ZerO NinE

ZerO NinE I love bike�

12/10/2023

Hello Everyone 😍

🏍Yamaha Mt09 လိမ္မော်လေး ရောင်းမည်🏍⏺Model-2016 ⏺🔑 Key-3 🔑 🔥Kilo-19+++🔥🎁Price-74သိန်းညှိနှိုင်းလျှော့တင်း🎁😊မန္တလေးမြို့တွ...
19/08/2020

🏍Yamaha Mt09 လိမ္မော်လေး ရောင်းမည်🏍
⏺Model-2016 ⏺
🔑 Key-3 🔑
🔥Kilo-19+++🔥
🎁Price-74သိန်းညှိနှိုင်းလျှော့တင်း🎁
😊မန္တလေးမြို့တွင်မျက်မြင်ကြည့်ရှူ ဝယ်ယူနိုင်ပါသည်😊

For Sale🏍💨
17/08/2020

For Sale🏍💨

 💰Price-74 Lakh(Nego)💰
11/08/2020


💰Price-74 Lakh(Nego)💰

🍊Yamaha Mt09🍊🚨Japan Auction Bike For Sale🚨⚠️Model 2016 4 Month⚠️⏺Instock in Mandalay⏹
05/08/2020

🍊Yamaha Mt09🍊
🚨Japan Auction Bike For Sale🚨
⚠️Model 2016 4 Month⚠️
⏺Instock in Mandalay⏹

05/08/2020

Take me home🏍🍊

New Toy🤩🏍🏍
01/08/2020

New Toy🤩🏍🏍

Wr 250X For sale🏍🔥
10/07/2020

Wr 250X
For sale🏍🔥

next one WR 250X is coming soon🔥🔥
09/07/2020

next one WR 250X is coming soon🔥🔥

👁 🔥
01/07/2020

👁 🔥

30/06/2020

Yamaha MT-09
ယခုတစ်ခေါက်မှာတော့ ကျွန်တော်တို့လူငယ်တွေအကြားလူကြိုက်များ ရေပန်းစားလှတဲ့Yamaha MT-09အကြောင်းကို ဗဟုသုတအနေနဲ့ မျှဝေပေးသွားပါမယ်။MT-09ဟာ Yamaha ရဲ့နာမည်ကျော် MT Seriesတွေထဲမှာမှ ဒုတိယမြောက် Hyper Bike တစ်စီးဖြစ်တဲ့အပြင် ဒီဇိုင်းအသွက်ဆုံးMTတစ်စီးလဲဖြစ်ပါတယ်။MTဆိုတာက master of torqueကိုရည်ညွှန်းတာဖြစ်ပြီး နာမည်နဲ့လိုက်အောင်ကို MT seriesတွေက အရုန်းအဆွဲ(Torque)ကောင်းမွန်လှပါတယ်။Yamaha Company ဟာMT-09ကို 2013ခုနှစ်မှာ စတင်မိတ်ဆက်ခဲ့ပြီး 2014ခုနှစ်မှာမှ တရားဝင်ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။MT-09ကို FZ-09အဖြစ် မြောက်အမေရိကမှာ 2017အထိခေါ်ဝေါ်ခဲ့ပါတယ်။2018ခုနှစ်ကနေစပြီးတော့ တစ်ကမ္ဘာလုံးမှာ MT-09အဖြစ်သာ ပြောင်းလဲခေါ်ဝေါ်ပါတော့တယ်။
MT-09ဟာ Yamaha Fz-08ကိုအစားထိုးလိုက်တဲ့ မျိုးဆက်သစ်လို့တောင်ခေါ်လို့ရပါတယ်။MT-09ဟာ Naked Bike, Standard type အမျိုးအစားထဲပါဝင်တဲ့ ဆိုင်ကယ်တစ်စီးဖြစ်ပါတယ်။MT-09ရဲ့ ပထမမျိုးဆက်ကို 2014-2016ထိထုတ်လုပ်ရောင်းချခဲ့ပြီး ဒုတိယမျိုးဆက်ကိုတော့ 2017ကနေ ယနေ့တိုင်ထုတ်လုပ်လျက်ရှိပါတယ်။2018မှာတော့ Special Editionဖြစ်တဲ့ MT-09SPကို ထုတ်လုပ်ခဲ့ပြီး ဥရောပဈေးကွက်သို့ အဓိကတင်ပို့ရောင်းချခဲ့ပါတယ်။MT-09SP editionမှာတော့ ပိုလှတဲ့ အရောင်စပ်Colourတွေ,Special LCD Dashboardတွေ, Öhlins Rear shock များတပ်ဆင်ထားတာကိုတွေ့ရပြီး ဈေးလဲပိုပါတယ်။2014မော်ဒယ်တွေမှာတော့ ABS ပါတာနဲ့ မပါတာဆိုပြီး ရွေးချယ်နိုင်ပေမဲ့ 2015ကနေစလို့ ABSက Standardအနေနဲ့ပါဝင်လာပါပြီ။2017မှာတော့ MT-09ရဲ့ Version(2)လို့ သတ်မှတ်လို့ရတဲ့ ရုပ်ပြောင်းမော်ဒယ်ထွက်ပေါ်လာပြီး Suspensionsတွေ Electronics Systemတွေပါ ထပ်တိုးအဆင့်မြင့်တင်ခဲ့ပါတယ်။Yamaha ရဲ့ Naked ဘီးတွေဖြစ်တဲ့ FZ-8N နဲ့ FZ-8S တို့ဟာ Middleweight Naked Bikesတွေထဲမှာ ထင်သလောက်အောင်မြင်မှုမရရှိခဲ့ပါဘူး။ဒါကြောင့် Yamahaအနေနဲ့ Middleweight Naked Bikeဈေးကွက်မှာ နေရာရရှိပြီးသားဖြစ်တဲ့ Triumph Street Triple, Kawasaki Z800,MV Agusta Brutale 800တို့ကိုယှဉ်ပြိုင်ပြီး ဈေးကွက်ပြန်လည်ရယူဖို့အတွက် MT-09ကို တည်ဆောက်ခဲ့ပြီး အောင်မြင်မှုလည်းရရှိခဲ့ပါတယ်။MT-09ကြောင့် Kawasaki အနေနဲ့ Z800 ထုတ်လုပ်မှုကို ရပ်နားပြီး Z900အသစ်ထုတ်လုပ်ခဲ့ရတဲ့အထိတောင် အောင်မြင်မှုရရှိခဲ့ပါတယ်။
Yamaha FZ series တွေဟာ inline four အင်ဂျင်များကို တပ်ဆင်အသုံးပြုခဲ့ပေမဲ့ MT-09မှာတော့ Yamahaမော်တော်ဆိုင်ကယ်ထုတ်လုပ်သူတွေဟာ ခွဲထွက်စဉ်းစားခဲ့ပါတယ်။MT-09ရဲ့ ထုတ်လုပ်ရေးမန်နေဂျာဖြစ်တဲ့ Shun Miyazawa ဟာဆိုရင် inline four,inline three,Parallel Twin,V Twinစတဲ့ အင်ဂျင်များထဲမှာမှ Inline Three အင်ဂျင်ကို ရွေးချယ်ခဲ့ပါတယ်။အကြောင်းရင်းကတော့ Inline Three Engine (သုံးလုံးထိုး)ဟာဆိုရင် Horse Power,Torque,Weight စတာတွေအတွက်အကောင်းဆုံးအဖြေတစ်ခုဖြစ်နေလို့ပါပဲ။Inline Four Engineအသုံးပြုမယ်ဆိုရင် Weight တက်လာမယ်။Costများမယ်။V Twinနဲ့ Parallel Twinကျတော့Torqueကောင်းကောင်းထုတ်ပေးနိုင်ပေမဲ့ 800-900cc ကြားထဲမှာ Topspeed နိမ့်သွားနိုင်ပါတယ်။ထို့အတွက် Inline Three Engine ဟာ Power To Weight အချိုးအမျှတဆုံးဖြစ်တာမို့ MT-09မှာ တပ်ဆင်အသုံးပြုခဲ့ပါတယ်။MT-09က XS750/850 အပြီး ဆယ်စုနှစ်(၃)ခုကြာမှ ပြန်လည်ထုတ်ဖော်လာတဲ့Yamahaရဲ့ ပထမဆုံးသော Inline -Triple Engine တပ်မော်တော်ဆိုင်ကယ်ဖြစ်လာတာပါ။ဒါ့အပြင် MT-09ဟာ 2014မှာ မော်တော်ဆိုင်ကယ်လောကမှာ ဂုဏ်သိက္ခာအရှိဆုံး အကြီးကျယ်ဆုံးဒီဇိုင်းဆုဖြစ်တဲ့ IF Design Award2014 ကို iF International Forum ကနေချီးမြှင့်ခြင်းခံခဲ့ရပါတယ်။ကဲ ဒီလောက်ဆို MT-09မိတ်ဆက်လုံလောက်ပြီလို့ထင်ပါတယ်။

1•Design
Yamaha MT-09ဟာ Design အကောင်းဆုံးဆုတောင်ရထားတာမို့ ရုပ်ထွက်အရမ်းသွက်တယ်ဆိုတာတော့ အထွေအထူးညွှန်းစရာတောင်မလိုပါဘူး။Yamahaကုမ္ပဏီဟာ MT-09ကို နေ့စဉ်မောင်းနှင်မှုတွေမှာ သွက်လပ်ပေါ့ပါ့ပြီးSport feelingကိုရရှိစေရုံသာမက မောင်းနှင်သူကို ယုံကြည်ချက်အပြည့်ရရှိအောင် ဒီဇိုင်းပိုင်းကို အခြားသောNaked bike များနှင့်မတူအောင် ဒီဇိုင်းဆန်းဖြင့်ပွဲထုတ်လာခဲ့ပါတယ်။MT-09ကို Roadster & Motard Bike (2)မျိုးပေါင်းစည်းပြီး "Hybrid Design"ဖြင့် တည်ဆောက်ထားပါတယ်။Roadsterဆိုတာက Standard(or)Naked bike နဲ့ဆင်တူပြီး Motardဆိုတာက Supermoto bike စတိုင်လ်ပါ။ဆိုင်ကယ်ရှေ့ဖင်ထိုင်ခုံကို နည်းနည်းရှည်ရှည်ထားပေးတာကလည်းမောင်းနှင်သူကို သက်တောင့်သက်သာရှိစေပါတယ်။ရှေနောက်ဖင်ထိုင်ခုံဟာ တစ်ဆက်တည်းပြုလုပ်ထားပေးထားပါတယ်။
ဒါ့အပြင် ဆိုင်ကယ်လက်ကိုင်ကို အနည်းငယ်မြင့်ထားပေးခြင်းက မောင်းနှင်သူကို Supermoto ဘီးတွေမောင်းနှင်သလို လွတ်လပ်ပေါ့ပါးတဲ့ ခံစားချက်မျိုးရရှိစေမှာပါ။ဆိုင်ကယ်တစ်စီးလုံးက ကာဘာများကိုလည်း အပိုအလိုမရှိကျစ်ကျစ်လစ်လစ်တည်ဆောက်ပေးထားတာကလည်း MT-09ကို Naked Bike တစ်စီးရဲ့ Characterများကို ပေးစွမ်းနိုင်ပါတယ်။HeadLamp(ရှေ့မီး)ကိုလည်း Dual Head Lampနဲ့လာပြီး ညဖက်မှာ ရှင်းလင်းပြတ်သားတဲ့မြင်ကွင်းကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ရှေ့မီးရော နောက်မီးပါ LEDအမျိုးအစားကို အသုံးပြုထားတာကြောင့်တော်တော်လေးလှပတဲ့အပြင် ရိုးရိုးမီးလုံး(Bulb Type)တွေထက်စွမ်းအင်ချွေတာရာကျသလို ပိုလဲအသုံးခံပါတယ်။Exhaust(အိပ်ဇော)ကိုလည်း Ducati Panigale မှာသုံးထားသလို Naked Bikeတွေနဲ့အလွန်လိုက်ဖက်တဲ့Underbelly exhaustကို သုံးပေးထားပေးပါတယ်။အဲ့လို ဆိုင်ကယ်ရဲ့အောက်ဖက်မှာ 3in 1 exhaust systemကို သုံးထားပေးတာက ဆိုင်ကယ်ရဲ့ဝိတ်ကိုလျော့ချပေးပြီး Centre of Gravity အမှတ်ကိုလျော့နည်းစေတာကြောင့် ဆိုင်ကယ်ထိန်းချုပ်ရမှာလည်း ပိုမိုပေါ့ပါးလာစေပါတယ်။နောက်ပြီးExhaust ပိုက်များကိုလည်းStainless Steelအပြင် Nanofilm Coating တစ်ထပ်သုတ်ပေးထားတာကြောင့် အမြဲတောက်ပြောင်နေပြီး သံချေးတက်ခြင်း၊အရောင်မှိန်ခြင်း၊ကျွတ်ခြင်းများကိုပါ ကာကွယ်နိုင်ပါတယ်။ဒါ့အပြင် ဆိုင်ကယ်ဘေးက Airscoopများကလည်း ဆိုင်ကယ်ရုပ်ထွက်ကြွစေရုံသာမက Radiator ထဲသို့ပါလေတိုက်ရိုက်စီးစေတာကြောင့် အင်ဂျင်အပူချိန်ထိန်းညှိရာမှာလည်း တစ်တပ်တစ်အားပါဝင်နေပါတယ်။
Designပိုင်းကိုအကျဉ်းချုပ်ရမယ်ဆိုရင် MT-09ဟာ မောင်းနှင်သူကို Naked styleရဲ့ကျစ်လစ်လှပမှု၊Aggressive ဖြစ်မှုနဲ့ပြည့်စုံပြီး Supermoto-styleရဲ့ ထိန်းချုပ်ရပေါ့ပါးမှုစတဲ့ခံစားမှုရသ(၂)မျိုးကို ပေးစွမ်းနိုင်ပါတယ်။

2•Instrument Cluster
MT-09မှာဒိုင်ခွက်ကို အခြားသောဆိုင်ကယ်များနဲ့မတူဘဲ ညာဖက်ကိုအနည်းငယ်ကပ်ကာတည်ဆောက်ပေးထားပါတယ်။LCD(Liquid Crystal Display)ဒိုင်ခွက်ကို အသုံးပြုထားတာမို့ ကြည်လင်ပြတ်သားမှုရှိပါတယ်။ဒိုင်ခွက်မှာ ဆီဂိတ်၊ဂီယာအချက်ရေ၊အမြန်နှုန်း၊RPMတန်ဖိုး၊ကီလိုမီတာ၊နာရီ၊ABSမီး၊Traction Control၊Driving Mode၊Fuel reserve trip metre စသည်ဖြင့်စုံစုံလင်လင် ထည့်သွင်းပေးထားတာကို တွေ့ရပါတယ်။အချက်အလက်စုံစုံလင်လင်ထည့်သွင်းပေးထားပေမဲ့ ကျစ်ကျစ်လစ်လစ်ရှိတာကြောင့် အရှိန်ပြင်းပြင်းမောင်းနှင်နေသော်လည်း မိမိသိလိုတဲ့ Informationsများကို ရှင်းလင်းစွာမြင်တွေ့နိုင်ပါတယ်။

3•Engine & Performance
MT-09ကို 78mmအချင်းရှိတဲ့Boreနဲ့ 59.1mmအလျားရှိတဲ့Strokeတို့ကိုတပ်ဆင်ထားပါတယ်။Engine Compression ratio(အင်ဂျင်ဖိကျစ်မှုအချိုး)အနေနဲ့ 11.5:1 ရှိပါတယ်။အင်ဂျင်Displacementအနေနဲ့ 847ccရှိပြီးDOHC,4valves per cylinder,Inline-Three အင်ဂျင်ပါ။မြန်မာအခေါ်သုံးလုံးထိုးပေါ့။အင်ဂျင်အအေးခံစနစ်အနေနဲ့ Liquid-Cooledကို အသုံးပြုထားပါတယ်။အင်ဂျင်Lubrication System အနေနဲ့ ဆိုင်ကယ်တွေမှာအတွေ့များတဲ့ Wet Sump ကိုပဲအသုံးပြုထားပါတယ်။Clutch System ကိုလည်း Multiplate assist and Slipper clutchကို သုံးထားတာကြောင့် HighSpeedမောင်းနှင်တွင်သော်လည်းကောင်း ဘရိတ်ဖမ်းရာတွင်သော်လည်းကောင်း ပိုမိုချောမွေ့စေပါတယ်(V1 မှာတော့ Wet Multiplate Clutchပါ)။ဆီကျွေးစနစ်အနေနဲ့ Fuel Injection(FI)စနစ်ကိုအသုံးပြုထားပါတယ်။Fuel injectionစနစ်မှာ 41mmရှိတဲ့ Closed Loop Mikuni Throttle Bodyကို အသုံးပြုထားပါတယ်။Closed Loop system မှာအသုံးပြုထားတဲ့ Oxygen sensorကနေ Exhaust Gasထုတ်လွှတ်မှုကို အမြဲအာရုံခံနေပြီး ECUမှလည်း အင်ဂျင်အတွင်း ဆီလေအရောအနှောကို အချိုးကျကျလောင်ကျွမ်းအောင်ပြုလုပ်ပေးနေတာမို့ Exhaust Gas(ကာဗွန်ဒိုင်အောက်ဆိုဒ်ပါဝင်မှု)ထုတ်လွှတ်မှုကိုလည်း လျော့နည်းစေပါတယ်။ဒါ့အပြင် Air injection System(AIS) or Secondary Air injection system ကလည်း အင်ဂျင်အေးတဲ့အချိန်မှာ Catalytic Converterအစား Exhaust Gasညစ်ညမ်းမှုကို လျော့ချပေးတယ်။ဂီယာ(၆)ချက်ရှိမှာဖြစ်ပြီး Constant Mesh ဂီယာဘောက်ကို အသုံးပြုထားပါတယ်။Final Driveအနေနဲ့ မာကျောပြီးကြာရှည်ခံတဲ့ "O" Ring Chain Driveကို အသုံးပြုထားပါတယ်။
Yamaha ကုမ္ပဏီဟာ Engine တည်ဆောက်ရာမှာလည်း တော်တော်အားထုတ်ထားတာကို တွေ့ရပါတယ်။ပစ်စတင်တွေကိုပေါ့ပါးမာကျောတဲ့ Aluminium Piston(အလူမီနီယံ)ကို အသုံးပြုထားပြီး ဆလင်ဒါကိုလည်း အပူစွန့်ထုတ်မှုကောင်းတဲ့(Plated-Cylinder)ကိုအသုံးပြုပေးထားပါတယ်။ဒါ့ကြောင့် MT-09စီးသူအများစုဟာ အင်ဂျင်အပူကြောင့် ခြေထောက်အရမ်းပူတယ်လို့ ငြီးငြူကြတာပါ။တစ်ကယ်လည်းတော်တော်ပူပါတယ်။သို့ပေမဲ့ အင်ဂျင်အတွင်း အပူချိန်တော့မြန်မြန်လျော့နည်းစေတာမို့ ဆိုင်ကယ်အတွက်တော့ကောင်းပါတယ်။Intake valve အနေနဲ့ 31mmအချင်းရှိပြီး Exhaust Valveအနေနဲ့ 25mmအချင်းရှိပါတယ်။ပြီးတော့ valveတွေကို ကျဉ်းမြောင်းတဲ့ထောင့် 26.5ဒီဂရီမှာနေရာချထားတာကြောင့် အင်ဂျင်ကိုပိုမိုကျစ်လစ်စေပြီး အင်ဂျင်Combustionဖြစ်စဉ်ကို မြန်မြန်ဖြစ်စေတာကြောင့် မြင့်မားတဲ့Torque(ရုန်းအား)ကို ထွက်ပေါ်စေပါတယ်။
Yamahaအနေနဲ့ MT-09ရဲ့အင်ဂျင်ကို Cross Plane Concept နဲ့ဆင်တူအောင်တည်ဆောက်ထားတယ်လို့ သိရှိရပါတယ်။အရင်ဆုံးCross Plane ဆိုတာဘာလဲဆိုတာလေ့လာကြည့်ရအောင်။သာမန်Inline-Fourအင်ဂျင်တွေမှာ Piston တွေက(၂)လုံးတက်(၂)လုံးဆင်း စုံလိုက်အတက်အဆင်းလုပ်ကြတယ်။ပြောရမယ်ဆိုရင် Crank Pins တွေကို 180ဒီဂရီမှာနေရာချထားတဲ့ အင်ဂျင်တွေပေါ့။Throttleကိုမောင်းနှင်ပေးခြင်းကနေ အင်ဂျင် Combustion Torque ကိုအဓိကဖြစ်ပေါ်စေတယ်။ဒါပေမဲ့ အင်ဂျင်ကနေထုတ်ပေးတဲ့ စုစုပေါင်း Total Torque မှာ Combustion Torqueနဲ့ Inertial Torqueတို့ဖြစ်ကြတယ်။Inertial TorqueကCrankshaftလည်ချင်းကနေဖြစ်ပေါ်ပြီး အင်ဂျင်ရဲ့ ရုန်းအားကို အနှောင့်အယှက်ပေးတယ်။အထူးသဖြင့် Crank လည်ပတ်မှုဟာ အင်ဂျင်ရဲ့ TDC(Top Dead Centre)နဲ့ BDC(Bottom Dead Centre)မှာလျင်မြန်မှုရှိတယ်။ပြောရမယ်ဆို Crank position 0 နဲ့ 180ဒီဂရီမှာ Crank လည်ပတ်မှုမြန်လို့ Torqueကောင်းတယ်လို့ မှတ်နိုင်တယ်။ဒါပေမဲ့ 90 နဲ့ 270ဒီဂရီမှာ Crank လည်ပတ်မှုနှေးသွားတယ်။အဲ့နေရာမှာဖြစ်တဲ့ Torqueကို Inertial Torqueလို့ခေါ်ပြီး မောင်းနှင်သူကထိန်းချုပ်လို့မရဘူး။Combustion Torqueက အင်ဂျင်ရုန်းအားကို ကောင်းမွန်စေပြီး မောင်းနှင်သူက Throttleကနေထိန်းချုပ်လို့ရတယ်။အင်ဂျင်လည်ပတ်နှုန်းမြန်လာတာနဲ့အမျှ Torque Curve မှာ Combustion Torqueနဲ့ Inertial Torqueကွာဟချက်ကြီးလာကြောင့် Torqueထုတ်လုပ်မှု Linearမဖြစ်တော့ဘူး။အဲ့ဒါကို ဖြေရှင်းဖို့အတွက် Crank pinsလေးခုကို တစ်ခုနဲ့တစ်ခု 90ဒီဂရီအကွာအဝေးမှာနေရာချထားခြင်းဖြင့် Inertial Torqueကို ဖျောက်လို့ရပြီး Total Torque Output အနေနဲ့ Combustion Torqueတစ်မျိုးထဲသာထွက်ပေါ်လာပြီး Torque Curveလဲချော့မွေ့ပြီး Linear Torqueဖြစ်လာတယ်။တစ်နည်းပြောရမယ်ဆိုရင် pistonတစ်လုံးမီးပေါက်ပြီး လည်လို့ 90ဒီဂရီရောက်တာနဲ့ အခြားpistonတစ်လုံးကို မီးပေါက်စေပြီး အင်ဂျင်ရဲ့Crank လည်ပတ်မှုကို ပုံမှန်ဖြစ်စေကြောင့်အချိန်တိုတိုအတွင်းမှာ Torqueကောင်းကောင်းထုတ်ပေးနိုင်ပါတယ်။
အဲ့Cross Plane Crankshaft Engine ကြောင့် Yamahaရဲ့ MotoGP ပြိုင်ပွဲဝင် SuperBike တစ်စီးဖြစ်တဲ့ YZR-M1ကို ချန်ပီယံဆုတွေဆွတ်ခူးပေးနိုင်ခဲ့တယ်။
MT-09မှာလည်း Crossplane Crankshaft Concept CP3 အင်ဂျင်ကိုအသုံးပြုထားတယ်။Inline Three ဖြစ်တာကြောင့် Cross-Plane စစ်စစ်တော့ မဟုတ်ဘူး။အင်ဂျင်ရဲ့ Crankpins တွေကို 120ဒီဂရီမှာနေရာချထားပေးပါတယ်။Firing Interval အနေနဲ့ 240ဒီဂရီရှိတိုင်းမှာ Pistonမီးပေါက်တာဖြစ်လို့ အင်ဂျင်ရဲ့ Firing Orderအနေနဲ့ 1 3 2အနေနဲ့သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ဒီလို Firing Intervalကို ညီမျှစေတာကြောင့် Inertial Torqueကို ဖယ်ရှားပေးပြီး Linear Torqueကို ထုတ်လုပ်ပေးနိုင်ကာ RPM များတဲ့အထိ Torque ဆက်လက်ထုတ်ပေးနေတာကိုတွေ့ရပါတယ်။အရင်FZ-8 inline four engine နဲ့ယှဉ်ကြည့်မယ်ဆို MT-09ရဲ့ CP3 engineက ပိုပေါ့မယ်၊ပိုကျစ်လစ်မယ်။ပြီးတော့ MT-09ရဲ့ Intake Funnel(3)ခုကို မတူညီတဲ့အလျားတွေနဲ့တည်ဆောက်ပေးထားတာကြောင့် Initial Torque အားကောင်းရုံသာမက အိပ်ဇောအသံထွက်ကိုလည်း ကောင်းမွန်စေပါတယ်။Compact Counter Balancerများကို အသုံးပြုပေးထားတာကြောင့် အင်ဂျင်တုန်ခါမှုကိုလည်းလျော့ချပေးပြီး HighSpeedမောင်းနှင်ရာမှာတည်ငြိမ်မှုကို ခံစားရမှာပါ။နောက်ပြီး MT-09ဟာ Offset cylinder အသုံးပြုထားတဲ့ Yamahaရဲ့ပထမဆုံးMulti-cylinderအင်ဂျင်တပ်ဆိုင်ကယ်ပါပဲ။

Why Offset Cylinder?
သာမန်အင်ဂျင်တွေမှာ အထူးသဖြင့် အင်ဂျင်တစ်ခုမှာအဓိက စွမ်းအင်ထုတ်ပေးတဲ့ Power Stroke မှာ CombustionPower များလာတာနဲ့အမျှ Connecting Rodနဲ့ ဆက်သွယ်ထားတဲ့ Piston ကနေ Cylinder Wallကို တွန်းအားသက်ရောက်မှုတွေဖြစ်ပေါ်ပါတယ်။အကျိုးဆက်အနေနဲ့ Friction အများအပြားဖြစ်ပေါ်လာပြီး Power Lossတွေဖြစ်ပေါ်စေတာကြောင့် အင်ဂျင်ကထုတ်ပေးသလောက်ပါဝါကို အပြည့်အဝမခံစားရပါဘူး။offset cylinder မှာတော့ Piston Centreနဲ့ Crankshaft Centreကို အနည်းငယ်စောင်းရွေ့​ပေးထားခြင်းဖြင့် Cylinder wallတွေကို Pistonမှပွတ်တိုက်မှုနည်းစေပါတယ်။အားသာချက်အနေနဲ့ အင်ဂျင်ကထုတ်ပေးတဲ့ပါဝါကို ပိုမိုကောင်းမွန်စွာရရှိပြီး ဆီစားနှုန်းလည်းပိုမိုသက်သာကာ အင်ဂျင်ကိုလည်း ကျစ်ကျစ်လစ်လစ်ဖြစ်စေပါတယ်။
အင်ဂျင်Performanceအနေနဲ့ အမြင့်ဆုံးHorser Power 115HPကို10000rpmမှာရရှိနိုင်မှာဖြစ်ပြီး အမြင့်ဆုံး Torqueအနေနဲ့ 8500rpmမှာ 87.5NMရရှိမှာဖြစ်ပါတယ်။0-100kmphကို 3.4sec အတွင်းအရှိန်တင်နိုင်ပါတယ်။(1/4)မိုင်ကို 10.98စက္ကန့်အတွင်းအရောက်သွားနိုင်ပါတယ်။Topspeedအနေနဲ့ 225kmphရှိပါတယ်။Engine Tuning လုပ်ထားတဲ့ MT-09တွေကတော့ ဒီထက်Topspeed ပိုများနိုင်ပါတယ်။
MT-09အနေနဲ့ အင်ဂျင်တစ်ခုလုံးကို ပေါ့ပေါ့ပါးပါးကျစ်ကျစ်လစ်လစ်တည်ဆောက်ထားသည့်အပြင် Low to Mid range torque, Linear Torque များပါအထူးကောင်းမွန်တာကိုတွေ့ရပါတယ်။

4•Chassis & Suspensions
MT-09ရဲ့ chassis(frame)ကို ကျစ်လစ်မာကျောတဲ့ Aluminium Diamond Frame အမျိုးအစားကို သုံးထားတာတွေ့ရပါတယ်။

ရှေ့ဖောက်(Front
Suspension)အနေနဲ့ 41mm ရှိတဲ့ ဖောက်ပြောင်းပြန်(Upside Down fork)ကို အသုံးပြုထားပြီး Compressionနဲ့ Damping တို့ကို စိတ်ကြိုက်ချိန်ညှိနိုင်ပါတယ်။ညာဖက်ဖောက်မှာတော့ Compressionထိန်းညှိနိုင်ပြီး ဘယ်ဘက်ကိုတော့ Rebound Adjustmentပြုလုပ်နိုင်ပါတယ်။ဒါ့အပြင်ရှေ့ဖောက်ကို 5.4လက်မအထိ ကျုံ့ဆန့်နိုင်ပါတသးတယ်။ရှေ့ဖောက်ထောင့်(Rake angle)ကို 25ဒီဂရီမှာစောင်းထားပေးတာဖြစ်လို့ Low Speed မှာပါဆိုင်ကယ်Handlingကိုပေါ့ပါးစေပြီး ထိန်းချုပ်ရလွယ်ကူစေပါတယ်။

အနောက်ဖက်ကိုတော့ (Rear Suspension)အနေနဲ့ ပေါ့ပါးတဲ့ Aluminium Swingarmကိုမှ Link type Monoshock ကိုတွဲဖက်အသုံးပြုထားပါပြီး SpringPreload နဲ့ Rebound adjustmentတွေပြုလုပ်နိုင်ပါတယ်။နောက်ဖောက်ကတော့ 5.1လက်မအထိ ကျုံ့ဆန့်နိုင်ပါတယ်။
ဆိုင်ကယ်တစ်စီးလုံးရဲ့ ဖရိန်နဲ့ ဖောက်တွေကို ပေါ့ပါးမာကျောတဲ့ Aluminium သတ္တုတွေကိုသာ အသုံးပြုပေးထားတာကြောင့် ဆိုင်ကယ်တစ်စီးလုံးရဲ့ ဝိတ်ကိုပေါ့ပါးစေပြီး လက်ကိုင်ထိန်းချုပ်မှုမှာလည်း တည်ငြိမ်မှုရှိပြီးတော်တော်လေးကောင်းမွန်စေပါတယ်။

5•Brakes & Tyres
ရှေ့ဘရိတ်ကိုတော့ 298mm အချင်းရှိတဲ့ Twin-Discကိုမှ4-piston calliperနဲ့ကုတ်ထားတဲ့ Monoblockဘရိတ်အုံကို တစ်ဖက်စီတပ်ဆင်ပေးထားပါတယ်။နောက်ဘရိတ်ကိုတော့ 245mmအချင်းရှိတဲ့ Single-Discကို အသုံးပြုထားပြီး Nissin Calliper နဲ့ကုပ်ထားပါတယ်။Dual Channel ABSအပြင် Hydraulic brakeတွေဖြစ်လို့ ဘရိတ်ဖမ်းရတာလဲ ပိုမိုအဆင်ပြေစေပါတယ်။
တာယာတွေကိုတော့အရှေ့ဖက်ကို 120/70-R17 ကိုအသုံးပြုထားပြီး နောက်တာယာကိုတော့ 180/55-R17ကို အသုံးပြုထားပါတယ်။တာယာအမျိုးအစားကတော့ Tubeless တာယာတွေပါ။ဂွေ(Rim)တွေကိုတော့ စမုတ်(10)ခုပါတဲ့ 17လက်မ Aluminium အလွိုင်းဂွေတွေကိုအသုံးပြုပေးထားပါတယ်။

6•Dimensions & Weight
ဆိုင်ကယ်တစ်စီးလုံးရဲ့အလျားအနေနဲ့ 2075mm,အနံ 815mm,အမြင့် 1120mm ရှိပါတယ်။ဘီး(၂)ခုကြားအကွာအဝေး1440mm ရှိပါတယ်။ဆိုင်ကယ်နှင့်မြေပြင်ကြားအကွာအဝေး 135mmရှိပါတယ်။ဖင်ထိုင်ခုံအမြင့် 820mmရှိပါတယ်။
အလေးချိန်အနေနဲ့ ဆီအပြည့်ထည့်ထားလျှင် 193kg လေးပါတယ်။ABSမပါတဲ့MT-09 v1 မှာတော့ 188kg ပဲလေးပါတယ်။

7•Fuel Capacity & Mileage
ဆီဝင်ဆံ့နိုင်မှုအနေနဲ့ 14L သာရှိတာကြောင့် middleweight naked bike တွေကြားမှာ အနည်းငယ်နည်းတယ်လို့ ဆိုရပါမယ်။ဒါပေမဲ့ YCC-T system ကြောင့် ဆီစားသက်သာမယ်လို့ ဆိုပြီး 1Litre ကို 19-21kmအထိမောင်းနှင်နိုင်မှာပါ။ဒါကြောင့်ဆီအပြည့်ဖြည့်ထားရင် 240kmဝန်းကျင်အထက် မောင်းနှင်နိုင်မှာဖြစ်ပါတယ်။

8•Electronics
Yamaha MT-09မှာဒီဂျစ်တယ်နည်းပညာအမြောက်အမြားသုံးထားတာကိုတွေ့ရလို့ Electronic အပိုင်းကိုလည်းဖော်ပြပေးဖို့လိုအပ်လာပါတယ်။Electronic အနေနဲ့ YCC-T,Traction Control,ABS,Ride by wire throttle,Driving modeစသည်တို့ပါဝင်လာပါတယ်။နောက်ပြီး ECUကို စွမ်းဆောင်ရည်မြင့်ပြီးမြန်ဆန်တဲ့ 32bit ECU(electric control unit)ကိုအသုံးပြုထားတာကြောင့် injection,engine management,ignition စသည်တို့ကို လျင်မြန်စွာဆောင်ရွက်ပေးနိုင်ပါတယ်။အဲဒီElectronic Unit တွေကို ECUကနေ အဓိကထိန်းချုပ်တာကြောင့်Electronic Systemတွေဟာ တစ်ခုနဲ့တစ်ခုဆက်စပ်မှုရှိပါတယ်။

1.Yamaha Chip Controlled Throttle(YCC-T)- ဒီsystem မှာကို 2006Yamaha R6မှာစတင်အသုံးပြုတယ်လို့သိရတယ်။Torque Boosterလို့လဲမှတ်လို့ရတယ်။YCC-Tက engine speed, intake air flowနဲ့ Torque curveတွေကို အာရုံခံတွက်ချက်ပြီး ဆီလေအရောအနှောကိုကောင်းမွန်စွာလောင်ကျွမ်းစေတာကြောင့်အင်ဂျင်ရဲ့ပါဝါကို ချော့မွေ့စေတဲ့အပြင် ပါဝါကိုလည်း လီဗာကဆွဲရင်ဆွဲသလို အရုန်းအဆွဲကောင်းမွန်စွာထိန်းချုပ်ပေးနိုင်တာကိုတွေ့ရပါတယ်။တစ်နည်းအားဖြင့်ပြောရရင် အင်ဂျင်စွမ်းဆောင်ရည်ကို အကောင်းဆုံးကိုထုတ်ပေးနိုင်တယ်ပေါ့။

2.Ride by Wire Throttle-ရိုးရိုးဆိုင်ကယ်တွေမှာဆို Throttle(Lever)နဲ့ အင်ဂျင် acceleratorကြားမှာ သာမန်လီဗာကြိုးကိုပဲသုံးထားတာတွေ့ရတယ်။အကျိုးဆက်အနေနဲ့ လီဗာအလျော့အတင်းပြုလုပ်တဲ့နေရာမှာ Mechanically ချိတ်ဆက်ထားတာမို့ တိကျမှုမရှိတာကြောင့် အင်ဂျင်အတွင်းမှာ ဆီလေရောနှောမှုအချိုးကျခြင်းမရှိပဲ လိုအပ်တာထက်ဆီပိုကုန်တာတွေ၊Exhaust Gasထုတ်လွှတ်မှုများတာတွေစသဖြင့် အင်ဂျင်ရဲ့စွမ်းဆောင်ရည်ပါထိုက်သင့်သလောက်မထုတ်ပေးနိုင်တာကိုတွေ့ရတယ်။RBW Throttle မှာတော့ Throttle နဲ့ Accelerator ကြားမှာ Physical Cable တွေမပါဘဲ Throttleလှုပ်ရှားမှုကို TPS(Throttle Position Sensor),APS(Acceleration Position Sensor)စတဲ့Sensorတွေကနေတစ်ဆင့်အာရုံခံပြီး ECUကနေအင်ဂျင်အတွင်းဆီလေအချိုးအစား မျှမျှတတလောင်ကျွမ်းစေတာမို့ ဆီစားသက်သာစေခြင်း၊ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုလျော့နည်းခြင်း၊Engine Performance ကောင်းမွန်စေခြင်းတို့အပြင် မတူညီတဲ့Driving Modeတွေကိုပါ လုပ်ဆောင်ပေးနိုင်တယ်။RBW Throttle သုံးထားတာကြောင့် MT-09မှာ Driving Mode (3)မျိုးပါဝင်လာတယ်။

3.Driving Mode-YamhaဟာMT-09ကို Throttleထိန်းချုပ်ခြင်းကနေ STD mode, A mode,B mode စတဲ့မတူညီတဲ့မောင်းနှင်မှု(3)မျိုးကို ထည့်သွင်းပေးထားတယ်။

((STD mode-Standard Modeလို့ခေါ်ပြီး MT-09ကိုစက်ရုံကထုတ်ပေးတဲ့အင်ဂျင်အတိုင်းPowerနဲ့ Linear Torqueထုတ်ပေးနိုင်တယ်။

A mode -A mode ကိုတော့ Aggressivelyမောင်းနှင်လိုတဲ့အခါတွေမှာ အသုံးပြုနိုင်ပြီး အင်ဂျင်ရဲ့အရုန်းအဆွဲကို အထူးကောင်းမွန်စေတာကြောင့် Low-mid rangeတွေမှာ အင်ဂျင်Performanceအကောင်းဆုံးကို ခံစားရစေမှာပါ။

B mode-B modeကိုတော့ အင်ဂျင်ရဲ့အရုန်းအဆွဲကို အနည်းငယ်လျော့စေပြီး ဆိုင်ကယ်ကို ဆောင့်ထွက်ခြင်းတွေမဖြစ်စေတာကြောင့်ရှုပ်ထွေးတဲ့မြို့တွင်းလမ်းတွေ၊Slipဖြစ်နိုင်တဲ့ စိုစွတ်နေတဲ့လမ်းတွေမောင်းနှင်ရာမှာSafety modeအနေနဲ့အသုံးပြုနိုင်ပါတယ်။))

4.Traction Control System(TCS)- ဒီsystemမှာတော့ ဆိုင်ကယ်ရဲ့ တာယာနဲ့မျက်နှာပြင်ကြားက ကုပ်အားကိုထိန်းညှိပေးပြီး Mode 1,Mode 2, off ဆိုပြီးလာပါတယ်။ TCS မှာ အင်ဂျင် Torque,Gear Position,ရှေ့ဘီးအမြန်နှုန်းတွေကို အာရုံခံပြီး နောက်ဘီးစလစ်ဖြစ်ချင်းကို အဓိကလျော့ချပေးတာကြောင့် စိုစွတ်ချောမွေ့နေတဲ့ မျက်နှာပြင်မှာ
TCSမပါတဲ့ဆိုင်ကယ်တွေထက် ပိုမိုမြန်မြန်သွားနိုင်ပြီး အကွေ့တွေကိုလည်း အဆင်ပြေပြေSlipမဖြစ်ပဲကွေ့နိုင်ပါတယ်။Lean angleကိုလဲ 51ဒီဂရီအထိစောင်းကွေ့နိုင်ပါတယ်။

5.Anti-lock Braking System(ABS)-ဒီစနစ်မှာတော့ ရှေ့ဘီးနောက်ဘီးတွေရဲ့ အမြန်နှုန်းကို Sensorတွေကနေအာရုံခံပြီး ECUကနေ ဘရိတ်ဖမ်းဖို့ မော်တာတွေကို ထိန်းချုပ်ကာ ဘရိတ်ဖမ်းတာမို့ အချိန်တိုတိုအတွင်းမှာ လွယ်ကူစွာဘရိတ်ဖမ်းနိုင်ပြီး Wheel-lock ဖြစ်ခြင်း Slipဖြစ်ခြင်းများကိုလည်း ကာကွယ်ပေးပါတယ်။

9•Major Specifications
Displacement 847 cc
Maximum Power 115 HP @ 10000 rpm
Maximum Torque 87.5 Nm @ 8500 rpm
Number of Cylinders 3
Emission Standard BS6
Number of Gears 6
Seat Height 820 mm
Ground Clearance 135 mm
Kerb/Wet Weight 193 kg
Fuel Tank Capacity 14 litre

10•Pricing
ဈေးနှုန်းအနေနဲ့ဆိုရင် 2019 MT-09ကို $8999ကျသင့်မယ်လို့သိရပါတယ်။မြန်မာပြည်တစ်လက်ကိုင်ဈေးကွက်မှာတော့ 2013,2014မော်ဒယ်ကို 65သိန်းဝန်းကျင်ရှိနိုင်ပြီး 2017ပုံပြောင်းကို 100 ဝန်းကျင်တွေမှာရောင်းချနေတာကိုမြင်တွေ့ရပါတယ်။ဈေးနှုန်းများမှာ ခန့်မှန်းချက်အနေနဲ့လေ့လာလို့ရအောင် ထည့်ပေးထားခြင်းဖြစ်ပါတယ်။ဘီးအခြေအနေနဲ့ မော်ဒယ်ပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျရှိပါတယ်။

အကျဉ်းချုပ်ရမယ်ဆို MT-09ရဲ့ Bulid Quality နဲ့ ဒီဇိုင်းဟာ ဆုရခဲ့ဖူးတာကြောင့် ရုပ်ထွက်အရမ်းကြွပြီး Build Quality ကောင်းမှာတော့ အသေအချာပါပဲ။ဆိုင်ကယ်ဒီဇိုင်းကို Hybrid Designဖြင့် တည်ဆောက်ထားတာမို့ Supermoto တွေလိုမျိုး ဘီးကိုထိန်းချုပ်ရပေါ့ပါးစေပြီး Naked တစ်စီးရဲ့ Aggressive ဖြစ်တဲ့ရုပ်ထွက်နဲ့ High Speed မောင်းနှင်ခြင်းများကိုပါ ပြုလုပ်နိုင်မှာဖြစ်လို့ ဆိုင်ကယ်တစ်စီးထဲနဲ့ ဘီးType နှစ်မျိုးရဲ့ အရသာမျိုးကို ခံစားရစေပါတယ်။ဆိုင်ကယ်တစ်စီးလုံးနီးပါးပေါ့ပါးမာကျောတဲ့ အလူမီနီယံသတ္တုများနဲ့ တည်ဆောက်ထားတာကြောင့် ဆိုင်ကယ်ရဲ့ Overall Weightကိုလဲ အခြားသော Middleweight Naked Bikeများထက် ပိုမိုလျော့နည်းစေပါတယ်။Inline Three အင်ဂျင်ရဲ့ ကျစ်လစ်ခြင်း၊ပေါ့ပါးခြင်း၊Power Output ကောင်းခြင်း၊အရုန်းအဆွဲကောင်းမွန်ခြင်းတွေကလည်း MT-09ကို Middleweight Naked Bikeတွေကြားမှာ နာမည်ရစေခဲ့ပါတယ်။Linear Torqueကောင်းမွန်မှုကြောင့် အချိန်ခဏလေးအတွင်းမှာ အမြန်နှုန်းအမြင့်ဆုံးကို ပေးစွမ်းနိုင်ပါလိမ့်မယ်။ဒါ့အပြင့် RBW,YCC-T စသည်တို့ကလည်း အင်ဂျင်လုပ်ဆောင်မှုကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ထိန်းချုပ်ပေးနေတာကြောင့် သာမန်အင်ဂျင်များထက် စွမ်းအင်ဆုံးရှုံးခြင်းကိုလျော့ချပေးပြီးအင်ဂျင်Performance အထူးကောင်းမွန်စေပါတယ်။ABS,TCS စတဲ့ Safety Systemများလည်းပါဝင်တာမို့ မောင်းနှင်သူကို ယုံကြည်ချက်အပြည့်နဲ့မောင်းနှင်နိုင်စေပါတယ်။ဒါ့အပြင် Inline Threeကနေလာတဲ့ 3in1 အိပ်ဇောအသံကလည်း ကျစ်ကျစ်လစ်လစ်နဲ့ ပေါက်ကွဲမှုအားကောင်းတဲ့အင်ဂျင်ကို ခံစားမိစေပါတယ်။အိပ်ဇောကိုလည်း ပေါ့ပါးပြီး ဒီဇိုင်းဆန်းတဲ့ UnderBelly Exhaustကို အသုံးပြုပေးထားတာကြောင့် လှပတဲ့အပြင် ဆိုင်ကယ်ဝိတ်ကိုလည်း ညီမျှစေပါတယ်။ဒါ့အပြင် AIS,O2 sensorများကြောင့် ဆိုင်ကယ်ရဲ့ Exhaust Gasထုတ်လွှတ်မှုကို Emission Standardများနဲ့ ကိုက်ညီစေတာကြောင့် သာမန်ဆိုင်ကယ်များထက် ပတ်ဝန်းကျင် လေထုညစ်ညမ်းခြင်းကိုလည်း အနည်းငယ်သက်သာစေပါတယ်။အားနည်းချက်ကတော့ ခဏနဲ့တင်အင်ဂျင်က ထွက်လာတဲ့အပူကတော်တော်ပူပါတယ်။အင်ဂျင်Heat Dissipation ကောင်းတာကြောင့် ဆိုင်ကယ်အတွက်ကောင်းပေမဲ့ လူအတွက်တော့မသက်သာလှပါဘူး။Boots,Long pantsတွေနဲ့ဆိုရင်တော့ အဆင်ပြေပါတယ်။နောက်တစ်ချက်က Electronic System အများအပြားသုံးထားတာမို့ Errorတက်ရင်ပဲဖြစ်ဖြစ်၊ပျက်စီးရင်ပဲဖြစ်ဖြစ် ပြန်လည်ပြင်ဆင်ဖို့ အစားထိုးဖို့ခက်ခဲပါတယ်။တတ်ကျွမ်းတဲ့ Mechanic တွေကသာ ပြုပြင်နိုင်ပါလိမ့်မယ်။ MT-09ရဲ့ အဓိကပြိုင်ဖက်ဆိုင်ကယ်တွေကတော့ Kawasaki z900,Ducati Monster 821, Triumph Street Triple S, KTM Duke 790နဲ့Suzuki GSX-S750တို့ပဲဖြစ်ပါတယ်။

((All About Motorcycles))
ဒီလောက်ဆိုပြည့်စုံမယ်လို့ထင်ပါတယ်။

Credit

Address

Mandalay Road, Myanmar, Burma (Myanmar)
Mandalay

Website

Alerts

Be the first to know and let us send you an email when ZerO NinE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share