25/07/2026
ကားပိုင်ရှင်တိုင်း သိထားသင့်တဲ့ Air Filter ရဲ့အရေးပါမှု✨
Air Filter က ကားအတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Air Filter ကိုပုံမှန် လဲပေးတဲ့အခါရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို မျှဝေပေးပါမယ်ခင်ဗျာ။
✅ လောင်စာဆီ စားနှုန်းကျဆင်းခြင်း
သန့်ရှင်းတဲ့ Air Filter က အင်ဂျင်ထဲ လေစီးကြောင်းကောင်းစေပြီး လောင်စာဆီကို ပိုမိုထိရောက်စွာ လောင်ကျွမ်းစေပါတယ်။
✅ အင်ဂျင်စွမ်းဆောင်ရည် မြင့်တက်ခြင်း
လေဝင်နှုန်းကောင်းခြင်းက အင်ဂျင်၏ ပါဝါနဲ့ အရှိန်ကို တိုးတက်စေပြီး စွမ်းဆောင်ရည်ပိုကောင်းစေပါတယ်။
✅ အင်ဂျင် သက်တမ်းရှည်ခြင်း
ဖုန်မှုန့်၊ အမှုန်အမွှားတွေ အင်ဂျင်ထဲ မဝင်အောင် ကာကွယ်ပေးတာကြောင့် အင်ဂျင်အပိုပစ္စည်းများ ချွတ်ယွင်းမှုကို လျှော့ချပေးပါတယ်။
✅ 𝟰. မီးခိုးထွက်နှုန်း လျော့ကျခြင်ရ
လောင်စာဆီ ပြည့်ဝစွာလောင်ကျွမ်းခြင်းက မီးခိုးနည်းစေပြီး ပတ်ဝန်းကျင်ကိုပါ ကာကွယ်ရာရောက်ပါတယ်။
✅ 𝟱. ကားအတွင်း လေစီးကြောင်း သန့်ရှင်းခြင်ရ
ကားအတွင်း AC လေမှတစ်ဆင့် ဝင်လာတဲ့ လေတွေကို စစ်ထုတ်ပေးတာမို့ ဓာတ်မတည့်မှုဖြစ်စေတဲ့ ဝတ်မှုန်များ၊ ဖုန်မှုန့်တွေကို လျှော့ချပေးပါတယ်ခင်ဗျာ။
Air Filter တွေကို ဘယ်ချိန်လဲသင့်လဲ❓
👉 ပုံမှန်ဆိုလျှင် ကီလိုမီတာ ၁၅,၀၀၀ - ၃၀,၀၀၀ (သို့) ၁ နှစ် ၁ ကြိမ်လဲပေးသင့်ပါတယ်။