KO LINN Carbody Repair and Painting

Call Directions Website Contact the business

KO LINN Carbody Repair and Painting Car Body (Repair and Painting)

ရိုးသားပါဘယ်နေရာ ဘယ်ဒေသမှာ ဘာတွေပဲ လုပ်ကိုင် နေရပါစေ””ရိုးသားခြင်းသည်သာ ခွန်အားပါ။အခု ဆိုလိုတဲ့ ရိုးသားခြင်းက တခြား အရှည...
25/07/2026

ရိုးသားပါ
ဘယ်နေရာ ဘယ်ဒေသမှာ ဘာတွေပဲ
လုပ်ကိုင် နေရပါစေ””ရိုးသားခြင်းသည်သာ ခွန်အားပါ။

အခု ဆိုလိုတဲ့ ရိုးသားခြင်းက တခြား အရှည်ကြီး
မတွေးပါနဲ့””
ကြီးကြီးကျယ်ကျယ်တွေ မဟုတ်ပါဘူး။

တည့်တည့်လေး သွားပါ။
ရှင်းရှင်းလေး လျှောက်ပါ။
ပွင့်ပွင့်လင်းလင်းလေး ပြောပြပါ။
ပြောဆို ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်
ခြင်းမျိုးပါ။

ဘာပဲလုပ်လုပ် ပေါ့”””
မရှင်းမလင်း လုပ်ကိုင်ခြင်းဟာ
အရာရာကို ရူပ်ထွေးသွားစေပါတယ်။

ဒါကြောင့်”””
ရိုးသားလိုက်ပါ။

ရိုးဂုဏ်ဆိုတာ ဘယ်တော့မှလည်း စားမကုန်နိုင်ပါဘူး။
အထင်ကရ မျက်မြင်အရ
အုန်းကနဲ့ ဘုန်းကနဲ့ ဖြစ်ချင်မှဖြစ် ပြပေလိမ့်မယ်။
ဒါပေမယ့်
ဘယ်အချိန် ဘယ်ကာလ
ဘယ်နေရာရောက်ရောက် ကိုယ့်ကိုကိုယ် သံသယ ကင်းကင်းနဲ့ ဘဝကို ဖြတ်သန်းနိုင်စေပါတယ်။

စိတ် လွတ်လပ်ပါတယ်။

နေရထိုင်ရ သွားရလာရတာ ပေါ့ပါးပါတယ်။
လန်းဆန်းနေမယ်၊ ရဲရင့်တယ်၊တည်ကြည်နေတယ်။
မျက်နှာဟာ ပွင့်လန်းနေပါ့မယ်။

တကယ်တော့ ဘဝရှင်သန်ခြင်းဟာ””
စိတ်အေးချမ်းပြီး ငြိမ်းချမ်းစွာ လျှောက်လှမ်းနိုင်ဖို့ကသာ လိုရင်းပါ။

ပစ္စည်းဥစ္စာတွေ ဘယ်လိုပဲ ပေါများနေပေမယ့်”””
အချွေအရံတွေ ဘယ်လောက်ပဲ များပြားနေပါစေ”
သွားလေရာ မတော်တရားလို့သာ အလေးပေး ဆက်ဆံပေး နေရပေမယ့်”””
စိတ် စေတနာမပါတဲ့ လိုက်လျော ပေးနေမှုတွေဟာ သူလည်း လေးပင်နေရသလို၊ ကိုယ်လည်းစိတ်ကျဉ်းကျပ်ပါတယ်”””

ဆိုတော့”””
ရိုးသားတာ အကောင်းဆုံးပါပဲ။
မရှိ မရှိဘူး။
မသိ မသိဘူး။
လုပ်ရင် လုပ်တယ်၊ မလုပ်ရင် မလုပ်ဖူး၊
သိတ် ရှင်းလင်းတဲ့ နေထိုင်ခြင်းမို့
ဘဝဟာ ပေါ့ပါးနေပါတယ်။

အဲလိုသူဟာ
ဘယ်နေရာ သွားရမလည်း
ဘယ်သူနဲ့ တွေ့ရမလည်း၊ ဘယ်လိုစကားမျိုး
ပြောဆိုရမလည်း အကုန်ဖြစ်တယ်။

ကြောက်နေတာ တွန့်ဆုတ်နေတာ လုံးဝမရှိဘူး။

ဒါကြောင့်”””
ရိုးသားလိုက်စမ်းပါ။

မလိမ့်တပတ်နဲ့ တချို့”””ဥပယ်တမျှင်လို့
ဆိုကြတာ ရှိသေးတယ်။

ဒါ ဘယ်လိုပြောပြော လိမ်တာပါပဲ။
ညာတာပါပဲ။
သွယ်ဝိုက်ပြီး ကိုယ်လိုတာကို လှည့်ပတ်
လုပ်ယူခြင်း မျိုးပါပဲ။
ဘာမှ မထူးဘူး”””
ဒါ အရင်းစစ်လိုက်ရင် “မရိုးသားခြင်း”ပါပဲ။

ဒဲ့( တည့်) သမားတွေမှာ
စကားပြောဆိုတာ ကြမ်းတမ်းတာ ရှိကောင်းရှိမယ်။
ဒါပေမယ့်”””
သူတို့ မဟုတ်တာ မလုပ်ဘူး။
မမှန်တာ မပြောဘူး။
အကျိုးမဲ့စေတဲ့ အလုပ် မလုပ်ကြပေဘူး။

ကိုယ်လိုတာ ရရှိဖို့ လှည့်ပတ်ပြီး ပြောနေပြီ၊
အကြောင်းတရားတွေ စကားမရှိ စကားရှာ
ဖောင်ဖွဲ့ လျှောက်ရေးပြနေပြီ၊
ပြောပြ နေပြီ ဆိုရင်”””
သေချာတယ်”””
မရိုးသားတော့ဘူး။

သူ့အပစ် ဖုံးဖိချင်လို့””
သူ့ လုပ်ရပ် ပေါ်မှာစိုးလို့””
ဒါ ရှင်းတာပဲ”””
လိုရင်း မရောက် ဖြစ်နေပြီဆိုကတည်းက
ဒါ မဟုတ်တော့ဘူး”””

ဝေးဝေးက ရှောင်နေတာ အကောင်းဆုံးပါ။

မဖြစ်လို့ ဆက်ဆံ နေခဲ့မိရင်တောင်”””
ဒါနောက်ဆုံးပါပဲ။
ဘယ်တော့မှ ခြေဦးမလှည့်တော့ဘူး။

တည့်တာပဲ ကောင်းပါတယ်။
မတ်နေတာပဲ ကောင်းပါတယ်။
ရိုးရှင်းကြတာပဲ ကောင်းပါတယ်။

Kolinn Carbody repair painting.
Magwe

ပြန်ယူလို့ မရတဲ့ အရာ သုံးခုရှိတယ်။* အချိန်* အခွင့်အရေး* မင်းရဲ့ ကတိ။Kolinn Carbody repair painting.
14/07/2026

ပြန်ယူလို့ မရတဲ့ အရာ သုံးခုရှိတယ်။

* အချိန်
* အခွင့်အရေး
* မင်းရဲ့ ကတိ။

Kolinn Carbody repair painting.

စကားအရှည်ကြီး မပြောတော့ပါဘူးသိန်းပေါင်း ၃၅၀၀ ကျော်တန်ပါတယ်။လုံးဝ အခြေအနေမပျက်စေရပါဘူး။ယုံကြည်မှုနဲ့ ထိုက်တန်တဲ့ အရည်အသွေ...
11/07/2026

စကားအရှည်ကြီး မပြောတော့ပါဘူး
သိန်းပေါင်း ၃၅၀၀ ကျော်တန်ပါတယ်။

လုံးဝ အခြေအနေမပျက်စေရပါဘူး။

ယုံကြည်မှုနဲ့ ထိုက်တန်တဲ့ အရည်အသွေးမျိုးးး
သူ့ နဂိုမူလတန်ကြေးအတိုင်း ဖြစ်စေရပါ့မယ်။

စိန်ခေါ်ပါတယ် ဘွာ မခပ်ကြေးပါ။

ကျုပ်လက်ရာ ထင်ကျန် မနေစေခဲ့ရပါဘူး။

Kolinn Carbody
095342931
09979945997.

08/07/2026

ဘုရားစောင်းတန်းက ပန်းရောင်းသမားလို
ကိုယ့်အလုပ်မျိုးက ဇွတ်ထိုးပြီး လုပ်ယူရတဲ့””
အလုပ်လည်း မဟုတ်။

အလုပ် လုပ်ရတာလည်း အခက်သား။

တခါတလေ ဖြစ်သွားတဲ့ ကားအပေါ်မှာ””
ဘယ်လို လုပ်ရင် ကောင်းမလည်းလို့””
အဆင်ပြေဆုံး ဖြစ်အောင် ဆွေးနွေးပြ ရှင်းပြပေါ့။

ခက်တာက အုံနာက အဝေးမှာ””
ကိုယ်ဆီကို အသိတယောက်နဲ့
ကားလွှတ်လိုက်တယ်။

ဆွေးနွေးတယ် ဖုန်းပြောတယ်။

ကိုယ်က ဆိုင်က ကလေးတွေ အလုပ်စီစဉ်ပေးဖို့””
ဆိုင်ခဏအပြန် “””
ကားက ဆိုင်မှာမရှိဘူး #အရှေ့ဘက်အိမ်မှာ””

အလုပ်ကိစ္စ ပိုင်ရှင်နဲ့ ကိုယ်က စကားပြောထား””
ကားမောင်းလာသူက နယ်ကဆိုတော့””
ကိုယ့်ဆိုင်မှန်းမသိ””

တဖက်ကလည်း
ကျွန်တော်ဟာ ကိုလင်းမဟုတ်ပါဘူးလို့လည်း
မပြော။

ထမင်းတလုတ် စားရဖို့အရေး””
ကိုယ့်ဘဝက အဲလောက် မဆိုးရွားသေးဘူးလားလို့”

ကြည့်လိုက်တော့
ဟိုဘက်ဆိုင်မှာ ကားက လုပ်ချင်ရာတွေ
လုပ်နေကြပြီ””

မဖြုတ်သင့်တာတွေ ဖြုတ်
မလုပ်သင့်တာတွေ လုပ်နေပြီ။

ကားပိုင်ရှင်က ကောင်း၏မကောင်း၏
ကိုယ်လုပ်တယ် ထင်ဦးမယ်။

အာရုံတော့ အတော်နောက်တယ်ဗျ””

ဘုရားစောင်းတန်းက ပန်းရောင်းသမားလို
ကိုယ့်အလုပ်မျိုးက ဇွတ်ထိုးပြီး လုပ်ယူရတဲ့””
အလုပ်မျိုးလည်း မဟုတ်ဘူး။

ဒါနဲ့ ဖုန်းပြန်ကောက်ဆက်လိုက်တယ်။
ကားက ကျွန်တော် ဘာမှမလုပ်လိုက်ရကြောင်းးး

ကောင်းချင်းဆိုးချင်း ကိုလင်းနဲ့
မသက်ဆိုင်ပါကြောင်းးး
ကားက ကျွန်တော့်ဆီမှာ ပြူပြင်နေခြင်း
မဟုတ်ပါကြောင်းး “””” ပေါ့။

အလုပ်ကို ရူပ်နေတာပါပဲ။

ကိုလင်း မကွေး ကားဘော်ဒီ
သဇင်လမ်း အနောက်ဖက်ချမ်းပါခင်ဗျ။

ဟာသပါပဲ 😝😝😝😝
၀၉၅၃၄၂၀၃၁

ကဲ ရှင်းရှင်းလေးရယ်ဘာတွေ လျှာရှည်နေကြတာတုန်းးအဲဥပဒေက အရင်ကတည်းက ရှိတယ်။ပြီးတော့ဒါ ဖြစ်သင့်တဲ့ ကိစ္စပဲလေ။မသမာနည်းနဲ့ ပြုပ...
21/06/2026

ကဲ ရှင်းရှင်းလေးရယ်
ဘာတွေ လျှာရှည်နေကြတာတုန်းး
အဲဥပဒေက အရင်ကတည်းက ရှိတယ်။

ပြီးတော့
ဒါ ဖြစ်သင့်တဲ့ ကိစ္စပဲလေ။

မသမာနည်းနဲ့ ပြုပြင်ထားတဲ့ယဉ်ဆို ထိမှာပဲ၊
ဖြစ်လည်း ဖြစ်သင့်တာပဲ။

ဟိုတလောက အမြန်လမ်းမှာ
လမ်းလည်ကျွန်း ဝင်တိုက်ပြီး ကားတစီး
ဖြတ်ပိုင်း ပြတ်ထွက်သွားတာဟာ
အဲဒီ ဖောက်စွတ်တွေကြောင့်ပဲ။

ယဉ်ပိုင်ရှင်မှာလည်း အန္တရယ်ရှ်ိပါတယ်။

မော်ဒယ် နှိမ့်တယ် ကားကောင်းတယ်
ဘာမှ ကြောက်စရာ မရှိဘူး။
မော်ဒယ်မြင့်ပြီး မသမာထားရင်တော့
သိမ်းသင့်တယ်။

ဒါပါပဲ။

Kolinn Carbody repair painting Magwe.

ပိုင်ရှင်ကိုယ်တိုင် အရောင်းပါ။Mark II 99 Engine power 2.0Two Tones - white/ GrayAc good30th/ AnniversaryLicense- Run-5D/...
20/06/2026

ပိုင်ရှင်ကိုယ်တိုင် အရောင်းပါ။

Mark II 99

Engine power 2.0

Two Tones - white/ Gray

Ac good

30th/ Anniversary

License- Run-5D/**** 31/ 7/ 2027

ကညန ဝယ်သူ စိတ်တိုင်းကျ
စစ်ဆေးနိုင်ပါသည်။

❗️For sell 530 (ညှိနှိုင်း)

ကားကြည့်ရန် Magwe

09-5342031/09-979945997

ကညန မှာ ကြိုတင်ပြင်ဆင်ခွင့်မတင်ပဲ ကားပြင်မိလို့ အခန့်မသင့်ရင် ကားသိမ်းခံရမယ်ဆိုပြီးပြောပြောနေကြတာကြားမိတယ်တကယ်တော့ မိမိ၏...
18/06/2026

ကညန မှာ ကြိုတင်ပြင်ဆင်ခွင့်မတင်ပဲ ကားပြင်မိလို့
အခန့်မသင့်ရင် ကားသိမ်းခံရမယ်ဆိုပြီးပြောပြောနေကြတာကြားမိတယ်

တကယ်တော့ မိမိ၏ကားထိခိုက်မိတဲ့အစိတ်အပိုင်းများ ပြုပြင်ခြင်းကို
ကြိုတင်ပြင်ဆင်ခွင့်မတင်ထားမိရုံနဲ့ ကားသိမ်းနိုင်တဲ့ ဥပဒေပြပါဋ္ဌါန်းထားတာမျိုးကတော့ လုံးဝမရှိပါဘူး

မိမိကိုယ်တိုင်ကသာဖေါက်စွပ်လုပ်ပြီးအလုံးမချိန်းထားခဲ့ရင် ကားသိမ်းလို့လဲမရပါဘူး

Road safety ကို မထိခိုက်တဲ့ပြုပြင်ခြင်းမျိုးကိုတော့ ကညန အနေနဲ့ ခွင့်ကို ခွင့်ပြုရမှာပါ

Welding ရာပါတိုင်းလဲ ကားသိမ်းလို့မရပါဘူး

ကြိုတင်အသိမပေးပဲပြင်ဆင်ခြင်းပြုခဲ့မိတဲ့ အတွက်ကြောင့် ဒဏ်ကြေးအနေနဲ့ သောင်းဂဏန်းမျိုးလောက်ဆောင်သာရနိုင်သလို

အများဆုံး အနေနဲ့ကတော့ W/ လောက်ရိုက်ပေးလိုက်တာမျိုးလောက်ပဲလုပ်လို့ရတာပါ( အသိပေးပြီးမှပြုပြင်ရင်တော့ ဒဏ်ကြေးသက်သာပါတယ်သိသလောက်တော့ ထောင်ဂဏန်းလောက်သာကျသင့်မယ်ထင်ပါတယ် )

ဒီလိုမှမဟုတ်ပဲ
ချက်စီ (ဘောင်နံပါတ်) ဖေါက်ထည့်ပြီး အလုံးချိန်းပြုပြင်ထားတာမျိုးကတော့ အပြီးအသိမ်းခံရနိုင်သလို အမှုဖွင့်တရားစွဲခံရတဲ့အထိလည်းဖြစ်နိုင်ပါတယ်

လက်ရှိ ကညန မှာဖြစ်နေတာတွေက အောက်ခြေက ယာဉ်စစ်အင်ဂျင်နီယာတွေအနေနဲ့ တာဝန်ယူ တာဝန်ခံနိုင်မှုအားနည်းနေတာကိုတွေ့နေရပါတယ်

ယာဉ်တစ်စီး ဖေါက်စွပ်ဖြတ်ဆက် လုပ်ထားတာ မဟုတ်မှန်းလဲသူတို့သိတယ်
ပြန်လည်ပြုပြင်ထားတာမှန်း အစိတ်အပိုင်းတချို့တစ်လေပဲ လဲ ထားတာမှန်း သိပါတယ်

ဒါပေမယ့် အဲ့ဒါကို အောက်ခြေယာဉ်စစ် အင်/ယာ နဲ့ တင်ခွင့်ပြုပေးလိုက်လို့ မရကြပါဘူး သူတို့အနေနဲ့လဲ သိသိနဲ့ တာဝန်ခံပြီး ခွင့်မပြုပေးရဲကြပါဘူး

ဒီလိုပဲ အဆင့်ဆင့်တင်ပြနေကြရတော့ ပြည်သူလူထုကိုပဲ ဒုက္ခပေးသလို ဖြစ်မှန်းမသိဖြစ်နေကြတာပါပဲ

ယခင်ခေတ် ကတည်းက အောက်ခြေမှာမသမာမှုတွေနဲ့အဆင်ပြေသလို ဖြေရှင်းခဲ့ကြတော့ အထက်လူကြီးတွေက အောက်ကို မယုံမ ကြည် ဖြစ်ကြ

ဒီတော့ ယာဉ်လာစစ်တဲ့ကားတစ်စီးစီးတစ်ခုခုလွဲတာနဲ့ အထက်ကိုတင်ခိုင်း

အဲ့ဒီတော့ ဒီလိုပဲ ဘာမဟုတ်တဲ့ကိစ္စမျိုးလေးတွေနဲ့ ကြန့်ကြာပြီးတိုင်ပတ်ကြတာ ပြည်သူတွေပဲ

အမှန်ကတော့ ယာဉ်စစ်တဲ့နေရာကကျွမ်းကျင်ဝန်ထမ်း တွေက မှန်တယ်မှားတယ်ကို သူတို့မှာ စစ်ဆေးစရာအချက်အလက်တွေအများကြီးရှိပါတယ်

သူတို့ကိုယ်တိုင်ဆုံးဖြတ်လို့ရပါတယ် လုပ်ပိုင်ခွင့်မပေးတော့ အချိန်တွေကုန် အလုပ်တွေထပ်ကုန်ကြရတာပေါ့

ကညန အနေနဲ့တချို့ကြေငြာချက်တွေကို ရုံးတွင်းမှာပဲ ကပ်ပြီးအသိပေးနေရုံနဲ့မရပါဘူး Public ကိုများများသိစေချင်တဲ့ကြေငြာချက်မျိုးကို

အများသိနိုင်တဲ့နည်းနဲ့ကြေငြာသင့်တာပါ တချို့ကြေငြာချက်တွေက ရုံးသွားမှကို တဆင့်စကားနဲ့တဆင့်သိရတာများပါတယ်

ဥပမာ တိုက်မိခိုက်မိထားတဲ့ ယာဉ်ကြိုတင်ပြင်ဆင်ခွင့်တောင်းတာမျိုးကို ရုံးယူလာလို့ရတဲ့ကားမျိုး ရုံးတွင်စစ်ဆေးပေးသလို

ယူလာလို့မရနိုင်ခက်ခဲတဲ့ကားမျိုးကို စတင်လျှောက်ကတည်းက သယ်ယူရန်ခက်ခဲသည့်အတွက် ကညန ကဝန်ထမ်းတွေကို ကားရှိရာ ခေါ်စစ်ဆေးခိုင်းလို့ရပါတယ်

ပြည်သူတွေမှာ ဒါမျိုးတွေမသိရှိ လို့ ကရိန်းနဲ့သယ် ကားပေါ်တင် ယာဉ်သွားစစ်ရတဲ့အတွက် အပိုကုန်ကျငွေက မနည်းပါဘူး ဒါမျိုးကိစ္စတွေရေးစရာအများကြီးပါ

ဒါကြောင့် အများပြည်သူသိသင့်တဲ့အချက်မျိုးတွေကို Public သိအောင် တခြားနည်းတွေနဲ့လဲ ကြေငြာပေးသင့်တာပါ

ကညန အနေနဲ့ကလဲ အခြား နိုင်ငံ က ယာဉ်စစ်ဆေးတဲ့ပညာရှင်တွေတစ်ယောက်ကိုတစ်နေ့ မှ အစီးရေ လေးငါးဆယ်လောက် သာစစ်ဆေးနိုင်တဲ့အလုပ်မျိုးကို

မြန်မာနိုင်ငံက ယာဉ်စစ်ဆေးတဲ့ပညာရှင်တွေအနေနဲ့ အစီးရေ ရာကျော်စစ်ဆေးနေရတာပါ

ဝန်ထမ်းအင်အားနဲ့ ကားအစီးရေမမျှတပေမယ့် ပြည်သူတွေအပေါ် အဆင်ပြေနိုင်တဲ့နည်းလမ်းမျိုးကိုလဲ စဉ်းစားထားပေးသင့်ပါတယ်။

ကူးယူတင်ပြသည်။

Kolinn Carbody repair painting Magwe.

over fender. လေး ဖန်တီးပေးလိုက်ပါတယ်။သိန်းလေးထောင် တန်ကြေး ရှိပါတယ်။အဲဒီကားကို ယုံယုံကြည်ကြည် အပ်နှင်းပေးခဲ့တဲ့ညီအစ်ကိုတ...
14/06/2026

over fender. လေး ဖန်တီးပေးလိုက်ပါတယ်။

သိန်းလေးထောင် တန်ကြေး ရှိပါတယ်။
အဲဒီကားကို ယုံယုံကြည်ကြည် အပ်နှင်းပေးခဲ့တဲ့
ညီအစ်ကိုတွေ ကျေးဇူးပါ။

ကိုလင်း ကားဘော်ဒီ မကွေးပါ။
095342031.

ထိုသူသည် အသဲကောင်း၍ ပွဲလာ တောင်းခံ ပါ၏။မတိမ်းမစောင်း ဗိန်းဗောင်း လိုက်ရတော့မည်။“စေတနာ”ကို ပညာ ကွက်ပါကမမှန်တာ မရှိ၊မဟုတ်တ...
10/06/2026

ထိုသူသည်
အသဲကောင်း၍ ပွဲလာ တောင်းခံ ပါ၏။

မတိမ်းမစောင်း ဗိန်းဗောင်း လိုက်ရတော့မည်။

“စေတနာ”ကို ပညာ ကွက်ပါက
မမှန်တာ မရှိ၊
မဟုတ်တာ မရှိ၊
မဖြစ်နိုင်တာ မရှိ၊
မအောင်မြင် စရာ အကြောင်း မရှိနိုင်ပါတကား။

မူလတန်ဖိုး မကျစေချင်လျှင် ကျွန်တော့်ကိုအမှတ်ရပါ။
ထပ်ဆင့် ပျက်စီးခြင်း၊ အနာအစာ များမြန်
မသွားစေချင်လျှင် ကျွန်တော့်ကို တာဝန်ပေးကြည့်ပါ။

မင်္ဂလာပါခင်ဗျ။ 🙏🌷
Kolinn Carbody repair painting.
Magwe.
095342031
09979945997

Address

Thazin Street And Yan Myo Aung17St
Magway
04011

Opening Hours

Monday 08:30 - 19:30
Tuesday 08:30 - 19:30
Wednesday 08:30 - 19:30
Thursday 08:30 - 19:30
Friday 08:30 - 19:30
Saturday 08:30 - 19:30
Sunday 08:30 - 19:30

Telephone

+9595342031

Alerts

Be the first to know and let us send you an email when KO LINN Carbody Repair and Painting posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KO LINN Carbody Repair and Painting:

Shortcuts

Share

Category