05/10/2023
မော်တော်ယာဉ်နဲ့ စက်ယန္တာယားကြီးတွေ လည်ပတ်ဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့အရာကို ပြပါဆိုရင် Battery ပဲဖြစ်ပါတယ်။မိတ်ဆွေရဲ့ ကားအတွက် အရေးပါတဲ့ Batteryကို ရေရှည် အသုံးပြုချင်တယ်ဆိုရင်တော့ အောက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေအတိုင်း လုပ်ဆောင်ကြည့်လိုက်ပါ သိသာတဲ့ ရလဒ်တစ်ခု ရရှိလာစေမှာပဲဖြစ်ပါတယ်။
1.Battery ကိုသန့်ရှင်းအောင်ထားပါ
မိတ်ဆွေရဲ့ Clacium Battery ကိုကောင်းကောင်းမွန်မွန်နဲ့ လည်ပတ်နေဖို့ဆိုရင် Battery ကသန့်ရှင်းနေဖို့လိုပါတယ်။ Battery မှာ လျှပ်ကူးပစ္စည်းမဟုတ်တဲ့ အညစ်အကြေးနဲ့ ဖုန့်မှုန့်တွေ စုပုံလာမယ်ဆိုရင် Battery ရဲ့ လျှပ်စစ်စီးကြောင်းကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့အတွက် Battery ကသန့်ရှင်းပြီး အပျက်အစီးကင်းနေဖို့အရေးကြီးတာပါ။
2.Batteryကို အားပိုမသွင်းပါနဲ့
Calcium Battery တွေကိုအားပိုသွင်းခြင်းက Battery ကိုပိုမို ပျက်စီးစေပါတယ်။Battery သက်တမ်းသာ လျော့ကျလာမယ်ဆိုရင် လိုအပ်တဲ့အခါမှာ လုံလောက်တဲ့ ပါဝါကိုထုတ်ပေးနိုင်မှာ မဟုတ်တော့ပါဘူး။
Battery ကိုအားပိုသွင်းတယ်ဆိုတာက Battery ရဲ့အတွင်းပိုင်းခုခံအားကို ပိုမိုတိုးလာစေပါတယ်။ခုခံအား ပိုတိုးလာတာက Battery အပူချိန်ပိုများလာစေပြီး၊ဒီလို မြင့်မားလာတဲ့အပူချိန်ကြောင့် Battery ပေါက်ကွဲတာမျိုး ကြုံရနိုင်ပါတယ်။
3.အားအရမ်းနည်းလာတော့မှ Battery ကိုအားသွင်းတာမျိုးမလုပ်ပါနဲ့
Battery အား20%အောက်ရောက်မှ အားသွင်းတာကလဲ Battery ကျန်းမာရေးကိုထိခိုက်စေနိုင်တဲ့အတွက်ကြောင့် ရှောင်ကြဉ်သင့်ပါတယ်။Battery အသုံးမပြုချိန်တွေမှာ အားကို အပြည့် သွင်းထားသင့်ပြီးတော့၊ အားနည်းလာတော့မှ အားသွင်းတဲ့အခါမျိုးမှာလဲ ထိခိုက်မှုကို ကာကွယ်ဖို့အတွက် Float Charges များကိုအသုံးပြုသင့်ပါတယ်ဗျ။
4.အရည်အသွေးကောင်းတဲ့အားသွင်းကြိုးကိုသာအသူံးပြုပါ
Calcium Battery နဲ့ပတ်သတ်လာပြီဆိုရင် Chargerရဲ့အရေးပါပုံကိုလဲမေ့ထားလို့မရပါဘူး။အရည်အသွေးကောင်းတဲ့အားသွင်း
ကြိုးတွေက Battery ကို မှန်ကန်တဲ့အားသွင်းပမာဏကို ရရှိစေပြီးတော့ Battery ရဲ့ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပါတယ်။ကိုယ့်ရဲ့ Battery အမျိုးအစားကိုသေချာသိပြီးတော့ သင့်တော်တဲ့Chargerအမျိုးအစားကို ရွေးချယ်နိုင်ဖို့ကလဲတစ်ကယ်အရေးကြီးပါတယ်။ဒီလိုမှသာ Battery ရဲ့သက်တမ်းက ကြာရှည်ခံမှာပါ။
5.Batteryတွေကို အေးမြပြီးခြောက်သွေ့တဲ့နေရာမှာသာထားပါ
မိတ်ဆွေရဲ့Calcium Battery ကိုသိမ်းဆည်းတဲ့အခါ အေးမြပြီးခြောက်သွေ့တဲ့နေရာမှာသာသိမ်းဆည်းသင့်ပါတယ်။ပူပြီးတော့ စိုစွတ်တဲ့နေရာတွေက Battery ကိုပျက်စီးစေနိုင်တဲ့အတွက် မိတ်ဆွေရဲ့ Battery ကို နေရောင်တိုက်ရိုက်နဲ့ အပူထုတ်လွှတ်နိုင်တဲ့နေရာတွေမှာ သိမ်းဆည်းမထားတာကအကောင်းဆုံးပါပဲ။
မိတ်ဆွေအနေနဲ့ မိတ်ဆွေရဲ့ကားမှာအသုံးပြုဖို့အတွက် အရည်အသွေးကောင်းတဲ့ Battery လိုချင်တယ်ဆိုရင်တော့ SONOရှိပါတယ်ဗျို့
SONO Batteryတွေကို Korea Standard နဲ့အညီထုတ်လုပ်ထားတာဆိုတော့ ကြာရှည်မခံမှာ၊အရည်အသွေး မကောင်းမှာကို စိတ်ပူစရာမလိုပါဘူးဗျို့။
လက်လီရော၊လက္ကားရော ဈေးနှုန်းချိုသာစွာနဲ့ရောင်းချပေးနေတာမို့ မှာယူလိုပါက
☎️09793163030
Viber-09440007877
တို့ကိုဆက်သွယ်ပြီးမှာယူနိုင်ပါတယ်ဗျ။