HMG Air Filter & Refrigerant

HMG Air Filter & Refrigerant လူကြီးမင်းတို့၏ ကားများအတွက်
အထူးသ?

23/10/2024
🌾🌾🌾ယနေ့ မတ်လ၂ရက်နေ့တွင်  ကျရောက်သောတောင်သူလယ်သမားနေ့နှင့်အတူကျေးဇူးရှင်တောင်သူလယ်သမားဦးကြီးများအားHMG Air Filter & Refr...
02/03/2023

🌾🌾🌾ယနေ့ မတ်လ၂ရက်နေ့တွင်
ကျရောက်သောတောင်သူလယ်သမားနေ့နှင့်အတူ
ကျေးဇူးရှင်တောင်သူလယ်သမားဦးကြီးများအား
HMG Air Filter & Refrigerant
မိသားစုမှ ဂုဏ်ပြုအပ်ပါတယ်ခင်ဗျ🙏🙏🙏

HMG Frozen Refrigerant ကိုသုံးစွဲကြမယ့် ဆားဗစ်ဆရာများအနေနဲ့ သတိပြုရမယ့်အချက်များ 🚨HMG Frozen Refrigerant ကိုစသုံးတော့မယ်...
31/07/2022

HMG Frozen Refrigerant ကိုသုံးစွဲကြမယ့် ဆားဗစ်ဆရာများအနေနဲ့ သတိပြုရမယ့်အချက်များ 🚨

HMG Frozen Refrigerant ကိုစသုံးတော့မယ့်ဆရာများအတွက် ဘေးအန္တရာယ်ကင်းရှင်းစေဖို့ ဒီတစ်ခေါက်မှာတော့ သတိထားလိုက်နာရမယ့်အရာတွေကိုမျှဝေပေးလိုက်ပါတယ်။ ✅

📌 ဗူးကို 40°C (104°F) ထက်နည်းတဲ့အပူချိန်မှာထားရှိပါ
📌 ကိုင်တွယ်တဲ့အခါ မျက်လုံးအကာအကွယ်ကိုအမြဲဝတ်ဆင်ပါ
📌 ကလေးငယ်များလက်လှမ်းမမီတဲ့နေရာမှာထားရှိပါ
📌 ရေတိုင်ကီ သို့မဟုတ် အင်ဂျင်အနားမှာဘယ်တော့မှ မထားပါနဲ့
📌 ဗူးထဲသို့ 1 Mpa (10 Kgf/ cm2)ထက်ပိုတဲ့ဖိအားကိုမသုံးသင့်ပါ
📌 မီး သို့မဟုတ် အပူနဲ့နီးတဲ့နေရာမှာဂတ်စ်မလွှတ်ပါနဲ့
📌 ဗူးကို အအေးခံရည်နဲ့ လုံးဝမဖြည့်ပါနဲ့
📌 နေရောင်နဲ့တိုက်ရိုက်မထိတွေ့မိအောင်ရှောင်ကြဥ်ပါ
📌 ဗူးကိုမီးမရှို့ပါနဲ့

ဒီအချက်လေးတွေကိုစနစ်တကျလိုက်နာဆောင်ရွက်ပါက ဘေးဥပဒ်ကင်းကင်းနဲ့ အဆင်ပြေချောမွေ့စွာ ဆားဗစ်ပေးနိုင်လိမ့်မယ်လို့ အာမခံပါတယ်ခင်ဗျာ

ထပ်မံသိလိုသည်များရှိပါက သို့မဟုတ် မှာယူလိုပါက
HMG Frozen Office ဖုန်း- 02 4023791
HMG Frozen Marketing ဖုန်း- 09 429897377

လိပ်စာ-
TAN LORE International Co.,Ltd.
အမှတ်(၁၇/၁၈) ၃၇-A လမ်း (၆၄ x ၆၅ လမ်းကြား) မဟာမြိုင်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

12.7.2022🙏နမောတသ ဘဂဝတော အရဟတော သမ္မသမ္ဗုဒဿ🙏ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ🙏ဓမ်မံ သရဏံ ဂစ်ဆာမိ🙏သံဃံ သရဏံ ဂစဆွာမိမင်္ဂလာရှိသော မနက်ခင်...
12/07/2022

12.7.2022

🙏နမောတသ ဘဂဝတော အရဟတော သမ္မသမ္ဗုဒဿ

🙏ဗုဒ်ဓံ သရဏံ ဂစ်ဆာမိ
🙏ဓမ်မံ သရဏံ ဂစ်ဆာမိ
🙏သံဃံ သရဏံ ဂစဆွာမိ

မင်္ဂလာရှိသော
မနက်ခင်းလေးမှစပြီး တစ်နေ့လုံး
လုပ်ကိုင်သမျှ အဆင်ပြေချောမွေ့စွာဖြင့်

ဖြတ်သန်းနိုင်ကြပါစေလို့
HMG Air Filter & Refrigerant
မိသားစုမှဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏

ကားဆားဗစ်စင်တာတွေရဲ့ လိုအပ်ချက်တွေကိုအမြဲဖြည့်ဆည်းပေးနေတဲ့ 𝐇𝐌𝐆 👍🕕 စတင်တည်ထောင်ချိန်ကစပြီး သက်တမ်း (၆)နှစ်ကျော်ရှိပြီဖြစ်...
08/06/2022

ကားဆားဗစ်စင်တာတွေရဲ့ လိုအပ်ချက်တွေကိုအမြဲဖြည့်ဆည်းပေးနေတဲ့ 𝐇𝐌𝐆 👍

🕕 စတင်တည်ထောင်ချိန်ကစပြီး သက်တမ်း (၆)နှစ်ကျော်ရှိပြီဖြစ်တဲ့ 𝐇𝐌𝐆 မှလက်ရှိမှာ

👉 ကားအင်ဂျင်ထဲဝင်နိုင်တဲ့ဖုန်မှုန့်တွေကိုတားဆီးပေးမယ့် 𝐇𝐌𝐆 𝐀𝐢𝐫 𝐅𝐢𝐥𝐭𝐞𝐫

👉 ကားအဲယားကွန်းနဲ့ ရေခဲသေတ္တာအတွက်လိုအပ်တဲ့ ဂတ်စ်တွေအတွက် 𝐇𝐌𝐆 𝐅𝐫𝐨𝐳𝐞𝐧 𝐑𝐞𝐟𝐫𝐢𝐠𝐞𝐫𝐚𝐧𝐭 𝟏𝟑.𝟔 𝐊𝐠 / 𝟑𝟎𝟎 𝐠 စတာတွေကို ထုတ်လုပ်ရောင်းချပေးလျက်ရှိပါတယ်။

ပြည်တွင်းမှာထုတ်လုပ်တဲ့ Brand ဖြစ်တယ်ဆိုပေမယ့်

✔️ အရည်အသွေးပြည့်တယ်
✔️ ဈေးနှုန်းချိုသာပြီးတော့
✔️ ကားဆားဗစ်စင်တာတိုင်းရဲ့ယုံကြည်အားထားရတဲ့ အမှတ်တံဆိပ်တစ်ခုဆိုလည်းမမှားပါဘူး

✅ နိုင်ငံတကာစံချိန်၊ စံညွှန်းများကိုအထူးလိုက်နာပြီးတော့
✅ ကားအမျိုးအစားအစုံအလင်နဲ့ကိုက်ညီအောင်ဖန်တီးထုတ်လုပ်ပေးထားတာမို့လို့ ကားပစ္စည်းနဲ့ပတ်သက်လာရင် HMG တံဆိပ်ကိုသာဝယ်ယူလိုက်ဖို့ အကြံပေးပါရစေဗျာ။

"စိတ်ချယုံကြည် HMG"

ဆက်သွယ်ရန်ဖုန်းနံပါတ်: 09-259896649
09-952296649
02-4013791

ဆားဗစ်ဆရာတို့အကြိုက် ကားအဲယားကွန်းဂတ်စ် အတွက်ဆို HMG !!!Car Service Center ဆိုတော့ နေ့စဉ်ကားအမျိုးအစားအမျိုးမျိူးလာပြနို...
29/05/2022

ဆားဗစ်ဆရာတို့အကြိုက် ကားအဲယားကွန်းဂတ်စ် အတွက်ဆို HMG !!!

Car Service Center ဆိုတော့ နေ့စဉ်ကားအမျိုးအစားအမျိုးမျိူးလာပြနိုင်တယ်

အဲ့ဒီလိုကားအမျိုးမျိုးအတွက် အဲကွန်းဂတ်စ်ဖြည့်ဖို့ဆို တစ်မျိုးချင်းအတွက်ကိုက်မယ့် ဂတ်စ်အမျိုးအစားရှာရဦးမှာလား 🤔

စိတ်မပူပါနဲ့ဆရာသမားတို့ ၊ HMG နဲ့သာဆိုရှာစရာမလိုတော့ပါဘူး 🙅‍♂️

𝐇𝐌𝐆 ရဲ့ 𝐅𝐫𝐨𝐳𝐞𝐧 𝐑𝟏𝟑𝟒𝐚 𝐑𝐞𝐟𝐫𝐢𝐠𝐞𝐫𝐚𝐧𝐭 နဲ့သာဖြည့်ပေးလိုက်၊ ကာစတန်မာတွေအကုန်အကြိုက်တွေ့သွားစေရမယ် 😉

𝐇𝐌𝐆 𝐅𝐫𝐨𝐳𝐞𝐧 𝐑𝟏𝟑𝟒𝐚 𝐑𝐞𝐟𝐫𝐢𝐠𝐞𝐫𝐚𝐧𝐭 (အလေးချိန် ပေါင် ၃၀) ဟာဆိုရင်

✅ အိုးကြီးကြီးနဲ့အလေးချိန်ပြည့်ဝလို့ တစ်ခါဝယ်ရင်ကြာကြာသုံးလို့ရတယ်

✅အအေးဓါတ် ပိုမို ကောင်းမွန်တယ်

✅ ယိုစိမ့်မှုကင်းအောင်ထုတ်လုပ်ထားတယ်

✅ ဈေးနှုန်းချိုသာတယ်

✅ Compressor Coil တိုင်းနဲ့အဆင်ပြေပြီး
အအေးဓာတ်ကောင်းမွန်တာကြောင့် ဆားဗစ်ဆရာများအတွက် လွယ်ကူမြန်ဆန်စွာအသုံးပြုလို့ရစေမှာဖြစ်ပါတယ်

👍 ဖောက်သည်တွေကြားမှာမျက်နှာပန်းလှစေရုံမက တွက်ခြေပါကိုက်စေမယ့် 𝐇𝐌𝐆 𝐅𝐫𝐨𝐳𝐞𝐧
𝐑𝐞𝐟𝐫𝐢𝐠𝐞𝐫𝐚𝐧𝐭 တွေကိုမှာယူချင်ပြီဆိုရင်တော့

☎️ HMG Frozen Office ဖုန်း- 02 4023791
☎️ HMG Frozen Marketing ဖုန်း- 09 429897377

လိပ်စာ-
TAN LORE International Co.,Ltd.
အမှတ်(၁၇/၁၈) ၃၇-A လမ်း (၆၄ x ၆၅ လမ်းကြား) မဟာမြိုင်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

ကားဝေါ့ရှော့ နဲ့ ရေခဲသေတ္တာ ဆားဗစ်ဆရာများအားထားရာ 𝐇𝐌𝐆 𝐅𝐫𝐨𝐳𝐞𝐧 𝐑𝟏𝟑𝟒𝐚 𝐑𝐞𝐟𝐫𝐢𝐠𝐞𝐫𝐚𝐧𝐭 ❄️👉 Compressor Oil မျိုးစုံနဲ့အဆင်ပြေစေချ...
27/05/2022

ကားဝေါ့ရှော့ နဲ့ ရေခဲသေတ္တာ ဆားဗစ်ဆရာများအားထားရာ 𝐇𝐌𝐆 𝐅𝐫𝐨𝐳𝐞𝐧 𝐑𝟏𝟑𝟒𝐚 𝐑𝐞𝐟𝐫𝐢𝐠𝐞𝐫𝐚𝐧𝐭 ❄️

👉 Compressor Oil မျိုးစုံနဲ့အဆင်ပြေစေချင်တယ်

👉 ကားအမျိုးအစားအကုန်လုံးနဲ့ကိုက်ညီတာလည်းလိုချင်တယ်

👉 အအေးဓာတ်လည်းစိမ့်နေမှအိုကေမယ်ဆိုရင်တော့ 𝐇𝐌𝐆 ရဲ့ 𝐑𝟏𝟑𝟒𝐚 𝐑𝐞𝐟𝐫𝐢𝐠𝐞𝐫𝐚𝐧𝐭 ကိုသာတစ်ထစ်ချရွေးချယ်လိုက်ပါ ဆရာတို့ရေ 👍

❄️ 𝐇𝐌𝐆 𝐅𝐫𝐨𝐳𝐞𝐧 𝐑𝟏𝟑𝟒𝐚 ဟာမြန်မာပြည်မှာတရားဝင်ဖြန့်ချိနေတဲ့ ကားအဲကွန်းနဲ့ ရေခဲသေတ္တာ သုံး R134a Gas အမျိုးအစားဖြစ်ပါတယ်ဗျ

📌 အလေးချိန် ၁၃.၆ ကီလိုဂရမ် (၃၀ ပေါင်) ရှိတဲ့အိုးလေးတွေဖြစ်ပါတယ်

✅ ဈေးနှုန်းချိုသာပြီး အလေးချိန်ပြည့်ဝတယ်၊
✅ အအေးဓာတ်ကောင်းမွန်သလ်ို ယိုစိမ့်မှုကင်းအောင်ထုတ်လုပ်ထားလို့ ဆားဗစ်ပေးပျော်စေနိုင်မယ့်အမျိုးအစားလေးဖြစ်စေမှာပါ။

✔️ ကားအမျိုးအစားမျိုးစုံနဲ့လည်း အဆင်ပြေစေတယ်၊
✔️ Compressor Oil အမျိုးအစားအကုန်လုံးနဲ့လည်းကိုက်ညီပြီးတော့
✔️ လွယ်ကူမြန်ဆန်တဲ့ ဒီ Gas အိုးအမျိုးအစားနဲ့ဆ်ို ကာစတန်မာတွေလက်မလည်အောင်အားထားလာမယ့် ဆားဗစ်ဖြစ်လာမှာအသေအချာပဲနော်

ဆက်သွယ်မှာယူလိုပါက
HMG Frozen Office ဖုန်း- 02 4023791
HMG Frozen Marketing ဖုန်း- 09 429897377

လိပ်စာ-
TAN LORE International Co.,Ltd.
အမှတ်(၁၇/၁၈) ၃၇-A လမ်း (၆၄ x ၆၅ လမ်းကြား) မဟာမြိုင်၊ မဟာအောင်မြေမြို့နယ်၊ မန္တလေးမြို့။

🚘 ကိုဂျက်ကီတစ်ယောက် ချစ်ရသူလေးနဲ့အတူ ကလောဘက်ကို ကိုယ်ပိုင်မော်တော်ကားနဲ့ အလည်အပတ်ခရီးသွားခဲ့ပါတယ် ..... လမ်းတစ်ဝက်ရောက်တ...
09/02/2022

🚘 ကိုဂျက်ကီတစ်ယောက် ချစ်ရသူလေးနဲ့အတူ ကလောဘက်ကို ကိုယ်ပိုင်မော်တော်ကားနဲ့ အလည်အပတ်ခရီးသွားခဲ့ပါတယ် .....
လမ်းတစ်ဝက်ရောက်တော့ အရှိန်ကျသွားပြီးလိပ်လိုမြန်နှုန်းနဲ့ ခရီးဆက်ခဲ့ရပါတယ်၊ ချစ်ရသူလေးမှာတော့ မျက်နှာမကြည်မလင်နဲ့ပေါ့

🚘 နောက်တစ်နှစ်မှာတော့ ကိုဂျက်ကီတစ်ယောက် ချစ်ရသူလေးနဲ့ ငပလီကမ်းခြေဆီချီတက်ကြပါတယ်.......
လမ်းတလျှောက်လုံး ကားကဆီတုတ်လွန်းလို့ ကမ်းခြေကိုမနည်းရောက်အောင် မောင်းခဲ့ရပြန်ပါတယ် ၊ ချစ်ရသူလေးကတော့ ရှုံ့မှည့်မှည့်နဲ့ လိုက်ခဲ့ရပြန်တာပေါ့

🚘 နောက်တစ်နှစ် ကိုဂျက်ကီတို့နှစ်ယောက် ဒီကားလေးနဲ့ပဲ ထားဝယ်ဘက်ခြေဆန့်ပြန်ပါတယ်ဗျ.....
ထုံးစံအတိုင်း ကားပြဿနာပါပဲ၊ အင်ဂျင်ထိုးရပ်သွားပြန်ပါတယ်

အဲ.. ဒီတစ်ခေါက်တော့ ကိုဂျက်ကီငိုကြွေးနေရပါပြီ၊ ချစ်ရသူလေးက ထားသွားပြီတဲ့ဗျာ

ကိုဂျက်ကီတစ်ယောက် ဘာလို့များခရီးဝေးသွားတိုင်း ကားပြဿနာတက်တက်နေတာလဲ အသေအချာစဉ်းစားနေပါတော့တယ် ၊

စဉ်းစားရင်းနဲ့ပဲ ကားဘောနပ်စ်ကို ကိုဂျက်ကီဖွင့်ကြည့်လိုက်တဲ့အချိန် အင်ဂျင်ကဖုန်မှုန့်တွေပိတ်ဆို့နေပြီး အညစ်အကြေးတွေထူထပ်နေတာကိုမြင်တွေ့လိုက်ရတဲ့အခါ.....💡

ကဲ... ဒီတော့ ကိုဂျက်ကီလိုအသိမနောက်ကျရလေအောင် ကားအင်ဂျင်တင်မကပဲ အင်ဂျင်လေစစ်ကိုပါ မိုင်ပေါင်း 12,000 - 15,000 မောင်းနှင်ပြီးတိုင်း စစ်ဆေးဖို့လ်ိုအပ်ပါတယ်

✅ စစ်မှန်ပြည့်မီပြီး အရည်အသွေးကောင်းတဲ့ အင်ဂျင် Air Filter ကိုပဲ တထစ်ချရွေးချယ်လိုပါက HMG Air Filter ဆီကိုကြွလှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ

☎️ဆက်သွယ်ရန်ဖုန်းနံပါတ် :09-259896649, 09-952296649, 02-4013791

"HMG လေစစ်များဖြင့် စိတ်ချမ်းသာမှုကိုရယူပါ"

🖐 အဆင့်(၅)ဆင့်တည်းနဲ့ Car Engine Air Filter ကိုကိုယ်တိုင်လဲကြမယ် 🚘ကားအင်ဂျင်လေစစ်တွေကို ဆိုင်တွေထိအရောက်မောင်းသွားပြီးလဲ...
26/01/2022

🖐 အဆင့်(၅)ဆင့်တည်းနဲ့ Car Engine Air Filter ကိုကိုယ်တိုင်လဲကြမယ် 🚘

ကားအင်ဂျင်လေစစ်တွေကို ဆိုင်တွေထိအရောက်မောင်းသွားပြီးလဲနေရတုန်းလား မိတ်ဆွေတို့??

ဒီအစား အိမ်ကနေကိုယ်တိုင် လွယ်ကူလှတဲ့လဲနည်းကိုသေချာကြည့်ပြီး ချွေတာနိုင်ပါပြီ

ကားအမျိူးအစားအားလုံးနီးပါးမှာ Air Filter တည်နေရာကအရမ်းကြီးမကွာတာမို့လို့ လွယ်ကူပြီး မိတ်ဆွေအတွက်ခေါင်းခြောက်စေမှာလည်းမဟုတ်ပါဘူး ✅

ဒီတော့ post လေးကိုအဆုံးထိဖတ်ရှုပြီး ကိုယ်တိုင်အင်ဂျင်လေစစ်လေးတွေဘယ်လိုလဲရမလဲဆိုတာကိုလေ့လာကြည့်လိုက်ရအောင် 👇

အဆင့်(၁)

ပထမဦးဆုံးကားရဲ့ဘောနတ်စ်ကိုဖွင့်ပြီး လေစစ်အိမ်ကိုရှာပါ​။ များသောအားဖြင့် အင်ဂျင်ရဲ့ ဘေးဘက်ပိုင်းမှာရှိပြီးတော့ ပိုက်အရှည်ကြီးတွယ်ထားတဲ့ အနက်ရောင် Box လေးဟာ Air Filter ရှိတဲ့ လေစစ်အိမ်ပါပဲ။

အဆင့်(၂)

လေစစ်အိမ်ကိုဖွင့်ပြီးအတွင်းက Air Filter ကိုထုတ်ဖို့လိုပါမယ်။ လေစစ်အိမ်ကို မူလီ ဒါမှမဟုတ် Clips တွေနဲ့ပိတ်ထားလေ့ရှိတာကြောင့် ကိုယ့်လေစစ်အိမ်ကိုအရင်လေ့လာကြည့်ပြီး လိုအပ်တဲ့ Tools တွေယူကာဖွင့်ရပါမယ် (လေစစ်အိမ်အနီး ဝါယာကြိုးတွေနဲ့ရှုပ်နေတတ်တာကြောင့် သတိထားရှင်းလင်းပြီးမှဖွင့်ပါ)
လေစစ်အိမ်အဖုံးကိုဖွင့်ပြီးပြီဆိုရင်တော့ Air Filter ကိုဖယ်ထုတ်ပြီး အိမ်ထဲကကျန်ခဲ့တဲ့အညစ်အကြေးတွေကို အဝတ်စုတ်လေးနဲ့သုတ်ပေးပါ။

အဆင့်(၃)

Filter မှာအညစ်အကြေးတွေပိတ်နေမနေ စစ်ဆေးပါ​။ Fliter ရဲ့ ရာဘာအတွန့်ကြားအတွင်းထဲကိုသေချာကြည့်တာမျိုး (သို့မဟုတ်) ခါကြည့်တာမျိုးလုပ်ကြည့်ပြီး ဖုန်တွေနဲ့အရမ်းမည်းညစ်နေပြီဆိုရင်တော့ လဲဖို့အချိန်တန်ပါပြီ​။

အဆင့်(၄)

အင်ဂျင်လေစစ်အသစ်ကို လေစစ်အိမ်ထဲထည့်ပါမယ်၊ ရာဘာအတွန့်လေးတွေပါတဲ့ဘက်ကိုအပေါ်ဘက်ထားပြီး လေစစ်အိမ်ထဲအသေအချာထည့်လိုက်ပါ။

အဆင့်(၅)

ထည့်ပြီးရင်တော့ လေစစ်အိမ်အဖုံးကိုဖွင့်ခဲ့တဲ့အတိုင်း ပြန်တပ်ပြီးမူလီနဲ့ဆိုရင် မူလီသေချာကြပ်ပါ၊ Clip နဲ့ဆိုရင်လည်းပြန်ပိတ်ဖို့မမေ့ပါနဲ့။
ကဲ့.. ဒါတွေပြီးရင်တော့ မိတ်ဆွေတို့ အင်ဂျင်စွမ်းဆောင်ရည်ကျမသွားဖို့လိုအပ်တဲ့ အင်ဂျင်လေစစ်လေးကို အချိန်မကုန်၊ လွယ်ကူစွာလဲလှယ်ပြီးသွားပါပြီ

​မိတ်ဆွေတို့ကားအင်ဂျင်လေစစ်လဲလှယ်ဖို့အတွက် လိုအပ်နေပါက HMG Air Filter ကနေမှာယူနိုင်ပါတယ်

✅ ဂျာမနီနည်းပညာနဲ့ထုတ်လုပ်ထားခြင်းဖြစ်တာကြောင့် မိတ်ဆွေတို့အင်ဂျင်သန့်ရှင်းရေးအတွက် HMGက ၁၀၀ ရာခိုင်နှုန်းအာမခံပါတယ်ခင်ဗျာ

☎️ဆက်သွယ်ရန်ဖုန်းနံပါတ် :09-259896649
09-952296649
02-4013791

"HMG လေစစ်များဖြင့် စိတ်ချမ်းသာမှုကိုရယူပါ"

A Clean Engine with Air Filter can go furtherလူကြီးမင်းတိုရဲ့အင်ဂျင်ပါဝါကျမသွားအောင် ဘေးကနေထပ်ကြပ်မကွာတစိုက်မတ်မတ် ကာကွယ...
19/01/2022

A Clean Engine with Air Filter can go further

လူကြီးမင်းတိုရဲ့အင်ဂျင်ပါဝါကျမသွားအောင် ဘေးကနေထပ်ကြပ်မကွာတစိုက်မတ်မတ် ကာကွယ်စစ်ထုတ်ပေးပြီး မိုင်ပေါင်းကုဋေခရီးရှည်ကို စိတ်ချလက်ချမောင်းနှင်နိုင်စေမှာ 𝐇𝐌𝐆 𝐀𝐢𝐫 𝐅𝐢𝐥𝐭𝐞𝐫



⚙️ ကားအင်ဂျင်မကျအောင်ထိန်းသိမ်းဖို့ အရည်အသွေးမြင့် Air Filter ကောင်းကောင်းရှာဖွေနေပါသလား?? 𝐇𝐌𝐆 𝐀𝐢𝐫 𝐅𝐢𝐥𝐭𝐞𝐫 ဆီမှာဝယ်ယူလိုက...
16/01/2022

⚙️ ကားအင်ဂျင်မကျအောင်ထိန်းသိမ်းဖို့ အရည်အသွေးမြင့် Air Filter ကောင်းကောင်းရှာဖွေနေပါသလား??

𝐇𝐌𝐆 𝐀𝐢𝐫 𝐅𝐢𝐥𝐭𝐞𝐫 ဆီမှာဝယ်ယူလိုက်ပါ

𝐇𝐌𝐆 𝐀𝐢𝐫 𝐅𝐢𝐥𝐭𝐞𝐫 ကတော့ Tan Lore International Co. Ltd.,မှ ထုတ်လုပ်ဖြန့်ဖြူးရောင်းချလျက်ရှိတဲ့ Car Engine Air Filter အမှတ်တံဆိပ်ပဲဖြစ်ပါတယ်

လုပ်ငန်းစတင်တည်ထောင်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တည်းကစပြီး
✔️ စံချိန်မီ ဂျာမနီအဆင့်မြင့်နည်းပညာကိုအခြေခံပြီး
​✔️ ကားအမျိုးအစားအစုံစုံနဲ့သင့်တော်ကာအရည်အသွေးကောင်းမွန်တဲ့ အင်ဂျင်လေစစ်များကိုသာထုတ်လုပ်ရောင်းချပေးလျက်ရှိပါတယ်

👉 လက်ရှိအချိန်တွင် ရန်ကုန်မြို့သာမကအခြားမြို့ကြီးများဖြစ်တဲ့ လားရှိုး၊ ပြင်ဦးလွင်၊ မိတ္ထီလာ နဲ့ပြည်မြို့များထိပါ HMG အမှတ်တံဆိပ် အင်ဂျင်လေစစ်များကိုဖြန့်ဖြူးရောင်းချပေးနေပါပြီ

✅ နိုင်ငံတကာစံချိန်စံညွှန်းများနဲ့အညီထုတ်လုပ်ခြင်း
✅ အိမ်စီးကားတင်မက ကွန်တိန်နာကားများအထိပါလဲလှယ်အသုံးပြုနိုင်မယ့် အင်ဂျင်လေစစ်အစုံအလင်ကိုရောင်းချပေးနေတာဖြစ်လို့ မိတ်ဆွေတို့မော်တော်ယာဉ်အင်ဂျင်ခန်းထိန်းသိမ်းရေးအတွက် ၁၀၀% အကောင်းဆုံးရွေးချယ်မှုဖြစ်စေမှာပါ ☑️

စက်ရုံတည်နေရာ- မန္တလေးပုသိမ်ကြီးမြို့နယ်၊ လက်ကောင်းကျေးရွာ (မန္တလေးပြင်ဦးလွင်လမ်းအနီး)

☎️ဆက်သွယ်ရန်ဖုန်းနံပါတ် :09-259896649
09-952296649
02-4013791

"HMG လေစစ်များဖြင့် စိတ်ချမ်းသာမှုကိုရယူပါ"

Address

Maharaungmyay Township
Mandalay

Telephone

+959259896649

Website

Alerts

Be the first to know and let us send you an email when HMG Air Filter & Refrigerant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share