PPE 9 Auto Mobile - Mandalay

Call Directions Contact the business

PPE 9 Auto Mobile - Mandalay We Build Your Dream!!!

🚗 ခရီးမထွက်ခင် Wheel Alignment ရော စစ်ဆေးခဲ့ရဲ့လား?ခရီးသွားရာသီရောက်ပြီဆိုတော့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ ပျော်စရာခ...
20/10/2026

🚗 ခရီးမထွက်ခင် Wheel Alignment ရော စစ်ဆေးခဲ့ရဲ့လား?

ခရီးသွားရာသီရောက်ပြီဆိုတော့ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အတူ ပျော်စရာခရီးစဉ်တွေ ဖန်တီးဖို့ ပြင်ဆင်နေကြပြီမဟုတ်လား… 🧳⛰️🏖️

ခရီးဝေးမထွက်ခင်မှာ အင်ဂျင်ဝိုင်လဲမယ်၊ ရေ၊ လေ စစ်မယ်ဆိုတာထက် Wheel Alignment မှန်ရဲ့လားဆိုတာရော သတိပြုမိကြရဲ့လားဗျ?

လမ်းခရီးမှာ ဘေးကင်းကင်းနဲ့ အဆင်ပြေပြေ မောင်းနှင်နိုင်ဖို့အတွက် Alignment စစ်ထားဖို့ ဘာလို့ ဒီလောက်အရေးကြီးတာလဲ? 🤔

⚠️ Alignment မမှန်ရင် ဘာတွေဖြစ်နိုင်သလဲ?

ကားစတီယာရင် တစ်ဖက်သို့ ဆွဲနေခြင်း
တာယာများ မညီမညာ စားသွားခြင်း
ဆီစား ပိုများခြင်း
ကားမောင်းရသည်မှာ ငြိမ့်ညောင်းမှုမရှိခြင်း

🛠️ ဘယ်အချိန်မှာ Alignment ကြိုတင်စစ်ဆေးသင့်သလဲ?

✅ ခရီးဝေး မထွက်မီ အနည်းဆုံး (၂) ရက်ခန့် အလိုတွင်
✅ တာယာအသစ် လဲလှယ်ထားပြီးပါက
✅ ကားမောင်းစဉ် စတီယာရင် တုန်ခါခြင်း (သို့) တစ်ဖက်သို့ ဆွဲနေပါက
✅ လမ်းချိုင့်ခွက်ကြီးများထဲသို့ ပြင်းထန်စွာ ဆောင့်မိထားပါက

ခရီးသွားရာသီမှာ မိမိနဲ့ မိသားစုရဲ့ ဘေးကင်းလုံခြုံရေးထက် အရေးကြီးတာ ဘာမှမရှိပါဘူး။

ခရီးမထွက်ခင် နီးစပ်ရာ Workshop မှာ Wheel Alignment နဲ့ Suspension ပိုင်းတွေကို ကြိုတင်စစ်ဆေးပြီး စိတ်အေးချမ်းသာစွာ ခရီးထွက်ကြစို့နော်… ✨




☀️ ပွင့်လင်းရာသီ ခရီးစဉ်များအတွက် 10-Point FREE Seasonal Car Check Campaign ကြီး (၃) ရက်သာ ကျန်ပါတော့တယ်ခင်ဗျာ။စိတ်ကြိုက...
19/10/2026

☀️ ပွင့်လင်းရာသီ ခရီးစဉ်များအတွက် 10-Point FREE Seasonal Car Check Campaign ကြီး (၃) ရက်သာ ကျန်ပါတော့တယ်ခင်ဗျာ။

စိတ်ကြိုက် ခရီးသွားတော့မယ့် ပွင့်လင်းရာသီမှာ သင့်ကား အဆင်သင့်ဖြစ်မဖြစ် PPE9 YGN Showroom မှာ ၁၀ ချက်တိတိ အခမဲ့ လာရောက်စစ်ဆေးနိုင်မယ့် Car Brand တွေကတော့

BAIC, Changan, Dongfeng နဲ့ Sinotruk ကား Brand တွေပဲဖြစ်ပါတယ်🥳

🗓️ ဒီ Campaign ကြီးကို ၁၂ ရက်မှ ၂၁ ရက် အောက်တိုဘာ ၂၀၂၆ အထိသာ ကျင်းပသွားမှာဖြစ်ပါတယ်။

📍 PPE9 YGN Showroom
အမှတ်(၁၆/၁၇)၊ဧရာဝဏ်လမ်းမကြီး၊အနော်မာရပ်ကွက်၊သာကေတမြို့နယ်၊ရန်ကုန်မြို့။

🏪PPE 9 Automobile(Mandalay)🏪

💢101 လမ်း (သိပ္ပံလမ်း) ၊ 57 & 58 လမ်းကြား ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့

☎️09-444599559
☎️09-444599449

Booking စနစ်ဖြင့် ကားစီးရေ အကန့်အသတ်နဲ့သာဆောင်ရွက်ပေးမှာမို့ PPE9 Showroom သို့ အမြန်ဆုံး Booking တင်ထားဖို့ လိုပါမယ်ခင်ဗျာ! 🏎️💨

PPE 9 မှ ဝယ်ယူထားတဲ့ VIP customer များ ကတော့ အထူးအခွင့်အရေးအဖြစ် Walk in လာရောက်စစ်ဆေးနိုင်တဲ့အကြောင်း သတင်းကောင်းပါလိုက်ပါတယ်နော်။

☎️ Booking Ph No
===============

📞09770306777




ကား Service ပိုင်းအတွက် Professional ကျကျ ဆောင်ရွက်ပေးနေတဲ့ PPE 9 Service Team🚘🛠️🧰မိတ်ဆွေတို့ရဲ့ ကားတွေကို Professional ...
18/10/2026

ကား Service ပိုင်းအတွက် Professional ကျကျ ဆောင်ရွက်ပေးနေတဲ့ PPE 9 Service Team🚘🛠️

🧰မိတ်ဆွေတို့ရဲ့ ကားတွေကို Professional ပညာရှင်တွေသင်ကြားပို့ချတဲ့ သင်တန်းတွေမှာ တက်ရောက်ပြီး ICE ကားနဲ့ EV Brand New ကားမျိုးစုံကို PPE 9 Service Team ကနေ သေချာစနစ်တကျ ဝန်ဆောင်မှုပေးမှာဖြစ်မှာပါခင်ဗျာ။

Brand New ကားဝယ်တာနဲ့ Service တွေ Free ရမယ့် Spring Mega Sales Promotion ကြီးလည်းရှိတာမလို့

Brand New ကားဝယ်မယ်ဆို PPE 9 Automobile ကိုသာ သတိရလိုက်ပါခင်ဗျာ‼️

🏪PPE 9 Car Showroom(Yangon)🏪

📌အမှတ်(၁၆/၁၇)၊ဧရာဝဏ်လမ်းမကြီး၊အနော်မာရပ်ကွက်၊သာကေတမြို့နယ်၊ရန်ကုန်မြို့။
(ကျောက်တိုင်မှတ်တိုင်နှင့်အနော်မာမှတ်တိုင်ကြား)

☎️ကားအကြောင်းများသိရှိလိုပါက
==========================

09-459927996
09-252386668

🏪PPE 9 Automobile(Mandalay)🏪

💢101 လမ်း (သိပ္ပံလမ်း) ၊ 57 & 58 လမ်းကြား ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့

☎️09-444599559
☎️09-444599449

🏪PPE 9 Automobile(Mawlamyine)🏪

🏬အမှတ် (၅၉၉), ငန်းတေးလမ်း, ငန်းတေးရပ်ကွက်, မွန်ပြည်နယ်, မော်လမြိုင်မြို့

☎️09-252 386 669




🚘PPE 9 မှာ ကားလာဝယ်ရင် ကား Service ပါ အပိုလက်ဆောင်ပေးနေတာ သိပြီးပြီလား?PPE 9 Automobile မှာ ကားဝယ်ကြတဲ့ လူကြီးမင်းများကိ...
17/10/2026

🚘PPE 9 မှာ ကားလာဝယ်ရင် ကား Service ပါ အပိုလက်ဆောင်ပေးနေတာ သိပြီးပြီလား?

PPE 9 Automobile မှာ ကားဝယ်ကြတဲ့ လူကြီးမင်းများကို After Sales Service ကောင်းကောင်းနဲ့ စိတ်ချမ်းသာစွာ စီးနင်းနိုင်အောင်💥

ဝန်ဆောင်မှုပေးချင်တဲ့အတွက် PPE 9 Automobile Service Team ကို ဖွဲ့စည်းပြီး ဝန်ဆောင်မှု ပေးလာခဲ့တာကြာပါပြီခင်ဗျာ

🚧Brand New ကားများအတွက်ရော Used ကားများအတွက်ပါ ဆောင်ရွက်ပေးနေပြီး လူကြီးမင်းတို့ ကားပျက်တဲ့နေရာအထိပါ လိုက်ပါဝန်ဆောင်မှု ပေးနေတာဖြစ်ပါတယ်

ဒါကြောင့် ဘာကားပဲဝယ်ဝယ် စိတ်ချမ်းချမ်းသာသာနဲ့ After Sales Service ပိုင်းကို စိတ်ချချင်ရင်တော့ PPE 9 Automobile မှာ လာရောက်ဝယ်ယူလို့ရပါတယ်ခင်ဗျာ💯

🏪PPE 9 Car Showroom(Yangon)🏪

📌အမှတ်(၁၆/၁၇)၊ဧရာဝဏ်လမ်းမကြီး၊အနော်မာရပ်ကွက်၊သာကေတမြို့နယ်၊ရန်ကုန်မြို့။

(ကျောက်တိုင်မှတ်တိုင်နှင့်အနော်မာမှတ်တိုင်ကြား)

☎️ကားအကြောင်းများသိရှိလိုပါက
==========================

09-459927996
09-252386668

☎️ Service Hotline
===============

📞09770306777

🏪PPE 9 Automobile(Mandalay)🏪

💢101 လမ်း (သိပ္ပံလမ်း) ၊ 57 & 58 လမ်းကြား ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့

☎️09-444599559
☎️09-444599449

🏪PPE 9 Automobile(Mawlamyine)🏪

🏬အမှတ် (၅၉၉), ငန်းတေးလမ်း, ငန်းတေးရပ်ကွက်, မွန်ပြည်နယ်, မော်လမြိုင်မြို့

☎️09-252 386 669




သီတင်းကျွတ် ရုံးပိတ်ရက်ရှည်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေ ခရီးထွက်ဖို့ ပြင်ဆင်နေကြပြီလား… 🧳✨ခရီးစဉ်အစမှ အဆုံး...
17/10/2026

သီတင်းကျွတ် ရုံးပိတ်ရက်ရှည်မှာ မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ အပန်းဖြေ ခရီးထွက်ဖို့ ပြင်ဆင်နေကြပြီလား… 🧳✨

ခရီးစဉ်အစမှ အဆုံးအထိ စိတ်အေးချမ်းသာစွာနဲ့ ဘေးကင်းကင်း သွားလာနိုင်ဖို့ဆိုရင် မိမိတို့ စီးနင်းမယ့် ကားရဲ့ ကြံ့ခိုင်ရေး က အလွန်အရေးကြီးပါတယ်နော်။ လမ်းခုလတ်မှာ မလိုအပ်ဘဲ အချိန်ကြန့်ကြာမှု မဖြစ်ရအောင် ခရီးမထွက်မီ စစ်ဆေးထားသင့်တဲ့ အရေးကြီး အချက် (၆) ချက်ကို မျှဝေပေးလိုက်ပါတယ်။

🚗 ခရီးမထွက်မီ ကားအတွက် မဖြစ်မနေ စစ်ဆေးရန် အချက်များ

တာယာ ကြံ့ခိုင်မှုနှင့် လေထိုးခြင်း 🛞

တာယာ ပန်းပွင့် ကျန်သေးရဲ့လား၊ ကွဲအက်ကြောင်းတွေ ရှိနေသလား စစ်ဆေးပါ။

အပိုတာယာ (Spare Tyre) မှာ လေပြည့်ရဲ့လားဆိုတာရော၊ တာယာလဲဖို့ လိုအပ်တဲ့ ဂျက် (Jack) နဲ့ သော့ဂွင်တွေ စုံမစုံပါ စစ်ဆေးထားပါ။

ဘရိတ်စနစ် (Brake System) 🛑

ခရီးဝေး မောင်းနှင်ရာမှာ ဘရိတ် စိတ်ချရဖို့ အရေးကြီးဆုံးပါ။

ဘရိတ်ဆီ (Brake Fluid) ပမာဏ ပြည့်ဝမှု ရှိမရှိနှင့် ဘရိတ်ရှူး (Brake Shoes/Pads) တိုက်စားမှု ရှိမရှိကို သေချာ စစ်ဆေးပါ။

အင်ဂျင်ဝိုင်နှင့် အအေးပေးစနစ် (Engine Oil & Coolant) 🛢️

အင်ဂျင်ဝိုင် လဲလှယ်ရန် လိုမလိုနှင့် ပမာဏ မှန်မမှန် တိုင်းတာပါ။

အင်ဂျင် အပူလွန်ကဲခြင်း (Overheat) မဖြစ်စေရန် ရေတိုင်ကီတွင်း Coolant ပမာဏနှင့် အရန်ရေဘူးထဲရှိ ရေပမာဏကို စစ်ဆေးပါ။

မီးစနစ်များနှင့် ဝိုင်ပါ (Lights & Wipers) 💡

ညဘက် မောင်းနှင်ချိန် မြင်ကွင်း ရှင်းလင်းစေရန် ရှေ့မီး၊ နောက်မီး၊ ဘရိတ်မီးနှင့် အချက်ပြမီး (Signal) များ အားလုံး အလုပ်လုပ်မလုပ် စစ်ဆေးပါ။

မိုးရွာသွန်းပါက မြင်ကွင်း မကွယ်စေရန် ဝိုင်ပါ (Wiper) ရာဘာပြားများ ကောင်းမကောင်း စစ်ဆေးထားပါ။

ဘက်ထရီ ခလုတ်နှင့် ကြိုးများ (Battery Condition) 🔋

ကားစက်နှိုးရ ခက်နေသလား၊ ဘက်ထရီ သက်တမ်း ကုန်တော့မည်လား စစ်ဆေးပါ။

ခေါင်းတိုင်များတွင် ဂျီးတက်နေပါက ရေနွေးဖြင့် သန့်ရှင်းရေး လုပ်ပေးပါ။

အရေးပေါ် အကူအညီ ပစ္စည်းများ ဆောင်ထားပါ 🚨

အရေးပေါ် လျှပ်စစ်ဆက်ကြိုး (Jumper Cable)၊ ဓာတ်မီး၊ ရှေးဦးသူနာပြုဆေးဗူး၊ သတိပေး တြိဂံအမှတ်အသား (Safety Triangle) တို့ကို ကားပေါ်မှာ အမြဲ ဆောင်ထားပါ။

ကြိုတင်ပြင်ဆင်ခြင်းက ဘေးကင်းလုံခြုံစိတ်ချရသော ခရီးတစ်ခုကို ဖန်တီးပေးပါတယ်။ခရီးမထွက်မီ (၁) ရက် သို့မဟုတ် (၂) ရက်အလိုမှာ နီးစပ်ရာ Workshop / Service Center မှာ ကားကို သေချာ စစ်ဆေးပြုပြင်ထားဖို့ မမေ့ကြပါနဲ့နော်။

သီတင်းကျွတ်ပိတ်ရက်မှာ ခရီးသွားပြည်သူ အားလုံး ဘေးကင်းလုံခြုံစွာနဲ့ ပျော်ရွှင်စရာ ခရီးစဉ်များ ဖြစ်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်🙏✨




☀️သီတင်းကျွတ်အားလပ်ရက်မှာ ခရီးသွားမယ့်  BAIC, Changan, Dongfeng နဲ့ Sinotruk ကားတွေအတွက်အောက်တိုဘာ (၂၁) ရက်နေ့အထိ PPE 9 ...
17/10/2026

☀️သီတင်းကျွတ်အားလပ်ရက်မှာ ခရီးသွားမယ့် BAIC, Changan, Dongfeng နဲ့ Sinotruk ကားတွေအတွက်

အောက်တိုဘာ (၂၁) ရက်နေ့အထိ PPE 9 Automobile မှာ 10-Point FREE Seasonal Car Check Service လာလုပ်နိုင်ပါတယ်ခင်ဗျာ

ခရီးမသွားခင် ကိုယ့်ကားကို သေချာစစ်ဆေးပြီးမှသာ သွားတာကတော့ မိသားစုအတွက်ရော ကားအတွက်ပါ လုံခြုံစိတ်ချရပါတယ်ခင်ဗျာ

🛠️ PPE 9 Automobile Showroom မှာ အခမဲ့ စစ်ဆေးပေးမယ့် (၁၀) ချက်ကတော့

🔋 Battery & Charging
🌡️ Radiator & Cooling System
🛢️ Engine Oil & Leakage
💧 Brake Fluid
⚙️ Transmission Fluid
🛑 Brake Pad & Performance
🛞 Tyre Pressure & Tread
💡 Lighting System
🌬️ Air-Con & Cabin Filter
🔧 Underbody & Suspension တို့ပဲဖြစ်ပါတယ်

🗓️ သီတင်းကျွတ်အားလပ်ရက်မတိုင်ခင်
အောက်တိုဘာ ၂၁ ရက် ၂၀၂၆ အထိသာ စစ်ဆေးပေးမှာ ဖြစ်လို့ အမြန်ဆုံး Booking ယူထားလိုက်ပါနော်။

PPE 9 မှ ဝယ်ယူထားတဲ့ VIP customer များ ကတော့ အထူးအခွင့်အရေးအဖြစ် Walk in လာရောက်စစ်ဆေးနိုင်တဲ့အကြောင်း သတင်းကောင်းပါလိုက်ပါတယ်နော်။

📍 PPE9 YGN Showroom

အမှတ်(၁၆/၁၇)၊ဧရာဝဏ်လမ်းမကြီး၊အနော်မာရပ်ကွက်၊သာကေတမြို့နယ်၊ရန်ကုန်မြို့။

🏪PPE 9 Automobile(Mandalay)🏪

💢101 လမ်း (သိပ္ပံလမ်း) ၊ 57 & 58 လမ်းကြား ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့

☎️09-444599559
☎️09-444599449

☎️ Booking Ph No
===============

📞09770306777




ကားဘက်ထရီတစ်လုံး ဘယ်လောက်ကြာကြာ အသုံးခံနိုင်လဲ?ကားစက်နှိုးလိုက်တိုင်း အဆင်ပြေနေဖို့အတွက် ကားဘက်ထရီရဲ့ အခြေအနေကလည်း အရေးက...
16/10/2026

ကားဘက်ထရီတစ်လုံး ဘယ်လောက်ကြာကြာ အသုံးခံနိုင်လဲ?

ကားစက်နှိုးလိုက်တိုင်း အဆင်ပြေနေဖို့အတွက် ကားဘက်ထရီရဲ့ အခြေအနေကလည်း အရေးကြီးပါတယ်။ ဒါဆို ကားဘက်ထရီတစ်လုံးရဲ့ သက်တမ်းက ဘယ်လောက်ရှိနိုင်လဲ။ 🤔

🚘 ကားဘက်ထရီရဲ့ ပျမ်းမျှသက်တမ်း
ပုံမှန်အားဖြင့် ကားဘက်ထရီတစ်လုံးဟာ ၂ နှစ်မှ ၅ နှစ်ခန့် အသုံးခံနိုင်ပါတယ်။ ဒါပေမဲ့ ဘက်ထရီအမျိုးအစား၊ ရာသီဥတု၊ မောင်းနှင်မှုအလေ့အထနဲ့ ထိန်းသိမ်းစောင့်ရှောက်မှုအပေါ် မူတည်ပြီး သက်တမ်းကွာခြားနိုင်ပါတယ်။

⚠️ ဘက်ထရီအားနည်းလာပြီဆိုတဲ့ လက္ခဏာများ
🔹 ကားစက်နှိုးရခက်လာခြင်း
🔹 စက်နှိုးချိန်တွင် အသံနှေးကွေးလာခြင်း
🔹 ရှေ့မီးနှင့် ကားအတွင်းမီးများ မှိန်လာခြင်း
🔹 Battery Warning Light လင်းလာခြင်း
🔹 ဘက်ထရီအိုး ဖောင်းလာခြင်း သို့မဟုတ် အက်ဆစ်ယိုစိမ့်ခြင်း

🛠️ ဘက်ထရီသက်တမ်း ပိုမိုကြာရှည်စေဖို့
✅ ဘက်ထရီ Terminal များကို သန့်ရှင်းစွာ ထားပါ။
✅ ကားကို အချိန်ကြာမြင့်စွာ အသုံးမပြုဘဲ မထားပါနှင့်။
✅ ဘက်ထရီအားနှင့် Charging System ကို ပုံမှန်စစ်ဆေးပါ။
✅ ကားစက်မနှိုးဘဲ မီးနှင့် လျှပ်စစ်ပစ္စည်းများကို အချိန်ကြာမြင့်စွာ ဖွင့်မထားပါနှင့်။

ဘက်ထရီသက်တမ်းပြည့်မှသာ လဲလှယ်ရမယ်လို့ မဆိုလိုပါဘူး။ အထက်ပါလက္ခဏာတွေ တွေ့ရပါက ဘက်ထရီအားနှင့် ကားရဲ့ Charging System ကို ကျွမ်းကျင်သူထံ စစ်ဆေးသင့်ပါတယ်။

သင့်ကားကို ယုံကြည်စိတ်ချစွာ မောင်းနှင်နိုင်ဖို့ ဘက်ထရီအခြေအနေကို ပုံမှန်စစ်ဆေးထားဖို့ မမေ့ပါနဲ့🚗✨




🚗 ကားမောင်းသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ Suspension (အောက်ပိုင်း) စစ်ဆေးရမယ့် အချက်များ ⚠️ကားမောင်းနေရင်း လမ်းအကွေ့အကော...
16/10/2026

🚗 ကားမောင်းသူတိုင်း မဖြစ်မနေ သိထားသင့်တဲ့ Suspension (အောက်ပိုင်း) စစ်ဆေးရမယ့် အချက်များ ⚠️

ကားမောင်းနေရင်း လမ်းအကွေ့အကောက်တွေ၊ အနိမ့်အမြင့်တွေမှာ ငြိမ့်ညောင်းမှု ပေးစွမ်းနိုင်ဖို့ Suspension စနစ်က အဓိက အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ Suspension စနစ် မကောင်းရင် မောင်းနှင်ရတာ မသက်မသာဖြစ်ရုံတင်မကဘဲ ယာဉ်အန္တရာယ်ပါ စိုးရိမ်ရပါတယ်။

ဒါဆိုရင် Suspension စနစ်ကို ဘယ်လိုအခြေအနေမျိုးတွေမှာ မဖြစ်မနေ စစ်ဆေးသင့်သလဲ? 🤔👇

🚨ကားမောင်းနေရင်း တစ်ဖက်ကို ဆွဲနေခြင်း သို့မဟုတ် ယိုင်နေခြင်း

လမ်းအဖြောင့်မောင်းနေချိန်မှာ စတီယာရင်ကို လွှတ်လိုက်ရင် ကားက ဘယ် သို့မဟုတ် ညာဘက်ကို သိသိသာသာ ဆွဲသွားတယ်ဆိုရင် Suspension သို့မဟုတ် Alignment လွဲနေတာ ဖြစ်နိုင်ပါတယ်။

💥ချိုင့်ဝင်တိုင်း သို့မဟုတ် အနိမ့်အမြင့်ကျော်တိုင်း အသံဆိုးများ ထွက်ခြင်း

ချိုင့်ထဲဆင်းလိုက်ရင် သို့မဟုတ် ကျော်လိုက်ရင် "ဂျိန်းဂျိန်း"၊ "ကျွိကျွိ" အသံတွေ ကြားရရင် Shock Absorber (ရှော့ဘား) သို့မဟုတ် Bushing တွေ ပျက်စီးနေပြီဆိုတဲ့ အချက်ပေးခေါင်းလောင်းပါပဲ။

🌀ဘရိတ်အုပ်လိုက်လျှင် ကားခေါင်း သိသိသာသာ စိုက်ဆင်းသွားခြင်း (Nose Diving)

ဘရိတ်အုပ်လိုက်တဲ့အခါ ကားရှေ့ပိုင်းက အောက်ကို ထိလုနီးပါး စိုက်ဆင်းသွားတာ၊ အကွေ့တွေမှာ ကားတစ်ဖက်ကို အလွန်အမင်း ယိုင်ထွက်သွားတာမျိုးဟာ ရှော့ဘားတွေ သက်တမ်းကုန်နေပြီဆိုတာကို ပြသနေတာပါ။

🛞တာယာပွတ်စားမှု မညီမညာ ဖြစ်နေခြင်း

တာယာရဲ့ အတွင်းဘက် သို့မဟုတ် အပြင်ဘက် တစ်ခြမ်းတည်း ပိုပြီး စားနေတာမျိုး (Uneven Tire Wear) တွေ့ရင် Suspension စနစ်နဲ့ Alignment ကို ချက်ချင်း စစ်ဆေးသင့်ပါတယ်။

💧Shock Absorber မှာ ဆီယိုစိမ့်မှုများ တွေ့ရခြင်း

ရှော့ဘားတံတဝိုက်မှာ ဆီတွေ ပေကျံနေတာ၊ ယိုစိမ့်နေတာကို မျက်မြင်တွေ့ရှိရရင် ရှော့ဘား လဲလှယ်ဖို့ သို့မဟုတ် ပြုပြင်ဖို့ လိုအပ်နေပါပြီ။

🤢 ၆။ ကားမောင်းရတာ အလွန်အမင်း ရိမ်းထွက်ပြီး ငြိမ့်ညောင်းမှု မရှိတော့ခြင်း

လမ်းခင်းထားတဲ့ လမ်းမပေါ်မှာတောင် ကားက အလွန်အမင်း ရိမ်းနေတာ၊ ခုန်နေတာမျိုး ခံစားရရင် Suspension ရဲ့ စပရိန် (Spring) ဒါမှမဟုတ် ရှော့ဘား ပျက်စီးနေတာဖြစ်ပါတယ်။





☀️ အယ်နီညို အပူဒဏ်ကို ကားထဲမှာ ဘေးကင်းစွာ ကျော်လွှားနိုင်ဖို့ အလေ့အကျင့်ကောင်း (၅) ခု 🚗🔥ရာသီဥတု အလွန်အမင်း ပူပြင်းလာတာနဲ...
15/10/2026

☀️ အယ်နီညို အပူဒဏ်ကို ကားထဲမှာ ဘေးကင်းစွာ ကျော်လွှားနိုင်ဖို့ အလေ့အကျင့်ကောင်း (၅) ခု 🚗🔥

ရာသီဥတု အလွန်အမင်း ပူပြင်းလာတာနဲ့အမျှ ကားအတွင်းပိုင်း အပူချိန်ဟာ အပြင်ဘက်ထက် ၂ ဆမက ပိုမိုမြင့်တက်လာနိုင်ပါတယ်။ ဒါကြောင့် ကားမောင်းသူတွေနဲ့ ခရီးသွားသူများ အပူဒဏ်ကြောင့် ကျန်းမာရေး မထိခိုက်ရအောင် လိုက်နာသင့်တဲ့ အလေ့အကျင့်ကောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကားမမောင်းမီ အပူရှိန်ကို အရင်ထွက်စေပါ 🚪

နေပူထဲရပ်ထားတဲ့ ကားထဲကို ချက်ချင်းဝင်မထိုင်ပါနဲ့။ ကားတံခါးတွေကို ခဏဖွင့်၊ မှန်တွေကို အောက်ဆွဲချပြီး အတွင်းထဲက အပူဟက်နေတဲ့ လေပူတွေကို အရင်ထွက်သွားအောင် လုပ်ပြီးမှ ကားပေါ်တက်ပါ။

အဲကွန်း (Aircon) ကို စနစ်တကျ အသုံးပြုပါ ❄️

ကားစထွက်ထွက်ချင်းမှာ မှန်နည်းနည်းဖွင့်ထားပြီး အဲကွန်းကို လေအားအမြင့်ဆုံးနဲ့ ဖွင့်ပါ။ အပူစထွက်သွားမှ မှန်ပြန်ပိတ်ပြီး ခိုလှုံသည့်လေစနစ် (Recirculation Mode) သို့ ပြောင်းပါ။ ဒါက အဲကွန်းကို အမြန်ဆုံး အေးစေပါတယ်။

အပူဒဏ်ကာကွယ်ရေး ပစ္စည်းများ အသုံးပြုပါ ☀️🛡️

ကားရပ်ထားစဉ်မှာ ရှေ့မှန်ကြီးအတွက် Sunshade (နေကာပြား) အသုံးပြုခြင်းက ကားဒက်ရှ်ဘုတ်နဲ့ စတီယာရင် ပူပြီးကွဲတာကို ကာကွယ်ပေးပါတယ်။ UV protection ပါတဲ့ မှန်စတစ်ကာ (Window Tint) တပ်ဆင်ထားခြင်းကလည်း အပူရှိန်ကို အများကြီး လျှော့ချပေးနိုင်ပါတယ်။

ရေဓာတ်ကို အမြဲပြည့်ဝအောင် ဖြည့်ပါ (ဒါပေမဲ့ ရေဘူးကို နေပူထဲ မထားပါနဲ့) 💧

ကားထဲမှာ သောက်ရေသန့် အမြဲဆောင်ထားပါ။ ဒါပေမဲ့ ပလတ်စတစ် ရေဘူးတွေကို နေရောင်တိုက်ရိုက်ကျတဲ့ ကားဒက်ရှ်ဘုတ်ပေါ် မထားပါနဲ့။ အပူကြောင့် ပလတ်စတစ်မှ ဓာတုဓာတ်များ ရေထဲပျော်ဝင်နိုင်သလို၊ ရေဘူးက မှန်ဘီလူးလို အလင်းပြန်ပြီး မီးလောင်မှုလည်း ဖြစ်စေနိုင်ပါတယ်။

ကလေးနဲ့ အိမ်မွေးတိရစ္ဆာန်များကို ကားထဲမှာ တစ်ယောက်တည်း မထားခဲ့ပါနဲ့ ⚠️

မှန်နည်းနည်း ဖွင့်ထားခဲ့ရင်ပင် ကားအတွင်း အပူချိန်ဟာ မိနစ်ပိုင်းအတွင်း အသက်အန္တရာယ်ရှိတဲ့အထိ မြင့်တက်သွားနိုင်ပါတယ်။ ခဏလေးဆိုပြီး ဘယ်တော့မှ မထားခဲ့ပါနဲ့။

✨ ဒီအလေ့အကျင့်ကောင်းလေးတွေကို ပုံမှန်ပြုလုပ်ပေးခြင်းဖြင့် ပူပြင်းတဲ့ နွေရာသီမှာ ဘေးကင်းအေးမြစွာ ခရီးသွားနိုင်ကြပါစေ! ✨





Address

၁၀၁ လမ်း (သိပ္ပံလမ်း) ၊ ၅၇ X ၅၈ လမ်းကြား ၊ ချမ်းမြသာစည်မြို့နယ် ၊ မန္တလေးမြို့
Mandalay
05021

Telephone

+959444599559

Website

Alerts

Be the first to know and let us send you an email when PPE 9 Auto Mobile - Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to PPE 9 Auto Mobile - Mandalay:

Shortcuts

Share

Category