Aga Aung Myanmar Automobile Repair

Aga Aung Myanmar Automobile Repair Auto Service/ Workshop/ wiring(ဝါယာရိမ်း)

10/08/2024
10/08/2024

BAIC Senova
U007300
U012200 lost communication with ABS/ESP
U11E200

P050029
starter short to battery
starter relay short to ground/ open load

Mazda DemioABS replacement
10/08/2024

Mazda
Demio
ABS replacement

30/08/2023

VW
DSG gear,
Mechatronic Setting ,👌👍

23/08/2023

Diagnosis 🩺🩻🚗

VW    reset
08/08/2023

VW

reset

08/08/2023

Cluster repair

1KZ-TE, A/TECU capacitor value
15/07/2022

1KZ-TE, A/T
ECU capacitor value

Injectors Cleaning Service
17/04/2022

Injectors Cleaning Service

Toyota wish&Lexus RX 450h  SRS crash reset
25/03/2022

Toyota wish
&
Lexus RX 450h

SRS crash reset

ODO adjustment.
25/03/2022

ODO adjustment.

27/11/2021

#အင်ဂျင်ချိန်းကားကို_အများစု_ဘာလို့_စိုးရိမ်ကြောင့်ကြ_ပါသလဲ ? 💥💥💥
============================
👉 အပေါ်က မေးခွန်းကို ဖြေရမယ်ဆိုရင်တော့ အဖြေက တစ်ခုထဲပါ အဲဒါကတော့......
⚡ သေသေချာချာ ထဲထဲဝင်ဝင် မသိကြလို့ပါ ။

နည်းပညာအရ လက်တွေ့ကျကျပြောရရင် အင်ဂျင်ချိန်းကားဟာ ကြောက်စရာလုံးဝ မဟုတ်ပါ ။ အမှန်တော့ကြိုက်စရာပါ ။

ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရဲ့ လူအများစု လက်လှမ်းမှီနိုင်တဲ့ ကားအများစုဟာ 2010 အောက်ကားတွေပါ ။ ဆယ်စုနှစ်တစ်ခု‌ကျော် အသုံးပြုပြီးသားအင်ဂျင်အဟောင်းတွေအများစုဟာ ဘာမှပြန်လည်ပြုပြင်မှု မလုပ်ထားဘဲ ကောင်းမွန်တဲ့‌အနေအထားမှာ လုံးဝမရှိနိုင်ပါဘူး။

အင်ဂျင်တစ်လုံးမှာ ပျက်စီးတဲ့အထိ သုံးလို့ရတဲ့ အစိတ်အပိုင်းတွေပါရှိသလို မပျက်ပေမယ့် အသုံးပြုနိုင်တဲ့ သက်တမ်းပြည့်သွားပြီဆိုတာနဲ့ လဲလှယ်ပေးရမယ့်အစိတ်အပိုင်းတွေ အများကြီးပါဝင်ပါတယ် ( ဥပမာ။ ။ Connecting Bearing, Main Bearing, Piston Ring, Timing Chain Kit, Valve seat, Valve guide, နောက်ထပ်လဲ အများကြီးရှိပါတယ် ) အစရှိသဖြင့်ပေါ့။

👉 ဒါပေမယ့် ဒီမှာကတော့ ဘယ်အရာဘဲ ဖြစ်ဖြစ် မပျက်မခြင်းသုံးကြပါတယ် ၊ ဘယ်တော့မှ သတ်မှတ်ချက်အတိုင်း မလဲလှယ်ကြပါဘူး။ အဆိုးဆုံးက အရည်အသွေးမပြည့်မီတဲ့ စက်ဆီ ချောဆီတွေကြောင့် အင်ဂျင်အများစု ပျက်စီးကြရပါတယ်။ ဒါကြောင့် ပျက်စီးပြီဆိုရင် ပြင်လို့ရတဲ့ အနေအထားထက် အသစ်ဝယ်တင်ကြရတဲ့ အနေအထားတွေက များပါတယ်။

💢 ဒါကြောင့် ဆယ်စုနှစ်တစ်ခုကျော် ဖြစ်သလိုအသုံးပြုထားတဲ့ Original အင်ဂျင်နဲ့ကားထက် အင်ဂျင်အသစ်ပြောင်းတင်ပြီးသားကားက ပိုသာပိုကောင်းပါတယ်။

ကဲဟုတ်ပြီ အသစ်ဝယ်တင်ကြပြီဆိုပါစို့ ။ ဒီမှာပြဿနာက စပါပြီ။ ကားအမျိုးအစားတူ မော်ဒယ်တူ အင်ဂျင်ပါဝါတူ တစ်ပုံစံထဲ ရခဲ့ရင်တော့ဘာပြဿနာမှမရှိနိုင်ပေမယ့် #အမျိုးအမည်တူ_ပါဝါတူ ပေမယ့် ကားအမျိုးအစားခြင်းမတူခဲ့ရင်( ဥပမာ။ ။ 1kz ဟာ KZJ-95 မှာလဲလာသလို အပြင် -Surf မှာလဲလာပါတယ်။) အနည်းအကျဉ်း တော့ ပြဿနာလေးတွေရှိတတ်ကြပါတယ် ။

စာရှည်သွားမှာစိုးလို့ အသေးစိတ်မပြောတော့ဘဲ တွေ့ရအများဆုံးနဲ့ အများစု ဒွိဟ သံသယ ဖြစ်နေကြ ကြောက်နေကြတဲ့ ကားနှစ်မျိုးကို ဥပမာ ထားပြီး ပြောပြပေးပါမယ်။

💥 No.1 Toyota Probox
1.3 to 1.5 ( 2nz to 1nz )
⭐⭐⭐⭐⭐⭐⭐⭐⭐⭐

👉 ဒီကိစ္စကတော့အများစုသိကြတဲ့ကိစ္စပါ ။ Probox မှာ 1.3 ကို 1.5 ချိန်းရင် အများစုကြောက်ကြတယ်၊ ဘာလို့ကြောက်တာလဲမေးရင် ဝါးတားတားနဲ့ သေချာ မဖြေနိုင်ကြဘူး။
👉1. တစ်ချို့က ဂီယာဆောင့်လို့ ဂီယာချိန်းမမှန်လို့ ပြောတဲ့သူကပြောတယ်
👉2. တစ်ချို့က အင်ဂျင်တုန်လွန်းလို့ အင်ဂျင်သံမမှန်လို့ ပြောတဲ့သူကပြောကြတယ်
👉3. တစ်ချို့က အဲကွန်းပျောက်ပြီးဖွင့်မရဘဲ ဖြစ်ဖြစ်သွားတတ်လို့ ဆိုပြီးပြောကြတယ်
👉4. တစ်ချို့ကလဲ ကားမခံနိုင်ဘူး ပြိုသွားလိမ့်မယ် 1.3 ကားကသံသားပါးတယ်ဆိုပြီး ဘောင်မဝင်တန်းမဝင်တဲ့ ပညာမဲ့ စကားတွေတောင်ကြားရတတ်သေးတယ်။ အဲ့လိုလူတွေ တစ်ခါတည်း မှတ်ထားပါ NCP-50 , 51, 55, 58 ကားအားလုံးရဲ့ Curb weight ဟာ 1030 kg တစ်သမတ်ထဲပါ၊ ဟိုကားက ပါးလို့ 1000 ဘဲရှိတယ် ဒီကားက ထူလို့ 1050 ရှိတယ်ဆိုပြီး လုံးဝမကွဲပါ။ ဟုတ်ပြီ ဘာတွေဘဲ ပြောပြော မသိလို့ပြောကြတာဘဲ ရှိစေတော့။
🛑 အဓိက အကြောင်းစပြောပါမယ် ။ 1.3 ကို 1.5 ချိန်းရင် ( 2nz to 1nz ) ပြဿနာ တစ်ကယ်ဘဲ ရှိသလား ?
🛑 ဟုတ်ကဲ့ပါ ။ နည်းစနစ်မမှန်တဲ့ချိန်းပုံမျိုးက ပြဿနာ တစ်ကယ်ရှိပါတယ်။ ဒါဆို နည်းစနစ်မမှန်တဲ့ချိန်းပုံကဘာလဲ ? ဘယ်လိုပြဿနာတွေ ရှိလဲ ?
🛑 နည်းစနစ်မမှန်တဲ့ချိန်းပုံဆိုတာ အင်ဂျင်ပျက်စီးတယ် ဆိုပါစို့၊ အင်ဂျင်ဘဲ ချိန်းလိုက်တယ် ကျန်တာဘာမှ မလုပ်ဘူး ဂီယာဘောက်မချိန်းဘူး ECU မချိန်းဘူး ဝါယာရိန်းမစစ်ဘူး ကုန်ကျစရိတ်သက်သာအောင်လို့😁 ကဲစပြီလေ ပြဿနာက 💥 1nz နဲ့ 2nz က အင်ဂျင်ခြင်းမှမတူတာ ( တပ်ဆင်လို့ရပုံခြင်းတူတာပါ )💥 ဂီယာဆောင့်မယ် ဂီယာချိန်းနောက်ကျမယ် အဲကွန်းပျောက်မယ် ဆီပိုစားမယ် ရံဖန်ရံခါ chack မီးလင်းမယ် ဖြစ်မှာပေါ့ ကားတစ်စီးလုံးရဲ့စနစ်ကို ထိန်းချုပ်ထားတဲ့ ECU က 2nz အတွက်ထုတ်လုပ်ထားတဲ့ ECU လေ 2nz ECU နဲ့ 1nz အင်ဂျင်ကို ထိန်းချုပ်ခိုင်းမှတော့ မှန်ကန်တဲ့ လုပ်ဆောင်ချက်တွေရနိုင်ပါဦးမလား ? Input sensors တွေက လာတဲ့ signal အတိုင်း output ကို ပြန်ထုတ်ပေးရမှာ input တွေမှားနေမှတော့ output ကဘယ်လိုမှန်ပါဦးမလဲ ၊ စာရှည်တဲ့အတွက် အသေးစိတ်မပြောတော့ဘူး ၊ ဖြေရှင်းနည်းဘဲ ပြောမယ်
🛑 အင်ဂျင်ချိန်းချင်တယ်မလား နည်းစနစ်မှန်အောင်ချိန်းပါ ဖားတစ်ပိုင်း ငါးတစ်ပိုင်း မလုပ်နဲ့ 2nz ကနေ 1nz အင်ဂျင်ချိန်းမယ်ဆို 1nz gearbox, 1nz ECU , 1nz ကြိုးထုပ် အစုံလိုက်ချိန်းပါ ၊ ဘာပြဿနာမှ မရှိဘူး၊ ဖားတစ်ပိုင်းငါးတစ်ပိုင်းလုပ်မယ်ဆိုရင်တော့ Professional Skill လိုပါတယ် ဒါပေမယ့် အချိန်အတိုင်းအတာ တစ်ခုထိဘဲရမယ် အဲ့အချိန်ကျော်လွန်လာရင် ပြဿနာတွေ စလာမယ်။ ဖားတစ်ပိုင်းငါးတစ်ပိုင်း နည်းစနစ်မမှန်အောင်လုပ်ထားပြီး ရလဒ်ကို အမှန်လိုချင်လို့တော့မဖြစ်နိုင်ပါဘူး။
🛑 ထပ်ပြောပါမယ် နည်းစနစ်မှန်အောင်ချိန်းပါ ၊ ဘာပြဿနာမှ မရှိဘူး။ ကြောက်စရာလဲ မလိုဘူး။ ကြောက်ရမယ့်အကြောင်းလဲ မဟုတ်ဘူး ၊ ကြိုက်ရမယ့်အကြောင်း ၊ ဖြစ်နေတာက အင်ဂျင်ချိန်းခြင်းပြဿနာမဟုတ်ပါဘူး ။ မသိကြတဲ့ နားမလည်ကြတဲ့ ပြဿနာပါ၊ ယောင်ဝါးဝါးတွေက တွေ့ကရာတွေ လျှောက်ပြော ယုံတဲ့သူကလဲ ယုံ ဆိုတော့ အဲ့ဒါကမှ ပြဿနာအစစ်ပါ။
🛑 လေ့လာကြပါ ၊ ကိုယ်တိုင်မသိရင် တစ်ကယ်သိတဲ့နားလည်တဲ့ သူကို စစ်ဆေးခိုင်းပါ၊ တိုင်ပင်ပါ ။ ငကန်းပြောတဲ့ တစ္ဆေကြီးအကြောင်း ယုံနေသမျှတော့ ယုံနေသူတိုင်း မြင်လျှက်နဲ့ကန်းနေသူတွေပါဘဲ။

🛑စာရှည်နေပြီ နောက်ထပ်အသုံးများကြတဲ့ ကားတစ်စီးရဲ့ ဥပမာနဲ့ အဆုံးသတ်ပါမယ်။

🛑 No.2 Nissan AD Van
💥💥💥💥💥💥💥💥💥💥

AD Van မှာလဲ ဖြစ်လေ့ဖြစ်ထရှိတဲ့ အမှားတစ်ခုရှိပါတယ် အဲ့ဒါကတော့ gearbox အမှားချိန်းတဲ့ပြဿနာပါ
👉 နွားကြီး 1.3 လို့အသိများကြတဲ့ AD Van မှာတော့ CR-12DE engine နဲ့ လာပြီး 1.5 ကတော့ HR-15 DE ဖြစ်သွားပြီး 1.8 ဆိုရင်တော့ MR-18 DE ဖြစ်သွားတဲ့အတွက် Probox လို ဖားတစ်ပိုင်းငါးတစ်ပိုင်း လုပ်လို့မရပါ။
🛑 သို့သော် AD Van ခြင်းအင်ဂျင်ဂီယာမမှားနိုင်ပေမယ့် ကားခြင်းမတူရင် ဂီယာဘောက်မှာ မှားပါမယ် ။ Nissan March မှာလဲ CR-12DE အင်ဂျင်ပါ။ဒါဆိုတော့ AD Van 1.3 ကို ဂီယာဘောက်လဲမယ်ဆိုပါစို့ ၊ ဆိုင်မှာဂီယာဘောက်သွားဝယ်ပြီ၊ CR-12DE အင်ဂျင်ဘဲ ဒါပေမယ့် Nissan March ကဖြုတ်တဲ့အင်ဂျင်လား AD Van ကဖြုတ်တဲ့အင်ဂျင်လား ခွဲသိမှ ဂီယာဘောက်အမှန်ကိုရပါမယ် ( ရောင်းတဲ့သူအများစု မခွဲတတ်ကြပါဘူး ) ဘာကြောင့်လဲဆိုတော့ မတူတာတစ်ခုဘဲရှိပါတယ် ကျန်တာအားလုံးအတူတူပါ ။
🛑 အဲ့ဒီမတူတာက Nissan March ကဖြုတ်တဲ့ အင်ဂျင်ဂီယာဆိုရင် revolution sensor ပါပြီးတော့ AD Van ကဖြုတ်တဲ့ အတွဲမှာ Revolution sensor မပါပါဘူး။ ဒါကိုကြည့်ပြီး ခွဲရပါတယ်။ ဒီလိုဆိုတော့ Ad van မှာ March ကဖြုတ်တဲ့ CR-12DE ကိုတင်ရင် ဂီယာဘောက်မှာ sensor တစ်ခုပိုပါနေပြီး ကားရဲ့ ကြိုးထုပ်မှာ တပ်စရာ ဆော့ကဒ်မရှိဖြစ်နေပါလိမ့်မယ်။ AD Vanမှာ ပြဿနာသိပ်မရှိပေမယ့် March မှာ ad ကဖြုတ်ထားတဲ့ အတွဲကိုတင်မိရင်တော့ဂီယာဘောက်မှာ revolution sensor မပါတဲ့အတွက် ဒိုင်ခွက်မှာ RPM တက်မှာမဟုတ်ပါဘူး။
🛑 ဒါကြောင့် အင်ဂျင်ဘဲ ချိန်းချိန်း ဂီယာဘောက်ဘဲ ချိန်းချိန်း နည်းစနစ်တစ်ကျ မှန်ကန်စွာ ချိန်းကြပါလို့ ပြောချင်ပါတယ်။

🛑 စနစ်တကျ မှန်ကန်စွာ ချိန်းထားတဲ့ ကားတစ်စီးမှာ ဘာပြဿနာ မှ မရှိပါ ခင်ဗျာ။🛑

🛑 အင်ဂျင်ချိန်း ဂီယာဘောက်ချိန်း ကားတစ်စီးဟာ ကြောက်စရာ လုံးဝမဟုတ်ပါ။ ကြိုက်စရာသာ ဖြစ်ပါတယ် ခင်ဗျာ။

🛑 အမှန်တစ်ကယ် ကြောက်စရာကတော့ တတ်ယောင်ကား စမ်းတဝါးဝါး တွေကို ဆရာတင်ပြီး ယုံလွယ်အားကိုး မိခြင်းသာ ဖြစ်ပါကြောင်း ......
ကားအသုံးပြုသူ ယာဉ်ပိုင်ရှင်များ အတွက် မေတ္တာ ရှေ့ထားပြီး အမုန်းခံ ပြောပြလိုက်ပါရစေဗျာ❤️❤️❤️

⭐ အပြောမကောင်းပေမယ့်
အကောင်းဘဲ ပြောတတ်တဲ့

( 7.10.2021 )
မူရင်း ရေးသားသူ ဆရာကိုဇော်မျိုး အား
ကျေးဇူးတင်လေးစားပါသည်။
#မူရင်းရေးသားသူအား‌ေလးစားစွာဖြင့်creditပေးပါသည်။
us for

#ကားအကြောင်း #ဗဟုသုတ
#ရေဆေးဆီထိုး #ကားပြုပြင်မှုများဝေမျှရာ

Address

59 Street, Bet03 &04 St, Chanmyathazi
Mandalay
1

Opening Hours

Monday 08:30 - 19:00
Tuesday 08:30 - 19:00
Wednesday 08:30 - 19:00
Thursday 08:30 - 19:00
Friday 08:30 - 19:00
Saturday 08:30 - 19:00
Sunday 08:30 - 19:00

Telephone

+959440072732

Website

Alerts

Be the first to know and let us send you an email when Aga Aung Myanmar Automobile Repair posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share