသားပွဲ။
၆တော်သလင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ။
၇။သီတင်းကျွတ် တန်ဆောင်တိုင်မီးထွန်းပွဲတော်။

Sit Mhan Hone (စစ်မာန်ဟုန်)

အတက်ပါစာတို့ကို ကွယ်လွန်ပြီဖြစ်သော ဆရာမန်းသင့်နောင် ရေးသည့် ဆဒ္ဒန်လိုဏ်ဂူတော်-ဟူသော စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။

Credit

21/07/2020

သီတင်းကျွတ်ရင် မုလအိ မုလအ တောင်ပေါ် ဘုရား ဖူးရအောင်လေ🙏🙏🙏
နတ်ပြည်မှာ.တည်ထားတဲ့အလား တိမ်တောင် တိမ်တိုက်တွေကြားက မုလအိဘုရား
++++++++++++++++++

ကရင်ပြည်နယ်ရဲ့အထင်ကရ နေရာတခု....

ကရင်ပြည်နယ်၊ ဒေသတွင်း အမြင့်ဆုံးတောင်ဖြစ်ပြီး
(၆၅၇၈)ပေမြင့်ပါတယ်။


မိုးရာသီမှာ သွားလာခက်ခဲပြီး ဘုရားဖူးအများစုက
နွေဦးပေါက်စမှ သွားဖူးတာများပါတယ်။
...
ကရင်ပြည်နယ်
မြ၀တီ- ဝေါလေ-စုကလိ လမ်းကနေ သွားလို့ရသလို..

ကော့ကရိတ်-ကျိုက်ဒုံလမ်းကနေလည်း သွားလို့ရပါတယ်။

သို့မဟုတ်..ထိုင်းဘက်ခြမ်း နယ်စပ်ကနေလည်း
သွားလို့ရပါတယ်။
.

တောတောင်ထူထပြီး စေတီဘုရားတည်ရှိတဲ့နေရာဟာ
တောင်အလွန်မြင့်တော့
ဆောင်းရာသီ မြူနှင်းတွေဝေတဲ့အချိန်
မိုးရာသီလို အချိန်တွေမှာ ဘုရားစေတီနီးနား
တောတောင်တမြင်တခွင်မှာ တိမ်စိုင် တိမ်လိတ်တွေနဲ့
ဖုံးလွှမ်းနေတတ်ပါတယ်။

+
+
လေအေးတွေလည်း စဉ်ဆက်မပြတ်
အမြဲတမ်းတိုက်နေတော့ (တခါတလေ ခပ်ကြမ်းကြမ်းတိုက်နေ)
ဘုရားဖူးသူအဖို့ အနွေးထည်တွေ လုံလုံလောက်လောက်
ယူဆောင်သွားဖို့လိုအပ်ပါတယ်။


ဆောင်းညတွေဆို မြူနှင်းကျသံ ``တဖျောက်ဖျောက်``
ကလည်း မိုးကြီးရွာချသလို ထင်မှတ်မှားလောက်အောင်ပါဘဲ။


မုလအိစေတီဘုရာဟာ သမိုင်းရာဇ၀င်အရ မြတ်စွာဘုရားရဲ့
ဆံတော်ရှင် ဌာပနာထားတဲ့ ဘုရားတဆူလို့ဆိုပါတယ်။
..

စေတီဘုရားနဲ့၀န်းကျင် တောတောင်ရေမြေတွေဟာ
သန့်ရှင်းစင်ကြယ်တဲ့ နယ်မြေဖြစ်ပြီး ဘုရားဖူးသူများ
အနေဖြင့် အရက်သေစာသောက်စားခြင်း၊ သားငါးစားခြင်း(သက်သတ်လွတ်နယ်မြေ)၊ကြမ်းတမ်းစကားပြောဆိုခြင်း၊ သမီးရည်းစားမဖွယ်မရာ(လက်ကိုင်ခြင်းမှစ)လုပ်ဆောင်ခြင်း၊
ခိုက်ရန်ဖြစ်ပွါးခြင်း၊ မဟုတ်မမှန်သောစကားပြောဆိုခြင်း များကို လုံးဝရှောင်ကြဉ်ရပါတယ်။


ငှင်းရှောင်ကြဉ်ရသော အရာတခုခု ဖေါက်ပြန်ပါက
အချိန်အခါမဟုတ် လေကြီးမိုးကြီးရွာသွန်းခြင်း၊
မိုးကြိုးပစ်ခြင်း၊ တောကောင်များ(ကျားအပါအ၀င်)က
လူသားများကို အန္တရာယ်ပြုခြင်းများနဲ့ကြုံရတတ်တယ်
လို့ဆိုပါတယ်။
.

တောင်ထိပ်ကိုတက်ပြီး ခရီးတထောက်မှာ
ကိုယ်လက်သန့်စင်ခြင်း၊ ခေါင်းလျှော်/ခေါင်းဆေးပြီးမှ
စေတီဘုရားကို တက်ဖူးရပါတယ်။

မုလအိတောင်ထိပ်မှာ သီလမစင်ကြယ်၊
သမာဓိအားမကောင်းတဲ့
ရဟန်းသံဃာတွေဆိုလျှင် သီတင်းသုံးမမြဲခြင်း၊
ပြည်သူများအနိုင်ကျင့်စော်ကားတဲ့
နိုင်ငံတော်အကြီးအကဲများ
ရောက်လာလျှင် ကြောက်မက်ဖွယ်ရာ
လေကြီးမိုးကြီး ၊
မိုးကြိုးပစ်ခြင်း အတိတ်
နိမိတ်တွေနဲ့ကြုံရတတ်ပါတယ်။
..

တောင်ထိပ်မှာ အမျိုးသမီးများ ဖူးမျှော်တဲ့ဘုရားနဲ့၊
အမျိုးသားများသာ ဖူးမျှော်တဲ့ဘုရားရှိပါတယ်။
..

ကြည်ညိုသူများ သွားရောက်ဖူးမျှော်နိုင်သလို
ရေမြေ တောတောင် သဘာ၀အလှတရားတွေကို
ချစ်မြတ်နိုးသူအနေနဲ့လည်း သွားရောက်
လည်ပတ်နိုင်ပါတယ်။
...

လောဘ ဒေါသ အာဃာတစစ်ပွဲ၊
အမုန်းတရားတွေ၊ ပူပင်သောကတွေနဲ့ပြည့်နက်နေတဲ့
ပတ်၀န်းကျင်တွေကို
ခဏတာမေ့ထား/ပစ်ထားပြီး......

သီလသမာဓိရှိရာ၊
သန့်ရှင်းစင်ကြယ်မှုရှိရာ၊လောဘ ဒေါသတွေကင်းဝေးရာ၊
စိတ်နှလုံး အေးချမ်းရာ ၊ တောစောင့်နတ်ကောင်း၊
တောင်စောင့်နတ်ကောင်း၊ နတ်ကောင်းနတ်မြတ်၊
သူတော်စင်တို့ရှိရာ ၊ အမှန်တရားရှိရာ၊ အရပ်တခုမှာ
ခဏတာလေးဘဲဖြစ်ဖြစ် သွားရောက်လည်ပတ်ကြဖို့
ပုထုဇဉ်လူသားအားလုံးကို တိုက်တွန်း နိုးဆော်လိုက်ပါ၏။

+++++++++++

ငြိမ်းချမ်းမှုတခုခုကို
သင် ရယူပိုင်ဆိုင်လိမ့်မယ်လို့လည်း မျှေ်လင့်မိပါ၏။+++++++++++++

ကော်သူးလေ
၁၂ မတ်လ ၂၀၁၈

14/03/2020

၁၄.၀၃. ၂၀၂၀ ရက်​နေ့ NAV-TECH ဂိတ်မှာ
မြဝတီတွဲကား ၃ စီး ရန်ကုန် ၆ ဘီး ၂ စီး ကုန်အတင်

ကားစီးလုံးငှား လိုသူများ -TECH Car Rental မှာ​နေ့စဥ် ​နေ့တိုင်း ဘားအံ မှ ရန်ကုန် သို့  အသွားတစ်​ကြောင်းစာကားငှားခ ( 1 ) ...
09/03/2020

ကားစီးလုံးငှား လိုသူများ
-TECH Car Rental မှာ
​နေ့စဥ် ​နေ့တိုင်း
ဘားအံ မှ ရန်ကုန် သို့ အသွားတစ်​ကြောင်းစာ
ကားငှားခ ( 1 ) သိန်းကျပ်ဖြင့်
ဝန်​ဆောင်မှု​ပေး​နေပါသည်။
မှတ်ချက် ( ခရီးသည် ၄ ဦးသာ )လိုက်ပါနိုင်ပါမည်။

ရန်ကုန်မြို့ အတွင်း မိမိသွားလို​သော​နေရာကို
အိမ်တိုင်ရာ​ရောက်လိုက်လံပို့​ဆောင်​ပေးပါမည်။

ဘားအံမှ ရန်ကုန်သို့ ကုန်စည်ပို့​ဆောင်လို​သူများကိုလည်း
-TECH ကားဂိတ်မှ တာဝန်ယူပို့​ဆောင်​ပေး​နေပါပြီ။

Ph: 09777728636, 09799118480

နွေရာသီ ကျောင်းပိတ်ရက်အလည်အပတ်သွားလိုသူများအတွက် အထူး Promotion 20% လျော့ပေးမည်။ဇွဲကပင်မြေ ဘားအံ သို့လာရောက်လည်ပတ်ကြမည့်...
05/03/2020

နွေရာသီ ကျောင်းပိတ်ရက်အလည်အပတ်သွားလိုသူများအတွက် အထူး Promotion 20% လျော့ပေးမည်။

ဇွဲကပင်မြေ ဘားအံ သို့လာရောက်လည်ပတ်ကြမည့်မိတ်ဆွေသူငယ်ချင်းများအတွက် ကျွန်တော်များ
Tech Car Rantal မှအောက်ပါခရီးစဉ်များအား အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးနေပါပီ။

🚙ဘားအံဂူ ၅ ဂူ
🚙ချစ်သူမြိုင်ပန်းခြံ
🚙ကျောက်ကလပ်စေတီ
🚙ဇွဲကပင်တောင် လုမ္ပနီဥယျာဉ်
🚙ကြာအင်းတောင်
🚙တောင်ဝိုင်းတောင်
🚙ဣစ္ဆာသယသဘာဝလိုဏ်ဂူ
🚙ကျုံထော်ရေတံခွန်

စသည်ဖြင့် ဘားအံမြို့မှ အထင်ကရနေရာများအား
မိတ်ဆွေများစိတ်တိုင်းကျ ချိုသာသောဈေးနှုန်းဖြင့် အကောင်းမွန်ဆုံးဝန်ဆောင်မှုပေးနေပါပီခင်ဗျာ😊

ပုံမှန် တရက်ခရီးစဥ် အတွက် 50,000 ကျပ်ယူပါသည်။
Promotion 20% ​လျော့​ပေးသည့်အတွက်
ဆီဖိုး ကားခ အပြီးအစီး 40,000 ကျပ်သာ ကုန်ကျပါမည်။
မနက် ( ၇ ) မှ ည​​နေ ( ၅ ) အတွင်း ဘားအံ အနီးနားရှိ
အထင်ကရ ​နေရာများကို မိမိစိတ်ကြိုက်​ လည်ပတ်နိုင်ပါသည်။

🏠Address ( 4qtr,Strand Road,Hpa An. )

☎️ဆက်သွယ်စုံစမ်းရန်☎️
Ph📞 09 777728636,09 799118480,
09797933224

Page link https://www.facebook.com/navtechrental/

05/03/2020
02/03/2020

ဘားအံ - မြဝတီ - မဲ​ဆောက်​စျေး သို့

​နေ့စဥ် မနက် ၈း၃၀ နာရီ နှင့် ၉း၀၀ နာရီ
အချိန်တို့တွင် ခရီးသည် တစ်ဦးလျှင် တိုက်ရိုက်
အသွားကားခ တစ်​သောင်းခွဲကျပ် ( ၁၅၀၀၀ ) နှုန်းဖြင့်

ဘားအံ မှ လိုင်းကား များစတင်ပြေးဆွဲ​နေပါပြီ။

ဘားအံမှ ​နေ့စဥ် ပုံမှန်
ခရီးသည် တစ်ဦး တစ်​ယောက်
ရှိခဲ့လျင်လည်း ကားထွက်​ပေးပါသည်။
ကားတစ်စီးလျင် ခရီးသည် ( ၇ ) ဦးသာတင်ပါသည်။

လိုင်း ကားစတင်ထွက်သည့်နေရာ NAV-TECH ကားဂိတ် ကမ်းနားလမ်း River View Hotel ​ရှေ့တွင်စထွက်ပါသည်

မှတ်ချက် ။ ​မဲ​ဆောက်အထိသွားမည့် ခရီးသည်များ ယာယီနိုင်ငံကူးလက်မှတ်​ကို ကိုယ်တိုင်လုပ်ရမည်။

ဘားအံမြို့ထဲ အနီးစပ်ဆုံးနေရာ လိုက်ကြို​ပေးပါသည်

မဲ​ဆောက်သို့ မိသားစုလိုက်အလည်အပတ်
ခရီးသွားလိုသူများလည်းစျေးနှုန်းသက်သာစွာဖြင့်
ကားစင်းလုံးငှာရမ်း​ပေးပါသည်။

ကားလက်မှတ်ကြိုတင်ဝယ်ယူလိုလျင်
ဖုန်း 09777728636 ,09751702590

-TECH

ဘားအံ ဘားကမ့်ဂူမှာရှိတဲ့ လင်းနို့လင်းနို့အထူးပြုနဲ့ PhD ယူခဲ့တဲ့ မန်းတက္ကသိုလ်က တွဲဖက်ပါမောက္ခ ဒေါက်တာမိုးမိုးအောင်ရဲ့ မ...
02/03/2020

ဘားအံ ဘားကမ့်ဂူမှာရှိတဲ့ လင်းနို့

လင်းနို့အထူးပြုနဲ့ PhD ယူခဲ့တဲ့ မန်းတက္ကသိုလ်က တွဲဖက်ပါမောက္ခ ဒေါက်တာမိုးမိုးအောင်ရဲ့ မင်္ဂလာတောင်ညွန့်က လင်းနို့သိုက်အကြောင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Moe Moe Aung .
ရန်ကုန်မြို့။ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ လူမနေသေးသော တိုက်ခန်း များတွင် ရှိနေသည့် လင်းနို့များအား သုတ်သင်ရှင်းလင်းမည် ဆိုသည့် အကြောင်းအရာနှင့် ပတ်သက်၍-
--
အပိုင်း ၁။
အခုတလော ဝူဟန်ကိုရိုနာ ဗိုင်းရပ်စ် (COVID 19) ကြောင့် ဖြစ်လာတဲ့ ရောဂါဟာဆိုရင် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ ကူးစက်နေပါတယ်။

ဒီရောဂါကြောင့် လူတွေဟာ စိတ်ခြောက်ခြားနေရပါတယ်။ ဒီရောဂါဟာ လင်းနို့ကြောင့်ဖြစ်ရတယ် ဆိုပြီးလည်း မီဒီယာတွေက ကြေငြာတော့ ကျွန်မတို့နိုင်ငံက တာဝန်ရှိသူတွေကလည်း ထိတ်လန့်စိုးရိမ်ပြီး ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ်မှာရှိတဲ့ လူမနေသေးတဲ့ တိုက်ခန်းတွေ မှာနေတဲ့ လင်းနို့တွေကို သုတ်သင်ရှင်းလင်းမယ်ဆိုပြီး DVB ကကြေငြာသွားပါတယ်။

ကျွန်မကတော့ လင်းနို့တွေကို သုတ်သင်ရှင်းလင်းမယ်ဆိုတဲ့ သတင်းကို ကြားရမှသာ ထိတ်လန့်မိပါတော့တယ်။ ဘာလို့လည်းဆိုတော့ ရှင်းလင်းမယ့်သူတွေမှာ လင်းနို့နဲ့ပတ်သက်ပြီး အသိပညာဗဟုသုတ ဘယ်လောက်ထိရှိလဲ? ဘယ်လိုနည်းလမ်းတွေသုံးပြီး ရှင်းလင်းမှာလဲ။ရှင်းလင်းလိုက်ရင် နောက်ဆက်တွဲ ဂေဟစနစ်ကို ဘယ်လိုတွေ ထိခိုက်နိုင်လဲဆိုတာတွေကို သိဖို့လိုပါတယ်။

အခုလို မရှင်းဘဲ ထားလိုက်ရင်ရော ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်လာနိုင်သလား စသည်ဖြင့် မေးခွန်းတွေအများကြီးပေါ်ထွက်လာပါတယ်။

ကျွန်မကဘာလို့ ဒီလိုပြောရသလဲဆိုရင် ကျွန်မရဲ့ ပါရဂူဘွဲ့ (PhD)ကို လင်းနို့သုတေသနလုပ်ပြီး လေ့လာခဲ့တာပါ။ လင်းနို့သုတေသနကို ၂၀၀၂ ခုနှစ်မှစပြီး ယခုအချိန်ထိ စဉ်ဆက်မပြတ်လုပ်နေတာ ပါ။လင်းနို့အကြောင်း အနည်းငယ်ပြောပြပါရစေ။လင်းနို့တွေကို အကြမ်းအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။

၁။ အသီးစားလင်းနို့ ( Fruit Bat)အရပ်ခေါ် လင်းဆွဲနှင့်
၂။ အင်းဆက်စားလင်းနို့ ( Insectivorous Bat) တို့ဖြစ်ပါတယ်။

သူတို့တွေက ညအချိန်မှာ အစာရှာလေ့ရှိပြီး နေ့ခင်းဖက်မှာ သူတို့နေတဲ့ နေရာတွေမှာ အနားယူလေ့ရှိပါတယ်။

အသီးစားလင်းနို့တွေက အသီးတွေကို တပင်ပြီးတပင် သွားရောက်စားလေ့ရှိပါတယ်။ သူတို့က အသီးရဲ့ အသားတွေကိုသာစားသုံးပြီး အစေ့တွေကို မချေဖျက်နိုင်ပါဘူး။ နောက်ပြီး သူတို့ကပျံသန်းအစာရှာနေရင်း မစင်စွန့်ကြပါတယ်။ မစင်ကျတဲ့နေရာတွေမှာ မစင်ထဲမှာပါတဲ့ အစေ့တွေကနေ အပင်သစ်တွေပြန် ပေါက်ပါတယ်။ ဒါကြောင့် အသီးစားလင်းနို့တွေဟာ သစ်တောပြန်လည် တည်ဆောက်ခြင်း ( Forest Regeneration) မှာ အစေ့များကို ပြန့်ကျဲပေးသူ ( Seed Disperser) အနေနဲ့ အရေးပါပါတယ်။ ဒါ့အပြင် အသီးစားလင်းနို့ထဲမှာ ဝတ်ရည်စုပ်တဲ့ လင်းနို့တွေလည်း ရှိပါတယ်။ သူတို့ကလည်း တပင်ပြီးတပင် ဝတ်ရည်စုပ်ပြီး ဝတ်မှုန်ကူးခြင်းလုပ်ငန်းကို လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ပန်းပွင့်များကို ဝတ်မှုန်ကူးပေးသူ ( Pollinator) အနေနဲ့ အကျိုးပြုပါတယ်။

ဒုတိယတစ်မျိုးဖြစ်တဲ့ အင်းဆက်စားလင်းနို့တွေက စိုက်ခင်းတွေမှာ ကျရောက်တဲ့ အင်းဆက်ဖျက်ပိုးတွေ။ ခြင်တွေကို ညတိုင်းအကောင်ရေများစွာ စားသုံးလေ့ရှိပါတယ်။ သူတို့ရှိခြင်းအားဖြင့် အင်းဆက်တွေ။ ခြင်တွေကို ဓါတုဆေးသုံးပြီး နှိမ်နင်းစရာ မလိုဘဲ သက်ရှိကို သက်ရှိဖြင့်နှိမ်နင်းခြင်း (Biological Control) အတွက် အရေးပါပါတယ်။

ဒါအပြင် လင်းနို့ချေးကိုလည်း မြေသြဇာအဖြစ် အသုံးပြုလို့ရတဲ့အတွက် စီးပွါးရေးကိုလည်း အထောက်အကူပြုပါတယ်။
-----
အပိုင်း ၂။

ရန်ကုန်မြို့ ။ မင်္ဂလာတောင်ညွှန့်မြို့နယ်။ လူမနေသေးတဲ့တိုက်ခန်းတွေမှာရှိနေတဲ့ လင်းနို့တွေဟာ အင်းဆက်စားလင်းနို့တွေပါ။

ဒီလင်းနို့တွေဟာ ယခင်က ရွှေတိဂုံဘုရား စောင်းတန်း မျက်နှာကျက်တွေမှာ နေတဲ့ လင်းနို့တွေဖြစ်နိုင်ပြီး ဘုရားစောင်းတန်းတွေ ပြုပင်မွမ်းမံမှုတွေကြောင့် အခုလို လူမနေတဲ့ အခြားနေရာတွေကို ပြောင်းရွှေ့လာခြင်း ဖြစ်နိုင်ပါတယ်။

ဒီလင်းနို့တွေဟာ အုပ်စုတစ်ခုမှာအကောင်ရေ သန်းချီပြီး နေလေ့ရှိပါတယ်။ ဒီလင်းန်ို့ အုပ်စုမျိုး ကျွန်မတို့မြန်မာနိုင်ငံရဲ့ နေရာတော်တော်များများမှာရှိပါတယ်။

ကျွန်မ ပြောချင်တာက လင်းနို့တွေ သူတို့ဖာသာရှိနေခြင်းက လူတွေကို မထိခိုက်ပါဘူး။ ကျွန်မဆိုရင် လင်းနို့တွေကို ကိုယ်တိုင် ကိုင်တွယ်ပြီး သုတေသနလုပ်နေတာ နှစ်ပေါင်းများစွာရှိနေပါပြီ။ အခုအချိန်ထိ ဒါတွေကိုကိုင်တွယ်လို့ဆိုပြီး မည်သည့်ရောဂါမှ မဖြစ်ပါဘူး။ လင်းနို့မှာ ပြင်ပနဲ့ အတွင်းကပ်ပါးပိုးတွေရှိပေမယ့် စနစ်တကျကိုင်တွယ်လျှင် ရောဂါမဖြစ်ပါ။

ဒီလင်းနို့အမျိုးအစားတွေက အကောင်ရေ အများကြီး စုနေတဲ့အတွက် သူတို့ရဲ့ ချေးတွေကို မြေသြဇာပြုလုပ်ရန် ကန်ထရိုက်ပေးပြီး ရောင်းစားကြပါတယ်။

ဘားအံ ဘားကမ့်ဂူမှာရှိတဲ့ လင်းနို့တွေကလည်း ဒီအမျိုးအစားတွေပါဘဲ။ ဘားကမ့်ရွာသားတွေက လင်းနို့ချေးကို ကန်ထရိုက်ယူပြီး တဆင့်ပြန်ရောင်းစားရတာပါ။

အမေရိကန်နိုင်ငံ Smithsonian Institute ကကြေငြာတဲ့ ကိုရိုနာဗိုင်းရပ်အသစ်တွေ့တယ်ဆိုတာ အဲဒီဂူကပါ။

ကျွန်မက အဲဒီ Smithsonian Institute နဲ့ Predict- Myanmar အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ဘားအံမှာရှိတဲ့ လင်းနို့ဂူတွေကို ၂၀၁၆ ခုနှစ်က သွားရောက်လေ့လာခဲ့ပါတယ်။ ကျွန်မတို့အဖွဲ့လေ့လာတာကလည်း လင်းနို့ချေးတွေကို နမူနာကောက်ယူပြီး သူ့မှာပါဝင်တဲ့ ဗိုင်းရပ်တွေကိုလေ့လာတာပါ။

ကျွန်မတို့ အဲဒီကိုမသွားခင် ကိုယ့်ကိုကိုယ် ကာကွယ်တဲ့ဝတ်စုံ (PPE) ဝတ်ဖို့ ရန်ကုန်မှာအရင် ကျွန်မတို့ကို သင်တန်းပေးပါတယ်။ ဂူကို ဝင်တော့လည်း အဲဒီဝတ်စုံနဲ့ ဝင်ရပါတယ်။ အရင်က ကျွန်မ ဘယ်ဂူကိုသွားသွား PPE မဝတ်ခဲ့ပါဘူး။ ဟိုရောက်တော့ ဘားကမ့်ရွာက လင်းနို့ချေး ကန်ထရိုက်ကို ခေါ်ပြီး ဂူထဲကို ဝင်တော့ ကျွန်မတို့ကို ဂူထဲလိုက်ပြပေးတဲ့ အမျိုးသမီးက က ျွန်မတို့လိုဝတ်စုံ ဝတ်မထားပါဘူး။ အဲဒါနဲ့ နိုင်ငံခြားသားက အဲဒီအမျိုးသမီးမှာ ဘာရောဂါရှိလဲ မေးပါတယ်။ သူ့မှာလည်း ဘာရောဂါမှမရှိပါ။ လင်းနို့ချေးကိုတောင် လက်ဗလာနဲ့ကျုံးတာပါ။ နိုင်ငံခြားသားလည်း အံ့သြပြီး ရွာကလူတွေကိုလည်း ဘာရောဂါဖြစ်လည်းမေး။ အိမ်မွေးတိရစ္ဆာန်တွေသေတာရှိလားမေးပါတယ်။ ဘယ်သူမှ ရောဂါမရှိ။ တိရစ္ဆာန် သေတာလည်းမတွေ့ရတော့ သူတို့အံ့သြသွားပါတယ်။

ကျွန်မဆိုလိုတာက လင်းန်ို့တွေရှိနေရုံနဲ့ လူတွေကို မထိခိုက်နိုင်ပါဘူး။ သူတို့ကလည်း လူတွေမရှိတဲ့နေရာတွေမှာ နေတာပါ။ အခုမြန်မာနိုင်ငံမှာ ဗိုင်းရပ်အသစ်တွေ့ပေမယ့် ရောဂါဖြစ်တယ်ဆိုတာ မတွေ့ရသေးပါဘူး။ ဒါကြောင့် အရမ်းမစိုးရိမ်ဘဲ လင်းနို့နဲ့ဆက်စပ်လုပ်ကိုင်နေတဲ့သူတွေ အနေနဲ့ ကိုယ့်ကိုကိုယ် ရောဂါမဖြစ်အောင် အကာအကွယ်ယူပြီး လုပ်ကိုင်ဖို့လိုအပ်ပါတယ်။

ဒါ့အပြင် ဒီဘားကမ့်ဂူထဲက လင်းနို့တွေ ညနေအစာရှာထွက်ချိန်ဆိုရင် ဂူဘေးမှာ နိုင်ငံခြားသားတွေ လင်းနို့ထွက်တာကို လာကြည့်ကြပါတယ်။ ဒါကြောင့် Tourist attraction တစ်ခုလည်းဖြစ်ပြီး ကိုယ့်နိုင်ငံအတွက် နိုင်ငံခြားဝင်ငွေလည်း တိုးစေပါတယ်။

အခုနှစ် ကျွန်မတို့ဌာနမှာ လင်းနို့ချေးထဲက ကပ်ပါးပိုးတွေကို လေ့လာနေတဲ့ MSc ကျောင်းသူ၂ ယောက်လည်းရှိပါတယ်။ အခုချိန်မှာ ရောဂါတွေကဖြစ်နေတော့ သူတို့လည်း လက်အိတ်တို့ Mask တို့ဝတ်ဆင်ပြီး လင်းနို့ချေးကို ကိုင်တွယ် သုတေသနပြုလုပ်နေပါတယ်။

လင်းဆွဲတွေဆိုရင် လူနေအိမ်ဝင်းတွေထဲရှိတဲ့ အပင်တွေမှာ နေပါတယ်။ ကျွန်မ PhD သုတေသနလုပ်တဲ့ လင်းဆွဲတွေဟာ ဘုန်းကြီးကျောင်းဝန်းထဲက အပင်ကြီးတွေမှာ လွန်ခဲ့တဲ့နှစ်ပေါင်း လေးဆယ်လောက်ထဲက နေတာပါ။ အဲဒီကျောင်းဝန်းထဲကလူတွေကို ဘာမှ ထိခိုက်မှုမရှိပါဘူး။

ဒါကြောင့် စိုးရိမ်လွန်ပြီး လင်းနို့တွေကို သုတ်သင်ရှင်းလင်းလိုက်မယ်ဆိုရင် ကိုယ့်နိုင်ငံရဲ့သက်ရှိ အရင်းအမြစ်တွေ ဆုံးရှုံးရပြီး ဂေဟစနစ်ကြီးပျက်စီးပြီး လူတွေဒုက္ခရောက်ပါလိမ့်မယ်။

အခုတရုတ်နိုင်ငံက စတင်ဖြစ်ပွားတဲ့ ပြင်းထန်တဲ့ရောဂါဟာ ဘယ်လို အကြောင်းတွေကြောင့်ဖြစ် ရတယ်ဆိုတာ လူတိုင်း သိပြီးဖြစ်ပါတယ်။ဒါကြောင့် လူသားတွေကို အကျိုးပြုတဲ့ လင်းနို့တွေ မဖျက်ဆီးဖို့ ကျွန်မအနေနဲ့ မေတ္တာရပ်ခံအပ်ပါတယ်။

လေးစားမှုဖြင့်-
ဒေါက်တာမိုးမိုးအောင်
တွဲဖက်ပါမောက္ခ
သတ္တဗေဒဌောန
မန္တလေးတက္ကသိုလ်။

credit ~Moe Moe Aung
photo credit GOOGLE

ယ​နေ့မှ စ၍ဘားအံ - မြဝတီ - မဲ​ဆောက်​စျေး သို့ ခရီးသည် တစ်ဦးလျှင် တိုက်ရိုက် အသွားကားခတစ်​သောင်းခွဲကျပ် ( ၁၅၀၀၀ ) နှုန်းဖ...
24/02/2020

ယ​နေ့မှ စ၍

ဘားအံ - မြဝတီ - မဲ​ဆောက်​စျေး သို့

ခရီးသည် တစ်ဦးလျှင် တိုက်ရိုက် အသွားကားခ
တစ်​သောင်းခွဲကျပ် ( ၁၅၀၀၀ ) နှုန်းဖြင့်
ဘားအံ မှ လိုင်းကား များစတင်ပြေးဆွဲ​နေပါပြီ။

ဘားအံမှ ​နေ့စဥ် ပုံမှန်
မနက် ၆း၁၅ နာရီ နှင့် ၇း၀၀ နာရီ တွင်
ခရီးသည် တစ်ဦး တစ်​ယောက်
ရှိခဲ့လျင်လည်း ကားထွက်​ပေးပါသည်။

လိုင်း ကားစတင်ထွက်သည့်နေရာ NAV-TECH ကားဂိတ် ကမ်းနားလမ်း River View Hotel ​ရှေ့တွင်စထွက်ပါသည်

မှတ်ချက် ။ ခရီးသည် မှ ယာယီနိုင်ငံကူးလက်မှတ်​ကို
ကိုယ်တိုင်လုပ်ရမည်။

ဘားအံမြို့ထဲ အနီးစပ်ဆုံးနေရာ လိုက်ကြို​ပေးပါသည်

ကားလက်မှတ်ကြိုတင်ဝယ်ယူလိုလျင်
ဖုန်း 09777728636 ,09751702590

-TECH

22/02/2020

ဝမ်းသာစရာ သတင်း​ကောင်းပါ

ဘားအံ - မြဝတီ - မဲ​ဆောက်​စျေး သို့ တိုက်ရိုက်

ခရီးသွား လိုသူများကို တစ်ဦးလျှင်
ကားခ ​တစ်​သောင်းခွဲကျပ် ( ၁၅၀၀၀ ) နှုန်းဖြင့်
ဘားအံ မှ တိုက်ရိုက် လိုင်းကား ​ပြေးဆွဲ ​ပေးပါမည်။

​နေ့စဥ် မနက် ၆ နာရီ နှင့် ၇ နာရီ တွင်
ပုံမှန်​ပြေးဆွဲမည်ဖြစ်​သော​ကြောင့်
ခရီးသည် တစ်ဦး တစ်​ယောက်
ရှိခဲ့လျင်လည်း ကားထွက်​ပေးပါမည်။

လိုင်း ကားစတင်ထွက်မည့်​နေရာ NAV-TECH ကားဂိတ် ကမ်းနားလမ်း River View Hotel ​ရှေ့တွင်
လာ​ရောက် ကားစီးနိုင်ပါပြီ။

မှတ်ချက် ။ ခရီးသည် မှ ယာယီနိုင်ငံကူးလက်မှတ်​ကို
ကိုယ်တိုင်လုပ်ရမည်။

ကားလက်မှတ်ကြိုတင်မှာယူလိုလျင်
ဖုန်း 09777728636 ,09751702590 ဆက်သွယ်ပါ။

Address

SH85
Mandalay

Website

Alerts

Be the first to know and let us send you an email when Nav-Tech Car Rental posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category