Ivory - Auto Ward

Ivory - Auto Ward Ivory - Auto Ward is a garage taking care of cars so that their owners can DRIVE WORRY FREE.

As the clock strikes midnight and we usher in the dawn of a new year, Ivory Auto Ward extends its heartfelt wishes for j...
31/12/2023

As the clock strikes midnight and we usher in the dawn of a new year, Ivory Auto Ward extends its heartfelt wishes for joy, prosperity, and unforgettable journeys ahead, marking the beginning of a chapter filled with excitement, success, and smooth rides on the road of life. Happy New Year! 🎉🚗

Paint protection film 5 year warranty အတွက်paint correction အဆင့် premium polish step.....                             #...
27/12/2023

Paint protection film 5 year warranty အတွက်
paint correction အဆင့် premium polish step.....

#မှန်စတစ်ကာ

‼️ Polish, PPF, Coating, Window Film, Headlight Retrofit, Black Box, Audio, 360 Camera & Accessories

🏡 58 St, Between 30 nd & 31 rd St, MDY

🤙

This Pocket Money is password protected! Enter (929399) to open the pocket money😇🍀🌈💸💞Happy Money
29/10/2023

This Pocket Money is password protected! Enter (929399) to open the pocket money😇🍀🌈💸💞

Happy Money

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

This Pocket Money is password protected! Enter (279493) to open the pocket moneyHappy Thadingyut to you all😇🍀💸💞🌈🥰😘
29/10/2023

This Pocket Money is password protected! Enter (279493) to open the pocket money

Happy Thadingyut to you all😇🍀💸💞🌈🥰😘

Send blessing to more friends and find who's the luckiest By KBZPay Pocket Money

လေးစားရပါသော IVORY Auto ward ၏ ဖောက်သည် မိတ်ဆွေများကို သီတင်းကျွတ်အချိန်အခါလေးမှာ ဂါရဝတရားရှေ့ထား၍ “အနူးညွတ်ကန်တော့”လိုက...
28/10/2023

လေးစားရပါသော IVORY Auto ward ၏ ဖောက်သည် မိတ်ဆွေများကို သီတင်းကျွတ်အချိန်အခါလေးမှာ
ဂါရဝတရားရှေ့ထား၍ “အနူးညွတ်ကန်တော့”လိုက်ရပါတယ်ခင်ဗျာ

ကျွန်တော်တို့ရဲ့ ဆိုင်လေး နေရာပြောင်းရွှေ့ ပြင်ဆင်နေချိန်လေးမှာရော Online booking များဖြင့်
Mobile services တွေ သတိတရနဲ့ အလုပ်အပ်ပေးကြတဲ့အတွက်လဲ ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ

“ပျော်ရွှင်ကျန်းမာစွာဖြင့် လုပ်ငန်းကိုင်ငန်းများလဲ ဆထက်တစ်ပိုးတိုးတက်ကြပြီး
IVORY Auto ward ရဲ့ ဆိုင်အသစ်ကြီးမှာ မကြာခင် ပြန်လည်ဆုံတွေ့ချင်ပါတယ်ခင်ဗျာ”

“ပျော်ရွှင်ချမ်းမြေ့သော သီတင်းကျွတ်ကာလလေးဖြစ်ကြပါစေခင်ဗျာ……”

#မှန်စတစ်ကာ

‼️ Polish, PPF, Coating, Window Film, Headlight Retrofit, Black Box, Audio, 360 Camera & Accessories

58th , between 30x31 st, Mandalay

“ဆိုင်ရှင်-Admin-ဆိုင်ပြင်” ဆိုပြီး Ivory Auto Ward အတွက် ကြိုးစားနေတဲ့ အချိန်မှာ postလေးတွေ သိပ်မတင်ဖြစ်ပေမယ့်Ivory ရဲ့...
29/08/2023

“ဆိုင်ရှင်-Admin-ဆိုင်ပြင်” ဆိုပြီး Ivory Auto Ward အတွက် ကြိုးစားနေတဲ့ အချိန်မှာ postလေးတွေ သိပ်မတင်ဖြစ်ပေမယ့်
Ivory ရဲ့ ပညာရည်ထက်မြတ်တဲ့ ဝန်ထမ်းတွေကတော့ ဝန်ဆောင်မှုပေးနေလျှက်ပါ

"အပူရှိန်ကာကွယ်ပြီး UV တားဖို့ Nano Ceramic Window Flim ကိုသုံးကြစို့ "

UV တားနှုန်း 99.7% အထိပါရှိပြီး အပူကာနှုန်း 93.3% အထိပါရှိတဲ့ Nano Ceramic Window Film

သင့်ကားမှာ ဒီလို Quality ကောင်းတဲ့ Nano Ceramic Window Film ကပ်ထားခြင်းအားဖြင့်

▪️ ပြင်ပအပူရှိန်နဲ့ UV Ray တွေကို ကားထဲမဝင်နိုင်အောင် ကာကွယ်တားဆီးပေးနိုင်ပါတယ်
▪️ ကားထဲမှာ အလွန်သိသာစွာ အပူသက်သာစေပါတယ်
▪️ ကားထဲမှာ ‌အပူလျော့သွားတဲ့အတွက်ကြောင့် A/C လျှော့ဖွင့်ပြီး ဆီချွေတာနိုင်ပါတယ်
▪️ ကားထဲက ဒက်ရှ်ဘုတ် နဲ့ ထိုင်ခုံတွေကိုလည်း နေစားခြင်းကြောင့် အရောင်ကျသွားခြင်းနဲ့ အရောင်မှိန်သွားခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်
▪️ အပြင်ကနေကြည့်ရင် အတွင်းကို မမြင်ရတာမို့ Privacy လည်း ရှိပါတယ်
▪️ ညဘက် တစ်ဘက်လမ်းက ကားမီးစူးတဲ့ဒဏ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်
▪️ ကားအထဲကနေကြည့်ရင်လည်း အမြင် ကြည်လင်ရှင်းလင်းပါတယ်
▪️ အရေးကြီးဆုံးအနေနဲ့ Warranty ကာလအတွင်း အရောင်ကျတာ၊ ကွာတာ၊ မှိန်တာဖြစ်ခဲ့ပါက အသစ်တစ်ချပ် ပြန်လဲကပ်ပေးပါတယ်

သင့်ကားမှာရော ဒီလို Quality ကောင်းပြီး အာမခံပါတဲ့ Nano Ceramic Window Film ကပ်ထားပြီးပြီလား?

‼️ မဲသာမဲစေနိုင်ပြီး အပူဒဏ်ကို မကာကွယ်ပေးနိုင်သည့် မှန်ဖလင်မျိုး *လုံးဝ* မဟုတ်ပါ

▪️ ကျွန်တော်တို့ Ivory မှာပဲ Nano Ceramic Window Film ကပ်သွားတဲ့ Honda Fit ကို ဒီမှာဆက်ကြည့်နိုင်ပါတယ် 👇

https://m.facebook.com/story.php?story_fbid=632454648465336&id=103908054653334

---------------------------

#မှန်စတစ်ကာ

‼️ Polish, PPF, Coating, Window Film, Headlight Retrofit, Black Box, Audio, 360 Camera & Accessories

☎️Ivory Auto Ward တွင် ရရှိနိုင်သော Service များကို အသေးစိတ် သိရှိလိုပါက 09762844239 သို့ဆက်သွယ်မေးမြန်းနိုင်ပါပြီခင်ဗျ ။

58th , between 30x31 st, Mandalay

📱Ivory Auto Ward တွင် Service ပိုင်းအဆင်မပြေမှူများရှိပါက 095101429 သို့ တိုက်ရိုက်ဆက်သွယ် ပြောကြားနိုင်ပါသည်ခင်ဗျ။

26/08/2023

PPF ကတော့ တန်ဖိုးကြီးတဲ့ ကားကောင်းတွေမှာ တစ်ကယ်ကပ်ထားသင့်ပါတယ်

CHANGAN ကားတွေကိုမြင်လိုက်ရင်ပဲ Ivory Auto ward ကိုမြင်လိုက်ရသလိုပါပဲCHANGAN ကားတစ်စီးထဲ ဝင်ထိုင်လိုက်လို့အေးမြခြင်း / က...
24/08/2023

CHANGAN ကားတွေကိုမြင်လိုက်ရင်ပဲ Ivory Auto ward ကိုမြင်လိုက်ရသလိုပါပဲ
CHANGAN ကားတစ်စီးထဲ ဝင်ထိုင်လိုက်လို့
အေးမြခြင်း / ကြည်လင်ခြင်း / လုံခြုံမှုရှိခြင်း ဆိုတဲ့ မှန်ပြတင်းများက ဆီးကြိုနေပါပြီဆိုရင်
IVORY Auto ward ရဲ့ကြိုးစားဝန်ဆောင်ပေးရခြင်းတွေအတွက် ဂုဏ်ယူမိပါတယ်ခင်ဗျာ

Lamina Window Film (Executive Series) ဟာ UV ဒဏ်နဲ့ အပူဒဏ်ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်တဲ့အပြင် ကားအတွင်းကနေကြည့်ရင်လည်း သူမတူတဲ့ မြင်ကွင်း ကြည်လင်ပြတ်သားအေးမြမှုမျိုးကို ပေးစွမ်းနိုင်ပါတယ်ခင်ဗျာ

တိကျခိုင်မာတဲ့ Official အာမခံသက်တမ်းကလည်း 7 နှစ်ပါ ခင်ဗျာ

▪️ ရှေ့မှန်ကြီးကို မည်းနက်နေအောင် မှန်စတစ်ကာ ကပ်ချင်ပေမဲ့ ညဘက် အမြင်မကြည်လင်မှာ စိုးရိမ်နေပါသလား? Lamina ကပ်ပါ
▪️ အပြင်ကနေကြည့်ရင် မည်းနက်နေတာကြိုက်ပြီး အတွင်းကနေကြည့်ရင် ကြည်လင်ပြတ်သားလိုပါသလား? Lamina ကပ်ပါ
▪️ အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်တွေကို တင်းပြည့်ကျပ်ပြည့် ကာကွယ်လိုပါသလား? Lamina ကပ်ပါ
▪️ ကားကောင်းစီးပြီး မှန်စတစ်ကာကောင်း‌ကောင်း ကပ်လိုပါသလား? Lamina ကပ်ပါ
▪️ ကပ်ပြီးရင် မကောင်းမှာ၊ အပူတကယ်မကာပေးမှာ စိုးရိမ်နေပါသလား? Lamina ကပ်ပါ
▪️ ရွေးချယ်စရာ မှန်စတစ်ကာတံဆိပ်တွေများလွန်းလို့ ဘာကပ်ရမှန်း ဝေခွဲမရ ဖြစ်နေပါသလား? Lamina ကပ်ပါ

**သင့်ရဲ့ကားကောင်းမှာ မှန်စတစ်ကာကောင်းဖြစ်တဲ့ Lamina ကိုသာ ကပ်ပါခင်ဗျာ**

---------------------------

**အခြား Window Film များနှင့် မတူသည့် Lamina Window Film ၏ အားသာချက်များ**

▪️ အာမခံသက်တမ်း 7 နှစ် အတွင်း ကွာခြင်း၊ လန်ခြင်း၊ လေဖုထခြင်း၊ အရောင်ကျခြင်း၊ အပူကာနှုန်းလျော့ခြင်း စသည်ဖြင့် တစ်ခုခုကြုံတွေ့ရပါက အသစ်တစ်ချပ် ပြန်လဲကပ်ပေးမည့် တိကျခိုင်မာသော အာမခံမှု
▪️ The World No.1 CP Film Inc. မှ ထုတ်လုပ်ထားပြီး အရည်အသွေးစစ်မှန်သည့် ရောင်းအားအကောင်းဆုံး ‌Automotive Window Film
▪️ မြင်ကွင်း ရှင်းလင်းကြည်လင်ပြတ်သားပြီး အပူဒဏ်နှင့် UV ဒဏ်ကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မှု
▪️ ပြဒါးနှင့် သံချေးကင်းစင်ပြီး AIMCAL နှင့် ASTM တို့၏ စံစမ်းသပ်မှုများမှ အသိအမှတ်ပြုခံထားရမှု

**ကပ်ပြီးရင်းထပ်ကပ်ချင် Lamina Window Film**

▪️ Lamina Window Film (Executive Series) အကြောင်းကို International Website မှာ အသေးစိတ် လေ့လာမယ် 👇
https://www.laminafilms.com/carfilms_Executive_Series-1-5

▪️ ကျွန်တော်တို့ Ivory မှာပဲ Lamina Window Film (Executive Series) ကပ်သွားတဲ့ Lexus ES300 ကို ဒီမှာ ဆက်ကြည့်နိုင်ပါတယ် 👇
https://www.facebook.com/103908054653334/posts/579692923741509/




---------------------------

#မှန်စတစ်ကာ

‼️ Polish, PPF, Coating, Window Film, Headlight Retrofit, Black Box, Audio, 360 Camera & Accessories

58th , between 30x31 st, Mandalay
🤙

Progressing 💛💛💛💛💛Ready to taste the best service?💛💛💛💛💛💛💛💛💛💛
15/08/2023

Progressing 💛💛💛💛💛
Ready to taste the best service?
💛💛💛💛💛💛💛💛💛💛

ဝါဆိုလပြည့်ဓမ္မာစကြာအခါတော်နေ့မှာ ကောင်းမှုကုသိုလ်များစွာ ပြုလုပ်နိုင်ကြပြီး စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်အ...
01/08/2023

ဝါဆိုလပြည့်
ဓမ္မာစကြာအခါတော်နေ့မှာ ကောင်းမှုကုသိုလ်များစွာ ပြုလုပ်နိုင်ကြပြီး
စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်အတူ ရန်သူမျိုး ငါးပါး နှင့် ကပ်ကြီးသုံးပါးမှ လွှတ်မြောက်နိူင်ကြပါစေကြောင်း
IVORY မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ခင်ဗျာ…….

#မှန်စတစ်ကာ

‼️ Polish, PPF, Coating, Window Film, Headlight Retrofit, Black Box, Audio, 360 Camera & Accessories

🤙

22/07/2023

PPF ဆိုတာကလည်း
ပေါလစ်တိုက်ထားလို့ ဖိတ်ဖိတ်လက်နေတဲ့ ဆေးသားတွေကို ကာကွယ်ပေးတာပါပဲ။ သူကတော့ TPH သား (သို့မဟုတ်) TPU သားနဲ့ (မျက်စိထဲမြင်အောင် ပြောရရင်တော့ အလွန်ပျော့ပျောင်းတဲ့ ပလတ်စတစ်အကြည်သားတွေနဲ့) ကားဘော်ဒီပေါ်မှာ ထပ်အုပ်ပြီး ကပ်လိုက်တာမို့ Material Bonding လို့ ပြောလို့ရပါတယ်။

အဲ့လို Material Bonding ဖြစ်တဲ့အတွက်ကြောင့်လည်း Shining မကျဖို့နဲ့ ငှက်ချေးဒဏ်တွေ၊ စင်းရာခြစ်ရာတွေ၊ နေရောင်ခြည်ကလာတဲ့ UV ဒဏ်တွေနဲ့ တခြားရာသီဥတုဒဏ်တွေကို Sealant (Soft Bonding) နဲ့ Coating (Hard Bonding) ထက် အများကြီး ပိုကာကွယ်ပေးနိုင်ပါတယ်။ ကွာလတီကောင်းတဲ့ PPF တွေဆိုရင် တော်ရုံအပွန်းအစင်းလောက်ကို အပူနည်းနည်းပြလိုက်တာနဲ့ သူ့ဟာသူ Self Healing လုပ်ပေးပြီး ဖျောက်ပေးနိုင်တဲ့ ဂုဏ်သတ္တိမျိုးပါ ပါလေ့ရှိပါတယ်။ နည်းလမ်း ၃ ခုထဲမှာ ကာကွယ်‌ပေးနိုင်မှု အမြင့်မားဆုံးဖြစ်သလို ဈေးကလည်း အကြီးဆုံးပါပဲ။

PPF မှာလည်း သုံးတဲ့ Material Quality နဲ့ Warranty ကာလအလိုက် ဈေးကွာသွားပါတယ်။ Warranty ကာလများလေ ဈေးကြီးလေပေါ့။ PPF ကပ်တော့မယ်ဆိုရင် တစ်ခုသတိထားစေချင်တာက လက်ရာသေသပ်ပြီး အာမခံ ကောင်းကောင်းပေးနိုင်တဲ့ဆိုင်ကို ရွေးဖို့ပါ။ ကွာလတီမကောင်း၊ လက်ရာမကောင်းရင် ပြန်ကွာတာတို့၊ အနားစွန်းတွေလန်တာတို့၊ PPF အသား ဝါသွားတာတို့ ဖြစ်တတ်တဲ့အတွက်ကြောင့်ပါ။ ဒါကတော့ Polish + PPF နဲ့ ကားဆေးသားကို ထိန်းသိမ်းကာကွယ်လို့ရတဲ့နည်းပါ။

PPF ကပ်ထားခြင်းအားဖြင့်

1️⃣ ကျောက်ခဲတွေစင်လို့ ဆေးပေါက်မှာ / ဆေးပဲ့မှာ ပူစရာ မလိုတော့ပါဘူး

2️⃣ ဆိုင်ကယ် / အုတ်ခုံတွေနဲ့ ပွတ်မိလို့ ဆေးပွန်းပြီး ဆေးပြန်လုပ်ရမှာလည်း ပူစရာ မလိုတော့ပါဘူး

3️⃣ ညစ်ပေတာတွေအတွက် သန့်ရှင်းရေး လုပ်ရတာလည်း လွယ်ကူသွားပါမယ်

4️⃣ ကားရဲ့အရောင်ကိုလည်း ပိုပြီးလင်းလက်တောက်ပြောင်စေပါတယ်

5️⃣ အချိန်ကြာလာလို့ ကားအရောင်ကျပြီး Polish ခဏခဏတိုက်ရမှာလည်း ပူစရာ မလိုတော့ပါဘူး

6️⃣ သက်တမ်းပြည့်လို့ ပြန်ခွာလိုက်ရင်လည်း ဆေးသားက အသစ်အတိုင်း ကျန်နေဦးမှာပါ...

‼️ ကြာချိန် - 4-5 ရက်

‼️ ပါဝင်သည့်အဆင့်များ - Detailed Wash, 3 Steps Polishing, Stripping Residue, PPF Wrapping, Extra Protection, Final Inspection, Engine Bay & Interior Dressing

🔸 Ivory မှာ PPF အနားစွန်းတွေကို အသပ်ယပ်ဆုံးဖြစ်အောင် ဘယ်လိုကပ်ပေးနေလဲဆိုတာကို ဒီမှာ ကြည့်နိုင်ပါတယ် 👇
https://www.facebook.com/103908054653334/posts/203935001317305/

🔸 ကိုယ့်ရဲ့ တန်ဖိုးကြီးကားတွေကို ဘာကြောင့်ကာကွယ်ထားသင့်သလဲ ၊ ဘယ်လိုနည်းနဲ့ ကာကွယ်ရမလဲ ၊ ဘယ်လိုရွေးချယ်ရမလဲဆိုတာကို ဒီမှာ အသေးစိတ်လေ့လာနိုင်ပါတယ် 👇
https://m.facebook.com/story.php?story_fbid=150920703285402&id=103908054653334

🔸 PPF ကပ်ထားတဲ့အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရလဲ ၊ ဘယ်လိုတွေ ကာကွယ်ပေးလဲဆိုတာကို မျက်ဝါးထင်ထင်ကြည့်ကြည့်ပါခဗျာ 👇
https://www.facebook.com/103908054653334/posts/323674006010070/

🔸 Ivory မှာ PPF ကပ်သွားတဲ့ Lexus NX300 ကို ဆက်ကြည့်ကြည့်ပါဦး 👇
https://www.facebook.com/103908054653334/posts/382374996806637/

#မှန်စတစ်ကာ

‼️ Polish, PPF, Coating, Window Film, Headlight Retrofit, Black Box, Audio, 360 Camera & Accessories

🏡 64th St, Between 42nd & 43rd St, MDY

⏱️ 09:00 AM to 05:30 PM

🤙 095201429

18/07/2023

»»» ဆီဆိုင်တွေမှာ ရေးထားတဲ့ RON ဆိုတာဘာလဲ၊ RON 92 နဲ့ RON 95 နဲ့က ဘာကွာတာမို့လို့ သင့်ကားထဲကို RON 95 ပဲ ရွေးထည့်နေတာလဲ၊ RON 92 ထည့်ရင်ကော မရဘူးလား «««

ကောင်းသောနေ့လေးပါ... သည်ပို့စ်မှာတော့ ကားမောင်းသူတိုင်း တွေ့နေကျဖြစ်တဲ့ RON ဆိုတဲ့ စာလုံးအကြောင်း ရှင်းပြချင်ပါတယ်။ ပြီးတော့ RON 92 နဲ့ RON 95 ဘာကွာလဲလို့ မေးလိုက်တိုင်း တော်တော်များများက RON 95 က ဆွဲအားပိုကောင်းတယ်၊ ဆီစားပိုသက်သာတယ်ဆိုပြီး ပြန်ဖြေတတ်ကြပါတယ်။ အဲ့တော့ သည်ပို့စ်လေး ဆုံးအောင်ဖတ်ပြီးရင် ကိုယ်သိထားတာ ဟုတ်မဟုတ်ဆိုတာကို ပြန်ချိန်ထိုးကြည့်စေချင်ပါတယ်။

စလိုက်ကြရအောင်...

RON ဆိုတာ Research Octane Number ရဲ့အတိုကောက်ဖြစ်ပြီး သူ့နောက်က နံပါတ်တွေကတော့ "ဓာတ်ဆီတစ်မျိုးမျိုးဟာ Engine Knocking မဖြစ်ဖို့အတွက် ခံနိုင်အား ဘယ်လောက်ရှိလဲ" ဆိုတာကို ဖော်ပြပေးပါတယ်။ RON နံပါတ်မြင့်လေ Engine Knocking မဖြစ်လေပဲ ဖြစ်ပါတယ်။

ဒါဆိုရင် Engine Knocking ဆိုတာဘာလဲ၊ Engine Knocking ဖြစ်ရင် ဘာဆိုးကျိုးတွေ ဖြစ်နိုင်လဲ။ ဆက်ကြည့်ရအောင်ပါ...

ပုံမှန်အားဖြင့် ကားတွေရဲ့ ဓာတ်ဆီအင်ဂျင်တွေ အားလုံးနီးပါးဟာ Spark Ignition Engine တွေပါ။ အကြမ်းဖျင်းအလုပ်လုပ်ပုံကတော့ စလင်ဒါထဲဝင်လာတဲ့ ဓာတ်ဆီနဲ့လေအရောအနှောကို Pressure ရဖို့အတွက် ပစ်စတင်က Spark Plug (အများအခေါ် - ပလပ်) ဆီသို့ တွန်းပို့ပေးပါတယ်။ ပြီးရင် Spark Plug ကနေတစ်ဆင့် မီးပွားလေးထုတ်ပေးပြီး ခုနက Pressure တွေပြည့်ဝနေတဲ့ ဓာတ်ဆီနဲ့လေအရောအနှောကို ဖောက်ခွဲပစ်ပါတယ်။ အဲ့ဒီပေါက်ကွဲအားနဲ့ ပစ်စတင်က အောက်ပြန်ဆင်းသွားပြီး အင်ဂျင်ကို လည်ပတ်စေပါတယ်။

တစ်ခုသိထားရမှာက ဓာတ်ဆီနဲ့လေအရောအနှောဟာ Spark Plug က ထုတ်ပေးလိုက်တဲ့ မီးပွားလေးကြောင့်ပဲ ပေါက်ကွဲရမှာ ဖြစ်ပါတယ်။ တကယ်လို့ အဲ့ဒီ ဓာတ်ဆီနဲ့လေအရောအနှောဟာ ပစ်စတင်ရဲ့ဖိအားကြောင့်ဖြစ်ပေါ်လာတဲ့ Pressure ဒဏ်ကို မခံနိုင်တော့ဘဲ Spark Plug ဆီကို မရောက်ခင်မှာ ပေါက်ကွဲသွားမယ်ဆိုရင်တော့ Smooth Combustion မဖြစ်တော့တဲ့အတွက် Engine ဟာ တုန်ခါပြီး အသံတွေမြည်လာပါလိမ့်မယ်။ အဲ့ဒါကို Engine Knocking ဖြစ်တယ်လို့ ခေါ်ပါတယ်။ Engine Knocking ဖြစ်ရင် Engine ဟာ တုန်ခါနေမှာဖြစ်ပြီး သေချာပေါက် Engine Performance ကျမှာဖြစ်ပါတယ်။ ကြာလာရင်တော့ Piston တွေ၊ Piston Ring တွေ၊ Valve တွေ၊ Gasket တွေကိုပါ ထိခိုက်ပျက်စီးစေမှာပါ။ စာဖတ်ပြီးရင် ပိုရှင်းသွားအောင်လို့ ဗီဒီယိုကို ကြည့်ကြည့်ပါဦး။

အဲ့သလို Engine Knocking မဖြစ်အောင် ကာကွယ်ဖို့အတွက် ဓာတ်ဆီထည့်တဲ့အခါမှာ ပစ်စတင်ရဲ့ဖိအားကို Spark Plug ဆီရောက်တဲ့အထိ ခံနိုင်တဲ့ ဓာတ်ဆီမျိုးကိုသာ ထည့်ရမှာဖြစ်ပါတယ်။ ဘယ်လိုဓာတ်ဆီမျိုးက ပိုခံနိုင်တာလဲဆိုတာကိုတော့ RON နံပါတ်တွေက အဆုံးအဖြတ်ပေးပါတယ်။ RON နံပါတ်မြင့်လေ ပစ်စတင်ရဲ့ဖိအားကို ပိုခံနိုင်လေပဲ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် RON နံပါတ်မြင့်လေ Engine Knocking မဖြစ်လေပေါ့။

သည်လောက်ဆိုရင် RON နဲ့ သူနောက်က နံပါတ်တွေအကြောင်းကို နားလည်ကြပြီ ထင်ပါတယ်။ နောက်တစ်ခု ဆက်သွားရအောင်ပါ...

မြန်မာနိုင်ငံမှာ အသုံးများတဲ့ ဓာတ်ဆီ ၂ မျိုးဖြစ်တဲ့ RON 92 နဲ့ RON 95 က ဘာကွာတာလဲဆိုတဲ့ မေးခွန်းပါ။ အဖြေကတော့ RON 95 က ပစ်စတင်ရဲ့ဖိအားကို RON 92 ထက် ပိုခံနိုင်ပြီး Engine Knocking မဖြစ်အောင် ပိုကာကွယ်ပေးနိုင်တယ်ဆိုတာပါပဲ။ RON 95 က ဆွဲအားပိုကောင်းတယ်၊ ဆီစားပိုသက်သာတယ်ဆိုတာတွေကတော့ လွဲမှားတဲ့ အယူအဆတွေပဲ ဖြစ်ပါတယ်။

သင့်ကားမှာ ဘယ်ဓာတ်ဆီကို ထည့်ရမလဲဆိုရင်တော့ သင့်ကားရဲ့ထုတ်လုပ်သူက ဘယ်ဓာတ်ဆီကို အနိမ့်ဆုံးထားပြီး ထည့်ခိုင်းသလဲဆိုတာကို အရင်ဆုံး သိဖို့လိုပါတယ်။ အဲ့ဒါကို ဆီတိုင်ကီအဖုံးရဲ့ အတွင်းဘက်မှာ ကြည့်နိုင်ပါတယ်။ အဲ့မှာ မရေးထားဘူးဆိုရင်တော့ Owner's Manual ထဲမှာ ရှာရပါမယ်။ အဲ့မှာဖော်ပြထားတဲ့အတိုင်း ထည့်ချင်ရင်ထည့်နိုင်သလို အဲ့ထက်မြင့်တာကိုလည်း ထည့်နိုင်ပါတယ်။ အဲ့ထက်နိမ့်တာကိုတော့ လုံးဝ(လုံးဝ) မထည့်ပါနဲ့။ တစ်ခုရှိတာက သည်ကဓာတ်ဆီတွေက ဆီမသန့်တာမျိုး ဖြစ်နိုင်တာမို့ ကားကိုလည်းချစ်တယ်၊ ဝန်လည်းမကြီးဘူးဆိုရင်တော့ RON 95 ပဲထည့်ဖို့ အကြံပေးချင်ပါတယ်။

ကဲ ဒါဆို သင်ကော ဘယ်ဓာတ်ဆီကို သုံးနေတာလဲ၊ RON95 က အဆွဲအရုန်းပိုကောင်းတယ်လို့ ထင်သလား၊ မသန့်တဲ့ဆီတွေ ထည့်မိပြီးတော့ကော ဘာပြဿနာတွေ ကြုံဖူးလဲ၊ တခြားကားမောင်းသူတွေ သတိထားလို့ရအောင် comment ထဲမှာ ဝင်ဆွေးနွေးပေးပါဦး။

ကားပိုင်ရှင်အားလုံး ပူပင်သောကမရှိ ကားမောင်းနိုင်ကြပါစေ...

Address

58th Street, Between 30nd & 31rd St
Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+9595101429

Website

Alerts

Be the first to know and let us send you an email when Ivory - Auto Ward posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category