Han Zaw & Brothers

Call Directions

Han Zaw & Brothers Car & Bicycle selling service and Luckydraw service

15/01/2022

မတွေ့တာကြာပြီနော် မိတ်ဆွေတို့.......
အားလုံး ၂၀၂၂ခုနစ်မှာ စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပြီး ဝင်ငွေများလဲ ဒီရေအလားတိုးကြပါစေ

မိတ်ဆွေများအားလုံး အခုလိုCovid 19ရောဂါကပ်ဆိုးကာလကြီးမှာ စိတ်နှလုံးမချမ်းမြေ့ဖွယ်သတင်းစိုးများသာ တွေ့မြင်နေရပါတယ်ခင်မျာ.....
06/08/2021

မိတ်ဆွေများအားလုံး အခုလိုCovid 19ရောဂါကပ်ဆိုးကာလကြီးမှာ စိတ်နှလုံးမချမ်းမြေ့ဖွယ်သတင်းစိုးများသာ တွေ့မြင်နေရပါတယ်ခင်မျာ.....အားလုံးပဲ ရောဂါကပ်ဆိုးထဲပါမသွားရအောင် သတိပြုဆင်ခြင်းရင်း မေတ္တာတရားတွေနဲ့ အတူရှင်သန်သွားကြပါစို့ဗျာ

29/01/2021

#ပိုက်ဆံကိုတိုးပြီးမရှာနိုင်လျှင်ဖြုန်းတာတွေကိုလျှော့ပါ

#အားနေရင်ဈေးဝယ်ထွက်ချင်နေတဲ့စိတ်ကိုအရင်ပြုပြင်ပါ

ခြင်းတောင်းအပြည့်ဈေးဝယ်လာပြီး
လိုအပ်တာတွေရလာလို့စိတ်ပျော်ရွှင်ရပေမယ့်
တခါတလေ ငွေတွေအရမ်းကုန်သွားလို့
ဝယ်ပြီးမှ စိတ်ဆင်းရဲနေရတဲ့အခါတွေလည်း
လူအားလုံးမှာရှိတတ်ကြပါတယ်
ခြင်းထဲကပစ္စည်းတွေကိုပြန်ကြည့်ပါ
တခါတလေ မဝယ်လည်းရတဲ့ပစ္စည်းတွေ
ပါလာတတ်ပါတယ်
တချို့ပစ္စည်းတွေက အိမ်မှာအရင်ထဲကရှိပြီးသားပစ္စည်းတွေလည်း
ဖြစ်နေတတ်ပါတယ်
လိုရမယ်ရဝယ်ထားလိုက်ပြီး
ဝယ်ပြီး၆လတစ်နှစ်အထိ
မသုံးရတဲ့ပစ္စည်းတွေလည်းဖြစ်နေတတ်ပါတယ်
ဒါ့ကြောင့် market placeတွေ
ပေါများလွန်းတဲ့ခေတ်မှာ
လိုအပ်တဲ့အရာကိုပဲ ဝယ်ပါ
ခြင်းတောင်းတလုံးနဲ့ပတ်ကြည့်နေပြီး
ဝယ်ချင်တာကို ကောက်ထည့်ပြီး
မိမိစိတ်နောက်
ငွေလိုက်သွားတာမျိုးတွေကိုရှောင်ရှားပါ
သင်ခြင်းတောင်းအပြည့်နဲ့ဝယ်လာတာကို
သင့်ကိုယ်သင်ဂုဏ်ယူနိုင်ပေမယ့်
နောင်တချိန်မှာ ငွေမစုမိခဲ့လို့
ဆင်းရဲဒုက္ခရောက်နေချိန်မှာ
သင့်ဘေးမှာဘယ်သူမှရှိမနေနိုင်ပါဘူး

#ချက်ပြီးသားတွေရှိလျက်နဲ့အပြင်ထွက်စားခြင်းကိုတတ်နိုင်သမျှလျှော့ပါ

တခါတလေ အိမ်မှာဟင်းတွေအများအပြားချက်ထားပေမယ့်
မစားချင်တော့လို့အပြင်ထွက်စားကြတာမျိုး
ရှိတတ်ကြပါတယ်
အပြင်အစားအစာတွေဟာစားကောင်းတယ်
အနံ့အရသာအိမ်မှာနဲ့မတူဘူး
ဇိမ်ရှိရှိစားနိုင်တယ်
စားရတာပျော်စရာကောင်းတယ်
ဟုတ်ကဲ့
ဒါပေမယ့် အမြဲလိုလိုဖြစ်နေရင်တော့
ဒါဟာ ပိုက်ဆံဖြုန်းတီးတာသက်သက်ဖြစ်သွားပါတယ်
အပြင်မှာစားမယ်အစီအစဉ်ရှိရင်
အိမ်မှာမချက်ပါနဲ့
နေ့စဉ်နဲ့အမျှ လွှင့်ပစ်ရတဲ့ဟင်းတွေ
ရေခဲသေတ္တာထဲကနေ date ကုန်လို့
အမှိုက်ပုံးထဲရောက်သွားတဲ့ အစားအစာတွေဟာ
ပိုက်ဆံနဲ့ဝယ်ယူထားရတာတွေပါ
ဒါ့ကြောင့်' ဥစ္စာပြို စားဖိုက'တဲ့
ရှေးစကားပုံတောင်ရှိပါတယ်

#အားမနာပါနဲ့

လူတချို့ကိုအားမနာပါနဲ့
မိမိကုန်သွားမယ့်ပိုက်ဆံတွေဟာ
တကယ့်မိတ်ဆွေတွေအတွက်
ကုန်သင့်လို့ကုန်တာလား
မကုန်သင့်တဲ့လူတွေကို
အားနာပါးနာနဲ့ကုန်ရမှာလား အမြဲတွေးပါ
သင်ဟာ ဘီလီယံနာ တစ်ဦးမဟုတ်တဲ့အတွက်
တွေ့သမျှလူတွေ ကြုံသမျှကိစ္စ
မြင်သမျှအရာရာအတွက် သင်ကပဲအကုန်ခံနေစရာမလိုအပ်ပါဘူး
မိတ်ဆွေကောင်းတွေအတွက်
သာရေးနာရေးဟာ မသွားမဖြစ်ကူညီရပါမယ်
ဒါပေမယ့်
အားနေလို့ အလကားထထလုပ်နေတဲ့
မွေးနေ့ပွဲတွေ
တခါမှမကြားဖူးတဲ့လူတွေရဲ့ မင်္ဂလာဆောင်တွေ
ဘာမှန်းမသိတဲ့အလှူခံတွေ အတွက်
သင်ကူညီနေရမယ်ဆိုတော့
သင်ငွေစုမိမှာမဟုတ်ပါဘူး
နောက်.....ကတိမတည်တဲ့လူတွေရဲ့
အကြောင်းအမျိုးမျိုးတွေကြောင့်
အလွယ်တကူငွေချေးမိတာမျိုးကိုလည်း
မလုပ်သင့်ပါဘူး
ဒါကြောင့် အရာရာကိုသိပ်အားမနာပါနဲ့

#အရည်မရအဖက်မရအရာတွေအတွက်ငွေသိပ်မဖြုန်းပါနဲ့

နေ့စဉ် ၂ထောင် ၃ထောင်ဖိုးကွမ်းစားတာတွေ
နေ့စဉ် ဘီယာဆိုင်ထိုင်တာတွေ
အပျင်းပြေသုံးဖို့ ဖုန်းဘေလ် ငါးထောင်ကျော်
နေ့တိုင်းကုန်နေတာတွေ
နေ့တိုင်း spa သွားနေတာတွေ စတဲ့
အသေးသုံးငွေတွေဟာ
သင်သာ ဘရိတ်မအုပ်တက်ရင်
အရှိန်ပါပြီး အကျင့်ဖြစ်သွားတတ်ပါတယ်
နေ့စဉ် ငွေအနည်းငယ်တွေဟာသိပ်မသိသာပေမယ့်
လနဲ့တွက်လိုက်ရင် သင်ဖြုန်းတီးခဲ့တဲ့ငွေဟာ
သိန်းဂဏန်းဖြစ်နေတာကိုတွေ့ရမှာပါ
ဒါ့ကြောင့် အသေးစားသုံးတာတွေကို
လျှော့ချကြည့်ပါ
ငွေဖြုန်းတာ အကျင့်ပါတတ်ပါတယ်
ငွေမသုံးရ မဖြုန်းရရင်
မနေနိုင်တဲ့လူတွေအများကြီးရှိပါတယ်
သင်သတိထားကြည့်ပါ
အထည်ကြီးပျက်တော်တော်များများဟာ
သူတို့အထည်ကြီးကို သူတို့ကိုယ်တိုင်
ဖျက်ဆီးခဲ့တာများပါတယ်
သူတို့ကို သင်နမူနာယူပါ

#တိုးပြီးမရှာနိုင်လျှင်ဖြုန်းတာတွေကိုလျှော့ပါ

ဟုတ်ကဲ့
အလုပ်အရ ဝင်ငွေပုံသေဖြစ်နေတဲ့သူတွေဟာ
လကုန်ရင်ဒီလစာသာရမှာဖြစ်လို့
ဝင်ငွေတိုးမလာနိုင်တဲ့အခါ
ဖြုန်းတာတွေကိုတော့ တက်နိုင်သမျှလျှော့ချကြည့်ပါ
လူတော်တော်များများဟာ
မလိုလားတာတွေအတွက် ဖြုန်းတီးခဲ့ကြရင်း
အသက်တွေကြီးလာတဲ့အခါ
စီးပွားရေးလည်းမလုပ်တက်
ရင်းနှီးမြှုပ်နှံမှုလည်းမရှိနဲ့
ဆင်းဆင်းရဲရဲ အသက်ကြီးသွားကြတာကို
မြင်ဖူးကြမှာပါ
အဲဒီလိုမဖြစ်အောင် ခုသတိပြုမိတဲ့အချိန်ကစပြီး
ငွေမဖြုန်းပါနဲ့တော့

တစ်သောင်းဆယ်ခါဟာ တစ်သိန်းဖြစ်ပြီး
တစ်သိန်းဆယ်ခါဟာ ဆယ်သိန်းဖြစ်ပါတယ်
ဒါကြောင့် ငွေ တစ်သောင်းလောက်နဲ့
ဘာမှမဖြစ်ဘူးလို့မတွေးပါနဲ့
ငွေတစ်သိန်းဆိုတာ အေးဆေးပါလို့မတွေးပါနဲ့
အဲဒီ ငွေတစ်သောင်း ငွေတစ်သိန်းရဖို့
သင့်ထက်အများကြီးပင်ပန်းခံပြီး
ရှာဖွေနေရသူတွေအများကြီးရှိနေတယ်ဆိုတာ
သတိပြုပါ
ဆင်းရဲလွန်းတဲ့အဖိုးအဖွားတွေအတွက်
ငွေ တစ်သောင်း ငွေတစ်သိန်းဟာ
အလွန်တန်ဖိုးရှိတယ်ဆိုတာ သင်မမေ့ပါနဲ့

မိတ်ဆွေ
ငွေသုံးပါ
ငွေမဖြုန်းပါနဲ့...

Original Uploapr

မြန်မာကျပ်ငွေ💵💵99သိန်းနဲ့ တရုတ်နိုင်ငံDFSKမှ ကိုယ်စားလှယ်ယူတင်သွင်းထား Sokonအမှတ်တံဆိပ် KO1S Brand Newကားသစ်စီးဖို့🚚 လြူ...
28/01/2021

မြန်မာကျပ်ငွေ💵💵99သိန်းနဲ့ တရုတ်နိုင်ငံDFSKမှ ကိုယ်စားလှယ်ယူတင်သွင်းထား Sokonအမှတ်တံဆိပ် KO1S Brand Newကားသစ်စီးဖို့🚚 လူကြီးမင်းတို့ကိုဖိတ်ခေါ်ပါရစေခင်မျာ...🙏

🚚🚚🚚🚚🚚
အင်ဂျင်ပါဝါ ၁၀၅၀
ပါဝါစတီယာရင် EPS type
ABS Brake system
Power windowနှစ်ချပ်
Airconပါ
Manual type
နောက်ဘော်ဒီအရှည် ၇ပေခွဲ
ဘော်ဒီအကျယ်၎ပေခွဲနဲ့ ကုန်တင်ခွင့်ပြုတန်ချိန် 1000kg
ငွေအလုံးအရင်းမသွင်းချင်တဲ့သူတွေအတွက်လဲ ဘဏ်အရစ်ကျ Officeအရစ်ကျဆိုပြီး အရစ်ကျနှစ်မျိုးနဲ့လဲ ယူလို့ရသေးတယ်နော်
လူကြီးမင်းတို့ လှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါရစေချင်ဗျာ🙏🙏🙏

☎၀၉၄၄၄၂၀၀၀၈၃မှာ ဆက်သွယ်မေးမြန်နိုင်ပါတယ်ခင်ဗျ

💗💗💗ဘေးဘယာတွေဝေးကွာကြပါစေခင်ဗျာ🙏🙏🙏

28/01/2021

မြန်မာကျပ်ငွေ💵💵99သိန်းနဲ့ တရုတ်နိုင်ငံDFSKမှ ကိုယ်စားလှယ်ယူတင်သွင်းထား Sokonအမှတ်တံဆိပ် KO1S Brand Newကားသစ်စီးဖို့🚚 လူကြီးမင်းတို့ကိုဖိတ်ခေါ်ပါရစေခင်မျာ...🙏

🚚🚚🚚🚚🚚
အင်ဂျင်ပါဝါ ၁၀၅၀
ပါဝါစတီယာရင် EPS type
ABS Brake system
Power windowနှစ်ချပ်
Airconပါ
Manual type
နောက်ဘော်ဒီအရှည် ၇ပေခွဲ
ဘော်ဒီအကျယ်၎ပေခွဲနဲ့ ကုန်တင်ခွင့်ပြုတန်ချိန် 1000kg
ငွေအလုံးအရင်းမသွင်းချင်တဲ့သူတွေအတွက်လဲ ဘဏ်အရစ်ကျ Officeအရစ်ကျဆိုပြီး အရစ်ကျနှစ်မျိုးနဲ့လဲ ယူလို့ရသေးတယ်နော်
လူကြီးမင်းတို့ လှမ်းလာခဲ့ဖို့ဖိတ်ခေါ်ပါရစေချင်ဗျာ🙏🙏🙏

☎၀၉၄၄၄၂၀၀၀၈၃မှာ ဆက်သွယ်မေးမြန်နိုင်ပါတယ်ခင်ဗျ

💗💗💗ဘေးဘယာတွေဝေးကွာကြပါစေခင်ဗျာ🙏🙏🙏

ကဲ အသဲတို့ရေ.......❤❤❤နောက်ဆို 10ပေနဲ့အထက်ယာဉ်တွေကို မြို့ထဲမဝင်ရတော့ဘူးလို့ ဥပဒေထုတ်တော့မှာတဲ့......အဲတော့ မြို့ထဲကိုလူ...
28/01/2021

ကဲ အသဲတို့ရေ.......❤❤❤
နောက်ဆို 10ပေနဲ့အထက်ယာဉ်တွေကို မြို့ထဲမဝင်ရတော့ဘူးလို့ ဥပဒေထုတ်တော့မှာတဲ့......အဲတော့ မြို့ထဲကိုလူကြပ်ကြပ်ကားကြပ်ကြပ်နေရာတွေကို အခေါက်ခေါက်အခါလဲမသွားချင်ဘူး တခေါက်ထဲပစ္စည်းများများလဲသယ်ပေးလို့ရ မြို့ထဲလဲဝင်လို့ရမယ့် SOKONရဲ့ # ကားလေးနဲ့ မိတ်ဆက်ပေမယ်နော်

C31 Modelကို🚚 တရုတ်နိုင်ငံ DFSKကနေ တဦးတည်းကိုယ်စားလှယ်ယူတင်သွားတဲ့ SOKONအမှတ်တံဆိပ်နဲ့ကားလေးပဲ ဖြစ်ပါတယ်...ဆိုတော့
အင်ဂျင်ပါဝါက 1500 လေးလုံးထိုး
ဓာတ်ဆီအသုံးပြုယာဉ်
Power window
AC typeရ
စတီယာရင်က EPS system
နောက်ဘော်ဒီ ၉ပေခွဲ အကျယ် ၅ပေနဲ့
၁၄လက်မအလွိုင်းဂွေနဲ့
တာယာအရွယ်စား175 70Rကိုအသုံးပေးထားပါတယ်
ယာဉ်အလေးချိန် 100Kg
ကုန်တင်ခွင့်ပြုတန် 1500Kg
လင်ငင်းရော အရစ်ကျစနစ်တွေနဲ့လဲ ဝယ်လို့ရတယ်ဆိုတော့...သူ့ထက်ကောင်းတာတွေတောင် သူ့လောက်မကောင်းဘူး....အဲ​တော့......အမြန်ဆုံးလှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ......🙏🙏🙏

👉ကျင်းကျူကုမ္ပဏီလီမိတက်
🏛SOKON Car Showroom
🛣101လမ်း 56×57ကြား မန္တလေးမြို့
☎၀၉၄၄၄၂၀၀၀၈၃ ၀၉၆၆၄၅၉၀၂၇၉

💗💗💗စိတ်၏ချမ်းသားခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေခင်ဗျာ🙏🙏🙏

Address

86street Between 38 And 39
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959444200083

Website

Alerts

Be the first to know and let us send you an email when Han Zaw & Brothers posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share