Super Auto

Super Auto Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Super Auto, Car dealership, ၃၄လမ်း၊ မန္တလေး/ပြင်ဦးလွင်လမ်းမကြီးထောင့်၊ ချမ်းအေးသာစံမြို့နယ်, Mandalay.

KIA Sportage 💙 Color                   - Heritage Blue 🔵 Price                    - 3*** lkhs +Tax🔵 Model               ...
10/11/2025

KIA Sportage
💙 Color - Heritage Blue
🔵 Price - 3*** lkhs +Tax
🔵 Model - 2026 (Brand New)
🔵 Grade - X-line
🔵 Fuel - Diesel
🔵 Engine Power - 2000CC
🔵 Transmission - 8 speed automatic
🔵 Drive - All Wheel Drive
🔵 Licence - ၀ယ်ယူသူအမည်ပေါက် / နောက်ဆုံးနံပါတ်နဲ့ ရပါမယ်ရှင်။

📳ဆက်သွယ်ရန်
📱09-758069531


❇️ TQ Wuling N300P ❇️Brandnew ( အမည်ပေါက် )Engine Power  -   1.5L  DVVT Gasoline (GM)Transmission  -   5 Speed Manual Fu...
28/10/2025

❇️ TQ Wuling N300P ❇️

Brandnew ( အမည်ပေါက် )

Engine Power - 1.5L DVVT Gasoline (GM)

Transmission - 5 Speed Manual

Fuel Capacity - 45 Liters

Power - 5400 rpm /100hp
( 136 Nm /4800rpm )

ကားအရှည် - ၁၅ ပေ

အကျယ် - 5ပေ

cargo အရှည် - ၉ပေ

ကုန်တင်နိုင်မှု - ၁ တန်

- Yangon နှင့် Mandalay တွင်မျက်မြင်ကြည့်ရှူဝယ်ယူနိုင်ပြီးတော့
ကားလေးကိုစိတ်ဝင်စားလို့ လာရောက်ကြည့်ရှူချင်တယ်ဆိုရင်တော့

ဖုန်းနံပါတ်

- 09 951063394

- 09 790421465

- 09 974477705

- 09 777700361

ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျာ။

Brandnew❇️ Kia Sportage ( 2026 ) ❇️- Heritage Blue Color ( interior All Black )- 2.0 Diesel Turbo Engine - 8 speed Auto ...
21/10/2025

Brandnew

❇️ Kia Sportage ( 2026 ) ❇️

- Heritage Blue Color ( interior All Black )

- 2.0 Diesel Turbo Engine

- 8 speed Auto

- 09951063394

- Price - 3***+ Tax ( အမည်ပေါက် )

Mandalay တွင် ကားကြည့်နိုင်ပါတယ်ခင်ဗျာ။

❇️ Venucia ❇️- Brand New (အမည်ပေါက် )- Color                 -   White- Range               -    520 KM- Motor power    ...
05/08/2025

❇️ Venucia ❇️

- Brand New (အမည်ပေါက် )

- Color - White

- Range - 520 KM

- Motor power - 160 KW ( 215HP )

- Battery - 62 KWh

-Price - 1***

❇️ Volkswagen ID4  Pro ❇️- Brand New ( အမည်ပေါက် )- Color                 -   White - Battery              -   80KW- Ran...
05/08/2025

❇️ Volkswagen ID4 Pro ❇️

- Brand New ( အမည်ပေါက် )

- Color - White

- Battery - 80KW

- Range - 600km

- Color - White

- Price - 2***

Ph - 09951063394 / 09790421465
09758069531

ရန်ကုန်တွင် ကားကြည့်နိုင်ပါတယ်ခင်ဗျာ ။

❇️  Toyota BZ3X  ❇️- Brand new (အမည်ပေါက် )- Color              -  Grey- Model             -  2025- Range             - ...
05/08/2025

❇️ Toyota BZ3X ❇️

- Brand new (အမည်ပေါက် )

- Color - Grey

- Model - 2025

- Range - 381 miles ( 610km )

- Battery - 67.92 KW

- Motor Power - 150 KW / 224 HP

- Grade - 2WD Long Range

- Battery - 67.92 kWh

- Price - 2***

❇️ Kia Sportage ( 2026 ) ❇️- Heritage Blue တစ်စီး ✅ Instock   Black Color  တစ်စီး ✅ Instock- 2.0 Diesel Turbo Engine - 8...
05/08/2025

❇️ Kia Sportage ( 2026 ) ❇️

- Heritage Blue တစ်စီး ✅ Instock
Black Color တစ်စီး ✅ Instock

- 2.0 Diesel Turbo Engine

- 8 speed Auto

- Price - 3***+ Tax ( အမည်ပေါက် )

Yangon နှင့် Mandalay တွင်
ကားကြည့်နိုင်ပါတယ်ခင်ဗျာ။

✦ ABS ဘရိတ်စနစ်ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ ? ✦ ရိုးရိုး ဘရိတ်စနစ်နဲ့ ABS စနစ်ဘာတွေကွာခြားလဲ ? ✦ ABS မီးဘာကြောင့်လင်းရသ...
05/10/2024

✦ ABS ဘရိတ်စနစ်ဆိုတာဘာလဲ၊ ဘယ်လိုအလုပ်လုပ်သလဲ ?
✦ ရိုးရိုး ဘရိတ်စနစ်နဲ့ ABS စနစ်ဘာတွေကွာခြားလဲ ?
✦ ABS မီးဘာကြောင့်လင်းရသလဲ ?
✦ ဘယ်လိုပြုပြင်နိုင်သလဲ ဆိုတာတွေကို ကားတစ်စီးရဲ့အရေးကြီးဆုံးအစိတ်အပိုင်းဖြစ်တဲ့ ဘရိတ်စနစ်တွေအကြောင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီနေ့ဆွေးနွေးတင်ပြပေးပါ့မယ်။

ဒီဆောင်းပါးလေးဖတ်ပြီးရင် ကားလောကရဲ့ ဗဟုသုတအမှားတွေဖြစ်တဲ့ ABS ဘရိတ်စနစ်ကမကောင်းဘူးလို့ပြောကြတယ်၊ အဲဒါဖြုတ်လို့ရမလား ?

ABS ဆိုတာ Auto Braking System ကိုပြောတာလား ?

ABS ဘရိတ်တပ်ထားရင် ဘရိတ်ရှူးတွေပိုစားတယ်။ ကားလမ်းကြပ်ရင် အဲဒီဘရိတ်စနစ်က မကောင်းဘူး။ ABS မီးလင်းလာတာနဲ့ ဘရိတ်လုံး၀မမိတော့ဘူး.... အစရှိသဖြင့် ပြောနေကြတဲ့ နားလည်မှု လွဲနေတဲ့ အမှားတွေကို သိပ္ပံနည်းကျ နားလည်ဖြေရှင်းတတ်သွားမယ်လို့ အာမခံပါတယ်။

▪️ABS ဘရိတ်စနစ်ဆိုတာဘာလဲ ?

ABS ဆိုတဲ့စကားလုံးကိုတော့ အခုခေတ်ကားမောင်းနေတဲ့ သူတိုင်းကြားဖူးနား၀ရှိမှာပါ။

ABS ဆိုတာက အခုကားသမားအများစုထင်နေသလို Auto ဘရိတ်ဖမ်းတဲ့စနစ်မဟုတ်ပါဘူး။

ABS ဆိုတာ Anti-Lock Braking System ဆိုတဲ့စကားလုံးကို အတိုကောက်ယူထားတာပါ။

Anti-Lock Braking System ဆိုတာကို ဘာသာပြန်လိုက်ရင် ဘရိတ်နင်းလိုက်တဲ့အခါ လည်နေတဲ့ဘီးတွေကို ၁၀၀ ရာခိုင်နှုန်းမချုပ်ထားဘဲ လိုသလောက်ပဲထိန်းချုပ်တဲ့ (Anti-Lock) စနစ်လို့ မြန်မာမှုပြုနိုင်ပါတယ်။

ဘီးမလည်အောင် ဘရိတ်ဖမ်းပါတယ်ဆိုမှ ဘီးလည်အောင်လွှတ်ပေးတယ်ဆိုတဲ့ ABS စနစ်ကကောင်းပါ့မလားလို့ ထင်မြင်ယူဆဖွယ်ရာတွေရှိလို့ ဘာကြောင့်ဘီးတွေကို အသေချုပ်မထားဘဲ လိုသလောက်ဖမ်းချုပ် ပြန်လွှတ် ပြန်ဖမ်းပေးရသလဲဆိုတာ ထပ်ရှင်းပြပါ့မယ်။

ဟိုးအရင်ကတည်းက ဘရိတ်စနစ်တွေကို ကျနော်တို့ကိုးတန်းဆယ်တန်း ရူပဗေဒမှာသင်ရတဲ့ ပါစကယ်ရဲ့နိယာမ (Pascal 's Law) P=F/A ဆိုတာကို အခြေခံပြီး အရည်ဖိအားသုံး ( Hydraulic Braking ) နည်းတွေနဲ့တီထွင်အသုံးပြုပါတယ်။

အဲဒီနည်းတွေက ရိုးရိုးဘရိတ်စနစ်တွေဖြစ်ပြီး လည်နေတဲ့ ဘီးတွေအကုန်လုံးကို ၁၀၀ ရာခိုင်နှုန်းအသေဖမ်းချုပ်ကိုင်လိုက်တဲ့ ( Lock ) စနစ်ဖြစ်ပါတယ်။

အဲဒီလိုအရှိန်များများနဲ့ရွေ့လျားနေတဲ့ကားရဲ့ဘီးတွေကို အသေဖမ်းချုပ်လိုက်တယ်ဆိုရင်ပဲ ရွေ့လျားနေသော အရာ၀တ္ထုသည်ဆက်လက်ရွေ့လျားခြင်း (Law of Inertia) ဆိုတဲ့ အင်နာရှားသဘောတရားအရ ဘီးတွေအကုန်ချုပ်ကိုင်နိုင်ပေမယ့် ရွေ့လျားနေတဲ့ ကားရဲ့ဘော်ဒီတခုလုံးက ဆက်လက်အရှိန်နဲ.ရွေ့လျားကာ ကားက သင်ထိန်းချုပ်မှုအောက်ကလွတ်သွားပြီး တရွတ်တိုက်ဆွဲသွားပြီး တိုက်ချင်တဲ့ဆီကို ၀င်တိုက်၊ ချော်ချင်တဲ့လမ်းကြောင်းပေါ်ကို ချော်ထွက်ပြီး မလိုလားအပ်တဲ့ Accident တွေဖြစ်ကုန်ပါတော့တယ်။

ဒီလိုအဖြစ်တွေကို ကာကွယ်ဖို့အတွက် ဘီးတွေကို အသေမထိန်းချုပ်ဘဲ ဘရိတ်ဖမ်းတဲ့အချိန်ကားကို လိုသလိုကွေ့နိုင်ခေါက်နိုင် ထိန်းချုပ်နိုင်တဲ့ ABS စနစ်ဆိုတာကို တီထွင်ခဲ့ကြတာပါ ။

▪️ABS စနစ်ကဘယ်လိုအလုပ်လုပ်သလဲ ?

ABS စနစ်မှာ တွဲဖက်လုပ်ဆောင်နေတာတွေကတော့ Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်)၊ Valve, ABS Accumulator, Hydraulic Control Unit ၊ ECU ( Electronic Control Unit ) တို့ဖြစ်ပါတယ်။

ကားတစီးအရှိန်နဲ့မောင်းနေတဲ့အချိန် ABS စနစ်သုံး ဘရိတ်တခုနဲ့ ဘရိတ်ဖမ်းလိုက်တယ်ဆိုရင် ဘီးမှာတပ်ဆင်ထားတဲ့ အာရုံခံစနစ်တွေကနေ ဘီးဘယ်လောက်အရှိန်နဲ့လည်ပတ်နေသလဲ၊
ဘရိတ်ဖမ်းလိုက်ချိန်ဘယ်လောက်အရှိန်လျော့သွားသလဲဆိုတာကို ECU (Electronic Control Unit) ကိုသွားသတင်းပို့ပါတယ်။

ECU ( Electronic Control Unit ) ကနေတဆင့်ရထားတဲ့ ဒေတာတွေကို Hydraulic Control Unit ကို တဆင့်စေခိုင်းပြီး အဲဒီကနေမှ ဘရိတ်ဖမ်းဖို့ဘယ်လောက် ဖိအားပေးသင့်တယ်ဆိုတာကိုတွက်ချက်ပြီး Solenoid Valve တွေကနေတဆင့် ဘရိတ်ဖမ်းလိုက်တဲ့ ဖိအားကို ရပ်တန့်ပေးတာ၊ လျှော့ချပေးတာ၊ တိုးပေးတာတွေလုပ်ပြီး ဘရိတ်ကို ၁၀၀ရာခိုင်နှုန်း ဖမ်းချုပ်ခြင်းမှကာကွယ်ပေးပါတယ်။
အဲ့ဒီဖြစ်စဉ်တွေဟာ စက္ကန့်အစိတ်အပိုင်းလေးမှာဘဲ တွက်ချက်ပေးပြီး အလုပ်လုပ်သွားတာမျိုးပါ။

▪️ABS စနစ်ရဲ့အားသာချက်တွေ က ဘာတွေလဲ ?

ဘရိတ်ဖမ်းလိုက်တဲ့အချိန်မှာဘဲ စီယာတိုင်ကို လိုသလိုထိန်းချုပ်မောင်နှင်နိုင်တယ်။
ဘီးတွေကို အသေချုပ်ကိုင်တာမျိုးမဟုတ်ဘဲ လိုသလောက်ဘဲ ထိန်းချုပ်တာမို့ ကားက စလစ်ဖြစ်ချော်ထွက်ခြင်းမှကာကွယ်နိုင်တယ်။
အရှိန်ပြင်းပြင်းနဲ့ မောင်းနေချိန်ဘရိတ်ဖမ်းလိုက်လို့ မိသွားရင်လည်း ကားက ပုံမှန်အနေအထားအတိုင်းတည်ငြိမ်တယ်။

ရိုးရိုးဘရိတ်စနစ်တွေထက် ဘရိတ်မိတဲ့အကွာအဝေးတိုတာမို့ ပိုလို့အန္တရာယ်ကင်းဝေးတယ်။
အကွေ့တွေမှာ ဘရိတ်ဖမ်းလိုက်ရင် တဖက်ကိုစောင်းပြီ ချော်ထွက်သွားတာမျိုးကိုကာကွယ်ပေးတယ်။
လမ်းမညီမညာဖြစ်နေတဲ့ နေရာမျိုးမှာ ဖမ်းလိုက်ရင်လည်း ဘီးတခုခြင်းဆီရဲ့လည်ပတ်နှုန်းကိုအာရုံခံတာမို့ လမ်းကနေချော်ထွက်သွားတာမျိုးကာကွယ်ပေးတယ်။
ကြမ်းတမ်းနေတဲ့လမ်းအနေအထား၊ ရေတို့၊ ချောဆီတို့ ရှိနေတဲ့လမ်းအနေအထားမျိုးမှာ ဘရိတ်ဖမ်းလိုက်ရင် ချော်ထွက်ခြင်းမှကင်းဝေးစေတယ်။

▪️ABS မီးဘာကြောင့်လင်းရသလဲ ?

ABS မီးလင်းရတဲ့အကြောင်းအရင်းတွေကတော့ အပေါ်မှာ ဖော်ပြထားတဲ့
Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်)၊ Valve, Hydraulic Control Unit, ECU (Electronic Control Unit) တို့တခုခုချို့ယွင်းပျက်စီးခဲ့မယ်ဆိုရင် ABS မီးလင်းလာပါမယ်။

အဓိကအားဖြင့် အဖြစ်များဆုံးကတော့ Wheel Speed Sensors (ဘီးလည်ပတ်မှု အာရုံခံစနစ်) ကနေအဖြစ်များပါတယ်။

ရေထဲမောင်းပြီး ရေစိုသွားရင်လည်း အာရုံခံစနစ်တွေကြောင်ပြီးABS မီးလင်းလာတတ်ပါတယ်။

သံကြေးတက်သွားတာမျိုး၊ ဘရိတ်ပြုပြင်ရင်း မတော်တဆထိခိုက်မိတာမျိုး၊ Wheel Speed Sensorsတွေပြန်မတပ်မိတာမျိုး တွေကလည်း ABS မီးလင်းလာတတ်ပါတယ်။

တချို့ကားတွေမှာ နောက် ဘရိတ်မီးသီးကျွမ်းနေတာကနေလည်း ABS မီးသွားလင်းနေတတ်ပါတယ်။

Brake Pad တွေကုန်နေရင်လည်း ABS မီးလာလင်းတာမျိုးတွေ တချို့ကားတွေမှာဖြစ်တတ်ပြီး တချို့မော်ဒယ်မြင့်ကားတွေမှာတော့ Brake Pad ကုန်နေတာကို Warning Light သီးသန့် ဖော်ပြပေးပါတယ်။

▪️ABS မီးလင်းလာရင် ဘာလုပ်သင့်လဲ ?

ABS မီးက ပုံမှန်အားဖြင့် ကားသော့ဖွင့်လိုက်ရင် လင်းနေမှာဖြစ်ပြီး စက်နှိုးလိုက်တဲ့အခါမှာ ပြန်မှိတ်သွားရမှာပါ။
မဟုတ်ဘဲ ဆက်လင်းနေတယ်ဆိုရင်တော့ ABS System တခုခုချို့ယွင်းနေပြီး ၊ဒါပေမဲ့ သင့်ကားမှာ ရိုးရိုးဘရိတ်စနစ်ကတော့အလုပ်လုပ်နေဆဲပါ။

ABS မီးတခုတည်းလင်းနေတာမျိုးဆိုရင်တော့ ကားရဲ့ ဘရိတ်ခြေနင်းအပေါ်မှာ အားဘယ်လိုသက်ရောက်သေးလဲ၊
ဘရိတ်လျော့ကျသွားလား၊ ဘရိတ်ချော်နေပြီလား ဆိုတာမျိုးကို သတိထားစမ်းသပ်ပြီး ကျွမ်းကျင်၀ပ်ရှော့မှာစစ်ဆေးပြုပြင်ရမှာပါ။

▪️Brake Warning Light ပေါ်လာရင် ဘယ်လိုလုပ်ရမလဲ ?

အခြေခံဘရိတ်မီးလင်းလာတာ(ABS မီးနဲ့မတူပါဘူး) မျိုးကတော့ Parking Brake (ဟန်းဘရိတ်ဆွဲထားတာ)၊ Master Cylinder Fluid Reservoir (ဘရိတ်အပေါ်ဆုံ) မှာဘရိတ်ဆီနည်းနေတာ၊ ဘရိတ်ဆလင်ဒါတွေ က ဝါရှာတွေပေါက်နေတာ၊ ဘရိတ်ရှူး တွေပါးနေတာ ဘရိတ်ဆီလိုင်းတွေ ပေါက်နေတာတွေကြောင့်ဖြစ်တတ်ပါတယ်။

သင်ကိုယ်တိုင်စစ်ဆေးနိုင်တာကတော့ ဟန်းဘရိတ်ကြီးဆွဲထားမိသလား ပြန်စစ်ပါ
ဆွဲထားမိရင် ဟန်းဘရိတ်ပြန်ချပါ။

အပေါ်ဆုံမှာ ဘရိတ်ဆီနည်းနေသလားပြန်စစ်ပါ။ နည်းနေရင် Max အမှတ်ရောက်အောင် ဖြည့်ပေးပါ၊ ကားစက်သတ်ပြီး တဖန် ကားစက်ပြန်နှိုးကြည့်ပါ။ မပျောက်သေးရင် ကျွမ်းကျင်၀ပ်ရှော့ကို ပြသစစ်ဆေးဖို့လိုနေပါပြီ။

တချို့ကားတွေမှာ Brake Warning Light ကိုပဲ အဝါရောင် နဲ့ အနီရောင်နှစ်မျိုးခွဲထားပြီး အဝါရောင်က သင့်ရဲ့ဘရိတ်စနစ်မကြာခင်ချို့ယွင်းတော့မယ်ဆိုတာမျိုးကို ဖော်ပြတာဖြစ်ပြီး၊ အနီရောင်ကတော့ ပြုပြင်ထိန်းသိမ်းဖို့ ချက်ခြင်းလိုအပ်နေပြီဆိုတာကို ဖော်ပြတာဖြစ်ပါတယ်။

ABS မီးရော Normal Brake Warning Light ရောပေါ်နေတယ်ဆိုရင် ?

ဒါဆိုရင်တော့သင့်ကားရဲ့ ဘရိတ်စနစ်တခုလုံး ချို့ယွင်းပျက်စီးနေပါပြီ။
အရမ်းအန္တရာယ်ကြီးတာမို့ မပြုပြင်ဘဲ မောင်းနှင်ဖို့မသင့်တော့ပါဘူး။
ဖြစ်နိုင်မယ်ဆိုရင် ချက်ခြင်း ကျွမ်းကျင်၀ပ်ရှော့တွေမှာ သွားရောက်ပြုပြင်သင့်နေပါပြီလို့ အကြံပြုတင်ပြလိုက်ရပါတယ်။

အခြားမျိုးတူမူခြား ဘရိတ်နည်းပညာတွေလည်း ရှိသေးပေမဲ့ အခုလောက်ဆိုရင် ABS စနစ်နဲ့ ပတ်သတ်တဲ့ ဗဟုသုတ အခြေခံတွေသိလောက်ပြီလို့ ယူဆရပါတယ်။

မှတ်ချက်။ ။တချို့ကားတွေမှာ Brake Pad (ဘရိတ်ရူးကုန်တာမျိုး)၊ Parking Brake (ဟန်းဘရိတ်) ဆွဲထားတာမျိုးတွေကို သီးသန့်အချက်ပြမီးတွေ ပြတာမျိုးရှိပါတယ်။

ဘရိတ်နည်းပညာတွေဘယ်လိုပဲကောင်းကောင်း မဆင်မခြင်နဲ့ Over Speed မောင်းနှင်ခြင်းက သင်နဲ့ သင့်ကားကိုထိခိုက်ပျက်စီးစေမှာမို့ အသိသတိနဲ့ဆင်ခြင်ကြပါလို့ စေတနာထားတိုက်တွန်းရပါတယ်။

မူရင်း​ရေးသားသူအား​လေးစားစွာ Credit ​ပေးပါတယ်ခင်ဗျာ။

ဗဟုသုတ ရ​စေရန်ပြန်လည်မျှ​​ဝေခြင်းဖြစ်ပါတယ်။





#ကားအကြောင်း

✨    ✨  EVလက်တစ်လော  EV  တွေထဲမှာ Deepal SL03 ဟာ705 kilometers အထိသွားနိုင်တဲ့ long range အများဆုံးကားတွေထဲကတစ်စီးဖြစ်ပါ...
18/09/2024

✨ ✨

EV

လက်တစ်လော EV တွေထဲမှာ Deepal SL03 ဟာ
705 kilometers အထိသွားနိုင်တဲ့ long range
အများဆုံးကားတွေထဲကတစ်စီးဖြစ်ပါတယ်။

အတွင်းခန်းကျယ်ကျယ်ဝန်းဝန်းနဲ့ဖြစ်တာကြောင့်သက်သောင့်သက်သာရှိစေပါတယ်။

✅သူ့ရဲ့ specifications တွေကတော့

- Model -2024
- Range -705km
- 360 Camera
- BSM
- Panoramic roof
- Cool Box
- ထိုင်ခုံ အပူ / အအေး
- Leather Seat
- Seat Motor
- Push Start
- Ambiance lights
- 4 Drive Mode
- HUD
- Standard,Eco,Spots,Personalise
- Wireless Charger

DC Charging Time *30%-80% *

Detail contact :

09-951063394

09-764603330

09-266419942

09-765684599

09-770402051

  ✨   MDY သွားဖို့ စိတ်ပူစရာမလိုတဲ့ Range များများရတဲ့ EV car 🍀✨    for   ✨EV Car လေးတွေ  ှာ     အမည်ပေါက် ဝယ်ယူလို့ရပါမ...
23/08/2024



MDY သွားဖို့ စိတ်ပူစရာမလိုတဲ့ Range များများရတဲ့ EV car

🍀✨ for ✨

EV Car လေးတွေ ှာ




အမည်ပေါက် ဝယ်ယူလို့ရပါမယ် ။



Nissan Ariya Brand New Ev 🍀
————————————————
Battery Capacity - 89.6 kWh
Range - 623 km (389 miles)
Top Speed - 160 km/h
Total Power -178 kW (242 PS)

360 Camera
Panoramic sunroof
Blind Spot
Door Motor /Seat Motors
Seat memory /Seat heaters
Ambient Lights
Adaptive Cruise Control
Collision alert system
Lane Keep Assist
Apple Car play / Android Auto
LED Headlights and Rear Lights
Rear Parking Sonars
Warranty -8years & kilo 150000
___________________________________


EQ3 2024 (EV)
SUV Type
Maximum Speed 150 Km / H
Motor Output Front 70 Kw / Rear 135 Kw ( Dual Motors )
4 WD / 9 Driving Modes
Driving Range 501 Km
AC Charge 10 Hours
DC Charge 1 Hour
Lithium Iron Phosphate Battery
Battery Life Kilo 120000 & 8 YearsWarranty

Detail contact :
09-765684599
09-770402051
09-951063394
09-764603330
09-266419942

  Super Auto carshowroom မှ Wuling Bingo EV Car လေးကို ဝယ်ယူအားပေးသွားသော Customer အစ်ကိုအား ကျေးဇူးအထူးတင်ရှိပါသည် ရှင်...
03/08/2024


Super Auto carshowroom မှ
Wuling Bingo EV Car လေးကို ဝယ်ယူအားပေးသွားသော Customer အစ်ကိုအား ကျေးဇူးအထူးတင်ရှိပါသည် ရှင့် ။

📌🏢Showroom Address
၃၄ x အရှေ့မြို့ပတ်လမ်းထောင့်
ချမ်းအေးသာစံမြို့နယ် ။

18/07/2024

ကားတစ်စီး မှာ ဘာတွေပုံမှန်စစ်သင့်လဲ💥💥💥
==========================
၁။ Power Sterring Fluid ကိုပုံမှန်စစ်ဆေးပါ။

၂။ တာယာ တွေစားနေလား၊ အလိုင်းမန့်တွေမှန်ရဲ့လားစစ်ပါ။

၃။ ဆီဖစ်တာ (Filter) တွေ ကိုစစ်ဆေးပြီးပုံမှန်လဲလှယ်မှုလုပ်ပေးပါ။

၄။ Battery ကြိုးတွေ၊ ခေါင်းတွေ ကိုစစ်ပါ။

၅။ Timing Belt ကို ကီလို(၈သောင်း-၁သိန်း)အတွင်း လဲပေးပါ။

၆။ Oil Change ကို ကီလို(၃ထောင်-၆ထောင်)အတွင်းလဲပေးပါ။

၇။ Wiper တွေကိုစစ်ဆေးပြီး လဲပေးပါ။

၈။ Break တွေကိုအမြဲကောင်းမွန်နေပါစေ။

၉။ Coolent ပုံမှန် level မှာရှိပါစေ။

၁၀။ Spark Plug တွေကို လိုအပ်ရင်လဲလှယ်ပေးပါ။


Address

၃၄လမ်း၊ မန္တလေး/ပြင်ဦးလွင်လမ်းမကြီးထောင့်၊ ချမ်းအေးသာစံမြို့နယ်
Mandalay

Telephone

+959765684599

Website

Alerts

Be the first to know and let us send you an email when Super Auto posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category